သူတို့အားလုံးသည် ပထမအဆင့်မှာပင် ရှိနေကြသေးသော်လည်း နောက်ဆုံးအချိန်အထိ မည်သူမျှ လက်လျှော့ရန် အစီအစဉ် မရှိကြပေ။
ကောက်ရိုးအိမ်ရှေ့တွင် စီနီယာဝမ်သည် သူ၏လက်ကို မြှောက်ကာ လီဟောင်၏ နဖူးကို ညွှန်ပြလျက် ပြောလိုက်သည်။ “အရင်ဆုံး ငါ မင်းကို ‘ယမ အင်မော်တယ် နည်းစနစ်’ ကို သင်ပေးမယ်။ ဒါက လောကဦးနတ်ဝိညာဉ်ကို သန့်စင်ဖို့အတွက် အထူးထုတ်လုပ်ထားတဲ့ အင်မော်တယ် နည်းစနစ်တစ်ခုပဲ။ အဲဒီထဲမှာ ယုတ်မာတဲ့ ဝိညာဉ်တွေနဲ့ ရှေးဟောင်းနတ်ဆိုးတွေကို သတ်ဖြတ်ဖို့အတွက် လောကဦးနတ်ဝိညာဉ် တိုက်ခိုက်ရေး နည်းစနစ် သုံးမျိုးလည်း ပါတယ်”
လီဟောင်သည် သူ၏ မှတ်ဉာဏ်ထဲသို့ အသိပညာ ဗဟုသုတများစွာ အလုံးအရင်းနှင့် စီးဝင်လာသည်ကို ချက်ချင်း ခံစားလိုက်ရသည်။ ၎င်းမှာ သူ ကျွမ်းကျင်ပြီးသား အရာတစ်ခုကို ပြန်လည် သတိရလိုက်ရသကဲ့သို့ပင်ဖြစ်သည်။
‘ယမ အင်မော်တယ် နည်းစနစ်’ တွင် အဆင့်သုံးဆင့် ရှိသော်လည်း စီနီယာဝမ်က ပထမအဆင့်ကိုသာ လက်ဆင့်ကမ်း ပေးခဲ့သည်။
ပထမအဆင့်ကို ပြည့်စုံအောင် ကျင့်ကြံနိုင်လျှင် စမ်းသပ်ချက် အောင်မြင်သည်ဟု သတ်မှတ်မည် ဖြစ်သည်။
ဤပထမအဆင့်တွင် လောကဦးနတ်ဝိညာဉ် တိုက်ခိုက်ရေး နည်းစနစ် သုံးမျိုး ပါဝင်ပြီး ၎င်းတို့မှာ ‘ယမ ကိုယ်ပွား’ ၊ ‘ယမ ဓားသွား’ နှင့် ‘မြေကမ္ဘာလော့ ဒိုင်းနည်းစနစ်’ တို့ ဖြစ်ကြသည်။
ပထမ နှစ်မျိုးမှာ တိုက်စစ်အတွက် ဖြစ်ပြီး၊ တတိယ နည်းစနစ်မှာမူ လောကဦးနတ်ဝိညာဉ်ချင်း တိုက်ခိုက်ရာတွင် အသုံးပြုရသည့် ခံစစ်နည်းစနစ် ဖြစ်သည်။
လီဟောင်သည် ထိုဗဟုသုတများကို အလျင်အမြန်စုပ်ယူလိုက်သည်။ သူ၏ ထိန်းချုပ်ခြင်းလမ်းစဉ် အဆင့်၁ဏ နားလည်နိုင်စွမ်းနှင့်ဆိုလျှင် ဤကဲ့သို့သော နည်းစနစ်များကို နားလည်ရန် အလွန် လွယ်ကူသည်။
တိုက်ခိုက်ရေး နည်းစနစ် သုံးမျိုး၏ ကျင့်ကြံပုံများကို သူ အချိန်တိုအတွင်း နားလည်သွားခဲ့သည်။
“ဒါကတော့ ‘အသင်္ချေအင်မော်တယ် နည်းစနစ်’ပဲ။ မင်း ဓားတာအိုကို ရွေးချယ်နိုင်တယ်။ ဓားတာအိုနဲ့ ဖောက်ထွက်ပြီး ပြည့်စုံတဲ့အဆင့်ကို ရောက်ရင် အောင်မြင်ပြီလို့ သတ်မှတ်မယ်”
စီနီယာဝမ် ပြောနေစဉ်မှာပင် သူ၏ လက်ချောင်းထိပ်မှတစ်ဆင့် အခြားသော အင်မော်တယ် နည်းစနစ်တစ်ခုကို ထပ်မံ လွှဲပြောင်းပေးလိုက်ပြန်သည်။
လီဟောင်သည် ထိုနည်းစနစ်များကို တည်ငြိမ်စွာ လက်ခံလိုက်သည်။ ‘အသင်္ချေအင်မော်တယ် နည်းစနစ်’ ထဲတွင် ဓား၊ လှံ၊ ပုဆိန်၊ ဒိုင်း စသည့် လက်နက်ပေါင်းစုံ ပါဝင်ပြီး ကျင့်ကြံသူသည် တစ်မျိုးတည်းကို ပြည့်စုံအောင် ကျင့်ကြံနိုင်လျှင် ရပြီ ဖြစ်သည်။
လီဟောင်သည် ‘ဓားတာအို’ အင်မော်တယ် နည်းစနစ်ကို ရွေးချယ်လိုက်ပြီး သူ၏ အဆင့်၁၀ ဓားတာအို နားလည်နိုင်စွမ်းဖြင့် ထိုနည်းစနစ်ကို အလျင်အမြန် စုပ်ယူလိုက်တော့သည်။
သူသည် သူ၏ ‘စနစ်မျက်နှာပြင်’ ကို ချက်ချင်း ထုတ်မကြည့်သေးဘဲ စီနီယာဝမ်ကို ခေါင်းညိတ်ပြကာ မေးလိုက်သည်။
“ကျင့်ကြံဖို့အတွက် ဟိုဘက်က ဖျာပေါ်မှာ သွားထိုင်ရမှာလား”
“မှန်တယ်၊ အဲဒီဖျာကို ‘ဉာဏ်အလင်းပွင့်သစ်ပင်’ ရဲ့ အခေါက်လျှော်မျှင်တွေနဲ့ ရက်လုပ်ထားတာ။ အဲဒါက မင်းကို ရုတ်တရက် ဉာဏ်အလင်းပွင့်ဖို့ အခွင့်အရေး ပိုပေးလိမ့်မယ်” ဟု စီနီယာဝမ်က လီဟောင်ကို ပြောရင်း “လောဘမကြီးနဲ့ဦး” ဟု သတိပေးလိုက်သည်။
သို့သော် ပြောပြီးသည်နှင့် သူက ခါးသီးစွာ ပြုံးလျက် ခေါင်းခါလိုက်သည်။ ကိုးချက်တိုင်တိုင် မြည်စေခဲ့သော ‘ထာဝရ တာအိုနှလုံးသား’ ပိုင်ရှင် တစ်ယောက်အနေဖြင့် ထိုမျှလောက်သော လောဘမျိုး ရှိလိမ့်မည် မဟုတ်ပေ။
လီဟောင် ခေါင်းညိတ်ပြကာ ထိုဖျာဆီသို့ လျှောက်သွားလိုက်သည်။
လီဟောင် ရောက်လာသောအခါ အေးအေးဆေးဆေး ကျင့်ကြံနေကြသော သူတော်စင် အများအပြားမှာ သူ၏ ခြေသံနှင့် အရှိန်အဝါကို ခံစားမိသဖြင့် မျက်လုံးဖွင့်၍ ကြည့်လိုက်ကြသည်။
သို့သော် မကြာမီမှာပင် သူတို့သည် မျက်မှောင်ကြုတ်လိုက်ကြပြီး၊ စိတ်အာရုံ ထွေပြားသွားမိသည့်အတွက် မိမိကိုယ်ကိုယ် ကျိန်ဆဲကာ မျက်လုံးများ ပြန်မှိတ်၍ ကျင့်ကြံမှုထဲသို့ ပြန်လည် အာရုံစိုက်လိုက်ကြသည်။
လီဟောင်သည် ထိုင်ရန် ဖျာတစ်ချပ်ကို ရှာတွေ့သွားပြီး ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်ရာ ဘေးပတ်ပတ်လည်ရှိ သူတော်စင်များမှာ မျက်လုံးမှိတ်၍ အားသွန်ခွန်စိုက် ကျင့်ကြံနေကြသည်ကို မြင်လိုက်ရသည်။ သူက အသာအယာ ပြုံးလိုက်ပြီး သူ၏ ‘စနစ်မျက်နှာပြင်’ ကို ဖွင့်ကြည့်လိုက်သည်။
မကြာမီမှာပင် ကျင့်စဉ်များစွာထဲ၌ အသစ်တိုးလာသော အင်မော်တယ် နည်းစနစ် နှစ်မျိုးကို သူ တွေ့လိုက်ရသည်။
အင်မော်တယ် နည်းစနစ်။ ပျက်စီးခြင်းယမ (စစ်မှန်သော အဓိပ္ပာယ် ပြည့်စုံခြင်း)
အင်မော်တယ် တိုက်ခိုက်ရေး နည်းစနစ်။ ယမ ကိုယ်ပွား (ပြည့်စုံခြင်း)၊ ယမ ဓားသွား (ပြည့်စုံခြင်း)၊ မြေကမ္ဘာလော့ ဒိုင်းနည်းစနစ် (ပြည့်စုံခြင်း)
ထိုမှတ်တမ်းကို မြင်သောအခါ လီဟောင်၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူ၏ စိတ်ထဲတွင် ကျွမ်းကျင်သွားသော တိုက်ခိုက်ရေး နည်းစနစ် သုံးမျိုးမှာ နှစ်ပေါင်း ရာနှင့်ချီ၍ လေ့ကျင့်ထားသကဲ့သို့ပင် အလွန် ရင်းနှီးနေပြီး လက်တွေ့ ထုတ်ဖော်ပြသရန်သာ လိုတော့သည်။
“ဒီ ယမ အင်မော်တယ် နည်းစနစ်မှာ အဆင့်သုံးဆင့် ရှိတယ်။ ပထမအဆင့်က ပျက်စီးခြင်း ပဲ။ ထိန်းချုပ်ခြင်းလမ်းစဉ် အဆင့်၁၀ ကနေတစ်ဆင့် အဲဒီရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်ကို တိုက်ရိုက် ပြည့်စုံသွားအောင် လုပ်နိုင်တာပဲ။ ပြည့်စုံခြင်းကနေ ဖောက်ထွက်ရင် ‘မူလအစ’ အဆင့်ကို ရောက်မယ်”
စစ်မှန်သောအဓိပ္ပာယ်၊ မူလအစ၊ အဆုံးစွန်။
ဤသည်မှာ အင်မော်တယ်လမ်းစဉ်၏ အဆင့်သုံးဆင့် ဖြစ်သည်။
လီဟောင်၏ ယခင် ဓားတာအိုအဆင့်၁၀ကြောင့် သူသည် ‘ကိုးလွှာအသူရာ မဟာအိပ်မက်ဓားသိုင်း’ ကို ‘မူလအစ’ အဆင့်အထိ တတ်မြောက်ထားပြီးသား ဖြစ်ကာ ၎င်း၏ စွမ်းအားမှာလည်း အဆပေါင်းများစွာ တိုးတက်နေပြီ ဖြစ်သည်။
“အကယ်လို့ စတေးခြင်းတာအို တစ်မျိုးတည်းနဲ့ဆိုရင်တော့ ပြည့်စုံခြင်းအဆင့်ကိုတောင် ရောက်ဖို့ မလွယ်ဘူး။ အဓိကကတော့ စနစ်မျက်နှာပြင်ရဲ့အဆင့် ၁၀ အစွမ်းကြောင့်ပဲ။ စတေးခြင်းတာအိုတင်မကဘဲ တခြား နားလည်မှုတွေ အားလုံးကိုပါ စုပ်ယူထားလို့ပဲ။ ကိုယ်တိုင်သာ ကျင့်ရမယ်ဆိုရင်တော့ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာမှာ”
လီဟောင်၏ မျက်လုံးများ ဝင်းလက်သွားသည်။ သူ၏ ထိန်းချုပ်ခြင်းလမ်းစဉ် အဆင့်၁၀ ဖြင့်ပင် ဤ ယမ နည်းစနစ်၏ ပထမအဆင့် ဖြစ်သော ‘ပျက်စီးခြင်း’ ကို စစ်မှန်သော အဓိပ္ပာယ် ပြည့်စုံခြင်းအဆင့်အထိသာ နားလည်နိုင်ပြီး ‘မူလအစ’ အဆင့်ကို မရောက်နိုင်သေးပေ။ ဤသည်မှာ ဤနည်းစနစ်၏ ပထမအဆင့်သာ ရှိသေးသဖြင့်၊ အင်မော်တယ် နည်းစနစ်မှာ မည်မျှ မြင့်မားသည်ကို သိသာသည်။ ၎င်းမှာ ‘အစစ်အမှန်နယ်မြေ’ မှာပင် အလွန် ကျော်ကြားသော နည်းစနစ် ဖြစ်ပေလိမ့်မည်။
ထို့နောက် လီဟောင်သည် ‘အသင်္ချေ အင်မော်တယ် နည်းစနစ်ကို ကြည့်လိုက်သည်။
အသင်္ချေအင်မော်တယ် နည်းစနစ် အင်မော်တယ် နည်းစနစ်·ဓားတာအို (စစ်မှန်သော အဓိပ္ပာယ် ပြည့်စုံခြင်း)
သူ ထင်ထားသည့်အတိုင်းပင် ၎င်းမှာလည်း ‘စစ်မှန်သော အဓိပ္ပာယ် ပြည့်စုံခြင်း’ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
အကယ်၍ သူသာ စီနီယာဝမ်ကို ယခု ထုတ်ပြလိုက်မည်ဆိုပါက၊ သူသည် ဒုတိယအဆင့် စမ်းသပ်ချက်ကို တိုက်ရိုက် သွားနိုင်မည် ဖြစ်သည်။
သို့သော် လီဟောင်မှာ အလျင်မလိုပေ။ ဒုတိယအဆင့်မှာ ပထမအဆင့်ထက် ပိုမို ခက်ခဲမည်မှာ သေချာသဖြင့် သူ အရင်ဆုံး နားလည်အောင် လုပ်လိုသေးသည်။
သူ၏ ထိန်းချုပ်ခြင်းလမ်းစဉ် အဆင့်၁၀ နှင့် ဓားတာအို အဆင့်၁၀ နားလည်မှုများမှာ ယခင်ကတည်းက စုဆောင်းထားသော အရာများ ဖြစ်သည်။ အကယ်၍ ဒုတိယနှင့် တတိယ အဆင့်များမှာ ပိုမို ခက်ခဲပြီး သူ၏ လက်ရှိ အစွမ်းနှင့် မလုံလောက်ပါက၊ သူသည် အနုပညာတာအို၊ ချက်ပြုတ်ခြင်းတာအိုနှင့် ပန်းပုတာအို စသည်တို့ကို ထပ်မံ မြှင့်တင်ရန် နည်းလမ်းရှာရမည်ဖြစ်သည်။
အကယ်၍ ထိုအနုပညာ လမ်းစဉ်တစ်ခုခုကို (၁၁) ဆင့်အထိသာ တိုးမြှင့်နိုင်ခဲ့လျှင် သူသည် ‘စစ်မှန်သော အင်မော်တယ်’ တစ်ဦး တိုက်ရိုက် ဖြစ်လာနိုင်မလား ဆိုသည်ကိုလည်း သူ မသေချာပေ။
စဉ်းစားပြီးနောက် လီဟောင်သည် ဖျာပေါ်မှ ထကာ ကောက်ရိုးအိမ်ဘက်သို့ ပြန်လျှောက်သွားလိုက်သည်။
“ဘာလဲ... ခက်ခဲလွန်းလို့လား”
လှုပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသော စီနီယာဝမ်သည် လီဟောင် ဤမျှ မြန်မြန် ပြန်လာသည်ကို မြင်သောအခါ အသာအယာ ရယ်မောလျက် ပြောလိုက်သည်။
“ဒါက အင်မော်တယ် နည်းစနစ်ပဲလေ၊ မင်း အရင်က ကျင့်ခဲ့တဲ့ အရာတွေနဲ့ မတူဘူး။ ခက်ခဲတယ်လို့ ခံစားရတာက သဘာဝပါပဲ။ ငါ မင်းကို ဘယ်လောက်ပဲ အထင်ကြီးကြီး၊ စည်းမျဉ်းတွေကိုတော့ ငါ မချိုးဖောက်နိုင်ဘူး။ ငါ မင်းကို နည်းစနစ်တွေပဲ သင်ပေးလို့ ရမယ်၊ ကျန်တာကတော့ မင်းရဲ့ ဉာဏ်အလင်းပွင့်မှုပေါ်မှာပဲ မူတည်တယ်။ ငါ အဲဒါတွေကို ဝင်ပြီး မထိန်းချုပ်နိုင်ဘူး”
သူ၏ စကားမှာ ရှင်းလင်းပါသည်။ အကယ်၍ သူသာ တစ်စုံတစ်ဦးကို မျက်နှာသာပေးပြီး အထူးစောင့်ရှောက်ခဲ့လျှင် အင်မော်တယ်ဧကရာဇ်၏ စမ်းသပ်ချက်မှာ အဓိပ္ပာယ် ရှိတော့မည် မဟုတ်ပေ။
သူ့ကို အထင်လွဲနေသည်ကို မြင်သောအခါ လီဟောင်က ရှင်းမပြတော့ဘဲ စပ်စုသော အမူအရာဖြင့် မေးလိုက်သည်။
“စီနီယာ... ကျွန်တော် မေးချင်တာက ဒုတိယအဆင့် စမ်းသပ်ချက်က ဘာလဲဆိုတာပါပဲ”
စီနီယာဝမ် မျက်ခုံးပင့်သွားသည်။ အခြားလူသာဆိုလျှင် ကျင့်ကြံမှု စကာရှိသေးပြီး ဒုတိယအဆင့်ကို လှမ်းတွေးနေသဖြင့် ရည်မှန်းချက် ကြီးလွန်းသည်ဟု သူ ထင်မိပေလိမ့်မည်။
သို့သော် လီဟောင်၏ တာအိုနှလုံးသားကို မြင်ဖူးထားသဖြင့် သူက ထိုသို့ မယူဆတော့ဘဲ လီဟောင်တွင် အခြား အတွေးများ ရှိနေမည်ဟုသာ ထင်လိုက်ပြီး ပြောပြလိုက်သည်။
“ဒီ ပထမအဆင့်က မင်းရဲ့ နားလည်နိုင်စွမ်းကို တိုင်းတာတာပဲ။ ဒုတိယအဆင့်ကလည်း အတူတူပါပဲ။ အင်မော်တယ်ဧကရာဇ်ရဲ့ အမည်ခံ တပည့် ဖြစ်ဖို့ဆိုရင် ထူးကဲတဲ့ ဉာဏ်ရည်ဉာဏ်သွေး ရှိရမယ်။ မဟုတ်ရင် ‘အစစ်အမှန်နယ်မြေ’ ကို တုန်လှုပ်စေနိုင်တဲ့ ဧကရာဇ်အဆင့် အင်မော်တယ် နည်းစနစ်တွေက မင်းရှေ့မှာ ရှိနေရင်တောင် မင်းရဲ့ ပါရမီက မလုံလောက်ရင် ဖတ်လို့မရတဲ့ ကောင်းကင်စာလုံးတွေလိုပဲ ဖြစ်နေမှာပေါ့”
***