လသံလွင်နန်းတော်တည်ထောင်သူ ကျွေးယွဲ့ပိုင်ရိ။
မဟာယုခေတ်နှောင်းပိုင်းမှ မဟာရှားခေတ်ဦးပိုင်းအထိ ထင်ရှားခဲ့သည်။ ဒဏ္ဍာရီအရ သာမန်အလှပိုင်ရှင်မဟုတ်ဘဲ ကျက်သရေနှင့်ပြည့်စုံပြီး ဆွဲဆောင်မှုရှိသည့် နတ်သမီးတစ်ပါးဟု ဆိုကြသည်။ ထိုခေတ်ထိုအခါက သူရဲကောင်းများစွာ တပ်မက်စွဲလမ်းခဲ့သည်။
လုယန် အသိပြန်ဝင်လာပြီး ပိုင်ရိဆိုသည့်မိန်းကလေးကို ဝိညာဉ်အာရုံမှ လှမ်းကြည့်သည်။ ပိုင်ရိ၏ ငယ်ရုပ်ဖြစ်မည်ထင်သည်။ ဆယ်နှစ်ဝန်းကျင်အရွယ်ဖြစ်သည်။ လုယန်၏ လက်ရှိအရပ်ထက် များစွာပိုရှည်သည်။
ချစ်စရာတော့ကောင်းပါသည်။ သို့သော် 'ကျက်သရေနှင့်ပြည့်စုံပြီး ဆွဲဆောင်မှုရှိသည်'ဟူသည့် ဂုဏ်ပုဒ်နှင့်တော့ အတော်ကွာဟနေသည်ထင်သည်။
"မင်းက သံလွင်ဘိုးဘေးမဟုတ်လား။ ဘယ်လိုလုပ်ပြီး ကျွေးယွဲ့ဘိုးဘေးဖြစ်လာတာလဲ"
နတ်မယ်က မေးသည်။ ပိုင်ယဲ့သည် သာမန်သံလွင်ဘိုးဘေးဝိညာဉ်မဟုတ်ဟု သူတွေးခဲ့သည်။ ယခု သူ့အတွေးတကယ်မှန်နေသည်။
ပိုင်ရိ တအံ့တဩဖြစ်သွားပြီး မျက်တောင်တစ်ချက်ခတ်သည်။
"သံလွင်ဘိုးဘေးအကြောင်း နင်ဘယ်လိုသိတာလဲ"
သူဘယ်သူ့ကိုမှ ပြောမပြခဲ့။
"မင်းခန္ဓာကိုယ်က ဘယ်လိုမျိုးလဲဆိုတာ ငါ့ကိုအရင်ပြောပြပါ"
တစ်ဘက်ကမေးတိုင်း ဖြေရလောက်အောင် နတ်မယ်မတုံး။ အချက်အလက်ဖလှယ်ရမည်။
"ငါ့ကိုဖမ်းနိုင်ရင် ပြောပြမယ်လေ"
ပိုင်ရိ လှောင်ပြုံးပြုံးသည်။ လုယန်ဆိုသည့် ဤလူငယ်က အတော်စိတ်ဝင်စားစရာကောင်းသည်။ သူ့ဇာတ်လမ်းများကို ပိုင်ယိညတိုင်းသွားနားထောင်သည်မှာ မဆန်းတော့။
စကားဆုံးသည်နှင့် ပိုင်ရိ နှင်းတောထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။ သဲလွန်စလုံးဝမကျန်ခဲ့။ ကျယ်ပြန့်သည့် သံလွင်တောအုပ်ကိုသာ မြင်နေရသည်။
ကျင့်စဉ်စွမ်းအားမြင့်သည့်ပိုင်ရိကို လုယန် မီနိုင်စရာအကြောင်းလုံးဝမရှိ။ ကလေးအရွယ်မဟုတ်ဘဲ စွမ်းအားပြည့်ရထားလျှင်ပင် မီနိုင်မည်မဟုတ်။
"ငါ့မျက်စိအောက်ကနေ ထွက်ပြေးချင်တယ်ပေါ့"
နတ်မယ် တိုက်ပွဲစိတ်ဓာတ်အပြည့်ရှိနေသည်။ ဉာဏ်ကိုလွှာ၍ သူသုံးသပ်ခဲ့သည်။ တရားခံအစစ်ကို ဖော်ထုတ်ခဲ့သည်။ ယခု တရာခံဖမ်းဖို့သာ ကျန်တော့သည်။
နတ်မယ်က ပြတ်သားသည့်စိတ်ဓာတ်ဖြင့် အပြေးလိုက်သည်။ သူ့လက်မောင်းလေးနှစ်ဘက် လွှဲယမ်းနေသည်။ သူ့အကြည့်က တည်ငြိမ်သည်။ ပစ်မှတ်က ထင်ရှားသည်။
သူ့အသက်ရှူနှုန်းက စည်းချက်ကျလွန်းသည်။ ထိုအသက်ရှူသံတွင် ထူးဆန်းသည့်စွမ်းအားတစ်မျိုးပါနေသဖြင့် လုယန်အတော်စိတ်ဝင်စားလာသည်။
ဒဏ္ဍာရီတို့၏ အဦးအစ၊ ချီကျင့်ကြံသူတို့၏ အစောဆုံးအဆင့်တွင် အသက်ရှူပညာတစ်မျိုးသုံးသည်ဟု ဆိုကြသည်။ ထူးခြားသည့် အသက်ရှူနည်းဖြစ်သည်။ မယုံနိုင်လောက်အောင် အကျိုးထူးသည်။
ခန္ဓာကိုယ်အခြေအနေကို လုယန်စစ်ဆေးသည်။ ထိုအသက်ရှူနည်းသုံးလျှင် လေအေးများ ပါးစပ်ထဲနှာခေါင်းထဲဝင်မလာအောင် ကာကွယ်နိုင်ကြောင်း သိလိုက်ရသည်။
တကယ်အဆင့်မြင့်သည့် အသက်ရှူပညာရပ်ဖြစ်သည်။
.....
"သူဒီနေရာထိတော့ ငါ့ကိုလိုက်မရှာနိုင်လောက်ပါဘူး"
ပိုင်ရိ လနန်းတော်နယ်မြေ၏ ထောင့်တစ်နေရာသို့ ပြေးဝင်သည်။ ထိုနေရာသည် ကျယ်ပြန့်ပြီး လူနေကျဲသည်။ ဆယ်စုနှစ်ချီ၍ လူသူမရောက်သည့်နေရာဖြစ်သည်။ လုံးဝစိတ်ချရသည်။
လုယန်ကိုရင်ဆိုင်ဖို့ ပိုင်ရိ နည်းနည်းအခက်တွေ့နေသည်။ သူတို့ကြားတွင် ဘာရန်ငြှိုးမှမရှိ။ လုယန်ကိုတိူက်ခိုက်ဖို့ အကြောင်းပြချက်ကောင်းကောင်းမရှိ။
မတိုက်ခိုက်လိုလျှင် ပြေးရုံသာရှိသည်။
"ခုနက သူငါ့ကိုဘယ်လိုရှာတွေ့ခဲ့တာလဲ။...ဟုတ်ပြီ။ သံလွင်ဘိုးဘေးနားမှာ ငါပုန်းနေတုန်းက ငါနဲ့သံလွင်ဘိုးကြား တစ်ခုခုပတ်သက်နေတာသတိထားမိလို့ ကံစွန့်ပြီးအဲဒီကိုလာရှာတာဖြစ်မယ်။ အတော်ဒုက္ခပေးနိုင်တဲ့ကောင်လေးပဲ။ သူ့အသက်အရွယ်နဲ့ ဒီလောက်အတွေ့အကြုံရင့်နေတာ မဆန်းတော့ပါဘူး"
နောက်သုံးနာရီအကြာတွင် ကြားဖူးပြီးသားစကားသံကို သူထပ်ကြားရသည်။
"တွေ့ပြီ၊ မင်းမပြေးနဲ့တော့"
သံလွင်သစ်ပင်မှလုပ်ထားသည့် နှင်းလွှာလျှောပြားကို နတ်မယ်က စီးလာသည်။ သူ့နောက်ကျောတွင် ဝိညာဉ်သစ်သီးခြတစ်လုံးင်းပါသည်။ နှင်းလွှာလျှောစီး၍ မောပန်းလျှင် သစ်သီးစား၍ အားဖြည့်သည်။
သံလွင်တောအုပ်မှ ပိုင်ရိပုန်းနေသည့်နေရာထိ သုံးနာရီကြာအောင် လျှောစီးခဲ့ရသည်။
နှင်းလွှာလျှောသာ မသုံးခဲ့လျှင် ထိုထက်ပင်ပိုကြာနိုင်သည်။
ခေတ်အဆက်ဆက် ဉာဏ်ရည်ထက်မြက်ခဲ့သည့် နတ်မယ်သည် နေရာနှစ်ခုကြား အတိုဆုံးအကွာအဝေးက မျဉ်းဖြောင့်လမ်းကြောင်းဖြစ်ကြောင်းပင် သိနေသည်။ အတိုဆုံးလမ်းကြောင်းဖြင့် ပိုင်ရိဆီရောက်ဖို့ နှင်းလွှာလျှောစီးခဲ့သည်။
လမ်းတလျှောက် အတားအဆီးများစွာ ဖြတ်ကျော်ခဲ့ရသည်။ ဆေးကျိုဆောင် ပစ္စည်းသွန်းဆောင်နှင့် ရေပူစမ်းများကို ဖြတ်သန်းခဲ့သည်။
သူ့လှုပ်ရှားမှုက လှပသေသပ်သည်။ နှင်းလွှာလျှောစီး ကျွမ်းကျင်သည်။ တစ်ချက်ကြည့်ရုံဖြင့် ဝါရင့်နေသူမှန်း သိသာသည်။
လမ်းတလျှောက်တွင်လည်း မျက်မြင်သက်သေများစွာ ကြုံတွေ့ခဲ့သည်။ သို့သော် လနန်းတော်တပည့်များက လုယန် အပျော်လျှောစီးနေသည်ဟုသာ ထင်ကြသည်။ အပြစ်သားဖမ်းဆီးနေမှန်း မသိကြ။
"နေပါဦး၊ ခင်ဗျားဘယ်အချိန်က နှင်းလွှာလျှော စီးတတ်သွားတာလဲ"
"ဟား...၊ နင်ထင်မထားဘူးမဟုတ်လား။ ဒီနေ့ဖြစ်လာမယ့် အခြေအနေကို ရှေးဟောင်းခေတ်ကတည်းက ငါကြိုမြင်ခဲ့လို့ သေချိုးခန္ဓာနဲ့ ဒီပညာကို ကြိုသင်ထားတာ"
နတ်မယ်အရှက်မရှိကြွားလုံးထုတ်သည်။
"နင်ငါ့ကို ဘယ်လိုများရှာတွေ့တာလဲ"
သရဲတစ်ကောင်မြင်လိုက်ရသလို ပိုင်ရိခံစားရသည်။ သူ့ကိုယ်ပေါ်တွင် အနံ့တစ်ခုခုရှိနေ၍ လုယန်က သူ့တည်နေရာကို ခြေရာခံနိုင်ခြင်းလားမသိ။ သို့မဟုတ် လုယန်၏ပုံပြင်ကို နားထောင်မိသူတိုင်း မှော်တံဆိပ်ကပ်ခံရခြင်းလား မပြောတတ်။
ဆက်ထွက်ပြေးဖို့တွေးနေစဉ်မှာပင် ပိုင်ရိ၏ခြေထောက်များ ခွေကျသွားသည်။ အားအင်လုံးဝမရှိတော့။
အခြေအနေမကောင်း။ ညရောက်လာပြီဖြစ်သည်။
"ဝါး...ငါဒီနေ့ ဒီကိုဘာလို့ရောက်နေတာလဲ"
'ပိုင်ရိ' မြေပြင်ပေါ်ထိုင်၍ အူကြောင်ကြောင်ဖြစ်နေသည်။ လနန်းတော်အစွန်သို့ သူဘာကြောင့်ရောက်နေမှန်းမသိ။ ဤနေရာတွင် စိတ်ဝင်စားစရာလည်း ဘာမှမရှိ။
ထိုစဉ် သူ့ဆီလျှောစီး၍လာနေသည့် နတ်မယ်ကို မြင်သွားသည်။
"အကိုလုယန်"
'ပိုင်ရိ' ပျော်ရွှင်စွာ လက်ဝှေ့ယမ်းပြသည်။
နှင်းလွှာလျှောကို နတ်မယ် လှပစွာကွေ့ဝိုက်၍ရပ်လိုက်သည်။ လူတစ်ရပ်ထက်မြင့်သည့်နှင်းမှုန်များ ဖွားခနဲလွင့်ပျံသွားပြီး 'ပိုင်ရိ'ရှေ့သို့ရောက်လာသည်။
"အခုမင်းက ပိုင်ယဲ့မဟုတ်လား"
"အကိုလုယန်က အားလုံးကိုသိနေတာလား"
ပိုင်ယဲ့ ပါးစပ်အဟောင်းသားဖြစ်သွားသည်။
နတ်မယ်ရယ်နေသည်။ ပိုင်ရိမှ ပိုင်ယဲ့အဖြစ်ပြောင်းသွားသည်ကို ကိုယ်တိုင်မြင်ရသဖြင့် အခြေအနေမှန်ကို နားလည်သွားသည်။
"ကိုယ်တစ်ခု ဝိညာဉ်နှစ်မွှာပေါ့လေ။ ယင်နဲ့ယန်ကြား တစ်လှည့်စီပြောင်းတယ်။ ခန္ဓာပိုင်ရှင်လည်း နေ့နဲ့ညပြောင်းတယ်မဟုတ်လား"
"အကိုလုယန်က အများကြီးသိထားတာပဲ"
ပိုင်ယဲ့ ပို၍အံ့ဩသွားသည်။
"သိတာပေါ့။ ငါမသေမျိုး..အဲ ငါ့ကိုဘယ်သူထင်လို့လဲ"
"ရှောင်ယဲ့ ခဏစောင့်ဦး။ ငါအကိုလုယန်နှင့် နည်းနည်းစကားပြောချင်လို့"
ပိုင်ရိက ခန္ဓာကိုယ်ကို ခဏလွှဲယူသည်။ သူသက်ပြင်းချသည်။ ဤအခြေအနေထိ ရောက်လာပြီဖြစ်၍ ဖုံးကွယ်နေလည်း ဘာမှအကျိုးမထူး။ လုယန်ကို အားလုံးရှင်းပြလိုက်သည်က ပိုကောင်းသည်။
သို့မှသာ လုယန် ရပ်သွားမည်။
"မင်းဘယ်လိုလူလဲဆိုတာ ငါတကယ်မသိတော့ဘူး။ ဝိညာဉ်နှစ်ခုရှိတာတောင် သိတယ်ပေါ့။ ဟုတ်တယ်၊ ငါကငါ၊ ရှောင်ယဲ့က ရှောင်ယဲ့ပဲ။ နေ့ခင်းဘက်မှာ ဒီခန္ဓာကို ငါသုံးတယ်။ ညဘက်ကျရင် သူ့အလှည့်ပေါ့။
ရှောင်ယဲ့သရုပ်မှန်က သံလွင်ဘိုးဘေးပါ။ သံလွင်ဘိုးဘေးက မဟာနှင်းတောင်ပေါ်မှ အမြစ်တည်နေတာ။ သူ့နယ်မြေထဲကနေ ဒါမှမဟုတ် ဒီမဟာနှင်းတောင်ပေါ်ကနေ ထွက်သွားလို့မရဘူး။ ဒါကြောင့် အပြင်လောကကို သူအရမ်းထွက်ချင်နေတယ်။
အပြင်လောကမှာလုပ်ခဲ့တဲ့ ဂိုဏ်းတာဝန်တွေအကြောင်း လနန်းတော်တပည့်တွေ ပြန်ပြောကြရင် သူအမြဲခိုးနားထောင်တယ်။ လန်ထင်ရဲ့ အစီရင်ခံစာမှာ မင်းနဲ့ပတ်သက်တဲ့ ဇာတ်လမ်းတွေကို သူမြင်တယ်။ တစ်နေ့နေ့ မင်းကိုတွေ့ခွင့်ရဖို့ သူမျှော်လင့်ခဲ့တယ်။
"တာအိုလမ်းစဉ်ဂိုဏ်းဒဏ္ဍာရီ"ဇာတ်လမ်းရဲသတင်း လနန်းတော်ကိုရောက်လာတော့ မင်းကိုတွေ့ချင်တဲ့ ရှောင်ယဲ့ဆန္ဒတွေက ပိုပြင်းထန်လာတယ်။ ကံရေစက်လို့ ပြောရမလားပဲ။ အခု မင်းရောက်လာတယ်။ သူက ညတိုင်းခိုးထွက်ပြီး မင်းဇာတ်လမ်းတွေကို သွားနားထောင်တယ်။ အင်း၊ ငါလည်း နားထောင်ရတာပေါ့လေ။
အမှန်တိုင်းပြောရရင် လနန်းတော်ကို မင်းရောက်လာတာ ငါသိပ်မကြိုက်ဘူး။ ရှောင်ယဲ့ မင်းအကြောင်းတွေမကြားခင်က ငါ့ဇာတ်လမ်းတွေကို အမြဲနားထောင်ခဲ့တာ။ ကျန်းပင်ကန်တို့ မုန်ကျန်းဇီတို့နဲ့အတူ ငါတိုက်ပွဲဝင်ခဲ့တဲ့အကြောင်းတွေ၊ မဟာရှားကို ငါတို့တည်ထောင်ခဲ့တဲ့အကြောင်းတွေပေါ့။
မင်းရောက်လာတော့ ရှောင်ယဲ့ရဲ့အာရုံက မင်းဆီပြောင်းသွားတယ်"
ပိုင်ရိ သက်ပြင်းချသည်။ လုယန်ကို ထူးဆန်းသည့်အကြည့်ဖြင့် သူစိုက်ကြည့်သည်။
"ငါဝန်မခံချင်ပေမယ့် ဝန်ခံပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း မင်းကြုံခဲ့တာတွေက တကယ်ငါ့အတွေ့အကြုံတွေထက် အများကြီးပိုအံ့ဩစရာကောင်းပါတယ်"
***