ပူပြင်းလှသော နေ့တစ်နေ့တွင် ယွီရုန်ကျစ်သည် အိမ်၌ အေးအေးဆေးဆေး အနားယူကာ ယပ်ခတ်နေစဉ် အင်္ကျီလက်တို ဝတ်ဆင်ထားသော ချီဖန့်က ရောက်ရှိလာ၏။ သူ့နောက်တွင် ကိရိယာသေတ္တာကို သယ်ဆောင်လာသော ရင်းနှီးသည့် မျက်နှာတစ်ခုလည်း ပါလာခဲ့သည်။
ယွီရုန်ကျစ်က ကြောင်အမ်းအမ်းဖြင့် မေးလိုက်သည်။ "မင်း ငါ့အိမ်မှာ ဘာလုပ်နေတာလဲ"
ယွီရုန်ကျစ်မှာ အင်္ကျီမပါဘဲ ရှိနေပြန်သည်ကို မြင်သောအခါ ချီဖန့် မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။ "စပီကာ ပြင်ဖို့လာတာ"
"မင်းက ဘာလို့လဲ။ မင်းက အလုပ်ရုံက မဟုတ်ဘဲနဲ့"
ယွီရုန်ကျစ်မှာ နားမလည်နိုင်သေးသော်လည်း ချီဖန့်ကမူ သူ့ကို ဂရုမစိုက်ဘဲ နံရံတွင် တပ်ထားသော စပီကာလေးကို စစ်ဆေးတော့သည်။
ရွေးချယ်စရာ မရှိသဖြင့် ယွီရုန်ကျစ်သည် သူသိသော လူဘက်သို့ လှည့်ကာ မေးလိုက်သည်။ "ဘာတွေ ဖြစ်နေတာလဲ။"
ထိုလူကလည်း တိုက်ရိုက်မရှင်းပြနိုင်ပေ။ "တာဝန်ခံရှု့ က သူ့ကို အကြံပေးလိုက်တာ။ အလုပ်ရုံမှာ အလုပ်တွေ ပိနေလို့"
"အလုပ်များများ၊ မများများ သူ့ကို မလွှတ်သင့်ဘူး။ သူက ပျက်အောင် လုပ်လိုက်ရင် ဘယ်လိုလုပ်မလဲ"
သူ ပျက်အောင်လုပ်လျှင်လည်း တားရုံသာပင်။ စခန်းမှ မည်သည့်အိမ်တွင် စပီကာပျက်နေသည်ကို သိရန် အသံလွှင့်စမ်းသပ်နေခြင်း ဖြစ်ပြီး ချီဖန့်နှင့် ထိုလူ သွားခဲ့သည့် အိမ်များတွင်မူ စပီကာများမှာ ကောင်းမွန်နေခဲ့သည်။ ချီဖန့် တကယ် ပြင်နိုင်၊ မပြင်နိုင်ကိုမူ ထိုလက်ထောက်ကလည်း မသိရှိပေ။
သူတို့ စကားပြောနေစဉ်မှာပင် ချီဖန့်က စပီကာကို ဖြုတ်ပြီး စစ်ဆေးကာ ကိရိယာသေတ္တာထဲမှ အသံပေးပြား အသစ်တစ်ခုကို ထုတ်ယူလိုက်သည်။
အသံပေးပြားမှာ အသံပြောင်းလဲပေးသည့် အဓိက အစိတ်အပိုင်းဖြစ်ပြီး စက္ကူ သို့မဟုတ် အထည်ဖြင့် ပြုလုပ်ထားသဖြင့် ရေစိုလျှင် ပျက်စီးရန် အလွယ်ဆုံးပင် ဖြစ်၏။
အသံပေးပြားကို လဲလှယ်ပြီးနောက် ချီဖန့်သည် စပီကာကို ပြန်တပ်ဆင်ကာ နံရံတွင် ပြန်ချိတ်ပြီး ပင်မ စခန်း၏ အသံလွှင့်ကြိုးနှင့် ပြန်ဆက်သွယ်ပေးလိုက်၏။
ဝူး—
ယွီရုန်ကျစ်နှင့် စောင့်ကြည့်ရန် တာဝန်ပေးထားသူတို့မှာ ပြုပြင်မှု အောင်မြင်၊ မအောင်မြင်ကို သိရန် ခေါင်းလှည့်ကြည့်လိုက်ကြသည်။
ထို့နောက် စပီကာမှ 'အရှေ့အရပ်က နီမြန်းလာသည်' ဟူသော သာယာသည့် သံစဉ် ထွက်ပေါ်လာတော့၏။
အသံမှာ အနည်းငယ် ဝေဝါးနေသော်လည်း ဤခေတ်ကာလတွင် မည်သည့်စပီကာက အသံမကွဲဘဲ ရှိမည်နည်း။
ဒါဆို ချီဖန့်က တကယ် ပြင်နိုင်တာလား။
သူတို့ နားမလည်နိုင်သေးမီမှာပင် ချီဖန့်သည် ကိရိယာများကို သိမ်းဆည်းလိုက်ပြီး သူ့အဖော်ကို ကြည့်ကာ ပြောလိုက်သည်။ "နောက်တစ်အိမ် သွားရအောင်"
ထိုလူက သူ့နောက်သို့ အပြေးလိုက်သွား၏။ ယွီရုန်ကျစ်မှာလည်း အပူရှိန်ကြောင့်လားမသိဘဲ အကြောင်းပြချက်မရှိဘဲ လိုက်သွားမိခဲ့သည်။
သူတို့ နောက်ထပ် သုံးအိမ်ခန့် သွားပြီးနောက်မှ ပျက်နေသည့် စပီကာ နောက်တစ်ခုကို တွေ့ရပြန်၏။
ယခုတစ်ကြိမ်တွင်မူ ချီဖန့်သည် ဖြုတ်ကြည့်သော်လည်း ဘာမှမလဲဘဲ မူလအတိုင်း ပြန်တပ်လိုက်သည်။
"ဒါနဲ့... သူ ပြင်လိုက်တာလား၊ မပြင်လိုက်တာလား" ယွီရုန်ကျစ်က လက်ထောက်ဖြစ်သူကို မေးလိုက်မိ၏။
လက်ထောက်ဖြစ်သူကလည်း မသိပေ။ သူသာ သိလျှင် ချီဖန့်ကို မလုပ်ခိုင်းဘဲ သူ့ဘာသာသာ လုပ်မိမည်ပင်။
ထို့ကြောင့် လူနှစ်ဦးစလုံးက စူးစိုက်ကြည့်နေကြရာ ပြန်တပ်ပြီးချိန်တွင် စပီကာမှာ အလုပ်မလုပ်သည်ကို တွေ့လိုက်ရသည်။
အကြောင်းရင်းမရှိဘဲ ယွီရုန်ကျစ်မှာ စိတ်သက်သာရာရသွားခဲ့သည်။ "ငါ ပြောသားပဲ—"
သူ စကားမဆုံးမီ ချီဖန့်က စပီကာကို ပြန်ဖြုတ်ကာ သေတ္တာထဲမှ စပီကာအသစ်တစ်ခုကို ထုတ်၍ တပ်ကြည့်ခဲ့သည်။ အသံကတော့ ထွက်မလာသေးပေ။
ယွီရုန်ကျစ်၏ စကားလုံးများမှာ လည်ချောင်းထဲတွင်ပင် ပျောက်ကွယ်သွားရ၏။
သူ့ကို လျစ်လျူရှုကာ ချီဖန့်သည် စပီကာအသစ်ကို ဖြုတ်လိုက်ပြီး အဟောင်းကိုလည်း မတပ်ဘဲ ထားခဲ့သည်။ "ဒါကို မှတ်ထားလိုက်၊ ကြိုးပြဿနာ ဖြစ်နိုင်တယ်"
သူ့တွင် ပစ္စည်းအလုံအလောက် မပါသဖြင့် ဝါယာကြိုးများကိုမူ မလဲပေးနိုင်သေးပေ။
လက်ထောက်ဖြစ်သူက နားလည်သွားကာ ချက်ချင်း ချရေးလိုက်သည်။
ချီဖန့်သည် မှတ်စုကို တစ်ချက်ကြည့်ကာ ကိရိယာများကို သိမ်းဆည်းပြီး ယခုတစ်ကြိမ်တွင် သေတ္တာကို ကိုယ်တိုင်သယ်လျက် ပြောလိုက်သည်။ "နောက်တစ်အိမ်"
အကြောင်းမဲ့ လိုက်ပါနေသော ယွီရုန်ကျစ်သည် ချီဖန့် အိမ်အတော်များများ ပြင်ပြီးသည်အထိ လိုက်သွားခဲ့သည်။ ထို့နောက်မှ သူက သူ့လက်ကို ပုတ်ကာ ပြောလိုက်သည်။ "တောက်၊ အပြင်မှာ အရမ်းပူတာပဲ။"
လက်ထောက်မှာလည်း ကိရိယာသယ်ပြီး မှတ်စုရေးရုံသာ ဖြစ်သော်လည်း အခြေအနေ သိပ်မကောင်းလှပေ။
ဆန့်ကျင်ဘက်အနေဖြင့် ချီဖန့်မှာမူ ချွေးများထွက်ကာ ပူပြင်းနေသော်လည်း တည်ငြိမ်နေဆဲဖြစ်ပြီး သူ၏ မျက်နှာအမူအရာမှာလည်း ပြောင်းလဲခြင်း မရှိချေ။
ချီဖန့်က နာရီကို ကြည့်ကာ အလုပ်ရုံသို့ ပြန်တော့မည်ဟု ပြောလိုက်သောအခါ လက်ထောက်မှာ အံ့အားသင့်သွားရ၏။
သူသည် ဤလူအား ညမိုးချုပ်သည်အထိ မရပ်မနား အလုပ်လုပ်မည့် စက်ရုပ်တစ်ရုပ်ကဲ့သို့ ထင်ထားခဲ့ခြင်း ဖြစ်သည်။
အလုပ်များနေသော ရှု့ဝမ်လီမှာလည်း ချီဖန့်အကြောင်းကို မေ့လုနီးပါး ဖြစ်နေသည်။ သူသည် စပီကာကိစ္စကို သတိရရန် သူ ခဏတာ စဉ်းစားလိုက်ရ၏။
"မင်း ဘယ်နှစ်ခု ပြင်ခဲ့လဲ" သူ ချီဖန့်ကို မေးလိုက်သည်။
လက်ထောက်မှာ စဉ်းစားနေဆဲရှိသော်လည်း ချီဖန့်ကမူ တည်ငြိမ်စွာပင် ဖြေလိုက်သည်။ "စခန်းရဲ့ အရှေ့တောင်ဘက်မှာ အိမ်ထောင်စု ၇၄ စု ရှိတယ်။ ၄၂ အိမ်က ဘာပြဿနာမှ မရှိဘူး၊ ၂၁ အိမ်က အသံပေးပြားလဲဖို့ လိုတယ်၊ ၅ အိမ်ကတော့ ကွိုင်အသစ် လိုတယ်... ပြီးတော့ ၉ အိမ်ကတော့ ကြိုးလဲဖို့ လိုတယ်—ကျန်းတဝေ အိမ်ရယ်၊ ဝမ်လီကျစ် အိမ်ရယ်..."
အလုပ်လုပ်နေရင်း ဤမျှများပြားသော အချက်အလက်များကို မည်သို့မှတ်သားထားသနည်း၊ မည်သို့ အမှားအယွင်းမရှိ ပြန်ပြောနိုင်သနည်းဆိုသည်ကို မည်သူမျှ မသိနိုင်ပေ။
လက်ထောက်က တုံ့ဆိုင်းစွာဖြင့် ဝါယာကြိုးလဲရန် လိုအပ်သည့် အိမ်စာရင်းကို ရှု့ဝမ်လီထံ ကမ်းပေးလိုက်သည်။
ရှု့ဝမ်လီ စာရင်းကို ကြည့်လိုက်ရာ အိမ်ထောင်စု ကိုးစု အတိအကျဖြစ်ပြီး အမည်များမှာလည်း မှန်ကန်နေသည်။ သူတို့အနေဖြင့် ဝါယာကြိုးလဲရန် တန်းသွားနိုင်ပြီပင်။
အလုပ်ရုံတွင် ဆယ်စုနှစ်တစ်ခုကြာ အလုပ်လုပ်ခဲ့သော်လည်း ဤမျှ ထိရောက်မှုရှိသူကို သူ မမြင်ဖူးချေ။ သူသည် ချီဖန့်အား အတော်ကြာ စိုက်ကြည့်နေပြီးမှ ပြောလိုက်သည်။ "ဒုတိယအကျော့ ပျိုးပင်စိုက်ပျိုးမှု စတော့မှာလား"
ချီဖန့် မဖြေမီမှာပင် ရှု့ဝမ်လီက ဆက်ပြောလိုက်၏။ "ငါ မင်းရဲ့ အဖွဲ့ခေါင်းဆောင်နဲ့ စကားပြောလိုက်မယ်။ ငါတို့ မင်းကို ရက်အနည်းငယ်လောက် ငှားထားရမယ်"
•••••
ချီဖန့်အား လျိုတနျိုက အကြံပြုခဲ့ခြင်းဖြစ်ပြီး၊ သူသည် ချီဖန့် အပယ်ခံလိုက်ရသည်ကို ကြားသိရသောအခါ စိုးရိမ်မကင်း ဖြစ်နေခဲ့သည်။
သို့သော် တစ်ရက်ပင်မပြည့်သေးမီ ရှု့ဝမ်လီက သူ့ကိုလာခေါ်ခဲ့သည်။ "မြို့နယ် စက်ပစ္စည်းပြင်ဆင်ရေးစက်ရုံက ဘာတွေတွေးနေတာလဲ မသိဘူး၊ ဒီလောက် အရည်အချင်းရှိတဲ့သူကို ဘယ်လိုများ လက်လွတ်ခံလိုက်ရတာလဲ"
"ဒါဆို ချီဖန့်က တကယ်ပဲ မြို့နယ် စက်ပြင်စက်ရုံမှာ လုပ်ခဲ့တာလား" လျိုတနျိုသည် ကောလာဟလများကိုသာ ကြားဖူးထားသဖြင့် အသေအချာတော့ မသိပေ။
"အဲဒီမှာ မလုပ်ခဲ့ရင် ဒီလိုပညာတွေ ဘယ်ကရမှာလဲ" ချီဖန့်မှ စက်ကိရိယာကို မည်သို့ပြင်ဆင်ခဲ့ကြောင်းနှင့် အသံချဲ့စက်လေးကိုပင် ပြင်ပေးခဲ့ကြောင်း ရှု့ဝမ်လီက ပြန်ပြောပြလိုက်သည်။ "ဒါကို ဝန်ခံဖို့ ငါမကြောက်ဘူး၊ ငါ့တပည့်နှစ်ယောက်ပေါင်းတာတောင် သူ့ရဲ့တစ်ဝက်ကို မမီဘူး"
ဤစကားကို သူ၏တပည့်များရှေ့တွင် မပြောနိုင်သဖြင့် လျိုတနျိုကိုသာ ရင်ဖွင့်နိုင်သည်။ "မင်း သူ့ကို ငါ့ဆီ ခေတ္တလွှတ်ပေး။ မင်းတို့ ပျိုးပင်စိုက်တဲ့နေရာမှာ လူလိုတာက ငါ့အလုပ်ရုံလောက် မဆိုးနိုင်ပါဘူး"
လျိုတနျိုမှာ ထိုသူ၏ဇွတ်အတင်းပြောဆိုမှုကို ရယ်စရာဟု ထင်နေ၏။ "ကျုပ်က မငှားဘူးလို့ မပြောပါဘူး" ခေတ္တနားပြီးနောက် သူက သင်တန်းလူဦးရေကန့်သတ်ချက်ကိစ္စကို ပြောပြလိုက်သည်။ "အရင်က သူ့ကို ပိတ်ပင်ခဲ့တဲ့သူပဲ ဖြစ်နိုင်တယ်"
ရှု့ဝမ်လီ မျက်မှောင်ကြုတ်လိုက်မိသည်။ "ဒါတွေက ဘယ်တော့မှ ပြီးမှာလဲ။ ငါတို့ သစ်တောဌာနမှာ သူ လွှစက်မောင်းသမားလုပ်တာ သူတို့နဲ့ ဘာဆိုင်လို့လဲ"
"ကျုပ်ထင်တာတော့ ချီဖန့်လဲ အတော်လေး စိတ်မသက်မသာ ဖြစ်နေမှာပဲ" လျိုတနျို ပြောလိုက်သည်။ "အရင်က ကျုပ်အိမ်မှာနေတုန်းကတောင် သူက ဘာမှမပြောဘူး၊ အလုပ်ကိုပဲ ခေါင်းငုံ့လုပ်နေတာ"
ရှု့ဝမ်လီက ထိုအကြောင်းကို စဉ်းစားကြည့်လိုက်သည်။ ချီဖန့်သည် တစ်နေ့လုံး အလုပ်ကိုသာ တိတ်တဆိတ် ရှာဖွေနေခဲ့သည်မှာ အမှန်ပင်ဖြစ်၏။ "အဲဒီသင်တန်းကို သူ မသွားရတာကပဲ ပိုကောင်းမယ်ထင်တယ်။ ဒီလို အရည်အချင်းမျိုးကို သစ်ထုတ်လုပ်ရေးမှာ ဘာလို့ အလဟဿ အဖြုန်းခံမှာလဲ"
သူ သက်ပြင်းချလိုက်မိသည်။ "ငါတို့ သစ်တောဌာနမှာ စက်ပစ္စည်းနည်းနေတာ နှမြောစရာပဲ။ စက်ပြင် အလုပ်ရုံမှာကလဲ လူအပြည့်ဖြစ်နေပြီ၊ မဟုတ်ရင် သူ့ကို အထဲသွင်းဖို့ ငါနည်းလမ်းရှာမှာ"
"ကြည့်ကြသေးတာပေါ့" လျိုတနျိုက ဘာလုပ်ရမှန်းမသိစွာဖြင့် ပြောလိုက်သည်။ "ဒီနှစ်မှာ ထွန်စက် လေးစီးနဲ့ သစ်ဖြတ်စက် နှစ်လုံး ထပ်တိုးထားတယ်။ သစ်ထုတ်လုပ်ရေးစရင် လူပြန်လိုလာမှာပါ"
ချီဖန့်၏ ကျွမ်းကျင်မှုနှင့်ဆိုလျှင် လွှစက်မောင်းသမား လုပ်နေခြင်းမှာ နှမြောစရာပင်။ သူကိုယ်တိုင် လုပ်ချင်သည်ဆိုလျှင်တောင် မြို့က တစ်စုံတစ်ယောက်က သူ့ကို ပိတ်ပင်ထားပြန်၏။
သို့သော် သစ်တောဌာနအတွင်း၌ လူပြောင်းရွှေ့ရန်မှာမူ လွယ်ကူလှသည်။ လျိုတနျိုထံမှ ထွက်လာပြီးနောက် ရှု့ဝဝမ်လီသည် ချီဖန့်ထံသို့ တိုက်ရိုက်သွား၍ အကြောင်းကြားလိုက်၏။
ထိုအချိန်၌ မိသားစုမှာ ညစာစားပြီးရုံသာ ရှိသေးသည်။ အဘွားအိုက အခန်းထဲတွင် ပန်းကန်ဆေးနေရင်း၊ သူမ၏ မြေးသမက်ဖြစ်သူက မည်မျှမြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်သည်ကို အံ့ဩကာ ချီဖန့်အား လှမ်းကြည့်မိသည်။
ရှု့ဝမ်လီ ထွက်သွားပြီးနောက် ယန်ရွှယ်သည် ပြုံးလျက် သူမ ခင်ပွန်းကို မေးလိုက်၏။ "ဒါဆို နောက်ရက်တွေ ရှင့်အတွက် ထမင်းချိုင့် ထည့်ပေးစရာ မလိုတော့ဘူးပေါ့"
"ဒါက ယာယီပါပဲ" ချီဖန့်ကမူ သူ၏ယောက်ဖလေးကို အိမ်စာကူလုပ်ပေးရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
ယွီရုန်ကျစ်နှင့် မတူသည်မှာ၊ သူသည် စက်ပြင် အလုပ်ရုံထဲသို့ စိတ်အလိုရှိတိုင်း ဝင်ချင်တိုင်းဝင်၍ မရခြင်းပင်။ တစ်ခုတည်းသောနည်းလမ်းမှာ သူ ဘာလုပ်နိုင်သည်ကို သက်သေပြရန်သာ ဖြစ်၏။
သူသည် ယခင်က အမြဲတမ်း လူမသိအောင် နေထိုင်ခဲ့သည်၊ လျိုဝေကောအား နာရီပြင်ပေးစဉ်ကပင် စက်ပြင် အလုပ်ရုံမှ ကိရိယာများကို မငှားချင်ခဲ့ပေ။ သူ့၌ ဤကဲ့သို့ အရည်အချင်းများရှိကြောင်းကို သစ်တောဌာနရှိ လူအနည်းငယ်သာ သိကြလေ၏။
သို့သော် ချီဖန့် စက်ပြင် အလုပ်ရုံသို့ ယာယီပြောင်းရွှေ့သည့် သတင်းမပြန့်မီမှာပင်၊ သူ၏သင်တန်းတက်ခွင့် ပယ်ဖျက်ခံရသည့်သတင်းက အရင်ဦးဆုံး ထွက်ပေါ်လာခဲ့သည်။
မိသားစုအဖွဲ့ ပျိုးပင်စိုက်ပျိုးရေးလုပ်ငန်း ပြန်စသည့်နေ့တွင်၊ ပုံမှန်အားဖြင့် ထမင်းစားပြီး မိနစ်နှစ်ဆယ်ခန့်မှ ရောက်လာတတ်သော ကောချန်အန်းသည် ယန်ရွှယ်၏ အိမ်သို့ နာရီဝက်ခန့် စော၍ရောက်လာခဲ့သည်။
ယန်ရွှယ်သည် နံနက်စာစားပြီးရုံရှိသေးကာ တောင်ပေါ်တွင် အလုပ်လုပ်စဉ် နေဒဏ်ကာရန် ကောက်ရိုးဦးထုပ်ကို သွားယူနေစဉ် ဖြစ်၏။ သူ့ကို အစောကြီးတွေ့လိုက်ရသဖြင့် အရေးကြီးသည့် စကားပြောစရာရှိမည်ဟု သူမ ချက်ချင်း ခန့်မှန်းမိလိုက်သည်။
ကောချန်အန်းမှာ ထင်သည့်အတိုင်းပင် တိုက်ရိုက်ပြောချလိုက်သည်။ "မြို့မှာ ငါ့သူငယ်ချင်းတစ်ယောက်ရှိတယ်၊ သူ့အဖေက စားသောက်ကုန်စက်ရုံရဲ့ ပါတီအတွင်းရေးမှူးပဲ။ သူက လူအများကြီး သိတယ်၊ အကယ်၍ မင်းတို့ အကူအညီလိုရင် ငါ ချိတ်ပေးနိုင်တယ်"
ထိုသူသည် တိတ်တိတ်ဆိတ်ဆိတ် နေတတ်သူဖြစ်သဖြင့် ဤကဲ့သို့ အဆက်အသွယ်ရှိမည်ဟု မည်သူမျှ မထင်ထားကြပေ။ မှန်ကန်စွာ စီစဉ်နိုင်လျှင် သင်တန်းကိစ္စမှာ ပြေလည်သွားနိုင်စရာ ရှိ၏။
သာ၍ အံ့ဩစရာကောင်းသည်မှာ ယန်ရွှယ်နှင့် ချီဖန့်အတွက် သူငယ်ချင်းဟောင်းများကို အကူအညီတောင်းရန်မှာ သူ၏ စိတ်ဆန္ဒပင်ဖြစ်သည်၊ အထူးသဖြင့် ဒဏ်ရာရပြီးကတည်းက သူသည် အိမ်ပြင်သို့ပင် ခဲယဉ်းစွာ ထွက်ခဲ့သူ ဖြစ်သောကြောင့်ပင်။
ယန်ရွှယ် နွေးထွေးစွာ ပြုံးပြလိုက်သည်။ "ခဏလောက် စောင့်ပေးလို့ ရမလား၊ ကျွန်မ ချီဖန့်ကို သွားမေးလိုက်အုံးမယ်"
"ရတာပေါ့" ကောချန်အန်းသည် ခေါင်းညိတ်ပြပြီး ခြံထဲ၌ နံရံကို မှီကာ စောင့်နေလိုက်၏။
သို့သော် ယန်ရွှယ်က ထိုအကြောင်းကို ပြောပြသောအခါ ချီဖန့်မှာ အထူးတလည် စိတ်လှုပ်ရှားခြင်း မရှိပေ။ သူသည် မိမိကိုယ်မိမိ ပြန်လည်သံသယဝင်တတ်သူမဟုတ်ဘဲ ဆုံးဖြတ်ချက်တစ်ခု ချပြီးလျှင် သေချာစဉ်းစားပြီးမှသာ ချတတ်သူ ဖြစ်၏။
သို့သော်လည်း သူသည် အပြင်သို့ထွက်ကာ ကောချန်အန်း ကျေးဇူးတင်စကား ပြောလိုက်ပြီး၊ သူတို့တွင် အစီအစဉ်ရှိပြီးသားဖြစ်ကြောင်း ရှင်းပြလိုက်သည်။
"မင်းတို့ အဆင်ပြေတယ်ဆိုရင်လည်း ပြီးတာပါပဲ" ကောချန်အန်းသည် ဆက်မမေးတော့ဘဲ ပြောလိုက်၏။ သူသည် နံရံမှ ခွာလိုက်ပြီး နောက်ဖေးဘက်သို့ ဦးတည်သွားခဲ့သည်။ "မနေ့က မျိုးသွင်းထားတဲ့ သစ်လုံးတွေကို သွားကြည့်လိုက်အုံးမယ်"
မကြာသေးမီက သူသည် ယန်ရွှယ်၏ အိမ်တွင် ကိုယ်တိုင် သွားလာနေခဲ့သည်။ လေ့ကျင့်မှုကြောင့်ပင်ဖြစ်စေ၊ ရင်းနှီးမှုကြောင့်ပင်ဖြစ်စေ ယခင်ကကဲ့သို့ ခက်ခဲခြင်း မရှိတော့ပေ။
ယန်ရွှယ် ခေတ္တစဉ်းစားပြီးနောက် ထိုင်ခုံတစ်ခုကို ယူကာ နောက်မှ လိုက်သွားလိုက်သည်။ "တကယ်တော့ ကျွန်မ ရှင့်ကို တိုင်ပင်ချင်တာ တစ်ခုရှိတယ်"
"ပြောလေ" ကောချန်အန်းသည် လှမ်းနေသည့် ခြေလှမ်းများကို ရပ်ကာ ပြောလိုက်သည်။
"အရင် ထိုင်ပါအုံး" ယန်ရွှယ် သူထိုင်နေကျနေရာတွင် ထိုင်ခုံကို ချပေးလိုက်ပြီး ပြုံးလျက် စောင့်နေလိုက်သည်။
သူ ထိုင်ပြီးနောက်တွင် သူမ ဆက်ပြောလိုက်၏။ "ကျွန်မတို့ဆီမှာ မှိုမျိုးစေ့တွေ နည်းနေပြီ၊ ချီဖန့်ကလဲ သစ်လုံးတွေကို အပေါက်ဖောက်ပြီးသားဆိုတော့၊ ကျန်တဲ့အလုပ်ကို ရှင်ရယ်၊ အဘွားရယ်၊ ကျိအန်းရယ် ဒီနေ့ အပြီးလုပ်လို့ရတယ်"
ကောချန်အန်းက ခေါင်းညိတ်လိုက်သည်။ "လောလောဆယ်တော့ သစ်လုံးတွေကို ကောက်ရိုးဖျာတွေနဲ့ အုပ်ထားလိုက်မယ်၊ မင်းပြန်လာမှပဲ အဲဒါတွေကို ရွှေ့ကြတာပေါ့"
သူ၏ သွားလာရခက်ခဲမှု၊ အဘွားအို၏ ခြေထောက်သေးငယ်မှုနှင့် ယန်ကျိအန်းမှာ ကလေးငယ်သာ ဖြစ်နေမှုတို့ကြောင့် သူတို့ထဲမှ မည်သူမျှ လေးလံသော သစ်လုံးများကို အလွယ်တကူ မရွှေ့နိုင်ကြပေ။
သို့သော် ယန်ရွှယ် ပြောချင်သည်မှာ ၎င်းမဟုတ်ပေ။ "ရှင့်အနေနဲ့ ကျွန်မတို့ကို ဆက်ပြီး ကူညီပေးနိုင်မလားလို့ သိချင်လို့ပါ"
သူမက တဲအောက်ရှိ သစ်လုံးများကို လှည့်ကြည့်လိုက်သည်။ "အဲဒါတွေကို နေပူတဲ့ရက်တိုင်း ရေလောင်းပေးရမယ်၊ သုံးရက်တစ်ခါ လေပေးရမယ်၊ မှိုတွေကြီးလာရင်လဲ ရိတ်သိမ်းပြီး အခြောက်လှန်းရအုံးမှာ။ ကျွန်မတို့ မိသားစုချည်းပဲဆိုရင် လူမလောက်ဘူး၊ အထူးသဖြင့် ချီဖန့်ရယ်၊ ကျွန်မရယ်က အလုပ်လုပ်နေကြတာဆိုတော့လေ"
အရေးကြီးဆုံးအပိုင်းမှာ မှိုများမပုပ်မီ အချိန်မီရိတ်သိမ်းရန် ဖြစ်၏။ သစ်တောဌာနတွင် ကြီးပြင်းလာသော ကောချန်အန်းမှာ ထိုအချက်ကို သိပြီးသားပင် ဖြစ်သည်။
ထင်သည့်အတိုင်းပင် သူက သိပ်မစဉ်းစားဘဲ သဘောတူလိုက်သည်။ "ကောင်းပါပြီ၊ အကူအညီလိုတဲ့အချိန်တိုင်း ခေါ်လိုက်ပါ"
"ဒါဆိုရင် ရှင့်ကို အလုပ်အတွက် ယာယီအလုပ်သမားခ ပေးပါရစေ" ယန်ရွှယ်က ဆိုသည်။
ထိုစကားကြောင့် သူ မျက်မှောင်ကြုတ်မိသွား၏။ "မလိုပါဘူး၊ ငါက အိမ်မှာ ဒီအတိုင်း ထိုင်နေရမှာပဲဟာ"
"အဲလို လုပ်လို့မရပါဘူး" ယန်ရွှယ်သည် မျက်ဝန်းလေးများ ဝိုင်းသွားအောင် ပြုံးလျက် ပြောလိုက်သည်။ "ရှင်က ပြန်သက်သာလာကာစလေ၊ မကြာခင် သစ်တောဌာနက ရှင့်ကို အလုပ်ပေးမှာပဲ။ အဲဒီအချိန်ကျရင် ကျွန်မက ရှင့်ကို အချိန်ယူခိုင်းနေတာဆိုတော့ အခကြေးငွေ မပေးလို့ ဘယ်ဖြစ်မလဲ"
သို့သော် သစ်တောဌာနက အလုပ်ပေးမည်ဆိုလျှင်တောင် ကိရိယာတန်ဆာပလာ တဲကို စောင့်ကြည့်ခိုင်းရုံသာ ဖြစ်ပေလိမ့်မည်။ မသန်စွမ်းသူတစ်ယောက်ထံမှ မည်သူက များများစားစား မျှော်လင့်ပါမည်နည်း။
ကောချန်အန်းမှာ မာနကြီးသူဖြစ်သည်။ ကိုယ်တိုင်ကြိုးစားမှုကြောင့်မဟုတ်ဘဲ သစ်တောဌာန၏ သနားညှာတာမှုအပေါ် မှီခိုနေထိုင်ရမည်ဟူသော အတွေးကြောင့် သူ၏နှုတ်ခမ်းများမှာ တင်းတင်းစေ့သွားရ၏။
ယန်ရွှယ်သည် ထိုအချက်ကို နားလည်သဖြင့် သူ့ကို ငှားရမ်းလိုခြင်း ဖြစ်သည်။ "နောက်ပြီး ရှင်က မှိုမျိုးစေ့ပြုစုတာ တော်တယ်လေ။ ရှင်သာ သဘောတူမယ်ဆိုရင် နောက်နှစ်လဲ ရှင့်ကို ဆက်ပြီး အကူအညီတောင်းချင်တယ်"
တကယ်တော့ ယန်ရွှယ်သည် အခြားမည်သည့်နေရာမှမဆို လူငှားနိုင်ပါသည်။ သူမ သူ့ကိုတောင်းဆိုရခြင်းမှာ ထိုသူ၏ဘဝအတွက် လမ်းစတစ်ခု ပေးလိုသောကြောင့်သာ ဖြစ်၏။
သို့သော် ယန်ရွှယ်သည် သူမ၏ စေတနာမှာ အစစ်အမှန်ဖြစ်နေသဖြင့် ငြင်းဆန်ရန် ခက်ခဲအောင် ပြုလုပ်တတ်သည့် နည်းလမ်းရှိသည်။
.......
ချီဖန့် - ကိုယ့်ရဲ့ ကျန်းမာရေးက မကောင်းဘူးလို့ ဘယ်သူပြောတာလဲ။ ယောက်ဖကို ပြန်လွှတ်ရဲရင် လွှတ်ကြည့်လိုက်လေ။
***