မိုးတွေသည်းကြီးမည်းကြီးရွာပြီး လျှပ်ပန်းလျှက်နွယ်တွေတလက်လက်နဲ့ အုံ့မှိုင်းနေတဲ့ အဲ့ဒီနေ့။ အဲ့ဒီနေ့က'ဖိုးခွား'တို့မောင်နှမနှစ်ယောက်ရဲ့ကမ္ဘာထဲကို ဂြိုလ်ဆိုးဝင်တဲ့နေ့ဆိုလည်းမမှားဘူး။ အပြင်မှာမိုးတွေသည်းသည်းမည်းမည်းရွာနေတာမို့ အလုပ်ကပြန်လာတာနောက်ကျနေတဲ့ အစ်ကိုဖြစ်သူ 'ဖိုးခွား'ကို 'ပန်းမှုန်' တစ်ယောက်စိတ်ပူလို့နေတယ်။ မိုးရွာထဲမှာအပြေးအလွှားနဲ့ ပြေးလာနေတဲ့အရိပ်မဲတစ်ခုက သူရှိရာ ဦးတည်လာနေတယ်။သူရှိရာပြေးလာနေသူဟာ အစ်ကိုဖြစ်သူမှတ်ပြီး အိမ်ထဲကိုပြေးဝင်ကာ ရေစိုနေတဲ့အဝတ်တွေလဲဖို့ အဝတ်အစားတွေရှာနေခဲ့တယ်။ မိုးတွေကရွာနေတာကတစ်ကြောင်း ၊ ဘာကိုမှသဲသဲကွဲကွဲမမြင်ရတာကတစ်ကြောင်းနဲ့မို့ သူရှိရာလာနေတဲ့သူဟာ အစ်ကိုဖြစ်သူ'ဖိုးခွား'လား ၊ လူယုတ်မာ ' မင်းခေါင်' လားဆိုတာ 'ပန်းမှုန်'မသိခဲ့ရှာဘူး။အိမ်ခန်းထဲမှာ အဝတ်အစားတွေရှာနေခိုက် နောက်ကနေသိုင်းဖက်လိုက်တဲ့ အထိအတွေ့ကြောင့် 'ပန်းမှုန်'လန့်သွားရတယ်။
" ဟင် ရှင် ရှင်ဘယ်သူလဲ။ ကိုကြီး ကိုကြီးမဟုတ်ဘူးလား။"
"ဘယ်ကကိုကြီးလဲ 'ပန်းမှုန်'ရယ်။ ကိုကြီးမဟုတ်ပါဘူး။ အနာဂတ်မှာ 'ပန်းမှုန်'ရဲ့ လင်ယောက်ျားဖြစ်လာမဲ့ 'ကိုမင်းခေါင်'ကြီးပါတဲ့ဗျာ။"
"ရှင် ဘယ်လိုလုပ်ပြီး ကျုပ်အိမ်ကိုရောက်လာတာလဲ။ ဖယ်စမ်း။ လွှတ်စမ်း။"
"အို ဒီအထိတောင်ရောက်လာပြီးမှတော့ လွှတ်မပေးနိုင်တော့ဘူး 'ပန်းမှုန်'။ မင်းအစ်ကို့ကို လက်ထပ်မယ်ဆိုမှ လွှတ်ပေးမယ်။"
"ကျုပ်က ရှင့်ကိုဘာကိစ္စလက်ထပ်ရမှာတုန်း။ ရှင့်ကိုလည်းကျုပ်မသိဘူး။ ဖယ်ပါ။ လွှတ်ပါဆိုတော်။"
"မင်းအစ်ကို့ကို တကယ်လက်မထပ်ဘူးလား။"
"ရှင့်ကိုကျုပ်သိလည်းမသိဘူး။ စိတ်လည်းမဝင်စားဘူး။ အခုချက်ချင်းလွှတ်နော်။"
"ဒီလောက်တောင်ရှိတဲ့ဟာမ ကဲကွာ။ခွပ်။"
ချော့မော့ပြောနေတဲ့ကြားက အတင်းရုန်းကန်နေတဲ့ 'ပန်းမှုန်'ကို 'မင်းခေါင်'လက်သီးနဲ့ထိုးကာ တွန်းလှဲလိုက်တယ်။စောနက သူဖက်လိုက်လို့ ရေတွေစိုနေတဲ့ 'ပန်းမှုန်'ရဲ့အလှဟာ 'မင်းခေါင်'ရဲ့စိတ်ကိုရူးသွပ်သွားစေနိုင်တဲ့အထိပဲ။
"ရှင် ရှင်မယုတ်မာနဲ့နော်။ ကယ်ကြပါအုံးရှင်။ ကာ်ကြပါအုံး။ ဒီလူယုတ်မာ ကျုပ်ကို မတော်မတရားကြံနေလို့ပါ။"
"အော်စမ်း။ မင်းအကြိုက်အော်လိုက်စမ်း။ ဒီလိုမိုးရွာနေပုံနဲ့ဆို မင်းအော်တဲ့အသံကို ဘယ်သူမှမကြားနိုင်ဘူးကွ။ဟားးးဟားးးးဟားးးး။"
သည်းကြီးမည်းကြီးရွာနေတဲ့မိုးနဲ့အတူ 'ပန်းမှုန်'ရဲ့ဘဝဟာလည်း ကြေမွပျက်ဆီးခဲ့ရတယ်။ မိုးလည်းဆဲလုပြီမို့ အိမ်ပြန်လာတဲ့ 'ဖိုးခွား' က သူ့အိမ်ထဲကနေ အူယားဖားယားပြေးထွက်လာတဲ့ 'မင်းခေါင်'ကို လှမ်းမြင်လိုက်ရတယ်။ တစ်ခုခုတော့ဖြစ်နေပြီဆိုတာကို သဘောပေါက်လိုက်တဲ့ 'ဖိုးခွား'က အိမ်ထဲကိုအမြန်ပြေးဝင်လိုက်ချိန် သွေးအိုင်ထဲမှာ လဲကျနေတဲ့ ညီမဖြစ်သူ 'ပန်းမှုန်'ကို သွေးပျက်ဖွယ်တွေ့မြင်လိုက်ရတယ်။
"ညီ ညီမလေး။ 'ပန်းမှုန်' ညီမလေး။ ဘယ်လိုဖြစ်ရတာလဲညီမလေးရာ။ ကိုကြီးပြန်လာပြီလေညီမလေးရဲ့။ မျက်လုံးဖွင့်ပါအုံးညီမလေးရာ။အီးးးးး။ဟီးးးးး။"
သွေးအိုင်ထဲမှာအသက်မရှိပကတိငြိမ်သက်နေတဲ့ 'ပန်းမှုန်'ကိုပွေ့ဖက်ရင်း အရူးတစ်ယောက်လို ငိုကြွေးနေတဲ့ 'ဖိုးခွား'ရဲ့ဒေါသတွေက ထိန်းလို့မရနိုင်အောင်ဖြစ်သွားတော့တယ်။ ဖရိုဖရဲဖြစ်နေတဲ့ ညီမလေးရဲ့အလောင်းကို သေချာဖုံးအုပ်ပေးပြီးတာနဲ့ သွေးတွေပေကျံနေတာကိုတောင် မဆေးကြောတော့ပဲ ငှက်ကြီးတောင်ဓားကို ကိုင်ကာ 'အိမ်မွှေး'ရွာသူကြီးအိမ်ရှိရာကို ဒေါကြီးမောကြီးနဲ့ထွက်သွားတော့တယ်။
"ဟေ့ကောင် မင်းခေါင်။ ထွက်ခဲ့စမ်း။ ခွေးကျင့်ခွေးကြံ ကြံပြီးသွားကာမှ အခုလိုရှောင်ပြေးနေလို့ရမလားကွ။ ငါပြောနေတာကြားလား။မင်း ယောက်ျားဆိုရင်ထွက်ခဲ့လေကွာ။"
"အိမ်ရှေ့မှာအော်ကြီးဟစ်ကျယ်နဲ့ ရမ်းကားနေတာ ဘယ်ကောင်လဲကွ။"
သူကြီးအိမ်ရှေ့မှာ ငှက်ကြီးတောင်ဓားကိုဝံ့ကာ အော်ဟစ်ဆဲဆိုနေသူကား ညီမဖြစ်သူရဲ့စိတ်နဲ့ အရူးမီးဝိုင်းနေရှာတဲ့ 'ဖိုးခွား'။ မိမိအိမ်ရှေ့မှာ အော်ဟစ်ရမ်းကားနေတာကို အိမ်ပေါ်ကနေအသံပြုရင်းထွက်လာသူကတော့ 'အိမ်မွှေးရွာ'သူကြီးဦးမင်းမောင်။
"သူကြီး ကျုပ်ရှည်ရှည်ဝေးဝေးမပြောချင်ဘူး။ ခင်ဗျားသားဘယ်မတုန်း။ အခုချက်ချင်းထုတ်ပေးဗျာ။ မထုတ်ပေးရင် ကျုပ်လက်ထဲကဓားကိုမြင်လား။ အကုန်ခုတ်ပစ်မယ်။"
"ဟကောင်ရ။ ဘာကိစ္စငါက မင်းပြောတဲ့အတိုင်းလုပ်ပေးရမှာတုန်း။ မင်းနဲ့ငါ့သားနဲ့ကြားမှာ ဘာပြဿနာရှိလို့တုန်း။ မင်းတွေ့ချင်နေတဲ့ငါ့သားကလည်း အခုထိအိမ်ပြန်မရောက်သေးဘူးကွ။"
"ခင်ဗျားကြီး ကူလီကူမာလုပ်မယ်မကြံနဲ့နော်။"
"လူကြီးကို လူကြီးမှန်းမသိ မင်းအတော်ရိုင်းတဲ့ကောင်ပဲကွ။"
သူကြီးနဲ့ 'ဖိုးခွား'တို့အချေအတင်စကားများနေခိုက် ဘုမသိဘမသိ အိမ်ထဲကိုဝင်လာတဲ့ မင်းခေါင်ကိုတွေ့လိုက်ရတာမို့ 'ဖိုးခွား'ဟာသူ့လက်ထဲကဓားနဲ့ ဒေါသတွေထွက်ပြီး လိုက်လံခုတ်ပိုင်းတော့တယ်။
"ခွေးမသား။ မျိုးမစစ်ကောင်။ ငါ့ညီမကို စော်ကားသွားတဲ့အမျိုးယုတ်။ သေပေတော့။"
"ဒုတ်။ ဒုတ်။ ဒုတ်။"
လက်ထဲကဓားနဲ့ လိုက်ခုတ်နေပေမဲ့ ဒေါသတွေထွက်လွန်းပြီး ခုတ်ရာတစ်ခြား ရှရာတစ်ခြားဖြစ်နေတယ်။
"ဟေ့ ဟေ့ကောင်တွေ ဝိုင်းဆွဲကြပါဟ။ ဝိုင်းဆွဲကြပါဟ။"
ဆူဆူညံညံအသံတွေကြောင့် သူကြီးအိမ်ဝိုင်းထဲကိုလာကြည့်ကြတဲ့ ကာလသားတွေက ငှက်ကြီးတောင်ဓားနဲ့လိုက်ခုတ်နေတဲ့ 'ဖိုးခွား'ကို ဝိုင်းဝန်းဖမ်းဆီးပြီး ချုပ်ထားလိုက်ကြတယ်။
"ဟေ့လူတွေ။ ကျုပ်ကဘာအပြစ်မှလုပ်မထားဘူး။ အပြစ်လုပ်ထားတာက ခင်ဗျားတို့ရွာသူကြီးရဲ့သား မင်းခေါင်ဆိုတဲ့ကောင်ပဲ။ အဲ့ကောင်အတော်ယုတ်မာတဲ့ကောင်ဗျ။ ကျုပ် ကျုပ်ညီမလေးကိုဗျာ။ ကျုပ်ညီမလေးကိုမှ လုပ်ရက်တယ်ဗျာ။ အီးးးးးဟီးးးးး။"
လှုပ်မရအောင်ချုပ်ထားတဲ့ကြားက အတင်းရုန်းကန်နေရင်း ငိုယိုပြီး ညီမဖြစ်သူ'ပန်းမှုန်'ရဲ့အဖြစ်ကို ရွာသူရွာသားတွေအားလုံးသိအောင်ပြန်ပြောပြရှာတယ်။ ရွာသူရွာသားတွေအားလုံးကလည်း သူကြီးရဲ့သားဖြစ်သူအမှားမှန်းသိတော့ 'ဖိုးခွား'ကိုချုပ်နှောင်မထားတော့ပဲ လွှတ်ပေးလိုက်ကြတယ်။
"ဟေ့ကောင် မင်းခေါင်။ မင်းဘာတွေဇာတ်ရှုပ်လာပြန်ပြီလဲ။ ဟိုကောင်ပြောတာဟုတ်သလား။"
ရွာသူရွာသားတွေအားလုံးက ဖြစ်ကြောင်းကုန်စင်ကိုသိကုန်ကြပြီမို့ သားဖြစ်သူကို ထိုက်သင့်တဲ့အပြစ်က မပေးလို့လည်း မရပြန်ဘူး။ ဒါ့ကြောင့်သူကြီးကိုယ်တိုင်သူ့သားကိုမေးတော့တယ်။
"ငါမေးနေတယ်လေကွာ။ ဖြေစမ်း။"
" ဟုတ် ဟုတ်ပါတယ်အဘ။ ကျုပ် ကျုပ်မှားခဲ့ပါတယ်။"
"တောက်။ မင်းကြောင့်ငါ့မျက်နှာကိုဘယ်မှာသွားထားရတော့မလဲကွ။ဟမ် ဟေ့ကောင်။"
" ကဲ ဟိုကမောင်ရင်လည်း သူ့အဖေဖြစ်တဲ့ကျုပ်ကပဲကြားထဲကတောင်းပန်တယ်။ သူနဲ့ထိုက်သင့်တဲ့ပြစ်ဒဏ်ကိုရစေရမယ်လို့လည်းအာမခံတယ်။ ဒီလိုဆိုအဆင်ပြေပြီမလား။"
သူကြီးက သားဖြစ်သူကို စိတ်ဆိုးဒေါသထွက်ဟန်ပြုပြီး 'ဖိုးခွား'ကျေနပ်အောင် ဟန်ဆောင်ချွေးသိပ်လိုက်သေးတာ။
"ခင်ဗျားအဲ့လိုလုပ်လိုက်တော့ရော ကျုပ်ညီမလေးက အသက်ပြန်ရှင်လာမှာလား။ဟမ် သူကြီး။ ကျုပ်မေးတာဖြေလေဗျာ။"
"အဲ့ အဲ့ဒါကတော့။"
'ဖိုးခွား'ရဲ့အမေးကို မဖြေနိုင်တော့ပဲ မျက်နှာလွှဲနေတဲ့သူကြီး ၊ ညီမဖြစ်သူကို ရက်ရက်စက်စက် အဓမ္မကျင့်ပြီးသတ်သွားတဲ့ သူကြီးသား မင်းခေါင်တို့ရဲ့မျက်နှာတွေကို အဲ့ဒီနေ့ကစလို့ 'ဖိုးခွား'ရဲ့ရင်ထဲမှာ မှတ်ကျောက်တင်ထားခဲ့တယ်။ သူကြီးသားကို မြို့ဂတ်က ပုလိပ်တွေလာရောက်ဖမ်းဆီးသွားပြီဆိုတော့မှ 'ဖိုးခွား' တစ်ယောက် လက်ထဲကဓားကိုချကာ လေးလံတဲ့ခြေလှမ်းတွေနဲ့အတူ အိမ်ကိုပြန်လာခဲ့တယ်။အဲ့ဒီနောက် 'ဖိုးခွား'ဟာ ညီမဖြစ်သူရဲ့နာရေးကိစ္စအဝဝ ပြီးသွားတဲ့အချိန်မှာတော့ အိမ်နဲ့ခြံကိုရောင်းပြီး 'သုံးကန်'ရွာလေးကနေ ပျောက်ချင်းမလှပျောက်သွားခဲ့တော့တယ်။
အထက်ပါအကြောင်းအရာကတော့ သူကြီးဦးမင်းမောင်ရဲ့သား မင်းခေါင် ဘယ်လိုကြောင့်ထောင်ကျသွားရတယ်ဆိုတဲ့အကြောင်းပေါ့။
***