လီယီတောင်း၏ အမေးကို ကြားသောအခါ ချီယွီချန်က ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် သူက ဖိတ်ခေါ်သည့် အနေဖြင့် လက်ယက်ပြလိုက်၏။
နှစ်ယောက်သား လူနာခန်းထဲမှ ထွက်လာခဲ့ပြီး ချီယွီချန်၏ ဦးဆောင်မှုဖြင့် အဆောက်အအုံ၏ အခြား အပိုင်းတစ်ခုသို့ လိုက်ပါသွားလေသည်။
၎င်းက ပိုမို တိတ်ဆိတ်သော နေရာတစ်ခု ဖြစ်ပေသည်။
လီယီတောင်း အထဲသို့ ဝင်သွားချိန်တွင် လက်ဖက်ရည်ခန်း တစ်ခန်းထဲ၌ လက်ဖက်ရည် သောက်နေသော အဘိုးအို တစ်ဦးကို တွေ့လိုက်ရသည်။
ဤပုဂ္ဂိုလ်မှာ အခြားသူ မဟုတ်၊ အကြီးအကဲလျန် ပင် ဖြစ်လေသည်။
လီယီတောင်း လျှောက်လာသည်ကို မြင်သောအခါ အကြီးအကဲ ခပ်ယဲ့ယဲ့လေး ပြုံးလိုက်၏။
" ကြိုဆိုပါတယ်... ထိုင်ပါဦး... "
မိတ်ဆွေဟောင်း တစ်ဦးကို တွေ့ဆုံသည့်အလား သူက နှုတ်ဆက်လိုက်လေသည်။
လီယီတောင်း ဘာစကားမျှ မဆိုဘဲ တည်ငြိမ်စွာ ဝင်ထိုင်လိုက်သည်။
ဤအကြီးအကဲမှာ သာမန် မဟုတ်ကြောင်း သူ ခံစားသိရှိနိုင်၏။
ဒီလူဆီမှာ တော်တော်လေး ကြီးမားတဲ့ အင်အား ရှိနေတာ ရှင်းပါတယ်...။
သူက ဘယ်သူလဲ ဆိုတာကိုတော့ အထွေအထူး တွေးနေစရာ မလိုတော့ဘူး...။
သူက တပ်ဖွဲ့ ၃၆ ရဲ့ ခေါင်းဆောင်တွေထဲက တစ်ယောက် ဖြစ်ရမယ် ဆိုတာ သေချာတယ်လေ...။
အကြီးအကဲက လီယီတောင်း အတွက် လက်ဖက်ရည် တစ်ခွက် ငှဲ့ပေးပြီး လက်ကာပြကာ...
" အစ်ကိုယီတောင်းကို နာမည် ကြားဖူးနေတာ ကြာပြီ... ဒီနေ့မှ တွေ့ရတော့တယ်… “
" မဟုတ်ရပါဘူး အရာရှိကြီးရယ်... ဒါက လူပြက်လေးတွေ လုပ်တဲ့ အကွက်လေးတွေ သက်သက်ပါ... ခင်ဗျားတို့ အားလုံးနဲ့ ယှဉ်ရင်တော့ အများကြီး ကွာပါသေးတယ်... "
လီယီတောင်းက သူ့ကိုယ်သူ ပြိုင်ဘက်ကင်း ထိပ်တန်း ပုဂ္ဂိုလ် တစ်ဦးဟု လုံးဝ မထင်ထားပေ။
သေမင်း၏ အကာအကွယ် စွမ်းရည် ရှိနေလျှင်ပင် သူ လုံးဝ အန္တရာယ် ကင်းနေပြီဟု သူ မယုံကြည်ပေ။
စနစ်ရဲ့ စွမ်းရည်တွေထက် သာလွန်တဲ့ အရာတစ်ခုခု ရှိနေမလား ဆိုတာ ဘယ်သူ သိမှာလဲ...။
သူ့ရှေ့မှ အကြီးအကဲကိုပင် အကဲခတ်၍ မရနိုင်သေးပေ။
" ဟီးဟီး... လူငယ်လေး... မင်းက တကယ်ကို နှိမ့်ချတတ်တာပဲ... ငါတို့ ကြားမှာ နားလည်မှု လွဲတာ တချို့ ရှိနိုင်တယ် ဆိုတာကို ငါ နားလည်ပါတယ်... ဒါပေမဲ့ နိုင်ငံသားချင်း အတူတူ ကိုယ့်လူကိုတော့ သစ္စာမဖောက်ပါဘူးကွာ... ဒါကြောင့် မင်း ငါတို့ကို သံသယ ဝင်နေစရာ မလိုပါဘူး... "
အကြီးအကဲလျန်၏ အသံက ရိုးသားပုံ ရလေသည်။
လီယီတောင်းက လက်ဖက်ရည်ခွက်ကို မကာ တစ်ကျိုက် သောက်လိုက်ပြီး အပြုံးဖျော့ဖျော့ဖြင့် ပြန်တုံ့ပြန်လိုက်၏။
' သတိလက်လွတ် နေပြီး သူတို့ကို ယုံကြည်ရမယ် ဟုတ်လား... လူတိုင်းက ငါ့ကို ကလေးလို့ ထင်နေတာလား... '
လီယီတောင်း၏ အမြင်တွင် တပ်ဖွဲ့ ၃၆ သည် ယုံကြည်မှု အားလုံး ပျောက်ဆုံးနေပြီ ဖြစ်၏။ ပူးပေါင်း ဆောင်ရွက်မှု အချို့အတွက် နေရာ ရှိနိုင်သော်လည်း ယုံကြည်မှု ကတော့ မဖြစ်နိုင်ပေ။
လီယီတောင်း သေချာ သိပေသည်...။
တပ်ဖွဲ့ ၃၆ က အရင်တုန်းက သူ့ကို အန္တရာယ် ပေးဖို့ ရည်ရွယ်ချက် ရှိခဲ့တာ သေချာတယ်...။
ဒီလို အဖွဲ့အစည်းမျိုးကို သူ ယုံကြည်လို့ ရနိုင်မလား...။
အကြီးအကဲလျန်က သူ၏ စကားများ အချည်းနှီး ဖြစ်ကြောင်း ရိပ်မိသွား၍ သူ ခေါင်းခါလိုက်ပြီး ဆက်ပြောလေသည်။
" ဘာပဲဖြစ်ဖြစ်... ပြီးခဲ့တာတွေက ပြီးသွားပါပြီ... အနာဂတ်မှာ ငါတို့ ပူးပေါင်း ဆောင်ရွက်လို့ ရနိုင်ပါသေးတယ်... ပြီးတော့ မစ္စတာဖူနဲ့ မင်းရဲ့ ပတ်သက်မှုကို ငါတို့ မသိခဲ့ဘူးလေ... မဟုတ်ရင် တချို့ ကိစ္စတွေက ဖြစ်လာခဲ့မှာ မဟုတ်ဘူး... "
ဤစကားက အခြေအနေကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်ခြင်းပင်။
ထိုစကား၏ ဆိုလိုရင်းမှာ…
" ဟုတ်တယ်... အရင်တုန်းက မင်းကို အန္တရာယ် ပေးဖို့၊ ဒါမှမဟုတ် သတ်ဖို့တောင် ကြိုးစားခဲ့ကောင်း ကြိုးစားခဲ့လိမ့်မယ်... ဒါပေမဲ့ အဲဒါတွေက အတိတ်မှာ ကျန်ခဲ့ပြီလေ... အခုတော့ မင်း ငါတို့ဆီက ဘာမှ အပြစ်ရှာလို့ မရတော့ဘူး... ဒါကြောင့် ဒီကိစ္စကို မေ့လိုက်တော့... ပြီးတော့... မင်း နောက်ကွယ်မှာ ထောက်ခံပေးနေတဲ့ သူ ရှိတယ် ဆိုတာကိုလည်း ငါတို့ သိထားတယ်... "
အကြီးအကဲလျန်က ပွင့်ပွင့်လင်းလင်း မပြောခဲ့သော်လည်း လီယီတောင်းကို ထောက်ခံပေးနေသည့် အရူးမကြီး တစ်ယောက်လည်း ရှိနေသေး၏။
ဤရှာဖွေတွေ့ရှိမှုက အကြီးအကဲလျန်နှင့် သူ၏ အဖွဲ့ကို အတော်လေး ကူကယ်ရာမဲ့ ဖြစ်သွားစေခဲ့သည်။
အစကတော့ လီယီတောင်းကို နောက်ခံ ဘာမှမရှိတဲ့၊ အလွယ်တကူ ခြေမွပစ်လို့ရတဲ့ ပုရွက်ဆိတ်လေး တစ်ကောင်လို့ သူတို့ မြင်ခဲ့ကြတာလေ...။ ရုတ်တရက်... ဒီပုရွက်ဆိတ်လေးရဲ့ အနောက်မှာ ဆင်ကြီး တစ်ကောင် ရှိနေမှန်း သူတို့ သိလိုက်ရတယ်...။ အဲဒါတင် မကသေးဘူး... အထီးကျန် ဝံပုလွေ တစ်ကောင်လည်း ရှိနေသေးတယ်...။
လီယီတောင်းက ဘာစကားမျှ မဆိုဘဲ အပြုံးဖျော့ဖျော့လေးသာ ပြုံးပြလိုက်၏။ ထို့နောက် သူက စကားလမ်းကြောင်းကို အခြား တစ်ဖက်သို့ လွှဲလိုက်သည်။
" လက်ရှိ အခြေအနေရဲ့ အသေးစိတ်ကို ကျွန်တော် သိချင်ပါတယ်... တစ်ဖက်လူက... ကျွန်တော့်ကို ပစ်မှတ်ထားနေတာလား... "
လီယီတောင်းက ဒီတစ်ခေါက် ရန်သူက သူ့ကို ပစ်မှတ်ထားနေပုံ ရတယ်လို့ ခံစားနေရပြီးသားလေ...။ တိုက်ရိုက် မဟုတ်ရင်တောင်မှ ဆက်စပ်မှု တစ်ခုခုတော့ ရှိရမယ်...။
အကြီးအကဲလျန်က လက်ဖက်ရည် တစ်ကျိုက် သောက်လိုက်ပြီး ဘေးရှိ ချီယွီချန်ကို ကြည့်လိုက်၏။ ချီယွီချန် ခေါင်းညိတ်ပြလိုက်၍ အကြီးအကဲလျန်က အချက်ပြလိုက်ရာ ဘေးမှ လူက စာရွက်စာတမ်း အချို့ ယူလာပေး၏။
" ဒီလူတွေက ဒီစစ်ဆင်ရေးမှာ အဓိက ပါဝင်တဲ့ သူတွေထဲက တချို့ပဲ... "
" အရင်ကတော့ မြို့တော်ထဲမှာ ရှိတဲ့ သူတို့ ပုန်းနေတဲ့ နေရာ တစ်ခုကိုပဲ ငါတို့ ရှာတွေ့ခဲ့လို့... အဲဒီ နေရာရဲ့ တစ်စိတ်တစ်ပိုင်းကိုပဲ ဖျက်ဆီးနိုင်ခဲ့တယ်... "
" ဒါပေမဲ့... ငါတို့ ဖမ်းမိခဲ့တဲ့ သူတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကနေ သတင်း အချက်အလက် တချို့ ရခဲ့တယ်... "
" လောလောဆယ်တော့ ဒီလူတွေက မင်းကို သီးသန့် ပစ်မှတ်ထားတာ ဟုတ်၊ မဟုတ် ဆိုတာကိုတော့ ငါတို့ အတည်မပြုနိုင်သေးဘူး... "
" ဒါပေမဲ့... ဆက်စပ်မှု တစ်ခုခုတော့ ရှိရမယ်... သူတို့ အားလုံးက အဖွဲ့အစည်း တစ်ခုတည်းကပဲ... ပြီးတော့ မင်းက သူတို့ရဲ့ အစီအစဉ်တွေကို မရည်ရွယ်ဘဲ နှစ်ကြိမ်တောင် ဖျက်ဆီးခဲ့ဖူးတယ်လေ... "
" ကျွန်တော်က သူတို့ရဲ့ အစီအစဉ်တွေကို ဖျက်ဆီးခဲ့တယ် ဟုတ်လား... "
လီယီတောင်း မျက်မှောင်ကြုတ်သွား၏။ သူတို့အတွက် ဘယ်လို ကောင်းကျိုးတွေကို သူ ဖျက်ဆီးခဲ့မိသလဲ ဆိုတာကို သူ တကယ် မသိခဲ့ပေ။
ချီယွီချန်က စိတ်ရှည်လက်ရှည် ရှင်းပြလေသည်။
" လီဟွေ့ နဲ့ အတူတူ ခင်ဗျား လူနည်းနည်းကို သတ်ခဲ့တဲ့ အချိန်ကို မှတ်မိလား... အဲဒီအထဲက တစ်ယောက်က အရေးကြီးတဲ့ မစ်ရှင် တစ်ခုအတွက် သူတို့ တာဝန်ပေးထားတဲ့ အဖွဲ့ဝင် တစ်ယောက်လေ... ခင်ဗျား သူ့ကို သတ်လိုက်တော့... သူတို့ရဲ့ မစ်ရှင်က လုံးဝ ပျက်စီးသွားတာပေါ့... ပြီးတော့ ခင်ဗျား မကြာသေးခင်က Follow လိုက်တဲ့ Streamer လေ... ခင်ဗျားရဲ့ Follow လုပ်မှုက သူတို့ရဲ့ နောက်ထပ် အရေးကြီးတဲ့ အစီအစဉ် တစ်ခုကို ဖျက်ဆီးလိုက်တာပဲ... "
" ဒါကြောင့်... သူတို့ရဲ့ အစီအစဉ်က ခင်ဗျားရဲ့ အစီအစဉ်နဲ့ တိုက်ဆိုင်သွားတာလား၊ ဒါမှမဟုတ် ခင်ဗျားကို ရှင်းဖို့ သူတို့ တမင်တကာ အစီအစဉ် ဆွဲခဲ့တာလား ဆိုတာကိုတော့... အခု အချိန်မှာ မဆုံးဖြတ်နိုင်သေးဘူး... "
ဤနေရာအရောက်တွင် လီယီတောင်း တိတ်ဆိတ်သွားလေသည်။
လီဟွေ့နှင့် ဖြစ်ခဲ့သော အဖြစ်အပျက်က သူ၏ မှတ်ဉာဏ်ထဲတွင် လတ်ဆတ်နေဆဲပင်။
ဘာပဲဖြစ်ဖြစ်... အဲဒီအချိန်တုန်းက သူ့ဆီမှာ သေမင်းရဲ့ အကာအကွယ် စွမ်းရည် မရှိသေးဘူးလေ...။ တကယ်လို့သာ သူ လျင်လျင်မြန်မြန် မတုံ့ပြန်နိုင်ခဲ့ဘူး ဆိုရင်... အခုလို ထိုင်ပြီး လက်ဖက်ရည် သောက်နေနိုင်မှာ မဟုတ်ဘူး...။
လီယီတောင်း ဤကိစ္စနှင့် ပတ်သက်၍ အတွေးများ ရှိနေသော်လည်း အပြင်သို့ ထုတ်မပြပေ။ ထိုအစား စားပွဲပေါ်ရှိ စာရွက်စာတမ်းများကို ကောက်ယူလိုက်၏။
ထင်သည့်အတိုင်းပင် သူတို့ အားလုံးက ထိုနိုင်ငံမှ လူများ ဖြစ်ကြလေသည်။
သူတို့က အဲဒီ အဖွဲ့အစည်းက အဖွဲ့ဝင်တွေ ဆိုတာ ရှင်းနေတာပဲလေ...။
သူတို့ထဲတွင် မိမိတို့ နိုင်ငံသားနှင့် ခပ်ဆင်ဆင် လူနှစ်ဦး ပါဝင်နေ၏။
ဒီလူတွေက သစ္စာဖောက် ဆိုတဲ့ သူတွေ ဖြစ်ရမယ် မဟုတ်လား...။
" ဒီလူတွေရဲ့ ဗီဒီယို အချက်အလက်တွေက ဒီတက်ဘလက်ထဲမှာ ရှိတယ်... သူတို့ အားလုံးမှာ ပလက်ဖောင်းပေါ်က ကိုယ်ပိုင် အကောင့်တွေ ရှိကြတယ်... "
ချီယွီချန် ကမ်းပေးသော တက်ဘလက်ကို ကြည့်ရင်း လီယီတောင်းက သူ့ကို အဓိပ္ပာယ်ပါပါ တစ်ချက် ကြည့်လိုက်လေသည်။
ဒါက သူများ ဓားငှားပြီး လူသတ်တာပဲ...။
သူတို့က လီယီတောင်းကို အဝေးကနေ ရှင်းပစ်ချင်နေတာ တော်တော်လေး ရှင်းနေပါတယ်...။
တစ်ဖက်လူက ပလက်ဖောင်းပေါ်မှာ ဗီဒီယိုတွေတောင် တင်ထားသေးတယ် ဟုတ်လား...။ ဘယ်လိုလုပ် ဒီလောက်တောင် တိုက်ဆိုင်နိုင်ရတာလဲ...။
ဒီလူတချို့က ချီယွီချန် ပြောတဲ့ အဖွဲ့အစည်းက မဟုတ်နိုင်ဘူး လို့တောင် လီယီတောင်း သံသယ ဝင်မိတယ်...။
ဒါပေမဲ့ ဂရုမစိုက်ဘူး...။
အားလုံးက သရုပ်ဆောင်နေကြတာပဲလေ...။
ထို့ပြင်...
နိုင်ငံရပ်ခြား အဖွဲ့အစည်းက ငါ့ကို အန္တရာယ် ပေးဖို့ ရဲတင်းနေမှတော့...
ဒါဆိုရင်...
ငါ ဒီအတိုင်း လက်ပိုက် ကြည့်နေမှာ မဟုတ်ဘူး...။
အနည်းဆုံးတော့... ငါတို့ကို သင်ခန်းစာ တစ်ခု ပေးလို့ ရတာပေါ့...။
***