[ ကတောင်... အရည်အသွေးမြင့် ဖောက်သည်ကို ရှာဖွေတွေ့ရှိပါသည်၊ ID : ငါမရူးဘူး... ဘယ်သူ့ကို ကြောက်ရမှာလဲ ]
[ သေဆုံးမှု အခြေအနေ စစ်ဆေးခြင်း - မကြာမီ လူလုပ် မတော်တဆမှုများကြောင့် သေဆုံးမည်၊ သေဆုံးနိုင်ခြေ ၈၃% ]
[ သင့် အနေဖြင့် ဤအရည်အသွေးမြင့် ဖောက်သည်အား ချက်ချင်း Follow လုပ်ရန် အကြံပြုအပ်ပါသည်။ ]
[ ကတောင်... အရည်အသွေးမြင့် ဖောက်သည်ကို ရှာဖွေတွေ့ရှိပါသည်၊ ID : အစ်ကိုကျန်း ]
[ ကတောင်... အရည်အသွေးမြင့် ဖောက်သည်ကို ရှာဖွေတွေ့ရှိပါသည်၊ ID : ငါ့ကို ဖမ်းလို့မရဘူး ]
[ သေဆုံးမှု အခြေအနေ စစ်ဆေးခြင်း - မကြာမီ ရောဂါကြောင့် သေဆုံးမည်၊ သေဆုံးနိုင်ခြေ ၈၃% ]
အချက်အလက်များကို ကောက်ယူပြီး ဓာတ်ပုံများကို ကြည့်လိုက်သည်နှင့် အသိပေးချက်များ တစ်ခုပြီး တစ်ခု ပေါ်လာလေသည်။ ရိုးရိုးသားသား ဆိုရလျှင် လီယီတောင်း တစ်ယောက် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရ၏။
' ဘာတွေ ဖြစ်နေတာလဲ... ငါ ဗီဒီယိုတွေတောင် မကြည့်ရသေးဘူး... ဓာတ်ပုံ ကြည့်ရုံနဲ့တင် အသိပေးချက်တွေ ဒီလောက် အများကြီး ဘယ်လိုလုပ် ပေါ်လာရတာလဲ... '
' ဒါက... စနစ်က နောက်တစ်ခါ အဆင့်မြှင့်သွားပြန်ပြီလား... ဒါပေမဲ့ မကြာသေးခင်က စနစ် အဆင့်မြှင့်တဲ့ အသိပေးချက်မှ မရှိခဲ့တာ... ဓာတ်ပုံတွေကနေတစ်ဆင့် Follow လုပ်လို့ ရသွားတာကတော့ တကယ်ကို မိုက်တယ်... '
အတွေးထဲ နစ်မျောနေသော လီယီတောင်းကို အကဲခတ်ရင်း ချီယွီချန်က အကြီးအကဲလျန်ကို လှမ်းကြည့်လိုက်မိ၏။အကြီးအကဲ တည်ငြိမ်နေသည်ကို မြင်သောအခါ သူလည်း ပြန်လည် တည်ငြိမ်သွားပြီး ဘာမှ အထူးတလည် မတုံ့ပြန်တော့။
" ဒါအကုန်ပဲလား... "
လီယီတောင်းက ခေါင်းမော့ကာ ချီယွီချန်ကို ကြည့်လိုက်သည်။
အခု ပြထားတဲ့ အချက်အလက်တွေကို ပေးနိုင်တယ် ဆိုရင် နောက်ထပ် အများကြီး ရှိဦးမှာပဲ...။
ဒီလူတွေဆီမှာ ဗီဒီယို မှတ်တမ်းတွေ ရှိတယ်လို့ ချီယွီချန်က စောစောက ပြောခဲ့တယ်လေ...။
သေချာတာပေါ့... ဗီဒီယို မှတ်တမ်း မရှိတဲ့ သူတွေလည်း ရှိဦးမှာပဲ...။
ထို့ကြောင့် လီယီတောင်း ဤမေးခွန်းကို မေးလိုက်ခြင်း ဖြစ်၏။
ချီယွီချန်က အကြီးအကဲလျန်ကို တစ်ချက် လှမ်းကြည့်ရာ ခေါင်းညိတ်ပြသဖြင့်...
" ဟုတ်ကဲ့... ရှိပါတယ်... " ဟု ပြန်ဖြေလိုက်လေသည်။
ထိုသို့ ပြောပြီးနောက် သူ လှည့်ထွက်သွား၏။
နောက်ထပ် အချက်အလက်များ သွားယူမည်မှာ ထင်ရှားလှပေသည်။
အကြီးအကဲလျန်က လက်ဖက်ရည် ဆက်သောက်နေပြီး လီယီတောင်းကတော့ အနီးရှိ တက်ဘလက်ကို တည်ငြိမ်စွာ ကောက်ယူလိုက်လေသည်။
သူ တစ်ခုခု လုပ်တော့မယ် ဆိုရင် သူ့ရဲ့ သဘောထားကို ပြသဖို့ လိုတယ်လေ...။
တိတ်တဆိတ် Follow လုပ်နေတာက သိပ်ပြီး အဓိပ္ပာယ် မရှိဘူး...။ ဒီတစ်ခါတော့ သူတို့ကို အကြောက်တရား ဆိုတာ ဘာလဲ သိအောင် လုပ်ပြမယ်...။
' ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့လေ... အဲဒါဆိုရင်တော့ ဆောရီးပဲကွာ... မင်းတို့ အကုန် ဇာတ်သိမ်းပြီ... '
ခုနကတင် သူ စမ်းကြည့်ပြီးပြီလေ...။
ဒီလူတွေ အတွက်... သေမင်းဓားသွားကို သူ သုံးလို့ ရတယ်...။
ပြီးတော့ သက်တမ်း ကုန်ဆုံးမှုကလည်း နှစ်ဆ မဖြစ်သွားဘူး... တစ်ဝက် လျော့သွားတာ၊ ဒါမှမဟုတ် အဲဒီထက်တောင် ပိုလျှော့ပေးသေးတယ်...။
ဤမြင်ကွင်းကို ကြည့်ရင်း စနစ်က အသံတိတ် အဆင့်မြှင့်တင်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း သို့မဟုတ် ယခင်က သူ သတိမထားမိခဲ့သော ဤကဲ့သို့ ရွေးချယ်စရာမျိုး ရှိနေခဲ့ခြင်း ဖြစ်နိုင်ကြောင်း လီယီတောင်း ခန့်မှန်းမိလေသည်။
Follow လုပ်ပြီးသား လူတစ်ယောက်ကို သေမင်းဓားသွား အသုံးပြုခြင်းက သေဆုံးနိုင်ခြေ အပေါ် မူတည်ပြီး သက်တမ်း လျှော့ချပေးပုံ ရ၏။
ဒါက တော်တော်လေး ယုတ္တိရှိပါတယ်...။
အခုဆို ဒီလူ ဆယ်ယောက်ကျော် အားလုံး ပေါင်းမှ သက်တမ်း နှစ် သုံးရာတောင် မပြည့်ဘူး...။ လီယီတောင်း အတွက်တော့ ဒါက ပင်လယ်ထဲက ရေတစ်စက်လောက်ပဲ ရှိတာလေ...။
တက်ဘလက် ပွင့်လာသည်နှင့် ပလက်ဖောင်းထဲသို့ အလိုအလျောက် ဝင်သွားပြီး ဤလူများကို စစ်ထုတ်လိုက်၏။လီယီတောင်း တစ်ချက်လေးမျှ မတုံ့ဆိုင်းတော့ပေ။ အားလုံးကို တစ်ပြိုင်နက်တည်း Like ပေးပြီး Follow လုပ်လိုက်လေတော့သည်။
ထို့နောက်...
သူ၏ comment တွင် သူ၏ နာမည်ကျော် ကြော်ငြာစာသား မပါတော့ပေ။ စကားတစ်ခွန်းတည်းသာ ပါဝင်တော့၏။
" သေစမ်း... "
ဤစကားတစ်ခွန်းတည်းကပင် သူ၏ သဘောထားကို တိုက်ရိုက် ဖော်ပြနေလေပြီ။
' ငါ့ကို လှည့်စားလို့ ရမယ် ထင်နေတာလား... ထောင်ချောက်ဆင်လို့ ရမယ် ထင်နေတာလား... '
' အင်း... ဆောရီးပဲကွာ... '
' ငါ့မှာ ပြောစရာ စကားတစ်ခွန်းပဲ ရှိတယ်... သေစမ်း... '
လီယီတောင်း၏ လုပ်ရပ်များကို စောင့်ကြည့်နေသော အကြီးအကဲလျန်မှာ ရိုးရိုးသားသား ဆိုရလျှင် ခဏတာ မှင်သက်သွားရလေသည်။ သူ၏ ရှေ့မှ အရာအားလုံးကို ကြည့်ရင်း သူ တကယ်ကို အံ့အားသင့်နေကြောင်း ထင်ရှားလှပေသည်။
ဒါက တအားကို တည့်ဆန်လွန်းတယ်...။ ဘာအဓိပ္ပာယ်လဲ...။
ဒါက စစ်ကြေညာတာပဲ...။ သူ့ရဲ့ ကိုယ်ပိုင် အင်အားနဲ့ အဖွဲ့အစည်း တစ်ခုလုံးကို စစ်ကြေညာလိုက်တာပဲ...။
ထိုမျှမကသေးပေ။
ဒီလူတချို့က ဒီအဖွဲ့အစည်း ကချည်းပဲ မဟုတ်ဘူးလေ...။
သူတို့ ပေးလိုက်တဲ့ စာရင်းထဲမှာ... ကိုယ်ကျိုးရှာမှု တချို့ သေချာပေါက် ပါနေတာပဲ...။
သူတို့ထဲက တချို့က တပ်ဖွဲ့ ၃၆ နဲ့ ဆန့်ကျင်ဘက် အဖွဲ့အစည်း ကနေ ဖြစ်နိုင်တယ်...။
သေချာတာပေါ့...။
ဒီလူတွေက သေချာပေါက် ရာဇဝတ်မှုတွေ အများကြီး ကျူးလွန်ထားတဲ့ သူတွေပဲ...။
လီယီတောင်းရဲ့ စရိုက်ကို သူတို့ သိတယ်လေ... သူ ဘယ်လို ရွေးချယ်မလဲ ဆိုတာကိုလည်း နားလည်တယ်...။
ဒါကြောင့် သူတို့က ဒီလူတွေကို သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ပဲ ရှင်းလင်းမှာပါ... အနည်းဆုံးတော့ လီယီတောင်း လှုပ်ရှားဖို့ အကြောင်းပြချက် တစ်ခု ပေးလိုက်တာပေါ့...။
စုစုပေါင်း လူ ၁၃ ယောက်... လီယီတောင်းက ငါးမိနစ်တောင် မကြာဘဲ အကုန်လုံးကို Follow လုပ်နိုင်ခဲ့တယ်...။
သို့သော်...
သေမင်းဓားသွားကို အသုံးပြုရန် သူ အလျင်မလိုသေးပေ။
သူ ကိုယ်တိုင် လှုပ်ရှားဖို့ ရည်ရွယ်ထားမှတော့... ဒီကိစ္စရဲ့ ဂယက်ကို ပိုကျယ်ပြန့်အောင် လုပ်ရမှာပေါ့...။ ဒီသတင်း နည်းနည်းလောက် ပျံ့သွားတဲ့ အထိ စောင့်ပြီးမှ သူ ဆုံးဖြတ်မယ်...။
အနည်းဆုံးတော့... တစ်ဖက်လူကို သူ သိစေချင်တယ်... " ငါ မင်းတို့ကို Follow လိုက်ပြီ... ငါ မင်းတို့ကို သတ်တော့မယ်... ပြီးတော့ မင်းတို့ကို လွတ်သွားခွင့် ပေးမှာ မဟုတ်ဘူး " ဆိုတာကိုပေါ့...။
လီယီတောင်း Follow လိုက်သည်နှင့် သူ့ကို စောင့်ကြည့်နေသော အင်တာနက် သုံးစွဲသူများ လုံးဝ အံ့အားသင့်သွားကြတော့၏။
အစ်ကိုယီတောင်းရဲ့ နောက်ဆုံး တိုက်ပွဲက ဘယ်တုန်းကလဲ...။
Live လွှင့်ဖို့တောင် သူ သိပ်အချိန်မရတာ ဆိုတော့... လူတစ်ယောက်ကို Follow မလုပ်တာ တော်တော်လေး ကြာသွားပြီလေ...။
အခုကျတော့ရော...။
သူက လူဆယ်ယောက်ကျော်ကို တစ်ခါတည်း Follow လိုက်တာလား...။
အရေးအကြီးဆုံးက အစ်ကိုယီတောင်းရဲ့ comment ပဲ...။
အဲဒါက " သေစမ်း " တဲ့...။
ဖက်ခ်...။
ဒီလောက် ပြင်းထန်တဲ့ သတ်ဖြတ်လိုစိတ်ကြီး...။
ဒီလူတွေက ဘာဖြစ်လို့လဲ...။
အစ်ကိုယီတောင်း၏ ပရိသတ် ဂရု ဖိုရမ်တွင် အချို့သော အသုံးပြုသူများက ဤသတင်းကို တင်လိုက်ကြလေပြီ။
ဖိုရမ် တစ်ခုလုံး မျက်စိတစ်မှိတ် အတွင်း ပေါက်ကွဲသွားတော့၏။
မရေမတွက်နိုင်သော အင်တာနက် သုံးစွဲသူများ အလုံးအရင်း ဝင်ရောက်လာကြပြီး ဖိုရမ် ဆာဗာပင် ကျလုနီးပါး ဖြစ်သွားလေသည်။
" ဘယ်ကောင်က အစ်ကိုယီတောင်းကို သွားစော်ကားတာလဲ... ငါ လုံးဝကို မှင်သက်သွားတာပဲ... "
" အစ်ကိုယီတောင်းက နောက်ဆုံးတော့ သူ့အစွမ်းကို ထုတ်ပြလိုက်ပြီ... ဒီတစ်ခါတော့ မပုန်းတော့ဘူးဟေ့... "
" သေစမ်း... လခွမ်း... ဒီစကားလုံးလေး တစ်လုံးတည်းကို မြင်ရုံနဲ့တင် ငါ ဆွံ့အသွားပြီ... "
" သတ်... သတ်... သတ်... သေမင်းတမန် တပ်ဖွဲ့ နေရာယူပြီးပြီ... အစ်ကိုယီတောင်း အတွက် ငါတို့ အားပေးနေတယ်... "
" ငါ တအား သွေးဆူလာပြီဟေ့... ဒီတစ်ခေါက် အစ်ကိုယီတောင်း Follow လိုက်တဲ့ လူတွေက နိုင်ငံခြားက ဖြစ်ပုံရတယ် ဆိုတာ မင်းတို့ သတိထားမိကြလား... "
" ဟုတ်တယ်... နေဦး... အဲဒီအထဲမှာ တရုတ်လူမျိုး နှစ်ယောက် ပါနေသလိုပဲ... "
" သူတို့ရဲ့ အချက်အလက်တွေကို ခုနကတင် ငါ စစ်ကြည့်ပြီးပြီ... အဲဒီ နှစ်ယောက်က တရုတ် နိုင်ငံသား မဟုတ်တော့ဘူး... "
" ဟားဟား... ငါ သိချင်တာက ဘာတွေ ဖြစ်နေတာလဲ ဆိုတာပဲ... အစ်ကိုယီတောင်း... ပြောပြလို့ ရမလား... @ယီတောင်း နာရေးဝန်ဆောင်မှု... "
" ဟီးဟီး... ဟုတ်တယ်... အစ်ကိုယီတောင်း ဒီတစ်ခါ ဘာဖြစ်တာလဲ... နည်းနည်းတော့ ကြောက်စရာ ကောင်းနေပြီ... "
" အင်း... ငါ ကြောက်ကြောက်နဲ့ မေးလိုက်မယ်... အစ်ကိုယီတောင်းရဲ့ လုပ်ရပ်က... ရာဇဝတ်မှု မြောက်သလား... "
" အဓိပ္ပာယ် မရှိတာ... ငါက XXကို သတ်ချင်တယ်လို့ ပြောရုံနဲ့ သူတို့ သေသွားတာက ငါနဲ့ ဆိုင်တယ်လို့ ဘယ်သူ သက်သေပြနိုင်မှာလဲ... "
" ဘာတွေလဲဟ... မင်းက XX သေအောင် လုပ်လိုက်တာလား... "
" သူ တကယ် သေသွားတာလား... မဖြစ်နိုင်တာ... နောက်မနေနဲ့... တစ်ခုခု ဖြစ်သွားရင် ငါ့အတွက် တအား တိုက်ဆိုင်လွန်းနေပြီ... "
" ကျွတ်... မင်း ဘယ်လောက် လန့်နေလဲ ကြည့်ဦး... ဘာမှ မဟုတ်ပါဘူး... အစ်ကိုယီတောင်း ဘယ်လောက် တည်ငြိမ်နေလဲ ကြည့်လိုက်ဦး... လူတွေ ဒီလောက် အများကြီး သေသွားတာတောင် အစ်ကိုယီတောင်း လက်ချက်လို့ ဘယ်သူ ပြောနိုင်မှာလဲ... "
" ဖက်ခ်... ကဲပါ... မင်းတို့တွေ ဆက်မပြောကြနဲ့တော့... ဆက်ပြောနေရင် အစ်ကိုယီတောင်းကို ထောင်ထဲ တကယ် ပို့လိုက်သလို ဖြစ်သွားမယ်... ဒါပေမဲ့ အစ်ကိုယီတောင်း Follow လိုက်တဲ့ ဒီလူတွေ ဘယ်တော့ သေမလဲ ဆိုတာကိုတော့ ငါ တကယ် သိချင်နေပြီ... "
" ဟီးဟီး... စောင့်သာ ကြည့်နေ... ဒီနေ့ အစ်ကိုယီတောင်းရဲ့ comment တွေက မတူဘူး... သူတို့ အသက်မရှင်တော့ဘူး ဆိုတာကို ပြနေတာပဲ... သုံးရက်တောင် ခံမှာ မဟုတ်ဘူး... သေချာတယ်... "
" သုံးရက် ဟုတ်လား... နောက်နေတာလား... ငါကတော့ ၂၄ နာရီပဲ... "
" ၂၄ နာရီ ဟုတ်လား... ကြာလွန်းတယ်... ကြာလွန်းတယ်... ငါကတော့ တစ်ရက်လို့ ပြောမယ်... "
" ဟင်... ၂၄ နာရီ ဆိုတာ တစ်ရက် မဟုတ်ဘူးလား... "
" ဟားဟား... ဆက်မငြင်းကြနဲ့တော့... ငါ ပြောမယ်... တစ်နာရီ အတွင်း သူတို့ သေချာပေါက် သေလိမ့်မယ်... မသေရင် ငါ ဇောက်ထိုးရပ်ပြီး ချေးစားပြမယ်... Live လွှင့်ပြီးကို စားပြမှာ... "
အင်တာနက် သုံးစွဲသူများ စိတ်အားထက်သန်စွာ ဆွေးနွေးနေကြစဉ် အွန်လိုင်း ကမ္ဘာ တစ်ခုလုံး မုန်တိုင်းထဲ ရောက်သွားတော့၏။
တစ်ချိန်တည်းမှာပင် နိုင်ငံ တစ်ခုရှိ အခြေစိုက် စခန်းတစ်ခု အတွင်း... တစ်ကိုယ်လုံး တက်တူးများ အပြည့် ထိုးထားသော လူလတ်ပိုင်း အမျိုးသား တစ်ဦးက သူ၏ ဖုန်းထဲမှ မက်ဆေ့ချ်ကို ကြည့်ကာ ခဏတာ မှင်သက်သွားလေသည်။
" ယီတောင်း နာရေးဝန်ဆောင်မှု မှ သင့်အား Follow လိုက်ပါသည်။ "
ထို့ပြင် သွေးရောင်ရဲနေသော ထို comment ကိုလည်း သူ တွေ့လိုက်ရ၏။
ထိုအခိုက်အတန့်တွင် သူ့တစ်ကိုယ်လုံး ကျောချမ်းသွားတော့၏...။
***