[ ယာယီ မစ်ရှင် - မစ္စဝမ် သေဆုံးမှု၏ အမှန်တရားကို စုံစမ်းစစ်ဆေးပါ၊ မစ္စဝမ်၏ စစ်မှန်သော ဝိညာဉ်ကို စုစည်းပြီး စကားများတဲ့ မင်းသားလေးကို ထိပ်တိုက် ရင်ဆိုင်ပါ။ ]
[ မစ်ရှင် ကျရှုံးပါက ပြစ်ဒဏ် မရှိပါ။ မစ်ရှင် အောင်မြင်ပါက သက်တမ်း နှစ်တစ်ထောင် နှင့် " ဝိညာဉ် စူးစမ်းခြင်း " စွမ်းရည်ကို ဆုလာဘ် အဖြစ် ရရှိမည် ဖြစ်သည်။ ]
သူ့ရှေ့ရှိ ဤမစ်ရှင်ကို ကြည့်ရင်း လီယီတောင်း ချက်ချင်းပင် ကိစ္စများစွာကို တွေးမိသွားလေသည်။
မစ္စဝမ်...။
စောစောက Live ထဲမှာ ပြောသွားတဲ့ စကားများတဲ့ မင်းသားလေးရဲ့ မိန်းမ ဖြစ်ရမယ် မဟုတ်လား...။
နောက်ပိုင်း ကားအက်ဆီးဒင့်နဲ့ သေသွားတဲ့ အမျိုးသမီးလေ...။
ဒီလို အခြေအနေမျိုးမှာ... အများကြီး စဉ်းစားနေစရာ မလိုပါဘူး... ဒီကိစ္စမှာ တစ်ခုခုတော့ သေချာပေါက် မှားနေပြီ ဆိုတာ ရှင်းနေတာပဲ...။
ကြည့်ရတာ မစ္စဝမ်ရဲ့ သေဆုံးမှုက အပြင်ပန်းမှာ မြင်ရသလောက်တော့ သေချာပေါက် မရိုးရှင်းဘူး...။
ရာခိုင်နှုန်း အများဆုံးကတော့ အဲဒါကို စကားများတဲ့ မင်းသားလေးက စီစဉ်ပြီး ဆိုးရွားတဲ့ ကားအက်ဆီးဒင့် ဖြစ်အောင် ဖန်တီးခဲ့တာပဲ...။
ဒီမှာ ငတုံး တစ်ယောက်မှ မပါဘူး... ဒီကိစ္စ တစ်ခုလုံးကလည်း အင်တာနက်ပေါ်မှာ တော်တော်လေး ဆွေးနွေးခဲ့ကြပြီးသားလေ...။ ဒီ Streamerရဲ့ စရိုက်ကိုလည်း အဲဒီတုန်းက လူတိုင်း သိခဲ့ကြတာပဲ...။
ဒါကြောင့်... ကွာရှင်းမယ့် မတိုင်ခင် တစ်ရက်အလိုမှာ ရုတ်တရက် ကားအက်ဆီးဒင့် ဖြစ်သွားတာ... အရာအားလုံးက တအားကို တိုက်ဆိုင်လွန်းနေတယ်...။
ဒါပေမဲ့ ဒီကိစ္စက နောက်ဆုံးတော့ အဖြေမပေါ်ဘဲ ပြီးသွားခဲ့တယ်...။
ဘာပဲဖြစ်ဖြစ်... သက်သေမှ မရှိတာ... အဲဒီ အရာအားလုံးရဲ့ နောက်ကွယ်က ကြိုးကိုင်ရှင် ကကော...။
ဆောရီးပဲ... ဘာသဲလွန်စမှ မရှိဘူး...။
တကယ်တော့ အစကတည်းက သံသယတွေ ရှိခဲ့တာပါ...။
ဥပမာအားဖြင့်... ယာဉ်မောင်းရဲ့ အဖေ ဆေးကုသစရိတ် အတွက် လိုအပ်နေတဲ့ ငွေပမာဏ အများကြီး ရုတ်တရက် ပေါ်လာတာမျိုးပေါ့...။
ဒါက တော်တော်လေးကို သိသာနေပြီလေ...။
ပိုပြီး ရယ်စရာ ကောင်းတာက အဲဒီပိုက်ဆံက ထီပေါက်လို့ ရတာတဲ့...။
ဒါက အဓိပ္ပာယ် မရှိဘူး မဟုတ်လား...။
နောက်ဆုံးတော့ မတော်တဆမှုလို့ပဲ သတ်မှတ်လိုက်ရပြီး ယာဉ်မောင်းကတော့ ထောင်ထဲ ရောက်သွားတာပေါ့...။
ဒါပေမဲ့ သူ အဲဒီမှာ နေရမယ့် အချိန်က သိပ်မကြာလောက်ပါဘူး...။
လူတိုင်းက Live ထဲမှာ comment တွေ ဆက်တိုက် ရေးနေကြဆဲပင်။
ဤအချိန်တွင် စကားများတဲ့ မင်းသားလေးလည်း သဘောပေါက်သွားလေပြီ။
သူ့နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့လေး တစ်ခု ပေါ်လာ၏။
" ဟီးဟီး... အစ်ကိုယီတောင်း တကယ် ပေါ်လာလိမ့်မယ်လို့ မထင်ထားဘူး... ဒါပေမဲ့ အစ်ကိုယီတောင်း ဒီမှာ ရှိနေရင်တောင် ခုနက ကျွန်တော် ပြောခဲ့တဲ့ စကားတွေက အတည်ပါပဲ... "
" တစ်ချိန်တည်းမှာပဲ... အစ်ကိုယီတောင်းကို မျက်နှာချင်းဆိုင် မေးချင်တာ တစ်ခု ရှိတယ်... လူတွေ ဒီလောက် အများကြီး သတ်ခဲ့တာ... ခင်ဗျား ရင်ထဲမှာ အပြစ်ရှိသလို မခံစားရဘူးလား... "
" ကိုယ့်ကိုယ်ကိုယ် သေမင်းတမန် လို့ ထင်ပြီး တကယ်ပဲ အဲဒီလောက်တောင် ရမ်းကားရဲတာလား... "
စကားများတဲ့ မင်းသားလေး တွန့်ဆုတ်မနေတော့ဘဲ အဆုံးအစွန်အထိ တိုးနေလေပြီ။
သူ ဒီလောက်အထိ လုပ်ပြီးပြီ ဆိုမှတော့... နောက်ဆုံး ရလဒ်က ဘယ်လိုပဲ ဖြစ်ဖြစ် အတူတူလောက်ပါပဲ...။
အဲဒါကို တွေးမိတော့ သိပ်ပြောစရာ မရှိတော့ဘူး...။
အခု... အစ်ကိုယီတောင်းက အလွယ်တကူ လှုပ်ရှားမှာ မဟုတ်ဘူး ဆိုတာကို သူ လောင်းကြေး ထပ်ထားတာ...။
အစ်ကိုယီတောင်းရဲ့ ကြင်နာမှုကို သူ လောင်းကြေး ထပ်ထားတာ မဟုတ်ဘူး... သူ့ရဲ့ စွမ်းရည်တွေ အပေါ်မှာ အထူး ကန့်သတ်ချက် တချို့ ရှိနေနိုင်တယ် ဆိုတဲ့ ဖြစ်နိုင်ခြေ အပေါ်မှာ လောင်းကြေး ထပ်ထားတာ...။
တကယ်တော့...
သူ ထီပေါက်သွားတယ်လို့ ပြောရမယ်...။
အစ်ကိုယီတောင်းရဲ့ Follow တွေမှာ တကယ်ပဲ ကန့်သတ်ချက်တွေ ရှိတယ်လေ...။
ဒါပေမဲ့...
သူ မသိခဲ့တာက ဒီတစ်ခေါက်တော့ သူ တကယ်ကို ကန့်သတ်ချက် အစွန်အဖျား အထိ တွန်းပို့လိုက်မိပြီ ဆိုတာကိုပဲ...။
စကားများတဲ့ မင်းသားလေး၏ အသံ တိတ်သွားသည်နှင့် Live ထဲရှိ ပရိသတ်များက နောက်တစ်ကြိမ် ရိုင်းစိုင်းလာကြပြန်သည်။
" လခွမ်း... ဒီလူက ဘာလို့ ဒီလောက် မောက်မာနေရတာလဲ... အစ်ကိုယီတောင်း ရောက်နေတာတောင် ဒီလောက် ရဲတင်းနေတုန်းပဲလား... "
" ဟီးဟီး... အစ်ကိုယီတောင်းက သူ့ကို Follow လိုက်တာနဲ့ သူ ပါးစပ်ပိတ်သွားလိမ့်မယ်... စောင့်သာကြည့်... "
" အစ်ကိုယီတောင်းက သူ့ကို Follow လိုက်တာနဲ့ သူ ဆက်ပြီး မောက်မာနိုင်ဦးမလား ကြည့်ရသေးတာပေါ့... "
" @ယီတောင်း နာရေးဝန်ဆောင်မှု... ကျွန်တော်က ပြဿနာ ရှာတတ်တဲ့ သူမျိုး မဟုတ်ပါဘူး... ဒါပေမဲ့ တစ်ယောက်ယောက်က ဒီလောက် မောက်မာနေတာကိုတော့ ကျွန်တော် သည်းမခံနိုင်ဘူး... "
" ဟုတ်တယ်... ငါလည်း သည်းမခံနိုင်ဘူး... အစ်ကိုယီတောင်း... သေမင်းဓားသွားကို ခဏလောက် ငှားလို့ ရမလား... @ယီတောင်း နာရေးဝန်ဆောင်မှု... "
" ဘာတွေ ထပ်တွေးနေစရာ လိုသေးလို့လဲ... ချသာချ... ကျွန်တော်တို့ သေမင်းတမန် တပ်ဖွဲ့က အစ်ကို့ရဲ့ ခိုင်မာတဲ့ ကျောထောက်နောက်ခံတွေပဲ... "
" Streamer... အခု မင်း လိပ်စာပေး... မင်းကို ငါ တကယ် ရှာချင်နေတာ... ဒါပေမဲ့ မင်း လိပ်စာကို ရှာမရဘူး ဖြစ်နေတယ်... အခု ဖော်ပြရဲလား... "
" အစ်ကိုယီတောင်း... ဘာလို့ ဘာမှ မပြောတာလဲ... "
ဤအချိန်တွင် လီယီတောင်းက စနစ်၏ အသိပေးချက်ထဲမှ ထွက်လာခဲ့ပြီ ဖြစ်၏။
မစ်ရှင်က ကျလာပြီ ဆိုတော့... ဘယ်လို ဆက်လုပ်ရမလဲ ဆိုတာ သူ စဉ်းစားရတော့မှာပေါ့...။
တစ်ခုတည်းသော အခက်အခဲက မစ္စဝမ်ရဲ့ ဝိညာဉ်ကို ဘယ်မှာ သွားစုစည်းရမလဲ ဆိုတာပဲ...။
သူ ခဏမျှ စဉ်းစားကြည့်လိုက်ရာ ဖြစ်နိုင်ခြေ အများဆုံး နေရာ သုံးခု ရှိလေသည်။
တစ်ခုက သူမရဲ့ အရင် အိမ်... အဲဒါက စကားများတဲ့ မင်းသားလေးရဲ့ အိမ်ပဲ...။
နောက်ထပ် ဖြစ်နိုင်ခြေ တစ်ခုကတော့ မတော်တဆမှု ဖြစ်ခဲ့တဲ့ နေရာ...။ သူမရဲ့ အသိစိတ်က အဲဒီမှာ အမြဲတမ်း ပိတ်မိနေတာလည်း ဖြစ်နိုင်တယ်...။
ထောင်ကျသွားတဲ့ ယာဉ်မောင်း အနားမှာ ရှိနေနိုင်ခြေလည်း ရှိသေးတယ်...။
တစ်ဖက်လူက အခုလောက်ဆို ထွက်လာလောက်ပြီ ဆိုတော့... သူ့ကို ရှာဖို့ သိပ်မခက်လောက်ဘူး...။
ဒီနေရာ သုံးခုထဲက တစ်ခုခု ဖြစ်ဖို့ များတယ်...။
လီယီတောင်း ခဏမျှ စဉ်းစားပြီးနောက် comment တွင် တိုက်ရိုက် မေးလိုက်လေသည်။
" မင်း မိန်းမကို သတ်ဖို့ မင်း ငှားခဲ့တဲ့ ယာဉ်မောင်း ဘယ်မှာ နေလဲ ဆိုတာ မင်း သိလား... ငါ သူ့ဆီမှာ ကိစ္စလေး ရှိလို့ သူ့လိပ်စာလေး လိုချင်တယ်... "
ဤ comment တက်လာသည်နှင့် တစ်ပြိုင်နက် Live တစ်ခုလုံး တိတ်ဆိတ်သွားတော့၏။
အစ်ကိုယီတောင်းက ဘာကို ဆိုလိုတာလဲ...။
အဲဒါ ဘာအဓိပ္ပာယ်လဲ...။
အစ်ကိုယီတောင်းက တစ်ခုခု သိနေတာများလား...။
ပုံမှန် အခြေအနေ အရ ဆိုလျှင် ဤစကားက စကားများတဲ့ မင်းသားလေး၏ ဇနီးကို သူ ကိုယ်တိုင် စီစဉ်ထားသော သူ တစ်ဦးဦးက တမင်တကာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်နိုင်ခြေ အများဆုံး ဖြစ်ကြောင်း ညွှန်ပြနေလေသည်။
လီယီတောင်း၏ အမေးကို မြင်သောအခါ ရိုးရိုးသားသား ဆိုရလျှင် စကားများတဲ့ မင်းသားလေး တစ်ယောက် နေရာမှာပင် မှင်သက်သွားလေသည်။
သူ့မျက်လုံးများထဲရှိ အကြောက်တရားများက အစစ်အမှန်ပင်။
လီယီတောင်း၏ မေးခွန်းက အတည်ပြုချက် တစ်ခုလို ဖြစ်နေသဖြင့် သူ အံ့အားသင့်သွားရခြင်း ဖြစ်၏။
တစ်နည်းအားဖြင့် ပြောရလျှင် လီယီတောင်းက မိမိဇနီးသည်မှာ မိမိ စီစဉ်ထားသော သူတစ်ယောက်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်ဟု ယုံကြည်နေခြင်းပင်။
သူ အတတ်နိုင်ဆုံး မျက်နှာမပျက်အောင် ထိန်းထားသော်လည်း လီယီတောင်းက မြင်ဖြစ်အောင် မြင်လိုက်သေးသည်။
' အင်း... ဒီအချိန်မှာတော့ စနစ်ရဲ့ အသိပေးချက်က မလိမ်ဘူး ဆိုတာကို ငါ အတည်ပြုလို့ ရပြီ... '
" အစ်ကိုယီတောင်း... ကျွန်တော့်ကို နောက်နေတာလား... ကျွန်တော့် မိန်းမ သေတာက အဲဒီ တရားခံရဲ့ အပြစ်လေ... ကျွန်တော်တို့ ကြားမှာ ပွတ်တိုက်မှု တချို့ ရှိခဲ့တာ မှန်ပေမဲ့... အဲဒါက ဒီလို ကိစ္စမျိုးကို ကျွန်တော် လုပ်တဲ့အထိတော့ သေချာပေါက် မဖြစ်စေဘူးလေ... ဟုတ်တယ် မလား... "
" ပြီးတော့ ရဲတွေကလည်း ကျွန်တော့်မှာ အပြစ်မရှိဘူး ဆိုတာ ရှင်းလင်းပေးပြီးပြီ... ရဲတွေလည်း မှားနေတယ်လို့ ခင်ဗျားက ပြောချင်နေတာလား... "
စကားများတဲ့ မင်းသားလေး၏ တုံ့ပြန်မှုက မြန်ဆန်လှ၏။
ပြီးတော့ သူက အချက်အလက်တွေနဲ့ တိုက်ရိုက် ပြောလာတာ...။
အစ်ကိုယီတောင်းက အဲဒါတွေကို ဂရုစိုက်မယ် ထင်နေတာလား...။
ဟီးဟီး...
လီယီတောင်း စာရိုက်သည့် အကွက်ကို ဆက်ဖွင့်လိုက်၏။
" အင်း... ကောင်းပြီလေ... ဥပဒေ အရတော့ အဲဒါကို သက်သေပြဖို့ အထောက်အထား မရှိတာ မှန်ပါတယ်... ဒီလို ပြန်မေးကြည့်မယ်... မင်း ငှားခဲ့တဲ့ ယာဉ်မောင်း အခု ဘယ်မှာလဲ ဆိုတာ မင်း သိလား... "
လီယီတောင်းက ဘာမှ ထောက်ထားညှာတာမှု မပြခဲ့ပေ။ ဥပဒေ အရ စကားများတဲ့ မင်းသားလေး မှာ အပြစ်မရှိသော်လည်း ကိုယ်ကျင့်တရား အရတော့... သူက ရှင်းလင်းစွာ ဖော်ပြလိုက်ခြင်း ဖြစ်၏။
လူတစ်ယောက်ကို ကားနဲ့ တိုက်တာက တခြား ကိစ္စလေ...။
လီယီတောင်း၏ စကားဆုံးသွားသည်နှင့် အွန်လိုင်း ပရိသတ်များ နောက်တစ်ကြိမ် ပေါက်ကွဲသွားပြန်၏။
" အိုး ဖက်ခ်... ဒီမှာ သေချာပေါက် တစ်ခုခုတော့ ရှိနေပြီ... "
" သေချာတယ်... လုံးဝ သေချာတယ်... လခွမ်း... "
" ဒါက... အစ်ကိုယီတောင်း ဆီမှာ သက်သေ တချို့ ရှိနေပြီလို့ ဘာလို့ ငါ ခံစားနေရတာလဲ... အစ်ကိုယီတောင်း... သက်သေ ပြဖို့ လိုသေးလို့လား... "
" ဟီးဟီး... သက်သေ ဟုတ်လား... အစ်ကိုယီတောင်းက သက်သေ လိုလို့လား... "
" အို... ဟုတ်တယ်... ဟုတ်တယ်... ငါ့အမြင် ကျဉ်းသွားတာပါ... အစ်ကိုယီတောင်းက သက်သေ လုံးဝ မလိုဘူးလေ... "
" တကယ်ပဲ စကားများတဲ့ မင်းသားလေး အကြောင်းချည်းပဲလား... အဲဒီလောက် အစွန်းရောက်မှာတော့ မဟုတ်ပါဘူးနော်... သူ့မိန်းမကို ရိုက်တာကို ဖော်ထုတ်ရုံလေးပဲ မဟုတ်ဘူးလား... "
" သူ့မိန်းမကို ရိုက်တာ တစ်ခုတည်း ပြဿနာ ဖြစ်နေတာလား... အဲဒီအချိန်က စကားများတဲ့ မင်းသားလေး မှာ တခြား မိန်းမ ရှိနေတယ်လို့ ငါ ကြားတယ်... သူ့မိန်းမက ကွာရှင်းဖို့ လုပ်နေတာ... တကယ်လို့ သူသာ နိုင်သွားရင် စကားများတဲ့ မင်းသားလေးရဲ့ ပိုင်ဆိုင်မှုတွေ အကုန်လုံးက သူ့မိန်းမ အပိုင် ဖြစ်သွားမှာလေ... "
" ဟင်... တကယ်လား... အနည်းဆုံးတော့ မိသားစု ပိုင်ဆိုင်မှုကို ခွဲဝေယူသင့်တယ် မဟုတ်ဘူးလား... "
" အဲဒီလို မဟုတ်ဘူး ထင်တယ်... ဘာပဲဖြစ်ဖြစ် အဲဒီအချိန်တုန်းက တော်တော်လေး ရှုပ်ထွေးခဲ့တာ... တကယ်လို့ စကားများတဲ့ မင်းသားလေးရဲ့ မိန်းမသာ အမှုနိုင်သွားရင် သူက ဘာမှ မရဘဲ ထွက်သွားရုံတင် မကဘူး... သူ့မိန်းမဆီမှာ စကားများတဲ့ မင်းသားလေးကို ထောင်ချလို့ရမယ့် သက်သေ တချို့တောင် ရှိသေးတယ်လို့ ငါ ကြားတယ်... "
" ငါ မယုံနိုင်ဘူး... အဲဒါ တကယ်လား... အဲဒီတုန်းက ဒီအကြောင်း သတင်းတွေ သိပ်မပါခဲ့ဘူးနော်... "
" ဟီးဟီး... အဲဒါက အရင်တုန်းကလေ... အဲဒီအချိန်က အခြေအနေက တကယ်ကို ရှုပ်ထွေးခဲ့တာ... ဒါပေမဲ့ အခုတော့ အရာအားလုံး အဆင်ပြေသွားပါပြီ... "
" ဟုတ်တယ်... အဲဒီအချိန်က အခြေအနေက တကယ်ကို ရှုပ်ထွေးခဲ့တာ... ဟူး... လူတွေရဲ့ စိတ် ဆိုတာ သိရခက်ပါတယ်... "
Live ထဲရှိ ဆွေးနွေးမှုများက တဖြည်းဖြည်း လမ်းကြောင်း လွဲသွားပြီး အတိတ်က ကိစ္စများ ပေါ်လာတော့မည်ကို မြင်သောအခါ စကားများတဲ့ မင်းသားလေး၏ မျက်လုံးများထဲတွင် တိတ်ဆိတ်မှုများ ပြည့်နှက်သွားလေသည်။ သူ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး သူ၏ မျက်နှာထားကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းထားလိုက်၏။
Live ထဲရှိ ကင်မရာကို ကြည့်ကာ သူက...
" အခြေအမြစ် မရှိတဲ့ ကောလာဟလတွေကို နားမယောင်ကြပါနဲ့... ကျွန်တော်က ခင်ဗျားတို့ အားလုံးကို လိမ်လို့ ရရင်တောင် ဥပဒေက ခင်ဗျားတို့ကို လိမ်ပါ့မလား... "
" ပြီးတော့... အစ်ကိုယီတောင်း... ကျွန်တော် အမှန်အတိုင်းပဲ ပြောခဲ့တာပါ... ခင်ဗျား ကျွန်တော့်ကို ဒီလို ချောက်ချစရာ မလိုဘူး မဟုတ်လား... တကယ်လို့ ခင်ဗျား ဒီလို ဆက်လုပ်နေမယ် ဆိုရင် ကျွန်တော့် အသရေ ဖျက်မှုနဲ့ ခင်ဗျားကို တရားစွဲဖို့ စဉ်းစားရလိမ့်မယ်... "
အဖြေကို တစ်ချက် ကြည့်လိုက်ပြီးနောက် လီယီတောင်း မဲ့ပြုံးပြုံးကာ ဆက်ရိုက်လိုက်၏။
" အို... ဘာပဲဖြစ်ဖြစ်လေ... မင်း ငှားခဲ့တဲ့ ယာဉ်မောင်းရဲ့ အိမ်လိပ်စာကို ငါက မေးနေရုံ သက်သက်ပါ... အဲဒါ အဲဒီလောက်တောင် ခက်နေလို့လား... မင်း ငါ့ကို မပြောရင်တောင် ငါ ရှာမတွေ့နိုင်ဘူးလို့တော့ မရှိပါဘူး... "
" မင်း ငါ့ကို တရားစွဲချင်ရင် ဆွဲလေ... သူတို့ကို ငါ ကူပြီး ရှာပေးမယ်... "
" @ကျန်းမြို့ ရဲတပ်ဖွဲ့... တစ်ယောက်ယောက်က အဖမ်းခံချင်နေတယ်... ထွက်လာခဲ့ပါဦး... "
စကားများတဲ့ မင်းသားလေး ဆွံ့အသွားလေသည်။
လူတိုင်း ဆွံ့အသွားကြ၏။
ဒါက တကယ်ကို ရယ်စရာပဲ...။
ဤအချိန်တွင် စကားများတဲ့ မင်းသားလေး သာမက Live ထဲရှိ ပရိသတ်များပင် ကြောင်အမ်းသွားကြလေသည်။
ဒါ ဘာကြီးလဲ...။
သူက ခင်ဗျားကို တရားစွဲချင်တာကို... ခင်ဗျားက သူ့ကို အဖမ်းခံချင်တယ်လို့ ပြောနေတာလား...။
" ငါ Live မှား ဝင်လာတာလား... ဒါမှမဟုတ် အစ်ကိုယီတောင်းက အတုကြီးလား... "
" ဟ… အူတက်နေပြီဟေ့… အစ်ကိုကြီးက ဘယ်တုန်းက ဒီလောက် ဟာသဉာဏ် ရှိသွားတာလဲ... သူ့ကို အသရေဖျက်မှုနဲ့ တရားစွဲမယ် ဆိုတာကို... တစ်ဖက်လူက အဖမ်းခံချင်နေတယ် ဆိုပြီး သူက ပြန်တုံ့ပြန်တယ်... "
" ဟားဟား... သေချင်တယ်ကွာ... ရယ်ရလွန်းလို့ ငါ့ကောင်မလေး မျက်နှာကို ရေတွေ ထွေးထုတ်မိသွားတာ... အခု ငါ ဒူးထောက်ပြီး ကြမ်းပြင်ကို တိုက်နေရတယ်... ဒါပေမဲ့ ငါ ရယ်နေတုန်းပဲဟေး... "
" အပေါ်ထပ်က အစ်ကို... အစ်ကိုကတော့ အဆင်ပြေပါတယ်... ကျွန်တော်က စျေးဝယ်စင်တာမှာ ဒူးရင်းသီး စားနေတုန်း အပြင်ကို ထွေးထုတ်မိသွားတာ... ဘေးက လူတွေက ကျွန်တော့် ပါးစပ်ထဲက ချေးတွေ ပန်းထွက်လာတယ်လို့ ပြောကြတယ်... လခွမ်း... "
" အိုး ဖက်ခ်... ဒါဆို ခုနက စျေးဝယ်စင်တာမှာ ချေးတွေ ပန်းထုတ်နေတာ အပေါ်ကကောင်ပေါ့... "
" ငါတော့ သည်းမခံနိုင်တော့ဘူး... အစ်ကိုယီတောင်း... စကားများတဲ့ မင်းသားလေးက သူ့မိန်းမကို သတ်ခဲ့တယ် ဆိုတာကို ဒီနေ့ ခင်ဗျား သက်သေပြရမယ်နော်... ဟုတ်တယ် မလား... ခင်ဗျားဆီမှာ သက်သေ ရှိရင် မြန်မြန် ထုတ်ပြလိုက်ပါ... "
Live ထဲရှိ comment များကို ကြည့်ရင်း လီယီတောင်း ဂရုမစိုက်ပေ။ ထိုအစား ကျန်းမြို့ ရဲတပ်ဖွဲ့ကို ထပ်မံ Tag တွဲလိုက်လေသည်။
" @ကျန်းမြို့ ရဲတပ်ဖွဲ့... သူငှားခဲ့တဲ့ ယာဉ်မောင်းရဲ့ လိပ်စာကို ခင်ဗျားတို့ သိလား... "
ကျန်းမြို့ ရဲတပ်ဖွဲ့မှာ ဘာပြောရမည်ကို တကယ် မသိတော့ပေ။
သူတို့က ယာဉ်မောင်းရဲ့ လိပ်စာကို သိပါတယ်... ဒါပေမဲ့ သူက " ငှားခဲ့တဲ့ " ဆိုတဲ့ စကားလုံးကို ထည့်သုံးထားတာလေ...။
ရဲတွေက... ' ငါတို့ ဘယ်လို ပြန်ဖြေရမလဲ... ငါတို့ သိသိ၊ မသိသိ... မင်းရဲ့ ပြောစကားကို သွယ်ဝိုက်ပြီး အသိအမှတ်ပြုရာ ရောက်နေတယ် မဟုတ်ဘူးလား... ဘုရားရေ... အခု ငါတို့ဆီမှာ တကယ်ကို သက်သေ မရှိသေးဘူး... အရင်ကလည်း သံသယတွေ ရှိခဲ့တာပဲလေ... ' ဟု တွေးနေကြ၏။
တစ်ဖက်မှ တိတ်ဆိတ်နေသည်ကို ကြည့်ပြီး လီယီတောင်းက ဆက်ပြောလေသည်။
" ယာဉ်မောင်းရဲ့ လိပ်စာကို ပြောပြပါ... ကျွန်တော် ခင်ဗျားတို့ကို အဖြေတစ်ခု ပြန်ပေးပါ့မယ်... "
" ကျန်းမြို့ ရဲတပ်ဖွဲ့ : @ယီတောင်း နာရေးဝန်ဆောင်မှု... ခင်ဗျားဆီမှာ တကယ် သက်သေ ရှိလို့လား... "
" ယီတောင်း နာရေးဝန်ဆောင်မှု : သက်သေတော့ မရှိဘူး... ဒါပေမဲ့ ထွက်ဆိုပေးမယ့် လူတစ်ယောက်တော့ ကျွန်တော် ရှာပေးနိုင်တယ်... "
" ကျန်းမြို့ ရဲတပ်ဖွဲ့ : ဘယ်သူလဲ... "
" ယီတောင်း နာရေးဝန်ဆောင်မှု : မစ္စဝမ်... "
လူတိုင်း ဆွံ့အသွားကြလေသည်။
ကျန်းမြို့ ရဲတပ်ဖွဲ့ အကောင့်ကို ဝင်ရောက် အသုံးပြုနေသော တာဝန်ခံမှာ ရူးတော့မည့် ဆဲဆဲပင်။
တကယ်လို့ တခြားသူသာ ဆိုရင် ဖုန်းတစ်ကော ခေါ်ပြီး စကားပြောဖို့ လာခဲ့ပါလို့ ခေါ်လိုက်လောက်ပြီ...။
အစ်ကိုယီတောင်းက ဘယ်လို အကွက်တွေ ရွေ့နေတာလဲ…။
အဓိပ္ပာယ် မရှိဘူးလေ...။
သက်သေ မရှိဘဲနဲ့... အခု သေသွားတဲ့သူက စကားပြောနိုင်တယ်လို့ သူက အကြံပြုနေတာလား...။
သူမကို အသက်ပြန်ရှင်အောင် သူ လုပ်နိုင်လို့လား...။
သို့သော် ရှင်ပြန်ထမြောက်ခြင်း ဖြစ်နိုင်ခြေကို သူ တွေးမိလိုက်ချိန်တွင် ရုတ်တရက် တုံ့ဆိုင်းသွားတော့၏။ ထို့နောက် သူ၏ ထိုင်ခုံမှ ချက်ချင်း ထရပ်ကာ ခေါင်းဆောင်၏ ရုံးခန်းဆီသို့ အလျင်အမြန် ပြေးသွားလေသည်...။
ဖြစ်နိုင်တာက... ပုံမှန် စံနှုန်းတွေနဲ့ တိုင်းတာလို့ မရတဲ့ လီယီတောင်းလို လူမျိုး အတွက်တော့... ဒီလို နည်းလမ်းတွေက လုံးဝ မဖြစ်နိုင်တာတော့ မဟုတ်ဘူး...။
***