"ရှေးခေတ်က အဆိုးညစ်ဆုံးဝင်္ကပါ ဟုတ်လား..."
လင်းရီက မျက်မှောင်ကြုတ်လိုက်၏။
"မင်္ဂလာဝတ်စုံအင်မော်တယ်ဝင်္ကပါကို အင်္သချေဂိုဏ်းက ဖန်တီးခဲ့တာ..."
"အဲ့တာကက အရိုးတွေကို လုယူနိုင်တယ်၊ အခြေခံအုတ်မြစ်ကို လုယူနိုင်တယ်၊ ပြီးတော့ အလွန်ကို လွှမ်းမိုးပြီး ဆိုးညစ်လှတယ်..."
"ဒီနည်းလမ်းက အင်္သချေဂိုဏ်းနဲ့အတူ အဲဒီတုန်းက တာလော့ရဲ့ ဓားတစ်ချက်တည်းနဲ့ သုတ်သင်ဖျက်ဆီးခြင်းခံလိုက်ရပြီး တားမြစ်ဝင်္ကပါတစ်ခုအဖြစ် သတ်မှတ်ခံထားရတာကြာပြီ..."
ထန်ကျင်းကျုံးသည် မဟာကြီးကြပ်ရေးမှူးအား ထက်မြက်သော အကြည့်များဖြင့် ကြည့်လိုက်၏။
"မင်္ဂလာဝတ်စုံအင်မော်တယ်ဝင်္ကပါကို မီးဖိုချောင်ဝင်္ကပါနဲ့ အင်မော်တယ်သန္ဓေသားဝင်္ကပါဆိုပြီး နှစ်မျိုး ခွဲခြားထားတယ်..."
"မီးဖိုချောင်ဝင်္ကပါက မင်္ဂလာဝတ်စုံပဲ..."
"အင်မော်တယ်သန္ဓေသားဝင်္ကပါကတော့ မင်္ဂလာဝတ်စုံကို လက်ခံနိုင်စွမ်းရှိတယ်..."
"ဒီဝင်္ကပါ ပြီးမြောက်သွားတာနဲ့ မင်္ဂလာဝတ်စုံနဲ့ အင်မော်တယ် သန္ဓေသားတို့က ခွဲခြားလို့မရအောင် ချိတ်ဆက်သွားလိမ့်မယ်..."
"ဖာတောင်သခင်ကိုယ်တိုင် လာရင်တောင် ဒီဝင်္ကပါကို ချိုးဖျက်နိုင်ပေမယ့် ဝင်္ကပါ အတွင်းမှာရှိတဲ့ လူတိုင်းကတော့ အသက်ရှင်မှာ မဟုတ်ဘူး..."
မဟာကြီးကြပ်ရေးမှူးက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်ရာ သူမ၏ မျက်နှာပေါ်တွင် ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သော အမူအရာတစ်ခု ရှိနေခဲ့၏။
"ဒါဆို ဆယ်ရက်အတွင်းမှာပေါ့..."
"ကျွန်တော် စီနီယာဖုန်းဟွာကို ကယ်တင်မလား၊ ဒါမှမဟုတ် စီနီယာ ဖုန်းဟွာရဲ့ အရိုးတည်ဆောက်ပုံ တစ်ခုလုံးကို စီနီယာရှောင်ချီဆီ ပြောင်းရွှေ့ပေးမလားဆိုတာပေါ့..."
"ညှိနှိုင်းလို့ မရတော့ဘူးလား..."
လင်းရီက မျက်ခွံပင့်ကာ မဟာကြီးကြပ်ရေးမှူးအား ကြည့်လိုက်၏။
"အတိအကျပဲ..."
"ဆယ်ရက်အတွင်းမှာ ဖုန်းဟွာရဲ့ အစစ်အမှန်ဝိညာဉ် ပျောက်ကွယ်မသွားအောင် ကျွန်မ အာမခံနိုင်တယ်... ဆယ်ရက်ကျော်သွားရင်တော့ ဒီစီနီယာက ဆက်ပြီး တားဆီးနိုင်မှာ မဟုတ်ဘူး..."
မဟာကြီးကြပ်ရေးမှူး စကားပြောလိုက်သည်နှင့် သူမ၏ ပုံရိပ်မှာ တုန်ခါသွားပြီး ဒုတိယမြောက် ကျောက်စိမ်းစင်မြင့်ပေါ်သို့ ဆင်းသက်လိုက်လေသည်။
"ဆယ်ရက်အထိ ဘာလို့ စောင့်နေမှာလဲ..."
လင်းရီသည် ဤစကားကို ကြားသောအခါ အနည်းငယ် ပြုံးလိုက်ပြီး ရှောင်ချီရှိရာ ကျောက်စိမ်းစင်မြင့်ဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားခဲ့၏။
"တောင်သခင်... မလုပ်ပါနဲ့..."
ထန်ကျင်းကျုံးက အလျင်အမြန် ရှေ့သို့ တိုးလာခဲ့သည်။
"ဒီဝင်္ကပါက မင်္ဂလာဝတ်စုံအင်မော်တယ် ဝင်္ကပါလေ... အကယ်၍ မဟာကြီးကြပ်ရေးမှူးက မကောင်းတဲ့ ရည်ရွယ်ချက်ရှိနေရင်..."
လင်းရီက ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပြီး ကျောက်စိမ်းစင်မြင့်ပေါ်သို့ တက်လိုက်၏။
"တောင်သခင်လင်းရီ..."
လင်းရီကို မြင်သောအခါ ရှောင်ချီက ထရန် ကြိုးစားလိုက်သော်လည်း သူမ လှုပ်ရှားလိုက်သည်နှင့် သူမ၏ ခန္ဓာကိုယ်ပေါ်တွင် သင်္ကေတများ လင်းလက်လာကာ သူမကို မလှုပ်ရှားနိုင်အောင် ချုပ်နှောင်လိုက်လေသည်။
"စီနီယာရှောင်ချီ... ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ..."
"ကျွန်တော် ရောက်လာမှတော့ စီနီယာဖုန်းဟွာ သေချာပေါက် အဆင်ပြေသွားမှာပါ..."
လင်းရီက ရှောင်ချီအား နှစ်သိမ့်ပေးလိုက်ရာ သူ၏ အသံမှာ နွေဦးလေပြေလေးကဲ့သို့ ရှောင်ချီ၏ စိတ်ကို များစွာ အေးချမ်းသွားစေခဲ့၏။
"ထာဝရတောက်လောင်နေမယ့် ဆီမီးတစ်ခွက်ကို ထွန်းဖို့ဆိုရင် ဆီ ဖြည့်ပေးရမယ်..."
"စီနီယာ.. ဒီတပည့်က အခု စီနီယာ့အတွက် ဆီကောင်းလေးတွေ ဖြည့်ပေးပါ့မယ်..."
ဝိုင်တာအို၏ အစစ်မးအမှန်ချီသည် ချက်ချင်းပင် သေခြင်းရှင်ခြင်း အစစ်အမှန်ချီအဖြစ် ပြောင်းလဲသွားပြီး မြက်မြစ်မှတစ်ဆင့် ဝင်ရောက်ကာ မြက်ရွက်မှတစ်ဆင့် ထွက်ခွာသွားရင်း မြက်ရွက်၏ တစ်ကိုယ်လုံးသို့ ချက်ချင်း စီးဝင်သွားခဲ့လေသည်။
“အသက်စမ်းရေ..."
"သွားစမ်း..."
လင်းရီက ထပ်မံပြောလိုက်ပြန်၏။
အတိုင်းအတာမရှိသော အသက်အနှစ်သာရများသည် ကျောက်စိမ်းစင်မြင့်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့၏။ ဖုန်းဟွာ၏ အစစ်အမှန်ဝိညာဉ် ပျောက်ကွယ်နေမှုမှာ ရပ်တန့်သွားခဲ့၏။
"အသက်စမ်းရေက အစစ်အမှန်ဝိညာဉ်ကို ထိန်းသိမ်းပေးနိုင်တယ်ဆိုတာ..."
"ဒီစကားက မမှားဘူးပဲ..."
ဤသည်ကို မြင်သောအခါ မဟာကြီးကြပ်ရေးမှူး၏ လှပသော မျက်လုံးများမှာ မျှော်လင့်ချက်များဖြင့် ပြည့်နှက်ကာ တောက်ပသော အလင်းတန်းများ လင်းလက်သွားခဲ့၏။
"ဝိညာဉ်... ပြန်လာခဲ့စမ်း..."
လင်းရီက သူ့လက်ချောင်းဖြင့် ထပ်မံညွှန်ပြလိုက်ရာ သူ၏အသံမှာ တိမ်တိုက်များကို ဖောက်ထွင်းသွားသော လင်းယုန်ငှက်တစ်ကောင်ကဲ့သို့ ကောင်းကင်နှင့် မြေကြီးတစ်ခွင် ပဲ့တင်ထပ်သွားခဲ့လေသည်။
"ဂျိမ်း..."
ဤအချိန်တွင် အရှေ့ပင်လယ်၏ အထက်၌ ပြင်းထန်သော လှိုင်းတံပိုးများ ရုတ်တရက် ထကြွလာခဲ့သည်။ မူလက အပြာရောင်ရှိနေသော ကောင်းကင်ယံတွင် မည်သည့်အချိန်ကမှန်း မသိဘဲ ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးတိမ်တိုက်များ စုစည်းလာခဲ့၏။
"ဟင်..."
လင်းရီက အံ့အားသင့်စွာ ရေရွတ်လိုက်ပြီး မသိစိတ်အရ အပေါ်သို့ မော့ကြည့်လိုက်မိသည်။
"ဒါက သတိပေးချက်တစ်ခုနဲ့ တူနေတာပဲ..."
"ဟင်းလင်းပြင်ထဲကနေ လာတာပဲ..."
လင်းရီ၏ အတွေးများ မြန်ဆန်နေသော်လည်း သူ၏ လုပ်ဆောင်မှုများမှာမူ ခဏလေးမျှပင် ရပ်တန့်သွားခြင်း မရှိခဲ့ချေ။
"သူငယ်ချင်းလေးလင်းရီကတော့ လှုပ်ရှားနေလောက်ပြီ မဟုတ်လား..."
ဤအချိန်တွင် သွေးပင်လယ်၏ နက်ရှိုင်းသော နေရာ၊ ပီလော့စင်မြင့် ပေါ်၌ လီတိရှန်းသည် တင်ပျဉ်ခွေ ထိုင်နေလေသည်။
"အစစ်အမှန်ဝိညာဉ်ကို ပြန်လည်ရှင်သန်စေတယ်ဆိုတာ ကောင်းကင်ဘုံဆီကနေ အသက်ရှည်ခြင်းကို လုယူတာပဲ..."
"ဒါက အောင်မြင်ဖို့ဆိုရင် ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုကို ကျော်ဖြတ်ရလိမ့်မယ်..."
လီတိရှန်းသည် သူ၏လက်ထဲရှိ ဓားကို ဆုပ်ကိုင်လိုက်လေသည်။ နူးညံ့မှုများ ပျောက်ကွယ်သွားပြီး လီတိရှန်း၏ ခန္ဓာကိုယ်မှ ပြိုင်ဘက်ကင်း ထက်မြက်မှုများ ထွက်ပေါ်လာကာ ကောင်းကင်ဘုံကိုးထပ်သို့ တိုက်ရိုက် ထိုးတက်သွားခဲ့လေသည်။
"ငါ့မှာ ဓားတစ်လက်ရှိတယ်..."
"အရှေ့အနောက်မရွေး မနက်မှာ ထွက်ပြီး ညမှာ ဆိုက်ကပ်တယ်..."
လီတိရှန်းသည် သူ၏ ဓားကို ကိုင်ဆောင်ကာ အရှေ့ပင်လယ်ဘက်သို့ လှမ်းကြည့်လိုက်၏။ သူ၏ လက်ထဲရှိ သံဓားသည် ချက်ချင်းပင် ဓားအိမ်ထဲမှ ထွက်ပေါ်လာခဲ့လေသည်။
***