ချင်မင်သည် စကားအပို မဆိုတော့ဘဲ နေ့ရွှေဒင်္ဂါး ဆယ်ပြားကို ထုတ်ပေးလိုက်ပြီး ထို ရှေးဟောင်းစာအုပ် ကို ရင်ခွင်ထဲသို့ အမြန် သိမ်းဆည်းလိုက်လေသည်။
တစ်ကိုယ်လုံး အမည်းရောင် အမွေးများ ဖုံးလွှမ်းနေသော တောင်ဘီလူး မှာ အတော်လေး သိတတ်သူ ဖြစ်ပြီး မျက်စိကျဉ်းသူ မဟုတ်သဖြင့် ခရမ်းရောင် လျှပ်စီး သားရဲ ကိုသာ ကြည့်မနေဘဲ ချင်မင်ကိုပါ စကားစမြည် ပြောဆိုနေလေသည်။
"ဧည့်သည်တော် မင်း ဒီစာအုပ်ကို သေချာတောင် မကြည့်ဘဲ တိုက်ရိုက် ဝယ်လိုက်တာလား"
ချင်မင်သည် မိမိ၏ ဝဝဖိုင့်ဖိုင့် မျက်နှာပေါ်ရှိ မုတ်ဆိတ်မွေးများကို ပွတ်သပ်လိုက်ပြီး ပြောလိုက်၏။
"ငါ ရှေးဟောင်းစာအုပ် တွေကို ဝယ်တာက အနုပညာ ဆန်တဲ့ ဟန်ပန်တစ်ခု အနေနဲ့ပါ သမိုင်းဝင် အငွေ့အသက် ရှိတဲ့ ရှေးဟောင်း ပစ္စည်းတွေကို စာအုပ်စင်ပေါ် တင်ထားချင်လို့ ပုံမှန်ဆိုရင် ငါ စာသိပ်မဖတ်ဘူး ကိုယ့်မှာ လိုအပ်နေတာကို ဖြည့်ဆည်းတဲ့ အနေနဲ့ စာကြည့်ခန်း ထဲမှာ အလှပြထားရင် နောက်ခံ အင်အား ကြီးမားတဲ့ ပုံစံ ပေါက်သွားအောင်လို့ပေါ့ကွာ"
တောင်ဘီလူး ဆိုင်ရှင်ကလည်း ရယ်မောလိုက်ပြီး ပြောလိုက်၏။
"မင်းက အရမ်း နှိမ့်ချလွန်းတယ် စာပေ ချစ်မြတ်နိုးသူတိုင်းက ယဉ်ကျေးတဲ့ ပညာတတ် တွေချည်းပါပဲ"
ချင်မင်သည် သူနှင့်အတူ ရယ်မောဟန်ဆောင်နေသော်လည်း တကယ်တမ်းတွင်မူ ကျောပြင်တွင် ဆူးများ စိုက်နေသကဲ့သို့ ခံစားနေရလေသည်။ ဤကဲ့သို့သော နေရာမျိုးတွင် နေထိုင်ရသည်မှာ ဝိညာဉ်သားရဲ များ၏ ခိုးကြည့်ခြင်းကို အချိန်မရွေး ခံရနိုင်ပြီး အချိန်မရွေး ပြဿနာ တက်သွားနိုင်ပေသည်။
သူ ချက်ချင်း ထွက်သွားချင်သော်လည်း သူ ဘာကို မြင်လိုက်ရသနည်း။ အနည်းငယ် ဝေးသော နေရာရှိ ဈေးဆိုင် တစ်ဆိုင်တွင် စာအုပ်အပုံလိုက်ကြီးကို တင်ရောင်းနေသည် မဟုတ်လော။
သူသည် စာအုပ်များကို ချစ်မြတ်နိုးသူ တစ်ဦး ဖြစ်ရာ အကြည့်များကို ရုပ်သိမ်း၍ မရနိုင်သကဲ့သို့ ခြေလှမ်းများကိုလည်း ရွှေ့၍ မရတော့ဘဲ ရင်ထဲတွင် အလွန်တရာ ကြီးမားသော လွန်ဆွဲမှုများ ဖြစ်ပေါ်နေလေသည်။
"လုပ်လိုက်တော့မယ်"
ချင်မင်သည် ရောက်လာပြီးမှတော့ မထူးတော့ဘူးဟု တွေးလိုက်ပြီး သမိုင်းဝင် အငွေ့အသက်များ ပါရှိသော လျှို့ဝှက်ကျမ်းစာ အပုံလိုက်ကြီးကို တွေ့ပါလျက် သွားမကြည့်လျှင် နှစ်ပေါင်းများစွာ နောင်တရနေမည်မှာ သေချာလှပေသည်။
ထို့အပြင် သူသည် မိနစ်အနည်းငယ်လေးကိုပင် စောင့်ဆိုင်း၍ မရနိုင်တော့ဘူးလော။ ဒီနေရာရှိ သတ္တဝါများ အားလုံးမှာ ဝိညာဉ်သားရဲများသာ ဖြစ်ရာ အကယ်၍ တကယ်တမ်း ပြဿနာ တစ်ခုခု ဖြစ်လာလျှင်တောင် သားရဲသွေးများဖြင့် ရေချိုးပြီး သတ်ဖြတ် ထွက်ပြေးနိုင်ပေသည်။
ချင်မင်၏ ရင်ထဲတွင် အနည်းငယ် စိုးရိမ်နေသော်လည်း ဝိညာဉ်သားရဲ အချို့မှာလည်း ဖိအားများ ခံစားနေရလေသည်။ ကောင်းချီးပေးထားတဲ့နေရာ မှ အထက်တန်းလွှာ သမီးတော် ကိုယ်တိုင် လိုက်ပါလာသော သူ၏ နောက်ခံမှာ ရိုးရှင်းနိုင်ပါမည်လော။
အထူးသဖြင့် ခရမ်းရောင် လျှပ်စီး သားရဲက သူနှင့် အလွန် ရင်းနှီးစွာ သွားလာနေပြီး မျက်နှာထားမှာလည်း အလွန် လေးနက်နေသဖြင့် ဤလူသား အမျိုးသားမှာ နောက်ခံ အလွန် ကြီးမားကြောင်း ကြည့်လိုက်သည်နှင့် သိသာလှပေသည်။
ဝိညာဉ်သားရဲ အများအပြား သတိပြုမိသည်မှာ ခရမ်းရောင် လျှပ်စီး သားရဲ ၏ နောက်လိုက် နှစ်ကောင်ပင်လျှင် ထိုလူသား၏ ပခုံးပေါ်တွင် ရပ်နေကြပြီး အူကြောင်ကြောင် ရယ်မောနေကြကာ ထိုလူသားနှင့် ပတ်သက်မိသည်နှင့် ကောင်းကင်ဘုံသို့ ရောက်ရှိသွားမည့် လမ်းစကို ရရှိသွားသကဲ့သို့ သူတို့၏ သခင်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ငှက်ရုပ်တောင် မပေါက်တော့လောက်အောင် ရယ်မောနေကြလေသည်။
တကယ်တမ်းတွင် ထို ငှက်နှစ်ကောင်၏ ရင်ထဲတွင် အလွန်တရာ ခါးသီးနေကြလေသည်။ ဘယ်သူကများ ရယ်ချင်နေမှာလဲလို့….. သူတို့ အတင်းအကျပ် ရယ်ခိုင်းခံနေရခြင်း ဖြစ်လေသည်။ သူ၏ ပခုံးပေါ်တွင် ကပ်နေရသဖြင့် သေချာပေါက် ထွက်ပြေး၍ မရနိုင်သကဲ့သို့ အကယ်၍ ပူးပေါင်းမပါဝင်ပါက အသားပြား ဖြစ်သွားအောင် အရိုက်ခံရမည်မှာ သေချာလှပေသည်။
ထိုနေရာသို့ မဝင်ရောက်မီကပင် သူတို့၏ အတောင်ပံများပေါ်ရှိ သွေးများကို ပြောင်စင်အောင် ဆေးကြောခိုင်းခဲ့ပြီး ယခုအခါ အတောင်ပံများကို ခေါက်ထားသဖြင့် မည်သည့်အရာမျှ မမြင်ရတော့ချေ။
ချင်မင်သည် သမိုင်းဝင် အငွေ့အသက်များ အပြည့် ပါရှိသော စာအုပ် တစ်အုပ်ပြီး တစ်အုပ်ကို ကိုင်တွယ်ကြည့်ပြီးနောက် ကျပန်း စာမျက်နှာ အချို့ကို လှန်ကြည့်လိုက်လေသည်။
သူ အနည်းငယ် သံသယ ဝင်သွားမိ၏။ ဘာလို့ စိတ်ပိုင်းဆိုင်ရာ ပေါင်းစပ်မှု မဖြစ်ပေါ်တာလဲ။
မကြာမီမှာပင် ဒီအရာများ အားလုံးမှာ အကြီးအကျယ် လိမ်လည်မှု ဖြစ်ကြောင်း သူ သိရှိသွားလေသည်။
ချင်မင်သည် အူကြောင်ကြောင်နှင့် ရယ်မောနေသော ဝိညာဉ်သားရဲ ကို မော့ကြည့်လိုက်ပြီး တောင်နက်ကြီးထဲမှာတောင် ပြိုင်ဆိုင်မှုတွေက ဒီလောက် ပြင်းထန်နေပြီလား ဟု စိတ်ထဲမှ ညည်းတွားလိုက်မိလေသည်။ ဝက်ဝံ တစ်ကောင်နှင့် တူသော ထိုတောင်ဘီလူး မှာ လူကောင်း တစ်ယောက် မဟုတ်ဘဲ လူသားများကို လိမ်လည်ရန် ရည်ရွယ်ထားကြောင်း သေချာလှပေသည်။
"ဒါတွေ အကုန်လုံးက ငါ့ အဖေ ချန်ထားခဲ့တာ ငါလည်း ဘယ်လိုဟာလဲ သေချာ မသိဘူး ဒီစာလုံးတွေကို ငါမှ ဖတ်မတတ်တာ"
ဝိညာဉ်သားရဲက သွားဖြဲပြလိုက်ရာ သွေးစွန်းနေသော ပါးစပ်ကြီးမှ အနံ့အသက်များက အလွန် ပြင်းထန်လှပြီး တာဝန်ယူမှု အားလုံးကို ရှင်းလင်းစွာ ဖယ်ရှားလိုက်လေသည်။
ချင်မင်သည် သူနှင့် အချိန်ဖြုန်း မနေချင်တော့ချေ။ အချိန်က အလွန် ကပ်နေပြီး သူသည် အချိန်မရွေး ဝိညာဉ်သားရဲ အများအပြားနှင့် သွေးထွက်သံယို တိုက်ပွဲများ ဆင်နွှဲရနိုင်သဖြင့် ဒီနေရာတွင် အချိန်လုပြီး ရှာဖွေရမည် ဖြစ်ပေသည်။
သူသည် ရှေးဟောင်း ပစ္စည်းများကို ရှာဖွေကာ ရှားပါးသော အမွေအနှစ်များကို ရယူရန်သာ အာရုံစိုက်နေလေသည်။
ချင်မင်၏ ရင်ထဲတွင် မည်သည့် အပြစ်မကင်းစိတ်မျှ မရှိချေ။ လူသားများနှင့် ဝိညာဉ်သားရဲ များကြား ဆက်ဆံရေးမှာ အလွန် ရှုပ်ထွေးလှပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်သော အချိန်များ ရှိသကဲ့သို့ အချင်းချင်း လှည့်စား သတ်ဖြတ်သော အချိန်များလည်း ရှိကာ တောင်ကြီးထဲတွင် တွေ့ဆုံပါက အခွင့်အရေး ရသည်နှင့် အချင်းချင်း အမဲလိုက်လေ့ ရှိကြပေသည်။
အချို့သော စာအုပ်များ ဒီနေရာသို့ ရောက်ရှိလာခြင်း၏ နောက်ကွယ်တွင် သွေးထွက်သံယို ဇာတ်လမ်းများ သေချာပေါက် ရှိနေမည် ဖြစ်ပေသည်။
နောက်ဆုံးတွင် ချင်မင် နောက်ထပ် ရှာဖွေတွေ့ရှိမှု တစ်ခု ပြုလုပ်နိုင်ခဲ့ပြီး ၎င်းမှာ ခြေသိုင်း နှင့် ပတ်သက်သော လျှို့ဝှက်ကျမ်းစာ တစ်အုပ် ဖြစ်သဖြင့် သူ အလွန်တရာ ဝမ်းသာသွားလေသည်။ ဤအမျိုးအစား အမွေအနှစ်ကို သူ ပထမဆုံးအကြိမ် ရရှိခြင်း ဖြစ်ပေသည်။
ခရမ်းရောင် လျှပ်စီး သားရဲ မှာ နောက်ခံ ပုံရိပ် တစ်ခုအဖြစ် တစ်ချိန်လုံး လိုက်ပါနေရပြီး ဒီလူကြီးက သူ့ကို အားကိုးကာ အခြားသူများကို ခြိမ်းခြောက်ပြီး ဤနေရာတွင် အမြတ်ထုတ်နေခြင်းမှာ အလွန် ရွံရှာစရာ ကောင်းလှပေသည်။
"ဂါး ဂါး..."
အရောင်လေးရောင် ငှက် နှင့် ကျီးကန်းတို့မှာ ချင်မင် အသစ်တစ်ခုခု ရရှိသွားတိုင်း ပို၍ပင် အူကြောင်ကြောင် ရယ်မောကြလေသည်။
အဘယ်ကြောင့်ဆိုသော် သူတို့၏ သခင် ဖြစ်သူ၏ မျက်နှာထားမှာ သိပ်ပြီး လိုက်ဖက်မှု မရှိဘဲ အလွန်တရာ လေးနက်နေသောကြောင့် ဖြစ်ပေသည်။ သူတို့ နှစ်ကောင်မှာ ယခုအခါ သေရမည်ကို အလွန် ကြောက်ရွံ့နေကြပြီး အားနည်းချက်များ ထွက်ပေါ်လာမည်ကို စိုးရိမ်သဖြင့် ခရမ်းရောင် လျှပ်စီး သားရဲ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးကာ အခြေအနေများ ချက်ချင်း ပေါက်ကြားသွားမည်ကို မလိုလားကြသကဲ့သို့ ဒီလူကြီးက သူတို့ကို သတ်ဖြတ်ပြီး နှုတ်ပိတ်သွားမည်ကိုလည်း စိုးရိမ်နေကြလေသည်။
အစပိုင်းတွင် ချင်မင်သည် အလွန်တရာ စိုးရိမ်နေသဖြင့် လက်ဖဝါးများမှ ချွေးများပင် ထွက်လာလုနီးပါး ဖြစ်နေလေသည်။ အဘယ်ကြောင့်ဆိုသော် တောင်ဘီလူးများ ပိုမို များပြားလာပြီး သူ၏ဘက်သို့ အာရုံစိုက် ကြည့်ရှုလာကြသောကြောင့် ဖြစ်ပေသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ဤ ဝိညာဉ်သားရဲ အုပ်စုက အထင်လွဲမှုများကို ပိုမို ကြီးမားအောင် ဖန်တီးပေးနေကြောင်း သူ နားလည်သွားလေသည်။
အဘယ်ကြောင့်ဆိုသော် ထိုတောင်ဘီလူး များက သူ့ကို ကြည့်သော အကြည့်များမှာ အလွန်တရာ ထူးခြားနေကြောင်း သူ သတိပြုမိသွားသောကြောင့် ဖြစ်ပေသည်။
"ဒီလူကြီး က ငါတို့ သခင် ရဲ့ အချစ်ဆုံး သူငယ်ချင်း လေ"
အရောင်လေးရောင် ငှက် က အူကြောင်ကြောင် ရယ်မောနေရင်း ခိုင်မာစွာ ပြောလိုက်လေသည်။
ဝိညာဉ်သားရဲ အချို့က အထင်သေးစွာဖြင့် ကြည့်လိုက်ကြပြီး ထို ခိုးစားတတ်သော ငှက်က သခင်ပြောင်းပြီး ထိုလူသား အမျိုးသား၏ နောက်သို့ လိုက်သွားပြီဟု ထင်မှတ်လိုက်ကြလေသည်။
ချင်မင် ခြေလှမ်းများကို အရှိန်မြှင့်လိုက်လေသည်။ ဤကဲ့သို့ အခွင့်အရေးယူပြီး အမြတ်ထုတ်ရသည့် ခံစားချက်မှာ အလွန် ကောင်းမွန်လှပြီး ဆက်တိုက် လုပ်ဆောင်ရလေ ရင်ထဲတွင် ပိုမို ကျေနပ်လာလေ ဖြစ်ပေသည်။
"ဆိုင်ရှင် စောစောက အဝေးကနေ ကြည့်တော့ မင်းဆီမှာ စာအုပ် တစ်အုပ် ရှိတာ တွေ့လိုက်တယ် ဘယ်ရောက်သွားတာလဲ"
ချင်မင်သည် ထူးခြားသော ဈေးဆိုင် တစ်ဆိုင်ရှေ့တွင် ရပ်လိုက်ပြီး မေးလိုက်လေသည်။
ထိုနေရာမှာ သာမန် ဈေးဆိုင် မဟုတ်ဘဲ ငွေရောင် အလင်းများ လှုပ်ရှားနေသော သားရဲသားရေတဲကြီး တစ်လုံး ဖြစ်ပြီး ကြည့်လိုက်သည်နှင့် ထိုတောင်ဘီလူး မှာ ချမ်းသာကြွယ်ဝကာ ရောင်းချသော ပစ္စည်းများမှာ သာမန် မဟုတ်ကြောင်း သိသာလှပေသည်။
ထိုသူမှာ တောင်နက်ကြီးထဲမှ အပန်းဖြေရန် ထွက်လာသော နောက်ခံရှိသည့် ဝိညာဉ်သားရဲ မျိုးဆက်သစ် တစ်ဦး ဖြစ်ပြီး တစ်ခါတစ်ရံတွင် သူ၏ စိတ်ကြိုက် လူသားများနှင့် ထူးခြားသော ပစ္စည်းများကို လဲလှယ်လေ့ ရှိပေသည်။
"ငါတို့ လာတာကို မြင်တော့ မင်း တမင် ဖျောက်ထားလိုက်တာလား"
ချင်မင်က တိုက်ရိုက် ထောက်ပြလိုက်လေသည်။ မည်သို့ပင် ဖြစ်စေ ပြဿနာ တစ်ခုခု ရှိလာပါကလည်း အကျိုးဆက် အားလုံးမှာ ခရမ်းရောင် လျှပ်စီး သားရဲ အပေါ်သို့သာ ကျရောက်မည် ဖြစ်ပေသည်။
ထိုလူပုံစံ ဝိညာဉ်သားရဲ မှာ ငွေရောင် ဆံပင်ရှည်များကို ဖားလျားချထားပြီး ခေါင်းပေါ်တွင် ကျောက်စိမ်း ချို နှစ်ချောင်းက မျဉ်းတစ်ကြောင်းတည်းတွင် ရှိနေကာ အရှေ့တစ်ချောင်း၊ အနောက်တစ်ချောင်း၊ အတိုတစ်ချောင်း၊ အရှည်တစ်ချောင်း ဖြစ်နေပြီး မည်သို့ပင် ကြည့်စေကာမူ ကြံ့ချို နှင့် တူနေလေသည်။
ခရမ်းရောင် လျှပ်စီး သားရဲ က မျက်စောင်းထိုး ကြည့်လိုက်ပြီး အနည်းငယ် မကျေမနပ် ဖြစ်သွားလေသည်။ သူတို့ လာသည်ကို မြင်သောအခါ ဖုံးကွယ်ထားခြင်းမှာ သူခိုးကို ကာကွယ်နေခြင်းလော။
ဤကြံ့ဖြူ မှာ တောင်နက်ကြီးထဲရှိ သက်ဝင်လှုပ်ရှားနေသော ကျောက်စိမ်း ကြံ့ကြီး၏ မြေး ဖြစ်ကြောင်း သူ သိထားပြီး သူ၏ အပေါ်တွင် အမြင်မကြည်လင်မှုများ ရှိနေသည်လော။
ပိုင်ရှီးသည် ထိုအကြည့်များကို မြင်သောအခါ နဖူးမှ ချွေးများပင် ထွက်လာလေသည်။ သူသည် ဤဒေသရှိ အင်အားအကြီးဆုံး မိသားစုများထဲမှ တစ်ခုမှ ဆင်းသက်လာသူ ဖြစ်ပြီး နယ်မြေ တစ်ခုလုံးကို တုန်လှုပ်စေနိုင်သော ကြံ့အိုကြီး၏ မျိုးဆက် ဖြစ်သော်လည်း ကောင်းချီးပေးထားတဲ့ နေရာမှ ဆင်းသက်လာသော ထိုသူနှင့်တော့ နှိုင်းယှဉ်၍ မရနိုင်ချေ။
"ဒီမှာလေ စောစောက ဖုန်တက်နေတာ တွေ့လို့ သွားသုတ်နေတာ"
ပိုင်ရှီး က ပြုံးလျက် ငွေရောင် တဲကြီးထဲမှ ရွှေရောင် သားရဲသားရေ ဖြင့် ချုပ်လုပ်ထားသော စာအုပ် တစ်အုပ်ကို ထုတ်ယူလာလေသည်။
ချင်မင်သည် အနည်းငယ် မာနကြီးသော ဟန်ပန်ဖြင့် လက်ခံယူလိုက်ပြီး ဩဇာကြီးမားသော ပုံစံမျိုး ပြသလိုက်ရာ ဘေးပတ်ဝန်းကျင်ရှိ တောင်ဘီလူး အုပ်စုမှာ အနည်းငယ် ကြောက်ရွံ့သွားကြလေသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူသည် ပိုင်ရှီးကိုပင် ဖိအားပေးရဲသောကြောင့် ဖြစ်ပေသည်။
ယခုအခါ ချင်မင်သည် ဇာတ်ကောင် အစစ်အဖြစ် လုံးဝ ဝင်ရောက်သွားပြီ ဖြစ်ပြီး သူသည် နောက်ခံ ကြီးမားသော ခရမ်းရောင် လျှပ်စီး သားရဲ ၏ အချစ်ဆုံး သူငယ်ချင်း ဖြစ်ရာ ယခုအခါ ဟန်ပန်အချို့ ရှိမှသာ သင့်တော်မည် ဖြစ်ပေသည်။
သူသည် စိတ်ကို အပြည့်အဝ အာရုံစိုက်ကာ စာမျက်နှာ နှစ်မျက်နှာခန့်ကိုသာ လှန်ကြည့်လိုက်ပြီးနောက် ထိုစာအုပ်မှာ လုံးဝ မရိုးရှင်းကြောင်း သိရှိသွားလေသည်။ ကြံ့ ဝိညာဉ်သားရဲ က ချက်ချင်း သိမ်းဆည်းလိုက်သည်မှာ အံ့သြစရာ မဟုတ်တော့ဘဲ ထိုကဲ့သို့သော စာအုပ်မျိုးကို အလကား ပေးချင်မည် မဟုတ်သည်မှာ သေချာလှပေသည်။
"နေ့ရွှေဒင်္ဂါး ဘယ်လောက်လဲ"
ချင်မင်က တည်ငြိမ်စွာ မေးလိုက်၏။
"နေ့ရွှေဒင်္ဂါး တွေအကြောင်း ပြောရင် ရိုးအီသွားပြီပေါ့ ငါ ပိုင်ရှီး က အစ်ကိုကြီး လို သူငယ်ချင်းမျိုး ထားချင်လို့ အလကား ပေးလိုက်ပါမယ်"
ပိုင်ရှီးက အလွန် သဘောကောင်းစွာ ပြောလိုက်လေသည်။ သို့မဟုတ်လျှင်လည်း ထိုသူ့ကို ဈေးကြီးကြီးဖြင့် ရောင်း၍ ရမည် မဟုတ်သဖြင့် မိတ်ဆွေဖွဲ့လိုက်သည်ကမှ ပိုကောင်းဦးမည် ဖြစ်ပေသည်။
ချင်မင်က ပြောလိုက်၏။
"ငါက ကျိန့်မောက်ရုန်ပါ အားတဲ့အခါကျရင် တောင်နက်ကြီးထဲကို လာပြီး အစ်ကိုပိုင်ဆီ သေချာပေါက် လာလည်ပါ့မယ်"
ခရမ်းရောင် လျှပ်စီး သားရဲသည် မိမိ၏ မကျေနပ်သော အကြည့် တစ်ချက်က သွယ်ဝိုက်သော နည်းလမ်းဖြင့် ထိုလူကြီးကို ကူညီလိုက်သလို ဖြစ်သွားကြောင်း ယခုမှသာ သတိပြုမိလိုက်လေသည်။
တကယ်တမ်းတွင် ချင်မင်၏ ရင်ထဲတွင် အမှန်တကယ် ဖိအားများ ခံစားနေရလေပြီ။ ယနေ့ ဤကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံတွေ့ရပြီး ဤအဆင့်အထိ ရောက်လာပြီ ဖြစ်ရာ လှေကြီး လှည့်ရန် ခက်ခဲနေပြီ ဖြစ်သဖြင့် သူသည် နောက်ထပ် တစ်ခါ အတင်းအကျပ် အမြတ်ထုတ်ရဦးမည် ဖြစ်ပေသည်။
ဤအချိန်တွင် သူသည် နောက်ထပ် တဲ တစ်လုံး ရှိသော ဈေးဆိုင် တစ်ဆိုင်ရှေ့သို့ ရောက်ရှိသွားသော်လည်း ဝမ်းနည်းစရာမှာ ဤနေရာတွင် လျှို့ဝှက်ကျမ်းစာ မရှိချေ။
"ဆိုင်ရှင် ဝိညာဉ်စွမ်းအင် ပါတဲ့ ပစ္စည်း ရှိလား"
ချင်မင်က ပေါ့ပေါ့ပါးပါး မေးလိုက်လေသည်။
တဲထဲရှိ ပက်လက်ကုလားထိုင် ပေါ်တွင် နတ်မိုးမခပင်အလား သွယ်လျနူးညံ့သော ခန္ဓာကိုယ် ရှိပြီး အမည်းရောင် ဝတ်စုံကို ဝတ်ဆင်ကာ ဖြူဝင်းနေသော သခွားမွှေးသီး ပုံစံ မျက်နှာလေးမှာ အလွန်တရာ လှပသော မိန်းကလေး တစ်ဦးက ထိုစကားကို ကြားသောအခါ မျက်နှာထား အနည်းငယ် တောင့်တင်းသွားလေသည်။ ငါ့ဆီကိုတောင် အမြတ်ထုတ်ဖို့ ရောက်လာပြီလား။ လျှို့ဝှက်ကျမ်းစာ မရှိရင် ဘာမှ မဖြစ်ဘူးလို့ ထင်ထားတာ။
ထိုအခါမှသာ သူမ၏ ခန္ဓာကိုယ် အောက်ပိုင်းမှာ ခြေထောက်များ မဟုတ်ဘဲ အမည်းရောင် မြွေအမြီး တစ်ခု ဖြစ်နေကြောင်း ချင်မင် သတိပြုမိလိုက်လေသည်။
"ဘဝသစ်ရရှိခြင်း ခြောက်ကြိမ် ဒါမှမဟုတ် ခုနစ်ကြိမ် ဖြတ်သန်းနိုင်တဲ့ ဝိညာဉ်စွမ်းအင် ပါတဲ့ ပစ္စည်း မျိုး ရှိလား"
ချင်မင်သည် သူမမှာလည်း တောင်နက်ကြီးထဲမှ ဝိညာဉ်သားရဲ မျိုးဆက်သစ် တစ်ဦး ဖြစ်မည်ဟု ခန့်မှန်းမိလေသည်။
ဝူယီယီ သည် ထိုစကားကို ကြားသောအခါ သူ့ကို အမြီးဖြင့် တစ်ချက် ရိုက်ပစ်ချင်စိတ်များပင် ပေါက်သွားလေသည်။ဒါက တကယ်ကို ပါးစပ်ကြီး ဖွင့်ပြီး တောင်းဆိုနေခြင်း ဖြစ်ပြီး အရေးကြီးဆုံးမှာ မင်းက တကယ် ဝယ်ချင်နေတာ မဟုတ်ဘဲ အတင်းအကျပ် တောင်းဆိုချင်နေခြင်း ဖြစ်ပေသည်။
သူမက တည်ငြိမ်စွာ ခေါင်းခါပြလိုက်ပြီး ပြောလိုက်၏။
"မရှိဘူး အဆင့်ငါး ဝိညာဉ်စွမ်းအင် ပါတဲ့ ပစ္စည်း တစ်ခုပဲ ရှိတယ် အဲဒါကလည်း သူငယ်ချင်း တစ်ယောက်က ပြီးခဲ့တဲ့လက ကြိုမှာထားတာ မနက်ကပဲ လာယူသွားပြီ"
ချင်မင်မှာ အလွန်တရာ နှမြောသွားလေသည်။
"အဆင့်ငါး ဆိုရင်တော့ ထားလိုက်ပါတော့ အဆင့်မမီဘူး"
သူက တည်ငြိမ်စွာ ပြောလိုက်လေသည်။ သူ မရလိုက်သော်လည်း သူ၏ ဂုဏ်သိက္ခာကိုတော့ ကျဆင်းခံမည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ယခုအခါ သူသည် ခရမ်းရောင် လျှပ်စီး သားရဲ၏ အချစ်ဆုံး သူငယ်ချင်း ဖြစ်နေသောကြောင့် ဖြစ်ပေသည်။
"ဒါဆိုရင်တော့ မတတ်နိုင်ဘူး ငါ့ဆီမှာ အဆင့်နှစ် ဝိညာဉ်စွမ်းအင် ပါတဲ့ ပစ္စည်း ပဲ ကျန်တော့တယ်"
ဝူယီယီ က ပြုံးလျက် ပြောလိုက်လေသည်။
ချင်မင်က ယခင်အတိုင်း တည်ငြိမ်စွာဖြင့် ပြောလိုက်၏။
"အဆင့်နှစ် လည်း ထုတ်ပြပါဦး ငါ သတိရသွားပြီ လတ်တလော ငှက်လေးတချို့ကို လေ့ကျင့်ပေးဖို့ ရှိတယ် အသုံးဝင်လောက်တယ်"
ဝူယီယီ၏ မျက်နှာမှာ တောင့်တင်းသွားလေသည်။ ဒီရိုက်စားပေါက်ကြီးက အရမ်း ကြည့်ရဆိုးလွန်းမနေဘူးလား။
စောစောက မင်းရဲ့ ဂုဏ်သိက္ခာတွေ ဘယ်ရောက်သွားပြီလဲ။ ခရမ်းရောင် လျှပ်စီး သားရဲပင်လျှင် အလွန် ရှက်ရွံ့သွားမိပြီး သူ၏ ဘေးတွင် အတင်းအကျပ် လိုက်ပါနေရခြင်းမှာ အလွန် မျက်နှာပျက်စရာ ကောင်းလှပေသည်။
ချင်မင်သည် ဝိညာဉ်စွမ်းအင် ပါတဲ့ ပစ္စည်း တစ်ဘူးကို အရင်းဈေးဖြင့် ကျေနပ်စွာ ဝယ်ယူလိုက်လေသည်။ ခြင်လေး ဖြစ်နေရင်တောင် အသားပဲ မဟုတ်လား။ ဂုဏ်သိက္ခာ တွေ၊ မျက်နှာ တွေက သူ့အတွက် ဘာအရေးကြီးလို့လဲ။ အရာအားလုံးကို လေထဲသို့ လွင့်ပါသွားစေလိုက်မည် ဖြစ်ပြီး အကယ်၍ မုန်တိုင်း တစ်ခုခု ကျရောက်လာပါကလည်း ကျိန့်မောက်ရုန် နှင့် ခရမ်းရောင် လျှပ်စီး သားရဲ တို့ အပေါ်သို့သာ ကျရောက်သွားမည် ဖြစ်ပေသည်။
ယနေ့ သူသည် ခရမ်းရောင် လျှပ်စီး သားရဲ ကို အကြီးအကျယ် စော်ကားလိုက်ပြီ ဖြစ်ကြောင်း သိထားသဖြင့် ၎င်းကို နောက်ဆုံး အသုံးချပြီး အမြန် ထွက်ပြေးရမည် ဖြစ်ပေသည်။
"အခြေအနေ မကောင်းဘူး"
ချင်မင် အလွန် သတိထားလိုက်မိလေသည်။ တောင်ဘီလူး အချို့မှာ အလွန် အာရုံခံနိုင်စွမ်း ကောင်းကြောင်း သူ တွေ့ရှိလိုက်ရပြီး ဥပမာအားဖြင့် ထို မြွေမိန်းကလေး ဝူယီယီ၏ အကြည့်များမှာ ထူးဆန်းနေလေသည်။
"ဆိုင်ရှင် ရေစိုခံ ဆီစက္ကူ တစ်ထပ်လောက် ပေးပါ"
မထွက်ခွာမီတွင် ချင်မင်သည် အမြတ်ထုတ်လို၍ မဟုတ်ဘဲ ထိုစက္ကူမျိုးမှာ သူ့အတွက် အမှန်တကယ် အသုံးဝင်သောကြောင့် ဖြစ်ပေသည်။
ထိုတောင်ဘီလူး မှာ ကြောင်အမ်းသွားလေသည်။
ခရမ်းရောင် လျှပ်စီး သားရဲ က သူ တကယ် မွဲပြာကျနေပြီဟု ထင်မှတ်လိုက်လေသည်။ ဤကဲ့သို့သော ပစ္စည်းမျိုးကိုတောင် စတင် အမြတ်ထုတ်နေပြီ မဟုတ်လော။
"သွားမယ် တကယ်ကို ပျင်းစရာ ကောင်းတာပဲ ဒီနေရာမှာ ဘာရတနာ မှ မရှိဘူး"
ချင်မင်သည် ရင်ထဲမှ လိုအင်ဆန္ဒများကို ချုပ်တည်းလိုက်ပြီး ဆက်လက် လျှောက်လည်နေ၍ မဖြစ်တော့ချေ။
သူသည် ပြတ်သားစွာ အပြင်သို့ ထွက်လာခဲ့ပြီး ခရမ်းရောင် လျှပ်စီး သားရဲ နှင့် ငှက်နှစ်ကောင်ကိုပါ ခေါ်ဆောင်ကာ ညနှင်းမြူ ထဲရှိ မှောင်ခိုဈေး မှ ထွက်ခွာလာခဲ့လေသည်။
"သခင် ဒီလောက် မြန်မြန် ပြီးသွားပြီလား"
အရောင်လေးရောင် ငှက်က မေးလိုက်လေသည်။
"ရှေးစကား တစ်ခွန်း မကြားဖူးဘူးလား ရောင့်ရဲတင်းတိမ်တတ်ရင် ဂုဏ်သိက္ခာ မကျဆင်းဘူး ရပ်တန့်သင့်တဲ့ အချိန်မှာ ရပ်တန့်တတ်ရင် အန္တရာယ် မကြုံရဘူး အဲဒါမှ ရေရှည် ခံမှာလေ"
ချင်မင်သည် စကားပြောပြီးနောက် ခရမ်းရောင် လျှပ်စီး သားရဲ ၏ ကျောပေါ်သို့ ခုန်တက်လိုက်ပြီး တိုက်တွန်းလိုက်၏။
"မြန်မြန် သွား ငါ့ကို တစ်နေရာလောက် လိုက်ပို့ပေး"
ခရမ်းရောင် လျှပ်စီး သားရဲ မှာ ထိုနေရာတွင်ပင် ပေါက်ကွဲထွက်တော့မည် ဖြစ်ပေသည်။ သူ နောက်တစ်ကြိမ် စီးတော်သားရဲ ဖြစ်သွားပြန်ပြီလား။
"မြန်မြန်"
ချင်မင်က တိုက်တွန်းလိုက်ပြီး ပြဿနာ တစ်ခုခု ဖြစ်တော့မည်ဟု ခံစားလိုက်ရလေသည်။
တကယ်တမ်းတွင် သူသည် ခရမ်းရောင် လျှပ်စီး သားရဲ ၏ ကျောပေါ်တွင် စီးနင်းကာ တစ်မိုင်ခန့် ပြေးလွှားပြီးသည်နှင့် တောင်တောကြီးထဲတွင် အကြောင်းပြချက် မရှိဘဲ မြူခိုးများ ထူထပ်လာပြီး အလွန်တရာ မှောင်မိုက်ကာ အေးစက်နေလေသည်။
ချင်မင်သည် နွေဦး အစပိုင်း၏ သစ်ရွက်နုလေးများ၏ ရနံ့နှင့် ရောနှောနေသော လေကို ရှူရှိုက်လိုက်ပြီးနောက် မည်သည့် သတ္တဝါမျိုးနှင့် ကြုံတွေ့နေရသနည်းဟု တွေးမိလိုက်လေသည်။ လျှို့ဝှက်နယ်မြေမှ လူများ၏ နည်းလမ်းများနှင့် အနည်းငယ် တူနေသကဲ့သို့ ဖြစ်နေလေသည်။
အဖြူရောင် ဇီးကွက် တစ်ကောင်က သစ်ပင်ကြီး တစ်ပင်ပေါ်တွင် ရပ်နေပြီး အလွန်တရာ စိုးရိမ်ပူပန်နေလေသည်။ သူတို့ ကဲ့သို့သော မျိုးနွယ်များမှာ ညနေစောင်းတွင် အိပ်စက်ကာ ညနက်ပိုင်းတွင် လှုပ်ရှားလေ့ ရှိပြီး သူသည် သခင် ဖြစ်သူ ရေပူစမ်း စိမ်နေစဉ်အတွင်း ခဏတာ တစ်ရေးအိပ်ရန် သွားရောက်ခဲ့စဉ် ထိုကဲ့သို့သော ပြဿနာမျိုး ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပေသည်။
အကယ်၍ အစောင့်အရှောက် ဖြစ်သူ ဆင်အိုကြီးသာ တောင်တန်းကြီးထဲမှ အရက်သောက်ကာ ပြန်လာပြီး ဒီကိစ္စကို သိရှိသွားပါက တာဝန်အားလုံးကို သူ၏ အပေါ်သို့ ပုံချမည်မှာ သေချာလှပေသည်။
ဇီးကွက်၏ မျက်လုံးများတွင် အလင်းရောင်များ လှုပ်ရှားနေပြီး ပါးစပ်မှ မြူခိုးများကို မှုတ်ထုတ်ကာ တောင်တောကြီးထဲရှိ ထိုနေရာသို့ ဖိသိပ်သွားစေပြီး အလွန် ရဲတင်းသော ထိုလူသားကို အမြန်ဆုံး ဖမ်းဆီးရန် ကြိုးစားနေလေသည်။
ချင်မင်သည် နေရာအနှံ့မှ တောင်ကြီးများက ဖိသိပ်လာပြီး အသက်ရှူကျပ်တော့မည့်အလား ခံစားလိုက်ရကာ လျှို့ဝှက်နယ်မြေမှ လူများနှင့် ကြုံတွေ့နေရကြောင်း သိရှိလိုက်ရလေသည်။
ငှက်နှစ်ကောင်မှာ မျက်လုံးများ ပြူးကျယ်လာပြီး သတိလစ် မေ့မြောသွားကြလေပြီ။
ချင်မင်သည်လည်း သူတို့ကို အခက်မတွေ့စေတော့ဘဲ ချည်နှောင်ထားမှုများကို ဖြည်ပေးကာ မြေပြင်ပေါ်သို့ ပစ်ချပြီး လွှတ်ပေးလိုက်လေသည်။
သူ ခေါင်းငုံ့ကြည့်လိုက်ရာ ခရမ်းရောင် လျှပ်စီး သားရဲမှာ အနည်းငယ်မျှ ထိခိုက်မှု မရှိဘဲ အမည်းရောင် မြူခိုးများက သူ၏ ခန္ဓာကိုယ်ဆီသို့သာ ရူးသွပ်စွာ စီးဆင်းလာနေကြောင်း တွေ့ရှိလိုက်ရလေသည်။
ဖြန်းခနဲ အသံတစ်ခု ထွက်ပေါ်လာပြီး သူသည် ခရမ်းရောင် လျှပ်စီး သားရဲ၏ ကျောပြင်ကို တစ်ချက် ရိုက်ချလိုက်လေသည်။
"ဆက်ပြီး မရပ်ဘူးဆိုရင် သူ့ကို ငါ သတ်ပစ်မယ်"
ချင်မင်က ခြိမ်းခြောက်လိုက်ပြီး ဓားကို ရက်စက်စွာ ဆွဲထုတ်လိုက်လေသည်။
အမှောင်ထဲရှိ လျှို့ဝှက်နယ်မြေမှ လူမှာ ခြိမ်းခြောက်မှုကို ဂရုမစိုက်ပုံရပြီး အမည်းရောင် မြူခိုးများကို ဆက်လက် တွန်းအားပေးကာ အမည်းရောင် တောင်တန်းကြီး တစ်ခုအဖြစ် ဖန်တီးပြီး သူ၏ သွေးသား ခန္ဓာကိုယ်ပေါ်သို့ ဖိချလိုက်လေသည်။
ချင်မင်၏ အရိုးများမှာ တကျွတ်ကျွတ် မြည်လာပြီး ကြီးမားလှသော ဖိအားကို ခံစားလိုက်ရလေသည်။
သူ၏ တစ်ကိုယ်လုံးတွင် ကောင်းကင်အလင်း များ ပေါက်ကွဲထွက်လာပြီး တောက်ပသော အလင်းရောင်များက ညအမှောင်ထုကို ဆုတ်ဖြဲပစ်လိုက်လေသည်။ မူလက သူသည် ကျောက်စိမ်းဖြူ သံမဏိဓား ကို ဝှေ့ယမ်းရန် ရည်ရွယ်ခဲ့သော်လည်း ယခုအခါ ပေါင်းစပ်ထားသော ကောင်းကင်အလင်း စွမ်းအားများက အမည်းရောင် မြူခိုးများကို လူစုခွဲပစ်နိုင်ကြောင်း တွေ့ရှိလိုက်ရသဖြင့် သူသည် အစွမ်းကုန် အင်အားဖြင့် လက်ဝါး တစ်ချက် ရိုက်ထုတ်လိုက်လေသည်။
ထိုနယ်မြေ တစ်ခုလုံးတွင် ကြီးမားသော မိုးကြိုး တစ်ချက် ပစ်ချလိုက်သကဲ့သို့ ဖြစ်သွားလေသည်။
အမည်းရောင် မြူခိုးများမှာ သူ၏ လက်ဝါးချက်ကြောင့် ကြောက်မက်ဖွယ် လှိုင်းလုံးကြီးများအလား ဆူပွက်လာပြီး ပြင်းထန်သော ရိုက်ခတ်မှုများကြောင့် သစ်ပင် အများအပြားပင် ကျိုးကျသွားလေသည်။
ချင်မင်သည် ထိရောက်မှု ရှိကြောင်း တွေ့ရှိလိုက်ရသောအခါ ဆက်တိုက် လက်ဝါး ရိုက်ထုတ်ကာ သူ၏ အနီးနားရှိ အမည်းရောင် တောင်ကြီး တစ်လုံးပြီး တစ်လုံးကို ပေါက်ကွဲထွက်သွားစေခဲ့လေသည်။
ယခင်က သူသည် မြူခိုးများအဖြစ် ပြောင်းလဲနိုင်သော လူငယ် တစ်ဦးနှင့် ကြုံတွေ့ခဲ့စဉ်က သူ၏ ကောင်းကင်အလင်း စွမ်းအား မှာ မည်သည့် သတ်ဖြတ်နိုင်စွမ်းမျှ မရှိဘဲ ကျောက်စိမ်းဖြူ သံမဏိဓား ၏ မထင်မှတ်ထားသော အချိန်တွင် ချောင်းမြောင်း တိုက်ခိုက်မှုကိုသာ အားကိုးပြီး ထိုဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့ရခြင်း ဖြစ်ပေသည်။
သူ စွမ်းအား အမျိုးမျိုးကို ပေါင်းစပ်လိုက်ပြီးနောက်တွင် အပြည့်အဝ ထုတ်လွှတ်လိုက်သော ကောင်းကင်အလင်း စွမ်းအား မှာ လျှို့ဝှက်နယ်မြေမှ လူများ၏ နည်းလမ်း အချို့ကိုပင် တန်ပြန် နိုင်နေပြီ ဖြစ်ပေသည်။
အမည်းရောင် မြူခိုးများ ပြန့်ကျဲသွားသောအခါ မျက်နှာချင်းဆိုင်ရှိ ရှေးဟောင်း သစ်ပင်ကြီးပေါ်တွင် အဖြူရောင် ဇီးကွက် ၏ ပုံရိပ် ထွက်ပေါ်လာလေသည်။
သူ အလွန်တရာ အံ့သြသွားပြီး ပြောလိုက်၏။
"ဒါက ဘယ်မိသားစုက ကောင်းကင်အလင်း စွမ်းအား လဲ ဒီလောက်တောင် ကြမ်းတမ်းရတာလား"
"ငါ့ကို သွားခွင့်ပြုလိုက်"
ချင်မင်သည် ဓားကို ခရမ်းရောင် လျှပ်စီး သားရဲ၏ လည်ပင်းပေါ်တွင် တင်ထားလိုက်လေသည်။
"ကောင်းပြီ မင်း သူ့ကို မထိခိုက်စေသရွေ့ ရတယ်"
အဖြူရောင် ဇီးကွက်မှာ အလွန် ပွင့်လင်းပြီး ထိုသူကို ချက်ချင်း ဖမ်းဆီးရန် မကြိုးစားတော့ဘဲ အန္တရာယ် မခံရဲတော့ချေ။
ခဏအကြာတွင် ချင်မင်သည် နှစ်မိုင်ခန့်သာ ကွာဝေးသော မီးခိုးမြူ ဂူ သို့ ရောက်ရှိသွားလေသည်။ လွန်ခဲ့သော ရက်အနည်းငယ်က သူ၊ ရွှီရှန်း နှင့် ဖိန်ဖန်း တို့ ဤနေရာသို့ ဝိညာဉ်ငါးရှဉ့် လာရောက် မျှားစဉ်က ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းနေသော မီးလင်းနို့ များ၏ 'ဝိုင်းဝန်း တိုက်ခိုက်ခြင်း' ကို ခံခဲ့ရလေသည်။
သူ ဤနေရာတွင် ရပ်လိုက်ပြီး ခရမ်းရောင် လျှပ်စီး သားရဲ ကို ပုတ်ကာ ပြောလိုက်၏။
"ရှေးစကား ရှိတယ်လေ ခရီးဝေး လိုက်ပို့ပေးလည်း နောက်ဆုံးတော့ ခွဲခွာရတာပါပဲ မင်း ပြန်တော့လေ"
ခရမ်းရောင် လျှပ်စီး သားရဲ မှာ သွားများကို ကြိတ်ထားပြီး အလွန်တရာ စိတ်ဆင်းရဲနေကာ မျက်လုံးများမှ မီးတောက်များပင် ထွက်ပေါ်လာတော့မည့်အလား ဖြစ်နေလေသည်။
ချင်မင်က သံသယ ဝင်စွာဖြင့် မေးလိုက်၏။
"ငါ မင်းကို ဘာလို့ ရင်းနှီးနေသလို ခံစားရတာလဲ မသိဘူး ဒီ သွားဖြဲပြပြီး မျက်စောင်းထိုးနေတဲ့ ပုံစံက အရင်က ခရမ်းရောင် လျှပ်စီး သားရဲ နဲ့ တစ်ပုံစံတည်းပဲ မင်းတို့က တစ်ကောင်တည်းများ ဖြစ်နေမလား အမည်းနှင့် အဖြူတောင်ကနေ ငါ့နောက်ကို ဒီအထိ လိုက်လာတာလား"
"မင်း ထွက်သွားစမ်း"
ခရမ်းရောင် လျှပ်စီး သားရဲ မှာ ပေါက်ကွဲထွက်သွားပြီး လုံးဝ သည်းမခံနိုင်တော့ဘဲ လူစကားပင် ပြောထွက်လာလေတော့သည်။
"မင်း လူစကားတောင် ပြောတတ်နေတာလား"
ချင်မင် အလွန်တရာ အံ့သြသွားပြီး မီးခိုးမြူ ဂူ ထဲမှနေ၍ တစ်ချက် ရိုက်ထုတ်လိုက်ကာ ထို့နောက် ဤနေရာကို အမြန် ပေါက်ကွဲစေပြီး ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းနေသော မီးလင်းနို့ များကို ဆွဲဆောင်လိုက်လေသည်။
သူ ခေါင်းလှည့်ကာ အမြန် ပြေးလွှားပြီး ထိုရေအေးကန်ဆီသို့ ဦးတည်သွားလေသည်။ လမ်းခုလပ်တွင် ရေစိုခံ ဆီစက္ကူဖြင့် ရှေးဟောင်းစာအုပ် အချို့ကို သေချာ ထုပ်ပိုးလိုက်ပြီးနောက် အေးစက်နေသော ရေထဲသို့ ဒိုင်ဗင်ထိုးချလိုက်လေသည်။
ချင်မင်သည် မိုင်နှစ်ဆယ်ကျော် ဝေးသော ရေကန် တစ်ခုတွင် ခေါင်းထွက်လာပြီး ယခုအခါ သူသည် မုတ်ဆိတ်မွေးများကို ဆွဲခွာထားပြီး ကျယ်ဝန်းသော အဝတ်အစားများကို ချွတ်ချထားကာ ခန္ဓာကိုယ်မှာလည်း ဝဝဖိုင့်ဖိုင့် မဟုတ်တော့ဘဲ ပိန်သွားခဲ့လေပြီ။
သူ၏ အတွင်းတွင် ပွယောင်းသော အဝတ်အစား တစ်စုံကို ဝတ်ဆင်ထားဆဲ ဖြစ်ပြီး ယခုအခါ ကောင်းကင်အလင်း ဖြင့် အခြောက်ခံလိုက်ရာ ချက်ချင်းပင် အင်္ကျီလက်များ လွင့်ခါလာပြီး ရုပ်ရည် ချောမောသော လူငယ်လေး တစ်ဦးအဖြစ် ပြန်လည် ပြောင်းလဲသွားလေသည်။
ချင်မင် အလျင်စလို ပြန်မသွားသေးဘဲ တောင်ထဲတွင် အမဲလိုက်နေပြီး နောက်ဆုံးတွင် အချိန်ကျလာသောအခါ တောင်တောထဲမှ လူများ အဆက်မပြတ် ထွက်ပေါ်လာသည်ကို မြင်သောအခါ သူလည်း အိမ်ပြန်လမ်းသို့ စတင် လျှောက်လှမ်းလိုက်လေသည်။
"ဟို မုတ်ဆိတ်မွေး နဲ့ လူဝကြီး မင်း ဒီကို လာစမ်း"
"ဟို အမွေးမရှိတဲ့ လူဝကြီး မင်းလည်း အရင် ရပ်လိုက်ဦး မင်းက အခုလေးတင် မုတ်ဆိတ်မွေး တွေကို ရိတ်ပစ်လိုက်တာ မလား"
ချိရှမြို့ သို့ သွားရာ မရှိမဖြစ် ဖြတ်သန်းရမည့် လမ်းဆုံတွင် ခန္ဓာကိုယ် ဝဝဖိုင့်ဖိုင့် ရှိသူများမှာ စကားလုံးများဖြင့် ပြင်းထန်စွာ စော်ကားခံနေရပြီး ငှက်အုပ်စု တစ်စုနှင့် ကြောက်မက်ဖွယ် ကောင်းသော တောင်ဘီလူးတို့က လူဝကြီး ဟု အဆက်မပြတ် အော်ခေါ်ကာ လမ်းပိတ်ပြီး မေးခွန်းထုတ်နေကြလေသည်။
ချင်မင်၏ ဝတ်ရုံများမှာ လေထဲတွင် တဖျပ်ဖျပ် မြည်နေပြီး အမည်းရောင် ဆံပင်ရှည်များက နွေဦး လေပြင်းများကြောင့် လွင့်ခါနေကာ ကြည်လင်သော မျက်နှာထားပေါ်တွင် သန့်စင်သော မျက်လုံးများ ရှိနေပြီး လောကီအညစ်အကြေးများနှင့် လုံးဝ ကင်းစင်နေကာ ယဉ်ကျေးပျူငှာသော ဟန်ပန်ဖြင့် မြို့ထဲသို့ ဝင်ရောက်သွားလေတော့သည်။
***