ရှေးဦးခရမ်းချီ။
ဒဏ္ဍာရီအရ ၎င်းမှာ ကမ္ဘာဦး အစတွင် အမတနယ်မြေ၌ ပထမဦးဆုံး ပေါ်ပေါက်လာခဲ့သော ရှေးဦးချီ ဖြစ်သည်ဟု ဆိုကြသည်။
ရှေးဦးချီ ဆိုသည်မှာ လောကကြီးထဲတွင် အစင်ကြယ်ဆုံးသော နိယာမစွမ်းအားများ ဖြစ်ကြပြီး၊ အမတနယ်မြေတွင် ပထမဆုံး ပေါ်ပေါက်လာသည့် ချီစွမ်းအင်ဖြစ်သည်ကို ထည့်ပြောနေစရာပင် မလိုတော့ချေ။
ယင်း၌ ပါဝင်သော စွမ်းအားသည် ကမ္ဘာလောကကို ဖန်တီးနိုင်သလို၊ အရာအားလုံးကိုလည်း မူလအစသို့ ပြန်လည် ပို့ဆောင်ပေးနိုင်သည်ဟု ဆိုကြသည်။
ဝုန်းးး!
တစ်ချိန်တည်းမှာပင် ပီယွီ့ကောင်းကင်အရှင်၏ ဦးခေါင်းထက်ရှိ ရွှေခရမ်းရောင် ဝဲဂယက်ကြီးသည် သက်ဝင်လှုပ်ရှားလာပြီး လျင်မြန်စွာဖြင့် ကျယ်ပြန့်လာသည်။
မျက်စိတမှိတ်အတွင်းမှာပင် ၊ ၎င်းသည် ကြီးမားသော 'ရှေးဦးနယ်ပယ်' အဖြစ် ပြောင်းလဲသွားခဲ့သည်။
ရှေးဦးစွမ်းအင်များသည် အောက်သို့ ကျဆင်းလာပြီး ၊ သူတို့နှစ်ဦးကို လုံးဝ ချုပ်နှောင်တော့မည့် အချိန်တွင်...
သူတို့ နှစ်ဦးသည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး နားလည်မှုဖြင့် ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့သည်။
သူတို့၏ ဓမ္မကိုယ်ပွားများသည် အားကုန်ခန်းနေပြီ ဖြစ်ကြောင်း သူတို့ သိသည်။ အကယ်၍ ပီယွီ့ကောင်းကင်အရှင်၏ နှိမ်နင်းခြင်းကို ခံလိုက်ရပါက၊ သူမသည် ဤအရာကို အသုံးချ၍ အချိန်မြစ်အတွင်း ပုန်းအောင်းနေသော သူတို့၏ ခန္ဓာကိုယ်အစစ်များကို ရှာတွေ့သွားပေလိမ့်မည်။ ထိုအတိုင်းသာဆိုလျှင်ဖြင့် အရာအားလုံး ပြီးဆုံးသွားပေတော့မည်။
"စီနီယာနဲ့ ကွေးယွမ်အမတဂိုဏ်းက ငါတို့ကို ဒီလောက်အထိ သေတွင်းထဲ ပို့ချင်နေမှတော့... ငါတို့လည်း အသေအကြေ တိုက်ကြတာပေါ့!!"
ထိုစကားသံအဆုံးတွင် သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ ရောင်ဝါသည် အရှိန်အဟုန်ဖြင့် မြင့်တက်လာကာ ၊ အမတဧကရာဇ် နယ်ပယ်အဆင့်၏ ကန့်သတ်ချက်ကိုပင် ဖောက်ထွက်တော့မည့်အလား ထင်မှတ်ရသည်။
"ဟွန့်!"
ပီယွီ့ကောင်းကင်အရှင်သည် သူတို့နှစ်ဦး၏ ရည်ရွယ်ချက်ကို ရိပ်မိပုံရကာ အချိန်မြစ်အတွင်းရှိ ဖုံးလွှမ်းနေသော ရှေးဦးခရမ်းချီများသည် ပို၍ ကြမ်းတမ်းလာပြီး သူတို့နှစ်ဦးကို နှိပ်ကွပ်ရန် ကြိုးစားလာခဲ့သည်။
သို့သော် ၎င်းတို့နှစ်ဦးသည် စိတ်ဆုံးဖြတ်ထားပြီး ဖြစ်ရာ ပီယွီ့ကောင်းကင်အရှင်ကို အခွင့်အရေး ပေးမည် မဟုတ်ချေ။
ဝုန်းးးးး!
သူတို့နှစ်ဦး၏ ခန္ဓာကိုယ်သည် တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်လာပြီး ၊ အမတစွမ်းအင် လှိုင်းလုံးကြီးများသည် သူတို့နှစ်ဦးကို ဗဟိုပြုကာ အရပ်ရှစ်မျက်နှာတစ်ခွင် သို့ လွင့်စဉ်ရိုက်ခတ်သွားသည်။
၎င်းသည် အမတဧကရာဇ် အဆင့်ရှိသော ဓမ္မကိုယ်ပွား နှစ်ခု၏ ဖောက်ခွဲစွမ်းအား ဖြစ်ပေရာ အထင်သေး၍ မဖြစ်ချေ။
ဤအဆုံးစွန်သော အဖျက် စွမ်းအားအောက်တွင် အချိန်မြစ်သည်ပင် ကြီးမားသော လှိုင်းလုံးကြီးများဖြင့် ရိုက်ခတ်လှုပ်ရှားလာပြီး ၊ မရပ်မနား မြည်ဟည်းတုန်လှုပ်နေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသော ပီယွီ့ကောင်းကင်အရှင်သည် အနည်းငယ် မျက်မှောင်ကြုတ်မိလိုက်သော်လည်း ၊ သို့သော် သူမ၏ တုံ့ပြန်မှုသည် အလွန် မြန်ဆန်လွန်းသည်။
ထိုအမတဧကရာဇ် အဆင့်ရှိ ဓမ္မကိုယ်ပွားများ ပေါက်ကွဲတော့မည့် အခိုက်အတန့်မှာပင် ၊
သူမ၏ လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ၊ ပျံ့နှံ့နေသော ရှေးဦးခရမ်းချီများသည် အလျင်အမြန် ပြန်လည် ပေါင်းစည်းသွားပြီး သူမ၏ ရှေ့တွင် ခရမ်းရောင် အလင်း အကာအရံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဝုန်း !
ထို့နောက် ပေါက်ကွဲထွက်လာသော အဖျက်လှိုင်းတံပိုးများသည် ခရမ်းရောင် အလင်း အကာအရံကို ပြင်းထန်စွာ ထိမှန်သွားလေရာ ၊ အလွန် အံ့ဩဖွယ်ရာ ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဤအဆုံးစွန်သော အဖျက်စွမ်းအားအောက်တွင် အချိန်မြစ်သည်ပင် ဖရိုဖရဲဖြစ်ကာ ပုံပျက်သွားသော်လည်း ၊ ထိုခရမ်းရောင် အလင်းအကာအရံသည် အနည်းငယ်မျှပင် ထိခိုက်မသွားချေ။
၎င်းသည် ရှေးဦးခရမ်းချီ၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသကဲ့သို့ တိတ်ဆိတ်ငြိမ်သက်ခြင်း အဖြစ်သို့ ကျရောက်သွားခဲ့လေသည်။
............
အချိန်အနည်းငယ် ကြာပြီးနောက်...
အချိန်မြစ်ကိုပင် လှုပ်ခါသွားစေခဲ့သော လှိုင်းတံပိုးများသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
နိယာမ လှိုင်းတံပိုးများ မှာ အချိန်မြစ်ထက်တွင် ပျံ့နှံ့နေဆဲ ဖြစ်သော်လည်း၊ သို့သော် အချိန်မြစ်သည် တဖြည်းဖြည်း တိတ်ဆိတ်ငြိမ်သက်သွားဟန် ရသည်။
ဟင်းလင်းပြင်အတွင်း ပျံလွင့်နေသော အချိန်နှင့် အာကာသ အပိုင်းအစများသာ ကျန်ရှိတော့ပြီး၊ ဤနေရာတစ်ခုလုံးသည် တုန်လှုပ်ချောက်ချားဖို့ ကောင်းသည့် ခံစားချက်မျိုးကိုသာ ပေးစွမ်းနေလေ၏။
"ပီယွီ့... မင်း ဘာလို့ ဒီလောက်အထိ ဆူဆူညံညံ ဖြစ်အောင် လုပ်လိုက်ရတာလဲ”
ထိုအချိန်တွင် ၊ နတ်အလင်းတန်းတစ်ခုက မဟာလမ်းစဉ် အာကာသကို ထိုးဖောက်ကာ အချိန်မြစ်ထက်သို့ ကျရောက်လာသည်။ ရိုက်ခတ်လှုပ်ရှားနေသော မှော်သင်္ကေတများကြား ၊ ထိုအလင်းတန်းများသည် မှုန်ဝါးဝါးအသွင်ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
၎င်းမှာ ကွေးယွမ်အမတဂိုဏ်း၏ တုံထျန်းအဝေးဘိုးဘေး ပင် ဖြစ်သည်။
"အဘိုးကြီး... ကျွန်မကို အရင်တုန်းက ကောင်းကင်အရှင်လို့ မှတ်ယူနေတုန်းပဲလား “
ပီယွီ့ကောင်းကင်အရှင်သည် စိတ်မရှည်သော လေသံဖြင့် ပြောဆိုလိုက်သည်။
"ဒီနှစ်ကောင်က အသေခံပြီး ဖောက်ခွဲဖို့ လုပ်နေတာကို လက်ရှိ ငါ့ရဲ့ အခြေအနေနဲ့ ဘယ်လိုလုပ် တားနိုင်မှာလဲ”
အမှန်အားဖြင့် သူမ၏ စိတ်ထဲတွင်လည်း အနည်းငယ် အောင့်သက်သက် ဖြစ်နေသည်။
အကယ်၍ သူမ၏ အဆင့်အတန်းမှာ အမတဧကရာဇ် အထက်မှ ကျဆင်းမသွားခဲ့ပါက ၊ ဤသကောင့်သားများ၏ ဓမ္မကိုယ်ပွားများကိုပင် မဆိုနှင့်။
သူတို့၏ ခန္ဓာကိုယ်အစစ်ဖြင့် ရောက်ချလာမည်ဆိုတောင် ၊ သူမအနေဖြင့် လက်ချောင်း တစ်ချက် လှုပ်ရုံမျှဖြင့် အလွယ်တကူ နှိမ်နင်းနိုင်ပေလိမ့်မည်။
"ဒါပေမဲ့ ခုနက တိုက်ပွဲကနေ ဖြစ်ပေါ်လာတဲ့ ရိုက်ခတ်မှုက အရမ်းကြီးသွားတယ်”
"အမတနယ်မြေက လူတော်တော်များများ ဒါကို သတိထားမိသွားကြမှာပဲ”
"အကယ်၍ ရှင်တို့က ဒီအင်အားစုကြီး နှစ်ခုအပေါ် အမတစစ်ပွဲ ဆင်နွှဲမယ်ဆိုရင်၊ အဲဒီအဘိုးကြီးတွေက ဒီကိစ္စကို အကြောင်းပြပြီး စကားနာထိုးကြလိမ့်မယ်”
ပီယွီ့ကောင်းကင်အရှင်က ပြုံးလျက် ပြောလိုက်သည်။
"အမတနယ်မြေက အဲ့ဒီအဘိုးကြီးတွေ လူကို ပုပ်ခတ်ဖို့နဲ့ အပြစ်ပုံချတဲ့ နေရာမှာ အတော်ဆုံးပဲ မဟုတ်လား”
ဥပမာအားဖြင့် အစောပိုင်းက အမတဧကရာဇ် နှစ်ပါး ပြောသွားသကဲ့သို့ပင် ၊ အမှောင်ထုသည် ပြန်လည် နိုးထလာတော့မည်။
ဒုတိယအကြိမ်မြောက် အဆုံးမဲ့ကပ်ဘေးသည်လည်း ကျရောက်လာပေတော့မည်။
ယခုအချိန်တွင် အမတစစ်ပွဲ ဆင်နွှဲကာ သူတို့ကို အမြစ်ပြတ် သုတ်သင်ခြင်းသည် အမတနယ်မြေ၏ အင်အားကို လျှော့ချလိုက်ခြင်း ဖြစ်သည်ဟု ဆိုကြပေလိမ့်မည်။
သူတို့သည် ဤအချက်ကို အသုံးချကာ ပုံကြီးချဲ့လိုက်မည်ဆိုပါက ၊
ကွေးယွမ်အမတဂိုဏ်းနှင့် မတည့်သော အင်အားစုများက ဤအခွင့်အရေးကို အသုံးချကာ ပြဿနာ ရှာလာနိုင်သည် မဟုတ်လော။
…….
"ဟားဟား...."
"ပီယွီ့... မင်းလည်း သိတာပဲ… အဲဒီအဘိုးကြီးတွေက ငါတို့ ကွေးယွမ်အမတဂိုဏ်းကို မျက်စိစပါးမွှေးစူးနေကြတာ ကြာပြီဆိုတာ…”
တုံထျန်း အဝေးဘိုးဘေး က အေးအေးလူလူ ပြန်ပြောလိုက်သည်။
" ဒီကိစ္စမရှိလည်း သူတို့က ပြဿနာရှာဖို့ အခွင့်အရေး ရှာနေကြဦးမှာပဲ”
သူတို့၏ ကွေးယွမ်အမတဂိုဏ်းသည် အင်အားကြီးမားပြီး ၊ ယခုအခါ တားမြစ်စူးမိသားစု၊ သံသရာစက်ဝန်း အမတမင်းဆက်တို့နှင့် တစ်လှေတည်း စီးနေသော်လည်း ၊
သို့သော် အမတနယ်မြေရှိ အခြားသော ထိပ်တန်းအင်အားစုများက သူတို့၏ လုပ်သမျှကိစ္စတိုင်းကို ငြိမ်ခံနေမည်ဟု မဆိုလိုပေ။
အမတနယ်မြေတွင် မရေမတွက်နိုင်သော ခေတ်ကာလများစွာ အသက်ရှင်နေထိုင်ခဲ့ကြသည့် လူအိုကြီးများ ရှိကြပြီး ၊ ကမ္ဘာဦးအစကတည်းက ယနေ့ထိတိုင် အသက်ရှင်နေသည့် ခေတ်ဟောင်း လူ့ဘီလူးကြီးများပင် ရှိသေးသည်။
ထိုသူများ၏ အတွေးအခေါ်များသည် အလွန်ပင် စေ့စပ်သေချာသည်။
သူတို့သည် လောကကြီး၏ တည်ငြိမ်မှုကို ဟန်ချက်မပျက်စေရန်ဟူသော အကြောင်းပြချက်ဖြင့် လောကရှိ အရာအားလုံးကို ငြိမ်းချမ်းစွာဖြင့် ဖွံ့ဖြိုးတိုးတက်လာစေရန် လုပ်ဆောင်သည်ဟု ဆိုကြသည်။
***