လုချန်က စားပွဲတွင် ထိုင်နေစဉ် သစ်ပင်မိစ္ဆာ၏ လက်ဆော့ခြေဆော့ အပြုအမူလေးများကို သဘာဝကျစွာပင် သတိမထားမိဘဲ သံသယများ ပြည့်နှက်နေသည့် မျက်နှာဖြင့်သာ ပတ်ဝန်းကျင်ကို အကဲခတ်နေသည်။
ရုတ်တရက် အပေါက်ဝတွင် ဆူညံသွားသည်။
လုချန် ခေါင်းလှည့်ကြည့်လိုက်ရာ တောက်တောက်ပြောင်ပြောင် ဝတ်ဆင်ထားသော သခင်လေးတစ်ဦးက ကိုယ်ရံတော်အချို့နှင့်အတူ ကြွားဝါစွာ ဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။
အပျော်မယ်ခေါင်းဆောင်မိန်းမကြီးက အပြုံးကိုယ်စီဖြင့် အလျင်အမြန် ဆီးကြိုလိုက်သည်။
“သခင်လေးကျိ ကျွန်မတို့ဆီကို ရောက်လာပါလား။ ကောင်မလေးတွေ... မြန်မြန်လာပြီး သခင်လေးကျိကို သေချာဧည့်ခံပေးကြစမ်း”
“သွားစမ်းပါ”
သခင်လေးကျိက အပျော်မယ်ခေါင်းဆောင်မိန်းမကြီး၏ ဟန်ဆောင်မှုကို အယုံအကြည်မရှိဘဲ သူမကို ဘေးသို့ တွန်းဖယ်လိုက်သည်။
“ဒီလို အောက်တန်းစားမိန်းမတွေနဲ့ ဒီသခင်လေးကို လာလှည့်စားဖို့ မကြိုးစားနဲ့။ နာမည်ကြီး ကြယ်ပွင့်အသစ်တစ်ယောက် ရောက်နေတယ်လို့ ကြားတယ် မဟုတ်လား။ ဒီသခင်လေးအတွက် သူ့ကို ထွက်လာခဲ့ဖို့ သွားခေါ်ချေ”
“သခင်လေးကျိရယ်... မြောင်ရွှမ်က အနုပညာကိုပဲ ရောင်းတာ၊ ခန္ဓာကိုယ်ကို မရောင်းပါဘူးရှင်။ ကျွန်မ တခြား မိန်းကလေးအသစ်လေးတွေ ရှာပေးပါရစေလား။ တစ်ယောက်ချင်းစီတိုင်းက ပြိုင်ဘက်ကင်း အလှလေးတွေချည်းပဲလို့ အာမခံပါတယ်”
“ချီးပဲ”
သခင်လေးကျိ၏ နောက်မှ လိုက်ပါလာသော အမျိုးသားတစ်ဦးက ကျယ်လောင်စွာ ဆဲရေးလိုက်သည်။
“ငါတို့ သခင်လေးပြောတာ မကြားဘူးလား။ အဲဒီကောင်မလေးကို သွားခေါ်ခဲ့စမ်း”
“သခင်လေးကျိရယ်... သခင်လေးက ကျွန်မကို အကျပ်ရိုက်အောင် လုပ်နေတာပဲ။ ကောင်းပါပြီလေ... ကျွန်မ သွားပြီး မြောင်ရွှမ်ကို မေးကြည့်ပါဦးမယ်”
“ဒီသခင်လေးမှာ ပိုက်ဆံတွေ အများကြီးရှိတယ်လို့ သူ့ကို သွားပြောလိုက်စမ်း”
သခင်လေးကျိက အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကို ပစ်ချလိုက်ပြီး အလွန်မောက်မာသော အမူအရာဖြင့် ပြောလိုက်သည်။
လုချန်က ထိုနေရာတွင် ထိုင်ရင်း မျက်မှောင်အနည်းငယ် ကြုတ်ကာ သူ၏ဘေးရှိ မိန်းကလေးနှစ်ဦးကို မေးလိုက်သည်။
“ဒီသခင်လေးကျိဆိုတာက ဘယ်လိုနောက်ခံမျိုး ရှိတာလဲ”
“သူက မြို့စားကြီးရဲ့ တတိယမြောက် ကိုယ်လုပ်တော်က မွေးတဲ့သားလေ။ ချင်းလျန်မြို့မှာ ဘယ်သူမှ သူ့ကို သွားမစရဲကြဘူး”
မိန်းကလေးနှစ်ဦးက သခင်လေးကျိကို မျက်လုံးထောင့်မှသာ အကဲခတ်ကြည့်လိုက်ပြီး အလျင်အမြန် အကြည့်လွှဲသွားကြသည်။ သူတို့လည်း ယခင်က သူ့လက်ချက်ဖြင့် အထိနာခဲ့ဖူးပုံရသည်။
“ငါတော့ ဒေါသထွက်လာပြီကွာ။ ဒီကောင်လေးက သနားစရာကောင်းတဲ့ မိန်းကလေးတွေကို ဒီလိုဆက်ဆံရဲတယ်ပေါ့လေ။ သူ့ကို မှတ်လောက်သားလောက်အောင် ဆုံးမပြမယ် ကြည့်နေ”
လုချန်၏ ရင်ခွင်ထဲမှ သစ်ပင်မိစ္ဆာက အလွန်အမင်း မကျေမနပ်ဖြစ်ကာ ပြောလိုက်သည်။
“တော်စမ်းပါ... ငြိမ်ငြိမ်လေးနေစမ်း”
လုချန်က ၎င်းကို ဖိနှိပ်ထားလိုက်သည်။
သခင်လေးကျိ၏ ရောက်ရှိလာမှုကြောင့် ခန်းမထဲရှိ လူအများအပြားက မကြာခဏ လှမ်းကြည့်နေကြသည်။
သူက လုချန်၏ ဘေးဘက်စားပွဲတွင် ဝင်ထိုင်လိုက်ပြီး ဝိုင်လာငှဲ့ပေးသော အမျိုးသမီးအချို့ကို တွန်းဖယ်လိုက်ကာ လုချန်ကို အထက်အောက် အကဲခတ်ရင်း စူးစူးဝါးဝါး ကြည့်လိုက်သည်။
“ဒီလို စုတ်ပြတ်သတ်နေတဲ့ ပုံစံနဲ့များ ဖားသူငယ်က ဖားမလေးကို မှန်းနေသေးတယ်ပေါ့လေ”
လုချန် ပြန်မပြောရသေးမီမှာပင် အပေါက်ဝမှ အခြားအသံတစ်သံ ထွက်ပေါ်လာပြန်သည်။
“သခင်လေးကျိ... ခင်ဗျားကို ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး”
အဖြူရောင်ဝတ် လူကြီးလူကောင်းတစ်ဦးက ခေါက်ယပ်တောင်ကို ကိုင်ကာ ပြုံးရွှင်စွာဖြင့် ဝင်ရောက်လာသည်။
သူကလည်း အမျိုးသားတစ်ဦး ဖြစ်သော်လည်း ဤသူသည် ချောမောသော မျက်နှာသွင်ပြင်ရှိပြီး အလွန်ဆွဲဆောင်မှုရှိသော အမျိုးသားတစ်ဦးဖြစ်ကြောင်း လုချန် ဝန်ခံရမည်ဖြစ်သည်။ သူ၏အပြုံးက နွေဦးလေညင်းလေးကဲ့သို့ လန်းဆန်းသော ခံစားချက်ကို ပေးစွမ်းနိုင်ပြီး မြင်ရသူကို အလွန်သက်ောင့်သက်သာ ဖြစ်စေသည်။
“ပိုင်ဆိုတဲ့ တစ်ယောက်လား”
ရောက်လာသူကို မြင်လိုက်ရသောအခါ သခင်လေးကျိက မျက်ခုံးပင့်လိုက်သည်။
“မင်းကိုယ်မင်း အမြဲတမ်း အထင်ကြီးနေတတ်တဲ့ကောင်က ဆောင်ကြာမြိုင်ကို လာလည်တတ်သေးတယ်ပေါ့လေ”
“မဟုတ်ရပါဘူး”
အဖြူရောင်ဝတ် အမျိုးသားက သူ၏ ခေါက်ယပ်တောင်ကို ညင်သာစွာ ခပ်လိုက်သည်။
“ဒီတစ်ခေါက် ကျုပ်လာရတဲ့ အကြောင်းရင်းက သခင်မလေးမြောင်ရွှမ်နဲ့ ရှေးဟောင်းကဗျာတွေ၊ သံစဉ်တွေအကြောင်း ဆွေးနွေးဖို့ သက်သက်ပါပဲ”
သခင်လေးကျိက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
“အပြောကတော့ ဟုတ်နေတာပဲ”
“အဲဒီလူက ဘယ်သူလဲ”
လုချန်က သူ့ကို ခဏတာ စိုက်ကြည့်ပြီးနောက် ထပ်မံမေးမြန်းလိုက်သည်။
“စစ်ရေးအမတ်ကြီး သခင်ကြီးပိုင်ရဲ့ သားအကြီးဆုံး ပိုင်မုလေ”
“နောက်ထပ် အရာရှိမျိုးဆက် တစ်ယောက်ပေါ့”
ပိုင်မုကလည်း လုချန်၏ ဘေးစားပွဲတွင် ဝင်ထိုင်ရန် ရွေးချယ်လိုက်သည်။ ယခုအချိန်တွင် သူနှင့် သခင်လေးကျိတို့က လုချန်၏ ဘယ်နှင့်ညာတွင် ညှပ်ထိုင်နေကြပြီဖြစ်သည်။ အကြောင်းမှာ လုချန် ရွေးချယ်ထားသော နေရာမှာ ခန်းမ၏ အလယ်တည့်တည့်တွင် ဖြစ်နေသောကြောင့်ပင်။ ထို့ကြောင့်လည်း သခင်လေးကျိက ဝင်ထိုင်ထိုင်ချင်း သူ့ကို ရန်စခဲ့ခြင်း ဖြစ်သည်။
လုချန်က ပိုင်မုကို ကြည့်လိုက်ရာ သူကလည်း လုချန်ကို မြင်သွားပြီး ခင်မင်ဖော်ရွေသော အပြုံးတစ်ခု ပေးလာသည်။ လုချန်ကလည်း အသိအမှတ်ပြုသည့်အနေဖြင့် သူ၏ခွက်ကို မြှောက်ပြလိုက်သည်။
ဝိုင်နှစ်ခွက် သောက်ပြီးသွားသော်လည်း လုချန်က ခုနက ရင်းနှီးနေသော ပုံရိပ်များကို မတွေ့ရသေးပေ။ သူတို့က သီးသန့်ခန်းတစ်ခန်းခန်းထဲတွင် ရှိနေနိုင်ခြေ များသည်။
သို့သော်လည်း ခန်းမထဲသို့ လူများ ပို၍ပို၍ ဝင်ရောက်လာကြရာ ထိုင်စရာနေရာပင် မလောက်တော့သည့်အထိ ဖြစ်လာပြီး လူအချို့က လုချန်၏ စားပွဲတွင်ပင် လာရောက် မျှဝေထိုင်ကြရသည်။
ဆောင်ကြာမြိုင်လာရင်း စားပွဲခုံကို မျှဝေထိုင်ရသည်ဆိုသည်မှာ လုချန်တစ်ယောက် ဘယ်ရောက်ရောက် ပထမဆုံးအကြိမ် ကြားဖူးခြင်းပင် ဖြစ်သည်။
ယနေ့ လာရောက်ကြသူများအားလုံးက အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။ သူတို့၏ စကားဝိုင်းများမှတစ်ဆင့် ယနေ့ညတွင် နာမည်ကြီး ကြယ်ပွင့်လေးက သူမ၏ အချစ်တော်ဧည့်သည်တစ်ဦးကို ရွေးချယ်မည်ဖြစ်ကြောင်း လုချန် သိလိုက်ရသည်။
သခင်မလေး မြောင်ရွှမ်။ ဤစကားလုံးသုံးခွန်းကို အမျိုးသားတစ်ဦးဦးက ထုတ်ပြောလိုက်သည်နှင့် လူတိုင်းက တမ်းတလိုလားသော အမူအရာများကို ပြသကြသည်။
သူတို့၏ အဆိုအရ ဤသခင်မလေး မြောင်ရွှမ်မှာ လောကီလူသားတစ်ဦးနှင့်ပင် မတူလောက်အောင် လှပလွန်းသဖြင့် ကောင်းကင်ဘုံနှင့်သာ ထိုက်တန်သူဟု ထင်ရကြောင်း သိရသည်။
ယနေ့ လာရောက်ကြသူများထဲတွင် သခင်မလေး မြောင်ရွှမ်၏ အချစ်တော်ဧည့်သည် မဖြစ်ချင်သူဟူ၍ တစ်ယောက်မျှ မရှိပေ။ သူမနှင့်အတူ တစ်ညတာ ကုန်ဆုံးခွင့်ရမည်ဆိုလျှင် သူတို့၏ သက်တမ်း အနည်းငယ် တိုသွားမည်ဆိုလျှင်တောင်မှ ပိုင်ဆိုင်မှုများစွာကို စတေးရန် ဆန္ဒရှိနေကြသည်။
ဤမြင်ကွင်းက လုချန်၏ စိတ်ဝင်စားမှုကို ဆွဲဆောင်သွားခဲ့သည်။ ဤသခင်မလေး မြောင်ရွှမ်ဆိုသူက တကယ်တမ်း မည်သူဖြစ်ကြောင်းကို သူလည်း ကြည့်ချင်သွားသည်။ ဘာပဲဖြစ်ဖြစ် မိန်းမလှလေးတစ်ယောက်ကို စိတ်မဝင်စားတဲ့ ယောကျ်ားဆိုတာမှ မရှိတာလေ။
ခန်းမထဲတွင် လူပြည့်ကျပ်သွားပြီး ဆူညံအော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်လာချိန်တွင် ညင်သာသော တေးဂီတသံစဉ်လေးတစ်ခု စတင် ပျံ့လွင့်လာသည်။
ဆောင်ကြာမြိုင်တွင် အထပ်သုံးထပ် ရှိသည်။ အပေါ်သို့ မော့ကြည့်လိုက်သောအခါ မျက်နှာကြက်မှနေ၍ နှင်းဆီပွင့်ဖတ်များ လွင့်ဝဲကျဆင်းလာသည်ကို တွေ့လိုက်ရသည်။
သခင်မလေး မြောင်ရွှမ် ထွက်လာတော့မည်ကို လူတိုင်း သိလိုက်ကြသည်။
တတိယအထပ် စင်္ကြံလမ်းပေါ်တွင် ကျော့ရှင်းလှပသော ပုံရိပ်လေးတစ်ခု တဖြည်းဖြည်း ပေါ်ထွက်လာသည်။ သူမ၏ ရှည်လျားလှသော အဖြူရောင်စစ်စစ် ဂါဝန်လေးက မြေပြင်ပေါ်တွင် ဒရွတ်တိုက်ဆွဲကာ ပါလာပြီး တောင်ကုန်းငယ်လေးများပမာ သူမ၏ သွယ်လျသော ခန္ဓာကိုယ်လေးကို ပိုမိုပေါ်လွင်စေသည်။ သူမ၏ တင်းရင်းသော ရင်သားများ၊ သွယ်လျသော ခါးလေးနှင့် လုံးဝန်းသော တင်ပါးများက အပြစ်အနာအဆာကင်းမဲ့နေပြီး ပြီးပြည့်စုံသော အကွေးအကောက်များကို ဖန်တီးပေးထားသည်။
သို့သော်လည်း ဤပတ်ဝန်းကျင်တွင် သူမ၏ မြင့်မြတ်ပြီး လောကီနှင့် မသက်ဆိုင်သည့်ဟန် အငွေ့အသက်က နတ်သမီးလေးတစ်ပါးနှင့်ပင် တူနေသည်။ သူမ၏ မျက်နှာကို ပုဝါဖြင့် ဖုံးကွယ်ထားသော်လည်း ၎င်းအောက်ရှိ ကျောက်စိမ်းရောင် မျက်နှာလေးမှာ မိတ်ကပ်လုံးဝ လိမ်းကျံထားခြင်းမရှိကြောင်းကို ခံစားသိရှိနိုင်သေးသည်။ နှင်းပွင့်များကဲ့သို့ ဖြူစင်တောက်ပနေပြီး ဆောင်းဦးရာသီမှ ရေပြင်ကဲ့သို့ ကြည်လင်နေသော မျက်ဝန်းများ၊ ကောင်းကင်ဘုံမှ တိုက်ရိုက် ထုဆစ်ဖန်တီးပေးထားသကဲ့သို့ ထင်ရသော နှာတံနှင့် နှုတ်ခမ်းအစုံတို့ ရှိသည်။ မျက်နှာဖုံး ပုဝါအောက်တွင်ပင် သူမက မြင်ရသူကို ရင်သပ်ရှုမောဖြစ်သွားစေနိုင်စွမ်း ရှိပေသည်။
သူမ၏ ဘေးတွင် ကျောက်စိမ်းဖြူတိုင် နှစ်တိုင် ရှိသည်။ အမျိုးသမီးက သူမ၏ ကျောက်စိမ်းရောင် လက်မောင်းများကို ညင်သာစွာ ဝှေ့ယမ်းလိုက်သောအခါ မြူခိုးများ ပြန့်ကျဲသွားပြီး ကျောက်စိမ်းဖြူတိုင်များနှင့် ရောယှက်ကာ လောကီနှင့် မသက်ဆိုင်သော အငွေ့အသက်ကို ပေးစွမ်းနေသည်။ ဤမျှ ပြိုင်ဘက်ကင်းသော အလှတရားနှင့် ပေါင်းစပ်လိုက်သောအခါ အိမ်မက်ထဲ ရောက်နေသကဲ့သို့ပင် ခံစားလိုက်ရသည်။
သူမ ပေါ်လာသည့် စက္ကန့်မှာပင် ခန်းမတစ်ခုလုံးရှိ ဆူညံသံများအားလုံး တိတ်ဆိတ်သွားတော့သည်။ လူတိုင်း၏ အကြည့်က သူမထံတွင်သာ စုစည်းနေပြီး အမျိုးသမီးများပင်လျှင် သူမ၏ ရှေ့တွင် သူတို့၏ ကိုယ်ပိုင်အလှတရားအတွက် ရှက်ရွံ့သွားကြရသည်။
တတိယအထပ်မှ အမျိုးသမီးက ရပ်တန့်လိုက်ပြီး အောက်ဘက်ရှိ လူအုပ်ကြီးကို မျက်နှာမူကာ အနည်းငယ် ဦးညွှတ်လိုက်သည်။
“မြောင်ရွှမ်က သခင်လေးတို့အားလုံးကို ဂါရဝပြုပါတယ်ရှင်”
သူမ စကားပြောလိုက်ရာ အသံလေးက လောကီနှင့် ကင်းကွာနေပြီး သာယာငြိမ့်ညောင်းကာ နှလုံးသားကို လန်းဆန်းသွားစေသည်။ ဤအသံလေးကို ကြားလိုက်ရရုံဖြင့် လူများမှာ ပျော်ရွှင်မှုကမ္ဘာထဲတွင် လွင့်မျောသွားသကဲ့သို့ ခံစားလိုက်ရသည်။
ထိုနှုတ်ဆက်စကား တစ်ခွန်းအပြီးတွင် လူတိုင်း သတိမဝင်လာသေးမီမှာပင် သူမက ပြန်လည်လှည့်ထွက်သွားပြီး အခန်းထဲသို့ ဝင်သွားတော့သည်။ ချက်ချင်းဆိုသလိုပင် အခန်းတွင်းမှ တေးသီချင်းတစ်ပုဒ် စတင်ပျံ့လွင့်လာသည်။ ဂီတသံစဉ်က တစ်ခါတစ်ရံ မြင့်တက်သွားလိုက်၊ တစ်ခါတစ်ရံ နိမ့်ကျသွားလိုက်ဖြင့် လူများ၏ နှလုံးသားကို ညှို့ငင်ဖမ်းစားကာ ယစ်မူးသွားစေတော့သည်။
သီချင်းဆုံးသွားပြီး အချိန်အတော်ကြာမှသာ ခန်းမထဲတွင် လက်ခုပ်သံများနှင့် အော်ဟစ်အားပေးသံများ ပေါက်ကွဲထွက်လာတော့သည်။
“နတ်သမီး မြောင်ရွှမ်က တကယ်ကို နာမည်နဲ့ လိုက်ဖက်တာပဲ”
“ဒီလို သံစဉ်မျိုးကို ကြားရတာ ငါတို့ရဲ့ ဂုဏ်ကျက်သရေပါပဲ”
“မမကြီး... ဒီသခင်လေးကို အဖော်ပြုပေးဖို့ သူ့ကို ထွက်လာခဲ့ဖို့ သွားပြောလိုက်စမ်း”
သခင်လေးကျိက စိတ်လှုပ်ရှားနေသည့်ဟန်ဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ဤအချိန်တွင် သူက ထိုအမျိုးသမီးကို သူ၏အောက်တွင် ဖိထားချင်စိတ်များပင် ပေါက်နေပြီဖြစ်သည်။
“သခင်လေးတို့... ကျေးဇူးပြုပြီး စိတ်ရှည်ရှည်ထားကြပါရှင်”
အပျော်မယ်ခေါင်းဆောင်မိန်းမကြီးက တတိယအထပ်တွင် ပေါ်လာသည်။
“မြောင်ရွှမ်ဆိုတာ တစ်ယောက်တည်း ရှိတာပါ။ ဒီညမှာလည်း လူတစ်ယောက်တည်းကပဲ သူမရဲ့ အချစ်တော်ဧည့်သည် ဖြစ်နိုင်ပါမယ်။ ဘယ်သူဖြစ်မလဲဆိုတာကတော့ သခင်လေးတို့ရဲ့ ရွေးချယ်မှုအပေါ်မှာ မူတည်ပါတယ်ရှင်”
“အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်တုံး”
အပျော်မယ်ခေါင်းဆောင်မိန်းမကြီး စကားဆုံးသည်နှင့်တစ်ပြိုင်နက် တစ်စုံတစ်ယောက်က စိတ်မရှည်စွာဖြင့် အော်ပြောလိုက်ရာ သူ၏ ရက်ရောမှုက အခြားသူများကို ဆွံ့အသွားစေသည်။
တစ်ညတာ အတူရှိခွင့်ရဖို့အတွက်ကို အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်တုံးတဲ့။
“အလုံး နှစ်ဆယ်”
“အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်တုံး”
ဈေးနှုန်း မြင့်တက်လာမှုကလည်း ထိတ်လန့်စရာကောင်းလှသည်။ အကြောင်းမှာ မြောင်ရွှမ်၏ ဆွဲဆောင်မှုက အလွန်ကြီးမားလွန်းသောကြောင့်ပင်။ စောစောက သူမ မျက်နှာဖုံးကိုပင် မချွတ်ရသေးခင်မှာတင် လူများမှာ သူတို့၏ ဝိညာဉ်များ လွင့်ပါးသွားသလို ခံစားခဲ့ရသည်လေ။ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်တုံးဆိုသည်မှာ တစ်ခါမှ မကြားဖူးလောက်အောင် မြင့်မားလှသော ဈေးနှုန်းပင် ဖြစ်သည်။
***