"ဟုတ်ကဲ့ ဘော့စ်"
အလင်း၇က မြေပြင်ပေါ်မှ ချက်ချင်း ခုန်ထလိုက်သည်။ သူက လုံးဝန်းနေသော ဘောလုံးတစ်လုံးကဲ့သို့ ကိုင်းညွှတ်အရိုအသေပေးလိုက်သည်။
"ကောင်းပြီ... အခု ငါ ဒီတစ်ခေါက် ရလာတဲ့ ဆုလာဘ်တွေကို ကြည့်ရအောင်... ဟီးဟီး"
ပြင်ပကမ္ဘာတွင် လူသူကင်းမဲ့ရာ လွင်ပြင်ကြီး၏ နက်ရှိုင်းသော နေရာတစ်ခု။
ဂြိုဟ်တု စူးစမ်းရှာဖွေရေးစက်မှ ဖမ်းယူရရှိထားသော တည်နေရာ။
လုချန်၏ ကိုယ်ပွားက ရုတ်တရက် ရပ်တန့်သွားသည်။ သူက စကားပြောလိုက်သည်။
"မင်း ငါ့နောက်ကို လိုက်လာတာ အတော်လေး ကြာနေပြီပဲ... ထွက်မလာတော့ဘူးလား"
မျက်နှာဖုံးတပ်ထားသော ဖေကျောက်ယွမ်က ထွက်ပေါ်လာသည်။
"မင်းရဲ့ အာရုံခံနိုင်စွမ်းက ထက်မြက်သားပဲ... ဒါပေမဲ့ အခုချိန်မှာ အဲဒီ အာရုံခံနိုင်စွမ်းက အသုံးမဝင်တော့ဘူး... မင်းက ဘယ်သူလဲ... မင်းရဲ့ နောက်ကွယ်မှာ ဘယ်အဖွဲ့အစည်းက ကျောထောက်နောက်ခံ ပေးထားလဲဆိုတာ ပြောပြရင် ငါ မင်းကို အသက်ရှင်ခွင့် ပေးချင်ပေးမယ်"
လုချန်က သူ့ကို ရယ်ချင်ပွဲကျဟန်ဖြင့် ကြည့်လိုက်သည်။
"တခြားသူတွေကို မေးခွန်းမမေးခင် ကိုယ့်ကိုယ်ကိုယ် အရင် မိတ်ဆက်သင့်တယ်လေ... အဲဒါက အခြေခံ လူမှုရေး စည်းမျဉ်းပဲ... အဲဒါကိုတောင် ခင်ဗျား နားမလည်ဘူးလား.... အဘိုးကြီး"
ဒီအဆင့်B ပထမအလွှာက ဘယ်သူလဲဆိုတာကို လုချန် သိနှင့်ပြီးဖြစ်သည်။ A7 အခြေစိုက်မြို့တော်မှာ အဆင့်B ပုဂ္ဂိုလ် သုံးယောက် ရှိသည်။
မဟာမိတ်အဖွဲ့က တစ်ယောက် (အဆင့်B ဆဋ္ဌမအလွှာ၊ ကျုံးမိသားစုက တစ်ယောက် (အဆင့်-B၊ စတုတ္ထအလွှာ)၊ ကျန်တဲ့တစ်ယောက်ကတော့ ဖေမိသားစုက (အဆင့်B ဒုတိယအလွှာ)။
လွန်ခဲ့တဲ့ ရက်အနည်းငယ်က လုချန်က ဖေမိသားစုက အလိုလိုက်ခံထားရတဲ့ သခင်လေးတစ်ယောက်ကို ဒုက္ခိတ ဖြစ်အောင် လုပ်ပစ်ခဲ့သည်။ ဒါကြောင့် ဒီနေ့ ဖေမိသားစုကို အထူးဂရုစိုက်ဖို့ သူက စိတ်စွမ်းအားကို အသုံးပြုခဲ့သည်။ သို့သော် ဖေမိသားစုက အဆင့်Bက ဘာလို့ သူ့နောက်ကို လိုက်လာရတာလဲ။
“သူက ငါ ဘယ်သူလဲဆိုတာ မသိဘဲနဲ့...”
"ကောင်လေး... မင်းက အဆင့်D သက်သက်လေးပဲ ရှိသေးတာ... ငါ့ရှေ့မှာ လာမမောက်မာနဲ့... အခု ငါ့မေးခွန်းကို ဖြေ... အဲဒီနေ့က D6 အခြေစိုက်မြို့တော်မှာ သားရဲကို သတ်ခဲ့တာ မင်းမလား"
လုချန်က ဤစကားကို ကြားသောအခါ ရုတ်တရက် တောက်ပသော အတွေးတစ်ခုက သူ၏ စိတ်ထဲတွင် လက်ခနဲ လင်းလက်သွားသည်။ သူက ချက်ချင်း နားလည်သွားသည်။
“ဒါဆို အဲဒီနေ့က မြို့ကို သားရဲတိုက်ခိုက်အောင် လုပ်ခဲ့တာက ဖေမိသားစုရဲ့ လက်ချက်ပေါ့...”
“တကယ့် ငတုံးကြီးပဲ...” သူက ဘာမှတောင် မပြောရသေးပေ တရားခံက သူ့ဘာသာသူ ဝန်ခံနေသည်။
“သူ့ကို ချက်ချင်း သတ်ပစ်လိုက်ရမလား...”
အကယ်၍ သူတို့သာ အဲဒီလို လုပ်လိုက်ရင် လီချန်က သူတို့ကို မကောင်းဆိုးဝါး အဖွဲ့အစည်းတစ်ခုလို့ ထင်သွားပြီး လိုက်လံနှိမ်နင်းဖို့ ကြိုးစားလိမ့်မည်။ သူက တစ်ဖက်လူနဲ့ တကယ် ပြဿနာ မဖြစ်ချင်သေးပေ။ ဘာပဲဖြစ်ဖြစ် တစ်ဖက်လူက သူရဲ့ လက်အောက်မှာ အနာဂတ် စစ်သေနာပတိ တစ်ယောက် ဖြစ်လာမယ့်သူပင်။ သို့သော် လုချန်က ဒီလူကို အလွယ်တကူတော့ လွှတ်ပေးလိုက်မည် မဟုတ်ပေ။
ကျန်ရှိနေသော ကိုယ်ပွား ကိုးခုက မှောင်မိုက်သော အရိပ်များထဲမှ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။ ဖေကျောက်ယွမ်က အလွန်အမင်း တုန်လှုပ်သွားသည်။ သူက အမြန် ခြေတစ်လှမ်း နောက်ဆုတ်လိုက်သည်။ အရင်က သူတို့ရဲ့ တည်ရှိမှုကို သူ လုံးဝ အာရုံမခံမိခဲ့ပေ။
ထိုပုံရိပ် ဆယ်ခုက သူ့ကို တုံ့ပြန်ဖို့ အချိန်လေးတောင် မပေးခဲ့ပေ။ သူတို့အားလုံးက သူ့ဆီကို တစ်ပြိုင်နက်တည်း ပြေးဝင်လာကြသည်။ သို့သော် ဖေကျောက်ယွမ်က အဆုံးမှာတော့ အဆင့်B တစ်ယောက်သာ ဖြစ်သည်။ သူတို့၏ မောက်မာမှုကြောင့် သူ အလွန် ဒေါသထွက်သွားသည်။ ထို့နောက် ချက်ချင်းပင် တန်ပြန်တိုက်ခိုက်မှု စတင်လိုက်သည်။ သူက ဓာတ်သဘာဝ သိုင်းကွက်ကို ချက်ချင်း အသက်သွင်းလိုက်သည်။ ထက်မြက်သော ဆူးချွန်များကို ဆင့်ခေါ်လိုက်သည်။ ကောင်းကင်ယံမှ ရွာကျလာသော ကြယ်ကြွေများကဲ့သို့ပင်။
လူတိုင်းကို တစ်ပြိုင်နက်တည်း လွှမ်းခြုံသွားသည်။ သူ၏ ရည်ရွယ်ချက်က သူတို့ကို တစ်ချက်တည်းဖြင့် အားလုံး သုတ်သင်ရှင်းလင်းပစ်ရန် ဖြစ်သည်။ သို့သော် လုချန်၏ ကိုယ်ပွားများက နောက်ဆုတ်သွားမည့်အစား ရှေ့သို့ တိုးလာကြသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ပုံရိပ်အချို့က သူ၏ရှေ့တွင် တစ်ပြိုင်နက်တည်း ပေါ်လာကြသည်။ သူတို့အားလုံးက ဖိနှိပ်ချုပ်ချယ်နိုင်သော အငွေ့အသက်များကို ထုတ်လွှတ်လိုက်ကြသည်။
ဤအခိုက်အတန့်တွင် ဖေကျောက်ယွမ်က သူ ပျားအုံကို တုတ်နဲ့ သွားထိုးမိပြီဆိုတာကို သိလိုက်သည်။ သူက ထွက်ပြေးချင်နေသည်။
“ဘန်း...”
ခြေထောက်တစ်ချောင်းက သူ၏ ကျောပြင်ကို တိုက်ရိုက် ကန်ချလိုက်သည်။ သူက မှောက်ရက်လဲကျသွားသည်။ ထို့နောက် သူတို့က သူ့အနားသို့ ဝိုင်းအုံလာကြသည်။ သူ၏ မျက်နှာကို ခပ်ကြမ်းကြမ်း ရိုက်ချလိုက်ကြသည်။ သူတို့က တစ်ယောက်တစ်လှည့် လက်သီးဖြင့်ထိုးကာ ခြေထောက်ဖြင့် ကန်ကြတော့သည်။
“ဘန်း... ဘန်း... ဘန်း....”
အဆက်မပြတ် ကျဆင်းလာသော လက်သီးချက်များက မုန်တိုင်းတစ်ခုလိုပင်။ နတ်ပြည်မှ တေးဂီတတစ်ခုလို အထူး စည်းချက်တစ်ခုနှင့်အတူ ဖေကျောက်ယွမ်က သူ၏ ခန္ဓာကိုယ်ထဲရှိ ဓာတ်သဘာဝ စွမ်းအင်များကို လှည့်ပတ်ကာ ခန္ဓာကိုယ်ကို ကာကွယ်ရန် ကြိုးစားလိုက်သည်။ သို့သော် အလုပ်မဖြစ်ခဲ့ပေ။ သူ့ရဲ့ ပြိုင်ဘက် တစ်ယောက်စီတိုင်းက သူ့ထက် ပိုသန်မာနေသည်။
ခြေထောက်တစ်ချောင်း ကျရောက်လာတိုင်း ဓာတ်သဘာဝ ကိုယ်ရံချပ်ဝတ်၏ စွမ်းအင် ကာကွယ်မှုများက ချက်ချင်း ပြိုကွဲသွားသည်။ ရိုက်နှက်မှုများက ဆက်လက် ဖြစ်ပွားနေဆဲပင်။ ဖေကျောက်ယွမ်က စတင် အော်ဟစ်လာသည်။
"ငါ မှားသွားပါတယ် ငါ မှားသွားပါတယ် ငါ့ကို လွှတ်ပေးပါ ကျေးဇူးပြုပြီး ငါ့အသက်အရွယ်ကို ထောက်ထားပြီး ဒီအဘိုးကြီးကို ချမ်းသာပေးပါ ငါ့မှာ ပိုက်ဆံတွေ ရှိတယ်... ငါ့ရဲ့ စုစုပေါင်း ပိုင်ဆိုင်မှု ၁၀ ရာခိုင်နှုန်းကို မင်းတို့ကို ပေးပါ့မယ်"
စကားသံ အဆုံးတွင် လက်သီးချက်များနှင့် ကန်ချက်များက တစ်ခဏမျှ ရပ်တန့်သွားသည်။ ဖေကျောက်ယွမ်က သူ၏ အကြံပြုချက် အလုပ်ဖြစ်သွားပြီဟု ထင်လိုက်သည်။ ဒီကြောက်မက်ဖွယ်ကောင်းတဲ့ ဖျက်ဆီးမှုကြီးကို အောင်အောင်မြင်မြင် တားဆီးနိုင်ခဲ့ပြီဟု ထင်သွားသည်။ ထိုအခါမှာတော့ ပိုပြီး ရက်စက်ကြမ်းကြုတ်တဲ့ ရိုက်နှက်မှုကြီးက ဆက်လက် ဖြစ်ပွားလာတော့သည်။
ဖေကျောက်ယွမ် တစ်ယောက် ပြိုလဲလုဆဲဆဲ အခြေအနေသို့ ရောက်နေပြီဖြစ်သည်။ ဤလက်သီးချက်များနှင့် ကန်ချက်များက စိတ်ကူးယဉ်၍ပင် မရနိုင်လောက်သော ထိုးဖောက်ဝင်ရောက်နိုင်စွမ်း ပါဝင်နေသည်။ လက်သီးတစ်ချက်နှင့် ကန်ချက်တစ်ချက်စီတိုင်းက အရေပြားကို ဖောက်ထွင်းသွားသည်။ ခန္ဓာကိုယ်တစ်ခုလုံးကို ဖြတ်သန်းသွားသည်။ သည်းမခံနိုင်လောက်အောင် နာကျင်မှုများနှင့်အတူ နာရီဝက် ကြာပြီးနောက် နောက်ဆုံးတော့ သူရဲ့ ခံနိုင်ရည် ကန့်သတ်ချက်ကို ရောက်သွားသည်။ သူက နာကျင်စွာ အော်ဟစ်လိုက်သည်။ ပါးစပ်ထောင့်မှ သွေးများ စီးကျနေသည်။ နှာခေါင်းမှလည်း နှပ်ရည်များ ထွက်ကျနေသည်။ သူ၏ အသံတွင် ရှိုက်သံများ ပါဝင်နေသည်။
သူက ဆက်တိုက် ဒူးထောက်ကာ သနားညှာတာဖို့ တောင်းပန်နေတော့သည်။ A1 အခြေစိုက်မြို့တော်တွင် လီချန်က လူတိုင်းကို ပင်လယ်ဘီလူးတွေရဲ့ အလောင်းတွေကို စုဆောင်းဖို့ အမိန့်ပေးလိုက်သည်။ ထို့နောက် သူတို့က ဧည့်ခံပွဲကြီးတစ်ခု လုပ်ကြမည်။ အရသာရှိတဲ့ ပင်လယ်စာ ပွဲတော်ကြီးကို ဆင်နွှဲကြမည်။ လီချန်ကလည်း အဲဒ ရေနက်ပိုင်း သားရဲဘုရင်ကြီး အပေါ်မှာ နာကြည်းချက်တွေ ပြည့်နှက်နေသည်။
"ဟွန့်... မင်းလို ရွှံ့ခွေးအိုကြီးက လုချန် ဒီတစ်ခေါက် လျှို့ဝှက်နယ်မြေထဲမှာ ဘာမှမရလာဖို့ ဆုတောင်းနေတာ ပိုကောင်းလိမ့်မယ်"
"အဲဒီလိုမှ မဟုတ်ရင် တစ်နေ့ကျရင် ငါ မင်းရဲ့ အသိုက်ကို ဖျက်ဆီးပစ်မယ်... မင်းကို အရှင်လတ်လတ် အရေခွံဆုတ်ပြီး အသားတွေကို ငါးဖယ်လုံး လုပ်ပစ်မယ်"
ထို့ပြင် လူသူကင်းမဲ့ရာ လွင်ပြင်ထဲတွင် ဖေကျောက်ယွမ်က သတိမေ့မြောသွားပြီ ဖြစ်သည်။ ဒီအချိန်မှာတော့ သူ၏ မျက်နှာက ပွန်းပဲ့ပြီး ရောင်ရမ်းနေပြီဖြစ်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အမည်းရောင်နှင့် ခရမ်းရောင် အကွက်များဖြင့် ဖုံးလွှမ်းနေသည်။ ခန္ဓာကိုယ်တစ်ခုလုံး ရောင်ရမ်းနေသည်။ မြင်ရတာ တကယ်ကို အဖြစ်ဆိုးလွန်းလှသည်။
လုချန်က လန်းဆန်းသွားသလို ခံစားလိုက်ရသည်။ သူက တစ်ဖက်လူကို မသတ်ပစ်ခဲ့ပေ။ ဘာပဲဖြစ်ဖြစ် အဲဒီနေ့က တကယ်တမ်း ဘယ်သူမှ သေမသွားခဲ့ပေ။ သို့သော် ယခုအချိန်တွင် ဖေကျောက်ယွမ်က သူ၏ မျက်စိထဲ၌ အချိန်မရွေး ကြိတ်ခြေပြီး ပြားချပ်သွားအောင် လုပ်ပစ်နိုင်တဲ့ ပုရွက်ဆိတ် တစ်ကောင်သာသာပင်။
ခုကစပြီး ဒီမိသားစုကို အနီးကပ် စောင့်ကြည့်ဖို့ သူက ကိုယ်ပွားတွေကို လွှတ်ထားတော့မည်။ အကယ်၍ သူတို့က သူ့ကို ဒါမှမဟုတ် သူ့ဘေးနားက လူတွေကို ထိခိုက်နစ်နာအောင် တစ်ခုခုလုပ်ဖို့ ရဲခဲ့ရင် ဖေမိသားစု တစ်ခုလုံးကို အမြစ်ပြတ် သုတ်သင်ပစ်ဖို့ သူ လုံးဝ တွန့်ဆုတ်နေမှာ မဟုတ်ပေ။
လျှို့ဝှက်နယ်မြေထဲတွင် လုချန်က သူ၏ ဆုလာဘ်ကို စိတ်အားထက်သန်စွာ စောင့်မျှော်နေသည်။ အလင်း၇က သူ့ကို လက်ကောက်တစ်ကွင်း ပေးလိုက်သည်။ လုချန်က လက်ကောက်ကို ယူလိုက်သည်။ သူ၏ မျက်လုံးများက ရှေ့ရှိ ဟက်စကီကို မျှော်လင့်ချက်ကြီးစွာဖြင့် ကြည့်နေဆဲပင်။ အလင်း၇က ပြောလိုက်သည်။
"ဘော့စ်... ဒါအကုန်ပဲ... ကျန်တာတွေက နန်းတော်ထဲက မက်ချာ စက်ရုပ်စစ်သည်တော်တွေနဲ့ အပြင်ဘက်မှာ ဘော့စ် မြင်ခဲ့ရတဲ့ အကောင်တွေပါပဲ"
***