တတိယနေ့တွင် သူဖန်တီးခဲ့သော ခေါင်းဆောင်အဆင့် မက်ချာစစ်သည်တော်များကို အလင်း-၇ က ကိုယ်တိုင် ထိန်းချုပ်သွားမည် ဖြစ်သည်။ ဤနည်းလမ်းသည်သာ တာဝန်များကို အထိရောက်ဆုံး လုပ်ဆောင်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းပင်။
ပထမနှင့် ဒုတိယအသုတ် မက်ချာများကိုမူ ယခုအခါ ပြင်းပြင်းထန်ထန် လေ့ကျင့်နေကြသော စစ်သားများက မောင်းနှင်ကြမည် ဖြစ်သည်။ သူတို့က အဆင့်B သားရဲ များကို ရင်ဆိုင်ကြရမည်ဖြစ်ရာ ဤစစ်ပွဲ၏ အရှုံးအနိုင်မှာ သူတို့အပေါ်တွင် များစွာ မူတည်နေသည်။ ထို့ကြောင့် ရှောင်ဝမ်လုံက အတော်ဆုံးသူများထဲမှ အတော်ဆုံးသူများကိုသာ ရွေးချယ်ကာ အပြင်းထန်ဆုံး သင်တန်းများကို ပေးခဲ့သည်။
တစ်ဖက်တွင်မူ လုချန်က သူ၏ စိတ်စွမ်းအားကို အသုံးပြုကာ လော့နျန်ဝေကို အိပ်ပျော်သွားအောင် ပြုလုပ်၍ အိမ်သို့ အတင်းပြန်ပို့လိုက်သည်။ ထိုကောင်မလေးမှာ ဖိအားများလွန်းနေသည်။ လုချန်ကဲ့သို့ လက်တွဲဖော်မျိုး ရှိခြင်းမှာ မည်သည့် မိန်းကလေးအတွက်မဆို ခံနိုင်ရည်ရှိသင့်သည်ထက် ပိုသော ဖိအားများကို ပေးနေသကဲ့သို့ပင်။ လုချန်၏ တိုးတက်မှုနှုန်းမှာ မြန်ဆန်လွန်းလှသည်။ နျန်ဝေမှာမူ ပါရမီနိုးထပြီး ၁၆ ရက်သာ ရှိသေးသဖြင့် စစ်သည်တော်အကြို အဆင့်သို့ ရောက်ရုံသာ ရှိသေးသည်။
လုချန်တွင် နောက်ထပ် နှစ်ရက်သာ အချိန်ရှိတော့သည်။ ပင်လယ်သားရဲများ၏ နောက်ဆုံးတိုက်စစ်မှာ နောက်ထပ် နှစ်ရက်အကြာတွင် ဖြစ်လာလိမ့်မည်ဟု သူ အသေအချာ သိနေသည်။ အကြောင်းမှာ အဝေးတစ်နေရာမှ သားရဲများစွာ စုရုံးနေကြသည်ကို သူ မြင်နေရသောကြောင့် ဖြစ်သည်။ အရာရာမှာ အချိန်ယူရပေမည်။
လျိုချန်မှာလည်း ပြန်မရောက်သေးပေ။ အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။ နောက်ထပ် တစ်နေ့ ကုန်ဆုံးသွားပြန်သည်။ လုချန်က နှစ်ရက်အတွင်း မက်ချာစစ်သည်တော် အစိတ်အပိုင်း ၉၀ ကို ထုတ်လုပ်ပြီးစီးခဲ့သည်။ ယနေ့တွင်မူ သူက မက်ချာနိုက်အတွက် အစိတ်အပိုင်းများကို ထုတ်လုပ်ကာ အားလုံးကို တပ်ဆင်တော့မည် ဖြစ်သည်။ သူက Systemကို ဖွင့်ကာ Sign-in ဝင်လိုက်သည်။
အမည် - လုချန် ခွန်အား - ၉,၆၃၉,၀၄၆,၄၀၀ စိတ်ဝိညာဉ် - ၉,၆၃၉,၀၄၆,၄၀၀ ဝိညာဉ်စွမ်းရည် - အမြင့်ဆုံးအဆင့် နားလည်သဘောပေါက်နိုင်စွမ်း
သူ၏ အခြေခံခွန်အားမှာ တန်ချိန် ၇.၆၈ ဘီလီယံသို့ ရောက်ရှိသွားသည်။ မက်ချာနိုက် အစိတ်အပိုင်းများကို ဤကဲ့သို့သော စိတ်စွမ်းအားဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။ အားလုံး တပ်ဆင်ပြီးသွားသောအခါ ၎င်း၏ အခြေခံခွန်အားမှာ လျိုချန်ထက်ပင် ပိုမို အစွမ်းထက်နေတော့သည်။ ထိုအချိန်တွင် လျိုချန်က အဆင့်B သားရဲအမြုတေ ၄ ခုနှင့်အတူ ပြန်လည် ရောက်ရှိလာခဲ့သည်။ ကျန်ရှိသည်များမှာ အဆင့်C ဒသမအလွှာ အမြုတေများ ဖြစ်သည်။ စစ်ပွဲကို အချိန်မတိုင်မီ မကြီးထွားလာစေရန် သူ အဝေးကြီးအထိ မသွားခဲ့ပေ။
လုချန်က အစိတ်အပိုင်း အားလုံး ထုတ်လုပ်ခြင်းကို အပြီးသတ်လိုက်သည်။ ထို့နောက် စိတ်ကူးတစ်ခုတည်းဖြင့် အစိတ်အပိုင်းတိုင်းကို လေထဲတွင် တဖြည်းဖြည်း ပျံတက်စေလိုက်သည်။ ၎င်းတို့က တစ်ခုနှင့်တစ်ခု အံချော်မှုမရှိဘဲ အတိအကျ ပေါင်းစပ်သွားကြသည်။ လျိုချန်၊ ရှောင်ဝမ်လုံ၊ လော့နျန်ဝေ၊ လုဟုန်တောက်၊ လုယွမ်၊ လုကျန့်လျန်၊ လုကျန့်မုန်း၊ ချိုက်ကျိကွမ်... အားလုံးက ထိုနေရာတွင် ရှိနေကာ ဤသမိုင်းဝင် အခိုက်အတန့်ကို သက်သေအဖြစ် စောင့်ကြည့်နေကြသည်။
ဘာမှမရှိသည့် ဟင်းလင်းပြင်ထဲမှ ခမ်းနားထည်ဝါသော ပုံရိပ်ကြီးများ ပေါ်ထွက်လာသည်ကို သူတို့ ငေးကြည့်နေကြမိသည်။ မက်ချာတိုင်းမှာ ဧရာမ အရွယ်အစားရှိပြီး အေးစက်ကာ အစွမ်းထက်သော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။ အထူးသဖြင့် မက်ချာ အစီး ၁၀၀ လုံး စုပေါင်းလိုက်သည့်အခါ ထွက်ပေါ်လာသော ဖိအားမှာ အကြွင်းမဲ့ စိုးမိုးနိုင်စွမ်း ရှိလှသည်။
ရှောင်ဝမ်လုံက ထိုမက်ချာများမှာ သူ့ထက်ပင် ပို၍ အစွမ်းထက်နေသည်ဟု ခံစားလိုက်ရသည်။ လျိုချန်ပင်လျှင် ထိုသို့ ထင်မိသည်။ လုချန်က ဘာမှမရှိသည့် နေရာမှနေ၍ ဤကဲ့သို့ ခမ်းနားသည့် အရာများကို မည်သို့ ဖန်တီးလိုက်သလဲဆိုသည်မှာ သူတို့အတွက် လျှို့ဝှက်ချက်တစ်ခုပင်။ သို့သော်လည်း သူတို့ မည်သည့်စကားမျှ မဆိုခဲ့ကြပေ။ အကြောင်းမှာ ကမ္ဘာဂြိုဟ်တစ်ခုလုံး၏ ကံကြမ္မာမှာ ဤကောင်လေး၏ လျှို့ဝှက်ချက်များအပေါ်တွင် တည်မှီနေသောကြောင့် ဖြစ်သည်။
မက်ချာစစ်သည်တော် ၁၀၀ လုံး တပ်ဆင်ပြီးစီးသွားကာ အဆင်သင့် ဖြစ်နေသည်။ အလင်း၇၏ မျက်လုံးများမှာ တဖျတ်ဖျတ် တောက်ပြောင်နေကာ စမ်းသပ်ချင်စိတ်ဖြင့် ပြည့်နှက်နေသည်။
"ဆရာကြီး... ဒီမက်ချာ ၁၀၀ လုံးက တကယ်ကို အစွမ်းထက်တာပဲ... စိတ်မပူပါနဲ့ ကျွန်တော် ဒီမက်ချာနိုက်တွေရဲ့ သိက္ခာကို အကျမခံပါဘူး... စစ်ပွဲထဲမှာ သူတို့ကို အပြည့်အဝ ထိန်းချုပ်ပြပါမယ်"
လုချန်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် နေ့ညမပြတ် လေ့ကျင့်ထားသော အဆင့်D စစ်သည်တော် ၃၀ ကို ဆင့်ခေါ်လိုက်သည်။ သူတို့မှာ အချိန်အများကြီး မရခဲ့သော်လည်း ပါရမီရှင်များ ဖြစ်ကြသည့်အတွက် နာရီအနည်းငယ်အတွင်းမှာပင် မက်ချာ ထိန်းချုပ်မှုစနစ်ကို ကျွမ်းကျင်သွားခဲ့ကြသည်။ ကျန်ရှိသော အချိန်များကိုမူ တစ်ဦးနှင့်တစ်ဦး ပူးပေါင်းဆောင်ရွက်ပုံများကို လေ့ကျင့်ရင်း ကုန်ဆုံးစေခဲ့သည်။
ထိုစစ်သည်တော်များ၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများ ဝင်းလက်နေသည်။ သူတို့က ဤမက်ချာများကို မြင်လိုက်ရသည့် အချိန်မှစ၍ စွဲလန်းသွားခဲ့ကြကာ ၎င်းတို့ကို ထိန်းချုပ်လိုစိတ်များ ပြင်းပြနေကြသည်။ လုချန်က သားရဲအမြုတေများကို ယူလိုက်ပြီး မက်ချာတစ်ခုချင်းစီ၏ အချက်အခြာနေရာတွင် စွမ်းအင်ပေးရန် ထည့်သွင်းလိုက်သည်။ အရာအားလုံးက ချောမွေ့နေ၏။ မက်ချာ အဝင်တံခါးများ ပွင့်လာသည်။ စစ်သည်တော်များက စိတ်အားထက်သန်စွာဖြင့် သုံးယောက်တစ်တွဲစီ မက်ချာများထဲသို့ တစ်စီးပြီးတစ်စီး ဝင်သွားကြသည်။
ကျန်ရှိသော လူ ၃၀၀ ကိုမူ အရံအင်အားအဖြစ် ထားရှိမည် ဖြစ်သည်။ သူတို့အား ခွန်အားအနည်းဆုံး အုပ်စုထဲတွင် ထည့်သွင်းထားကာ အလှည့်ကျ လူစားလဲသွားမည် ဖြစ်သည်။ စစ်ပွဲအတွင်း မက်ချာများ ပင်ပန်းနွမ်းနယ်မှုကြောင့် အခွင့်အရေးများ ဆုံးရှုံးမသွားစေရန် သူတို့က အစွမ်းကုန် ကြိုးစားကြရပေမည်။ ထို့နောက် လုချန်က မက်ချာနိုက် ၁၀၀ကို ထုတ်ယူလိုက်သည်။
"မင်းတို့ ဒီမက်ချာအသစ်တွေနဲ့ အရင်ရင်းနှီးအောင် လုပ်ထားကြ... မနက်ဖြန်ကျရင် မင်းတို့ ကောင်းကောင်း တိုက်ခိုက်ပြီး သားရဲတွေကို အနိုင်ယူနိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်... ကံကောင်းကြပါစေ"
လုချန်က သူတို့ မည်မျှ ကျွမ်းကျင်သည်ကို စောင့်မကြည့်တော့ဘဲ အခြားလုပ်စရာ ရှိသည်များကို လုပ်ရန် ထွက်ခွာခဲ့သည်။ ဥပမာအားဖြင့် ဟင်းလင်းပြင် တယ်လီပို့ခြင်း လျှို့ဝှက်နည်းစနစ်ကို သင်ယူခြင်းပင်။ သူက တင်ပျဉ်ခွေထိုင်လိုက်ကာ သူသင်ယူထားသော လျှို့ဝှက်နည်းစနစ်ကို ထုတ်ဖော်လိုက်သည်။
“လျှို့ဝှက်နည်းစနစ်ကို ရှာဖွေတွေ့ရှိသည်- ဟင်းလင်းပြင် တယ်လီပို့ခြင်း။ ယခု အဆင့်မြှင့်တင်မည်လား“
"အဆင့်မြှင့်မယ်" လုချန်က တိုက်ရိုက် အမိန့်ပေးလိုက်သည်။
“ ဝိညာဉ်စွမ်းရည် အမြင့်ဆုံးအဆင့် နားလည်သဘောပေါက်နိုင်စွမ်း အစပျိုးသည်။ ဟင်းလင်းပြင် တယ်လီပို့ခြင်းမှ စကြဝဠာပေါင်းစုံ ကူးသန်းခြင်း အတတ်သို့ အဆင့်မြှင့်တင်လိုက်ပါပြီ။”
“စကြဝဠာပေါင်းစုံ ကူးသန်းခြင်း အတတ်- သင်၏ စိတ်စွမ်းအား ရောက်ရှိနိုင်သော မည်သည့်နေရာသို့မဆို ချက်ချင်း ကူးသန်းရောက်ရှိနိုင်သည်။”
“ဟင်းလင်းပြင် နိယာမများကို နားလည်သဘောပေါက်ပြီးနောက် စကြဝဠာ၏ မည်သည့်နေရာ၊ သို့မဟုတ် ထိုထက်ပိုဝေးသော နေရာများသို့ပါ တယ်လီပို့ရန်အတွက် ဟင်းလင်းပြင် တည်နေရာပြ ကိန်းဂဏန်းများကိုသာ သိရှိရန် လိုအပ်တော့သည်။”
"ကောင်းပြီ ဒါဆိုရင် မနက်ဖြန်ကျရင် ငါ ကြိုက်တဲ့ သားရဲတွေဆီကို ကြိုက်တဲ့အချိန်မှာ ချက်ချင်း ရောက်သွားနိုင်ပြီပေါ့"
လုချန်က မရယ်ဘဲ မနေနိုင်တော့ပေ။ ယခုအခါ ညနေစောင်းနေပြီ ဖြစ်သည်။ လုချန်က မဟာမိတ်အဖွဲ့တွင် ရှိနေသေးသော လော့နျန်ဝေကို ဖုန်းဆက်ကာ တံခါးဝသို့ ထွက်လာရန် ပြောလိုက်သည်။ ထို့နောက် သူမ၏ ခါးကို ဖက်ကာ အဝေးသို့ ပျံသန်းထွက်ခွာသွားခဲ့သည်။ သူတို့က ကောင်းကင်ပေါ်မှနေ၍ မြို့ပြ၏ ညရှုခင်းကို ငုံ့ကြည့်လိုက်ကြသည်။ မိုးမျှော်တိုက်ကြီးများနှင့် နီယွန်မီးရောင်စုံများ ထွန်းညှိထားသော မြင်ကွင်းမှာ ကောင်းကင်ဘုံကဲ့သို့ပင်။ သူ၏ ဘေးနားရှိ မိန်းကလေးမှာ သူ၏ ချစ်သူ ဖြစ်သည်။ ညအမှောင်ထဲတွင် သူမက ထူးခြားစွာ လှပနေပြီး နတ်သမီးတစ်ပါးကဲ့သို့ပင်။
သူက သူမကို ကြည့်လိုက်သည်။ လော့နျန်ဝေက သူ၏ တောက်လောင်နေသော အကြည့်များကို ခံစားမိသဖြင့် ခေါင်းမော့မကြည့်ရဲပေ။ သူမ၏ ရင်ခုန်သံများ ပေါက်ကွဲထွက်သွားမည်ကို သူမ စိုးရိမ်နေမိသည်။ ကောင်မလေး၏ အပြစ်ဆိုဖွယ်မရှိသော လည်တိုင်လေးနှင့် နီရဲနေသော နှုတ်ခမ်းလွှာလေးများကို မြင်လိုက်ရသည့်အခါ လုချန်က မိမိကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ သူမအား နက်နက်ရှိုင်းရှိုင်း နမ်းရှိုက်လိုက်ပါတော့သည်။
***