တိတ်ဆိတ်ငြိမ်သက်နေမှုကြားတွင် အချို့သော လူများ၏ မျက်နှာမှာ မနာလိုဝန်တိုမှုများကြောင့် ရှုံ့မဲ့နေကြသည်။ သူတို့မှာ လုချန် ယခင်ဘဝကတည်းက သိခဲ့သော သူတစ်ပါး ကောင်းစားမှာကို မကြည့်ချင်သည့် လူစားမျိုးများပင်။ မိမိအတွက် အကျိုးမရှိဘဲ သူတစ်ပါး ပျက်စီးတာကိုသာ လိုလားသူများ ဖြစ်သည်။ သူတို့က သူတစ်ပါး ကောင်းမွန်စွာ နေထိုင်ရသည်ထက် အတူတူ သေရသည်ကို ပို၍ လိုလားကြသည်။ လုချန်က သူတို့၏ မျက်လုံးထဲရှိ မုန်းတီးမှုများကို သတိပြုမိလိုက်ပြီး အေးစက်စွာ တွေးလိုက်သည်။
"မင်းတို့ တိုက်ပွဲမှာ အစွမ်းကုန် ကြိုးစားကြတာ အကောင်းဆုံး ဖြစ်လိမ့်မယ်... မဟုတ်ရင်တော့ ငါ့လက်နဲ့ပဲ မင်းတို့ကို လမ်းခွဲပေးလိုက်ဖို့ ဝန်လေးမှာ မဟုတ်ဘူး"
သဲကန္တာရ၏ တစ်ဖက်ခြမ်းတွင် မီတာရာချီ မြင့်မားသော ဧရာမ တောဝက်ဝံကြီး တစ်ကောင် ရပ်နေသည်။ ၎င်း၏ အမွေးအမျှင် တစ်ခုချင်းစီမှာ လက်ချောင်းတစ်ချောင်းခန့် ထူထဲနေပြီး ဒုံးပျံလောင်ချာများကဲ့သို့ စီတန်းနေသည်။ ၎င်းမှာ အဆင့်B ဒသမအလွှာ သားရဲတစ်ကောင် ဖြစ်သည်။ ၎င်း၏ ဘေးတွင် တောင်ကုန်းတစ်ခုခန့် အရွယ်အစားရှိသော ဧရာမ ဆင်ကြီးတစ်ကောင်နှင့် နှစ်ထပ်တိုက်ခန့် မြင့်မားသော မီးတောက်ကျားကြီး တစ်ကောင်လည်း ရှိနေသည်။ တစ်ကောင်ချင်းစီက ပြင်းထန်သော ဖိအားများကို ထုတ်လွှတ်နေပြီး သတ်ဖြတ်လိုသော အငွေ့အသက်များမှာ ကောင်းကင်သို့ ဒုန်းစိုင်းတက်နေသည်။
ဤတစ်ကြိမ် စုရုံးလာသော ကုန်းနေသားရဲများထဲတွင် အဆင့်B သားရဲ စုစုပေါင်း ၆၄၃ ကောင် ရှိသည်။ အဆင့်-C နှင့် ထိုအောက် အဆင့်ရှိသော သားရဲများမှာမူ ရေတွက်၍ပင် မရနိုင်ပေ။ သို့သော်လည်း ဤမျှများပြားသော အရေအတွက်မှာ ရန်သူ့စစ်အင်အား စုစုပေါင်း၏ ၃ ရာခိုင်နှုန်းခန့်သာ ရှိသေးသည်။ ကောင်းကင်ယံတွင်မူ ဧရာမ သိန်းငှက်များ၊ ဂရစ်ဖင်များနှင့် မျိုးဗီဇပြောင်း ငှက်မျိုးစုံတို့ဖြင့် ပြည့်နှက်နေသည်။ ၎င်းတို့အနက် အဆင့်B ငှက်ပေါင်း ၄၀၀ ခန့် ပါဝင်သည်။
လုချန်က သူ၏ စိတ်စွမ်းအားကို ထုတ်ဖော်လိုက်သည်။ စိတ်ဝိညာဉ်စွမ်းအင်များမှာ မမြင်နိုင်သော ဒီရေလှိုင်းကြီးကဲ့သို့ အပြင်ဘက်သို့ တိုးထွက်သွားပြီး ထိုသားရဲအုပ်ကြီးထံသို့ ရိုက်ခတ်သွားသည်။ ဤသည်မှာ တရားဝင် စစ်ကြေညာလိုက်ခြင်းပင် ဖြစ်သည်။ သားရဲများကလည်း ချက်ချင်း တုံ့ပြန်လာကြသည်။ စည်းကမ်းရှိလှသော စစ်တပ်ကြီးက အရွယ်အစားမျိုးစုံရှိသော စစ်ဗျူဟာများကို ဖွဲ့စည်းလိုက်ကြသည်။ အရာအားလုံးက ထိတ်လန့်ဖွယ်ကောင်းသော တိတ်ဆိတ်မှုကြားတွင် အမိန့်တစ်ခုကို စောင့်ဆိုင်းနေကြသည်။
၎င်းတို့က ပင်လယ်ထဲမှ အမိန့်လာမည့်အချိန်ကို စောင့်နေပုံရသည်။ ထို့နောက်တွင်မူ ထောင်နှင့်သောင်းနှင့်ချီသော ပင်လယ်သားရဲများ သမုဒ္ဒရာထဲမှ ပေါ်ထွက်လာကြသည်။ ၎င်းတို့ကြားတွင် ဧရာမ မြွေနဂါးကြီး၏ ဦးခေါင်းမှာ မှောင်မည်းနေသော ရေနက်ပိုင်းထဲမှ ကြွတက်လာခဲ့သည်။
"ရှူး..."
၎င်းက ပါးစပ်ကို ဟလိုက်ရာ အာခေါင်မှ ပဲ့တင်ထပ်သံကဲ့သို့ အသံတစ်ချက် ထွက်ပေါ်လာသည်။ ၎င်းက အမိန့်ပေးလိုက်ခြင်းပင်။ ကုန်းနေသားရဲများက ထိုအမိန့်ကို ချက်ချင်း နာခံလိုက်ကြသည်။
“စတင်ကြစို့...”
၎င်းတို့က မတွေးဝံ့စရာကောင်းသော ဖိအားများ ထွက်ပေါ်လာရာ အရပ်သို့ တန်းတန်းမတ်မတ် ပြေးဝင်လာကြသည်။ တိုက်ပွဲကြီး တကယ်ကို စတင်ခဲ့သည်။
အဆုံးအစမရှိသော သားရဲလှိုင်းကြီးက ဖျက်ဆီးအားပြင်းသော ရေကြီးမှုကဲ့သို့ ရောက်ရှိလာခဲ့သည်။ ၎င်းတို့သည် မိုးကုပ်စက်ဝိုင်းတိုင်းမှ ပေါ်ထွက်လာပြီး ကမ္ဘာမြေတစ်ခုလုံးကို ဝါးမြိုမည့် ဒီရေလှိုင်းကြီးနှင့် တူလှသည်။ ၎င်းတို့မှာ သန်းနှင့်ချီသော သားရဲများ ဖြစ်ကြသည်။ သူတို့မှာ အရွယ်အစား ကြီးမားကာ ထက်မြက်သော လက်သည်း၊ သွားများနှင့် ထူထဲသော အကြေးခွံများ ရှိကြသော်လည်း အဆင့်B သားရဲများ၏ အမိန့်ကို နာခံကာ စနစ်တကျနှင့် ဟန်ချက်ညီညီ ရွှေ့လျားနေကြသည်။
ရေနက်ပိုင်းမှ ဧရာမ သတ္တဝါကြီးများ၊ ကုန်းပြင်ပေါ်က ထိတ်လန့်ဖွယ် အရှင်သခင်များနှင့် ကောင်းကင်ယံက ထိပ်သီးသားရဲများ... ဂေဟစနစ်တစ်ခုလုံး၏ အမြင့်ဆုံးသော သက်ရှိများ အားလုံး စုစည်းလာကြခြင်း ဖြစ်သည်။ ထို့အပြင် ၎င်းတို့တွင် တင်းကျပ်သော စည်းကမ်းနှင့် အဆင့်အတန်း ခွဲခြားမှုများ ရှိနေသည်။ ရှေ့ဆုံးမှ လာသည်မှာ အဆင့်F သားရဲများ ဖြစ်သည်။ ထို့နောက်တွင် အဆင့်E၊ အဆင့်D၊ အဆင့်C နှင့် အဆင့်B သားရဲများက အစဉ်လိုက် လာကြခြင်း ဖြစ်သည်။
ဤသည်မှာ ဗရုတ်ဗရက် သားရဲအုပ်ကြီး မဟုတ်ပေ။ ဤသည်မှာ အသိဉာဏ်ရှိသော မျိုးစိတ်နှစ်ခုကြားက စစ်ပွဲပင် ဖြစ်သည်။ ဧရာမ ပင်လယ်မြွေနဂါးကြီးမှာ ထိုအရာအားလုံးကို တည်ငြိမ်သော မျက်လုံးများဖြင့် စောင့်ကြည့်နေသည်။ ၎င်း၏ ကြီးမားလှသော ခန္ဓာကိုယ်မှာ လှိုင်းလုံးများကြားတွင် တောင်တန်းကြီးတစ်ခုကဲ့သို့ မျောပါနေသည်။ လည်ပင်းကို မြင့်မားစွာ မြှောက်ထားကာ သွေးရောင်မျက်လုံးကြီးများဖြင့် အထက်စီးမှ ငုံ့ကြည့်နေသည်။ ၎င်းအတွက်မူ ဤသည်မှာ စစ်ပွဲတစ်ခု မဟုတ်ဘဲ မျိုးတုံးသုတ်သင်ပွဲတစ်ခုသာ ဖြစ်ပေလိမ့်မည်။
၎င်း၏ အရွယ်အစားမှာ ကြီးမားလွန်းလှသဖြင့် ရှေ့တန်းကင်းစခန်းမှ အတွေ့အကြုံရင့် စစ်သည်တော်ကြီးများပင် ခြေထောက်များ ထုံကျင်ကုန်ကြသည်။ လွန်ခဲ့သော နာရီအနည်းငယ်က စိတ်အားထက်သန်နေခဲ့သော စစ်သားများမှာ ယခုအခါ ကြောက်ရွံ့မှုကြောင့် မလှုပ်နိုင်ဘဲ ဖြစ်နေကြရသည်။ လက်နက်ကို ဆုပ်ကိုင်ထားသော လက်များမှာ တုန်ယင်နေပြီး ကျောက်သားကဲ့သို့ တင်းမာနေသော မျက်နှာပေါ်မှ မျက်ရည်များမှာ အလိုအလျောက် စီးကျလာသည်။ ဤသည်မှာ ကြောက်ရွံ့မှုကြောင့် မဟုတ်ဘဲ ဤမျှ ကြီးမားသော သက်ရှိကြီးကို မြင်လိုက်ရသည့် မျိုးရိုးဗီဇဆိုင်ရာ တုံ့ပြန်မှုကြောင့် ဖြစ်သည်။
သက်ရှိကြီးတစ်ခုက သင့်ရှေ့တွင် ရပ်နေသည့်အခါ သင့်ခန္ဓာကိုယ်မှာ သင့်ထိန်းချုပ်မှုအောက်တွင် မရှိတော့ပေ။ လေ့ကျင့်မှုများ၊ ယုံကြည်ချက်များနှင့် မျှော်လင့်ချက်များ အားလုံးမှာ ရက်စက်လှသော လက်တွေ့ဘဝ၏ ဖိနှိပ်မှုအောက်တွင် ပြိုလဲသွားခဲ့သည်။
ဂငါ့ရဲ့ စွမ်းရည်တွေက တကယ်ကို မလုံလောက်ခဲ့ပါလား...”
ခိုလှုံရာနေရာ အသီးသီးရှိ သန်းနှင့်ချီသော ပြည်သူများက မျက်လုံးများ ပြူးကျယ်လျက် Screenပေါ်က ပုံရိပ်များကို ငေးကြည့်နေကြမိသည်။ ကလေးငယ်များက သူတို့၏ မိခင်များကို တင်းကျပ်စွာ ဖက်ထားကြပြီး လူကြီးများမှာမူ တုန်ယင်လျက် ပါးစပ်များကို လက်ဖြင့် ပိတ်ထားကြသည်။ အချို့သော ထောင့်တစ်နေရာတွင်မူ အမျိုးသမီးတစ်ဦးမှာ မအောင့်နိုင်တော့ဘဲ ကြေကွဲစွာ ရှိုက်ကြီးတငင် ငိုချလိုက်ပါတော့သည်။ ထိုငိုသံမှာ တိတ်ဆိတ်နေသော ဗုံးခိုကျင်းထဲတွင် ပဲ့တင်ထပ်သွားသည်။
“လူသားမျိုးနွယ်မှာ ပျက်စီးကိန်း ဆိုက်နေပြီလား... ဒီလိုသားရဲမျိုးကို ဘယ်သူက တိုက်နိုင်မှာလဲ... မိုးကုပ်စက်ဝိုင်းတစ်ခုလုံးကို ပိတ်ထားတဲ့ ဒီကြောက်စရာကောင်းတဲ့ စစ်တပ်ကြီးကို ဘယ်သူက ရင်ဆိုင်နိုင်မှာလဲ...”
လျိုချန်၊ ရှောင်ဝမ်လုံနှင့် လုဟုန်တောက်တို့ပင်လျှင် စကားမဆိုနိုင်ဘဲ ဖြစ်နေကြရသည်။ ဤအခိုက်အတန့်တွင် အောက်ခြေစစ်သားများ မည်သို့ ခံစားနေရသည်ကို သူတို့ အပြည့်အဝ နားလည်သွားကြသည်။ မျှော်လင့်ချက်မဲ့ခြင်း... ဤမျှ ကြီးမားသော စွမ်းအားရှေ့တွင် သူတို့ အရင်က လုပ်ဆောင်ခဲ့သမျှမှာ ဘာမှမဟုတ်သကဲ့သို့ ဖြစ်နေသည်။
လုချန်က ရှေ့ဆုံးတွင် ရပ်နေသည်။ သူ၏ မျက်နှာကို ထွက်ပေါ်လာသော နေရောင်ခြည်က ဖြတ်သန်းနေသည်။ သူက ထိုသားရဲကြီးကို ကြည့်လိုက်သည်။ အကယ်၍ ဤကောင်များသာ လူသားစစ်တပ်ဆီ အရင်ရောက်သွားပါက နောက်ကျသွားပေလိမ့်မည်။ သန်းနှင့်ချီသော စစ်သားများမှာ တိုက်ပွဲမစရသေးခင်မှာပင် ကြောက်ရွံ့တုန်လှုပ်သွားကြပြီး ရက်စက်လှသော သားရဲလှိုင်းအောက်တွင် နင်းချေခံရကာ အပိုင်းပိုင်း ပြတ်သွားပေလိမ့်မည်။
သူက ဤသို့ အဖြစ်မခံနိုင်ပေ။ သူက မျက်လုံးများကို မှိတ်လိုက်သည်။ ကမ္ဘာပျက်တော့မည့် အလား တိတ်ဆိတ်နေသော အခိုက်အတန့်လေးတွင် သူက အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။ ထို့နောက် စိတ်ထဲမှနေ၍ အမိန့်တစ်ခုကို တိတ်တဆိတ် ထုတ်ပြန်လိုက်သည်။ ကိုယ်ပွား ၂,၀၀၀က အရပ်မျက်နှာ အသီးသီးသို့ ပျံထွက်သွားကြသည်။ ကိုယ်ပွားတစ်ခုချင်းစီမှာ ဓာတ်သဘာဝ ကိုယ်ရံချပ်ဝတ်များ ဝတ်ဆင်ထားကာ နံနက်ခင်း အလင်းရောင်ကြားတွင် လျင်မြန်စွာ လှုပ်ရှားသွားကြသည်။
ထိုအချိန်တွင် နေမှာ အပြည့်အဝ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ သူSystemကို ဖွင့်ကာ Sign-in ထပ်မံ ဝင်လိုက်ပြန်သည်။
အမည် - လုချန် ခွန်အား - ၁၉.၂၇၈ ဘီလီယံ စိတ်ဝိညာဉ် - ၁၉.၂၇၈ ဘီလီယံ ဝိညာဉ်စွမ်းရည် - အမြင့်ဆုံးအဆင့် နားလည်သဘောပေါက်နိုင်စွမ်း
သူ၏ အခြေခံခွန်အားမှာ တန်ချိန် ၁၅၃.၇ ဘီလီယံသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သူ၏ ကိုယ်ပွားများ၏ စွမ်းအားမှာလည်း နှစ်ဆ တိုးသွားခဲ့သည်။ ယခုအခါ ထိုကိုယ်ပွား တစ်ခုချင်းစီတွင် အဆင့်B ပဉ္စမအလွှာ စစ်သည်တော်တစ်ဦးနှင့် ညီမျှသော အခြေခံခွန်အား ရှိနေပြီ ဖြစ်သည်။ဤသည်မှာ လုံလောက်သည်ထက်ပင် ပိုနေသေးသည်။ နောက်ထပ် လုပ်ဆောင်ရမည့် အဆင့်များအတွက် အပြည့်အဝ အဆင်သင့် ဖြစ်နေသည်။
***