လီရှီသုန်းမှာမူ စိတ်နှလုံးထဲကတိုင် ယဲ့ချန်းကို ကျေးဇူးတင်နေမိသည်။
ယဲ့ချန်းက သူ(မ)မိခင်၏အသက်ကို ကယ်တင်ခဲ့ရုံသာမက သူ(မ)တို့မိသားစုတစ်ခုလုံးကို ကယ်တင်ခဲ့သည်ဟုပင် ဆိုနိုင်သည်။
လီရှီသုန်းက ဆက်ပြောလိုက်၏။
"အစ်ကိုယဲ့ချန်း... အစ်ကိုက ကျွန်မတို့ မိသားစုရဲ့ ကျေးဇူးရှင်ပါ။ ဒါကြောင့် ဒီကျေးဇူးတင်စကားက ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ပြောတာပါ။ ကျွန်မက တော်တော်တုံးအပြီး အစ်ကို့ကို ဘယ်လိုမှ ကျေးဇူးမဆပ်နိုင်ပေမဲ့ပေါ့"
ယဲ့ချန်းက လီရှီသုန်း၏ လေးနက်နေလေဟန် အမူအရာကိုကြည့်၍ ကူကယ်ရာမဲ့ဟန်ဖြင့် ပြုံးလိုက်သည်။
"ကဲပါ... မင်းရဲ့ကျေးဇူးတင်စကားကို ကိုယ် လက်ခံရရှိပါပြီ။ အဲဒါဆို လုံလောက်ပါပြီ။ မင်း အထဲပြန်ဝင်ပြီး အန်တီ့အနားမှာ သွားနေပေးလိုက်တော့လေ။ ကိုယ်လည်း ပြန်တော့မယ်"
ယဲ့ချန်း ကားထဲဝင်ရန် ပြင်လိုက်စဉ်မှာပင် လီရှီသုန်းက သူ့ကို အနောက်မှ ဆွဲထားသည်။
"အစ်ကိုယဲ့ချန်း... ခဏလေး"
ယဲ့ချန်းလည်း လီရှီသုန်းကို ကြည့်ကာ နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
"ဘာဖြစ်လို့လဲ။ ကိစ္စရှိသေးလို့လား"
ထိုအချိန်တွင် လီရှီသုန်းက ယဲ့ချန်းအနားသို့ ရုတ်တရက်တိုးကပ်လာပြီး ခြေဖျားထောက်ကာ သူ့ပါးပြင်ထက်တွင် စိုစွတ်သော အနမ်းတစ်ပွင့်ကို ဖန်တီးလိုက်သည်။
ယဲ့ချန်းမှာ အံ့အားသင့်သွားပြီး မျက်နှာတစ်ခုလုံး ရဲရဲနီနေသော လီရှီသုန်းကို ကြည့်လိုက်မိသည်။
ဒီကောင်မလေးက အခု ငါ့ကို အကွက်ရွှေ့လိုက်တာလား။
ယဲ့ချန်းခမျာ အနေခက်ဟန်ဖြင့် ရယ်မောလိုက်၏။
"ဒါက ကိုယ့်အတွက် မင်းပေးတဲ့ဆုလာဘ်လား"
"ဟုတ်ပါတယ် အစ်ကိုယဲ့ချန်း။ ရှင်က အရမ်းချောပြီး ချမ်းသာတဲ့လူဆိုတော့ ရည်းစားရှိနေလောက်ပြီဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျွန်မ ဂရုမစိုက်ပါဘူး။ ရှင်က ကျွန်မရဲ့ ကျေးဇူးရှင်ပါ။ ရှင်က ကျွန်မနဲ့ ကျွန်မအမေကို ကယ်တင်ခဲ့တာဆိုတော့ ကျွန်မ ရှင့်မယားငယ်အဖြစ်နေဖို့ ဆန္ဒရှိပါတယ်"
ယဲ့ချန်းခမျာ နားထောင်ရင်း ဆွံ့အသွားသည်။
သူက ခပ်ယဲ့ယဲ့ ရယ်မောလိုက်သည်။
"ရှီသုန်း... မင်းက အရမ်းလှတာနော်။ ပြီးတော့ တက္ကသိုလ်တောင် မပြီးသေးဘူး။ ဒီလိုလုပ်စရာ မလိုပါဘူး"
လီရှီသုန်းက ခေါင်းခါယမ်းလိုက်၏။
"ကျွန်မ ဂရုမစိုက်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်မ အစ်ကို့ကို သဘောကျလို့"
လီရှီသုန်း၏ မျက်နှာထက်ရှိ ပြတ်သားခိုင်မာသော အမူအရာကိုကြည့်၍ ယဲ့ချန်း ဘာပြောရမှန်း မသိတော့ပေ။
အိမ်သို့ ကားမောင်းပြန်လာစဉ် ယဲ့ချန်းက သက်ပြင်းဖွဖွချလိုက်မိသည်။
လီရှီသုန်းကို သူ ငြင်းပယ်လိုက်လျှင် သူ(မ) တကယ်ဝမ်းနည်းသွားနိုင်ကြောင်း သူ သိထားသည်။
ယဲ့ချန်းက ဈေးဝယ်စင်တာသို့ ကားမောင်းသွားလိုက်သည်။
He originally wanted to buy something to eat at home as a late-night snack.
အစကတော့ အိမ်တွင် ညစာစားရန် တစ်ခုခုဝယ်ဖို့ စဉ်းစားထားခြင်းပင်။
သို့သော် သူ ကားရပ်လိုက်သည်နှင့်တစ်ပြိုင်နက် သာယာလှသော အသံတစ်ခုက နားထဲသို့ ဝင်ရောက်လာသည်။
"ဟေ့ အချောလေး... ခင်လို့ရလား"
ယဲ့ချန်းလည်း အသံလာရာသို့ လှည့်ကြည့်လိုက်သောအခါ ရုပ်ရည်ရမှတ်ရှစ်ဆယ်ခန့်ရှိသော မျက်နှာနှင့် အရပ်ခပ်ရှည်ရှည် အမျိုးသမီးတစ်ယောက်က သူ့ကို ညှို့ဓာတ်ပြင်းသော မျက်လုံးများဖြင့် ကြည့်နေကြောင်း မြင်လိုက်ရသည်။
သို့သော် ထိုမိန်းကလေး၏ မျက်နှာမှာ ခွဲစိတ်ပြုပြင်ထားသော ပုံမှန်ဆယ်လီတစ်ယောက်၏ မျက်နှာမျိုးဖြစ်ကြောင်း ယဲ့ချန်း ချက်ချင်းသိလိုက်သည်။
သူ့လိုင်ကန်ပြိုင်ကားက ဤမိန်းကလေးကို ဆွဲဆောင်လိုက်သဖြင့် သူ့ကို ပေါ်တင်လာကြူနေခြင်းဖြစ်၏။
ယဲ့ချန်းခမျာ ကူကယ်ရာမဲ့ဟန်ဖြင့် ခေါင်းခါယမ်းလိုက်မိသည်။
ဟူး... အရမ်းချောနေတာကလည်း တစ်ဒုက္ခပဲ။
သူ့အပေါ်ထားသော မိန်းကလေး၏ သဘောကျမှုအမှတ်ကို ယဲ့ချန်း ကြည့်လိုက်လေရာ ၉၂မှတ်အထိ ရောက်နေပေသည်။
အမှတ်၉၀အထက်ရှိသော မည်သည့်အရာမဆို အခြေခံအားဖြင့် ချစ်သူအဆင့်သို့ ရောက်ရှိနေပြီဖြစ်၏။
လီရှီသုန်း သူ့အပေါ်ထားသော သဘောကျမှုရမှတ်ပင် ကိုးဆယ်သာရှိ၏။ ဤမိန်းမက မြင်မြင်ချင်း ချစ်မိသွားလေသလား။
ဤအမှတ်နှင့်ဆိုလျှင် ယဲ့ချန်းသာ လိုချင်ပါက သူ(မ)က သူနှင့် ရင်းနှီးကျွမ်းဝင်နိုင်မည့် ပွဲတစ်ပွဲဆင်နွှဲရန် ချက်ချင်းသဘောတူပေလိမ့်မည်။
သို့သော် ယဲ့ချန်း ထိုမိန်းကလေး၏ ကိုယ်ရေးအကျဉ်းကို ကြည့်လိုက်သောအခါ သူ(မ)၏ သဘောကျမှုရမှတ်က အဘယ်ကြောင့် ၉၂မှတ်ဖြစ်နေရကြောင်း နောက်ဆုံးတွင် နားလည်သွားသည်။ ဤမိန်းကလေးသည် ဖောက်ပြန်တတ်သူတစ်ယောက်ပင်။
"ဟေ့ အချောလေး... ရှင် တစ်ယောက်တည်းနဲ့တူတယ်။ အဖော်လိုသေးလား"
ထိုမိန်းကလေးက မြူဆွယ်လေဟန် အမူအရာအပြည့်ဖြင့် ယဲ့ချန်းကို ချိုသာစွာ ပြုံးပြလိုက်သည်။
သူ(မ)အနေနှင့် သူ့ကို အပိုင်သိမ်းနိုင်မည်ဟု ယုံကြည်မှုအပြည့်ရှိနေကြောင်း သိသာလှသည်။
သို့သော် သူ(မ) အထင်မှားသွားလေပြီ။
"ရပါတယ်။ ကျေးဇူးပဲ။ မလိုပါဘူး"
ယဲ့ချန်းကမူ ငြင်းပယ်လိုက်သည်။
"ကဲပါ မောင်လေးရယ်.. အရမ်းအသည်းမမာစမ်းပါနဲ့။ မင်းက ကားမောင်းကျွမ်းကျင်တဲ့ ဝါရင့်ဒရိုင်ဘာတစ်ယောက်ဖြစ်မယ်ဆိုတာ ငါ လောင်းရဲတယ်"
"ဆောရီးပဲ။ ကျွန်တော်လိုင်စင်ရတာ မကြာသေးဘူး။ ကားမောင်းတာ သိပ်မကျွမ်းကျင်သေးဘူး"
ယဲ့ချန်း၏ အမူအရာက အေးစက်စက်သာ။
ထိုမိန်းကလေးက ဆက်ပြောပြန်သည်။
"မောင်လေး... ငါတို့ ဝီချက်မှာ အပ်ထားရအောင်။ သူငယ်ချင်းလုပ်လို့ရမလား"
"ဆောရီးပဲ။ ကျွန်တော့်ရည်းစားက အရမ်းစည်းကမ်းကြီးတယ်။ သူက ကျွန်တော် သူစိမ်းမိန်းမတွေကို အပ်ထားလားဆိုတာ သိရအောင် နေ့တိုင်း ဖုန်းစစ်တတ်တယ်။ အဲဒါကြောင့် မလုပ်တာပဲ ကောင်းပါတယ်"
ယဲ့ချန်းဘက်က ငြင်းလိုက်သဖြင့် ထိုမိန်းကလေးမှာ အနည်းငယ်မပျော်မရွှင်ဖြစ်သွားသည်။
"ကဲပါ မောင်လေးရာ... ငါက အရမ်း လိမ္မာပါတယ်။ မင်းကို ချောတယ်ထင်လို့ သူငယ်ချင်းဖြစ်ချင်ရုံလေးပါ"
ယဲ့ချန်းကမူ ခေါင်းခါလိုက်၏။
"ဆောရီးပဲ။ တကယ်တော့ ကျွန်တော်က အရမ်းဆင်းရဲတာ။ ဒီပြိုင်ကားက ကျွန်တော့်သူဌေးကားပါ။ ကျွန်တော်က ဒီအတိုင်းကြွားချင်လို့ မောင်းလာတာ"
ယဲ့ချန်း၏စကားကို ကြားသောအခါ ထိုမိန်းကလေးလည်း သူ့အပေါ်ထားသော စိတ်ဝင်စားမှု ရုတ်တရက်ပျောက်ဆုံးသွားသည်။
သေချာကြည့်လိုက်သောအခါ သဘောကျမှုရမှတ်က သုံးဆယ်သို့ ကျဆင်းသွားသည်။
သေစမ်း... ဒီမိန်းမက တကယ်ဖောက်ပြန်လွယ်တာပဲ။
"ဟွန်း... စိန်အဆင့်လူပျိုလေး မှတ်နေတာ။ တကယ့်တော့ မွဲတေနေတဲ့ဒရိုင်ဘာကိုး... ငါ့ခံစားချက်တွေပဲ အလဟဿဖြစ်တယ်"
ထိုအမျိုးသမီး ထွက်သွားရန်ပြင်လိုက်ချိန်ဝယ် ရိုးရွိုက်စ်ကားတစ်စီးက ယဲ့ချန်းရှေ့တွင် ထိုးရပ်လိုက်သည်။
"မစ္စတာယဲ့... ဘယ်သွားမလို့လဲ"
ယဲ့ချန်း တစ်ချက်ကြည့်လိုက်လေရာ အစ်ကိုမားဖြစ်နေပေသည်။
"သြော်... စူပါမားကတ်မှာ ပစ္စည်းတစ်ခုသွားဝယ်မလို့ပါ"
"ဟုတ်သားပဲ။ ကျွန်တော်တို့မှာ နှစ်ကုန် ဒါရိုက်တာအဖွဲ့ အစည်းအဝေးရှိတယ်။ ခင်ဗျား မဖြစ်မနေတက်ရမယ်နော်။ ခင်ဗျားက ကျွန်တော်တို့ကုမ္ပဏီရဲ့ အဓိကရှယ်ယာရှင်ဆိုတော့လေ"
"ကောင်းပါပြီ။ ကျွန်တော် သေချာပေါက် လာခဲ့ပါ့မယ်"
"အခုတော့ ကျွန်တော် အစည်းအဝေးသွားရတော့မယ်"
ရိုးရွိုက်စ်ကားက အရှိန်ဖြင့် မောင်းထွက်သွားသည်။
ရင်းနှီးနေသောမျက်နှာကို ကြည့်ရင်း ထိုအမျိုးသမီးခမျာ အံ့အားသင့်မှင်တက်သွားချေသည်။
ဘုရားရေ... အားလီလုပ်ငန်းစုက အစ်ကိုမားပဲ။
ပြီးတော့ အစ်ကိုမား အခုလေးတင် ဘာပြောသွားတာပါလိမ့်။
ယဲ့ချန်းက အားလီလုပ်ငန်းစုရဲ့ အဓိကရှယ်ယာရှင်တစ်ယောက်တဲ့။
ဘုရားသခင်... ဒါက ဘာအဓိပ္ပာယ်လဲ။
ယဲ့ချန်းက ဒရိုင်ဘာတစ်ယောက်မဟုတ်ဘဲထိပ်သီးပုဂ္ဂိုလ်ကြီးတစ်ယောက်ဆိုတဲ့ သဘောပဲပေါ့။
ယဲ့ချန်းက သူ(မ)ကို လုံးဝစိတ်မဝင်စားသောကြောင့်သာ သူသည် ဒရိုင်ဘာတစ်ယောက်ဖြစ်သည်ဟု ပြောလိုက်ခြင်းပင်။
ရမှတ်ရှစ်ဆယ်လောက်သာရှိသော မိန်းမ။ ထို့ပြင် ထိပ်တန်းအဆင့်ဟန်ဆောင်ကောင်းသူကို ယဲ့ချန်းက ဘယ်လိုလုပ် စိတ်ဝင်စားနိုင်မည်နည်း။
ယဲ့ချန်း အိမ်သို့ ကားမောင်းပြန်ရန် ပြင်လိုက်ချိန်မှာပင် သူ့ဖုန်းက မြည်လာသည်။
ဖုန်းကိုင်လိုက်သောအခါ ကပျာကယာအသံတစ်သံ ထွက်ပေါ်လာသည်။
"မွေးစားဖေဖေ... လူတစ်ယောက်က မေမေ့ကို အနိုင်ကျင့်နေတယ်။ လာကယ်ပါဦး"
"ဘာ... အခု အိမ်မှာလား။ မွေးစားဖေဖေ အခုချက်ချင်း လာခဲ့မယ်"
"ဟုတ်။ မြန်မြန်လာနော် ဖေဖေ"
ယဲ့ချန်းလည်း မုန့်ဝမ်ထင်၏အိမ်သို့ တန်းမောင်းသွားခဲ့သည်။
တံခါးမှာ တစ်ဝက်ပွင့်ဟနေပြီး အထဲမှ စကားများနေသည့် အသံများကို ကြားနေရသည်။
မုန့်ဝမ်ထင်က စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။
"ရှင် ကလေးကို ခေါ်သွားလို့မရဘူး"
"ဟွန်း... ဒါက ငါ့ကလေးပဲ"
တစ်ဖက်ရှိ အမျိုးသားကလည်း အေးစက်စက်ပြန်ပြောသည်။
"ရှင့်ကလေး ဟုတ်လား။ ကျွန်မအစ်မက ရှင့်ကြောင့် သေခဲ့ရတာ။ ရှင်က ကလေးကို တစ်ရက်လေးတောင် ဂရုစိုက်ဖူးလို့လား"
မုန့်ဝမ်ထင်ကလည်း ပြန်ငြင်းလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ဒါက ငါ့သွေးသားရင်းပဲ။ မင်း ကလေးကိုလိုချင်ရင် ငါ့ကို ယွမ်ငါးသန်းပေး။ အဲဒါဆိုရင် ငါ ကလေးကို မင်းဆီရောင်းပေးမယ်"
ထိုအမျိုးသားက အရှက်မရှိပြန်ပြောလေသည်။
"ရှင်က အရှက်မရှိတဲ့လူပဲ"
မုန့်ဝမ်ထင်က ကျိန်ဆဲလိုက်သည်။
ထိုအချိန်တွင် ယဲ့ချန်းက တံခါးတွန်းဖွင့်၍ အခန်းထဲသို့ ဝင်လာခဲ့သည်။
ယဲ့ချန်းကို မြင်သောအခါ ထိုအမျိုးသား၏မျက်နှာကား အေးစက်သွားသည်။
"သြော်... မင်းကလည်း မင်းအစ်မလို ရုပ်ချောတဲ့ကောင်လေးတွေကို သဘောကျတာနဲ့တူတယ်နော်"
မုန့်ဝမ်ထင်က ထိုအမျိုးသားကို လက်ညှိုးထိုး၍ အော်လိုက်သည်။
"ထွက်သွား"
"ငါ ထွက်သွားလို့ရတယ်။ ဒါပေမဲ့ ငါ့သမီးကိုတော့ ငါနဲ့အတူ ခေါ်သွားရမှာပဲ"
ထိုအမျိုးသားက လှောင်ပြောင်လေဟန်ဖြင့် ပြောလိုက်သည်။
"ရှင်က တော်တော်အရှက်မရှိတာပဲ။ အရင်က ရှင် လောင်းကစားလုပ်တုန်းက ကျွန်မအစ်မက ရှင့်အကြွေးတွေဆပ်ဖို့ ကြိုးစားရင်း ကားအက်ဆီးဒင့်ဖြစ်ပြီး သေခဲ့ရတယ်။ ရှင်ကတော့ တစ်လအရွယ် ကလေးလေးအတွက် ဘာမှမလုပ်ပေးခဲ့ဘူးလေ။ အခု ကလေးအရွယ်ရောက်လာတော့မှ ရှင်က သူ့ကို ပြန်လိုချင်နေတယ်ပေါ့။ ကိုယ့်ကလေးကို ကုန်ပစ္စည်းတစ်ခုလို ဆက်ဆံနေတာ။ ရှင်က လူရော ဟုတ်သေးရဲ့လား"
ယခုဆိုလျှင် ယဲ့ချန်း အခြေအနေကို အကြမ်းဖျင်း နားလည်သွားပြီဖြစ်၏။
ဒီကောင်က လောင်းကစားစွဲနေတဲ့ကောင်ပဲ။
သူ့မိန်းမထက် လောင်းကစားကိုစွဲလမ်းပြီး တစ်လအရွယ် ကလေးလေးကို ဂရုမစိုက်ဘဲ ပစ်ထားခဲ့သည်။ ယခု ကလေး ကြီးလာတော့မှ ငွေညှစ်ချင်နေခြင်းပင်။
ယဲ့ချန်း၏ မျက်လုံးများမှာ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ ဤအမှိုက်ကောင်ကို သူ လိုချင်သလို လုပ်ခွင့်ပေးရန် အကြောင်းမရှိပေ။
ရှောင်မေ့က ယဲ့ချန်း၏အနောက်တွင် ကြောက်ရွံ့စွာ ပုန်းကွယ်နေချေသည်။
"သူက သမီးဖေဖေမဟုတ်ဘူး။ မေ့မေ့ သူ့နောက်ကို မလိုက်သွားချင်ဘူး"
ယဲ့ချန်းက ရှောင်မေ့၏ မျက်နှာလေးကို ပွတ်သပ်လိုက်သည်။
"စိတ်မပူပါနဲ့ ရှောင်မေ့ရယ်.. ဦးဦးရှိနေသရွေ့ ဘယ်သူမှ သမီးကိုခေါ်သွားလို့မရဘူး"
ရှောင်မေ့ကို ဤလူ့လက်ထဲ အပါမခံနိုင်ပေ။ ဤသို့သော လူများမှာ လောင်းကစားကို စွဲလမ်းနေကြောင်း ယဲ့ချန်းသိသည်။ အကယ်၍ ရှောင်မေ့ကို သူ့ထံ ပေးလိုက်ပါက သူသည် ရှောင်မေ့ကို အချိန်တိုအတွင်း လူကုန်ကူးသူများထံ ရောင်းစားပစ်ပေလိမ့်မည်။
ဤသို့သော အမှိုက်ကောင်မျိုးကို ပညာပေးမှဖြစ်မည်။
•••••••••••••••••
***