စင်မြင့်ကို ဆေးကြောခဲ့ပြီးသည့်နောက်တွင်၊ ကွေ့ရှန်ယွမ်မှာ တဖန်ပြန်၍ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
စုမူယွဲ့သည် ထိုနေရာတွင် ရပ်နေခဲ့ပြီး၊ ယခင်က ဖြစ်ရပ်များကို ပြန်လည်တွေးတောစဥ်းစားနေသကဲ့သို့ ဖြစ်နေခဲ့သည်။
“ မမလေး ဘာတွေတွေးနေတာလဲ “ လူအိုကြီးတစ်ဦး ချဥ်းကပ်လာကာ၊ မအောင့်ထားနိုင်တော့ဘဲ၊ မေးမြန်းလာခဲ့သည်။
“ လုချန်ရှန်းအကြောင်း စဥ်းစားနေတာပါ “
“ သူနဲ့ပတ်သက်ပြီးတော့ တစ်ခုခုမှားနေလို့လား “ လူအိုကြီးမှ မေးမြန်းလာခဲ့သည်။
စုမူယွဲ့မှ ပြန်ပြောလာခဲ့သည် “ အကြီးအကဲချီ၊ ရှင်သူ့ကို ဘယ်လိုမြင်လဲ “
လူအိုကြီးသည် အချိန်အတော်ကြာ တွေးတောစဥ်းစားနေခဲ့ပြီးမှ၊ စကားတစ်ခွန်းသာ ပြန်ပြောလာခဲ့သည်။
“ သူက လူပေါ့ကြော့ပဲ “
“ ရှင်လည်း အဲ့လိုပဲထင်တာလား “
“ ဒီနေ့ဖြစ်ရပ်ကို ဖယ်ထားလိုက်မယ်ဆိုရင်တောင်မှ၊ ကန်းယွင်ဂိုဏ်းတစ်ခုလုံးမှာ မသိတဲ့လူ ဘယ်သူရှိလို့လဲ။ သူက တစ်ခုခုကို ဖုံးကွယ်ထားတယ်လို့ ငါထင်နေခဲ့ဖူးတယ်၊ သူ့နောက်ကိုတောင် တိတ်တိတ်လေး လိုက်သွားခဲ့ဖူးတယ်၊ ဒါပင်မဲ့ သူလုပ်နေတဲ့ အရာအားလုံးက လက်ဖက်ရည်သောက်တာ၊ အိပ်တာနဲ့ လမ်းသလားနေတာတွေပဲ၊ ဘာကိုမှ အလေးအနက် မထားသလောက်ပဲ “
လူအိုကြီးသည် နှစ်ပေါင်းများစွာ စောင့်ကြည့်နေခဲ့သည့် သူ၏လေ့လာတွေ့ရှိမှုကို ပြောပြနေခဲ့သည်။
ထို့အပြင် အရှေ့မှ ဝင်ပေါက်တွင် အထူးမှော်အစီအရင်တစ်ခု ရှိနေခဲ့ပြီး၊ ၎င်းသည် ၎င်းကို ဖြတ်၍ လမ်းလျှောက်လာသူတိုင်း၏ ကျင့်ကြံရေး အဆင့်များကို ဖော်ထုတ်ပြသပေးနိုင်စွမ်းရှိသည်။
လုချန်ရှန်းသည် ဤနေရာသို့ အမြဲလာလေ့ရှိသော်လည်း အချိန်တိုင်းတွင် တူညီမနေခဲ့ပေ။
လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က သူသည် ချီသန့်စင်ခြင်း အဆင့်တွင် ရှိနေခဲ့ပြီး၊ ချီစုစည်းဖြင်း အဆင့်၁၊ အဆင့်၂နှင့် ယခုလက်ရှိ အချိန်တွင် အဆင့်၃သို့ ရောက်ရှိနေခဲ့သည်။
ကိုယ်ပိုင်တပည့်များကို မဆိုထားနှင့်၊ သူသည် ကန်းယွင်ဂိုဏ်း၏ အတွင်းဂိုဏ်းတပည့်များထပ်ပင် နိမ့်ကျနေသေးသည်။
စုမူယွဲ့မှ စကားထပ်ပြောလာခဲ့သည် “ အဲ့လူက မရိုးရှင်းဘူးလို့ ကျွန်မ အမြဲလိုလို ခံစားနေခဲ့ရတယ်၊ တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းတယ် “
လူအိုကြီးသည် မည်သည့်စကားမှ ပြောမနေတော့ဘဲ၊ သတိပေးရုံသာ ပေးလာခဲ့သည် “ အရေးကြီးကိစ္စတွေကို မမေ့သရွေ့၊ မမလေး စိတ်ဝင်စားတယ်ဆိုတာက အဆင်ပြေပါတယ်။ ကန်းယွမ်ကားချပ်ကို ရကိုရမှ ဖြစ်မယ် “
“ ကျွန်မသိပါတယ် “ စုမူယွဲ့မှ ခေါင်းငြိမ့်ပြလိုက်သည်။
တစ်ချိန်တည်းမှာပင် လုချန်ရှန်းသည် အူတိုင်ဖွဲ့စည်းခြင်း ကျင့်ကြံသူများကို တိတ်တဆိတ် စောင့်ကြည့်နေလျက်ရှိသည်။
အစပိုင်းတွင် မည်သူမှ စကားမပြောခဲ့ကြပေ၊ သို့သော ထို့နောက်တွင် ရှီဖုန်းသည် ခြံဝင်းအတွင်းသို့ သယ်ဆောင်ခံခဲ့ရသည်။
သူ့ကို ထိုကဲ့သို့သော အခြေအနေဖြင့် မြင်လိုက်ရသောအခါတွင် ကျင့်ကြံသူများ မျက်မှောင်ကြုတ်သွားခဲ့သည်။
ထိုလူသုံးဦးအနက်မှ တစ်ဦးက စကားစပြောလာခဲ့သည် “ သူ့ရဲ့ ဒဏ်ရာတွေကို ကုပေးဖို့ သယ်သွားလိုက် “
“ ဟုတ် “
ရှီဖုန်း ထွက်သွားသည်ကို စောင့်ကြည့်နေရင်းဖြင့်၊ တစ်စုံတစ်ဦးမှ စကားထပ်ပြောလာခဲ့သည် “ အဲ့ဒီ လုချန်ရှန်းက ………………. တကယ် ထူးခြားတာပဲ “
သူသည် ယခုလေးတင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်အား မည်ကဲ့သို့ ဖော်ပြရမှန်းမသိ ဖြစ်နေခဲ့သည်။
အမျိုးသမီးတစ်ဦးကြောင့် အချင်းများနေသည့် လူငယ်နှစ်ဦး၏ သာမန်ဇာတ်လမ်းတွင် နှစ်ဦးနှစ်ဖက် ရင်ဆိုင်ထိတွေ့ကြသည်က ပုံမှန်ပင် ဖြစ်သည်။
ယခုတွင်လည်း ထိုအတိုင်းသာ ဖြစ်သွားခဲ့သည်၊ သို့သော် လူတစ်စုက ရှီဖုန်းကို အုပ်စုဖွဲ့၍ ရိုက်နှက်နေခဲ့ခြင်းသာ ဖြစ်သည်။
“ အစကတော့ လုချန်ရှန်းကို ရိုက်နှက်ပြီး၊ ကျိုးချင်ယုကို ဆွဲထုတ်ပြီးတော့ သူ့ရဲ့ အတိမ်အနက် စမ်းသပ်ဖို့ စီစဥ်ထားခဲ့တာပဲ၊ ဒါပင်မဲ့ သူက အကူအညီခေါ်လိုက်မယ်လို့ ငါတို့ မတွေးထားခဲ့မိဘူး “
“ အဲ့တာက အံ့ဩစရာတော့ မဟုတ်ပါဘူး “
“ ဘာလို့တုန်းဟ “
“ လုချန်ရှန်းရဲ့ ကျင့်ကြံရေးက ချီစုစည်းခြင်း အဆင့်၃မှာပဲ ရှိနေသေးတယ်လေ။ ရှီဖုန်းကို မတိုက်ခိုက်တာက သူအရူးမဟုတ်ဆိုတာကို သက်သေပြနေတယ်။ သူ့လိုလူမျိုးဆီမှာ ဘယ်လိုလုပ် စိတ်ဓာတ်ကောင်းရှိနေမှာလဲ၊ သူက သူ့ကိုယ်သူအတွက် ဘယ်လိုလုပ် တိုက်ခိုက်နိုင်မှာလဲ “
“ အမှန်ပဲ “
ထိုစကားများကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်း၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားကာ၊ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့သည် “ ငါက ဘယ်လိုလူမျိုး မို့လို့လဲ “
ထို့နောက်တွင် ထိုလူသုံးဦးသည် အကြည့်များ ဖလှယ်လိုက်ကြကာ၊ လူတစ်ဦးမှ စကားထပ်ပြောလာခဲ့သည် “ ကောင်းပြီလေ၊ ငါတို့က ကျိုးချင်ယုရဲ့ အတိမ်အနက်ကို နောက်မှ စမ်းသပ်ကြည့်လိုက်ကြတာပေါ့။ အရေးအကြီးဆုံးက အခုလက်ရှိကိစ္စပဲ “
“ ကန်းယွင်ရဲ့ လှည့်ကင်းက ဒီနေ့ပြောင်းမှာ။ သူတို့က မိုးပြာတိမ်တိုက်ကို ပြန်သွားကြရင်၊ တစ်ယောက်ယောက် ရောက်လာလိမ့်မယ်၊ ဆိုတော့ ငါတို့က နာရီဝက်ပဲ အချိန်ရတယ် “
“ အဲ့တာက လုံလောက်သင့်ပါတယ်လေ။ ဒီတစ်ကြိမ်မှာ နင့်မိသားစုကလည်း အူတိုင်ဖွဲ့စည်းခြင်း ပညာရှင်တစ်ယောက်ပဲ ခေါ်လာခဲ့တယ်၊ ငါသူ့ကို အာရုံလွှဲထားလိုက်မယ်၊ မင်းတို့က လှုပ်ရှားကြ “
လူသုံးဦးသည် တစ်လှည့်စီ စကားပြောဆိုနေကြသည်။
သို့ရာတွင် လုချန်ရှန်း၏ သိလိုစိတ်များ မြင့်တက်သွားခဲ့သည်။ ဒီကောင်တွေက နင့်မိသားစုကို ပစ်မှတ်ထားနေကြတာပေါ့
“ အခွင့်အရေး တစ်ခါပဲ ရှိတယ်။ မနက်ဖြန်ကျရင် သူတို့က ချင်းယွင်တောင်ထွဋ်ကို သွားကြတော့မှာ၊ အဲ့အချိန်ကျရင် ဘာမှလုပ်လို့ရတော့မှာ မဟုတ်ဘူး။ ဟိုလူ့ကို ငါအာရုံလွှဲပြီသွားရင်၊ မင်းတို့က နင့်မောင်နှမကို သတ်လိုက်ကြ။ တကယ်လို့ သူတို့က ကန်းယွင်မြို့မှာ အသတ်ခံလိုက်ရမယ်ဆိုရင်၊ နင့်မိသားစုက ဒီကိစ္စကို လုံးဝအလွတ်ပေးမှာ မဟုတ်ဘူး “
“ အဲ့အချိန်ကျရင် မိုးပြာတိမ်တိုက်ကလည်း ဖရိုဖရဲဖြစ်သွားလိမ့်မယ်။ နင့်မိသားစုရဲ့ အကူအညီနဲ့ဆိုရင်၊ ငါတို့က သူတို့အားလုံးကို ဖယ်ရှားဖို့ အခွင့်အရေး ရလာလိမ့်မယ် “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်း အံ့ဩမှင်သက်သွားခဲ့သည်။
သူသည် ဤလူများက ဤကဲ့သို့သော အစီအစဥ်မျိုးကို ရေးဆွဲထားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
နင့်ယုရှင်းသည် ချင်းယွင်တောင်ထွဋ်တွင် ပညာသင်ရန်အတွက် မိုးပြာတိမ်တိုက်ဂိုဏ်းသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူမတို့ မောင်နှမကသာ ကန်းယွင်မြို့တွင် သေဆုံးသွားခဲ့မည်ဆိုပါက၊ ဂိုဏ်းမှာလည်း သေချာပေါက် ဂယက်ရိုက်သွားရမည် ဖြစ်သည်။
အကယ်၍ တစ်ယောက်ယောက်ကသာ မီခိုးမှိုင်းတိုက်ကာ၊ နင့်မိသားစုနှင့် မိုးပြာတိမ်တိုက်အကြားတွင် ပဋိပက္ခတစ်ခု ဖြစ်ပေါ်လာအောင်လှုံ့ဆော်မည်ဆိုပါက၊ ပြဿနာကြီးတစ်ခု ပေါ်လာမည် ဖြစ်သည်။
“ သူတို့ရဲ့ ရည်ရွယ်ချက်တွေက ဒီလောက်တောင် ရက်စက်တာလားဟ “
လုချန်ရှန်းသည် ဤကဲ့သို့သော ဖြစ်ရပ်မျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူတို့သတ်ချင်နေသည့် လူမှာ သူနှင့် မည်သို့မျှ သက်ဆိုင်မနေခဲ့ပေ။
သို့သော် နင့်မောင်နှမ အသတ်ခံလိုက်ရကာ၊ ကန်းယွင်ဂိုဏ်းက ဖရိုဖရဲ ဖြစ်သွားရမည်ဆိုပါက၊ သူ့ကိုပါ ထိခိုက်လာတော့မည် ဖြစ်သည်။
ဂိုဏ်း၏ ကာကွယ်ပေးမှုသာ မရှိဘူးဆိုပါက၊ သူမည်ကဲ့သို့ ဖြစ်သွားလိမ့်မည်နည်း
သူတို့သည် သူ၏ထမင်းအိုးကို ရိုက်ခွဲနေခြင်းပင် ဖြစ်သည်။
ထို့နောက်တွင် ထိုလူသုံးဦးအနက်မှ တစ်ဦးသည် ကွေ့ရှန်ယွမ်သို့ ဦးတည်သွားခဲ့သည်။
သူတို့က မိုးပြာတိမ်တိုက်ဂိုဏ်း၏ အပြောင်းအလဲများကိုပင် ရှင်းရှင်းလင်းလင်း သိနေကာ၊ နင့်ယုရှင်းက ချင်းယွင်တောင်ထွဋ်သို့ သွားမည့် အချိန်ကိုပင် သိနေကြသည်။ သူတို့သည် အရာအားလုံးကို အသေအချာ စီစဥ်ထားခဲ့ပုံရသည်။
တစ်ခဏ အကြာတွင် အဝေးမှ လှုပ်ရှားမှုများ ပေါ်ထွက်လာခဲ့သည်။ ပုံရိပ်နှစ်၊ တစ်ခုကို တစ်ခုက လိုက်နေခဲ့ပြီး၊ ကွေ့ရှန်ယွမ်မှ ထွက်ခွာလာခဲ့ကာ မြို့ပြင်သို့ ပြေးထွက်သွားကြသည်။
သူတို့သည် ကန်းယွင်ဂိုဏ်းမှ အကြီးအကဲများကို နိုးနိုးကြားကြား မဖြစ်သွားစေချင်ပုံရသည်။
အစီအစဥ် အောင်မြင်သည်ကို မြင်လိုက်ရသောအခါတွင် အူတိုင်ဖွဲ့စည်းခြင်း ပညာရှင်နှစ်ဦးမှာ စတင်၍ လှုပ်ရှားရန် ပြင်လိုက်သည်။
သူတို့ ထလာသည့်အချိန်မှာပင် ပုံရိပ်တစ်ခုသည် ကောင်းကင်ထက်မှ ဖြည်းဖြည်းချင်း ဆင်းသက်လာခဲ့သည်။
အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ၊ လက်နောက်ပစ်ထားသော ဟန်အမူအရာဖြင့် မတ်တပ်ရပ်နေသည့် လူငယ်တစ်ဦးသည် သူတို့နှစ်ဦး၏ အရှေ့သို့ ဆင်းသက်လာခဲ့သည်။
“ လုချန်ရှန်း “
ထိုလူနှစ်ဦးမှာ အံ့ဩတကြီး ဖြစ်သွားခဲ့သည်။
လုချန်ရှန်းသည် သူတို့၏ အရှေ့တွင် မတ်တပ်ရပ်နေကာ ပြုံးပြလိုက်သည် “ ငါ့ဂိုဏ်းကို ဘာတွေကို လုပ်ခဲ့လို့၊ မင်းတို့တွေက ငါ့ဂိုဏ်းကို ဒီလောက်တောင် ဒုက္ခပေးချင်နေရတာလဲ “
“ မင်းကြားသွားတာလား “
လုချန်ရှန်းသည် ခေါင်းငြိမ့်ပြလိုက်သည်။
ထိုလူနှစ်ဦးသည် သတိကြီးဖြစ်သွားကြကာ၊ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှု၍ သူတို့၏ စိတ်စွမ်းအားကိုပါ ဖြန့်ကျက်လိုက်သည်။
သူတို့သည် သူတို့၏ အစီအစဥ်ပေါ်သွားခဲ့ကာ၊ အဝိုင်းခံလိုက်ရပြီဟု ထင်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် သူတို့သည် လုချန်ရှန်းတစ်ဦးတည်းသာ ရှိနေသည်ကို သိရှိသွားကြသည်။
“ လုချန်ရှန်းတစ်ယောက်တည်းပဲ၊ ကြောက်နေဖို့ မလိုပါဘူးကွာ “
လူတစ်ဦးမှ စကားထပ်ပြောလာခဲ့သည်။
တစ်ခြားလူမှ ပြန်ပြောလာခဲ့သည် “ တကယ်လို့ မင်းသာမပေါ်လာဘူးဆိုရင်၊ မင်းအသက်ရှင်ကောင်း ရှင်နေနိုင်သေးတယ်။ ဒါပင်မဲ့ မင်းက ကိုယ့်သေတွင်းကို ကိုယ့်ဟာကိုယ် တူးနေတာပဲ “
“ ဘာလို့လေကုန်ခံနေဦးမှာလဲ။ သူ့ကို သတ် “
လူတစ်ဦးမှ စကားပြောဆို၍ သူ၏လက်ကို လှုပ်ရှားလာခဲ့ရာ၊ မှော်စွမ်းအားတစ်ခု ပေါက်ထွက်လာခဲ့သည်။ သူသည် ဓားချီလက်စည်းတံဆိပ်ကို ဖွဲ့စည်း၍၊ ၎င်းကို အပြီးသတ်ရန် ကြံရွယ်လိုက်သည်။
သို့သော် လုချန်ရှန်းကမူ ၎င်းကို မျက်လုံးထဲပင် မထည့်ဘဲ၊ သူတို့၏ လှုပ်ရှားမှုများကို စောင့်ကြည့်ကာ၊ မျက်မှောင်ကြုတ်၍ စကားထပ်ပြောလိုက်သည် “ နှစ်ယောက်တစ်ယောက် တိုက်တာက နည်းနည်းလေး ခက်တယ်ဆိုပင်မဲ့ ကြိုးစားကြည့်လို့ရပါသေးတယ် “
“ ကြိုးစားကြည့်မှာလား “
“ မင်းက ငါတို့ကို ဖြေရှင်းချင်နေတာလား “
ထိုလူနှစ်ဦးသည် ဟာသတစ်ခုကို ကြားလိုက်ရသည့်အလား ကျယ်လောင်စွာ ရယ်မောနေတော့သည်။
ထို့နောက်တွင် သူတို့သည် စတင်၍ လှုပ်ရှားလာကြသည်။
ဓားချီလက်စည်းတံဆိပ် ချဥ်းကပ်လာသည့် အချိန်တွင်၊ စွမ်းအားတစ်ခု ပေါက်ထွက်လာခဲ့ပြီး၊ တိုက်ခိုက်မှုကို ချက်ချင်း ချေဖျက်သွားခဲ့သည်။
“ ဘာတွေ ဖြစ်နေတာလဲဟ “
တိုက်ခိုက်ခဲ့သည့် လူမှာ မျက်မှောင်ကြုတ်သွားခဲ့သည်၊ သူမတုံ့ပြန်နိုင်ခင် အချိန်မှာပင် လုချန်ရှန်းသည် သူ၏လက်ကို မြှောက်ကာ ဓားချီတစ်ခုကို ဖွဲ့စည်းပြီး၊ လေဟာနယ်ကို ခုတ်ပိုင်းလာခဲ့ရာ၊ ထိုလူ၏လည်ပင်း ချက်ချင်း ပြတ်တောက်သွားခဲ့သည်။
ဘမ်းးး
ပုံရိပ်တစ်ခု လဲကျသွားခဲ့ပြီး၊ ကျန်နေခဲ့သည့်လူမှာ ကြောက်လန့်တကြား ဖြစ်သွားခဲ့သည်။
“ အူတိုင်ဖွဲ့စည်းခြင်း၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ “
လုချန်ရှန်း၏ ကျင့်ကြံရေး အဆင့်ကို ခံစားလိုက်ရသောအခါတွင် ကျန်ရှိနေသည့် လူအိုကြီးမှာ မယုံကြည်နိုင်ဖြစ်သွားခဲ့သည်။
သူ့အရှေ့တွင် ရှိနေသည့် အသက်ဆယ့်ခုနစ်(သို့) ဆယ့်ရှစ်နှစ်အရွယ်သာ ရှိသည့် လူငယ်လေးတစ်ဦးက အူတိုင်ဖွဲ့စည်းခြင်း ကျင့်ကြံရေးကို ပိုင်ဆိုင်ထားခဲ့ပြီး၊ အရှိန်အဝါမှာ ကြောက်မက်ဖွယ်ကောင်းကာ၊ သူတို့ထပ်ပင် ပိုမိုအားကောင်းနေခဲ့သည်။
ကန်းယွင်ပြည်နယ်၏ လူငယ်ပါရမီရှင်များ၊ ဓားအင်မော်တယ်လေး ကျိုးချင်ယုတို့ကပင် သူနှင့်ယှဥ်လိုက်မည်ဆိုပါက မှေးမှိန်သွားကြရမည် ဖြစ်သည်။
ထိုလူသည် အနောက်သို့ လှည့်ကာ၊ လှုပ်ရှားမှု နည်းစနစ်တစ်ခုကို အသက်သွင်းလိုက်သည်။
အဆိုပါ အရှိန်အဝါကို ခံစားမိရုံဖြင့် သူက ထိုလူ့အား မယှဥ်နိုင်ဘူးဆိုသည်ကို သူသိနေခဲ့သည်။
သို့ရာတွင် လုချန်ရှန်းမှ ခြေတစ်လှမ်းလှမ်းလာခဲ့ပြီး၊ သူ၏ပုံရိပ်သည် ပုံရိပ်ယောင်သဖွယ် ဖြစ်သွားကာ၊ ထိုလူ့၏ ပြေးလမ်းကြောင်းအရှေ့သို့ ရောက်ရှိသွားခဲ့သည်။
ထိုအချိန်၌ သူသည် စကားတစ်ခွန်းမှ မပြောဘဲ သူ၏လက်ကို မြှောက်လိုက်သည်၊ မှော်စွမ်းအား ဖွဲ့တည်လာခဲ့ပြီး၊ ထိုလူ၏ အသက်ဓာတ်ကို ငြှိမ်းသက်သွားခဲ့သည်။
လူအိုကြီးသည် မယုံကြည်နိုင်ဖြစ်နေသော အမူအရာဖြင့် သေဆုံးသွားခဲ့သည်။ ထိုအချိန်၌ သူသည် ကန်းယွင်ဂိုဏ်း၏ ကြောက်မက်ဖွယ် အကောင်းဆုံးအရာက အဆိုပါ ဂိုဏ်းကိုယ်တိုင်နှင့် ကျိုးချင်ယုတို့ မဟုတ်ဘဲ၊ သူ့အရှေ့တွင် ရှိနေသည့် လူငယ်လေးဆိုသည်ကို နားလည်သွားခဲ့သည်။
လုချန်ရှန်းသည် အလောင်းနှစ်လောင်းကို ကြည့်ကာ၊ တွေးတောစဥ်းစားနေတော့သည်၊ ထို့နောက် တစ်ခဏအကြာတွင် သူသည် မီးစည်းတံဆိပ်ကို ရေးဆွဲလိုက်ပြီး၊ ၎င်းတို့ကို ပြာအဖြစ် ပြောင်းလဲသွားသည်အထိ မီးရှို့ပြာချလိုက်သည်။
ထို့နောက်တွင် သူသည် သူ၏အကျ်ီလက်ကို ဝေ့ရမ်းပြီး၊ ထိုဖုန်မှုန့်များကို ပြန့်ကျဲသွားစေကာ၊ ဘက်ပေါင်းစုံသို့ ပျံ့နှံ့သွားစေလိုက်သည်။
ထို့နောက်တွင် သူသည် မြို့အပြင်ဘက်သို့ ကြည့်ကာ၊ တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့သည်။ အဆုံးတွင် သူသည် သူ၏လက်ချောင်းထိပ်ကို ခပ်ဖွဖွ ပုတ်လိုက်သည်၊ ဝိညာဥ်အလင်းတန်းတစ်ခုသည် ကောင်းကင်ယံတွင် တောက်ပလာခဲ့သည်။
၎င်းမှာ ကန်းယွင်ဂိုဏ်း၏ အရေးပေါ်အချက်ပြမှု ဖြစ်သည်။