“အို... ကျွန်တော့်အကြောင်းပြောနေကြတာလား”
ရန်ရှောက်ထျန်းက ဇဝေဇဝါဖြစ်သွားပြီး သတ္တမမြောက်မင်းသမီးဖန့်ချင်း၊ ကျန့်ရှိဖိန်၊ ချန်းနင်တေ၏တပည့်ကျန့်ကျိယိုနှင့် အခြားသူများကိုကြည့်လိုက်ကာ လုယွီထုံကအဘယ်ကြောင့် လူတိုင်းရှေ့တွင် သူ၏အကြောင်းကိုပြောနေရသနည်းဟု တွေးတောနေမိလေသည်။
လုယွီထုံက ပြုံးလျက် ရှင်းပြလိုက်သည်။
“သခင်လေးရန်... ရှင် မသိသေးဘူးထင်တယ်၊ ဒါကမင်းသမီးလေးပါ။ သူမက ရှေးဟောင်း ဓားနတ်ဘုရားရဲ့ ဓားကျောက်စာချပ်တစ်ခုကိုရထားပေမဲ့ အခုထိအသက်မသွင်းနိုင်သေးလို့ပါ”
“ကျွန်မစဉ်းစားကြည့်တာတော့ ဒီဓားကျောက်စာချပ်ကို သခင်လေးတစ်ယောက်ပဲ အသက် သွင်းနိုင်မယ်လို့ထင်လို့ပါ”
ထို့နောက် သူမကမင်းသမီးဖန့်ချင်းကိုပြုံးပြလိုက်ပြီး ပြောလိုက်သည်။
“မင်းသမီး... ဒါကသခင်လေးရန်ပါ။ အကယ်၍ ရှင်ကဓားကျောက်စာချပ်ကို သူ့ကိုပေးမယ် ဆိုရင် သူ သေချာပေါက် အသက်သွင်းပေးနိုင်ပါလိမ့်မယ်”
ရန်ရှောက်ထျန်းက မင်းသမီးဖန့်ချင်း၏လက်ထဲရှိဓားကျောက်စာချပ်ကို တစ်ချက်ကြည့် လိုက်သည်။ တစ်ချက်ကြည့်ရုံနှင့်ပင် သူသည် ပြဿနာကိုနားလည်သွားခဲ့လေပြီ။
မင်းသမီးဖန့်ချင်းက ရန်ရှောက်ထျန်းကို ကြည့်လိုက်သော်လည်းခေါင်းခါပြကာ။
“ယွီထုံမေမေ... ထားလိုက်ပါတော့။ ဒီဓားကျောက်စာချပ်အတွက် နောက်မှတခြားနည်း လမ်းတွေကို ကျွန်မစဉ်းစားပါ့မယ်”
သူမသည် ဤမျှငယ်ရွယ်သော လူငယ်လေးတစ်ဦးက ဓားကျောက်စာချပ်ကိုအသက်သွင်း နိုင်မည်ဟု မယုံကြည်သည်မှာ ထင်ရှားလှပေသည်။
ဆေးခန်းမဆောင်မှ ကျန့်ကျိယိုကမူ မထီမဲ့မြင် ပြုံးရယ်လိုက်ပြီး။
“ယွီထုံမေမေ... ဒီကောင်လေးကဓားကျောက်စာချပ်ကိုအသက်သွင်းနိုင်မယ်လို့ ပြောနေ တာလား။ ဓားနတ်ဘုရားတစ်ပါးတောင်မှ အသက်မသွင်းနိုင်တာကို သူကဘယ်လိုလုပ်ပြီး အသက် သွင်းနိုင်မှာလဲ”
ကျန့်ရှိဖိန်ကလည်း ခပ်တိုးတိုး ရယ်မောကာ ပြောလိုက်သည်။
“သူက ဘယ်လိုမျိုး ပြိုင်ဘက်ကင်းဓားကျင့်စဉ်ကိုကျင့်ကြံထားလို့လဲဆိုတာ ကျွန်တော် သိချင်မိပါတယ်။ အခုကော သူကဘယ်အဆင့်ကို ရောက်နေပြီလဲ”
လုယွီထုံမှာ ဆွံ့အသွားခဲ့လေသည်။
ရန်ရှောက်ထျန်းက ကျန့်ကျိယိုနှင့်ကျန့်ရှိဖိန်တို့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ထွက်ခွာ ရန် ပြင်လိုက်လေသည်။
ဤအချိန်တွင် လုယွီထုံက ရန်ရှောက်ထျန်းအား ရုတ်တရက်ပြောလိုက်သည်။
“သခင်လေးရန်... နန်ထျန်ဒဏ်ရာရသွားပြီလို့ ကျွန်မရဲ့ ဘိုးဘေးဆီက ကြားလိုက်ရပါတယ်”
“ဘာ”
ရန်ရှောက်ထျန်း မှင်တက်သွားပြီး သူ၏ခြေလှမ်းများကို ရပ်လိုက်ကာ။
လုယွီထုံက ဆက်ပြောလိုက်သည်။
“သူက ကံကြမ္မာနတ်ဘုရားနန်းတော်မှာ ပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့တာလို့ သိရပါတယ်၊ ဒါပေမဲ့ ဘယ်သူက သူ့ကိုဒဏ်ရာရအောင်လုပ်ခဲ့တာလဲဆိုတာတော့မသိရသေးပါဘူး”
ရန်ရှောက်ထျန်းနှင့် နန်ထျန်ဓားနတ်ဘုရားတို့၏ဆက်ဆံရေးကို သူမမသိသော်လည်း နန်ထျန် ဓားနတ်ဘုရား၏လက်ရှိအခြေအနေကို ရန်ရှောက်ထျန်းအားအသိပေးရန် လိုအပ်သည်ဟု သူမ ခံစား မိခြင်း ဖြစ်လေသည်။
“ဒါဆိုရင် စီနီယာ့ရဲ့ ဘိုးဘေးက နန်ထျန်ရဲ့ လက်ရှိတည်နေရာကို သိသလား”
ရန်ရှောက်ထျန်း၏ မျက်နှာမှာ မည်းမှောင်သွားပြီး မေးလိုက်လေသည်။
“ဒါကိုတော့ ကျွန်မ မသိပါဘူး”
လုယွီထုံက ခေါင်းခါပြကာ။
“သူက ကံကြမ္မာနတ်ဘုရားနန်းတော်မှာအမြင့်မြတ်ဆုံးရတနာတစ်ခုကိုရခဲ့ပြီး လွန်ခဲ့တဲ့ ရက်ပိုင်းက လူတွေရဲ့ချုံခိုတိုက်ခိုက်တာကိုခံခဲ့ရတယ်လို့ကြားပါတယ်။ လွန်ခဲ့တဲ့တစ်လလောက် ကစပြီး သူ့ရဲ့ တည်နေရာက ပျောက်ဆုံးနေတာပါ”
ဤသည်ကို ကြားလိုက်ရသဖြင့် ရန်ရှောက်ထျန်းက လက်ဝှေ့ယမ်းကာ။
“ကျေးဇူးတင်ပါတယ်” ဟု ပြောပြီးနောက်။
“နောက်နောင် စီနီယာမှာဓားလမ်းစဉ် ဒါမှမဟုတ်ဆေးဖော်စပ်မှုနဲ့ ပတ်သက်ပြီး နားမလည် တာတွေရှိရင် ကျွန်တော့်ဆီကို လာမေးလို့ ရပါတယ်”
သူသည် လုယွီထုံ၏ ကျေးဇူးကို အသိအမှတ်ပြုလိုက်ခြင်း ဖြစ်လေသည်။
“ကောင်းပါပြီ”
လုယွီထုံ မှင်တက်သွားပြီးနောက် ချိုသာစွာ ပြုံးလိုက်လေသည်။
ရန်ရှောက်ထျန်းက အမြန်ပင် ထွက်ခွာသွားခဲ့လေသည်။
ရန်ရှောက်ထျန်း ထွက်သွားပြီးနောက် ကျန့်ကျိယိုက ရယ်မောလိုက်ပြီး။
“ဒီလူငယ်က သူပြောတဲ့လေသံအရဆိုရင် သူ့ရဲ့ဓားလမ်းစဉ်နဲ့ဆေးဖော်စပ်မှုက အတော် လေးမြင့်မားနေပုံပဲ။ ယွီထုံမေမေကိုဓားလမ်းစဉ်နဲ့ ဆေးဖော်စပ်မှုမှာလမ်းညွှန်ပေးမယ်လို့ ပြောရ အောင် သူက ဘယ်ကယုံကြည်မှုတွေ ရနေတာလဲ”
ကျန့်ရှိဖိန်ကလည်း ရယ်မောကာ။
“ညီလေးကျန့်က ခန်းမဆောင်အကြီးအကဲချန်းရဲ့ တိုက်ရိုက်တပည့်ဖြစ်ပြီး မျိုးဆက်သစ် တွေထဲမှာ ရှားပါးတဲ့ဆေးပညာရှင်တစ်ယောက်ပဲလေ။ သူကမင်းရဲ့ရှေ့မှာလာပြီး ဟန်ဆောင်ပြ နေတာ မဟုတ်လား”
လူတိုင်းမှာ ရယ်မောလိုက်ကြတော့သည်။
လူတိုင်းက ရန်ရှောက်ထျန်းသည် ဓားကျောက်စာချပ်ကို အသက်သွင်းနိုင်မည်ဟု မယုံကြည် ကြသည်ကိုမြင်သောအခါ လုယွီထုံကမျက်မှောင်ကြုတ်လိုက်ပြီး ထပ်မံရှင်းမပြတော့ ပေ။
မုဝမ်ချင်းနှင့် မုကျွင်းမောင်နှမနှစ်ဦးမှာမူ ရန်ရှောက်ထျန်းကို သူတို့၏ဖခင်ကဖိတ်ကြား လာ ခြင်းဖြစ်ကြောင်းသာသိကြပြီး ရန်ရှောက်ထျန်းမည်သူမည်ဝါဖြစ်ကြောင်းကို မသိကြသဖြင့် မည်သို့ရှင်းပြရမည်ကို မသိဘဲဖြစ်နေကြလေသည်။
ရန်ရှောက်ထျန်း ထွက်သွားပြီးနောက် မင်းသမီးဖန့်ချင်းနှင့် အခြားသူတစ်ဆယ်ကျော်တို့မှာ ခြံဝင်းအတွင်း၌ ဓားအကြောင်းဆက်လက်ဆွေးနွေးနေကြလေသည်။
ယေဘုယျအားဖြင့် ဤကဲ့သို့သောဓားဆွေးနွေးပွဲများသည် တစ်နေကုန်ကြာမြင့်လေ့ရှိ လေ သည်။
ယခုမှာ မွန်းတည့်ရန်ပင် အချိန်လိုသေးသဖြင့် အချိန်များစွာ ကျန်ရှိနေသေးလေသည်။
ရန်ရှောက်ထျန်းက သူ၏နန်းတော်ဆီသို့ အမြန်ပြန်လာနေစဉ်မှာပင် အမြင့်မြတ်ဆုံးဧကရာဇ် မျိုးနွယ်စု၏ကျယ်ပြန့်လှသော သတင်းကွန်ရက်အောက်တွင် အမြင့်မြတ်ဆုံး မဟာဧကရာဇ် ဖန့်ကျန့် သည် မုယီ ဝူရှင်းချိုင့်ဝှမ်းသို့ ဆေးသွားတောင်းသည့်အကြောင်းကို အမြန်ပင် သိရှိသွားခဲ့လေသည်။
“အို... သူက ဝူရှင်းချိုင့်ဝှမ်းကို ဆေးသွားတောင်းတာလား”
ဖန့်ကျင်းက ဤသည်ကို ကြားလိုက်ရသဖြင့်စဉ်းစားရင်း။
“သူ ဘယ်လိုဆေးမျိုးကို သွားတောင်းခဲ့တာလဲ သိသလား”
“ဒါကိုတော့ ကျွန်တော် မသိပါဘူး”
ဖန့်ကျန့်က ခေါင်းခါပြကာ။
“ဒါပေမဲ့ ထူးဆန်းတာက သူ ဝူရှင်းချိုင့်ဝှမ်းက ပြန်လာတဲ့အခါ သူ့နောက်မှာ လူအချို့ ပါလာ တာပါပဲ”
“ဘာ... လူအချို့ ပါလာတယ် ဟုတ်လား။ အဲဒါ ဘယ်သူတွေလဲ”
ဖန့်ကျင်း ချက်ချင်းပင် စိတ်ဝင်စားသွားခဲ့လေသည်။
“လူငယ်တစ်ယောက်၊ လူလတ်ပိုင်းလူသန်ကြီးတစ်ယောက်နဲ့ အဘိုးကြီး နှစ်ယောက်ပါ”
ဖန့်ကျန့်က အမြန်ပြောလိုက်သည်။
“သူတို့ရဲ့ မည်သူမည်ဝါဖြစ်ကြောင်းကိုတော့စုံစမ်းလို့ မရသေးပါဘူး။ အို... အဲဒီလူငယ် လေးကိုတော့ သခင်လေးရန်လို့ ခေါ်ကြပုံရပါတယ်”
ဖန့်ကျင်း ဇဝေဇဝါ ဖြစ်သွားပြီး။
“သခင်လေးရန် ဟုတ်လား”
ဝမ်ကျန့်တိုက်ကြီးပေါ်တွင် ရန်မျိုးရိုးဖြင့် ထိပ်တန်းမိသားစုဟူ၍ မရှိပေ။
“အဲဒီလူသန်ကြီးနဲ့ အဘိုးကြီးနှစ်ယောက်ရဲ့ ပုံပန်းသဏ္ဌာန်က ဘယ်လိုလဲ”
ဖန့်ကျင်းက မမေးဘဲ မနေနိုင်တော့ပေ။
“လူလတ်ပိုင်းလူသန်ကြီးက အရမ်းသန်မာပြီး အရပ်ကနှစ်မီတာကျော်လောက်ရှိတယ်၊ မိစ္ဆာလမ်းစဉ်ကပညာရှင်တစ်ယောက်ဖြစ်ရမယ်။ အဘိုးကြီးနှစ်ယောက်ထဲက တစ်ယောက်က အရောင်အသွေးစုံလင်တဲ့အဝတ်အစားတွေကို ဝတ်ထားပြီး နောက်တစ်ယောက်ကတော့ ဖြူဖျော့ပြီး ပိန်လှီနေတယ်၊ ပြင်းထန်တဲ့ရောဂါကြောင့် သေလုမြောပါးဖြစ်နေပုံရတယ်”
ဖန့်ကျန့်က သူ၏လက်အောက်ငယ်သားများ၏ အစီရင်ခံစာကို အခြေခံပြီး ပြောလိုက်သည်။
အဘိုးကြီးတစ်ဦးက အရောင်အသွေးစုံလင်သောအဝတ်အစားများကို ဝတ်ဆင်ထား သည်ဟု ဖန့်ကျန့်ပြောသည်ကိုကြားလိုက်ရသောအခါ ဖန့်ကျင်းတစ်ကိုယ်လုံး တုန်ယင်သွားပြီး အလောတကြီး မေးလိုက်လေသည်။
“မင်းဘာပြောလိုက်တာလဲ။ အဘိုးကြီးတစ်ယောက်ကအရောင်အသွေးစုံလင်တဲ့ အဝတ် အစားတွေကို ဝတ်ထားတယ်ဟုတ်လား။ အဲဒီအဘိုးကြီးက ဘယ်လိုပုံစံလဲ”
ဖန့်ကျန့်သည် ဝူရှင်းဆေးနတ်ဘုရားကိုတစ်ခါမျှမမြင်ဖူးသော်လည်း ဖန့်ကျင်းကမူမြင်ဖူး လေသည်။ ယခင်က သူသည်ဆေးဖော်စပ်မှုနှင့်ပတ်သက်ပြီး ရှဲ့ဝူရှင်းအား မကြာခဏသွားရောက် တိုင်ပင်လေ့ရှိသဖြင့် ရှဲ့ဝူရှင်းနှင့် အလွန်တရာရင်းနှီးလေသည်။
ရှဲ့ဝူရှင်းသည် ထိုစဉ်ကတည်းကအရောင်အသွေးစုံလင်သော အဝတ်အစားများကို အမြဲတမ်း ဝတ်ဆင်တတ်လေသည်။
ဘိုးဘေး၏ မျက်နှာအမူအရာကို မြင်သောအခါ ဖန့်ကျန့်ကအမြန်ပြောလိုက်သည်။
“ကျွန်တော့်ရဲ့ လက်အောက်ငယ်သားတွေ ပြောတာအရဆိုရင် အဲဒီအဘိုးကြီးက စိမ်းဖန့်ဖန့် မျက်လုံးတွေ ရှိတယ်လို့ သိရပါတယ်”
ဤသည်ကို ကြားလိုက်ရသောအခါ ဖန့်ကျင်း တစ်ကိုယ်လုံး တုန်ယင်သွားခဲ့လေသည်။
မျက်လုံးစိမ်း…
ဖန့်ကျန့်က ဆက်ပြောလိုက်သည်။
“အို... ပြီးတော့ သူ့ရဲ့နားရွက်တွေကလည်းအရမ်းထူးဆန်းတယ်၊ သားရဲနားရွက်တွေနဲ့ နည်းနည်းတူတယ်”
ဖန့်ကျင်း ဤသည်ကို ကြားလိုက်ရသဖြင့် စိတ်လှုပ်ရှားစွာဖြင့်။
“တကယ်ပဲ သူပဲ။ သူဖြစ်ရမယ်”
ဖန့်ကျန့် ဇဝေဇဝါ ဖြစ်သွားခဲ့လေသည်။
“အဲဒါ ဝူရှင်းဆေးနတ်ဘုရားပဲ”
ဖန့်ကျင်းက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“အဲဒါ အဘိုးကြီးဝူရှင်း ဖြစ်ရမယ်”
ဖန့်ကျန့်လည်း ထိတ်လန့်သွားပြီး။
“ဝူရှင်းဆေးနတ်ဘုရား ဟုတ်လား”
ထို့နောက် သူက ဆက်ပြောလိုက်သည်။
“ဒါ... ဒါက မဖြစ်နိုင်တာ၊ ဝူရှင်းဆေးနတ်ဘုရားက ဝူရှင်းချိုင့်ဝှမ်းမှာ နှစ်ပေါင်းသောင်း ချီကြာအောင် ပုန်းအောင်းနေခဲ့တာပဲလေ။ သူကဘာလို့ ရုတ်တရက်ဝူရှင်းချိုင့်ဝှမ်းကနေ ထွက်လာ ရတာလဲ။ ပြီးတော့ မုယီနဲ့အတူ ဧကရာဇ်မြို့တော်ကို လိုက်လာတယ်ဟုတ်လား”
ဖန့်ကျင်းသည်လည်း အံ့အားသင့်ပြီး သံသယဖြစ်နေခဲ့လေသည်။ သူလည်းအကြောင်း ရင်း ကို စဉ်းစား၍မရသော်လည်း ထိုအဘိုးကြီးမှာရှဲ့ဝူရှင်းဖြစ်ကြောင်း သူ သေချာပေါက်သိနေလေ သည်။
“ဒါ့အပြင် လူလတ်ပိုင်းလူသန်ကြီးနဲ့ အဘိုးကြီးနှစ်ယောက်စလုံးက သခင်လေးရန်လို့ခေါ်တဲ့ အဲဒီလူငယ်လေးရဲ့ လက်အောက်ငယ်သားတွေလို့ ကျွန်တော့်ရဲ့လက်အောက်ငယ်သားတွေဆီက ကြားရပါတယ်”
ဖန့်ကျန့်က မယုံကြည်နိုင်သော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။
“ဝူရှင်းဆေးနတ်ဘုရားက အဲဒီလူငယ်လေးရဲ့ လက်အောက်ငယ်သားဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ”
“ဘာ... အဲဒီလူငယ်လေးရဲ့ လက်အောက်ငယ်သားဟုတ်လား”
ဖန့်ကျင်း အလွန်တရာ အံ့အားသင့်သွားပြီး။
“ဒါက မဖြစ်နိုင်ဘူး”
ရှဲ့ဝူရှင်းမှာ ဝမ်ကျန့်တိုက်ကြီးပေါ်ရှိ အကြီးမြတ်ဆုံးဆေးနတ်ဘုရားလေးဦးထဲမှ တစ်ဦး ဖြစ်လေသည်။ သူကလူတစ်ဦး၏လက်အောက်ငယ်သား၊ ၎င်းမှာလည်း လူငယ်လေးတစ်ဦး၏ လက်အောက်ငယ်သား မည်သို့ဖြစ်နိုင်မည်နည်း။
“ဒါပေမဲ့ ကျွန်တော့်ရဲ့ လက်အောက်ငယ်သားတွေ စုံစမ်းချက်အရတော့ အဲဒါက အမှန်ပါပဲ”
ဖန့်ကျန့်က အခိုင်အမာ ပြောလိုက်သည်။
ဖန့်ကျင်း ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေပြီး စဉ်းစားလေလေမယုံကြည်နိုင်စရာ ဖြစ် လေလေ ဖြစ်နေခဲ့လေသည်။
မုမိသားစု၏ ပထမအဆင့်ဘေးဒုက္ခစီလက်ရှယ်အဆင့် ပုရှန့်ဆေးလုံးအလုံးနှစ်ဆယ်မှာ ဝူရှင်းဆေးနတ်ဘုရားနှင့် အခြားသူများနှင့်ပတ်သက်နေလိမ့်မည်ဟု သူအမြဲတမ်းခံစားနေရလေ သည်။
“သွားကြမယ်၊ မုမိသားစုဆီကို”
နောက်ဆုံးတွင် ဖန့်ကျင်းလမ်းလျှောက်ခြင်းကိုရပ်လိုက်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်သည်။
“ဘိုးဘေးက အခုပဲ သွားမှာလား”
ဖန့်ကျန့် မှင်တက်သွားခဲ့လေသည်။
“အခုပဲ သွားမယ်”
ဖန့်ကျင်းက မုမိသားစု၏နေအိမ်ရှိရာဘက်သို့ကြည့်လိုက်ရာ သူ၏မျက်လုံးများမှာ နက်ရှိုင်း နေခဲ့လေသည်။
ခဏအကြာတွင် ဖန့်ကျင်းနှင့် ဖန့်ကျန့်တို့သည် အမြင့်မြတ်ဆုံးဧကရာဇ်မျိုးနွယ်စုမှ ပညာရှင် အုပ်စုကြီးကို ဦးဆောင်ကာ မုမိသားစုနေအိမ်ဆီသို့ ခန့်ညားထည်ဝါစွာ ပျံသန်းသွားခဲ့ကြလေသည်။
ဖန့်ကျင်း ပေါ်ထွက်လာပြီး ဤမျှများပြားလှသောပညာရှင်အုပ်စုကြီးကို မုမိသားစုနေအိမ် ဆီသို့ ဦးဆောင်သွားသည်ကိုမြင်လိုက်ရသောအခါ လမ်းတလျှောက်ရှိဂိုဏ်းအသီးသီးမှ ပညာရှင် များမှာ အားလုံးထိတ်လန့်သွားကြတော့သည်။
“အဲဒါ စိန့်နတ်ဘုရား ဧကရာဇ်ပဲ။ စိန့်နတ်ဘုရား ဧကရာဇ်ထွက်လာပြီ”
“စိန့်နတ်ဘုရားဧကရာဇ်က ပညာရှင်တွေအများကြီးကို မုမိသားစုဆီဦးဆောင်သွား နေတာ ပဲ။ သူတို့ ဘာလုပ်မလို့လဲ။ မုမိသားစုနဲ့ စစ်ဖြစ်ကြတော့မလို့လား”
“မဖြစ်နိုင်တာ၊ စိန့်နတ်ဘုရားဧကရာဇ်နဲ့ သစ်ပင်တစ်ထောင်ဓားနတ်ဘုရားက သူငယ်ချင်း တွေပဲလေ”
ဖန့်ကျင်းမှာ လူအများပြောဆိုနေကြသော ‘စိန့်နတ်ဘုရား ဧကရာဇ် ပင် ဖြစ်လေသည်။
သစ်ပင်တစ်ထောင်ဓားနတ်ဘုရားမှာမူ မုယီ၏ဘိုးဘေး ‘မုလင်း’ ပင် ဖြစ်လေသည်။
မကြာခင်မှာပင် စိန့်နတ်ဘုရားဧကရာဇ်ဖန့်ကျင်းသည် ပညာရှင်အုပ်စုတစ်စုကို ဦးဆောင်လာ နေသည်ဟူသော သတင်းကို မုမိသားစုဝင်များလည်း သိရှိသွားခဲ့ကြလေသည်။
“ဘိုးဘေးကြီးက မုမိသားစုဆီကို လာနေတာလား”
သတ္တမမြောက်မင်းသမီး ဖန့်ချင်း အလွန်တရာအံ့အားသင့်သွားခဲ့လေသည်။ ဘိုးဘေးကြီးက မုမိသားစုဆီမှာ ဘာလုပ်မလို့လဲ။ ပြီးတော့ ပညာရှင်တွေ အများကြီးကိုလည်း ခေါ်လာသေးတယ်။
***