ရန်ရှောက်ထျန်း သူ၏ဝိညာဉ်စွမ်းအားကိုထုတ်လွှတ်လိုက်သောအခါ သူ၏ဧကရာဇ်အဆင့် ဒသမအလွှာအထွတ်အထိပ်စွမ်းအားမှာ အပြည့်အဝပေါ်ထွက်လာခဲ့လေသည်။
လူတိုင်းမှာ ရန်ရှောက်ထျန်း၏ဧကရာဇ်အဆင့်ဒသမအလွှာ အထွတ်အထိပ်စွမ်းအား ကြောင့်သာထိတ်လန့်သွားကြခြင်းမဟုတ်ဘဲ၊ ရန်ရှောက်ထျန်းကဲ့သို့သောဧကရာဇ်အဆင့်ပညာရှင် တစ်ဦးတွင် သာမန်ဆေးနတ်ဘုရားအဆင့်ရှိပညာရှင်များထက် ကျော်လွန်သောဝိညာဉ်စွမ်းအား ရှိနေခြင်းကြောင့် ပို၍ပင်ထိတ်လန့်သွားကြခြင်း ဖြစ်လေသည်။
ရှဲ့ဝူရှင်းမှာ ဝမ်ကျန့်တိုက်ကြီး၏အကြီးမြတ်ဆုံးဆေးနတ်ဘုရားလေးဦးထဲမှ တစ်ဦးဖြစ် သော်လည်း မုလင်းနှင့်ဖန့်ကျင်းတို့မှာမူမဟုတ်ကြပေ။ သူတို့၏ဝိညာဉ်စွမ်းအားမှာမိုင် ၃၀၀ ကျော် အထိသာ လွှမ်းခြုံနိုင်လေသည်။
မုလင်း၊ ဖန့်ကျင်းနှင့်ဟွန်ချွမ်တစ္ဆေဘုရင်တို့ အံ့အားသင့်နေစဉ်မှာပင် ရုတ်တရက် ရန်ရှောက် ထျန်း၏တစ်ကိုယ်လုံးတွင် နတ်ဘုရားအလင်းတန်းများတောက်ပလာခဲ့ပြီး မိုးကြိုးမီးလျှံများ ဟိန်းဟောက်ထွက်ပေါ်လာကာ မိုးကြိုးဘေးဒုက္ခနတ်ဘုရားမီးလျှံမီးတောက် ပျံသန်းထွက်လာခဲ့ လေ သည်။
“မိုးကြိုးဘေးဒုက္ခ နတ်ဘုရားမီးလျှံမီးတောက်ပါလား”
အဆင့် ၁၄ ရှိ နတ်ဘုရားမီးလျှံမီးတောက်
ရန်ရှောက်ထျန်းက မိုးကြိုးဘေးဒုက္ခနတ်ဘုရားမီးလျှံမီးတောက်ကို နိမ်နင်းထားနိုင်သည်ကို မြင်လိုက်ရသောအခါ သစ်ပင်တစ်ထောင်ဓားနတ်ဘုရား မုလင်း၊ စိန့်နတ်ဘုရား ဧကရာဇ် ဖန့်ကျင်းနှင့် ရှေးဟောင်းအမြင့်မြတ်ဆုံးနတ်ဘုရားတစ်ပါးဖြစ်သည့် ဟွန်ချွမ်တစ္ဆေဘုရင်တို့အားလုံး အကြီး အကျယ် အံ့အားသင့်သွားကြတော့သည်။
ရန်ရှောက်ထျန်းတွင် ဒုတိယအဆင့်ဘေးဒုက္ခဟဲဗန်အဆင့် ပုရှန့်ဆေးလုံးကိုဖော်စပ်နိုင်ရန် အတွက် နတ်ဘုရားမီးလျှံမီးတောက်တစ်ခုရှိရမည်ဟု သူတို့အရင်ကခန့်မှန်းထားခဲ့ကြသော်လည်း ရန်ရှောက်ထျန်းတွင် အဆင့် ၁၄ ရှိ မိုးကြိုးဘေးဒုက္ခ နတ်ဘုရားမီးလျှံမီးတောက်ရှိလိမ့်မည်ဟု မမျှော် လင့်ထားခဲ့ကြပေ။
မူလက သူတို့သည် ရန်ရှောက်ထျန်းတွင်ရှိသော နတ်ဘုရားမီးလျှံမီးတောက်မှာ အဆင့်နိမ့် နတ်ဘုရားမီးလျှံမီးတောက်တစ်ခုသာဖြစ်လိမ့်မည်ဟုထင်မှတ်ထားခဲ့ကြပြီး ရန်ရှောက်ထျန်း ပိုင်ဆိုင် ထားသော နတ်ဘုရားမီးလျှံမီးတောက်မှာ အသစ်ဖန်တီးထားသောနတ်ဘုရားမီးလျှံမီးတောက် ဖြစ်လိမ့်မည်ဟု ခန့်မှန်းထားခဲ့ကြခြင်းဖြစ်လေသည်။
သို့သော်လည်း သူတို့ရှေ့တွင်ရှိသော မိုးကြိုးဘေးဒုက္ခနတ်ဘုရားမီးလျှံမီးတောက်၏ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားမီးလျှံများမှာ အသစ်ဖန်တီးထားသောအရာ မဟုတ်သည် မှာ ထင်ရှားလှပေသည်။
ဤအခိုက်အတန့်တွင် ရန်ရှောက်ထျန်းက ဗုဒ္ဓတစ်ထောင်နတ်ဘုရားမီးလျှံမီးတောက်နှင့် ဇီဝေ့နတ်ဘုရားမီးလျှံမီးတောက်တို့ကိုပါ ခေါ်ယူလိုက်လေသည်။
ချက်ချင်းဆိုသလိုပင် ဗုဒ္ဓတစ်ထောင်ပေါ်ထွက်လာပြီးကြယ်တာရာမီးလျှံများ ယှဉ်တွဲလျက် ရှိနေခဲ့လေသည်။
အကြီးမြတ်ဆုံး နတ်ဘုရားမီးလျှံမီးတောက်သုံးခုမှာ ကောင်းကင်နှင့်မြေကြီးကြားတွင် ပျံ့နှံ့ နေခဲ့လေသည်။
ဟွန်ချွမ်တစ္ဆေဘုရင်၊ ဖန့်ကျင်းနှင့်မုလင်းတို့မှာ ရန်ရှောက်ထျန်း၏ဘေးပတ်လည်ရှိ အကြီး မြတ်ဆုံး နတ်ဘုရားမီးလျှံမီးတောက်သုံးခုကိုကြည့်ကာ သူတို့၏စိတ်ထဲတွင် ဗလာနတ္ထိဖြစ်သွားကြ တော့သည်။
“မိုးကြိုးဘေးဒုက္ခ၊ ဗုဒ္ဓတစ်ထောင်၊ ဇီဝေ”
ဟွန်ချွမ်တစ္ဆေဘုရင်က သူ့ဘာသာ ရေရွတ်လိုက်မိလေသည်။
အကြီးမြတ်ဆုံး နတ်ဘုရားမီးလျှံမီးတောက်သုံးခု၊ ၎င်းတို့မှာကမ္ဘာဦးမူလနတ်ဘုရားမီးလျှံ မီးတောက်သုံးခုသာဖြစ်လေတော့သည်။
ဖန့်ကျင်း၊ မုလင်းနှင့် ဖန့်ကျန့်တို့ အားလုံး ထိတ်လန့်တကြား ဆွံ့အသွားကြတော့သည်။
တိုက်တန်ဧရာမမိစ္ဆာ၊ ရှဲ့ဝူရှင်းနှင့်မုယီတို့မှာ ဝူရှင်းချိုင့်ဝှမ်းတွင် ရန်ရှောက်ထျန်း၏အကြီး မြတ်ဆုံး နတ်ဘုရားမီးလျှံမီးတောက်သုံးခုကိုမြင်ဖူးခဲ့သော်လည်း ယခုအခါတွင်လည်း ထပ်မံထိတ် လန့်နေရဆဲ ဖြစ်လေသည်။
ထို့နောက် ရန်ရှောက်ထျန်းကသူ၏လက်များကိုဝှေ့ယမ်းလိုက်ရာ ကောင်းကင်နှင့်မြေကြီး ကြားရှိ မီးစွမ်းအားများမှာဒီရေအလားစုစည်းလာခဲ့ပြီး ဆေးဖက်ဝင်ပစ္စည်းများ၏ အပေါ်တွင် ဆေး ဖော်စပ်မှု အစီအရင်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့လေသည်။
ဆေးဖက်ဝင်ပစ္စည်း ရာပေါင်းများစွာမှာလေထဲသို့ပျံတက်သွားပြီးနောက် သူ၏ထိန်းချုပ်မှု အောက်တွင် အကြီးမြတ်ဆုံးနတ်ဘုရားမီးလျှံမီးတောက်သုံးခုမှာ ဆေးဖက်ဝင်ပစ္စည်းရာပေါင်းများ စွာကြားတွင် ကူးလူးပျံသန်းနေခဲ့လေသည်။
မကြာခင်မှာပင် ဆေးဖက်ဝင်ပစ္စည်းရာပေါင်းများစွာမှာအရည်ပျော်သွားခဲ့ပြီး ရန်ရှောက် ထျန်းက ကောင်းကင်နှင့်မြေကြီးကြားရှိမီးစွမ်းအားများကို ဆေးပေါင်းအိုးအဖြစ် ပြောင်းလဲလိုက်ကာ အရည်ပျော်သွားသော ဆေးဖက်ဝင်ပစ္စည်းရာပေါင်းများစွာ၏အရည်များကို ဖမ်းယူလိုက်လေ သည်။
ဤသည်ကို မြင်သောအခါ ဟွန်ချွမ်တစ္ဆေဘုရင်၊ ဖန့်ကျင်းနှင့် မုလင်းတို့မှာ အကြီးအကျယ် တုန်လှုပ်သွားကြတော့သည်။
ရန်ရှောက်ထျန်းက ဆေးပေါင်းအိုးမပါဘဲနဲ့ ဆေးကိုဖော်စပ်ရုံတင်မကဘဲ ကောင်းကင်နဲ့ မြေကြီးကြားကမီးစွမ်းအားတွေကို ဆေးပေါင်းအိုးအဖြစ်ပြောင်းလဲပြီး ဆေးဖော်စပ်နိုင်လိမ့်မယ်လို့ သူတို့ထဲက ဘယ်သူမှမမျှော်လင့်ထားခဲ့ကြပေ။
မကြာခင်မှာပင် ဆေးပေါင်းအိုးအတွင်းမှဆေးရနံ့များမှာ ကောင်းကင်နှင့်မြေကြီးကြားတွင် ပျံ့နှံ့သွားခဲ့လေသည်။
၎င်းကို အနံ့ခံမိသူတိုင်းမှာ စိတ်ထဲတွင်ကြည်နူးသွားသလိုမျိုး ခံစားလိုက်ရလေသည်။
ထို့နောက် မိုးတိမ်များစုစည်းလာခဲ့ပြီး ဒုတိယအဆင့်မိုးကြိုးဘေးဒုက္ခ ဆင်းသက်လာခဲ့လေ သည်။
ရန်ရှောက်ထျန်းက သူ၏ထာဝရနတ်ဘုရားခန္ဓာကိုယ်ကိုအသက်သွင်းလိုက်ပြီး ဒုတိယအ ဆင့် မိုးကြိုးဘေးဒုက္ခတစ်ခုချင်းစီကို ရိုက်ခွဲလိုက်လေသည်။
“ထာဝရနတ်ဘုရားခန္ဓာကိုယ်ပါလား”
ရန်ရှောက်ထျန်း၏ ထာဝရနတ်ဘုရားခန္ဓာကိုယ်ကိုမြင်လိုက်ရသောအခါ ဖန့်ကျင်းနှင့် ဖန့်ကျန့်တို့သည် မုယီကအဘယ်ကြောင့်အချိန်သဲပွင့်များကို လဲလှယ်ချင်ရသလဲဆိုသည်ကို နောက် ဆုံးတွင် နားလည်သွားခဲ့ကြလေသည်။
“ဒါက ထာဝရနတ်ဘုရားခန္ဓာကိုယ်ပဲ၊ ဒါက တကယ်ပဲ ထာဝရနတ်ဘုရားခန္ဓာကိုယ်ပဲ”
ဟွန်ချွမ်တစ္ဆေဘုရင်၏မျက်လုံးများမှာ ရန်ရှောက်ထျန်း၏ထာဝရနတ်ဘုရားခန္ဓာကိုယ်ကို မြင်လိုက်ရသောအခါ စိတ်လှုပ်ရှားမှုကြောင့် မျက်ရည်များဝဲလာခဲ့လေသည်။
သူသည် ထာဝရနတ်ဘုရားခန္ဓာကိုယ်ကိုရှာဖွေနေခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီ ဖြစ်လေသည်။
ဒုတိယအဆင့် မိုးကြိုးဘေးဒုက္ခကို ရိုက်ခွဲလိုက်ပြီးနောက် နောက်ဆုံးတွင် ဘေးဒုက္ခနှစ်မျိုးပါ ဟဲဗန်အဆင့် အသက်ဆေးလုံးမှာပုံပေါ်လာခဲ့လေပြီ။
ရန်ရှောက်ထျန်း၏လက်ထဲရှိ ကြည်လင်တောက်ပပြီးဆွဲဆောင်မှုရှိလှသော ဆေးရနံ့များ ထွက်ပေါ်နေသည့် ဘေးဒုက္ခနှစ်မျိုးပါဟဲဗန်အဆင့်အသက်ဆေးလုံးကိုကြည့်ကာ ဖန့်ကျင်း၊ မုလင်း နှင့် ဖန့်ကျန့်တို့မှာအချိန်အတော်ကြာသည်အထိ စိတ်ကို မတည်ငြိမ်နိုင်ဘဲ ဖြစ်နေခဲ့ကြလေသည်။
ရန်ရှောက်ထျန်းက ဘေးဒုက္ခနှစ်မျိုးပါ ဟဲဗန်အဆင့်အသက်ဆေးလုံးကို ဘယ်လိုဖော်စပ်ခဲ့ သလဲဆိုတာကို သူတို့ နောက်ဆုံးမှာ နားလည်သွားခဲ့ကြလေပြီ။
ဖန့်ကျင်းက ရန်ရှောက်ထျန်းကို ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“သခင်လေးရန်က ဆေးပေါင်းအိုးမပါဘဲဆေးဖော်စပ်နိုင်တာကတကယ့်ကို အံ့မခန်းပါပဲ။ ကျွန်တော် နှစ်ပေါင်းများစွာနေထိုင်လာခဲ့တာ၊ ဒီနေ့မှပဲဒီလိုမျိုးကိုပထမဆုံးအကြိမ် မြင်ဖူးတော့ တယ်”
သစ်ပင်တစ်ထောင်ဓားနတ်ဘုရားနှင့် ဖန့်ကျန့်တို့သည်လည်းစိတ်လှုပ်ရှားစွာဖြင့် ထောက်ခံ လိုက်ကြလေသည်။
ရန်ရှောက်ထျန်းက ပြုံးလျက်။
“ကျွန်တော်က အနည်းငယ်နားလည်ရုံပါ၊ ဆေးဖော်စပ်မှုမှာတော့သွားရမယ့်လမ်းတွေ အများကြီးလိုပါသေးတယ်”
ထိုသို့ပြောပြီးနောက် သူသည်အကြီးမြတ်ဆုံး နတ်ဘုရားမီးလျှံမီးတောက်သုံးခုကို ဆက်လက်ထိန်းချုပ်လိုက်ပြီး နောက်ထပ်ဘေးဒုက္ခနှစ်မျိုးပါဟဲဗန်အဆင့် အသက်ဆေးလုံး တစ်လုံး ကို ဆက်လက်ဖော်စပ်နေတော့သည်။
ဘေးဒုက္ခနှစ်မျိုးပါဟဲဗန်အဆင့်အသက်ဆေးလုံးဆယ်လုံးကို ဖော်စပ်ပြီးနောက်တွင် သူသည် ဘေးဒုက္ခနှစ်မျိုးပါဟဲဗန်အဆင့် အသက်ဆေးလုံးနောက်ထပ်ဆယ်လုံးကိုလည်း ဆက်လက်ဖော်စပ် လိုက်လေသည်။
ထိုအခါမှသာ ရန်ရှောက်ထျန်းသည်လူတိုင်းနှင့်အတူဧကရာဇ်မြို့တော်သို့ ပြန်လာခဲ့လေ သည်။
ပြန်လာသည့်လမ်းတွင် ရန်ရှောက်ထျန်းက ဖန့်ကျင်းနှင့် ဖန့်ကျန့်တို့ကို နန်ထျန်ဓားနတ်ဘုရား ၏ သတင်းကိုစုံစမ်းရန် ကူညီပေးသည့်အတွက် ကျေးဇူးတင်သောအားဖြင့် ပုရှန့်ဆေးလုံး နှစ်လုံးစီနှင့် အသက်ဆေးလုံး နှစ်လုံးစီပေးလိုက်လေသည်။
ထိုနှစ်ဦးမှာ ဆေးလုံးများကိုလက်ခံရရှိလိုက်သောအခါ အလွန်တရာဝမ်းမြောက်ဝမ်းသာ ဖြစ်နေခဲ့ကြလေသည်။
ဧကရာဇ်မြို့တော်သို့ ပြန်ရောက်ပြီးနောက် ဖန့်ကျင်းနှင့်ဖန့်ကျန့်တို့မှာ ဧကရာဇ်နန်းတော်သို့ ပြန်သွားခဲ့ကြလေသည်။ မပြန်ခင်တွင်သူတို့သည်ရန်ရှောက်ထျန်းအား ဧကရာဇ်နန်းတော်သို့ လာရောက်လည်ပတ်ရန် ရိုသေစွာနှင့်နွေးထွေးစွာ ဖိတ်ကြားခဲ့ကြလေသည်။
သို့သော်လည်း ရန်ရှောက်ထျန်းမှာအချိန်သဲပွင့်များကိုသန့်စင်ရန် လိုအပ်နေသဖြင့် ငြင်းပယ် လိုက်လေသည်။
မုမိသားစုနေအိမ်သို့ပြန်ရောက်သောအခါ ရန်ရှောက်ထျန်းသည်မုယီက ဖန့်ကျန့်ဆီမှ လဲလှယ်လာခဲ့သော အချိန်သဲပွင့်များကိုသန့်စင်ရန်အတွက် တံခါးပိတ်ကျင့်ကြံလေတော့သည်။
ဤတစ်ကြိမ်တွင် မုယီလဲလှယ်လာခဲ့သောအချိန်သဲပွင့်မှာ အတော်လေးများပြားလှသဖြင့် သူ၏ထာဝရနတ်ဘုရားခန္ဓာကိုယ်ကိုဖောက်ထွက်နိုင်ရန်အတွက် လုံလောက်သင့်လေသည်။
ရန်ရှောက်ထျန်းသည် နန်းတော်အတွင်း၌ တင်ပလ္လင်ခွေထိုင်ကာ သူ၏ထာဝရနတ်ဘုရားခန္ဓာ ကိုယ်ကို လည်ပတ်လိုက်လေသည်။ သူ၏ဘေးပတ်လည်ရှိ အချိန်သဲပွင့်များမှာ သူ၏ခန္ဓာကိုယ်အ တွင်းသို့ တဖြည်းဖြည်းချင်းစိမ့်ဝင်သွားပြီး အချိန်စွမ်းအားများအဖြစ် ပြောင်းလဲသွားခဲ့လေသည်။
ရက်အနည်းငယ်ကြာပြီးနောက်တွင်မူ ဤအချိန်သဲပွင့်များမှာ သူ၏ခန္ဓာကိုယ်အတွင်းသို့ လုံးဝစိမ့်ဝင်သွားခဲ့လေပြီ။ သူ၏တစ်ကိုယ်လုံးမှတောက်ပလှသော အချိန်အလင်းတန်းများပေါ်ထွက် လာခဲ့ပြီး အချိန်စွမ်းအားများမှာနန်းတော်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့လေသည်။
သူသည် အချိန်အလင်းတန်းများကြားတွင်တင်ပလ္လင်ခွေထိုင်နေခဲ့ရာ အချိန်နတ်ဘုရား တစ်ပါးကဲ့သို့ပင် ရှိနေခဲ့လေသည်။
ရန်ရှောက်ထျန်း ကျင့်ကြံခြင်းကို ရပ်လိုက်ချိန်တွင် ညအချိန်သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။
သူသည် သက်ပြင်းတစ်ချက်ကိုဖြည်းဖြည်းချင်းချလိုက်ပြီး သူ၏ခန္ဓာကိုယ်အခြေအနေကို စစ်ဆေးလိုက်လေသည်။ အချိန်သဲပွင့်များကိုသန့်စင်ပြီးနောက် သူ၏တစ်ကိုယ်လုံးအတွင်းရော အပြင်ပါ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ပြောင်းလဲသွားသည်ကို သူ တွေ့လိုက်ရလေသည်။ သူ၏အတွင်းကလီစာများပင်လျှင် အချိန်အလင်းတန်းများဖြင့်တောက်ပနေခဲ့လေသည်။
သူ၏အတွင်းကလီစာများတင်မကဘဲ သူ၏သွေးများ၊ ဒန်ထျန်၊ မီရီဒီယန်များနှင့် အပ်စိုက် မှတ်များအားလုံးမှာလည်း ထပ်တူပင်ဖြစ်လေသည်။
ဒါက ထာဝရနတ်ဘုရားခန္ဓာကိုယ် ‘အသေးစား အောင်မြင်မှု အဆင့်’ ကို ရရှိသွားသည့် လက္ခဏာပင်ဖြစ်လေသည်။
ရန်ရှောက်ထျန်း အလွန်တရာဝမ်းသာသွားခဲ့လေသည်။
အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ပြီးနောက် နောက်ဆုံးတွင်ထာဝရနတ်ဘုရား ခန္ဓာ ကိုယ်မှာ အသေးစားအောင်မြင်မှုအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်လေသည်တကား။
ထာဝရနတ်ဘုရားခန္ဓာကိုယ် အသေးစားအောင်မြင်မှုအဆင့်သို့ ရောက်ရှိသွားသည်နှင့် သူသည် မသေနိုင်သောခန္ဓာကိုယ်ကို ရရှိသွားပြီဟု ပြောလျှင်ပင် ရနိုင်လေသည်။
ယခင်က သူ၏နှလုံးနှင့် အတွင်းကလီစာများကို အခြားသူများက ရိုက်ခွဲနိုင်သော်လည်း ယခုမူ သူ၏အတွင်းကလီစာများမှာ အချိန်စွမ်းအားများဖြင့်ပြည့်နှက်နေသဖြင့် အခြားသူများရိုက်ခွဲရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်နေခဲ့လေပြီ။
ရိုက်ခွဲခံလိုက်ရလျှင်ပင် သူ၏အတွင်းကလီစာများမှာ အချိန်စွမ်းအားများ၏စုစည်းမှု အောက်တွင် ပြန်လည်ရှင်သန်လာနိုင်ဦးမည်ဖြစ်လေသည်။
ဒါက ထာဝရနတ်ဘုရားခန္ဓာကိုယ် အသေးစားအောင်မြင်မှုအဆင့်၏ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားပင်ဖြစ်လေသည်။
ထို့ပြင် သူ၏ထာဝရနတ်ဘုရားခန္ဓာကိုယ် အသေးစားအောင်မြင်မှုအဆင့်နှင့်အတူ သူ ထိန်းချုပ်ထားသောအချိန်စွမ်းအားမှာလည်း အဆပေါင်းများစွာတိုးတက်လာခဲ့လေသည်။ ထိုအချိန် ကျလျှင် သူသည်အချိန်မြစ်၏အနက်ရှိုင်းဆုံးနေရာသို့ ထပ်မံဝင်ရောက်မည်ဆိုပါက အချိန်မြူခိုး များကို ကြောက်စရာမလိုတော့ပေ။
ယခင်က သူ၏ထာဝရနတ်ဘုရားခန္ဓာကိုယ်မှာ ကမ္ဘာဦးမူလသံနက်များကို မတိုက်စား နိုင်သော်လည်း ယခုမူကမ္ဘာဦးမူလသံနက်များကိုပင် တိုက်စားနိုင်ပြီးဝါးမြိုနိုင်ခဲ့လေပြီ။
ရန်ရှောက်ထျန်းသည် ထာဝရနတ်ဘုရားခန္ဓာကိုယ်၏စွမ်းအားကို အကျွမ်းတဝင်ရှိအောင် လုပ်ဆောင်လိုက်ပြီးနောက် မုမိသားစုနေအိမ်မှပျံသန်းထွက်ခွာလာခဲ့ကာ ဧကရာဇ်မြို့တော်၏ အရှေ့ တောင်ဘက် အရပ်မျက်နှာဆီသို့ ဦးတည်သွားခဲ့လေသည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာကသူ၏ဆရာဖြစ်သူဟုန်ဖုန်းနတ်ဘုရား အရှင်သခင်သည် ဧကရာဇ်မြို့တော်တွင်တစ်ခုခုချန်ထားခဲ့လေသည်။ လွန်ခဲ့သောရက်ပိုင်းက သူသည်၎င်းကို သွားယူ ရန်အတွက်အချိန်မရှိခဲ့ပေ။ ယနေ့ညတွင်သူ၏ဆရာဟုန်ဖုန်းနတ်ဘုရားအရှင်သခင် ချန်ထားခဲ့သော အရာကို သွားယူရန်ဆုံးဖြတ်လိုက်ခြင်း ဖြစ်လေသည်။
ခဏအကြာတွင် ရန်ရှောက်ထျန်းသည်ဧရာမစံအိမ်ကြီးတစ်ခု၏ရှေ့သို့ ရောက်ရှိလာခဲ့ လေသည်။
ဤစံအိမ်မှာ လွန်ခဲ့သောကာလက သူ၏ဆရာဟုန်ဖုန်းနတ်ဘုရားအရှင်သခင် နေထိုင်ခဲ့သော စံအိမ်ပင်ဖြစ်လေသည်။
သို့သော်လည်း စံအိမ်မှာမီးများလင်းထိန်နေပြီး ထုန်းထျန်းနတ်ဘုရားဂိုဏ်းမှ ပညာရှင်များက နေရာအနှံ့တွင် စောင့်ကြပ်နေကြသည်ကို တွေ့ရလေသည်။
ရန်ရှောက်ထျန်းသည် ချက်ချင်းပင်ဟင်းလင်းပြင်ဖုံးကွယ်မှုကို အသက်သွင်းလိုက်ပြီးကိုယ် ဖျောက်ကာ စံအိမ်အတွင်းသို့ ဝင်ရောက်ခဲ့လေသည်။
သို့သော်လည်း သူသည်စံအိမ်၏ခန်းမဆောင်ကြီးကိုဖြတ်ကျော်သွားစဉ် ခန်းမဆောင် အတွင်းမှထွက်ပေါ်လာသော အသံကြောင့်ရန်ရှောက်ထျန်း မှင်တက်သွားခဲ့လေသည်။
“ဂိုဏ်းချုပ်... ဟုန်ဖုန်းနတ်ဘုရားအရှင်သခင် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ချန်ထားခဲ့တဲ့ ဘဏ္ဍာတိုက်ကို ကျွန်တော်တို့ အခုထိမဖွင့်နိုင်သေးပါဘူး”
ဂိုဏ်းချုပ် ဟုတ်လား။
ရန်ရှောက်ထျန်း မရပ်ဘဲ မနေနိုင်တော့ပေ။
ဒါက ကျောက်ရုန်လား။
ကျောက်ရုန်က ဧကရာဇ်မြို့တော်ကို ရောက်နေတာလား။
သူသည် အလင်းရောင်ရှိရာဘက်သို့ကြည့်လိုက်ရာ ခန်းမဆောင်အတွင်း၌ လူငါးဦးထိုင်နေ သည်ကို မြင်တွေ့လိုက်ရလေသည်။
ခန်းမဆောင်၏ အလယ်ဗဟိုတွင်ထိုင်နေသောသူမှာ အရပ်ရှည်ရှည်လူလတ်ပိုင်း တစ်ဦး ဖြစ်လေသည်။ သူသည်ကျယ်ပြန့်သောပုခုံးနှင့် သန်မာသောခန္ဓာကိုယ်ရှိပြီး ထိုးဖောက်နိုင်စွမ်း ရှိသော မျက်လုံးများရှိနေကာ သူ၏လှုပ်ရှားမှုတိုင်းမှာ ကောင်းကင်ဘုံအားလုံးကို ဖိနှိပ်ထားနိုင်သော အရှိန်အဝါများ ရှိနေခဲ့လေပေသည်။
***