ရန်ရှောက်ထျန်း၏မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့လေသည်၊ ဤလူလတ်ပိုင်းမှာ ကျောက် ရုန်ဖြစ်သည်မှာ သံသယဖြစ်စရာမလိုတော့ပေ။
သူသည် ဤတစ်ကြိမ်တွင်သူ၏ဆရာ၏စံအိမ်ဟောင်းသို့လာရင်းနှင့် ကျောက်ရုန်နှင့် တွေ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။
ကျောက်ရုန်က အမြင့်မြတ်ဆုံးဧကရာဇ်နိုင်ငံ၏ဧကရာဇ်မြို့တော်သို့ တကယ်ပဲရောက်လာခဲ့ သည်တဲ့လား။
ကျောက်ရုန်က ဧကရာဇ်မြို့တော်ကို ဘာလို့ရုတ်တရက်ကြီး ရောက်လာရတာလဲ။ သူ့အတွက် လား။ သူက မုမိသားစုနေအိမ်မှာ ရှိနေတယ်ဆိုတာကို သိသွားလို့များလား။
ခဏအတွင်းမှာပင် အတွေးပေါင်းများစွာမှာ ရန်ရှောက်ထျန်း၏စိတ်ထဲတွင် လျှပ်စီးကဲ့သို့ ဖြတ်သန်းသွားခဲ့လေသည်။
“ကိစ္စမရှိပါဘူး”
ဤအခိုက်အတန့်တွင် ကျောက်ရုန်ကတည်ငြိမ်စွာ ပြောလိုက်သည်။
“ငါ့ရဲ့ ကံကြမ္မာနတ်ဘုရားကျင့်စဉ်က အသေးစားအောင်မြင်မှုအဆင့်ကိုရောက်သွား ပြီဆို တော့ ဟုန်ဖုန်းနတ်ဘုရားအရှင်သခင်ရဲ့ဘဏ္ဍာတိုက်ကိုဖွင့်ဖို့ဆိုတာကပြဿနာ မဟုတ်တော့ပါဘူး”
“ငါ ဒီကိုလာတဲ့ရည်ရွယ်ချက်က ဟုန်ဖုန်းနတ်ဘုရား ရှင်သခင်ရဲ့ ဘဏ္ဍာတိုက်ကိုဖွင့်ဖို့ပါပဲ”
လွန်ခဲ့သောကာလက ဟုန်ဖုန်းနတ်ဘုရားအရှင်သခင်သည် ဤစံအိမ်တွင် ဘဏ္ဍာတိုက်တစ်ခု ချန်ထားခဲ့ပြီး အတွင်းရှိပစ္စည်းများမှာ ကျောက်ရုန်အတွက်အလွန်တရာအရေးကြီးလှပေသည်။
ထို့ကြောင့် သူ၏ကံကြမ္မာနတ်ဘုရားကျင့်စဉ်အသေးစားအောင်မြင်မှုအဆင့်သို့ ရောက်ရှိ သည်နှင့် သူသည်အလောတကြီး ရောက်ရှိလာခြင်းဖြစ်လေသည်။
ရန်ရှောက်ထျန်း ဤသည်ကိုကြားလိုက်ရသဖြင့် အလွန်တရာအံ့အားသင့်သွားခဲ့လေသည်။
ကျောက်ရုန်က ကံကြမ္မာနတ်ဘုရားမရဲ့ကံကြမ္မာနတ်ဘုရားကျင့်စဉ်ကို ဘယ်လိုမျိုးပိုင်ဆိုင် ထားရတာလဲ။
ကံကြမ္မာနတ်ဘုရားမရဲ့ ကံကြမ္မာနန်းတော်ကိုထာဝရနတ်ဘုရားခန္ဓာကိုယ် အသေးစား အောင်မြင်မှု အဆင့်ရှိသူမှသာ ဖွင့်နိုင်တာမဟုတ်လား။
ရုတ်တရက် သူသည် အချိန်အဘိုးကြီးကို သတိရသွားခဲ့လေသည်။
ကျောက်ရုန်က အချိန်အဘိုးကြီးဆီကနေ ကံကြမ္မာနတ်ဘုရားကျင့်စဉ်ကို ရခဲ့တာလား။
သူ၏မျက်နှာအမူအရာမှာ မည်းမှောင်သွားခဲ့လေသည်။
ကံကြမ္မာနတ်ဘုရားကျင့်စဉ်မှာ စစ်နတ်ဘုရားကမ္ဘာ၏အကြီးမြတ်ဆုံး နတ်ဘုရားကျင့်စဉ် တစ်ဆယ်ထဲမှတစ်ခုဖြစ်ကြောင်းသိထားရမည်ဖြစ်ရာ ကျောက်ရုန်သည်ဓားအသိ ၁၅ မျိုးကို ကျင့်ကြံထားပြီးဖြစ်ပြီး ကံကြမ္မာနတ်ဘုရားကျင့်စဉ်နှင့်အတူဆိုလျှင် နောက်ထပ်လအနည်းငယ် အကြာတွင် ကျင်းပမည့်ကူလွန်ဓားပြိုင်ပွဲတွင် မည်သူက သူ၏ပြိုင်ဘက်ဖြစ်နိုင်ဦးမည်နည်း။
“နန်ထျန်ဓားနတ်ဘုရားရဲ့ သတင်းကောရပြီလား”
ကျောက်ရုန်က ရုတ်တရက် မေးလိုက်လေသည်။
ကျောက်ရုန်၏ အောက်တွင် ထိုင်နေသောသူမှာအရပ်ရှည်ပြီးပိန်လှီလှသော အဘိုးကြီး တစ်ဦးဖြစ်ပြီး ကျောက်ရုန်၏အကြီးမြတ်ဆုံးဓားနတ်ဘုရားခြောက်ဦးထဲမှ တစ်ဦးဖြစ်သည့် ဘေးဒုက္ခတစ်သောင်းဓားနတ်ဘုရားဖြစ်လေသည်၊ သူသည်ကျောက်ရုန်၏ အစွမ်းအထက်ဆုံး ပညာရှင်ဖြစ်ပြီး ဓားနတ်ဘုရားအဆင့်သတ်မှတ်ချက်တွင် အဆင့် ၁၁ရှိသောပညာရှင်တစ်ဦး ဖြစ် လေသည်။
ဘေးဒုက္ခတစ်သောင်း ဓားနတ်ဘုရားက ခေါင်းခါပြကာ။
“မရသေးပါဘူး”
ထို့နောက် သူက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ သူကစိန့်ဘုရင်နဲ့ဟင်းလင်းပြင်တို့ရဲ့ဓားတစ်ချက်တည်းနဲ့ နှလုံးကို ဖောက်ထွက်တာ ခံလိုက်ရတာဆိုတော့ သူ မသေသေးရင်တောင်မှ သေဖို့ သိပ်မလိုတော့ပါဘူး”
ဘာ။
နေလစိန့်ဘုရင်နှင့် ဟင်းလင်းပြင်ဓားနတ်ဘုရားတို့ကနန်ထျန်ဓားနတ်ဘုရား၏ နှလုံးကို ဓားနှင့် ထိုးဖောက်လိုက်သည်ဟုကြားလိုက်ရသဖြင့် ရန်ရှောက်ထျန်းမှာထိတ်လန့်တကြားနှင့် အမျက်ထွက်သွားခဲ့လေသည်။
“ဘယ်သူလဲ”
ဤအချိန်တွင် ကျောက်ရုန်ကရန်ရှောက်ထျန်း ပုန်းကွယ်နေသောနေရာသို့ ရုတ်တရက် ကြည့် လိုက်ပြီး ပြင်းထန်စွာလက်သီးနှင့် ထိုးလိုက်လေသည်။
ကံကြမ္မာနတ်ဘုရားကျင့်စဉ်ကို အသက်သွင်းလိုက်သည်နှင့် ဖျက်ဆီးခြင်းစွမ်းအားများမှာ ဒီရေအလား ထွက်ပေါ်လာခဲ့လေသည်။
ကျောက်ရုန် တိုက်ခိုက်လိုက်သည့် အချိန်တွင် ဧကရာဇ်မြို့တော်တစ်ခုလုံးရှိ ကျင့်ကြံသူများ အားလုံးမှာ ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကိုခံစားလိုက်ရလေသည်။
“ဝုန်း…”
ကျောက်ရုန်၏လက်သီးချက်က ရန်ရှောက်ထျန်းပုန်းကွယ်နေသော ဟင်းလင်းပြင်ကို ဆုတ်ဖြဲလိုက်လေသည်။
ကျောက်ရုန်၏ လက်သီးချက်မှာ ရန်ရှောက်ထျန်းကိုလွဲချော်သွားပြီး ကောင်းကင်ယံ၏ အနက်ရှိုင်းဆုံး နေရာသို့ တိုက်ရိုက်ပေါက်ကွဲထွက်သွားခဲ့လေသည်။
ကောင်းကင်ယံကြီးမှာ ပြင်းထန်စွာတုန်ခါသွားခဲ့လေသည်။
လက်သီးချက်၏ စွမ်းအားမှာပေါက်ကွဲသွားခဲ့ပြီး ကောင်းကင်ဘုံကိုးထပ်မှမိုးကြိုးသံကဲ့ သို့ ပင် အချိန်အတော်ကြာသည်အထိ ဟိန်းဟောက်နေခဲ့လေသည်။
ဤအခိုက်အတန့်တွင် ဧကရာဇ်မြို့တော်ရှိဂိုဏ်းအသီးသီးနှင့်မိသားစုဘိုးဘေးများ အားလုံး အကြီးအကျယ်ထိတ်လန့်သွားကြတော့သည်။
သစ်ပင်တစ်ထောင်ဓားနတ်ဘုရား၊ တိုက်တန်ဧရာမမိစ္ဆာနှင့်ရှဲ့ဝူရှင်းတို့ပင်လျှင် အကြီး အကျယ် ထိတ်လန့်သွားကြတော့သည်။
ကျောက်ရုန်၏ ကြောက်မက်ဖွယ်ကောင်းသော ပြိုင်ဘက်ကင်းစွမ်းအားအောက်တွင် ဧကရာဇ်မြို့တော်ရှိလူတိုင်းမှာ ပုရွက်ဆိတ်များကဲ့သို့ ခံစားလိုက်ရလေသည်။
ရန်ရှောက်ထျန်းသည် ကျောက်ရုန်၏လက်သီးချက်၏ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ခံစားလိုက်ရသဖြင့် ချွေးစေးများထွက်လာခဲ့လေသည်။
ကျောက်ရုန်၏ စွမ်းအားမှာ သူ မြင်ဖူးသမျှထဲတွင် အစွမ်းအထက်ဆုံးပင်ဖြစ်လေသည်။
လက်သီးတစ်ချက်တည်းဖြစ်သော်လည်း ကျောက်ရုန်၏စွမ်းအားမှာ ချောက်နက်အရှင် သခင်ထက်ပင် သာလွန်နေပုံရလေသည်။
လက်သီးတစ်ချက် ထိုးပြီးနောက် ကျောက်ရုန်ကထပ်မံမတိုက်ခိုက်တော့ဘဲ ရန်ရှောက်ထျန်း ခုနက ပုန်းကွယ်နေခဲ့သော နေရာကိုသံသယဖြစ်ဖွယ် မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့လေသည်။
ရန်ရှောက်ထျန်းသည်လည်း ပြိုင်ဘက်၏လက်သီးချက်ကိုရှောင်တိမ်းပြီးနောက် ထပ်မံ မနေတော့ဘဲ သူ၏ဆရာချန်ထားခဲ့သော ဘဏ္ဍာတိုက်ဆီသို့ အမြန်ပျံသန်းသွားခဲ့လေသည်။
ကျောက်ရုန်က သူ့ဆရာ၏ဘဏ္ဍာတိုက်အတွက်နဲ့ဧကရာဇ်မြို့တော်သို့ ရောက်လာခြင်း ဖြစ်လေရာ သူ၏ဆရာ၏ဘဏ္ဍာတိုက်အတွင်း၌ သူအရေးတကြီးလိုအပ်နေသောအရာ တစ်ခုခု ရှိနေသည်မှာ ထင်ရှားလှပေသည်၊ မဟုတ်လျှင်ပြိုင်ဘက်က ကိုယ်တိုင်လာလိမ့်မည်မဟုတ်ပေ။
ထို့ကြောင့် သူသည်ပြိုင်ဘက်မတိုင်ခင် သူ့ဆရာ၏ဘဏ္ဍာတိုက်မှပစ္စည်းများအားလုံးကို ရယူရမည် ဖြစ်လေသည်။
ရန်ရှောက်ထျန်းသည် သူ၏ဆရာချန်ထားခဲ့သောမှတ်တမ်းများအရ ဘဏ္ဍာတိုက်တံခါးကို အမြန်ရှာတွေ့သွားခဲ့လေသည်။
ဘဏ္ဍာတိုက်တံခါးမှာ ‘နှစ်ပေါင်းသောင်းချီ သံနက်’ နှင့် ဖော်စပ်ထားခြင်းဖြစ်လေသည်။
နှစ်ပေါင်းသောင်းချီ သံနက်မှာ အချိန်မြစ်မှအလွန်တရာရှားပါးလှသော ပစ္စည်းတစ်ခုဖြစ်ပြီး အချိန်စွမ်းအားများလည်း ရှိနေသဖြင့် ထာဝရနတ်ဘုရားခန္ဓာကိုယ် ဒါမှမဟုတ်ကံကြမ္မာနတ်ဘုရား ကျင့်စဉ် မရှိဘဲနဲ့ ချဉ်းကပ်ရန်မှာ မဖြစ်နိုင်ပေ။
ထုန်းထျန်းနတ်ဘုရားဂိုဏ်းမှပညာရှင်များ အဘယ်ကြောင့်မဖွင့်နိုင်ကြသလဲဆိုသည်မှာ အံ့ဩစရာမဟုတ်တော့ပေ။
ရန်ရှောက်ထျန်း မတွန့်ဆုတ်တော့ဘဲသံနက်တံခါးရှေ့သို့ အမြန်ရောက်ရှိသွားကာ သူ၏ထာဝ ရနတ်ဘုရားခန္ဓာကိုယ်စွမ်းအားကိုအသက်သွင်းလိုက်ပြီးနောက် သူ၏လက်များကိုတံခါးပေါ်သို့ တင်လိုက်လေသည်။
ကျယ်ပြန့်လှသော အချိန်စွမ်းအားများမှာ တံခါးအတွင်းသို့ စီးဝင်သွားခဲ့လေသည်။
တံခါး၏ အချိန်အလင်းတန်းများမှာ အဆက်မပြတ်တောက်လိုက် မှိန်လိုက်ဖြစ်နေခဲ့လေ သည်။
မကြာခင်မှာပင် တံခါးမှာ ဖြည်းဖြည်းချင်း ပွင့်သွားခဲ့လေပြီ။
အကယ်၍ ရန်ရှောက်ထျန်း၏ထာဝရနတ်ဘုရားခန္ဓာကိုယ်မှာ အသေးစားအောင်မြင်မှု အဆင့်သို့မရောက်ရှိခဲ့လျှင် ဤနှစ်ပေါင်းသောင်းချီသံနက်တံခါးကိုဖွင့်ရန်အတွက် အနည်းဆုံး တစ်ရက်ခန့်ကြာလိမ့်မည်ဖြစ်သော်လည်း ယခုမူသူ၏ထာဝရနတ်ဘုရားခန္ဓာကိုယ်မှာ အသေးစား အောင်မြင်မှု အဆင့်သို့ရောက်ရှိနေသဖြင့် တံခါးကိုအလွယ်တကူပင်ဖွင့်နိုင်ခဲ့လေသည်။
ဘဏ္ဍာတိုက်မှာ သိပ်မကြီးမားလှပေ။
စတုရန်းမီတာ ရာဂဏန်းလောက်သာ ရှိလေသည်။
သို့သော်လည်း ဘဏ္ဍာတိုက်အတွင်းသို့ဝင်လိုက်သည်နှင့် ရန်ရှောက်ထျန်းသည် ရင်းနှီးလှ သော အရှိန်အဝါတစ်ခုကို ချက်ချင်းခံစားလိုက်ရလေသည်။
ဒါက ဘာလဲ။
သူသည် ဘဏ္ဍာတိုက်၏ ထောင့်တစ်နေရာဆီသို့ ကြည့်လိုက်လေသည်။
ထိုနေရာတွင် ‘ကမ္ဘာဦးမူလကံကြမ္မာနတ်ဘုရားကျောက်တုံး’ တစ်ခုကို တင်ထားသည်ကို တွေ့ရလေသည်။
ဒါက တကယ်ပဲကမ္ဘာဦးမူလကံကြမ္မာနတ်ဘုရားကျောက်တုံး ဖြစ်နေခဲ့သည်တကား။
ပြီးတော့ ရှစ်ခုတောင် ရှိနေတာလေ။
ရန်ရှောက်ထျန်း အလွန်တရာဝမ်းသာသွားခဲ့လေသည်။
လက်ရှိတွင် သူသည်ကမ္ဘာဦးမူလကံကြမ္မာ၁၂ခုကို ရရှိထားပြီးဖြစ်ကာ သူ၏နတ်ဘုရားပင် လယ်လောကကိုခိုင်မာအောင်လုပ်ဆောင်ပြီး ၁၃ ခုမြောက်ကမ္ဘာဦးမူလကံကြမ္မာကို ရယူနိုင်ရန် အတွက် ကမ္ဘာဦးမူလကံကြမ္မာနတ်ဘုရားကျောက်တုံးကိုအရေးတကြီး လိုအပ်နေခြင်းဖြစ်လေ သည်။
သူ၏ဆရာ၏ ဘဏ္ဍာတိုက်အတွင်း၌ကမ္ဘာဦးမူလကံကြမ္မာနတ်ဘုရားကျောက်တုံး ရှိနေလိမ့် မည်ဟု သူ မထင်ထားခဲ့ပေ၊ ၎င်းမှာလည်း ရှစ်ခုတောင်ဖြစ်လေသည်။
သူ၏ဆရာက ကမ္ဘာဦးမူလကံကြမ္မာနတ်ဘုရားကျောက်တုံးကို ဘယ်လိုမျိုးပိုင်ဆိုင်ထား သလဲဆိုတာကို သူသိချင်နေသော်လည်း ယခုအချိန်တွင်မူထိုမေးခွန်းများကို လေ့လာနေရန် အချိန်မရှိ ပေ။
သူသည် ကမ္ဘာဦးမူလကံကြမ္မာနတ်ဘုရားကျောက်တုံးကိုမြင်လိုက်ရသည့် အခိုက် အတန့်တွင် အမြန်ဆုံးအရှိန်ဖြင့်ကမ္ဘာဦးမူလကံကြမ္မာ နတ်ဘုရားကျောက်တုံးဆီသို့ ပြေးသွားခဲ့ လေ သည်။
ထို့နောက် သူသည်ကမ္ဘာဦးမူလကံကြမ္မာနတ်ဘုရားကျောက်တုံးများအားလုံးကို သူ၏ဆေး ပေါင်းအိုးအတွင်းသို့ ထည့်လိုက်လေသည်။
ယခုမှသာ ကျောက်ရုန်ကသူ့ဆရာ၏ဘဏ္ဍာတိုက်မှပစ္စည်းများကို ဘာလို့ရယူချင်နေရ သလဲဆိုတာကို သူ ခပ်ရေးရေးနားလည်သွားခဲ့လေပြီ။
ကျောက်ရုန်သည်လည်း ဘဏ္ဍာတိုက်အတွင်းရှိ ကမ္ဘာဦးမူလကံကြမ္မာနတ်ဘုရားကျောက် တုံးအတွက် လာခြင်းဖြစ်ရပေမည်။
အကယ်၍ သူသာကံကြမ္မာနတ်ဘုရားကျင့်စဉ်ကိုကျင့်ကြံပြီး ကမ္ဘာဦးမူလကံကြမ္မာ နတ်ဘုရားကျောက်တုံးကိုပိုင်ဆိုင်မည်ဆိုပါက သူသည်တစ်ရက်အတွင်းမိုင်ပေါင်းများစွာတိုးတက် နိုင်မည် ဖြစ်လေသည်။
ထို့နောက် ရန်ရှောက်ထျန်းသည် ဘဏ္ဍာတိုက်အတွင်းရှိအခြားသော စာအုပ်များနှင့်ဆေးလုံး များအားလုံးကိုသိမ်းဆည်းလိုက်ပြီး ထိုစံအိမ်မှမမြင်ကွယ်ရာအတိုင်း တိုက်ရိုက်ထွက်ခွာလာခဲ့လေ သည်။
ရန်ရှောက်ထျန်း ထွက်သွားပြီးသည်နှင့် ကျောက်ရုန်သည်ဘဏ္ဍာတိုက်တံခါးဆီသို့ ရောက်ရှိ လာခဲ့သော်လည်း သူသည်ဘဏ္ဍာတိုက်တံခါးဆီသို့ရောက်ရှိလာပြီး ဟာလာဟင်းလင်းဖြစ်နေသော ဘဏ္ဍာတိုက်ကိုမြင်လိုက်ရသောအခါ မှင်တက်သွားပြီးနောက် သူ၏သတ်ဖြတ်လိုသော အရှိန်အဝါ များမှာ ဧကရာဇ်မြို့တော်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့လေသည်။
“ဧကရာဇ်မြို့တော် တစ်ခုလုံးကို ပိတ်ဆို့လိုက်စမ်း”
“ဒီလူကို ငါ့အတွက်ရှာပေးကြ”
ကျောက်ရုန်၏ အေးစက်လှသောအသံမှာ ဧကရာဇ်မြို့တော်အပေါ်တွင် ဟိန်းဟောက်နေခဲ့ လေသည်။
ဘေးဒုက္ခတစ်သောင်း ဓားနတ်ဘုရားကတုံ့ဆိုင်းစွာဖြင့်။
“ဂိုဏ်းချုပ်... ဒါကအမြင့်မြတ်ဆုံးဧကရာဇ်မြို့တော်လေ၊ ဒါက နည်းနည်းမသင့်တော်ဘူး မဟုတ်လား”
အကယ်၍ အခြားသောဧကရာဇ်နိုင်ငံများ၏ ဧကရာဇ်မြို့တော် ဖြစ်နေလျှင် သူတို့ စိတ်ကြိုက် ပိတ်ဆို့နိုင်သော်လည်း အမြင့်မြတ်ဆုံးဧကရာဇ်နိုင်ငံမှာနံပါတ်တစ်ဧကရာဇ်နိုင်ငံဖြစ်ပြီး ၎င်း၏အင် အားမှာ ထုန်းထျန်းနတ်ဘုရားဂိုဏ်းထက်များစွာ မနိမ့်ကျလှပေ။
“အမြင့်မြတ်ဆုံးဧကရာဇ်မြို့တော် ဖြစ်နေရင်ကော ဘာဖြစ်လဲ”
ကျောက်ရုန်၏ အသံမှာ အေးစက်နေဆဲဖြစ်ပြီး။
“ဝမ်ကျန့်တိုက်ကြီးပေါ်မှာ ဘယ်သူပဲဖြစ်ဖြစ် ငါ ကျောက်ရုန်ကိုလာတားမယ်ဆိုရင် သတ် ပစ်”
ဝမ်ကျန့်တိုက်ကြီးပေါ်မှာ ဘယ်သူပဲဖြစ်ဖြစ် ငါ ကျောက်ရုန်ကို လာတားမယ်ဆိုရင် သတ်ပစ်။
ဘေးဒုက္ခတစ်သောင်း ဓားနတ်ဘုရားမှာထပ်ပြီးစကားမပြောရဲတော့ဘဲ မကြာခင်မှာပင် ထုန်းထျန်းနတ်ဘုရားဂိုဏ်းမှ မရေမတွက်နိုင်သောပညာရှင်များမှာ စံအိမ်အတွင်းမှပျံထွက်လာ ခဲ့ကြ လေသည်။
တစ်ချိန်တည်းမှာပင် ရန်ရှောက်ထျန်းသည်မုမိသားစုနေအိမ်သို့ ပြန်ရောက်လာခဲ့ပြီး ကမ္ဘာဦး မူလ ကံကြမ္မာနတ်ဘုရားကျောက်တုံးများကို စတင်သန့်စင်လေတော့သည်။
သူသည် ကမ္ဘာဦးမူလကံကြမ္မာနတ်ဘုရားကျောက်တုံးရှစ်ခုစလုံးကိုသန့်စင်ပြီး နန်းတော် အတွင်းမှထွက်လာသောအခါ ကျောက်ရုန်ကဧကရာဇ်မြို့တော်ကိုပိတ်ဆို့ထားပြီး အမြင့်မြတ်ဆုံး ဧကရာဇ်နိုင်ငံနှင့် ပဋိပက္ခဖြစ်ပွားခဲ့သည့်အကြောင်းကို နောက်ဆုံးတွင်သိရှိသွားခဲ့လေသည်။
သို့သော်လည်း အမြင့်မြတ်ဆုံးဧကရာဇ်မြို့တော်အတွင်း၌ အမြင့်မြတ်ဆုံးဧကရာဇ်မျိုးနွယ် စုတင်မကဘဲ ဆေးခန်းမဆောင်နှင့်မုမိသားစုကဲ့သို့သော အခြားသောထိပ်တန်းအင်အားစုကြီးများ လည်းရှိနေသဖြင့် ကျောက်ရုန်သည်နောက်ဆုံးတွင် ပိတ်ဆို့မှုကိုရုပ်သိမ်းလိုက်ရခြင်း ဖြစ်လေသည်။
“ကျောက်ရုန် ဘယ်မှာလဲ”
ရန်ရှောက်ထျန်းက တိုက်တန်ဧရာမမိစ္ဆာကို မေးလိုက်လေသည်။
“ကျောက်ရုန် ထွက်သွားပါပြီ”
တိုက်တန်ဧရာမမိစ္ဆာက ပြောလိုက်သည်။
“အို... ဒါနဲ့ သခင်လေး၊ ခုနလေးတင်ပဲနန်ထျန်ဓားနတ်ဘုရားရဲ့သတင်းကို ရခဲ့ပါတယ်။ သူက ထုန်းထျန်းနတ်ဘုရားဂိုဏ်းကနေလစိန့်ဘုရင်၊ ဟင်းလင်းပြင်ဓားနတ်ဘုရားနဲ့ ချောက်နက်မိစ္ဆာ ဂိုဏ်းက အခြားသောဂိုဏ်းဝင်တွေရဲ့လိုက်လံတိုက်ခိုက်တာကို ခံနေရပြီး အခုတော့ရေနက်ဧကရာဇ် နိုင်ငံထဲကို ထွက်ပြေးသွားခဲ့ပါပြီ”
“ဒါပေမဲ့ နန်ထျန်ဓားနတ်ဘုရားကဒဏ်ရာအရမ်းပြင်းထန်နေလို့ အချိန်အကြာကြီး ခံနိုင် တော့မှာမဟုတ်ပါဘူး။ ကျွန်တော်တို့အမြန်ဆုံးအရှိန်နဲ့သွားမယ်ဆိုရင်တောင်မှ နန်ထျန်ဓားနတ် ဘုရားကို ကယ်တင်နိုင်ဖို့ဆိုတာ မလွယ်တော့ပါဘူး”
***