နန်ထျန်ဓားနတ်ဘုရား၏ဒဏ်ရာမှာ အလွန်ပြင်းထန်လှသဖြင့် သူတို့မရောက်ခင်အထိ တောင့်ခံနိုင်လိမ့်မည်မဟုတ်ကြောင်း တိုက်တန်ဧရာမမိစ္ဆာကပြောလိုက်လေသည်။
ရန်ရှောက်ထျန်း၏ မျက်နှာမှာမည်းမှောင်သွားပြီး။
“ငါတို့ မမီနိုင်ရင်တောင်မှသွားကိုသွားရမယ်၊ သူ့ကိုမကယ်တင်နိုင်ရင်တောင်မှ ငါတို့ ကြိုး စားကြည့်ရမယ်” ဟု ပြောလိုက်သည်။
တိုက်တန်ဧရာမမိစ္ဆာသည် ရန်ရှောက်ထျန်း၏ခန္ဓာကိုယ်မှထွက်ပေါ်လာသော သတ်ဖြတ် လိုသည့် အရှိန်အဝါကိုခံစားလိုက်ရသဖြင့် နှလုံးသားထဲမှတုန်ယင်သွားကာ။
“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်” ဟု ရိုသေစွာ ဖြေကြားလိုက်လေသည်။
ချက်ချင်းပင် ရန်ရှောက်ထျန်းနှင့်ဟွန်ချွမ်တစ္ဆေဘုရင်တို့မှာ မုမိသားစုကိုနှုတ်ဆက်ခဲ့ကြ လေသည်။
သစ်ပင်တစ်ထောင်ဓားနတ်ဘုရားသည် ရန်ရှောက်ထျန်းကနန်ထျန်ဓားနတ်ဘုရားကို ကယ် တင်ရန်သွားမည်ဖြစ်ကြောင်း သိသဖြင့်။
“သခင်လေးရန်... ကျွန်တော့်ရဲ့အကူအညီလိုသလား။ လိုအပ်ရင် ကျွန်တော်တို့ မုမိသားစုက အချိန်မရွေးအသင့်ပါပဲ” ဟု ပြောလိုက်လေသည်။
ကျွန်တော်တို့ မုမိသားစုက အချိန်မရွေး အသင့်ပါပဲ!
ရန်ရှောက်ထျန်းက ကျေးဇူးတင်သောအားဖြင့် လက်ဖဝါးချင်းယှက်ကာ။
“စီနီယာ့ကိုကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့လောလောဆယ်တော့စီနီယာ့အကူအညီ မလို သေးပါဘူး။ ကူလွန်ဓားပြိုင်ပွဲရောက်တဲ့အခါကျမှ စီနီယာတို့ရဲ့အကူအညီကို ကျွန်တော်လိုအပ်ပါ လိမ့်မယ်” ဟု ပြောလိုက်သည်။
ကျောက်ရုန်၏ အင်အားမှာကြီးမားလှပြီးသူ၏လက်အောက်တွင် အစွမ်းထက်သော ပညာရှင်များစွာရှိနေလေသည်။ ကူလွန်ဓားပြိုင်ပွဲမှာရန်ရှောက်ထျန်းအတွက် ယနေ့အထိအခက်ခဲ ဆုံး တိုက်ပွဲ ဖြစ်လာပေလိမ့်မည်။
ထို့ကြောင့် ထိုအချိန်ကျမှသာ သူသည်မုမိသားစုနှင့်ဖန့်မိသားစုတို့၏ အကူအညီကို လိုအပ် လိမ့်မည်ဖြစ်လေသည်။
သစ်ပင်တစ်ထောင်ဓားနတ်ဘုရားက ချက်ချင်းပင် သူ၏ရင်ဘတ်ကိုပုတ်ပြကာ။
“သခင်လေး စိတ်ချပါ၊ ကူလွန်ဓားပြိုင်ပွဲမှာ ကျွန်တော်တို့ သေချာပေါက် ကူညီပါ့မယ်” ဟု ပြောလိုက်လေသည်။
“ကောင်းပါပြီ”
သစ်ပင်တစ်ထောင်ဓားနတ်ဘုရား၏ ရိုသေစွာပို့ဆောင်မှုအောက်တွင် ရန်ရှောက်ထျန်းနှင့် အခြားသူများမှာ ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာထွက်ခွာသွားခဲ့ကြလေသည်။
ဧကရာဇ်မြို့တော်မှ ထွက်ခွာလာပြီးနောက် ရန်ရှောက်ထျန်းသည် တွင်းနက်ဟင်းလင်းပြင် သင်္ဘောကို စိန့်အဆင့်ဝိညာဉ်ကျောက်တုံးများဖြင့်အပြည့်အဝအသက်သွင်းလိုက်ပြီး ရေနက်ဧက ရာဇ်နိုင်ငံဆီသို့ အရှိန်အကုန်မြှင့်ကာမောင်းနှင်ခဲ့လေသည်။
၎င်းတင်မကသေးဘဲ သူသည်စိန့်အဆင့်ဝိညာဉ်ကျောက်တုံးနှစ်တုံးကို တစ်ပြိုင်နက်တည်း အသုံးပြုခဲ့လေသည်။
ဒါက တွင်းနက်သင်္ဘော၏အမြန်ဆုံးအရှိန်ပင်ဖြစ်လေသည်၊ စိန့်အဆင့်ဝိညာဉ်ကျောက်တုံး သုံးလေးတုံးကို ထပ်သုံးလျှင်ပင်အရှိန်က ထပ်တိုးလာမည်မဟုတ်တော့ပေ။
တွင်းနက်သင်္ဘောမှာ ဟင်းလင်းပြင်ကိုဆုတ်ဖြဲပြီး တိမ်တိုက်လွှာများကိုဖြတ်ကျော် နေခဲ့ လေသည်။ ၎င်း၏အရှိန်မှာကောင်းကင်နတ်ဘုရားအဆင့်အထွတ်အထိပ် ပညာရှင်များစွာထက်ပင် ပို၍ မြန်ဆန်နေခဲ့လေပြီ။
သို့သော်လည်း ရန်ရှောက်ထျန်းကမူ နှေးလွန်းနေသည်ဟု ခံစားနေရဆဲ ဖြစ်လေသည်။
သင်္ဘောဦးတွင် ရပ်နေရင်း သူကဟွန်ချွမ်တစ္ဆေဘုရင်ကို ရုတ်တရက်မေးလိုက်သည်။
“စီနီယာ... စီနီယာ လူမသတ်ခဲ့တာ ဘယ်လောက်ကြာပြီလဲ”
ရန်ရှောက်ထျန်း၏ စကားကဟွန်ချွမ်တစ္ဆေဘုရင်၏အတွင်း၌ နှစ်ပေါင်းများစွာအိပ်ပျော် နေသော ကြောက်မက်ဖွယ်ကောင်းသောသတ်ဖြတ်လိုစိတ်ကိုနိုးကြားစေခဲ့လေသည်။ ချက်ချင်း ဆိုသလိုပင်သူ၏နှလုံးသားအတွင်းမှလွှမ်းမိုးထားသောသတ်ဖြတ်လိုသည့် အရှိန်အဝါမှာကမ္ဘာပျက် ကပ်မှ ဧရာမလှိုင်းလုံးကြီးအလားကောင်းကင်နှင့်မြေကြီးကို လွှမ်းခြုံသွားခဲ့လေသည်။ သင်္ဘော၏ ဘေးပတ်လည်မှာ ချက်ချင်းပင်မှောင်မည်းသွားပြီးငရဲဘုံအတွင်းသို့ ကျရောက်သွားသလိုမျိုး ဖြစ် သွားခဲ့လေသည်။
“အရမ်း... အရမ်းကို ကြာခဲ့ပါပြီ”
ဟွန်ချွမ်တစ္ဆေဘုရင်၏ အသံမှာအရင်ကထက် ပို၍အေးစက်နေပြီး။
“ဒီတစ်သက်မှာ ကျွန်တော်မျိုးကဂိုဏ်းချုပ်အတွက် နတ်ဘုရားအားလုံးကို သတ်ဖြတ် ပေးပါ့မယ်၊ ဂိုဏ်းချုပ်ကိုဆန့်ကျင်တဲ့သူမှန်သမျှကိုလည်း ခြေနင်းချေဖျက်ပေးပါ့မယ်”
နတ်ဘုရားအားလုံးကို သတ်ဖြတ်မယ်။
ဂိုဏ်းချုပ်ကို ဆန့်ကျင်တဲ့သူမှန်သမျှကို ခြေနင်းချေဖျက်မယ်။
မိစ္ဆာတွေထဲက မိစ္ဆာဖြစ်တဲ့တိုက်တန်ဧရာမမိစ္ဆာပင်လျှင်ဟွန်ချွမ်တစ္ဆေဘုရင်၏ စကားကို ကြားလိုက်ရသဖြင့် ချမ်းတုန်သွားခဲ့လေသည်။
ဝမ်ကျန့်တိုက်ကြီး၏ဆေးနတ်ဘုရားလေးဦးထဲမှတစ်ဦးဖြစ်သည့် ရှဲ့ဝူရှင်းပင်လျှင် ဟွန်ချွမ် တစ္ဆေဘုရင်နှင့် အနီးကပ်မနေရဲဘဲ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်မိလေသည်။
ဒီရက်ပိုင်းအတွင်းမှာ ဟွန်ချွမ်တစ္ဆေဘုရင်ကသူ၏ဒဏ်ရာများကို ကုသရန်အတွက် တံခါးပိတ်ကျင့်ကြံနေသဖြင့် လူမြင်ကွင်းသို့ထွက်လာခဲလှလေသည်။ သို့သော်လည်း သူပေါ်လာ တိုင်းတွင် တိုက်တန်ဧရာမမိစ္ဆာနှင့် ရှဲ့ဝူရှင်းတို့မှာ အလွန်တရာထိတ်လန့်နေခဲ့ကြရလေသည်။
ဟွန်ချွမ်တစ္ဆေဘုရင်၏ရှေ့တွင်ဆိုလျှင် သူတို့နှစ်ဦးစလုံးမှာတွင်းနက်ထဲက သေမင်းနှင့် ရင်ဆိုင်နေရသလိုမျိုး အမြဲတမ်းခံစားနေရလေသည်။
“စီနီယာ့ရဲ့ ဒဏ်ရာတွေ ဘယ်လိုလဲ”
ရန်ရှောက်ထျန်းက စိုးရိမ်တကြီး မေးလိုက်သည်။
“ဂိုဏ်းချုပ် စိတ်ချပါ၊ လုံးဝနီးပါးသက်သာသွားပါပြီ။ ပြိုင်ဘက်ကင်း ဓားနတ်ဘုရားတစ်ပါး ကို သတ်ဖို့ဆိုတာက ပြဿနာမရှိပါဘူး”
ဟွန်ချွမ်တစ္ဆေဘုရင်က ရိုသေစွာ ပြောလိုက်လေသည်။
တိုက်တန်ဧရာမမိစ္ဆာနှင့် ရှဲ့ဝူရှင်းတို့မှာ ဤသည်ကိုကြားလိုက်ရသဖြင့် မှင်တက်သွားခဲ့ကြ လေသည်။
အဘယ်ကြောင့်ဆိုသော် ဟွန်ချွမ်တစ္ဆေဘုရင်က‘ပြိုင်ဘက်ကင်း ဓားနတ်ဘုရား’ အကြောင်းကို ပြောလိုက်သောကြောင့်ပင်ဖြစ်လေသည်။
သာမန် ဓားနတ်ဘုရားတစ်ပါး မဟုတ်ပေ။
ဓားနတ်ဘုရား အဆင့်သတ်မှတ်ချက်တွင်ထိပ်တန်းအယောက်သုံးဆယ်အတွင်း ပါဝင်သူ များကိုသာ ပြိုင်ဘက်ကင်းဓားနတ်ဘုရားဟု ခေါ်ဆိုခြင်း ဖြစ်လေသည်။
ရန်ရှောက်ထျန်းကမူ ဤသည်ကိုအံ့ဩခြင်းမရှိပေ။ တိုက်တန်ဧရာမမိစ္ဆာနှင့် ရှဲ့ဝူရှင်းတို့မှာ ဟွန်ချွမ်တစ္ဆေဘုရင်၏ မည်သူမည်ဝါဖြစ်ကြောင်းကို မသိကြသော်လည်း သူကမူသိလေသည်။
သို့သော်လည်း ရှေးဟောင်းမိစ္ဆာကြီးဖြစ်သည့် ဟွန်ချွမ်တစ္ဆေဘုရင်ရှိနေလျှင်ပင် ရန်ရှောက် ထျန်းကသူ၏လက်ရှိအင်အားမှာ အလွန်တရာအားနည်းနေသေးသည်ဟုခံစားနေရဆဲ ဖြစ်လေ သည်။
သူ့ဘေးက ဒီလောက်အင်အားနဲ့ဆိုရင် မုမိသားစုနဲ့ဖန့်မိသားစုတို့ ပေါင်းရင်တောင်မှ ကျောက် ရုန်နဲ့ သူ့ရဲ့ လက်အောက်က ပညာရှင်တွေကိုယှဉ်နိုင်ဖို့ မသေချာလှပေ။
ကျောက်ရုန်၏လက်အောက်တွင် အကြီးမြတ်ဆုံးဓားနတ်ဘုရားခြောက်ဦးသာ ရှိသည် မဟုတ်ပေ။
အကြီးမြတ်ဆုံးဓားနတ်ဘုရားခြောက်ဦးနှင့် နေလစိန့်ဘုရင်တို့အပြင် ဂိုဏ်းအသီးသီးမှ အလွန်တရာ အစွမ်းထက်သော ဘိုးဘေးများစွာလည်းရှိနေသေးလေသည်။
မကြာသေးမီက ကျောက်ရုန်သည် သူ၏အင်အားကိုချဲ့ထွင်နေခဲ့ပြီး ဂိုဏ်းများနှင့်မိသားစု အသီးသီးမှ ဘိုးဘေးများကိုစည်းရုံးနေခဲ့လေသည်။
သူသည် လူမြင်ကွင်းမှပျောက်ကွယ်နေသော အဘိုးကြီးမိစ္ဆာကောင်များကိုပင် စည်းရုံးနိုင် ခဲ့လေသည်။
ထိုမိစ္ဆာကောင်ကြီးများ၏အစွမ်းမှာ ပြိုင်ဘက်ကင်း ဓားနတ်ဘုရားအချို့ထက်ပင်မနိမ့်ကျလှ ပေ။
ရန်ရှောက်ထျန်းက သူ၏အင်အားကိုဘယ်လိုမျိုးထပ်ပြီး တိုးမြှင့်ရမလဲဆိုတာကို တွေးနေစဉ် မှာပင် ဟွန်ချွမ်တစ္ဆေဘုရင်က ရုတ်တရက်ပြောလိုက်သည်။
“ဂိုဏ်းချုပ်... အဘိုးကြီးဟန်က ကျွန်တော့်လိုပဲအသက်ရှင်နေသေးတယ်”
“ဘာ”
ရန်ရှောက်ထျန်း ဤသည်ကို ကြားလိုက်ရသဖြင့် အံ့အားသင့်စွာအော်ဟစ်လိုက်လေသည်။
ဟွန်ချွမ်တစ္ဆေဘုရင် ပြောသော ‘အဘိုးကြီးဟန်’ မှာ ကောင်းကင်တုန်ဟိန်းဓားနတ်ဘုရား ကို ဆိုလိုခြင်းဖြစ်ကြောင်း သူသိလေသည်။
ကောင်းကင်တုန်ဟိန်းဓားနတ်ဘုရားမှာ ထိုစဉ်ကချန်ဆန်းတိုက်ကြီး၏ နံပါတ်တစ်ဓားနတ် ဘုရားဖြစ်လေသည်။
သူနှင့် ဟွန်ချွမ်တစ္ဆေဘုရင်တို့မှာ ထိုစဉ်ကဟွန်ချွမ်မိစ္ဆာဂိုဏ်း၏ အစွမ်းအထက်ဆုံး ပညာရှင် နှစ်ဦး ဖြစ်ခဲ့လေသည်။
အခုတော့ ဟွန်ချွမ်တစ္ဆေဘုရင်က ကောင်းကင်တုန်ဟိန်းဓားနတ်ဘုရား အသက်ရှင်နေသေး တယ်လို့ ပြောနေတာလား။
ဟွန်ချွမ်တစ္ဆေဘုရင်၏ အမူအရာမရှိသောမျက်နှာတွင် စိတ်လှုပ်ရှားမှုအချို့ပေါ်ထွက်လာ ပြီး။
“အဘိုးကြီးဟန်က အဲဒီတုန်းကမသေခဲ့ပါဘူး။ အဲဒီအစား သူကရန်သူတွေရဲ့ပြင်းပြင်း ထန်ထန်ဒဏ်ရာပေးတာကို ခံခဲ့ရပြီး ကံကြမ္မာနတ်ဘုရားနန်းတော်ထဲမှာ ချိပ်ပိတ်ခံခဲ့ရတာပါ”
“ကံကြမ္မာနတ်ဘုရားနန်းတော် ဟုတ်လား”
ရန်ရှောက်ထျန်း အံ့အားသင့်သွားခဲ့လေသည်။
“ဟုတ်ပါတယ်၊ ကံကြမ္မာနတ်ဘုရားနန်းတော်ပါပဲ”
ဟွန်ချွမ်တစ္ဆေဘုရင်က ခေါင်းငြိမ့်ပြကာ။
“ဒါပေမဲ့ အဲဒီချိပ်ပိတ်မှုကိုဖျက်ဆီးပြီး အဘိုးကြီးဟန်ကိုကယ်တင်ဖို့ဆိုရင် ထာဝရနတ် ဘုရားခန္ဓာကိုယ်ရဲ့ အချိန်စွမ်းအားကိုအသုံးပြုရမှာပါ”
ဒါကြောင့်ပဲ သူသည်ထာဝရနတ်ဘုရားခန္ဓာကိုယ်ကို နှစ်ပေါင်းများစွာကြာအောင် ရှာဖွေနေခဲ့ ခြင်း ဖြစ်လေသည်။
ရန်ရှောက်ထျန်းမှာ အမှန်တကယ်ပင်အံ့အားသင့်သွားခဲ့လေသည်။ ဟွန်ချွမ်မိစ္ဆာဂိုဏ်း၏ ကောင်းကင်တုန်ဟိန်းဓားနတ်ဘုရားမှာ မသေသေးဘဲကံကြမ္မာနတ်ဘုရားနန်းတော်ထဲမှာ တစ်စုံတစ် ယောက်ရဲ့ ချိပ်ပိတ်တာကို ခံထားရလိမ့်မယ်လို့ သူ မထင်ထားခဲ့ပေ။
သူက စဉ်းစားရင်း။
“ဒါပေမဲ့ ကံကြမ္မာနတ်ဘုရားကျွန်းနဲ့ကံကြမ္မာနတ်ဘုရားနန်းတော်က နောက်ထပ် ဆယ်နှစ် ကြာမှ ထပ်ပြီးပွင့်မှာလေ”
သူ့မှာ ထာဝရနတ်ဘုရားခန္ဓာကိုယ်ရှိနေလျှင်ပင် ကောင်းကင်တုန်ဟိန်းဓားနတ်ဘုရားကို မကယ်တင်နိုင်သေးပေ။
လောလောဆယ်တွင် သူသည် ကံကြမ္မာနတ်ဘုရားနန်းတော်ထဲသို့ လုံးဝ မဝင်နိုင်ပေ။
ဟွန်ချွမ်တစ္ဆေဘုရင်ကမူ ပြောလိုက်သည်။
“အကယ်၍ ဂိုဏ်းချုပ်မှာ ကံကြမ္မာနတ်ဘုရားကျင့်စဉ်ရှိမယ်ဆိုရင် ကံကြမ္မာနတ်ဘုရား ကျွန်းရဲ့ တားမြစ်ချက်ကိုဖွင့်ပြီး ကံကြမ္မာနတ်ဘုရားနန်းတော်ထဲကို ဝင်နိုင်ပါလိမ့်မယ်”
“ကံကြမ္မာနတ်ဘုရားကျင့်စဉ် ဟုတ်လား”
ရန်ရှောက်ထျန်း မှင်တက်သွားခဲ့လေသည်။
“ဟုတ်ပါတယ်၊ ကံကြမ္မာနတ်ဘုရားကျင့်စဉ်ပါပဲ”
“ဂိုဏ်းချုပ်က ကံကြမ္မာနတ်ဘုရားကျင့်စဉ်ကိုကျင့်ကြံနိုင်သရွေ့တော့ ကံကြမ္မာနတ်ဘုရား နန်းတော်ထဲကို အချိန်မရွေးဝင်နိုင်ပါတယ်”
ရန်ရှောက်ထျန်း၏ မျက်လုံးများမှာ လှုပ်ရှားသွားခဲ့လေသည်။
ကံကြမ္မာနတ်ဘုရားကျင့်စဉ်ကိုကျင့်ကြံဖို့ဆိုရင် သူသည်အချိန်အဘိုးကြီးကို ရှာရပေလိမ့် မည်။
ကျောက်ရုန်သည် ကံကြမ္မာနတ်ဘုရားကျင့်စဉ်ကိုသိနေသဖြင့် အချိန်အဘိုးကြီးမှာ သူ၏ လက်ထဲတွင် ရှိနေရမည်ဖြစ်လေသည်။
“စီနီယာဝူရှင်း... စီနီယာတို့က ထုန်းထျန်းနတ်ဘုရားဂိုဏ်းနဲ့ရင်းနှီးသလား။ ထုန်းထျန်းနတ် ဘုရားဂိုဏ်းရဲ့ အခြေအနေကိုပြောပြပါဦး”
ရန်ရှောက်ထျန်းက ပြောလိုက်သည်။
ရှဲ့ဝူရှင်းနှင့် တိုက်တန်ဧရာမမိစ္ဆာတို့သည် သူတို့သိသမျှအရာအားလုံးကို ရန်ရှောက်ထျန်း အား ချက်ချင်းပြောပြလိုက်ကြလေသည်။
တိုက်တန်ဧရာမမိစ္ဆာက ထုန်းထျန်းနတ်ဘုရားဂိုဏ်းတွင်ပြိုင်ဘက်ကင်း ပညာရှင်များစွာကို အကျဉ်းချထားသည့် ဧရာမအကျဉ်းထောင်ကြီးတစ်ခုရှိကြောင်းပြောလိုက်သောအခါ ရန်ရှောက် ထျန်း စိတ်ဝင်စားသွားပြီး။
“ဧရာမအကျဉ်းထောင်ကြီး ဟုတ်လား” ဟု မေးလိုက်လေသည်။
“ဟုတ်ပါတယ်၊ အဲဒီအကျဉ်းထောင်ကို ‘ပျက်သုဉ်းခြင်းအကျဉ်းထောင်’ လို့ ခေါ်ပါတယ်။ အဲဒါက ထုန်းထျန်းနတ်ဘုရားဂိုဏ်း ဌာနချုပ်နဲ့မလှမ်းမကမ်းမှာရှိတဲ့ ဧရာမကျွန်းကြီးတစ်ကျွန်း ပေါ်မှာ ရှိတာပါ။ ကျွန်းတစ်ခုလုံးက ပျက်သုဉ်းခြင်းအကျဉ်းထောင်ပါပဲ”
တိုက်တန်ဧရာမမိစ္ဆာ၏ မျက်နှာအမူအရာမှာ ပြောရင်းနှင့် ပြောင်းလဲသွားကာ။
“ပျက်သုဉ်းခြင်းကျွန်းပေါ်မှာ ထုန်းထျန်းနတ်ဘုရားဂိုဏ်းကရှေးဟောင်းပညာရှင် အများ အပြား စောင့်ကြပ်နေကြတာပါ”
“ပျက်သုဉ်းခြင်းကျွန်းမှာ တစ်ခါအကျဉ်းချခံလိုက်ရရင် အသက်ရှင်လျက်နဲ့ပြန်ထွက်လာဖို့ ဆိုတာက မဖြစ်နိုင်သလောက်ပါပဲ။ ဘယ်သူမှလည်းအဲဒီကျွန်းကိုမကျူးကျော်နိုင်ကြဘူး။ အထဲက လူတစ်ယောက်ကို ကယ်တင်ဖို့ဆိုတာက လုံးဝကို မဖြစ်နိုင်တဲ့ကိစ္စပါ”
အချိန်အဘိုးကြီးမှာ ပျက်သုဉ်းခြင်းကျွန်းမှာ အကျဉ်းချခံထားရလိမ့်မည်ဟု သူ ခံစားနေရလေ သည်။
အချိန်အဘိုးကြီးမှာ နှစ်ပေါင်းတစ်သိန်းကြာအောင်ပေါ်မလာခဲ့ခြင်းမှာ သူကအပုန်းအောင်း နေခဲ့ခြင်းကြောင့်မဟုတ်ဘဲ ပျက်သုဉ်းခြင်းကျွန်းမှာ အကျဉ်းချခံထားရခြင်းကြောင့်ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် နန်ထျန်ဓားနတ်ဘုရားကိစ္စပြီးသွားသည်နှင့် သူသည်ပျက်သုဉ်းခြင်းကျွန်းကို သွား ချင်နေခြင်းဖြစ်လေသည်။
တွင်းနက်သင်္ဘော၏အရှိန်နှင့်ဆိုလျှင် ရေနက်ဧကရာဇ်နိုင်ငံသို့ရောက်ရန် နှစ်ရက်ခန့်ကြာဦး မည်ဖြစ်လေသည်။ ထို့ကြောင့်ဤနှစ်ရက်အတွင်းမှာ ရန်ရှောက်ထျန်းအနားမနေဘဲ ကောင်းကင်ဧက ရာဇ်ဆေးလုံးများကိုသုံးစွဲကာကျင့်ကြံနေခဲ့ပြီး သူ၏နတ်ဘုရားပင်လယ်စွမ်းအားများကို တိုးမြှင့်နေခဲ့ လေသည်။
နှစ်ရက်အကြာတွင် ရေနက်ဧကရာဇ်နိုင်ငံသို့ နောက်ဆုံးတွင်ရောက်ရှိလာခဲ့လေပြီ။
***