“ဘုန်း…”
နေလစိန့်ဘုရင် မြေကြီးပေါ်သို့လဲကျသွားသောအခါ လူတိုင်းမှာတိုက်ခိုက်ခြင်းကို ရပ်လိုက် ကြလေသည်။
လူတိုင်းမှာ လဲကျနေသောနေလစိန့်ဘုရင်ကိုထိတ်လန့်တကြားကြည့်လိုက်ကြပြီး ဟွန်ချွမ် တစ္ဆေဘုရင်ကိုလည်း ထိတ်လန့်တကြားကြည့်လိုက်ကြလေသည်။
ဟင်းလင်းပြင်ဓားနတ်ဘုရားနှင့် ဂလက်ဆီဓားနတ်ဘုရားတို့ပင်လျှင် ချွင်းချက်မရှိခဲ့ပေ။
တိုက်တန်ဧရာမမိစ္ဆာနှင့် ရှဲ့ဝူရှင်းတို့ပင်လျှင်အသက်ရှူကျပ်သွားခဲ့ကြလေသည်။
ကျောက်ရုန်၏လက်အောက်တွင် အစွမ်းထက်သောပညာရှင်များစွာ ရှိနေသော်လည်း နေလစိန့်ဘုရင်၏အစွမ်းမှာ အစွမ်းထက်ဆုံးမဟုတ်သော်လည်း သူ၏အစွမ်းမှာဓားနတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် ထိပ်တန်းအယောက်လေးဆယ်အတွင်းဝင်ရန် လုံလောက်လေသည်။
ဓားနတ်ဘုရား အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်တန်း အယောက်လေးဆယ်။
ဝမ်ကျန့်တိုက်ကြီးပေါ်မှာ ဓားလမ်းစဉ်ပညာရှင်ဘယ်လောက်များများနဲ့ ဓားနတ်ဘုရား ဘယ်လောက်များများ ရှိသလဲဆိုတာကို စဉ်းစားကြည့်ရုံနဲ့တင်သိနိုင်လေသည်။
နေလစိန့်ဘုရင်က ဓားနတ်ဘုရားအဆင့်သတ်မှတ်ချက်ရဲ့ ထိပ်တန်းအယောက်လေးဆယ် အတွင်းဝင်နိုင်ခြင်းက သူ၏အစွမ်းမှာမည်မျှအထိကြောက်မက်ဖွယ်ကောင်းကြောင်းပြသနေလေ သည်။
သို့သော်လည်း ယခုမူသူသည်သေလုမြောပါးဖြစ်နေပုံရသော ဤဖြူဖျော့လှသည့် အဘိုးကြီး ၏ ဓားတစ်ချက်တည်းနှင့်တင် သေဆုံးသွားခဲ့ရပြီဖြစ်လေပါရော့လား။
“မင်းက ဘယ်သူလဲ”
ဟင်းလင်းပြင်ဓားနတ်ဘုရားက ထိတ်လန့်တကြားနှင့်အမျက်ထွက်စွာ အော်ဟစ်လိုက် သော်လည်း သူ၏ဟင်းလင်းပြင်ဓားကိုကိုင်ထားသော သူ၏လက်များမှာတုန်ယင်နေခဲ့လေသည်။
သူသည် အစွမ်းထက်သော်လည်း နေလစိန့်ဘုရင်နှင့် အဆင့်တူသာဖြစ်လေသည်။
ဟွန်ချွမ်တစ္ဆေဘုရင်က စကားမပြောခဲ့ပေ။
ဟင်းလင်းပြင် ဓားနတ်ဘုရားအား ပြန်လည်ဖြေကြားလိုက်သည်မှာ ခုနက နေလစိန့်ဘုရင်ကို သတ်ခဲ့သလိုမျိုး အလွန်တရာမြန်ဆန်လှသော ဓားချက်တစ်ခုပင်ဖြစ်လေသည်။
ဤဓားချက်မှာ အလွန်တရာတောက်ပလှပြီးဟင်းလင်းပြင်ကိုဆုတ်ဖြဲလိုက်သော်လည်း မည်သည့်လှိုင်းမျှ မထွက်ပေါ်ခဲ့ဘဲ လုံးဝ တိတ်ဆိတ်နေခဲ့လေသည်။
ဤအခိုက်အတန့်တွင် ဟင်းလင်းပြင်ကြီးမှာရပ်တန့်သွားသလိုမျိုး ဖြစ်နေခဲ့လေသည်။
ဟင်းလင်းပြင် ဓားနတ်ဘုရားမှာသေမင်းရဲ့ လွှမ်းမိုးမှုကို ချက်ချင်း ခံလိုက်ရလေသည်။
သူ၏မျက်လုံးများမှာထိတ်လန့်တကြားပြူးသွားပြီး သူသည် အမျက်ထွက်စွာဟိန်းဟောက် လိုက်ကာ သူ၏နတ်ဘုရားစွမ်းအားများကိုအကုန်ထုတ်လွှတ်ပြီး သူ၏ဓားကိုအသေအလဲဝှေ့ယမ်း လိုက်လေသည်။
သူ၏ဓားတစ်ချက်ဝှေ့ယမ်းလိုက်မှုနှင့်အတူ မြေကြီးပေါ်မှအဆုံးမဲ့သော ဓားချီများမှာ ပေါက်ကွဲထွက်လာခဲ့ပြီး ထိုဓားချီများမှာဟွန်ချွမ်တစ္ဆေဘုရင်၏ဓားချက်ကို တားဆီးရန်ကြိုးစား လိုက်လေသည်။
တစ်ချိန်တည်းမှာပင် ဟင်းလင်းပြင်ဓားနတ်ဘုရားမှာမတွန့်ဆုတ်တော့ဘဲ အနောက်သို့ အသေအလဲဆုတ်ခွာလိုက်ကာ သူ၏တစ်ကိုယ်လုံးမှအလင်းတန်းများတောက်ပလာပြီး ဧရာမအတာ အဆီးအဆောင်တစ်ခုမှာပျံထွက်လာခဲ့ကာ သူ၏ခန္ဓာကိုယ်ဘေးပတ်လည်တွင် ကာကွယ်ရေးအတား အဆီးတစ်ခုအဖြစ် လည်ပတ်နေခဲ့လေသည်။
ဤအဆောင်မှာ ရှေးဟောင်းဓားနတ်ဘုရားတစ်ပါးကဖော်စပ်ထားခြင်းဖြစ်ပြီး ၎င်း၏ပြိုင် ဘက်ကင်းကာကွယ်ရေးစွမ်းအားကြောင့် ကျော်ကြားလှပေသည်။
ဤအဆောင်မှာ တိုက်ခိုက်မှုတစ်ခုကိုသာခံနိုင်သော်လည်း တိုက်ခိုက်မှုတစ်ခုကို ခံနိုင်ရုံနှင့်ပင် သူ ဆုတ်ခွာရန်အတွက် လုံလောက်သင့်လေသည်။
သို့သော်လည်း အဆောင်အတားအဆီးပျံထွက်လာသည့်အခိုက်အတန့်တွင် ရုတ်တရက် ဟွန်ချွမ်တစ္ဆေဘုရင်၏ဓားချက်မှာ ဟင်းလင်းပြင်ဓားနတ်ဘုရား၏ဓားချီအလွှာများကို ဖြတ် တောက်လိုက်ပြီးနောက် အံ့အားသင့်ဖွယ်အရှိန်နှင့် စွမ်းအားဖြင့်အဆောင်အကာအကွယ်လည်ပတ် နေသော အတားအဆီးကိုထိုးဖောက်သွားခဲ့လေသည်။
အတားအဆီးပေါ်တွင် ဓားအပေါက်တစ်ခု ဖြစ်သွားခဲ့လေသည်။
တစ္ဆေတစ်သောင်းဓားမှာ တည့်တည့်ဝင်သွားခဲ့ပြီး ဟင်းလင်းပြင်ဓားနတ်ဘုရား၏ လည်ပင်း ကို ထိမှန်သွားခဲ့လေသည်။
ဟင်းလင်းပြင်ဓားနတ်ဘုရားမှာ ထိုနေရာတွင်ပင်ရပ်နေပြီး သေလုမြောပါးဖြစ်နေပုံရသော ဟွန်ချွမ်တစ္ဆေဘုရင်ကို မယုံကြည်နိုင်စွာကြည့်နေမိလေသည်။
ပြိုင်ဘက်ကင်း ကာကွယ်ရေးရှိသည်ဟုကျော်ကြားလှသော ရှေးဟောင်းအဆောင်အကာ အကွယ်မှာပင် ဟွန်ချွမ်တစ္ဆေဘုရင်၏ဓားချက်ကို မတားဆီးနိုင်ခဲ့ပါလား။
သူသည် ဤအဘိုးကြီးက ၎င်းကိုဘယ်လိုမျိုးလုပ်ဆောင်ခဲ့သလဲဆိုတာကို စဉ်းစား၍မရနိုင် ဘဲ ဖြစ်နေတော့သည်။
ဒီအဘိုးကြီးက ဟင်းလင်းပြင် စွမ်းအားကိုနားလည်သွားပြီလား။
ဤအခိုက်အတန့်တွင် ဟွန်ချွမ်တစ္ဆေဘုရင်က သူ၏တစ္ဆေတစ်သောင်းဓားကိုထိုးသွင်းလိုက် ရာ ဟင်းလင်းပြင်ဓားနတ်ဘုရား၏လည်ပတ်ကို တိုက်ရိုက်ထိုးဖောက်သွားပြီးနောက် ပြန်ဆွဲထုတ် လိုက်လေသည်။
နောက်ထပ် ဓားနတ်ဘုရားတစ်ပါး။
ဓားနှစ်ချက်၊ ဓားနတ်ဘုရားနှစ်ပါးကို တစ်ယောက်ပြီးတစ်ယောက် သတ်လိုက်လေသည်တဲ့ လား။
ရှဲ့ဝူရှင်းနှင့် တိုက်တန်ဧရာမမိစ္ဆာတို့မှာ သူတို့၏ခြေလက်များအေးစက်သွားသလိုမျိုး ခံစား လိုက်ရပြီး ဟွန်ချွမ်တစ္ဆေဘုရင်လွန်ခဲ့သောရက်ပိုင်းကပြောခဲ့သည့်အတိုင်း ပြိုင်ဘက်ကင်း ဓားနတ် ဘုရားတစ်ပါးကိုသတ်ဖို့ဆိုတာက ပြဿနာမဟုတ်ဘူးဆိုတဲ့စကားကို ပြန်လည်ကြားယောင်မိ လိုက်လေသည်။
ဟင်းလင်းပြင် ဓားနတ်ဘုရားမှ မြေကြီးကို စိုက်ကြည့်နေခဲ့လေသည်။
သူကဲ့သို့သော ထိပ်တန်းအယောက်လေးဆယ်အတွင်းဝင်တဲ့ အစွမ်းထက်လှတဲ့ဓားနတ် ဘုရားတစ်ပါးက ဒီလိုမျိုးအမည်မသိတဲ့တောင်ကုန်းပေါ်မှာသေဆုံးရလိမ့်မယ်လို့ သူမထင်ထား ခဲ့ပေ။
နေလစိန့်ဘုရင်နှင့် ဟင်းလင်းပြင်ဓားနတ်ဘုရားတို့မှာ ဓားတစ်ချက်တည်းနှင့်တစ်ယောက် ပြီးတစ်ယောက်သေဆုံးသွားသည်ကိုမြင်လိုက်ရသောအခါ ဂလက်ဆီဓားနတ်ဘုရား၊ ချောက်နက် မိစ္ဆာအရှင်သခင်နှင့် ကမ္ဘာမြေဘဏ္ဍာဗုဒ္ဓအရှင်တို့မှာ အားလုံးကြက်သီးမွေးညင်းများ ထသွားကြ တော့သည်။
ဤအချိန်တွင် နောက်ထပ်အော်ဟစ်သံအချို့ထွက်ပေါ်လာခဲ့ပြီး ချောက်နက်မိစ္ဆာဂိုဏ်းမှ နောက်ထပ်ဘိုးဘေးအချို့မှာလည်း ရန်ရှောက်ထျန်း၏ဓားနှစ်စင်း၏ တိုက်ခိုက်မှုအောက်တွင် လွင့်ထွက်သွားခဲ့လေသည်။
သူတို့ မြေကြီးပေါ်သို့ လဲကျသွားချိန်တွင် သူတို့၏အသက်ရှူသံမှာ ရပ်တန့်သွားခဲ့လေပြီ။
တိုက်တန်ဧရာမမိစ္ဆာနှင့် ရှဲ့ဝူရှင်းတို့သည်လည်းတိုက်ခိုက်မှုတွင် ပါဝင်လာခဲ့ပြီး ချောက် နက်မိစ္ဆာဂိုဏ်းနှင့် ကမ္ဘာမြေဘဏ္ဍာဗုဒ္ဓဂိုဏ်းမှ ပညာရှင်များကို တိုက်ခိုက်ခဲ့ကြလေသည်။
ချက်ချင်းဆိုသလိုပင် အော်ဟစ်သံများမှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
ဟွန်ချွမ်တစ္ဆေဘုရင်ကြောင့် ကြောက်လန့်နေကြ၍လားမသိ၊ ထုန်းထျန်းနတ်ဘုရားဂိုဏ်း၊ ချောက်နက်မိစ္ဆာဂိုဏ်းနှင့် ကမ္ဘာမြေဘဏ္ဍာဗုဒ္ဓဂိုဏ်းမှပညာရှင်များမှာ အနောက်သို့တစ်လှမ်းချင်း ဆုတ်ခွာနေကြရပြီး သူတို့၏တိုက်ခိုက်မှုများမှာ နှေးကွေးနေခဲ့လေသည်။
ထုန်းထျန်းနတ်ဘုရားဂိုဏ်းမှ ဓားလမ်းစဉ်ပညာရှင်အချို့မှာ သူတို့၏ဓားများကို ရန်ရှောက် ထျန်းဆီသို့ ဝှေ့ယမ်းလိုက်ကြလေသည်။
သူတို့၏ဓားရှည်များမှာ ရန်ရှောက်ထျန်း၏ရှေ့သို့ရောက်လာချိန်တွင် ရုတ်တရက်သူတို့၏ ဓားရှည်များမှာ ထိန်းချုပ်၍မရဘဲ လေထဲသို့ ပျံတက်သွားခဲ့လေသည်။
သူတို့၏ဓားရှည်များတင် ပျံတက်သွားခြင်းမဟုတ်ဘဲ ရောက်ရှိနေသူများအားလုံးဖြစ်သည့် ထုန်းထျန်းနတ်ဘုရားဂိုဏ်း၊ ချောက်နက်မိစ္ဆာဂိုဏ်းနှင့် ကမ္ဘာမြေဘဏ္ဍာဗုဒ္ဓဂိုဏ်းမှ ပညာရှင်များ အားလုံး၏ဓားများမှာ အနောက်သို့ ပျံထွက်သွားခဲ့လေသည်။
သူတို့ လုံးဝ ထိန်းချုပ်၍ မရတော့ပေ။
ဂလက်ဆီ ဓားနတ်ဘုရား၏ ဓားပင်လျှင်ပျံတက်သွားခဲ့လေသည်။
ကောင်းကင်ယံဆီသို့ ပျံတက်သွားခဲ့လေသည်။
ထို့နောက်တွင် ပျံလွှားဓားများအားလုံးမှာ ရန်ရှောက်ထျန်းဆီသို့ ပျံသန်းလာခဲ့ပြီး သူ၏နောက် တွင် စုစည်းလာခဲ့ကာ ဒေါင်းမြီးဖြန့်ထားသလိုမျိုး ဖြန့်ထွက်နေခဲ့လေသည်။
လူတိုင်းမှာ မယုံကြည်နိုင်စွာကြည့်နေကြစဉ် ရန်ရှောက်ထျန်း၏ရင်ဘတ်မှ ကိုးရောင်ခြယ် ဓားနှလုံးသား အလင်းတန်း ၁၅ ခု ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရလေသည်။
စုစုပေါင်း ကိုးရောင်ခြယ် ဓားနှလုံးသား အလင်းတန်း ၁၅ ခု ဖြစ်လေသည်။
သူတို့ ဤမျှအထိတောက်ပလှသောကိုးရောင်ခြယ် ဓားနှလုံးသား အလင်းတန်းမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ကြပေ။
“ဒါက ကိုးရောင်ခြယ် ဓားနှလုံးသားပဲ၊ အစွမ်းအထက်ဆုံးဓားနှလုံးသား”
“ပြီးတော့ ၁၅ ခုတောင်”
ဂလက်ဆီ ဓားနတ်ဘုရားကထစ်ထစ်အအဖြင့် ပြောလိုက်လေသည်။
ကိုးရောင်ခြယ် ဓားနှလုံးသား ၁၅ ခု။
လူတိုင်း ထိတ်လန့်သွားကြတော့သည်။
သူတို့၏ပျံလွှားဓားများမှာ အဘယ်ကြောင့်ထိန်းချုပ်၍မရဖြစ်နေရသလဲဆိုသည်ကို သူတို့ နောက်ဆုံးတွင် နားလည်သွားခဲ့ကြလေပြီ။
ရန်ရှောက်ထျန်း၏ ဓားနှလုံးသား ၁၅ ခု၏ စွမ်းအားအောက်တွင် ပျံလွှားဓားများအားလုံးမှာ သူတို့၏ထိန်းချုပ်မှုအောက်မှ လုံးဝ လွတ်ထွက်သွားခြင်း ဖြစ်လေသည်။
ဟွန်ချွမ်တစ္ဆေဘုရင်က ရန်ရှောက်ထျန်း၏ဓားနှလုံးသား ၁၅ ခုကိုကြည့်ကာ စိတ်လှုပ်ရှား မှုကြောင့် ထပ်မံဟိန်းဟောက်လိုက်ပြီး။
“ဂိုဏ်းချုပ်က ပြိုင်ဘက်ကင်းပဲ၊ ဘိုးဘေးကြီးက ငါတို့ဟွန်ချွမ်မိစ္ဆာဂိုဏ်းကို ကာကွယ် ပေးနေတာပဲ”
ထို့နောက် သူသည် စိတ်လှုပ်ရှားစွာဖြင့် သူ၏ဓားကိုဝှေ့ယမ်းလိုက်ရာ ချောက်နက်မိစ္ဆာ ဂိုဏ်း မှ ပညာရှင်များ၏ ဦးခေါင်းအချို့မှာ လွင့်ထွက်သွားခဲ့လေသည်။
ရန်ရှောက်ထျန်းက ပို၍ပြိုင်ဘက်ကင်းပြီးပါရမီရှင်ဖြစ်လေလေ၊ သူက ပို၍ စိတ်လှုပ်ရှားလာ လေလေဖြစ်ပြီး သတ်ရတာက ပို၍ အားရစရာ ကောင်းလာလေလေဖြစ်လေသည်။
သတ်ရတာကို စိတ်လှုပ်ရှားလာသောဟွန်ချွမ်တစ္ဆေဘုရင်မှာ ဟင်းလင်းပြင်ကိုဖြတ်ကျော် ကာ ပျံသန်းလိုက်ပြီး သူ၏ခေါင်းပေါ်တွင်ဧရာမအနက်ရောင်ခေါင်းတလားကြီးတစ်ခု ပေါ်လာခဲ့ လေသည်။
ဤအနက်ရောင် ခေါင်းတလားကြီးမှအလွန်တရာဆိုးယုတ်လှသောစွမ်းအားတစ်ခု ထွက် ပေါ်နေခဲ့လေသည်။
၎င်းမှာ ထာဝရကောင်းကင်ခေါင်းတလားပင် ဖြစ်လေသည်။
ထာဝရကောင်းကင်ခေါင်းတလားကို ရန်ရှောက်ထျန်းက သန့်စင်ထားသော်လည်း ရန်ရှောက် ထျန်းမှာ၎င်း၏စွမ်းအားကို အပြည့်အဝမထုတ်ဖော်နိုင်သေးသဖြင့် ဟွန်ချွမ်တစ္ဆေဘုရင်အားအသုံး ပြုရန်ပေးထားခြင်း ဖြစ်လေသည်။
ဟွန်ချွမ်တစ္ဆေဘုရင်က ရုတ်တရက်ထာဝရကောင်းကင်ခေါင်းတလားကို ဖိနှိပ်လိုက်ပြီး အားရပါးရ ဟိန်းဟောက်လိုက်ကာ။
“ကောင်းကင်ကိုမြှုပ်နှံမယ်၊ မြေကြီးကိုမြှုပ်နှံမယ်၊ ကောင်းကင်နတ်ဘုရားအားလုံးကို မြှုပ်နှံပစ်မယ်”
သူ၏အသံမှာ ကောင်းကင်နှင့် မြေကြီးဆီသို့ ဟိန်းဟောက်သွားခဲ့လေသည်။
ထာဝရကောင်းကင်ခေါင်းတလားမှာ ရှေးဟောင်းနတ်ဘုရားတောင်တန်းကြီးအလား ဖိနှိပ် ကျဆင်းလာခဲ့လေသည်။
ချောက်နက်မိစ္ဆာဂိုဏ်းနှင့် ကမ္ဘာမြေဘဏ္ဍာဗုဒ္ဓဂိုဏ်းမှပညာရှင်များမှာ အကြီးအကျယ်ထိတ် လန့်သွားကြပြီး အလန့်တကြားနှင့်လက်သီးများထိုးထုတ်လိုက်ကာ ၎င်းကိုတားဆီးရန် ကြိုးစား လိုက်ကြလေသည်။
သို့သော်လည်း ထာဝရကောင်းကင်ခေါင်းတလားကြီးမှာ အရှိန်အဟုန်ဖြင့်တိုက်ရိုက် ဖိနှိပ်ကျ ဆင်းလာခဲ့တော့သည်။
ဟွန်ချွမ်တစ္ဆေဘုရင်၏ နတ်ဘုရားစွမ်းအားအောက်တွင် ထာဝရကောင်းကင်ခေါင်းတလား မှာ ကောင်းကင်နတ်ဘုရားအားလုံးကို မြှုပ်နှံနိုင်သောစွမ်းအားကို ထုတ်ဖော်ပြသလိုက်လေသည်။
ချောက်နက်မိစ္ဆာဂိုဏ်းနှင့် ကမ္ဘာမြေဘဏ္ဍာဗုဒ္ဓဂိုဏ်းမှ ပညာရှင်ဒါဇင်ပေါင်းများစွာမှာ မြေကြီးထဲသို့ တိုက်ရိုက်ရိုက်သွင်းခြင်းခံလိုက်ရလေသည်။
ထာဝရကောင်းကင်ခေါင်းတလား လေထဲသို့ ပြန်ပျံတက်သွားချိန်တွင် ချောက်နက်မိစ္ဆာဂိုဏ်း နှင့် ကမ္ဘာမြေဘဏ္ဍာဗုဒ္ဓဂိုဏ်းမှ ပညာရှင်ဒါဇင်ပေါင်းများစွာမှာ လုံးဝပျက်စီးသွားခဲ့ပြီဖြစ်ကာ လုံးဝ သေဆုံးသွားခဲ့ပြီး မြေကြီးအတွက် မြေဩဇာများ ဖြစ်သွားခဲ့ကြလေသည်။
ဤပညာရှင် ဒါဇင်ပေါင်းများစွာထဲတွင် အားနည်းဆုံးသောသူမှာ စိန့်အဆင့်ဒသမအလွှာမှာ ရှိနေခဲ့လေသည်။
သူတို့သည် နှစ်ပေါင်းထောင်သောင်းချီကျင့်ကြံခဲ့ကြပြီး မရေမတွက်နိုင်သောဆေးလုံးများ ကို သုံးစွဲခဲ့ကြသဖြင့် သူတို့၏အသားနှင့် သွေးများမှာ အကောင်းဆုံး မြေဩဇာများ ဖြစ်လေသည်။
“ပြေးကြ”
ချောက်နက်မိစ္ဆာအရှင်သခင်သည် ဤသည်ကိုမြင်သောအခါ အကြီးအကျယ်ကြောက်လန့် သွားပြီး အော်ဟစ်လိုက်ကာ ဟင်းလင်းပြင်ကို ဖြတ်ကျော်ပြီး ထွက်ပြေးရန်ပြင်လိုက်သော်လည်း သူ မလှုပ်ရှားနိုင်ခင်မှာပင် ထာဝရကောင်းကင်ခေါင်းတလားမှာ သူ့ဆီသို့လာနေသည်ကို မြင်တွေ့လိုက် ရလေသည်။
လုံးဝ မှောင်မည်းနေပြီး ဆိုးယုတ်လှသောထာဝရကောင်းကင်ခေါင်းတလားကိုကြည့်ကာ ဧရာမမိစ္ဆာဖြစ်သည့်ချောက်နက်မိစ္ဆာအရှင်သခင်ပင်လျှင် တစ်ကိုယ်လုံးတုန်ယင်သွားခဲ့လေသည်။
“ချောက်နက်မိစ္ဆာလက်ဝါး”
သူသည် အလန့်တကြားနှင့် လက်ဝါးတစ်ချက်ထိုးထုတ်လိုက်လေသည်။
ဧရာမ မိစ္ဆာချီလက်ဝါးတစ်ခုမှာ ထာဝရကောင်းကင်ခေါင်းတလားဆီသို့ ပျံသန်းသွားခဲ့လေ သည်။
ချောက်နက်မိစ္ဆာလက်ဝါးမှာ ချောက်နက်မိစ္ဆာဂိုဏ်း၏အစွမ်းအထက်ဆုံး မိစ္ဆာလက်ဝါး ဖြစ်ပြီး လှိမ့်ဝင်လာသောမိစ္ဆာချီများမှာ မိစ္ဆာပင်လယ်အတွင်းမှပျံထွက်လာသော ဧရာမလက်ဝါးကြီး အလား တောင်တန်းများကိုဖျက်ဆီးပြီးမြေကြီးကိုချေမှုန်းနိုင်သောစွမ်းအားဖြင့် ထာဝရကောင်း ကင်ခေါင်းတလားကို ရိုက်ခတ်လိုက်လေသည်။
ပြင်းထန်လှသော တုန်ခါမှုတစ်ခု။
သို့သော်လည်း ထာဝရကောင်းကင်ခေါင်းတလားမှာအနည်းငယ်သာတုန်ခါသွားခဲ့ပြီး ၎င်း၏ အရှိန်မှာ မလျော့ကျသွားဘဲချောက်နက်မိစ္ဆာအရှင်သခင်ဆီသို့ ဆက်လက်ဖိနှိပ်လာခဲ့လေသည်။
ချောက်နက်မိစ္ဆာအရှင်သခင် ထပ်မံရှောင်တိမ်းရန် ကြိုးစားလိုက်သော်လည်း ထာဝရကောင်း ကင်ခေါင်းတလား၏တိုက်ရိုက်ရိုက်ခတ်မှုကိုခံလိုက်ရပြီး ဥက္ကာခဲတစ်ခုအလား ကောင်းကင်ယံ၏ အစွန်းဆီသို့ လွင့်ထွက်သွားခဲ့လေသည်၊ ချောက်နက်မိစ္ဆာအရှင်သခင် မြေကြီးပေါ်သို့ ကျရောက်သွား သောအခါ သူ၏နတ်ဘုရားဝတ်စုံမှာပျက်စီးသွားပြီး သူ၏တစ်ကိုယ်လုံးမှာ ကွဲအက်နေသော ဖန်ခွက်အလား ပေါက်ကွဲသွားခဲ့လေသည်။
သူ၏အတွင်းကလီစာများပင်လျှင် မြေကြီးပေါ်သို့ ပြန့်ကျဲသွားခဲ့လေသည်။
သေသွားပြီ။
ပြီးတော့ သူ၏အလောင်းတစ်ခုလုံးမှာ လုံးဝမှောင်မည်းသွားခဲ့ပြီး ထာဝရကောင်းကင်ခေါင်း တလားကဲ့သို့ အနက်ရောင်ဖြစ်သွားခဲ့လေသည်။
***