ချောက်နက်မိစ္ဆာအရှင်သခင်သေဆုံးသွားသည်ကို မြင်လိုက်ရသောအခါ လူတိုင်း၏နှလုံး သားမှာ အေးစက်မှုကိုခံစားလိုက်ရလေသည်။
ချောက်နက်မိစ္ဆာအရှင်သခင်၏အလောင်းမှာ စွမ်းအားတစ်ခုခုကြောင့် တိုက်စားခံလိုက် ရသလိုမျိုး လုံးဝ မှောင်မည်းသွားခဲ့လေသည်။
“ဒါက ကမ္ဘာဦးမူလ ဆိုးယုတ်တဲ့ စွမ်းအားပဲ”
ကမ္ဘာမြေဘဏ္ဍာဗုဒ္ဓအရှင်၏မျက်နှာမှာ သိသိသာသာပြောင်းလဲသွားပြီး တစ်ခုခုကို တွေးမိလိုက်သလိုမျိုး ထစ်ထစ်အအဖြင့် ပြောလိုက်လေသည်။
“ဘာ... ကမ္ဘာဦးမူလ ဆိုးယုတ်တဲ့ စွမ်းအားဟုတ်လား”
ကမ္ဘာမြေဘဏ္ဍာဗုဒ္ဓအရှင်၏ စကားကြောင့် လူတိုင်း အကြီးအကျယ်ထိတ်လန့်သွားကြတော့ သည်။
လူတိုင်းမှာ သူတို့ရှေ့တွင်ရှိသော မဖြစ်နိုင်လောက်အောင်ကြီးမားလှသည့် ခေါင်းတလားကို ကြည့်လိုက်ကြလေသည်။
“ဒါက ထာဝရကောင်းကင်ခေါင်းတလားပဲ”
ဂလက်ဆီ ဓားနတ်ဘုရား၏အသံမှာ အကြီးအကျယ်တုန်ယင်နေခဲ့လေသည်။
ထာဝရကောင်းကင်ခေါင်းတလား။
အချိန်ကာလအားလုံးမှာ အစွမ်းအထက်ဆုံးနဲ့ အဆိုးယုတ်ဆုံး နတ်ဘုရားလက်နက်။
၎င်းမှာ ထိုစဉ်ကဟွန်ချွမ်မိစ္ဆာဂိုဏ်း၏ အစွမ်းအထက်ဆုံးနှင့်အဆိုးယုတ်ဆုံးနတ်ဘုရား လက်နက်လည်း ဖြစ်ခဲ့လေသည်။
၎င်းက တကယ်ပဲ ပေါ်လာခဲ့သည်လား။
“သွားကြစို့”
သူတို့ရှေ့တွင်ရှိသော ခေါင်းတလားမှာထာဝရကောင်းကင်ခေါင်းတလားဖြစ်ကြောင်း သိလိုက်ရသောအခါ လူတိုင်းမှာ ထပ်မနေရဲတော့ဘဲ အလန့်တကြားနှင့် ထွက်ပြေးခဲ့ကြလေသည်။
သို့သော်လည်း ဟွန်ချွမ်တစ္ဆေဘုရင်၏ဖြူဖျော့လှသော မျက်နှာပေါ်တွင် ရက်စက်လှသော တစ္ဆေတစ်ကောင်အလားအပြုံးတစ်ခု ပေါ်ထွက်လာခဲ့လေသည်။ သူသည်လေထဲသို့ ခုန်တက် လိုက်ပြီး သူ၏လက်များကိုလက်ခုပ်တီးကာတွန်းထုတ်လိုက်ရာ ချက်ချင်းဆိုသလိုပင် ထာဝရ ကောင်းကင်ခေါင်းတလားမှာ ကြောက်မက်ဖွယ်ကောင်းသောအရှိန်ဖြင့် စတင်လည်ပတ်နေခဲ့လေ သည်။
ထာဝရကောင်းကင်ခေါင်းတလား လည်ပတ်နေချိန်တွင် ၎င်းမှာဧရာမကြောက်မက်ဖွယ် ကောင်းသော မုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့လေသည်။
၎င်းတင်မကသေးဘဲ ဤကြောက်မက်ဖွယ်ကောင်းသောမုန်တိုင်းမှာ အနက်ရောင်ဖြစ်နေပြီး အဆိုးယုတ်ဆုံးသော စွမ်းအားများ ထွက်ပေါ်နေသည်ကို လူတိုင်းတွေ့ရှိလိုက်ရလေသည်။
မုန်တိုင်းမှာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်နှင့်အတူအဆက်မပြတ် လှိမ့်ဝင်လာပြီး ထုန်းထျန်းနတ်ဘုရားဂိုဏ်း၊ ချောက်နက်မိစ္ဆာဂိုဏ်းနှင့် ကမ္ဘာမြေဘဏ္ဍာဗုဒ္ဓဂိုဏ်းမှ ပညာရှင်များကို တစ်ယောက်ပြီးတစ်ယောက် ချက်ချင်းဝါးမြိုလိုက်လေသည်။
ဝါးမြိုခြင်း ခံလိုက်ရသော ဘိုးဘေးတိုင်းမှာထိတ်လန့်တကြား အော်ဟစ်နေခဲ့ကြလေသည်၊ သူတို့မှာ ကြောက်မက်ဖွယ်ကောင်းသောအရာတစ်ခုခုကို ခံစားနေရသလိုမျိုး ဖြစ်နေခဲ့လေသည်။
ရန်ရှောက်ထျန်း၊ ရှဲ့ဝူရှင်းနှင့် တိုက်တန်ဧရာမမိစ္ဆာတို့သည်လည်း ဆက်လက်တိုက်ခိုက်နေခဲ့ ကြလေသည်။
ရန်ရှောက်ထျန်း၏ ပုံရိပ်မှာလည်း ထာဝရကောင်းကင်ခေါင်းတလားအလား လည်ပတ်နေခဲ့ လေသည်။ သူလည်ပတ်နေချိန်တွင် ချန်ဆန်းနတ်ဘုရားဓားနှင့် ထုန်းထျန်းနတ်ဘုရားဓားတို့ကို ဝှေ့ယမ်းလိုက်ရာ မျက်တောင်တစ်ခတ်အတွင်းမှာတင် ရန်ရှောက်ထျန်းသည် သူ၏နတ်ဘုရားဓားနှစ် စင်းဖြင့် နည်းဗျူဟာပေါင်း ဒါဇင်ပေါင်းများစွာကို ထုတ်ဖော်လိုက်လေသည်။
ချန်ဆန်းနတ်ဘုရားဓားချီနှင့် ထုန်းထျန်းနတ်ဘုရားဓားချီများမှာ အဆုံးမဲ့ထွက်ပေါ်နေခဲ့ လေ သည်။
ဂိုဏ်းသုံးဂိုဏ်းမှ ပညာရှင်များမှာ ချန်ဆန်းနတ်ဘုရားဓားချီနှင့် ထုန်းထျန်းနတ်ဘုရားဓားချီ များ၏ ဝါးမြိုခြင်းကို တစ်ယောက်ပြီးတစ်ယောက် ခံလိုက်ရလေသည်။
တိုက်တန်ဧရာမမိစ္ဆာသည်လည်း သူ၏အစစ်အမှန်တိုက်တန်ဧရာမမိစ္ဆာခန္ဓာကိုယ်အဖြစ် ပြောင်းလဲလိုက်ပြီး သူ၏လက်ဝါးနှစ်ဖက်ဖြင့်ရိုက်ချလိုက်ရာ ချောက်နက်မိစ္ဆာဂိုဏ်းနှင့် ကမ္ဘာမြေ ဘဏ္ဍာဗုဒ္ဓဂိုဏ်းမှ ပညာရှင်များကို တစ်ယောက်ပြီးတစ်ယောက် ချေမှုန်းခံလိုက်ရလေသည်။
ရှဲ့ဝူရှင်းမှာလည်း ရန်ရှောက်ထျန်းကဲ့သို့ပင်ဓားနှစ်စင်းကိုကိုင်ကာ တစ်ပြိုင်နက်တည်း တိုက်ခိုက်နေခဲ့လေသည်။ သူဓားတစ်ချက်ဝှေ့ယမ်းလိုက်တိုင်း သွေးတံခွန်တစ်ခုထွက်ပေါ် လာခဲ့ လေသည်။
ဤအခိုက်အတန့်တွင် ဂလက်ဆီဓားနတ်ဘုရားနှင့် ကမ္ဘာမြေဘဏ္ဍာဗုဒ္ဓအရှင်တို့မှာ ကောင်းကင်ယံအစွန်းသို့ ထွက်ပြေးသွားခဲ့ကြပြီဖြစ်သော်လည်း ဟွန်ချွမ်တစ္ဆေဘုရင်မှာ ကောင်းကင် ယံသို့ ရုတ်တရက်ပျံတက်သွားပြီး အစွမ်းထက်လှသောလက်ဝါးနှစ်ဖက်ဖြင့် ရိုက်ချလိုက်လေသည်။
“ဟွန်ချွမ်ငရဲဘုံ လက်ဝါး”
တောင်တန်းများအလား လက်ဝါးပုံရိပ်နှစ်ခုမှာ ဟင်းလင်းပြင်မှဖိနှိပ်ကျဆင်းလာခဲ့လေ သည်။
ဤလက်ဝါးပုံရိပ်နှစ်ခုမှ ဟွန်ချွမ်အလောင်းချီနှင့် တစ္ဆေချီများထွက်ပေါ်နေခဲ့ပြီး အဆုံးမဲ့ သော အမှောင်ထုများ ရှိနေခဲ့လေသည်။
သူတို့၏ထိတ်လန့်မှုထဲတွင် ဂလက်ဆီဓားနတ်ဘုရားနှင့် ကမ္ဘာမြေဘဏ္ဍာဗုဒ္ဓအရှင်တို့မှာ သူတို့၏အစွမ်းအားလုံးဖြင့်တိုက်ခိုက်လိုက်ကြလေသည်။
ဂလက်ဆီဓားနတ်ဘုရားမှာ ဂလက်ဆီဓားကိုဝှေ့ယမ်းလိုက်ရာ သူ၏ဓားချီမှာဂလက်ဆီ တစ်ခုအလားတောက်ပနေခဲ့ပြီး ကမ္ဘာမြေဘဏ္ဍာဗုဒ္ဓအရှင်ကလည်း သူ၏လက်ဝါးဖြင့် ရိုက်ချလိုက် ရာ ကောင်းကင်ယံကိုလင်းထိန်စေသော ဗုဒ္ဓအလင်းတန်းများပေါက်ကွဲထွက်လာခဲ့လေသည်။
သို့သော်လည်း အားလုံးမှာ အချည်းနှီးသာ ဖြစ်လေသည်။
သူတို့၏တိုက်ခိုက်မှုများမှာ ဟွန်ချွမ်ငရဲဘုံလက်ဝါးကို ထိမှန်သွားသော်လည်း ၎င်းမှာ သစ်ပင်ကိုလှုပ်ခါရန်ကြိုးစားနေသော ပိုးကောင်လေးတစ်ကောင်အလားဖြစ်နေခဲ့လေသည်၊ သူတို့ သည် တောင်တန်းကြီးအလားရှိသောဟွန်ချွမ်ငရဲဘုံလက်ဝါးကို အနည်းငယ်မျှပင်မလှုပ်ခါနိုင် ခဲ့ကြ ပေ။
ဟွန်ချွမ်ငရဲဘုံလက်ဝါးမှာ ဧရာမတောင်တန်းကြီးနှစ်ခုအလား သူတို့၏ခန္ဓာကိုယ်ပေါ်သို့ ရိုက်ခတ်သွားခဲ့သဖြင့် သူတို့မှာ လွင့်ထွက်သွားခဲ့ကြလေသည်။
ချက်ချင်းဆိုသလိုပင် ဟွန်ချွမ်တစ္ဆေဘုရင်၏လက်ထဲမှ ပျံလွှားဓားနှစ်စင်းမှာပျံထွက်သွား ခဲ့ပြီး ဂလက်ဆီဓားနတ်ဘုရားနှင့် ကမ္ဘာမြေဘဏ္ဍာဗုဒ္ဓအရှင်တို့ကို မြေကြီးပေါ်သို့ ဖိကပ်ထားလိုက် လေသည်။
ဤအရာအားလုံးမှာ မျက်တောင်တစ်ခတ်အတွင်းဖြစ်သွားခဲ့ခြင်းဖြစ်ပြီး လူတိုင်းကို မျက်စိ လည်သွားစေလောက်အောင် မြန်ဆန်လှပေသည်။
လူတိုင်း သတိဝင်လာချိန်တွင် ဂလက်ဆီဓားနတ်ဘုရားနှင့် ကမ္ဘာမြေဘဏ္ဍာဗုဒ္ဓအရှင်တို့မှာ မြေကြီးပေါ်တွင်ကပ်နေခဲ့ကြပြီဖြစ်ကာ ဟွန်ချွမ်တစ္ဆေဘုရင်၏ဓားများမှာ သူတို့၏နှလုံးသားကို ထိုးဖောက်သွားခဲ့လေပြီ။
ကမ္ဘာမြေဘဏ္ဍာဗုဒ္ဓအရှင်သည် မြေကြီးပေါ်တွင်လဲလျောင်းနေရင်း ကောင်းကင်ယံကို မော့ကြည့်လိုက်လေသည်။ ဤအခိုက်အတန့်တွင် သူသည်အလွန်တရာ နောင်တရသွားခဲ့လေသည်၊ စီနီယာဝူရှင်းဆေးနတ်ဘုရား၏အကြံပေးချက်ကို နားမထောင်ဘဲ အစောကတည်းက မဆုတ်ခွာ ခဲ့မိသည်ကို နောင်တရနေခဲ့လေသည်။
သူ ခုနက တုံ့ဆိုင်းနေခဲ့သည်ကို နောင်တရနေခဲ့လေသည်။
ယခုမူ သူ ဆုတ်ခွာချင်လျှင်ပင် မည်သည့်အခွင့်အရေးမျှ မရှိတော့ပေ။
ကောင်းကင်ယံက နေမင်းကြီးက အရမ်းကိုမျက်စိကျိန်းစရာ ကောင်းနေတယ်လို့ သူ ခံစား လိုက်ရပြီး သူ၏မျက်လုံးများမှာ ဖြည်းဖြည်းချင်း ပိတ်သွားခဲ့လေသည်။
အဲဒီနောက်မှာတော့ သူ၏ကမ္ဘာထဲမှာ နေရောင်ခြည်ဆိုတာ မရှိတော့ပေ။
သတ်ဖြတ်မှုမှာ ဆက်လက်ဖြစ်ပွားနေခဲ့လေသည်။
ရန်ရှောက်ထျန်း၊ ဟွန်ချွမ်တစ္ဆေဘုရင်နှင့် အခြားသူများ၏တိုက်ခိုက်မှုအောက်တွင် ထုန်းထျန်းနတ်ဘုရားဂိုဏ်း၊ ချောက်နက်မိစ္ဆာဂိုဏ်းနှင့် ကမ္ဘာမြေဘဏ္ဍာဗုဒ္ဓဂိုဏ်းမှ ပညာရှင်များမှာ နောက်ဆုံးတွင် တစ်ယောက်ပြီးတစ်ယောက် လဲကျသွားခဲ့ကြလေသည်။
ဘယ်သူမှ မတ်တပ်မရပ်နိုင်တော့ပေ။
ဘယ်သူမှ ထွက်မပြေးနိုင်ခဲ့ကြပေ။
ရန်ရှောက်ထျန်းသည် အသက်ရှူနေဆဲဖြစ်သော ထုန်းထျန်းနတ်ဘုရားဂိုဏ်းမှ ဘိုးဘေး တစ်ဦး၏ ရှေ့သို့ ရောက်ရှိလာခဲ့လေသည်။
“ဂိုဏ်းချုပ်... ကျွန်တော်မျိုး မှားသွားပါတယ်”
ထုန်းထျန်းနတ်ဘုရားဂိုဏ်းမှဘိုးဘေးမှာ ပါးစပ်ဟလိုက်ပြီး စကားကို တစ်ခွန်းချင်း ပြောနေခဲ့ လေသည်။
ရန်ရှောက်ထျန်း၏ မျက်နှာမှာ အေးစက်နေပြီး။
“မင်း မမှားပါဘူး”
ထိုသို့ပြောရင်း သူသည် ထုန်းထျန်းနတ်ဘုရားဓားကိုဝှေ့ယမ်းလိုက်ရာ ထုန်းထျန်းနတ် ဘုရားဂိုဏ်းမှ ဘိုးဘေး၏ ဦးခေါင်းမှာ မြေကြီးပေါ်သို့ လိမ့်ကျသွားခဲ့လေသည်။
ရှဲ့ဝူရှင်းနှင့် တိုက်တန်ဧရာမမိစ္ဆာတို့သည် သူတို့ရှေ့ရှိနေလစိန့်ဘုရင်၊ ဟင်းလင်းပြင် ဓားနတ်ဘုရား၊ ဂလက်ဆီဓားနတ်ဘုရား၊ ချောက်နက်မိစ္ဆာအရှင်သခင်နှင့် ကမ္ဘာမြေဘဏ္ဍာ ဗုဒ္ဓအရှင် တို့၏ အလောင်းများကို ကြည့်ကာ သူတို့ အိမ်မက်မက်နေသလိုမျိုး ခံစားနေရဆဲ ဖြစ်လေသည်။
နေလစိန့်ဘုရင်က ဒီလိုမျိုး သေသွားတာလား။
“ရှင်းလင်းရေးလုပ်ကြ၊ ငါတို့ ဒီကနေ အရင်ထွက်ရမယ်”
ရန်ရှောက်ထျန်းက ပြောလိုက်သည်။
တိုက်တန်ဧရာမမိစ္ဆာနှင့် အခြားသူများ သတိဝင်လာခဲ့ကြလေသည်။
ထို့နောက်တွင် လူအုပ်ကြီးမှာအခင်းဖြစ်ပွားရာနေရာကို စတင်ရှင်းလင်းခဲ့ကြလေသည်။ ရန်ရှောက်ထျန်း၏ နတ်ဘုရားမီးလျှံမီးတောက်များမှာ ဆင်းသက်လာခဲ့ပြီး နေလစိန့်ဘုရင်နှင့် အခြားသူများ၏ အလောင်းများကို လုံးဝ ပြာဖြစ်အောင် အကုန်လောင်ကျွမ်းပစ်လိုက်လေသည်။
“ညီအစ်ကိုကျန့်... သွားကြစို့”
အခင်းဖြစ်ပွားရာနေရာကို ရှင်းလင်းပြီးနောက် ရန်ရှောက်ထျန်းသည် နန်ထျန်ဓားနတ်ဘုရား ကျန့်လင်း၏ဘေးသို့ ရောက်ရှိလာခဲ့လေသည်။
ကျန့်လင်း အသက်ပြင်းပြင်းရှူလိုက်ပြီး ခေါင်းငြိမ့်ပြလိုက်လေသည်။ သူက ရန်ရှောက်ထျန်း ကို ကြည့်ကာပြုံးလျက်။
“ရန်ရှောက်ထျန်းက ချန်ဆန်းတိုက်ကြီးရဲ့အရှင်သခင်အသစ် ဖြစ်နေရုံတင်မကဘဲ ထုန်းထျန်းနတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းချုပ်လည်း ဖြစ်နေလိမ့်မယ်လို့ ကျွန်တော်မထင်ထားခဲ့ဘူး”
၎င်းမှာ သူ၏အတွက် အမှန်တကယ်ပင်မထင်မှတ်ထားသောအရာ ဖြစ်လေသည်။
ရန်ရှောက်ထျန်းက ခေါင်းခါပြကာ ပြုံးလျက်။
“ထုန်းထျန်းနတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ဘာလဲ။ ကျွန်တော့်ရဲ့ ဂိုဏ်းချုပ်ဆိုတဲ့ ရာထူးက ဘွဲ့နာမည်တစ်ခုသာပါ”
သူ့မှာ ထုန်းထျန်းနတ်ဘုရားဓားရှိနေသော်လည်း နေလစိန့်ဘုရင်၊ ဟင်းလင်းပြင် ဓားနတ် ဘုရားနှင့် အခြားသူများမှာ သူ့ကိုဟွန်ချွမ်ဘိုးဘေးရဲ့ဆက်ခံသူအဖြစ်သာ သတ်မှတ်နေကြဆဲ ဖြစ်လေ သည်။
ထို့နောက် ရန်ရှောက်ထျန်းနှင့်အခြားသူများမှာ သင်္ဘောပေါ်သို့ တက်ရောက်ကာ အခင်းဖြစ် ပွားရာနေရာမှ ထွက်ခွာခဲ့ကြလေသည်။
ရန်ရှောက်ထျန်းနှင့် အခြားသူများ ထွက်ခွာသွားပြီးမကြာခင်မှာပင် ထုန်းထျန်းနတ်ဘုရား ဂိုဏ်းဌာနချုပ်၏ ခန်းမဆောင်ကြီးအတွင်း၌ကျောက်ရုန်က ဘေးဒုက္ခတစ်သောင်းဓားနတ်ဘုရား အား မေးလိုက်သည်။
“ဟွန်ချွမ်ဘိုးဘေးရဲ့ ဆက်ခံသူအကြောင်း သတင်းတစ်ခုခု ရပြီလား”
“ကျွန်တော်မျိုးရဲ့ လက်အောက်ငယ်သားတွေရဲ့ အစီရင်ခံစာအရဆိုရင် လွန်ခဲ့တဲ့ ရက်ပိုင်းက မုမိသားစုခေါင်းဆောင်မုယီက ဟွန်ချွမ်ဘိုးဘေးရဲ့ဆက်ခံသူနဲ့ တော်တော်လေးဆင်တူတဲ့ လူငယ် တစ်ယောက်ကို ခေါ်လာခဲ့တယ်လို့ သိရပါတယ်”
ဘေးဒုက္ခတစ်သောင်း ဓားနတ်ဘုရားက စဉ်းစားရင်း။
“ဒါပေမဲ့ အဲဒီလူငယ်က လွန်ခဲ့တဲ့ နှစ်ရက်ကပဲထွက်သွားခဲ့ပါပြီ”
ကျောက်ရုန်၏ လက်အောက်က နောက်ထပ် ဓားနတ်ဘုရားတစ်ပါးဖြစ်သည့် ပင်လယ်လေး စင်ဓားနတ်ဘုရားက ဤသည်ကိုကြားလိုက်ရသဖြင့် သူ၏မျက်လုံးများ အေးစက်သွားပြီး။
“မုမိသားစုက တော်တော်လေးသတ္တိရှိတာပဲ၊ ဟွန်ချွမ်ဘိုးဘေးရဲ့ ဆက်ခံသူက ငါတို့ ဆုကြေးထုတ်ထားတဲ့လူမှန်း သိနေတာတောင်မှ သူ့ကို မုမိသားစုဆီကို ခေါ်လာရဲတယ် ဟုတ်လား”
“ဒါက ငါတို့ထုန်းထျန်းနတ်ဘုရားဂိုဏ်းကို တမင်သက်သက်ဆန့်ကျင်နေတာ မဟုတ်ဘူး လား”
ကျောက်ရုန်ကလည်း အေးစက်စွာ ပြောလိုက်သည်။
“ကူလွန်ဓားပြိုင်ပွဲ ရောက်တဲ့အခါကျရင် ငါ ဓားနတ်ဘုရားရဲ့ ပထမဆုံး ပလ္လင်ကို ရယူပြီးရင် မုမိသားစုကို နမူနာပြတဲ့အနေနဲ့ တစ်မိသားစုလုံးကို အမြစ်ပြတ် သုတ်သင်ပစ်မယ်”
မုမိသားစု တစ်မိသားစုလုံးကို အမြစ်ပြတ်သုတ်သင်ပစ်လိုက်ရင် သူ့ကို၊ ကျောက်ရုန်ကို ဘယ်သူကထပ်ပြီးမနာခံဘဲနေဦးမလဲ၊ ထုန်းထျန်းနတ်ဘုရားဂိုဏ်းကို ဘယ်သူကထပ်ပြီး ဆန့်ကျင် ရဲဦးမလဲဆိုတာကို သူ ကြည့်ချင်နေမိလေသည်။
“နန်ထျန်ဓားနတ်ဘုရားကော”
ကျောက်ရုန်က ထပ်မံမေးမြန်းလိုက်သည်။
“နန်ထျန်ဓားနတ်ဘုရားက သေဖို့သိပ်မလိုတော့ပါဘူး။ သူကစိန့်ဘုရင်၊ ဟင်းလင်းပြင်နဲ့ အခြားသူတွေရဲ့ လက်ထဲမှာ ရှင်းပြီးလောက်ပါပြီ”
ဘေးဒုက္ခတစ်သောင်း ဓားနတ်ဘုရားက ပြန်လည်ဖြေကြားလိုက်သည်။
“မကြာခင်မှာ သတင်း ရလာပါလိမ့်မယ်”
***
ညအချိန်သို့ ရောက်ရှိလာခဲ့လေသည်။
ထွက်ခွာလာပြီးနောက် ရန်ရှောက်ထျန်းနှင့်အခြားသူများမှာ တောင်တန်းကြီးတစ်ခုဆီသို့ ရောက်ရှိလာခဲ့ပြီး ထိုနေရာတွင် ရပ်နားခဲ့ကြလေသည်။
ရန်ရှောက်ထျန်းက ညကောင်းကင်ယံကို ကြည့်ကာ ပြောလိုက်သည်။
“ဒီည ဒီမှာပဲ အနားယူကြတာပေါ့”
သူသည် ဤအခွင့်အရေးကို အသုံးပြု၍ ၁၃ ခုမြောက်နှင့် ၁၄ ခုမြောက် ကမ္ဘာဦးမူလ ကံကြမ္မာ ဘေးဒုက္ခများကိုလှုံ့ဆော်ပြီး ၁၃ ခုမြောက်နှင့် ၁၄ ခုမြောက် ကမ္ဘာဦးမူလကံကြမ္မာများကို ရယူရန် စိတ်ကူးထားခြင်း ဖြစ်လေသည်။
လွန်ခဲ့သောရက်ပိုင်းက သူ၏ဆရာချန်ထားခဲ့သော ကမ္ဘာဦးမူလကံကြမ္မာ နတ်ဘုရား ကျောက်တုံးရှစ်ခုကိုသန့်စင်ပြီးနောက် သူ၏နတ်ဘုရားပင်လယ်လောကမှာ ၁၃ ခုမြောက်နှင့် ၁၄ ခုမြောက် ကမ္ဘာဦးမူလကံကြမ္မာများကို ရယူရန်အတွက်အပြည့်အဝတတ်နိုင်နေပြီ ဖြစ်လေသည်။
ထို့ကြောင့် လူတိုင်းမှာ မီးပုံပွဲတစ်ခု ပြုလုပ်ခဲ့ကြလေသည်။
ညဦးပိုင်းတွင် ရန်ရှောက်ထျန်းသည် သူ၏နတ်ဘုရားပင်လယ်စွမ်းအားများကို အသက်သွင်း လိုက်ပြီး ကမ္ဘာဦးမူလ လောကအတားအဆီးကို စတင်တိုက်ခိုက်လေတော့သည်။
ပြင်းထန်လှသော တုန်ခါသံများမှာ အဆက်မပြတ် ထွက်ပေါ်နေခဲ့လေသည်။
ကမ္ဘာဦးမူလ လောကအတားအဆီးမှာ အမြန်ပင်ပျက်စီးသွားခဲ့လေသည်။
ကောင်းကင်ယံထက်တွင် ကမ္ဘာဦးမူလကံကြမ္မာဘေးဒုက္ခမိုးကြိုးများမှာ ထပ်မံစုစည်းလာခဲ့ ပြန်ပြီး ၎င်း၏ပြင်းထန်လှသော စွမ်းအားများမှာ လူတိုင်းကို ထိတ်လန့်သွားစေခဲ့လေသည်။