ဟွန်ချွမ်တစ္ဆေဘုရင်သည် ကောင်းကင်ယံထက်ရှိကမ္ဘာဦးမူလကံကြမ္မာ ဘေးဒုက္ခမိုးကြိုးကို ကြည့်လိုက်ရာ သူ၏အမြဲတမ်းတည်ငြိမ်နေသောမျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများပေါ်ထွက်လာ ခဲ့ပြီး။
“ကမ္ဘာဦးမူလကံကြမ္မာဘေးဒုက္ခမိုးကြိုးပါလား၊ ဂိုဏ်းချုပ်က ၁၃ ခုမြောက် ကမ္ဘာဦးမူလ ကံကြမ္မာကို ရယူတော့မယ်”
ရှဲ့ဝူရှင်း၊ တိုက်တန်ဧရာမမိစ္ဆာနှင့် နန်ထျန်ဓားနတ်ဘုရားတို့သည်လည်း အံ့အားသင့်သွားခဲ့ကြ လေသည်။
လက်ရှိတွင် ရန်ရှောက်ထျန်း၏ကမ္ဘာဦးမူလကံကြမ္မာ ၁၂ ခုမှာတင် တစ်ကမ္ဘာလုံးကို တုန်လှုပ် စေခဲ့ပြီ ဖြစ်လေသည်။
အကယ်၍ သူက ၁၃ ခုမြောက်ကမ္ဘာဦးမူလကံကြမ္မာကိုပါ ရယူမည်ဆိုပါက မည်မျှအထိ အံ့အားသင့်စရာ ကောင်းလိုက်မည်နည်း။
ကမ္ဘာဦးမူလ ကံကြမ္မာဘေးဒုက္ခမိုးတိမ်များမှာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်နှင့် အတူ အဆက်မပြတ်စုစည်းလာခဲ့ပြီး ဘေးဒုက္ခမိုးကြိုး၏ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား များမှာ ကျယ်ပြန့်လှသော တောင်တန်းကြီးများကို လွှမ်းခြုံထားခဲ့လေသည်။
ကမ္ဘာဦးမူလကံကြမ္မာဘေးဒုက္ခမိုးကြိုး၏စွမ်းအားကို ခံစားလိုက်ရသဖြင့် ရှဲ့ဝူရှင်းကထိတ် လန့်တကြား အော်ဟစ်လိုက်လေသည်။
“ဒါက သုံးထပ်မြောက် နတ်ဘုရားဘေးဒုက္ခနဲ့ နှိုင်းယှဉ်နိုင်နေပြီ မဟုတ်လား”
ထိုစဉ်က ဝိညာဉ်သားရဲဘုရင်ဖြစ်သည့် မိုးကြိုးပြာနဂါးစပါးအုံးမြွေသည် သူ၏နတ်ဘုရား ဘေးဒုက္ခကို ခံယူခဲ့စဉ်က ၎င်းမှာသုံးထပ်မြောက် နတ်ဘုရားဘေးဒုက္ခဖြစ်လေသည်။
ထိုစဉ်က သုံးထပ်မြောက် နတ်ဘုရားဘေးဒုက္ခ၏စွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်း လှပြီး ယခုမူ ရန်ရှောက်ထျန်းရင်ဆိုင်ရမည့် ၁၃ ခုမြောက် ကမ္ဘာဦးမူလကံကြမ္မာ ဘေးဒုက္ခမိုးကြိုးမှာ သုံးထပ်မြောက် နတ်ဘုရားဘေးဒုက္ခနှင့် ညီမျှသော စွမ်းအားရှိနေခဲ့လေပြီ။
အကယ်၍ သူက ၁၄ ခုမြောက် ကမ္ဘာဦးမူလကံကြမ္မာ ဘေးဒုက္ခမိုးကြိုးကိုပါ ခံယူမည်ဆိုပါက ၎င်း၏စွမ်းအားမှာ ပို၍ပင်အားကောင်းပေလိမ့်မည်။
၁၅ ခုမြောက် ကမ္ဘာဦးမူလကံကြမ္မာဘေးဒုက္ခမိုးကြိုးဆိုလျှင်မူ ၎င်းမှာလုံးဝကို ကြောက် မက်ဖွယ်ကောင်းလောက်အောင် ပြင်းထန်ပေလိမ့်မည်။
ဟွန်ချွမ်တစ္ဆေဘုရင်နှင့် အခြားသူများ၏အကြည့်အောက်တွင် ကမ္ဘာဦးမူလကံကြမ္မာ ဘေးဒုက္ခမိုးကြိုးမှာ ဆက်လက်ပျံ့နှံ့နေခဲ့ပြီး ၎င်း၏စွမ်းအားမှာအဆက်မပြတ် တိုးတက်နေခဲ့လေ သည်။
“ဘုန်း…”
ရုတ်တရက် ကမ္ဘာဦးမူလကံကြမ္မာဘေးဒုက္ခမိုးကြိုးမှာ အံ့အားသင့်ဖွယ်လျှပ်စီးတိုင်တစ်ခု အဖြစ် ပြောင်းလဲသွားခဲ့ပြီး ရိုက်ချလိုက်လေသည်။
၎င်း၏အရှိန်မှာ မြန်လွန်းလှသဖြင့် လူတိုင်းမှာတုံ့ပြန်ရန် ခက်ခဲနေခဲ့ကြလေသည်။
သို့သော်လည်း ရန်ရှောက်ထျန်းမှာ အဆင်သင့်ဖြစ်နေခဲ့လေပြီ။ ဘေးဒုက္ခမိုးကြိုး ရိုက်ချလိုက် သည့်အခိုက်အတန့်တွင် သူသည်ကောင်းကင်ယံသို့ပျံတက်သွားခဲ့ပြီး သူ၏အပ်စိုက်မှတ်များ အားလုံးရှိ စွမ်းအားများကို အသက်သွင်းလိုက်ကာ ဘေးဒုက္ခမိုးကြိုးကို လက်သီးတစ်ချက်တည်းနှင့် ရိုက်ခွဲလိုက်လေသည်။
အရင်တစ်ခေါက်ကကဲ့သို့ပင် ရန်ရှောက်ထျန်းမှာ မြေကြီးပေါ်သို့ လွင့်ကျသွားခဲ့လေသည်။
ချက်ချင်းဆိုသလိုပင် ဒုတိယအလွှာဘေးဒုက္ခမိုးကြိုး ရိုက်ချလာခဲ့ပြန်လေသည်။
ရန်ရှောက်ထျန်းမှာ ကောင်းကင်ယံသို့တစ်ကြိမ်ပြီးတစ်ကြိမ် ပျံတက်သွားခဲ့ပြီးမြေကြီးပေါ် သို့ တစ်ကြိမ်ပြီးတစ်ကြိမ် လွင့်ကျလာခဲ့လေသည်။
နောက်ဆုံးတွင် ရန်ရှောက်ထျန်းသည် ချန်ဆန်းနတ်ဘုရားလက်ဝါးကိုပင် အသုံးပြုလိုက်ရပြီး နောက်ဆုံးတွင် ဆယ်လွှာမြောက်ဘေးဒုက္ခမိုးကြိုးကို ရိုက်ခွဲလိုက်နိုင်လေတော့သည်။
သူ၏နတ်ဘုရားပင်လယ်လောကအတွင်း၌ ၁၃ ခုမြောက် ကမ္ဘာဦးမူလကံကြမ္မာမှာ အောင် မြင်စွာ ပုံဖော်သွားခဲ့လေပြီ။
“အောင်မြင်ပြီ”
ဟွန်ချွမ်တစ္ဆေဘုရင်နှင့် အခြားသူများမှာ သူတို့၏ထိတ်လန့်မှုထဲတွင် အားလုံးဝမ်းမြောက် ဝမ်းသာ ဖြစ်သွားခဲ့ကြလေသည်။
ရန်ရှောက်ထျန်းသည် ခြောက်ထပ်မြောက်ကောင်းကင်ဘေးဒုက္ခမိုးကြိုးရေနှင့် ပြန်လည်ဝင် စားခြင်းဆေးလုံးတစ်လုံးကိုထုတ်ယူလိုက်ပြီးမြိုချကာ သူ၏ဒဏ်ရာများကိုကုသလိုက်ပြီး သူ၏နတ် ဘုရားပင်လယ်စွမ်းအားများကို ဆက်လက်အသက်သွင်းလိုက်ကာ ကမ္ဘာဦးမူလလောကအတား အဆီးကို ဆက်လက်တိုက်ခိုက်လေတော့သည်။
နောက်ဆုံးတွင် ကမ္ဘာဦးမူလလောကအတားအဆီးမှာ ထပ်မံပျက်စီးသွားခဲ့လေသည်။
ခုနလေးတင် ပျောက်ကွယ်သွားခဲ့သော ကမ္ဘာဦးမူလကံကြမ္မာဘေးဒုက္ခမိုးကြိုးမှာ ကောင်း ကင်ယံထက်တွင် ထပ်မံစုစည်းလာခဲ့ပြန်လေသည်။
ဟွန်ချွမ်တစ္ဆေဘုရင်နှင့် အခြားသူများမှာ ရန်ရှောက်ထျန်း ၁၃ ခုမြောက် ကမ္ဘာဦးမူလ ကံကြမ္မာကို ရယူပြီးနောက်တွင်ပြီးသွားပြီဟုထင်မှတ်ထားခဲ့ကြသော်လည်း ကောင်းကင်ယံထက် တွင် ကမ္ဘာဦးမူလကံကြမ္မာဘေးဒုက္ခမိုးကြိုးများ ထပ်မံစုစည်းလာသည်ကို ရုတ်တရက်မြင်လိုက်ရ သောအခါ သူတို့ မှင်တက်သွားခဲ့ကြလေသည်။
“၁၄ ခုမြောက် ကမ္ဘာဦးမူလ ကံကြမ္မာ ဘေးဒုက္ခမိုးကြိုးပါလား”
တိုက်တန်ဧရာမမိစ္ဆာမှာ ပါးစပ်ပင် ခြောက်ကပ်သွားခဲ့လေသည်။
ဟွန်ချွမ်တစ္ဆေဘုရင်၊ နန်ထျန်ဓားနတ်ဘုရားနှင့် ရှဲ့ဝူရှင်းတို့ပင်လျှင် အကြီးအကျယ်အံ့အား သင့်သွားခဲ့ကြလေသည်။
ရန်ရှောက်ထျန်းက ၁၃ ခုမြောက် ကမ္ဘာဦးမူလ ကံကြမ္မာကို ရယူပြီးနောက်တွင် ၁၄ ခုမြောက် ကမ္ဘာဦးမူလကံကြမ္မာကို ဆက်လက်ရယူရန်ကြိုးစားလိမ့်မည်ဟု သူတို့ထဲကဘယ်သူမှ မမျှော်လင့် ထားခဲ့ကြပေ။
ရန်ရှောက်ထျန်းသာ ၁၄ ခုမြောက် ကမ္ဘာဦးမူလကံကြမ္မာကို အောင်မြင်စွာရယူနိုင်မည် ဆိုပါက ဟွန်ချွမ်တစ္ဆေဘုရင်နှင့် ရှဲ့ဝူရှင်းတို့နှစ်ဦးစလုံးမှာ သူတို့၏နှလုံးသားအတွင်းမှ တုန်ခါမှုကို ခံစားလိုက်ရလေသည်။
ရှေးဟောင်းကာလမှ ယခုအချိန်အထိနှစ်ပေါင်းသန်းချီအတွင်းမှာ ဝမ်ကျန့်တိုက်ကြီးပေါ်တွင် ကံကြမ္မာ ၁၄ ခုကို ရယူနိုင်ခဲ့သူမှာ တစ်ဦးတည်းသာရှိခဲ့လေသည်၊ ၎င်းမှာ ဟုန်ဖုန်းနတ်ဘုရား အရှင် သခင်ပင် ဖြစ်လေသည်။
သို့သော်လည်း ဟုန်ဖုန်းနတ်ဘုရားအရှင်သခင် ရယူခဲ့သောအရာမှာ ကောင်းကင်ဘုံ ကိုးထပ် ကံကြမ္မာ ၁၄ ခုသာဖြစ်လေသည်။
ဒါပေမဲ့ အခု ရန်ရှောက်ထျန်း ရယူနေတာက ကမ္ဘာဦးမူလကံကြမ္မာ ၁၄ ခုလေ။
ဒါက ကောင်းကင်နဲ့ မြေကြီးလို ကွာခြားလှပေသည်။
“ဂိုဏ်းချုပ်သာ ကမ္ဘာဦးမူလကံကြမ္မာ ၁၄ ခုကို ရယူနိုင်မယ်ဆိုရင်တော့”
တိုက်တန်ဧရာမမိစ္ဆာက ထစ်ထစ်အအဖြင့်။
“ဒါက သူ့ကို ဝိညာဉ်နန်းတော်လောကရဲ့ နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်သွားစေမှာပဲ”
ဝိညာဉ်နန်းတော်လောကရဲ့ နံပါတ်တစ်ပုဂ္ဂိုလ်။
ဝိညာဉ်နန်းတော်လောကမှာ ကျယ်ပြန့်လှပြီး မရေမတွက်နိုင်သောတိုက်ကြီးများ၊ မရေမ တွက်နိုင်သောပါရမီရှင်များနှင့် ပါရမီရှင်များရှိနေကြသော်လည်း တိုက်တန်ဧရာမမိစ္ဆာမှာ ကမ္ဘာဦး မူလ ကံကြမ္မာ ၁၄ ခုကို ဘယ်သူမှမရယူနိုင်ခဲ့ကြောင်း သေချာနေခဲ့လေသည်။
ယခင်ကလည်း မရှိခဲ့သလို နောက်နောင်တွင်လည်း ရှိလာမည် မဟုတ်ပေ။
ပို၍ သိထားသောဟွန်ချွမ်တစ္ဆေဘုရင်မှာမူ ပို၍ပင်စိတ်လှုပ်ရှားပြီး ခံစားချက်များပြင်းထန် နေခဲ့လေသည်။
“ဂိုဏ်းချုပ်သာ ကမ္ဘာဦးမူလကံကြမ္မာ ၁၄ ခုကို ရယူနိုင်မယ်ဆိုရင် သူက ဝိညာဉ်နန်းတော် လောကရဲ့ နံပါတ်တစ်ပုဂ္ဂိုလ်တင်မကတော့ဘူး”
လူတိုင်း စိတ်လှုပ်ရှားနေစဉ်မှာပင် ရုတ်တရက်ကမ္ဘာဦးမူလကံကြမ္မာ ဘေးဒုက္ခမိုးကြိုး ရိုက်ချ လိုက်လေသည်။
ကောင်းကင်နှင့် မြေကြီးမှာ လင်းထိန်သွားခဲ့လေသည်။
ဘေးဒုက္ခမိုးကြိုး၏ အလင်းတန်းမှာ တောင်ထိပ်ပေါင်းထောင်သောင်းချီကို လင်းထိန်သွား စေခဲ့လေသည်။
၁၄ ခုမြောက် ကမ္ဘာဦးမူလ ကံကြမ္မာ ဘေးဒုက္ခမိုးကြိုးမှာ ၁၃ ခုမြောက် ကမ္ဘာဦးမူလ ကံကြမ္မာ ဘေးဒုက္ခမိုးကြိုးထက် နှစ်ဆပို၍ အားကောင်းလေသည်။
၁၄ ခုမြောက် ကမ္ဘာဦးမူလကံကြမ္မာဘေးဒုက္ခမိုးကြိုး၏စွမ်းအားကို ခံစားလိုက်ရသဖြင့် လူတိုင်း၏ နှလုံးသားမှာ တင်းမာသွားခဲ့လေသည်။
ခုနလေးတင် ရန်ရှောက်ထျန်းသည် ၁၃ ခုမြောက် ကမ္ဘာဦးမူလကံကြမ္မာ ဘေးဒုက္ခမိုးကြိုးကို အနိုင်နိုင် ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်လေသည်။
ယခု ၁၄ ခုမြောက် ကမ္ဘာဦးမူလကံကြမ္မာဘေးဒုက္ခမိုးကြိုးက နှစ်ဆပို၍ အားကောင်း နေသဖြင့် ရန်ရှောက်ထျန်း ကျော်ဖြတ်နိုင်ပါ့မလား။
ဟွန်ချွမ်တစ္ဆေဘုရင်ပင်လျှင် စိုးရိမ်စိတ်ကို မထိန်းနိုင်ဘဲ ဖြစ်နေခဲ့လေသည်။
ရန်ရှောက်ထျန်း၏ တိုက်ခိုက်ရေးစွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းသော်လည်း ယခု သူ ရင်ဆိုင်နေရသောအရာမှာ ခြောက်ထပ်မြောက် နတ်ဘုရားဘေးဒုက္ခနှင့်ညီမျှသော ကံကြမ္မာဘေး ဒုက္ခမိုးကြိုး ဖြစ်လေသည်။
သူတို့ တင်းမာနေစဉ်မှာပင် ရန်ရှောက်ထျန်း ကောင်းကင်ယံသို့ပျံတက်သွားခဲ့ပြီး သူ၏လက် သီးနှစ်ဖက်ကို ထိုးထုတ်လိုက်ကာ ပထမအလွှာဘေးဒုက္ခမိုးကြိုးကို ရိုက်ခွဲလိုက်လေသည်။
“ဘုန်း..”
ရန်ရှောက်ထျန်းမှာ မြေကြီးထဲသို့ တိုက်ရိုက်ရိုက်သွင်းခြင်း ခံလိုက်ရလေသည်။
ပတ်ဝန်းကျင်ရှိ မြေကြီးများမှာ ပေါက်ကွဲထွက်သွားခဲ့လေသည်။
ဤသည်ကို မြင်သောအခါ ဟွန်ချွမ်တစ္ဆေဘုရင်နှင့် အခြားသူများမှာပို၍ပင် စိုးရိမ်သွားခဲ့ ကြလေသည်။
ထို့နောက်တွင် ဒုတိယ၊ တတိယနှင့် စတုတ္ထအလွှာများ ရိုက်ချလာခဲ့လေသည်။
မကြာခင်မှာပင် ဆယ်လွှာမြောက်သို့ ရောက်ရှိလာခဲ့လေသည်။
ရန်ရှောက်ထျန်း ကိုးလွှာမြောက်ကိုကျော်ဖြတ်ပြီးချိန်တွင် သူ၏နှစ်ပေါင်းသန်းချီ ဝိညာဉ် ကွင်းနှစ်ကွင်းနှင့် ထာဝရနတ်ဘုရားခန္ဓာကိုယ်တို့ကိုပင်အသက်သွင်းလိုက်ရသော်လည်း သူသည် မြေကြီးထဲသို့ ပြင်းထန်စွာ ရိုက်သွင်းခြင်းခံထားရဆဲ ဖြစ်လေသည်။
ရန်ရှောက်ထျန်းမှာ သွေးများဖြင့် ပြည့်နှက်နေပြီး မြေကြီးထဲတွင် လဲလျောင်းနေခဲ့လေသည်။
“ဝုန်း…”
ချက်ချင်းဆိုသလိုပင် ကောင်းကင်နှင့်မြေကြီးကိုဖျက်ဆီးနိုင်သော စွမ်းအားပါရှိသည့် ဆယ်လွှာမြောက်ဘေးဒုက္ခမိုးကြိုးမှာ မြေကြီးထဲတွင်ရှိသောရန်ရှောက်ထျန်းဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။
ရန်ရှောက်ထျန်း ဘာကိုမှဂရုမစိုက်တော့ဘဲ ကောင်းကင်ယံသို့ပျံတက်သွားခဲ့ပြီး သူ၏စွမ်း အားအားလုံးကို အသုံးပြုကာ ဘေးဒုက္ခမိုးကြိုးကို တိုက်ခိုက်လိုက်လေသည်။
သူ ဆယ်လွှာမြောက် ဘေးဒုက္ခမိုးကြိုးနှင့်ထိပ်တိုက်တွေ့ဆုံလိုက်သည့် အခိုက်အတန့်တွင် ရန်ရှောက်ထျန်းသည် ကမ္ဘာဦးမူလသားရဲကြီးတစ်ကောင်၏ရိုက်ခတ်ခြင်းကို ခံလိုက်ရသလိုမျိုး ခံစားလိုက်ရပြီး သူ၏တစ်ကိုယ်လုံးမှာဥက္ကာခဲတစ်ခုအလား မြေကြီးထဲသို့ ပြင်းထန်စွာ ရိုက်သွင်းခြင်း ခံလိုက်ရလေသည်။
ဖုန်မှုန့်များမှာ ကောင်းကင်ယံသို့ ပျံ့လွင့်သွားခဲ့လေသည်။
ပတ်ဝန်းကျင်ရှိ တောင်ထိပ်များအားလုံးပြိုကျသွားပြီး ပြာအဖြစ်ပြောင်းလဲသွားခဲ့လေ သည်။
ဟွန်ချွမ်တစ္ဆေဘုရင်နှင့် အခြားသူများမှာ ရန်ရှောက်ထျန်း၏ဘေးသို့ ချက်ချင်းပြေးသွားခဲ့ ကြလေသည်။
ရန်ရှောက်ထျန်းမှာ မြေကြီးထဲတွင်လဲလျောင်းနေပြီး သူ၏နောက်ဆုံးထွက်သက်ကို ရောက် နေကာ သူ၏နှလုံးခုန်သံမှာလည်းရပ်တန့်လုနီးပါးဖြစ်နေသည်ကို သူတို့မြင်တွေ့လိုက်ရလေသည်။
ထာဝရနတ်ဘုရားခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားပြီး အသေးစားအောင်မြင်မှုအဆင့်သို့ ရောက်ရှိ နေသည့်ရန်ရှောက်ထျန်းပင်လျှင် ဆယ်လွှာမြောက်ဘေးဒုက္ခမိုးကြိုး၏ စွမ်းအားအောက်တွင် သေလု နီးပါး ဖြစ်သွားခဲ့လေသည်ပါလား။
သို့သော်လည်း သေလုမြောပါးဖြစ်နေသော ရန်ရှောက်ထျန်းကိုကြည့်ကာ ဟွန်ချွမ်တစ္ဆေ ဘုရင်နှင့် အခြားသူများမှာဝမ်းမြောက်ဝမ်းသာဖြစ်နေသော မျက်နှာအမူအရာများပေါ်ထွက်လာခဲ့ လေသည်။
“သူ အောင်မြင်သွားပြီ”
နန်ထျန်ဓားနတ်ဘုရားက ဝမ်းမြောက်ဝမ်းသာ ပြုံးလျက် အော်ဟစ်လိုက်လေသည်။
လူတိုင်းမှာ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေခဲ့လေသည်။
မလှုပ်မယှက် လဲလျောင်းနေသောရန်ရှောက်ထျန်းကမူ ခါးသီးစွာပြုံးလိုက်မိလေသည်။ ‘ငါက သေလုနီးပါးဖြစ်သွားတာကို မင်းတို့အားလုံးက ပျော်ပျော်ရွှင်ရွှင်နဲ့ပြုံးနေကြတာလား။ ဒါက ဘယ်လိုမျိုး အခြေအနေလဲ’
ထို့နောက် ဟွန်ချွမ်တစ္ဆေဘုရင်ကရှေ့သို့လှမ်းလာပြီး သူ ကြိုတင်ပြင်ဆင်ထားသော ဘေးဒုက္ခမိုးကြိုးရေကို ရန်ရှောက်ထျန်းအား တိုက်ကျွေးလိုက်လေသည်။
ဘေးဒုက္ခမိုးကြိုးရေ၏ အစွမ်းအောက်တွင်နောက်ဆုံးထွက်သက်ကို ရောက်နေသော ရန်ရှောက်ထျန်း၏ အသက်ရှူသံမှာတဖြည်းဖြည်းနှင့် ပြန်လည်မှန်ကန်လာခဲ့ပြီး သူ၏နှလုံးခုန်သံမှာ လည်း တဖြည်းဖြည်းနှင့် ပိုမိုအားကောင်းလာခဲ့လေသည်။
ခဏအကြာတွင် ရန်ရှောက်ထျန်း၏ခြေလက်များမှာဖြည်းဖြည်းချင်း လှုပ်ရှားလာနိုင်ခဲ့ လေပြီ။
သူသည် ခြောက်ထပ်မြောက်ကောင်းကင်ဘေးဒုက္ခမိုးကြိုးရေနှင့် ပြန်လည်ဝင်စားခြင်း ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်ပြီး မြိုချကာ သူ၏ကျင့်စဉ်ကိုလည်ပတ်လိုက်ရာ သူ၏မျက်နှာမှာ နောက်ဆုံးတွင် ပြန်လည်မှန်ကန်လာခဲ့လေသည်။
မိုးလင်းခါနီးမှသာ ရန်ရှောက်ထျန်း ရပ်လိုက်လေသည်။
“ဂိုဏ်းချုပ်... ကမ္ဘာဦးမူလကံကြမ္မာ ၁၄ ခုကို အောင်မြင်စွာ ရယူနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါ တယ်”
ရန်ရှောက်ထျန်း နိုးလာသည်ကို မြင်သောအခါ ဟွန်ချွမ်တစ္ဆေဘုရင်က ရှေ့သို့ လှမ်းလာပြီး ဂုဏ်ပြုလိုက်လေသည်၊ သူ၏အမြဲတမ်းသေလုမြောပါးဖြစ်နေသောမျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့လေသည်။
တိုက်တန်ဧရာမမိစ္ဆာ၊ ရှဲ့ဝူရှင်းနှင့် နန်ထျန်ဓားနတ်ဘုရားတို့သည်လည်း ရန်ရှောက်ထျန်းအား ဂုဏ်ပြုရန်အတွက် ရှေ့သို့ လှမ်းလာခဲ့ကြလေသည်။
သူတို့အားလုံးမှာ သူတို့၏စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုကို မထိန်းနိုင်ဘဲ ဖြစ်နေကြလေသည်။
“ကိစ္စမရှိပါဘူး”
ရန်ရှောက်ထျန်းက ပြုံးလျက်။
“တော်သေးတာပေါ့၊ ကျွန်တော့်ရဲ့ ထာဝရနတ်ဘုရားခန္ဓာကိုယ်က အသေးစား အောင်မြင်မှု အဆင့်ကို ရောက်နေလို့ပဲ၊ ဒါမှမဟုတ်ရင် ကျွန်တော် တကယ်ပဲ သေသွားနိုင်တယ်”
သူ အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့သော်လည်း ရန်ရှောက်ထျန်းမှာ ကြောက်လန့်နေဆဲ ဖြစ်လေသည်။
နောင်တစ်ချိန်တွင် ၁၅ ခုမြောက် ကမ္ဘာဦးမူလ ကံကြမ္မာ ဘေးဒုက္ခမိုးကြိုးကို ရင်ဆိုင်ရမည်ကို တွေးလိုက်မိသောအခါ ရန်ရှောက်ထျန်း သူ၏ဦးရေခွံပင်ကျိန်းစပ်သွားသလိုမျိုး ခံစားလိုက်ရလေ သည်။
သို့သော်လည်း သူ၏လက်ရှိနတ်ဘုရားပင်လယ်လောကနှင့်ဆိုလျှင် သူသည် ၁၅ ခုမြောက် ကမ္ဘာဦးမူလကံကြမ္မာကိုရယူရန်အတွက်မလုံလောက်သေးပေ၊ ၎င်းကို ခိုင်မာအောင်လုပ်ဆောင်ရန် အတွက် နောက်ထပ်ကမ္ဘာဦးမူလကံကြမ္မာနတ်ဘုရားကျောက်တုံးများကိုရှာဖွေရန် လိုအပ်ဦးမည် ဖြစ်လေသည်။
နောက်ရက်အနည်းငယ်အတွင်းမှာ ရန်ရှောက်ထျန်းသည် ဘေးဒုက္ခမိုးကြိုးရေနှင့် ပြန်လည် ဝင်စားခြင်းဆေးလုံးများကိုသုံးစွဲကာကျင့်ကြံနေခဲ့လေသည်။
ရက်အနည်းငယ်အကြာတွင် သူ၏ဒဏ်ရာများမှာ နောက်ဆုံးတွင်လုံးဝသက်သာသွားခဲ့ လေပြီသာဖြစ်တော့သည်။
***