ဤအနက်ရောင်ဝတ်စုံနှင့် အဘိုးအိုမှာ ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ်၏ နောက်ကွယ်ရှိ အကြီးမားဆုံးသော ကျောထောက်နောက်ခံ ဖြစ်ပြီး ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် ဘိုးဘေး ဟု လူသိများ၏။
ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် ဟူသော ဘွဲ့နာမကို ရှုံးနိမ့်ဖခြင်းကင်းမဲ့သော ဧကရာဇ် မျိုးနွယ်စု ၏ မျိုးဆက်တိုင်းရှိ ဧကရာဇ် ဆက်ခံသူများအား ပေးအပ်လေ့ရှိပြီး ထိုမျိုးနွယ်စုတွင် ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် မျိုးဆက်ပေါင်းများစွာ ရှိခဲ့ပြီး ဖြစ်သည်။
ရွယ်တူများကြားတွင် ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် ဟူသော ဘွဲ့နာမကို ရရှိခြင်းက တာအိုဧကရာဇ် တစ်ပါး၏ လမ်းကြောင်းကို သေချာပေါက် ရရှိခြင်းနှင့် အတူတူပင် ဖြစ်ပြီး ၎င်း၏ အကြောင်းရင်းမှာ အမတဧကရာဇ် မျက်လုံး ကြောင့်ပင်။ ထိုဘွဲ့နာမကို ရရှိခြင်းက ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် ဘိုးဘေး ထံမှ အမတဧကရာဇ် မျက်လုံးကို အမွေဆက်ခံခွင့် ရရှိစေသည်။
ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် မျိုးနွယ်စုပင်လျှင် အမတဧကရာဇ် မျက်လုံး၏ တည်ရှိမူအကြောင်းကို မသိရှိကြချေ။ ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် က ထုတ်ဖော်ပြသ၍ မရနိုင်သော တားမြစ် စွမ်းအားတစ်ခုကို ကိုင်စွဲထားကြောင်းကိုသာ မျိုးနွယ်စုဝင်များက သိရှိကြပြီး သူတို့က ဤလျှို့ဝှက်ချက်ကို သူတို့၏ အသက်နှင့် ရင်း၍ပင် ကာကွယ်ပေးကြရမည် ဖြစ်၏။
ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် ဘိုးဘေး ၏ အမတဧကရာဇ် မျက်လုံး တွင် ကြီးမားသော အကြောင်းအကျိုး အနှောင်အဖွဲ့များ မရှိပေ။ ကောင်းကင်ခိုးယူသော အမတဂိုဏ်း နှင့် ကောင်းကင်ခိုးယူသူ ဧကရာဇ် တို့ကို ကောင်းကင်နန်းတော် က ဖိနှိပ် ချေမှုန်းခဲ့သည်ကို သူ မြင်တွေ့ခဲ့ရသဖြင့် အမတဧကရာဇ် မျက်လုံးကို ထုတ်ဖော်ပြသရန် သူ စိုးရိမ်နေခဲ့ခြင်းသာ ဖြစ်သည်။
သို့သော်လည်း အမတဧကရာဇ် မျက်လုံး၏ စွမ်းအားက အလွန် ကြောက်မက်ဖွယ်ကောင်းလှသဖြင့် သူ စွန့်လွှတ်နိုင်ခြင်းလည်း မရှိခဲ့ချေ။ နှစ်များတစ်လျှောက် စိတ်ပျက်အားငယ်ရသည့် အခိုက်အတန့်များတွင် သူသည် အမတဧကရာဇ် မျက်လုံးကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ခဲ့ပြီး မူလဧကရာဇ် နယ်မြေ တွင် ထင်ရှားကျော်ကြားသော ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် မျိုးနွယ်စု ကို ဖန်တီးနိုင်ခဲ့၏။
ယခုအခါ မြောင်ကျန်း တာလော့အမတအဆင့် ဖြင့် သူ၏ ကျင့်ကြံခြင်းက ကောင်းကင်နှင့် မြေကြီးကိုပင် လွှမ်းမိုးနိုင်စွမ်း ရှိနေပြီး နောက်ကွယ်တွင် ပုန်းအောင်းနေလျက် လူသားကမ္ဘာ၏ အတက်အကျများကို ပြုံး၍သာ စောင့်ကြည့်နေခဲ့သည်။
အကယ်၍ ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် နှင့် မျိုးနွယ်စုမှ အခြား ထိပ်တန်း အဖွဲ့ဝင်များသာ အမြစ်ပြတ် ချေမှုန်းမခံခဲ့ရလျှင် သူ လှုပ်ရှားမည် မဟုတ်ချေ။
ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် ဘိုးဘေး တွင် ကောင်းကင်နန်းတော်နှင့် ပတ်သက်မှု မရှိသည့်အပြင် ကောင်းကင်နန်းတော်ကို ကြောက်ရွံ့နေကြောင်း ကုအန် သိလိုက်ရသောအခါ သူ၏ စိတ်ကူးကို ရုတ်တရက် ပြောင်းလဲလိုက်၏။
သေချာသည်မှာ အဓိက အကြောင်းရင်းက ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် ဘိုးဘေး ၌ သက်တမ်း ထရီလီယံ အနည်းငယ်သာ ကျန်ရှိတော့ပြီး သူ့ကို သတ်ဖြတ်လိုက်ပါက သက်တမ်း ဘီလီယံ အနည်းငယ်ကိုသာ လုယူနိုင်မည် ဖြစ်သောကြောင့်ပင်။
သို့သော်လည်း လက်ရှိ ကုအန်အတွက် သက်တမ်း ဘီလီယံ အနည်းငယ်ဆိုသည်မှာ ထိုမျှလောက် အရေးမကြီးလှပေ။
ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် ဘိုးဘေး က သူ့အတွက် ပို၍ ကြီးမားသော အကျိုးအမြတ်များကို ဖန်တီးပေးနိုင်ကောင်း ဖန်တီးပေးနိုင်မည် ဖြစ်၏။
ကုအန်က ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် ဘိုးဘေး ကို သူ၏ တာအိုအသီး စကြဝဠာ အတွင်းသို့ ပစ်ထည့်လိုက်သည်။
တာလော့အမတများ အားလုံးက သူတို့၏ ဝိညာဉ် နက်ရှိုင်းရာတွင် စကြဝဠာတစ်ခုကို ဖန်တီးနိုင်ကြ၏။ အချို့သော တာလော့အမတများက ထိုစကြဝဠာ၏ စွမ်းအားကို ဖွံ့ဖြိုးတိုးတက်စေရန် အာရုံစိုက်ကြသည်။ ယခင်က ကုအန်သည် သူ၏ တာအိုအသီး စကြဝဠာ အတွင်း၌ ဆေးအပင်များကို စိုက်ပျိုး ရိတ်သိမ်းရန် ကြိုးစားခဲ့ဖူးသော်လည်း ၎င်းမှတစ်ဆင့် သက်တမ်း မရရှိခဲ့သဖြင့် တာအိုအသီး စကြဝဠာ ကို ဖွံ့ဖြိုးတိုးတက်စေရန် စိတ်မဝင်စားခဲ့ချေ။
သူ့အတွက်မူ တာအိုအသီး စကြဝဠာ က နတ်ဘုရား ကျင့်စဉ်တစ်ခုနှင့် ပိုတူပြီး ရန်သူများကို ချုပ်နှောင်ရန်နှင့် ရတနာများကို သိမ်းဆည်းရန်သာ အသုံးပြုလေ့ရှိသည်။
ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် ဘိုးဘေး က မျက်လုံးများကို ဖွင့်၍ ပတ်ဝန်းကျင်ကို အလိုအလျောက် ကြည့်လိုက်ရာ သူက အမှောင်ထုဖုံးလွှမ်းနေသော စကြဝဠာတစ်ခု အတွင်းသို့ ရောက်ရှိနေကြောင်း တွေ့လိုက်ရ၏။
ရုတ်တရက် သူက တစ်စုံတစ်ခုကို ခံစားမိသွားပုံရပြီး ခေါင်းကို လျင်မြန်စွာ လှည့်ကြည့်လိုက်ရာ သူ၏ မျက်လုံးများက မယုံကြည်နိုင်လောက်အောင် ပြူးကျယ်သွားပြီး ကျောက်ရုပ်တစ်ရုပ်သဖွယ် အေးခဲသွားလေသည်။.
အမှောင်ထုထဲတွင် ရွှေနီရောင် မျက်လုံးတစ်စုံက သူ့ကို စိုက်ကြည့်နေပြီး ဤမျက်လုံးများရှေ့တွင် ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် ဘိုးဘေး မှာ အညံ့ခံချင်စိတ်များ ပေါက်ဖွားလာခဲ့၏။
"မင်းက ဘယ်သူလဲ..."
ရှုံးနိမ့်ဖူးခြင်းကင်းမဲ့သော ဧကရာဇ် ဘိုးဘေး က တုန်ယင်နေသော အသံဖြင့် မေးလိုက်သည်။
သူ၏ အမတဧကရာဇ် မျက်လုံး မှာ ကြောက်ရွံ့မှုကြောင့် တုန်ယင်နေသည်ကို သူ ခံစားသိရှိနိုင်၏။ ၎င်းက သူ တစ်ခါမှ မကြုံတွေ့ဖူးသော ခံစားချက်မျိုး ဖြစ်ပြီး သူ၏ ရှေ့ရှိ ဆန်းကြယ်သော မျက်လုံးများအပေါ် သူ၏ ထိတ်လန့်မှုကို ပိုမို ပြင်းထန်လာစေခဲ့သည်။.
"မင်းရဲ့ မျိုးဆက်တွေ သေဆုံးရတာနဲ့ ပတ်သက်ပြီး အကြောင်းအကျိုးကို မင်း သိထားပြီးသား ဖြစ်မှာပါ... မင်းမှာ ဘာမကျေနပ်ချက်များ ရှိသေးလဲ..."
ကုအန်၏ အသံ ထွက်ပေါ်လာပြီး သူ၏ လေသံမှာ အေးစက်နေ၏။
ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် မျိုးနွယ်စု တွင် သူတို့၏ ကိုယ်ပိုင် အကြောင်းပြချက်များ ရှိနေလျှင်တောင် နောက်ဆုံးတွင် သူတို့က အလျှော့ပေးရန် ငြင်းဆန်ခဲ့ကြသည်။ ကုအန်သည် သူတို့ကို တိုက်ရိုက် အမြစ်ပြတ် မချေမှုန်းခဲ့ဘဲ ပထမဦးစွာ သတိပေးခဲ့၏။ သူတို့က နားထောင်ရန် ငြင်းဆန်ခဲ့သောအခါ သေဆုံးခြင်းကို ရင်ဆိုင်ခဲ့ကြရခြင်း ဖြစ်သည်။
ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် ဘိုးဘေး က သက်ပြင်းရှည်ကြီး တစ်ချက်ချကာ ပြောလိုက်သည်။ "အစွမ်းထက်တဲ့သူက အားနည်းတဲ့သူကို အနိုင်ယူတာပဲလေ... ဘာများ မကျေနပ်စရာ ရှိလို့လဲ... မင်းရဲ့ စွမ်းအားက ငါ့ထက် သာလွန်တယ်ဆိုတာကို မသိခဲ့လို့ ငါ လာခဲ့တာပဲလေ"
"ငါ မသေခင်မှာ သေချာ သိချင်လို့ မေးပါရစေ... မင်းက ဘယ်သူလဲ... ဒီမျက်လုံးတွေကရော အမတဧကရာဇ် မျက်လုံး တွေလား..."
ကောင်းကင်ခိုးယူသူ ဧကရာဇ် ကျဆုံးသွားကတည်းက အခြားသော အမတဧကရာဇ် မျက်လုံး တစ်စုံကို သူ မမြင်တွေ့ခဲ့ဖူးချေ။ ထို့ကြောင့် ကုအန်၏ သရုပ်မှန်နှင့် ပတ်သက်၍ ခန့်မှန်းချက် များစွာ ဖြစ်ပေါ်လာခဲ့၏။
ကုအန်က ကောင်းကင်ခိုးယူသူ ဧကရာဇ် ဖြစ်နေမည်ကိုပင် သူ သံသယ ဝင်မိသည်။
"မင်း ခန့်မှန်းတာ မှားသွားပြီ... ငါက ကောင်းကင်ခိုးယူသူ ဧကရာဇ် နဲ့ ဘာမှ မပတ်သက်ပါဘူး... ငါ့ရဲ့ မျက်လုံးတွေက အမတဧကရာဇ် မျက်လုံး တွေဆိုတာတော့ အမှန်ပဲ.... အမတဧကရာဇ် မျက်လုံးကို ပိုင်ဆိုင်ထားသူတွေ အချင်းချင်း ဖြစ်ပေမဲ့ ငါတို့ကြားက ကွာခြားချက်က ကြီးမားလွန်းတယ်... အဲဒါက ကျင့်ကြံခြင်းအဆင့်နဲ့ မပတ်သက်ဘူးဆိုတာကို မင်း ခံစားသိရှိနိုင်မှာပါ..."
ကုအန်၏ အသံက ပဲ့တင်ထပ်သွားပြီး ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် ဘိုးဘေး ကို တိတ်ဆိတ်သွားစေကာ ကြီးမားလှသော ရှုံးနိမ့်မှု ခံစားချက်များဖြင့် ပြည့်နှက်သွားစေ၏။
"မင်း ကောင်းကင်နန်းတော်ကို မုန်းလား..."
ကုအန်၏ မေးခွန်းက ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် ဘိုးဘေး အတွက် အလွန် ဝေးကွာသော မှတ်ဉာဏ်များကို နိုးထလာစေခဲ့သည်။
သူ၏ အမတဧကရာဇ် မျက်လုံး က ရုတ်တရက် ထွက်ပေါ်လာပြီး သူက အံကို ကြိတ်လျက် ပြောလိုက်၏။ "ဟုတ်တယ်... ဒီအခြေအနေ ရောက်နေမှတော့ ဖုံးကွယ်ထားစရာ ဘာမှမရှိတော့ပါဘူး... ကောင်းကင်နန်းတော်က ကောင်းကင်နတ်ဘုရားတွေ က ငါ့ရဲ့ ဇနီးနဲ့ ကလေးတွေကို သတ်ပစ်ခဲ့ကြ
တာ... ဒီရန်ငြိုးကို ငါ ထာဝရ မေ့မှာ မဟုတ်ဘူး..."
ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် သည် သူနှင့် မျိုးဆက်ပေါင်းများစွာ ကွာဝေးပြီး သူ့အပေါ် သံယောဇဉ် သိပ်မရှိလှချေ။ မျိုးဆက်ကို ဆက်လက် ထိန်းသိမ်းရန် မိသားစု တာဝန်တစ်ခုနှင့်သာ ပိုတူ၏။
သို့သော်လည်း သူ၏ ဇနီးနှင့် ကလေးများကမူ ကွာခြားသည်။ အချိန်အတော်ကြာ ကုန်လွန်သွားခဲ့လျှင်တောင် သူတို့ကို တွေးမိသောအခါ သူ၏ အမုန်းတရားများကို ထိန်းချုပ်ရန် ခက်ခဲလှပေသည်။
ကောင်းကင်ခိုးယူသူ ဧကရာဇ် ၏ အမတဧကရာဇ် မျက်လုံး ကြောင့် ကောင်းကင်နန်းတော်တွင် ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာခဲ့ပြီး ကောင်းကင်နတ်ဘုရားများ ဆင်းသက်လာခဲ့ကြသည်။
သူတို့အနေဖြင့် ကောင်းကင်ခိုးယူသူဧကရာဇ်ကို ဖမ်းဆီးနိုင်ခြင်း မရှိခဲ့ပေ။ အသာစီးရသွားသော ကောင်းကင်ခိုးယူသူ ဧကရာဇ်မှာ တိုက်ခိုက်လိုစိတ်များ ပြင်းထန်လာကာ ကောင်းကင်ခိုးယူသူ အမတဂိုဏ်းကို ဦးဆောင်ပြီး ကောင်းကင်နန်းတော်ကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်ခဲ့ရာ ကောင်းကင်နန်းတော်၏ ဖိနှိပ်ချေမှုန်းခြင်းကို ခံလိုက်ရလေသည်။
ထိုတိုက်ပွဲတွင် မူလဧကရာဇ် နယ်မြေ ပါ ထိခိုက်ခဲ့ရပြီး မရေမတွက်နိုင်သော အပြစ်ကင်းစင်သည့် သက်ရှိများစွာ သေဆုံးခဲ့ရကာ ၎င်းတို့အထဲတွင် ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် ဘိုးဘေး ၏ ဇနီးနှင့် ကလေးများလည်း ပါဝင်ခဲ့ရသည်။
သူ၏ အမုန်းတရားများမှာ သူ၏ ဇနီးနှင့် ကလေးများသည် တိုက်ပွဲကြောင့် သေဆုံးရသူများ မဟုတ်ဘဲ မြို့တစ်မြို့လုံးရှိ သက်ရှိများ၏ ချီနှင့် သွေးစွမ်းအားများကို ဒဏ်ရာရ ကောင်းကင်နတ်ဘုရား တစ်ပါး၏ ယဇ်ပူဇော်ခြင်းကို ခံလိုက်ရသောကြောင့်ပင် ဖြစ်သည်။
သူသည် မြို့ပြင်သို့ ရောက်ရှိနေသဖြင့် လွတ်မြောက်သွားခဲ့ခြင်းပြီး သူ၏ ဇနီးနှင့် ကလေးများ၏ ဝိညာဉ်များကို ကောင်းကင်နတ်ဘုရားက စားသုံးလိုက်သည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။
ကုအန်သည် ဝိညာဉ်ကို ရှာဖွေနေစဉ် ကောင်းကင်နန်းတော်မှ အမတနတ်ဘုရားများကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း ထိုစဉ်က အခြေအနေကို သူ ခံစားသိရှိနိုင်ခဲ့ပြီး အမတနတ်ဘုရားများ၏ ပုံရိပ်မှာမူ ဝိုးတဝါးသာ ဖြစ်နေခဲ့သည်။
ယခုအခါ ကောင်းကင်နန်းတော်မှ အမတနတ်ဘုရားများက သူ့ကို အမြဲတမ်း ပစ်မှတ်ထား ကြံစည်နေကြ၏။ ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရား သည် ကုသိုလ်တရားများမှတစ်ဆင့် အမတအဖြစ်သို့ တက်လှမ်းရန် နည်းလမ်းကို အကြံပြုခဲ့လျှင်တောင် သူက ကောင်းကင်နန်းတော်ကို ဆက်လက် သတိထားနေခဲ့သည်။
ရှုံးနိမ့်ဖူးခြင်းကင်းမဲ့သော ဧကရာဇ် မျိုးနွယ်စု မှာ ဆွဲဆောင် စည်းရုံးနိုင်သော အင်အားစု တစ်ခု ဖြစ်သည်။
သူ၏ အကြွင်းမဲ့ ဟင်းလင်းပြင် မျက်လုံး က အမတဧကရာဇ် မျက်လုံး အပေါ် လုံးဝ ဖိနှိပ်ထားနိုင်စွမ်း ရှိသဖြင့် ရှုံးနိမ့်ဖူးခြင်းကင်းမဲ့သော ဧကရာဇ် ဘိုးဘေး ၏ သစ္စာဖောက်မည်ကို သူ မကြောက်ရွံ့ပေ။
"ငါ့အပေါ် သစ္စာခံလိုက်ပါ... ဒါဆိုရင် ဒီအကြောင်းအကျိုးကို ဖြေရှင်းပြီးသား ဖြစ်သွားမယ်... ငါတို့ နှစ်ယောက်စလုံးက အမတဧကရာဇ် မျက်လုံး ကို ပိုင်ဆိုင်ထားသူတွေ ဖြစ်တဲ့အတွက် တစ်ဖွဲ့တည်းပဲလေ... အနည်းဆုံးတော့ ငါတို့က ကောင်းကင်နန်းတော်ရဲ့ လက်ခံမှုကို မရဘဲ သူတို့ရဲ့ ဖိနှိပ်တာကိုပဲ ခံရမှာ..."
ကုအန်၏ အသံ ထွက်ပေါ်လာပြီး ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် ဘိုးဘေး က အံ့အားသင့်သွားခြင်း မရှိချေ။ တစ်ဘက်လူ၏ မျက်လုံးများကို မြင်လိုက်ကတည်းက ဤသူသည် ကောင်းကင်နန်းတော်မှ ကောင်းကင်နတ်ဘုရား တစ်ပါး မဟုတ်ကြောင်း သူ သိခဲ့၏။
အကယ်၍ သူက ငြင်းဆန်လိုက်ပါက သူ သေဆုံးရုံသာမက ဧကရာဇ် မျိုးနွယ်စု တစ်ခုလုံးလည်း အမြစ်ပြတ် ချေမှုန်းခံရနိုင်ပေသည်။ သူက နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ရပြီး ယခုမှ သူ၏ အားထုတ်မှုများကို အလဟဿ မဖြစ်စေချင်ပေ။
သူ၏ မျက်လုံးများတွင် ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် မျိုးနွယ်စု ဆိုသည်မှာ သူ၏ လက်နက်တစ်ခုမျှသာ ဖြစ်ပြီး ကောင်းကင်နန်းတော်ကို ကလဲ့စားချေရန် သူ၏ လက်နက်သာ ဖြစ်၏။ သို့သော်လည်း လက်နက်သည် လုံလောက်အောင် မစွမ်းထက်သေးသဖြင့် အချိန်ကောင်းကို သူ စောင့်ဆိုင်းရန် လိုအပ်ခဲ့သည်။
ကုအန်က သူ၏ အမုန်းတရားများနှင့် ဧကရာဇ် မျိုးနွယ်စု အတွက် သူ၏ အစီအစဉ်များကို သိရှိထားသဖြင့် သူ့ကို အညံ့ခံခိုင်းခြင်း ဖြစ်သည်။
"မင်းရဲ့ အမတဧကရာဇ် မျက်လုံး ကို ပိုပြီး အစွမ်းထက်လာအောင် ငါ လုပ်ပေးနိုင်တယ်..."
ကုအန်၏ စကားများကို ကြားသောအခါ ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် ဘိုးဘေး ၏ သူငယ်အိမ်များ ကျုံ့သွားပြီး ချက်ချင်းပင် ဒူးထောက်၍ တည်ကြည်လေးနက်စွာ ပြောလိုက်၏။ "အရှင်ကို အရိုအသေ ပေးပါတယ်..."
...
ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် ဘိုးဘေး ကို အညံ့ခံခိုင်းခြင်းက ဘေးထွက် အကြောင်းအရာ တစ်ခုမျှသာ ဖြစ်၏။ သူ့ကို တာဝန်အချို့ ပေးအပ်ပြီးနောက် ကုအန်က သူ့ကို လွှတ်ပေးလိုက်ပြီး သူ၏ ငြိမ်းချမ်းသော ဘဝကို ဆက်လက် ဖြတ်သန်းနေခဲ့သည်။
ယွမ်စုန်ကျီ ပြန်လာကတည်းက ကျောက်ရူရှန်သည် တာအိုဧကရာဇ် အဆင့်သို့ ရောက်ရှိရန် စတင် တွေးတောနေခဲ့၏။
ဤအစီအစဉ်က တာအိုခုံရုံး အတွင်း၌ ပြန့်နှံ့နေသည်မှာ ကြာပြီ ဖြစ်ပြီး လွန်ခဲ့သော နှစ်များအတွင်း ကျောက်ရူရှန်က ထျန်းဟုန် ဧကရာဇ် ကို အနိုင်မယူနိုင်ခဲ့ချေ။ တာအိုဧကရာဇ် တစ်ပါး ဖြစ်လာမှသာ ထျန်းဟုန် ဧကရာဇ် ကို အပြည့်အဝ ကျော်လွန်နိုင်မည်ဟု သူ ခံစားခဲ့ရသည်။
သို့သော်လည်း ယွမ်စုန်ကျီက သူ့ကို မဟာတာအို၏ လမ်းစဉ် ပေါ်သို့ ခေါ်ဆောင်သွားရန် သဘောမတူခဲ့သဖြင့် ကျောက်ရူရှန်းကို အတော်လေး မကျေမနပ် ဖြစ်သွားစေခဲ့၏။
သူ အဆင်သင့် မဖြစ်သေးဘူးဆိုသည့် ယွမ်စုန်ကျီ၏ စကားများက သူ့အတွက် ဂုဏ်သိက္ခာ ကျဆင်းစေသည်ဟု သူ ခံစားရသည်။ ရှောင်လန်ကဲ့သို့ သာမန် အမျိုးသမီး တစ်ယောက်က သွားနိုင်ပြီး သူက ဘာလို့ သွားလို့ မရရမည်နည်း။
တစ်ခါတစ်ရံ ကုအန်က ရှောင်လန်အနား သွားရောက် အဖော်ပြုသောအခါ ကျောက်ရူရှန်၏ လှုပ်ရှားမှုများကို သူ သတိပြုမိ၏။ ဤလူက တာအိုခုံရုံး၏ အထက်လူကြီးများကို တိတ်တဆိတ် စည်းရုံးနေပြီး ပုန်ကန်လိုစိတ်များပင် ရှိနေသည်။
ရှောင်လန်ကို မထိခိုက်သရွေ့ ဤကိစ္စတွင် ဝင်ရောက် စွက်ဖက်ရန် ကုအန်က ရည်ရွယ်မထားချေ။
(ကမ္ဘာဦး)မူလခေတ် ၏ နေဝင်ချိန်သို့ နီးကပ်လာသည်နှင့်အမျှ အချိန်များက ယခင်ကထက် များစွာ ပိုမို လျင်မြန်စွာ ကုန်လွန်သွားလေတော့သည်။
***