မိမိအား နှစ်သက် မြတ်နိုးရသူ တစ်ယောက်အား ရှာတွေ့ရန်မှာ လွယ်ကူသော ကိစ္စတစ်ရပ် မဟုတ်ပေ။ လီရှန်းရှန်းသည် ရှက်သွေးဖြာ သွားဟန်ဖြင့် ခေါင်းအား ခါယမ်းလိုက် ပြီးနောက် သူမ မည်သည်ကိုမှ နားမလည်သည့်အလား ဟန်ဆောင်လိုက်ကာ ပြောလိုက်လေသည်။
"အဘွား ဘာတွေပြောနေမှန်း သမီးနားမလည်တော့ဘူး ရှေ့နားလေး သွားကြည့်ရအောင်ပါ"
သခင်မကြီး မို မမြင်နိုင်သော ထောင့်ချိုးတစ်ခု အရောက်တွင်မူ လီရှန်းရှန်း၏ မျက်နှာထက်၌ အောင်ပွဲခံသည့် အပြုံးတစ်ခု ဖြတ်ပြေး သွားခဲ့လေသည်။ လီရှန်းရှန်း၏ ဟန်ဆောင်မှုသည် အလွန်ပီပြင်လှသဖြင့် သခင်မကြီး မိုမှာ သဘာဝကျကျပင် မည်သည့် ထူးခြားမှုကိုမျှ သတိမထားမိခဲ့ချေ။
**
ယုထစ် လမ်းမပေါ်ရှိ နံနက်ခင်းဈေးတန်း၌...
ယနေ့တွင် နီယန်သည် ခေါက်ဆွဲပွဲပေါင်း ခြောက်ရာ ကျော်ခန့် ပြင်ဆင်ထားခဲ့ကာ မွန်းမတည့်မီမှာပင် အားလုံး ရောင်းချပြီး သွားခဲ့လေသည်။ သို့တိုင်အောင် ခေါက်ဆွဲ စားခွင့်မရလိုက်သည့် ဖောက်သည်များစွာ ကျန်ရှိနေသေးသည်။
"သူဌေးမလေးရာ မနက်တိုင်း ခေါက်ဆွဲကို ဘာလို့ ဒီလောက် နည်းနည်းလေးပဲ ပြင်ဆင်လာရတာလဲ။ ငါတို့ရဲ့ ခံတွင်းကို တမင်သက်သက် သွားရည်ကျအောင် လုပ်နေတာများလား"
အချိန်အတော်ကြာ တန်းစီခဲ့ရသော်လည်း ခေါက်ဆွဲ မစားလိုက်ရသည့် ဖောက်သည်တစ်ဦးမှ နောက်ပြောင် ပြောဆိုလိုက်လေသည်။
"ဟုတ်တယ် သူဌေးမလေး မင်းက တမင်သက်သက် လုပ်နေတာမလား"
ဖောက်သည် အများအပြားမှလည်း ဝိုင်းဝန်း ရယ်မောလျှက် ထောက်ခံကြကုန်တော့သည်။ နီယန်မှ တောင်းပန်သည့် အနေဖြင့် လူတိုင်းအား ကတ်ပြားငယ်လေးများ လိုက်လံဝေငှပေးရင်း ရှင်းပြလိုက်လေသည်။
"ကျွန်မ တကယ်ကို တောင်းပန်ပါတယ်ရှင် မနက်တိုင်း ခေါက်ဆွဲပွဲ အရေအတွက်က ကန့်သတ်ထားတာကလည်း ကျွန်မ တစ်ယောက်တည်း မနိုင်မနင်း ဖြစ်နေလို့ပါ မနက်ဖြန်ကျရင် စောစောလေး လာခဲ့ကြပါနော် ဒီကတ်ပြားလေးပါရင် ခေါက်ဆွဲတစ်ပွဲကို ငါးပြား လျှော့ပေးပါ့မယ်"
ထိုစကားကြောင့် လူအုပ်ကြီးထံမှ ကြီးမားသော ကျေနပ် အားရမှုများကို ရရှိသွားစေလေသည်။
ငါးပြား...
ထိုငွေပမာဏဖြင့် ရှေးဟောင်းပုံစံ ရေခဲချောင်း တစ်ချောင်းကို ဝယ်ယူနိုင်ပေသည်။ သူဌေးမလေးသည် စီးပွားရေးလုပ်ငန်းအား အမှန်တကယ် ကျွမ်းကျင် ပိုင်နိုင်လှပေသည်။ ဤငါးပြားအား အခြားမည်သူကမှ အလကားပေးဝံ့လိမ့်မည် မဟုတ်ချေ။
နီယန်သည် ကတ်ပြားအခုတစ်ရာကျော်ကို ကုန်စင်သွားသည်အထိ လိုက်လံ ဝေငှပေးလိုက်သည်။ ထို့နောက် ဈေးဆိုင်အား ရှင်းလင်းသိမ်းဆည်းကာ အိမ်ပြန်ရန် ပြင်ဆင်လေတော့သည်။
ယနေ့မှာ စနေနေ့ဖြစ်သဖြင့် နီယန် ဈေးဆိုင်ရှေ့သို့ ရောက်ရှိသွားချိန်တွင် လျိုဝေ တစ်ယောက် တံခါးရှေ့ရှိ ခုံတန်းလျားလေးပေါ်၌ ထိုင်ကာ စာဖတ်နေသည်အား မြင်တွေ့ လိုက်ရလေသည်။
ခြေသံများအား ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် လျိုဝေမှ ချက်ချင်း ခေါင်းမော့ကြည့်လာခဲ့သည်။ ထင်ထားသည့်အတိုင်း ထိုသူကား နီယန်ပင် ဖြစ်နေလေသည်။
"နီယန် ပစ္စည်းတွေ သိမ်းနေပြီလား"
လျိုဝေမှ စတင် နှုတ်ဆက်လိုက်လေသည်။
"အင်း"
နီယန်မှ ခေါင်းညိတ် ပြလိုက်လေသည်။ လျိုဝေမှ ဆက်လက်၍ ပြောလာခဲ့သည်။
"နီယန် ငါ မင်းကို မေးစရာ မေးခွန်းတစ်ခု ရှိတယ်"
နီယန်မှ စားပွဲနှင့် ကုလားထိုင်များကို သွက်လက်စွာ နေရာချရင်း ပြန်မေးလိုက်သည်။
"ဘာကိစ္စလဲ"
"ဒီပုစ္ဆာလေ"
လျိုဝေသည် သူ၏ဘေးနားရှိ အင်္ဂလိပ်စာ မေးခွန်းလွှာတစ်ခုအား ထုတ်ယူလိုက်ကာ ပြလိုက်လေသည်။ ဤပုစ္ဆာသည် အထက်တန်းကျောင်း အင်္ဂလိပ်စာ ဘာသာရပ်တွင် အမှား အများဆုံးသော ပုစ္ဆာများထဲမှ တစ်ခု ဖြစ်လေသည်။
ပြီးခဲ့သည့်အကြိမ်တွင် နီယန်သည် 'adming' နှင့် 'admirable' အကြား ကွာခြားချက်အား အလွယ်တကူပင် ပြင်ဆင် ပေးနိုင်ခဲ့သဖြင့် လျိုဝေအား စိတ်ပျက် အားငယ်စေခဲ့လေသည်။
သူက အထက်တန်း ကျောင်းသားတစ်ဦး ဖြစ်ကာ နီယန်သည် အလယ်တန်း ကျောင်းသူလေးမျှသာ ဖြစ်လေသည်။ နီယန်၏ အင်္ဂလိပ်စာသည် မည်သို့လုပ်၍ ဤမျှအထိ ကောင်းမွန်နေရလေသနည်း။
ပြီးခဲ့သည့်အကြိမ်တွင် နီယန်မှ ကံကောင်း ထောက်မစွာ မှန်းဆမိသွားခြင်း ဟုတ်မဟုတ် စမ်းသပ်ရန် အတွက် လျိုဝေသည် အင်္ဂလိပ်စာ မေးခွန်းလွှာထဲမှ အခက်ခဲဆုံးသော မေးခွန်းအား တမင်သက်သက် ရွေးချယ် ရှာဖွေထားခဲ့ခြင်း ဖြစ်သည်။ ဤတစ်ကြိမ်တွင်မူ နီယန် ဖြေဆိုနိုင်လိမ့်မည်ဟု သူ မယုံကြည်ချေ။
မေးခွန်းကို မြင်ပြီးနောက် နီယန်မှ ဖြေပေးလိုက်လေသည်။
"She, hid, herself, after, the, tree ဆိုတာက ရှင်းရှင်းလင်းလင်းကို မှားယွင်းနေတဲ့ ဝါကျတစ်ကြောင်းပဲလေ အဖြေမှန်က She, hid, herself, behind, the, tree ဖြစ်ရမှာ"
ထိုစကားအား ကြားလိုက်ရသောအခါ လျိုဝေ တစ်ယောက် အံ့သြ မှင်တက် သွားရလေတော့သည်။ သူ၏ နောက်ဆုံး ကျန်ရှိနေသော ဂုဏ်သိက္ခာလေးမှာလည်း ပျောက်ကွယ် သွားခဲ့ရတော့သည်။ နီယန်သည် အမှန်တကယ်ပင် သိရှိနေခဲ့ခြင်း ဖြစ်သည်။ သူမသည် အင်္ဂလိပ်စာအား အမှန်တကယ် တတ်ကျွမ်းနေခဲ့ခြင်း ဖြစ်ပေသည်။ ခဏတာမျှ ဆွံ့အသွားပြီးနောက် လျိုဝေမှ ဆက်မေးလိုက်ပြန်သည်။
"ဒါကို ဘာကြောင့် အဲဒီလို သုံးနှုန်းရတာလဲဆိုတာ ရှင်းပြပေးနိုင်မလား"
နီယန်မှ ရှင်းပြလိုက်လေတော့သည်။
"ဘာဖြစ်လို့လဲဆိုတော့ 'after' ဆိုတာကို လုပ်ဆောင်ချက် တစ်ခုခုရဲ့ နောက်ကွယ်က အရာကို ဖော်ပြဖို့ သုံးလေ့ရှိတယ် ဒါကြောင့် တချို့ သဒ္ဒါ စာအုပ်တွေမှာ သူ့ကို ရွေ့လျားနေတဲ့ ဝိဘတ် လို့ ခေါ်ကြတယ် 'behind' ကိုတော့ ငြိမ်သက်နေတဲ့ အရာဝတ္ထုတွေရဲ့ နောက်မှာ သုံးလေ့ရှိတယ်"
မှန်ပေသည်။ ထိုအရာသည် သူ၏ဆရာ ရှင်းပြခဲ့သည်နှင့်လည်း အတူတူပင် ဖြစ်လေသည်။ လတ်တလောတွင် လျိုဝေအနေဖြင့် သူ၏ခံစားချက်များအား မည်သို့ ဖော်ပြရမည်ကိုပင် မသိတော့ပေ။ သူသည် အချိန်အတော်ကြာမှသာ စကားတစ်ခွန်းအား ညှစ်ထုတ် ပြောဆိုနိုင်ခဲ့တော့သည်။
"နီယန် ကျေးဇူးပါပဲ"
"ရပါတယ်"
နီယန်မှ ဖျော့တော့စွာ ပြုံးလိုက်ရင်း တုံ့ပြန်လိုက်လေသည်။ ထို့နောက် လျိုဝေမှ ဆက်လက်၍ မေးလာပြန်သည်။
"နီယန် ပြီးခဲ့တဲ့တစ်ခေါက်က မင်း ကျောင်းဆက်တက်ချင်သေးတယ်လို့ ပြောခဲ့တယ်မလား"
နီယန်မှ ခေါင်းညိတ်ပြသည်။ လျိုဝေမှ ထပ်လောင်း ပြောဆိုလိုက်သည်။
"တကယ်တော့ မင်း ကျောင်းဆက်တက်ဖို့ မလိုအပ်တော့ဘူးလို့ ငါ ထင်တယ် မင်းက အခုချိန်မှာ လုံလောက်အောင် တော်နေပြီးသား ဖြစ်သလို စီးပွားရေး လုပ်ငန်းမှာလည်း အတော်လေး အဆင်ပြေနေတာပဲလေ မိန်းကလေးတွေ အတွက်ကတော့ ကောင်းမွန်တဲ့ မိသားစုတစ်ခုဆီကို အိမ်ထောင်ပြုဖို့သာ အရေးကြီးတာမို့ စာအုပ်တွေ အများကြီး ဖတ်နေဖို့လည်း အသုံးမဝင်ပါဘူး"
ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက်များကြောင့် လျိုဝေသည် နီယန်အား ကျောင်းမတက် စေချင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် နီယန်သည် အလွန်တရာမှ ထူးချွန် လွန်းနေသောကြောင့် ဖြစ်သည်။
(** ကို့ဘာကို အသုံးမကျတာနဲ့များ မိန်းကလေးတစ်ယောက်ကို အဲ့လို စိတ်နဲ့ ပြောတတ်တာ စိတ်ဓာတ်ကိုက အောက်တန်းကျပြီး ကွကို အထင်ကြီးနေတဲ့ မိသားစု အဆဲတစ်ပေါက်ပါဟာ**)
အကယ်၍ သူမသာ ကျောင်းတက်ခဲ့ပါက နာမည်ကြီး တက္ကသိုလ် တစ်ခုခုသို့ ဝင်ခွင့်ရသွားနိုင်ချေ ရှိလေသည်။ တက္ကသိုလ်သို့ ရောက်သွားခဲ့လျှင် မည်ကဲ့သို့သော ယောက်ျားကောင်းများနှင့် သူမ မဆုံတွေ့နိုင်ဘဲ ရှိလိမ့်မည်နည်း။ ထိုအချိန်သို့ ရောက်လာပါက သူသည် သူမအတွက် အမှန်တကယ်ပင် ထိုက်တန်တော့မည် မဟုတ်ချေ။
လက်ရှိအတိုင်းလေးသာ နေသွားခြင်းသည် ပို၍ ကောင်းမွန်ပေလိမ့်မည်။ သူသည် တောက်ပသည့် အနာဂတ်တစ်ခု ပိုင်ဆိုင်ထားသည့် အထက်တန်း ကျောင်းသားတစ်ဦး ဖြစ်သည်။ နီယန်မှာမူ သူ၏ဘေးတွင် ရပ်နေချိန်တွင် နီယန်သည် အမှန်တကယ်ပင် သာလွန်သော အနေအထားတစ်ခု၌ ရှိနေခဲ့ပေလိမ့်မည်။
(**အော့ ရွံစရာလေး**)
ထိုစကားများအား ကြားသောအခါ နီယန်မှ ရယ်မောလိုက်ပြီး ပြောလိုက်လေသည်။
"လျိုဝေ ရှင်ပြောတဲ့စကားတွေက ပညာတတ် တစ်ယောက် ပြောမယ့်စကားတွေနဲ့ မတူဘူးနော် 'ကောင်းမွန်တဲ့ မိသားစုတစ်ခုဆီ အိမ်ထောင်ပြုလိုက်ရုံပဲ' ဆိုတာ ဘာအဓိပ္ပာယ်လဲ ကျွန်မတို့ မိန်းကလေးတွေက ကပ်ပါးပင်တွေ လို ကိုယ်ပိုင်ရပ်တည်နိုင်စွမ်း မရှိတဲ့ အရာတွေ ဖြစ်နေရမှာလား"
ကပ်ပါးပင် ဆိုသည်မှာ အဘယ်နည်း။ ကပ်ပါးပင် ဆိုသည်မှာ အခြားသော အပင်များအား တွယ်ကပ်မှသာ ရှင်သန်နိုင်သည့် အပင်မျိုး ဖြစ်လေသည်။
***