သွေးမျိုးဆက်လေးမျိုးစလုံး အင်အားချင်းညီမျှသွားပြီးနောက် ရှန်းယွီက အချိန်တန်ပြီဟု သူ့ကိုယ်သူ ပြောလိုက်မိသည်။
၎င်းတို့ကို ဒီအတိုင်းသာ လွှတ်ထားမည်ဆိုပါက လေးပွင့်ဆိုင်ရန်ငြိုးကြောင့် ယခင်က နဂါးနှင့် ဖီးနစ်သွေးမျိုးဆက်များထက် ပိုမိုမြန်ဆန်စွာ တိုးတက်နေသော်လည်း မူလသွေးမျိုးဆက်များကို မှီရန်မှာမူ ဝေးကွာနေဦးမည်သာ ဖြစ်သည်။
ထို့အတွက်ကြောင့် သူ့တွင် အခြားအစီအစဉ်တစ်ခု ရှိနေသည်။
သူသည် သူ၏ သွေးမျိုးဆက် နျူကလီးယား ပေါင်းစပ်ခြင်းလုပ်ငန်းစဉ်ကို ပြန်လည်အသက်သွင်းလိုက်ပြီး ယခုတစ်ကြိမ်တွင်မူ သွေးမျိုးဆက်လေးခု ပြင်းထန်စွာ တိုက်ခိုက်နေသည့် အခြမ်းပေါ်သို့ အာရုံစိုက်လိုက်သည်။
သူ ထိုသို့လုပ်ဆောင်လိုက်သည်နှင့်တစ်ပြိုင်နက် အဆီအနှစ်များ သိပ်သည်းလာပြီး တစ်ခုနှင့်တစ်ခု ရိုက်ခတ်မိရာမှ ထွက်ပေါ်လာသော ဝိညာဉ်စွမ်းအားလှိုင်းလုံးကြီးများ သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာသည်ကို ခံစားလိုက်ရသည်။ ပေါင်းစပ်မှုများ ပိုမိုအားကောင်းလာသည်နှင့်အမျှ ဝိညာဉ်စွမ်းအားများလည်း ပိုမိုထွက်ရှိလာခဲ့သည်။
မိနစ်အနည်းငယ်အတွင်းမှာပင် ရှန်းယွီသည် သူ၏ သွေးမျိုးဆက်များမှာ သန့်စင်သောသွေးအဆင့်သို့ ရောက်ရှိသွားသည်ကို ခံစားလိုက်ရသည်။
သူ ပြုံးလိုက်မိကာ သူ မျှော်လင့်ထားသည့်အတိုင်းပင်။ ယခု သူလုပ်ရန်မှာ နောက်တစ်ကြိမ် ပြန်လည်သတ်မှတ်ခြင်းမတိုင်မီအထိ ဤသွေးမျိုးဆက်ဧရိယာအခြမ်းတွင် နျူကလီးယားပေါင်းစပ်ခြင်းကို ဆက်လက်လုပ်ဆောင်နေစေရန် ဖြစ်သည်။
ထိုအချိန်ရောက်လျှင် သွေးမျိုးဆက်များမှာ အဆင့်တူညီလုနီးပါး ဖြစ်သွားမည်ဖြစ်ပြီး ကွာဟချက်များကို ညှိရန်အတွက် ၎င်းတို့ကို လွတ်လပ်စွာ တိုက်ခိုက်ခိုင်းထားနိုင်မည် ဖြစ်သည်။
သန့်စင်သောသွေးအဆင့်သို့ မြှင့်တင်ပြီးနောက်တွင် သွေးမျိုးဆက်အဆီအနှစ်ကို သိပ်သည်းစေနိုင်သော စွမ်းရည်မှလွဲ၍ အခြားစွမ်းရည်သစ်များ ထွက်ပေါ်မလာခဲ့ပေ။
သို့သော်လည်း ရှိရင်းစွဲစွမ်းရည်များမှာ သိသိသာသာ အားကောင်းလာပြီး အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားခဲ့သည်။ ကျားဖြူ သွေးမျိုးဆက်အတွက်မူ သူ၏ ပုန်းလျှိုးကွယ်လျှိုးနိုင်
စွမ်းမှာ ဟင်းလင်းပြင်ကို ဖြတ်ကျော်သွားလာနိုင်သည့်အဆင့်အထိ တိုးတက်လာခဲ့သည်။ လိပ်နက်အတွက်မူ သူ၏ အကာအကွယ်အတားအဆီးမှာ သူ့ထက် ဆယ်ဆမျှ အစွမ်းထက်သော တိုက်ခိုက်မှုများကိုပင် တားဆီးနိုင်သည့်အထိ မြင့်မားလာခဲ့သည်။
စာအုပ်ကြီးထဲတွင် ဖော်ပြထားသည့်အတိုင်းဆိုလျှင် အတော်ပင် ကြည့်ကောင်းသော်လည်း လက်တွေ့တွင်မူ သူ တွေးထားသလောက် အားရစရာတော့ မဟုတ်သေးပေ။
ကျင့်ကြံခြင်းနယ်ပယ် မြင့်မားလာသည်နှင့်အမျှ နယ်ပယ်တစ်ခုနှင့်တစ်ခုကြား ကွာဟချက်မှာ ပိုမိုထင်ရှားလာတတ်သည်။ ဥပမာအားဖြင့် ဗလာနယ်ပယ်နှင့် ပေါင်းစပ်ခြင်းနယ်ပယ်ကြားရှိ စွမ်းအားကွာဟချက်မှာ ဆယ်ဆထက်မက သေချာပေါက် ရှိနေပြီး ၎င်းမှာ ဗလာနယ်ပယ်၏ အထွတ်အထိပ်စွမ်းအားနှင့် နှိုင်းယှဉ်ခြင်းပင်။
ဆိုလိုသည်မှာ ဤစွမ်းရည်သည် သူ့ထက် နယ်ပယ်မြင့်သောသူများကို တိုက်ခိုက်ရာတွင် မလွဲမသွေ အထောက်အကူပြုမည်ဟု မဆိုလိုနိုင်ပေ။ သူ၏ လက်ရှိ ခန္ဓာငါးပါး ပေါင်းစည်းခြင်းအထွတ်အထိပ် တိုက်ခိုက်ရေးစွမ်းအားနှင့်ပင် မဟာယာနနယ်ပယ်ကို အရိပ်အယောင်မျှပင် မမြင်နိုင်သေးချေ။
သို့သော်လည်း ဤစွမ်းရည်သည် သူနှင့်အတူ ဆက်လက်ကြီးထွားလာမည်ဖြစ်ရာ အလားအလာရှိသည်ဟု သူ ခံစားရသည်။
ရှန်းယွီ ထိုသို့တွေးနေစဉ်မှာပင် နောက်ကျောဘက်မှ လက်တစ်စုံက သူ့ကို သိုင်းဖက်လိုက်သည်။ “စီနီယာအစ်ကို... မပြီးသေးဘူးလားဟင်”
အသံလေးက သူ၏ နားနားတွင် တိုးတိုးလေး ကပ်မေးလိုက်သည်။
ရှန်းယွီက သူမ၏ လက်ကလေးများကို ပြန်လည်ဆုပ်ကိုင်လိုက်သည်။
စနစ်ပြန်လည်သတ်မှတ်ရန် နာရီအနည်းငယ်သာ လိုတော့သဖြင့် ပြန်လည်သတ်မှတ်မည့်အချိန်၌ သူ စမ်းသပ်ကြည့်ချင်သော အရာတစ်ခု ရှိနေသည်။ သူသည် ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး လီယောင်းကို ကျောပေါ်သို့ ကောက်တင်လိုက်သည်။ သူသည် အခန်းအတွင်း၌ ချက်ချင်းပေါ်လာသည်။
“ကိုယ်တို့ ဆော့လို့ရတယ် ဒါပေမဲ့ ခဏလေးပဲနော်။ ရမလား”
သူက ပြောလိုက်သည်။
“ဘယ်လောက်ကြာမှာလဲ”
သူမက မေးသည်။
“သုံးနာရီလောက်ပေါ့”
ရှန်းယွီက ပြောလိုက်သည်။
လီယောင်းက ခေါင်းခါလိုက်ပြီး “နည်းလွန်းတယ်” ဟု ပြောလိုက်သည်။
“စိတ်မပူပါနဲ့ ကိုယ်လုပ်စရာရှိတာတွေ ပြီးသွားရင် မနက်ဖြန် တစ်နေ့လုံး ကိုယ်တို့ ဆော့ကြတာပေါ့”
သူမ၏ မျက်လုံးများ ဝင်းလက်သွားသည်။
“တစ်နေ့လုံးလား”
ရှန်းယွီက ခေါင်းငြိမ့်ပြကာ “တစ်နေ့လုံးပေါ့” ဟု အတည်ပြုပေးလိုက်သည်။
“ကတိနော်။ နောင်တမရနဲ့ဦး”
သူမက ပြောလိုက်သည်။
“နောင်တ ကိုယ့်ကို ဘယ်သူလို့ မှတ်နေတာလဲ”
သူက မေးလိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ ဟင်းလင်းပြင်ပိုးသားများ ဖြည်းဖြည်းချင်း ထွက်ပေါ်လာကာ လီယောင်း၏ လက်များကို ပတ်နှောင်လိုက်တော့သည်။
သူမ မျက်နှာလေး နီမြန်းသွားသည်။
“ယောကျာ်း... ဒါက နည်းနည်းတော့...”
သူမ စပြောသော်လည်း ပိုးသားများက သူမ၏ ပါးစပ်ကိုပါ ပိတ်လိုက်သည်။
“ရှူး... ဒီတစ်ခါတော့ ယောကျာ်း သင်ပေးတာကိုပဲ ငြိမ်ငြိမ်လေး ခံယူကြည့်ပါဦး”
လီယောင်းသည် သူမအနားသို့ တိုးကပ်လာသော သူ၏ ပုံရိပ်ကို ကြည့်ရင်း သူမကိုယ်တိုင်လည်း ယောကျာ်းကို ဤကဲ့သို့ လုပ်ချင်သော်လည်း ယခုကဲ့သို့ အပြုခံရခြင်းကိုလည်း စိတ်မရှိလှပေ။
……
[ခန္ဓာကိုယ်သန့်စင်ခြင်း: အဆင့် ၃၆ (၂၀,၀၀၀/၃၆,၀၀၀) (+၂၀,၀၀၀/၃၆,၀၀၀)]
[ရွှေရောင်အမြုတေ: အဆင့် ၂ (၇၀၀,၀၀၀/၁,၂၀၀,၀၀၀) (+၅၀၀,၀၀၀/၁,၂၀၀,၀၀၀)]
[ဝိညာဉ်: သန္ဓေသား (၅၀၆,၀၀၀/၁,၀၀၀,၀၀၀) (+၂၀၀,၀၀၀/၁,၀၀၀,၀၀၀)]
[ဝိညာဉ်အမြစ်: ကောင်းကင်ဘုံအဆင့် ဒြပ်စင်ပေါင်းစုံ (၂၂,၂၀၀/၁၀၀,၀၀၀) (+၁၀၀၀/၁၀၀,၀၀၀)]
[သာလွန်မြင့်မြတ်သောတာအိုခန္ဓာ: အဆင့် ၂ (၆၇၄,၀၀၀/၂,၀၀၀,၀၀၀) (+၅၀,၀၀၀/၂,၀၀၀,၀၀၀)]
[ကြယ်တာရာနက္ခတ် တာအိုခန္ဓာ: အဆင့် ၁ (၁၉၀,၀၀၀/၁,၀၀၀,၀၀၀) (+၅၀,၀၀၀/၁,၀၀၀,၀၀၀)]
[ဗရမ်းဗတာခန္ဓာ: အဆင့် ၆ (၃၈၈,၀၀၀/၆,၀၀၀,၀၀၀) (+၁၀၀,၀၀၀/၆,၀၀၀,၀၀၀)]
[စစ်နတ်ဘုရားခန္ဓာ: အဆင့် ၃ (၂၀,၀၀၀/၃၀,၀၀၀) (+၁၀,၀၀၀/၃၀,၀၀၀)]
[ဟင်းလင်းပြင်နှင့် ဆွဲငင်အားနယ်ပယ်: ကမ္ဘာအဆင့် (၂၄၀၀/၁၀၀,၀၀၀) (+၅၀၀/၁၀၀,၀၀၀)]
[ဟင်းလင်းပြင်၊ အချိန်နှင့် ရှုပ်ထွေးမှုနယ်ပယ်များ: နယ်ပယ်အဆင့် (၅၈၀၀/၁၀,၀၀၀) (+၃၀၀၀/၁၀,၀၀၀)]
[ဒြပ်စင်ပေါင်းစုံနယ်ပယ်များ: နယ်ပယ်အဆင့် (၂၄၀၀/၁၀,၀၀၀) (+၁၀၀၀/၁၀,၀၀၀)]
[ဖန်တီးခြင်းနယ်ပယ်: နယ်ပယ်အဆင့် (၂၀၀၀/၁၀,၀၀၀) (+၂၀၀၀/၁၀,၀၀၀)]
[ယင်ယန်၊ စနစ်တကျရှိမှု၊ ကံကြမ္မာနှင့် ကံတရားနယ်ပယ်များ: နယ်ပယ်အဆင့် (၁၉၀၀/၁၀,၀၀၀) (+၅၀၀/၁၀,၀၀၀)]
[ဉာဏ်အလင်းပွင့်မှု: ကောင်းကင်ဘုံအဆင့် (၂၂,၂၀၀/၁၀၀,၀၀၀) (+၁၀၀၀/၁၀၀,၀၀၀)]
[ဝိညာဉ်မီးလျှံ: အဆုံးမဲ့ ဟင်းလင်းပြင်မီးလျှံ: အဆင့် ၂ (၃၀,၀၀၀/၈၀,၀၀၀) (+၁၀,၀၀၀/၈၀,၀၀၀)]
[လက်ဝါးသိုင်းစိတ်ဆန္ဒ: အဆင့် ၂ (၁၇၄၀/၂၀၀၀) (+၁၀၀/၂၀၀၀)]
[လက်နက်မဟုတ်သော လက်နက်ပေါင်းစုံစိတ်ဆန္ဒ: အဆင့် ၂ (၇၀၀/၂၀၀၀) (+၁၀၀/၂၀၀၀)]
[နတ်ဘုရားအဆင့် ယင်ယန်ညီညွတ်ခြင်း: အဆင့် ၂ (၇၅၀၀/၁၀,၀၀၀) (+၅၀၀/၁၀,၀၀၀)]
[နတ်ဘုရားအဆင့် ဒြပ်စင်ခွဲပွား: အဆင့် ၂ (၇၈၀၀/၁၀,၀၀၀) (+၂၀၀/၁၀,၀၀၀)]
[နတ်ဘုရားအဆင့် ဟင်းလင်းပြင်လက်ဝါး: အဆင့် ၂ (၁၄၀၀/၁၀,၀၀၀) (+၂၀၀/၁၀,၀၀၀)]
[နတ်ဘုရားအဆင့် ကုသခြင်း: အဆင့် ၂ (၃၀၀/၁၀,၀၀၀) (+၁၀၀/၁၀,၀၀၀)]
[စားဖိုမှူး: မသေမျိုးအဆင့် (၁၄၀၈/၁၀၀,၀၀၀) (+၂၀၀/၁၀၀,၀၀၀)]
[ဆန်းစစ်သူ: မသေမျိုးအဆင့် (၃၅၀/၁၀၀,၀၀၀) (+၅၀/၁၀၀,၀၀၀)]
[အဆောင်ပညာရှင်၊ အစီရင်ခံစာဆရာ: မသေမျိုးအဆင့် (၄၀၀/၁၀၀,၀၀၀) (+၂၀၀/၁၀၀,၀၀၀)]
[ပန်းပဲဆရာ: မသေမျိုးအဆင့် (၅၂/၁၀၀,၀၀၀) (+၅၀/၁၀၀,၀၀၀)]
[ဆေးဖော်စပ်သူ: မသေမျိုးအဆင့် (၃/၁၀၀,၀၀၀) (+၁/၁၀၀,၀၀၀)]
[သုတေသနပညာရှင်: ကောင်းကင်ဘုံအဆင့် (၂၀၀၀/၁၀,၀၀၀) (+၁၀၀၀/၁၀,၀၀၀)]
[ဆေးပညာ၊ ဝိညာဉ်လယ်သမား: ကောင်းကင်ဘုံအဆင့် (၆၀၀/၁၀,၀၀၀) (+၂၀၀/၁၀,၀၀၀)]
[ဗိသုကာပညာရှင်: အဆင့် ၇ (၁၀၀/၃၀၀) (+၁၀၀/၃၀၀)]
[အတွေ့အကြုံမှတ်များ နှစ်ဆတိုးသွားသည်]
[ဗိသုကာပညာရှင်: အဆင့် ၇ (၁၀၀/၃၀၀) → အဆင့် ၇ (၂၀၀/၃၀၀)]
[ဆေးပညာ၊ ဝိညာဉ်လယ်သမား: ကောင်းကင်ဘုံအဆင့် (၆၀၀/၁၀,၀၀၀) → ကောင်းကင်ဘုံအဆင့် (၁၂၀၀/၁၀,၀၀၀)]
[သုတေသနပညာရှင်: ကောင်းကင်ဘုံအဆင့် (၂၀၀၀/၁၀,၀၀၀) → ကောင်းကင်ဘုံအဆင့် (၄၀၀၀/၁၀,၀၀၀)]
[ဆေးဖော်စပ်သူ: မသေမျိုးအဆင့် (၃/၁၀၀,၀၀၀) → မသေမျိုးအဆင့် (၆/၁၀၀,၀၀၀)]
[ပန်းပဲဆရာ: မသေမျိုးအဆင့် (၅၂/၁၀၀,၀၀၀) → မသေမျိုးအဆင့် (၁၀၄/၁၀၀,၀၀၀)]
[အဆောင်ပညာရှင်၊ အစီရင်ခံစာဆရာ: မသေမျိုးအဆင့် (၄၀၀/၁၀၀,၀၀၀) → မသေမျိုးအဆင့် (၈၀၀/၁၀၀,၀၀၀)]
[ဆန်းစစ်သူ: မသေမျိုးအဆင့် (၃၅၀/၁၀၀,၀၀၀) → မသေမျိုးအဆင့် (၇၀၀/၁၀၀,၀၀၀)]
[စားဖိုမှူး: မသေမျိုးအဆင့် (၁၄၀၈/၁၀၀,၀၀၀) → မသေမျိုးအဆင့် (၂၈၁၆/၁၀၀,၀၀၀)]
[နတ်ဘုရားအဆင့် ကုသခြင်း: အဆင့် ၂ (၃၀၀/၁၀,၀၀၀) → အဆင့် ၂ (၆၀၀/၁၀,၀၀၀)]
[နတ်ဘုရားအဆင့် ဟင်းလင်းပြင်လက်ဝါး: အဆင့် ၂ (၁၄၀၀/၁၀,၀၀၀) → အဆင့် ၂ (၂၈၀၀/၁၀,၀၀၀)]
[နတ်ဘုရားအဆင့် ဒြပ်စင်ခွဲပွား: အဆင့် ၂ (၇၈၀၀/၁၀,၀၀၀) → အဆင့် ၃ (၀/၁၀၀,၀၀၀)]
[နတ်ဘုရားအဆင့် ယင်ယန်ညီညွတ်ခြင်း: အဆင့် ၂ (၇၅၀၀/၁၀,၀၀၀) → အဆင့် ၃ (၀/၁၀၀,၀၀၀)]
[လက်နက်မဟုတ်သော လက်နက်ပေါင်းစုံစိတ်ဆန္ဒ: အဆင့် ၂ (၇၀၀/၂၀၀၀) → အဆင့် ၂ (၁၄၀၀/၂၀၀၀)]
[လက်ဝါးသိုင်းစိတ်ဆန္ဒ: အဆင့် ၂ (၁၇၄၀/၂၀၀၀) → အဆင့် ၃ (၀/၃၀၀၀)]
[ဝိညာဉ်မီးလျှံ: အဆုံးမဲ့ ဟင်းလင်းပြင်မီးလျှံ: အဆင့် ၂ (၃၀,၀၀၀/၈၀,၀၀၀) → အဆင့် ၂ (၆၀,၀၀၀/၈၀,၀၀၀)]
[ဉာဏ်အလင်းပွင့်မှု: ကောင်းကင်ဘုံအဆင့် (၂၂,၂၀၀/၁၀၀,၀၀၀) → ကောင်းကင်ဘုံအဆင့် (၄၄,၄၀၀/၁၀၀,၀၀၀)]
[ယင်ယန်၊ စနစ်တကျရှိမှု၊ ကံကြမ္မာနှင့် ကံတရားနယ်ပယ်များ: နယ်ပယ်အဆင့် (၁၉၀၀/၁၀,၀၀၀) → (၃၈၀၀/၁၀,၀၀၀)]
[ဖန်တီးခြင်းနယ်ပယ်: နယ်ပယ်အဆင့် (၂၀၀၀/၁၀,၀၀၀) → (၄၀၀၀/၁၀,၀၀၀)]
[ဒြပ်စင်ပေါင်းစုံနယ်ပယ်များ: နယ်ပယ်အဆင့် (၂၄၀၀/၁၀,၀၀၀) → (၄၈၀၀/၁၀,၀၀၀)]
[ဟင်းလင်းပြင်၊ အချိန်နှင့် ရှုပ်ထွေးမှုနယ်ပယ်များ: နယ်ပယ်အဆင့် (၅၈၀၀/၁၀,၀၀၀) → ကမ္ဘာအဆင့် (၀/၁၀၀,၀၀၀)]
[ဟင်းလင်းပြင်နှင့် ဆွဲငင်အားနယ်ပယ်: ကမ္ဘာအဆင့် (၂၄၀၀/၁၀၀,၀၀၀) → (၄၈၀၀/၁၀၀,၀၀၀)]
[စစ်နတ်ဘုရားခန္ဓာ: အဆင့် ၃ (၂၀,၀၀၀/၃၀,၀၀၀) → အဆင့် ၄ (၀/၄၀,၀၀၀)]
[ဗရမ်းဗတာခန္ဓာ: အဆင့် ၆ (၃၈၈,၀၀၀/၆,၀၀၀,၀၀၀) → အဆင့် ၆ (၇၇၆,၀၀၀/၆,၀၀၀,၀၀၀)]
[ကြယ်တာရာနက္ခတ် တာအိုခန္ဓာ: အဆင့် ၁ (၁၉၀,၀၀၀/၁,၀၀၀,၀၀၀) → အဆင့် ၁ (၃၈၀,၀၀၀/၁,၀၀၀,၀၀၀)]
[သာလွန်မြင့်မြတ်သောတာအိုခန္ဓာ: အဆင့် ၂ (၆၇၄,၀၀၀/၂,၀၀၀,၀၀၀) → အဆင့် ၂ (၁,၃၄၈,၀၀၀/၂,၀၀၀,၀၀၀)]
[ဝိညာဉ်အမြစ်: ကောင်းကင်ဘုံအဆင့် ဒြပ်စင်ပေါင်းစုံ (၂၂,၂၀၀/၁၀၀,၀၀၀) → ကောင်းကင်ဘုံအဆင့် (၄၄,၄၀၀/၁၀၀,၀၀၀)]
[ဝိညာဉ်: သန္ဓေသား (၅၀၆,၀၀၀/၁,၀၀၀,၀၀၀) → ကနဦးဝိညာဉ်အဆင့် (၀/၂,၀၀၀,၀၀၀)]
[ရွှေရောင်အမြုတေ: အဆင့် ၂ (၇၀၀,၀၀၀/၁,၂၀၀,၀၀၀) → ရွှေရောင်အမြုတေ: အဆင့် ၃ (၀/၁,၃၀၀,၀၀၀)]
[ခန္ဓာကိုယ်သန့်စင်ခြင်း: အဆင့် ၃၆ (၂၀,၀၀၀/၃၆,၀၀၀) → အဆင့် ၃၇ (၀/၃၇,၀၀၀)]
***