ရှန်းယွီသည် သူ၏ ခန္ဓာကိုယ်အတွင်း စွမ်းအင်လှိုင်းများ စီးဆင်းသွားသည်ကို ခံစားလိုက်ရပြီး သူ၏ စိတ်အစဉ်မှာလည်း လုံးဝကြည်လင်သွားခဲ့သည်။
ယခင်က သူ့ကို ဖိစီးထားသော လေးလံသည့် အလေးချိန်ကြီးမှာလည်း လုံးဝ လွင့်စင်သွားခဲ့ပြီ ဖြစ်သည်။
“ကောင်းကင်ဘုံအဆင့်လား”
သူသည် စနစ်မျက်နှာပြင်ကို ကြည့်ရင်း ရေရွတ်လိုက်မိသည်။
သူသည် မသေမျိုးအဆင့်သို့ တိုက်ရိုက် ရောက်ရှိသွားမည်ဟု မျှော်လင့်ထားသော်လည်း ထိုသို့ ဖြစ်မလာခဲ့ပေ။
ယခုအထိ သူတွေ့ကြုံခဲ့ရသည့် အခြေအနေများအရ ဆိုလျှင်တော့ ၎င်းမှာ ယုတ္တိရှိသည်။
သူ၏ ဝိညာဉ်ပင်လယ်အတွင်း၌ စိတ်ကူးယဉ်ဟင်းလင်းပြင်မှာ တစ်ဖန် ပြန်လည်ကျယ်ပြန့်လာပြန်ရာ မူလအရွယ်အစားထက် ဆယ်ဆကျော် ကြီးထွားလာခဲ့သည်။ မူလက မိုင်ပေါင်းလေးသန်းခန့် ကျယ်ဝန်းရာမှ ယခုအခါ မိုင်ပေါင်း သန်းတစ်ရာခန့်အထိ ကျယ်ဝန်းသွားခြင်းပင်။
သူသည် သူ၏ ဝိညာဉ်ပင်လယ်ကို စစ်ဆေးကြည့်ရင်း ကံကောင်းထောက်မစွာဖြင့် စိတ်ကူးယဉ်ဟင်းလင်းပြင်မှာ သူ တည်ဆောက်ထားသော နယ်မြေအတွင်းသို့ ကျူးကျော်ဝင်ရောက်လာခြင်း မရှိဘဲ ၎င်းကို နောက်သို့သာ တွန်းပို့လိုက်သည်ကို တွေ့ရသည်။
သူ၏ ဝိညာဉ်ပင်လယ်သည် အကြွင်းမဲ့အဆုံးသတ်အတွင်းသို့ ကျယ်ပြန့်သွားခြင်းဖြစ်သည်ဟူသော သူ၏ ယခင်ယူဆချက်မှာ မှားယွင်းနေပုံရသည်။
၎င်းမှာ သာမန်ဝိညာဉ်ပင်လယ်တစ်ခုကဲ့သို့ပင် အခြားအရာတစ်ခုအတွင်းသို့ ကျူးကျော်ဝင်ရောက်ခြင်းမျိုး မဟုတ်ဘဲ သူ့အလိုလို ကြီးထွားလာခြင်းသာ ဖြစ်သည်။ သူ့ဝိညာဉ်ပင်လယ်၏ ပတ်ပတ်လည်တွင် အခြားအရာတစ်ခု ရှိနေခြင်းသာ ဖြစ်သည်။
အနည်းဆုံးတော့ သူ၏ စိတ်ကူးယဉ် ဝိညာဉ်ပင်လယ်နှင့် နေရာလုနေစရာ မလိုတော့ပေ။
နေရာတွေ ဤမျှအထိ ကျယ်ဝန်းလာပြီဆိုလျှင် ကြယ်အသစ်အချို့ကိုပါ ထပ်မံထည့်သွင်းနိုင်မည်ပင်။
ယခင်က သူ့တွင် ကြယ်ဆယ်လုံး ရှိခဲ့သော်လည်း ယခု ဆယ်ဆကျော် ကျယ်ဝန်းလာပြီဖြစ်ရာ အနည်းငယ် ထပ်တိုးနိုင်ပေလိမ့်မည်။
သူ ထိုသို့ တွေးနေစဉ်မှာပင် သူ၏ အရေပြားမှတစ်ဆင့် စဉ်ဆက်မပြတ် စုပ်ယူနေသော မသေမျိုးဝိညာဉ်စွမ်းအားများမှာ တုန်ခါလာခဲ့သည်။
“တကယ် ဖြစ်နိုင်တာပဲ”
သူ တွေးလိုက်သည်။
ရှန်းယွီသည် သူ၏ ဘုရားသခင်အာရုံကို တစ်လောကလုံး လွှမ်းခြုံနိုင်သည်အထိ ဖြန့်ကြက်လိုက်သည်။
ယခင်ကလည်း သူ ဤသို့ လုပ်ဆောင်နိုင်သော်လည်း ယခုအခါ ပိုမိုဝေးကွာသော နေရာများအထိ ဖြန့်ကြက်နိုင်ပြီ ဖြစ်သည်။
သူသာ အလိုရှိပါက လကမ္ဘာအထိသာမက မိုင်သန်းငါးဆယ်အတွင်းရှိ အနီးနားမှ ဂြိုဟ်များအထိပါ လွှမ်းခြုံနိုင်ပေလိမ့်မည်။ သို့သော် သူ ထိုသို့မလုပ်ရန် ဆုံးဖြတ်လိုက်သည်။ ထိုအပြင်ဘက်တွင် ဘာတွေရှိနေသလဲ၊ ဘယ်သူတွေ ရှိနေသလဲဆိုသည်ကို သူ မသိရှိသေးသောကြောင့် ပင်။
အမှန်တကယ်တော့ သူ ဘာတွေရှိနေသလဲဆိုသည်ကို နည်းပညာအရ သိရှိနေပြီးသား ဖြစ်သည်။
သူ၏ တိုက်ပွဲစမ်းသပ်မှုစနစ်မှာ အဆင့်မြှင့်တင်ပြီးနောက် သူ၏ ဘုရားသခင်အာရုံကဲ့သို့ပင် အကွာအဝေး တူညီသွားပြီ ဖြစ်သည်။
ထိုစနစ်မှတစ်ဆင့် မြေကမ္ဘာမသေမျိုးတစ်ရာကျော်၊ ကောင်းကင်ဘုံမသေမျိုးဆယ်ဦး၊ မသေမျိုးအစစ်အမှန်နှစ်ဦးနှင့် ရွှေရောင်မသေမျိုးတစ်ဦးတို့ ရှိနေသည်ကို သူ သိရှိလိုက်ရသည်။
ဒီလူတွေက ဘာလို့ ဒီအခြေခံအဆင့် လောကလေးနားမှာ လာပြီး စောင့်နေကြသလဲဆိုတာ သူ မသိသလို သိဖို့လည်း မကြိုးစားချင်ပေ။ အကယ်၍ သူတို့တွင် သူ၏ ဘုရားသခင်အာရုံမှတစ်ဆင့် သူ့ကို တိုက်ခိုက်နိုင်သည့် ထူးဆန်းသော နည်းလမ်းများ ရှိနေလျှင်….
သူ ထိုသို့ တွေးနေစဉ်မှာပင် ဝိညာဉ်ပင်လယ်အတွင်းရှိ ကြယ်များထဲမှ စွမ်းအင်များမှာ တုန်ခါလာပြန်သည်။ စွမ်းအင်များမှာ ဆူပွက်လာပြီး စက္ကန့်တိုင်းမှာ ပိုမိုသိပ်သည်းလာခဲ့သည်။
ရုတ်တရက် တစ်ခုခု ပွင့်ထွက်သွားပြီး သူသည် ရွှေရောင်အမြုတေစတုတ္ထအဆင့်သို့ တက်လှမ်းသွားသည်။ ထို့နောက် ပဉ္စမအဆင့်၊ အဋ္ဌမအဆင့်၊ နဝမအဆင့်နှင့် ဒသမအဆင့်အထိ ချက်ချင်း ရောက်ရှိသွားသည်။
ဘာတွေ ဖြစ်ပျက်နေသလဲဆိုတာ သူ တွေးနေမိသည်။
ထိုအခါမှ သူ သတိရသွားသည်။ ယခင်က သူသည် ဝိညာဉ်တစ်ခုကို ဖန်တီးထားနိုင်သော်လည်း သူ၏ ဝိညာဉ်မှာ ကလေးငယ်အဆင့်၌သာ ရှိနေသေးသဖြင့် ရွှေရောင်အမြုတေနယ်ပယ်၌သာ ပိတ်မိနေခြင်းဖြစ်သည်ဟု ယူဆခဲ့ဖူးသည်။
ယခုအခါ သူ၏ ဝိညာဉ်မှာ နှစ်ကြိမ်တိုင်တိုင် အဆင့်တက်သွားပြီဖြစ်ရာ သူ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း လိုက်ပါ၍ မြင့်တက်လာခြင်းပင်။
…
ရွှေရောင်အမြုတေဒသမအဆင့်၌ပင် စွမ်းအင်များမှာ ရှန်းယွီ၏ ခန္ဓာကိုယ်အတွင်းသို့ အောက်ခြေမရှိသော တွင်းကြီးတစ်ခုကဲ့သို့ အဆက်မပြတ် စီးဝင်နေဆဲပင်။ စနစ်၏ အကူအညီမပါဘဲ သူ၏ ခန္ဓာကိုယ်သည် အစွန်းကုန် ကန့်သတ်ချက်များအထိ တွန်းပို့ရန် ကျင့်သားရနေပြီဟု ရှန်းယွီ တွေးမိသည်။
အောက်ခြေမရှိသော တွင်းကြီးကဲ့သို့ ခံစားရသော်လည်း ရှန်းယွီတွင်မူ သူ၏ ကြယ်များအတွင်း၌သာမက ဝိညာဉ်ကြောအတွင်း၌ပါ အကန့်အသတ်မရှိသော စွမ်းအင်များ ရှိနေသည်။
မိနစ်သုံးဆယ်ခန့်အကြာတွင် ထိုတွင်းကြီးမှာ ပြည့်သွားခဲ့ပြီး သူသည် နတ်ဘုရားသန္ဓေသားအဆင့်သို့ ချက်ချင်း တက်လှမ်းသွားခဲ့သည်။
သူ၏ ဝိညာဉ်မှာ အဆင့်တက်စဉ်က အကြိမ်ကြိမ် ဆုတ်ဖြဲခံရပြီး ပြန်လည်ပြင်ဆင်ခံရစဉ် ရှန်းယွီ၏ စွမ်းအင်အားလုံးမှာ စစ်မှန်သော ဝိညာဉ်စွမ်းအားအဖြစ် ပြောင်းလဲသွားခဲ့သည်။ ယခု အဆင့်တက်ပြီးနောက်တွင်မူ ထိုစွမ်းအင်၏ အရည်အသွေးမှာ ပိုမိုမြင့်မားလာသည်ကို သူ ခံစားလိုက်ရသည်။ ၎င်းမှာ ပေါင်းစပ်ခြင်းနယ်ပယ်ကျင့်ကြံသူတစ်ဦး၏ စွမ်းအင်အရည်အသွေးနှင့် တူညီနေသည်။
သူ၏ လက်ရှိတိုက်ခိုက်ရေး စွမ်းအားနှင့် ယှဉ်လျှင် ဤစွမ်းအင်အရည်အသွေးမှာ သိပ်ပြီး မထူးခြားလှသော်လည်း ၎င်းမှာ အခြေခံအရည်အသွေးမျှသာ ရှိသေးသည်။ အကယ်၍ သူ သန့်စင်လိုက်မည်ဆိုပါက ပိုမိုမြင့်မားလာမည်ဖြစ်ပြီး သူ၏ ကြယ်များအတွင်း၌ သိပ်သည်းအောင် လုပ်ဆောင်လိုက်မည်ဆိုလျှင်မူ သူ ပြောဖို့တောင် ကြောက်မိသည်။
သူ ထိုသို့ တွေးနေစဉ်မှာပင် သူ၏ စွမ်းအင်များမှာ ထပ်မံဆူပွက်လာပြန်သည်။
နတ်ဘုရားသန္ဓေသားနယ်ပယ်၏ တိုးတက်မှုမှာ ဝိညာဉ်စွမ်းအားများကို စစ်မှန်သော ဝိညာဉ်စွမ်းအားအဖြစ် သန့်စင်ခြင်းနှင့် ဝိညာဉ်ကို ထိုစွမ်းအားများဖြင့် ပြုစုပျိုးထောင်ကာ အရွယ်ရောက်ပြီးသော ဝိညာဉ်အဖြစ် ပြောင်းလဲခြင်းပင်။
ယခုအခါ သူသည် ထိုအရည်အချင်းများနှင့် ပြည့်စုံနေပြီဖြစ်ရာ စွမ်းအင်များကို စုဆောင်းနေစရာ မလိုတော့ဘဲ အဆင့်တက်လှမ်းရန်သာ လိုတော့သည်။ သူသည် ဒုတိယအဆင့်၊ တတိယအဆင့်၊ နဝမအဆင့်နှင့် ဒသမအဆင့်သို့ ချက်ချင်း ရောက်ရှိသွားသည်။
လီယောင်းသည် ရှန်းယွီ၏ အဆင့်တက်မှုများကို ကြည့်ရင်း ထိတ်လန့်အံ့ဩနေသည်။
“ဘယ်လို မိစ္ဆာကောင်ကြီးလဲ”
သူမ တွေးတောရင်း တစ်ထိုင်တည်းနှင့် ဘယ်နှကြိမ်အထိ အဆင့်တက်နေဦးမည်လဲဟု သိချင်နေမိသည်။
[မှန်တစ်ချပ်လောက် လိုချင်လား]
“ဘာလဲဟင်”
[ဘာမှမဟုတ်တော့ပါဘူး]
ဧကရီ ဘာတွေဖြစ်နေတာလဲဟု လီယောင်း သိချင်နေမိသည်။ သူမ ယခုရက်ပိုင်းတွင် အတော်လေး ထူးဆန်းနေသည်။
သူမသည် ပြတင်းပေါက်ကို မှီကာ သူမ၏ ယောကျာ်းကို ဆက်လက်ကြည့်ရှုနေသည်။ သူမ၏ မျက်နှာထားမှာ တဖြည်းဖြည်း တည်ကြည်လာသည်။
“အစ်ကို ဒီထက်မက ပိုပြီး သန်မာလာဖို့ မျှော်လင့်ပါတယ်။ ပြီးတော့ ကျွန်မကိုလည်း ချုပ်ကိုင်ထားနိုင်ဖို့ပေါ့။ ဒါမှမဟုတ်ရင်တော့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် တကယ် ထိန်းချုပ်
နိုင်တော့မှာ မဟုတ်ဘူး”
သူမ တွေးရင်း မျက်နှာလေး နီမြန်းလာခဲ့သည်။
[-_-]
ရှန်းယွီသည် သူ၏ ခန္ဓာကိုယ်အတွင်း ပြောင်းလဲမှုတစ်ခုကို ခံစားလိုက်ရပြီး ဝိညာဉ်ဖြစ်တည်
ခြင်းနယ်ပယ်သို့ ဝင်ရောက်လိုက်သည်။
သူ၏ ဝိညာဉ်စွမ်းအားများမှာ ပိုမိုသိပ်သည်းလာပြီး အရည်အသွေးမှာ ခန္ဓာငါးပါး ပေါင်းစည်းခြင်းအဆင့်သို့ ရောက်ရှိသွားသည်။
ဒီအတိုင်းသာဆိုလျှင် သူ၏ အခြေခံစွမ်းအင်မှာ မသေမျိုးအဆင့် အရည်အသွေးအထိ ရောက်သွားနိုင်မလားဟု သူ တွေးတောနေမိသည်။
ထိုအချိန်ရောက်လျှင် သူ၏ မသေမျိုးဝိညာဉ်စွမ်းအားများကို ကောင်းကင်ဘုံစွမ်းအားအဖြစ် စတင်ပြောင်းလဲနိုင်ပေလိမ့်မည်။
သူ စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်။
ငါ လောဘကြီးလွန်းနေပြီ။
သူသည် ဗလာနယ်ပယ်သို့ပင် မရောက်သေးပေ။
ဗလာနယ်ပယ်သို့ ဝင်ရောက်ရန် လိုအပ်ချက်များဖြစ်သော နယ်ပယ်တစ်ခု ရှိခြင်းမှာ ပြည့်စုံနေပြီဖြစ်သော်လည်း ၎င်းမှာ ဝိညာဉ်အဆင့်တက်မှုကိုသာ အဓိကထားသော နတ်ဘုရားသန္ဓေသားနယ်ပယ်နှင့် မတူညီပေ။
ဗလာနယ်ပယ်အတွက်မူ သူသည် ဝိညာဉ်စွမ်းအားများကို စုဆောင်းကာ ပုံမှန်အတိုင်း အဆင့်တက်ရန် လိုအပ်နေသေးသည်။
သူ သက်ပြင်းချလိုက်သည်။ သူသည် နဂိုမူလ ကျင့်ကြံခြင်းနည်းလမ်းအတိုင်း ပြန်လည်လုပ်ဆောင်ရပေဦးမည်။
သို့သော်လည်း သူ ပြုံးလိုက်မိသည်။ သဘက်ခါတွင် သူ၏ ဝိညာဉ်မြစ်မှာ မသေမျိုးအဆင့်သို့ တက်လှမ်းနိုင်ချေ ရှိနေသည်။
ဝိညာဉ်မြစ် အဆင့်တက်စဉ်အတွင်း စွမ်းအားများ ပြည့်လျှံနေသည့် အခြေအနေကို အခွင့်ကောင်းယူကာ မသေမျိုးဝိညာဉ်စွမ်းအား အများအပြားကို စုပ်ယူနိုင်မည်ဆိုပါက ဝိညာဉ်ဖြစ်တည်ခြင်းနယ်ပယ်ကို အမြန်ကျော်ဖြတ်ပြီး ဗလာနယ်ပယ်သို့ တိုက်ရိုက် ရောက်ရှိသွားနိုင်ပေလိမ့်မည်။
တစ်ခုတည်းသော ပြဿနာမှာ သူ၏ အခြေခံမှာ အလွန်အမင်း ခိုင်မာလွန်းနေခြင်းပင်။
ရွှေရောင်အမြုတေမှ နတ်ဘုရားသန္ဓေသားသို့ ကူးပြောင်းရန် အတွေ့အကြုံမှတ် ဆယ်သန်း လိုအပ်ခဲ့ပြီး နတ်ဘုရားသန္ဓေသားမှ ဝိညာဉ်ဖြစ်တည်ခြင်းသို့ ကူးပြောင်းရန် အတွေ့အကြုံမှတ် သန်းတစ်ရာ လိုအပ်ခဲ့သည်။ ဗလာနယ်ပယ်သို့ ရောက်ရှိရန်မှာမူ အတွေ့အကြုံမှတ် သန်းတစ်ထောင်ခန့် လိုအပ်ပေလိမ့်မည်။
သူ သက်ပြင်းချလိုက်သည်။ အခြေအနေအမျိုးမျိုးအတွက် ကြိုတင်ပြင်ဆင်မှုအချို့ လုပ်ဆောင်ရန် လိုအပ်နေပြီဖြစ်သည်။
***