ချန်ရိမင်က အမိုးပေါ်တွင် ဝင်ထိုင်လိုက်စဉ် ကျန်းမင်က လက်ဖက်ရည် တစ်ခွက် ငှဲ့ကာ သူ့ရှေ့သို့ တွန်းပေးလိုက်၏။
အချိန်အတော်ကြာ တိတ်ဆိတ် နေပြီးနောက် ချန်ရိမင်က နောက်ဆုံးတွင် စကားစလာသည်။
"အစ်ကိုကြီးကျန်း သေသွားပြီ"
"သူ ဘယ်လို သေသွားတာလဲ" ဤမျှ ထိတ်လန့်ဖွယ် ကောင်းသော သတင်းကြောင့် ကျန်းမင် အံ့အားသင့် သွားရချေသည်။
အစ်ကိုကြီးကျန်းမှာ သိမ်မွေ့ပြီး ယဉ်ကျေးသူ တစ်ယောက် ဖြစ်သည့်အပြင် ချောမောသော ရုပ်ရည်နှင့် ထူးကဲသော အလားအလာများကိုပါ ပိုင်ဆိုင်ထားသူ ဖြစ်၏။ ဂိုဏ်းအတွင်း၌ သူ့ကို ယှဉ်နိုင်သူမှာ လက်ချိုး ရေတွက်လို့ ရလောက်အောင်ပင် နည်းပါးလှသည်။ ထိုမျှ ထူးချွန်ပြီး အစွမ်းထက်သော လူတစ်ယောက်က ဘယ်လိုလုပ် ရုတ်တရက်ကြီး သေဆုံးသွားရသနည်း။
ချန်ရိမင်က သူသေဆုံးခဲ့ရသည့် အသေးစိတ် အချက်အလက်များကို ဖြည်းညှင်းစွာ ရှင်းပြလာ၏။
"ငါတို့ ဂိုဏ်းကို ချဲ့ထွင်ဖို့ အတွက် ထိပ်တန်း တပည့်တွေ ကင်းစောင့်ဖို့ လိုအပ်တယ်လေ... ကျန်းကျွင်ပေါင် ကလည်း ချူယန် တောင်ထွတ်ရဲ့ ခေါင်းဆောင် တပည့် ဖြစ်နေတော့ ကင်းလွတ်ခွင့် မရခဲ့ဘူး... ဒါပေမဲ့ အရင်တုန်းက ကျိုယန် ဂိုဏ်းကို ဝင်ရောက် တိုက်ခိုက်ဖို့ ကြိုးစားခဲ့တဲ့ အင်အားစုတွေ အများကြီး ရှိခဲ့တော့ အဲ့ဒီထဲက အောင်အောင်မြင်မြင် ထွက်ပြေး လွတ်မြောက်သွားတဲ့ သူတချို့ ရှိနေတာ သဘာဝပဲလေ... သူတို့ထဲက အများစုက လက်စားချေတဲ့ အနေနဲ့ ငါတို့ တပည့် တော်တော်များများကို သတ်ပစ်ခဲ့ကြတာ... အဲ့ဒီအထဲမှာ အစ်ကိုကျန်းလည်း ပါသွားတယ်..."
"ငါတို့ ဂိုဏ်းမှာ တာအို လက်နက်တွေ အများကြီး ရှိတယ် မဟုတ်ဘူးလား... အစ်ကိုကျန်း ဆီမှာရော မရှိဘူးလား" ကျန်းမင်က မေးခွန်းထုတ်မိသည်။
"ရှိတော့ ရှိတယ်... ဒါပေမဲ့ သူက တာအို လက်နက်နဲ့ အပြည့်အဝ ပေါင်းစပ်ဖို့ အချိန် မရလိုက်ခင်မှာ ထပ်ပြီး ချုံခို တိုက်ခိုက် ခံလိုက်ရတာ... သူက လက်နက်ရဲ့ စွမ်းအားကို အပြည့်အဝ မထုတ်သုံးနိုင်ခဲ့တဲ့ အတွက် ဝိုင်းဝန်း တိုက်ခိုက် ခံရရင်း သေဆုံးသွားခဲ့တာပဲ..." ချန်ရိမင်က ခါးသီးစွာ ပြုံးရင်း ဖြေကြားလေသည်။
"ရန်သူတွေကော ဘယ်လို နေလဲ"
"ငါတို့ သူတို့ကို ခြေရာခံပြီး တစ်ယောက်မကျန် သတ်ပစ်လိုက်ပြီ"
ထိုအဖြေကို ကြားပြီးနောက် ကျန်းမင် တိတ်ဆိတ် သွား၏။ သူ လက်စားချေဖို့တောင် အခွင့်အရေး မရလိုက်ချေ။
လေထုထဲတွင် ရုတ်တရက် စိတ်ဓာတ်ကျစရာ အငွေ့အသက်များ လွှမ်းမိုး သွားတော့သည်။
သူတို့ နှစ်ယောက် လက်ဖက်ရည် သောက်ရင်း ဆက်လက် စကားပြော နေကြ၏။
ဤဖြစ်ရပ်ကြောင့် ချွန်းယန် တောင်ထွတ်၏ ထိပ်တန်းခေါင်းဆောင်မှာ ရူးသွပ် သွားပြီး ရန်သူ အများအပြားကို သတ်ဖြတ် ပစ်ခဲ့သည်။ ဂိုဏ်းက ချင်းပြည်နယ် အနှံ့အပြားရှိ နေရာ အမျိုးမျိုးတွင် သွေးချောင်းစီး သတ်ဖြတ်မှုများပင် ပြုလုပ်ခဲ့သေး၏။ ထိုအချိန်က ကျင့်ကြံသူ မည်မျှ အသတ်ခံခဲ့ရသည်ကို မည်သူက သိနိုင်မည်နည်း။
" အစ်ကိုချန်... ခင်ဗျား ဒီတောင်ပေါ်မှာပဲ နေပြီး ကျင့်ကြံဖို့ ဆိုရင်ကော ဘယ်လို သဘောရလဲ... ဒီနေရာက ပိုပြီး လုံခြုံသလို ကန့်သတ်ချက်တွေလည်း သိပ်မရှိဘူး... သိချင်တာ ရှိရင်လည်း ကျုပ်ကို အချိန်မရွေး မေးလို့ ရတယ်လေ" ကျန်းမင်က ချန်ရိမင် ဤနေရာတွင် ဆက်နေရန် ဖျောင်းဖျ နိုင်ခဲ့သည်။
ဂိုဏ်းအတွင်း၌ သူ့တွင် သူငယ်ချင်း လက်တစ်ဆုပ်စာမျှသာ ရှိပြီး ယခုအခါ ထိုအထဲမှ တစ်ယောက် သေဆုံး သွားခဲ့လေပြီ။
ကျင့်ကြံသူများ အနေဖြင့် ပုန်ကန် ထကြွခြင်းနှင့် သေဆုံးခြင်းများမှာ သာမန် ကိစ္စများသာ ဖြစ်သော်ငြား ကိုယ်တိုင် ကြုံတွေ့လာရချိန်တွင်မူ လက်လွှတ်ရက်ဖို့ ခက်ခဲလှပေသည်။ မည်သို့ပင် ဆိုစေကာမူ သူတို့ လုပ်နိုင်သည့်အရာ ဘာမှ မရှိချေ။
ချန်ရိမင်က ထွက်မသွားတော့ဘဲ ချောက်ကမ်းပါး အစွန်းတွင် သူ့ ကိုယ်ပိုင် နေအိမ် တစ်လုံး ဖန်တီးလိုက်၏။ သူက ထိုနေရာတွင် ဆက်လက် ကျင့်ကြံရန် ပြင်ဆင်နေသည်။ သူ့စကား အရဆိုလျှင် အစွမ်း မထက်လာမချင်း ကျင့်ကြံနေခြင်းကို ရပ်တန့်မည် မဟုတ် ဟု ဆိုပေသည်။
ထိုနေ့ညက ကျန်းမင် တစ်ယောက် ယင်ယန် ညီမငယ်လေးနှင့် အတူ ညစာ စားခဲ့၏။
ဧရာမ စားပွဲကြီး ပေါ်ရှိ ဟင်းလျာ မျိုးစုံ အတွက် အသုံးပြုထားသော ပါဝင်ပစ္စည်းများမှာ ကောင်းကင်တွင် ပျံသန်းနေသော အရာများ၊ မြေကြီး အောက်တွင် ပုန်းအောင်း နေသော အရာများနှင့် ရေထဲတွင် ကူးခတ် နေသော အရာများ ဖြစ်ကြသည်။ ဟင်းလျာ တစ်ခွက်စီတိုင်းက တောက်ပသော အလင်းရောင်များ ထွက်ပေါ်နေပြီး မွှေးကြိုင်သော ရနံ့များကလည်း လူတိုင်း၏ နှာခေါင်းကို ဆွဲဆောင် နေပေသည်။
ထို့အပြင် လှပသော မိန်းမပျိုလေး တစ်ဦး၏ အဖော်ပြုမှုပါ ပါဝင်နေသေး၏။ ၎င်းမှာ တကယ့်ကို အရသာရှိသော အစားအစာ တစ်နပ်ပင်။
"အစ်ကိုကြီး... ဒါတွေက တကယ်ကို အရသာ ရှိတာပဲ" ယင်ယန် လင်းလုံက သူမ၏ အစားအစာကို ပျော်ရွှင်စွာ စားသုံးရင်း တောင်းဆိုလာသည်။ "ငါ နေ့တိုင်း ဒါမျိုး စားချင်တယ်"
"ကောင်းပါပြီ... တစ်နေ့ သုံးနပ် စားမယ် ဆိုရင်တောင် ပြဿနာ မရှိပါဘူး"
"အစ်ကိုကြီးက အကောင်းဆုံးပဲ"
"ဟားဟား... သေချာတာပေါ့"
"အစ်ကိုကြီး... ငါတို့ လေ့ကျင့်မှုတွေ ဆက်လုပ်ဖို့ မြန်မြန် စားလိုက်ပါ"
"လေ့ကျင့်မှု ဟုတ်လား"
"ဟုတ်တယ်လေ... ကုတင်ပေါ်က လေ့ကျင့်မှုပေါ့"
ထိုအဖြေကို ကြားလိုက်ရသဖြင့် ကျန်းမင် ချောင်းဆိုး သွားရချေ၏။
"ယင် နဲ့ ယန် ဆိုတာ လူ့လောကရဲ့ မဟာ တာအိုတွေပဲ... အစ်ကိုကြီးက ယန် ဖြစ်ပြီး ညီမက ယင် လေ... ယင် နဲ့ ယန် ရဲ့ သဟဇာတ ဖြစ်မှုက တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ဖြည့်ဆည်းပေးပြီး တကယ့်ကို ကောင်းမွန်တဲ့ ကံတရား တစ်ခုပဲ... 'တပ်မက်ခြင်းနဲ့ အငမ်းမရ စားသောက်ခြင်း' ဆိုတာ လူတွေရဲ့ အပြစ်တရားတွေ ဖြစ်သလို ကောင်းမြတ်တဲ့ အရာတွေလည်း ဖြစ်တယ် ဆိုတဲ့ စကားပုံ တစ်ခု ရှိတယ် မဟုတ်လား... ကျေနပ်ဖွယ် အစားအစာ တစ်နပ် စားပြီးနောက်မှာ ယင်ယန်ရဲ့ လျှို့ဝှက်ချက်တွေကို နားလည် သဘောပေါက်အောင် လုပ်တာက မဟာတာအိုရဲ့ သဘာဝ လမ်းစဉ်ပဲလေ"
"မင်းက တကယ့် ပါးစပ်သရမ်းတဲ့ ကောင်မလေးပဲ... နေပါဦး... တစ်ခုခုတော့ မှားနေပြီ... ဘာလို့ မင်းတို့ တစ်ယောက်ချင်းစီမှာ မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ရှိနေတယ်လို့ ငါ ခံစားနေရတာလဲ... ကိုယ်ပွားတွေ အားလုံးရဲ့ ကိုယ်ရည်ကိုယ်သွေး ကလည်း မူလ ပိုင်ရှင် အတိုင်းပဲ ဖြစ်ရမယ် မဟုတ်ဘူးလား"
"အစ်ကိုကြီး... အဲ့ဒါက မှားနေတာပဲ... ညီမတို့ရဲ့ စရိုက်လက္ခဏာ ဖွဲ့စည်းမှုမှာ မွေးရာပါ အချက်တွေ ဖြစ်တဲ့ အစစ်အမှန် သွေးသား ခန္ဓာကိုယ်ရဲ့ ပုံဖော်မှုတွေ ပါဝင်သလို နေထိုင်ရတဲ့ ပတ်ဝန်းကျင်လိုမျိုး ရရှိလာတဲ့ အချက်တွေလည်း ပါဝင်တယ်လေ... ညီမက အသစ် ဖွဲ့စည်းထားတဲ့ ခန္ဓာကိုယ် ရှိတာမို့ သဘာဝ အလျောက် လွှမ်းမိုးမှု ခံရပြီး ထူးခြားတဲ့ ကိုယ်ရည်ကိုယ်သွေး တစ်ခု ဖြစ်လာတာပေါ့... စိတ်မပူပါနဲ့ အစ်ကိုကြီးရယ်... ငါတို့ အားလုံးက မူလ ပိုင်ရှင်ရဲ့ ကိုယ်ပွားတွေ ဖြစ်ပြီး ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် တကယ် လွတ်လပ်တဲ့ သူတွေ ဖြစ်လာမှာ မဟုတ်ပါဘူး"
"မင်းကိုယ်မင်း ထိန်းချုပ်နိုင်သရွေ့တော့ အရာအားလုံး အဆင်ပြေပါတယ်"
"ဟီးဟီး... အစ်ကိုကြီး စားလို့ ပြီးပြီ ဆိုရင် သွားကြစို့... အစ်ကိုကြီး ဒီညတော့ ငါ့အပိုင်ပဲ... ဒါပေမဲ့ မနက်ဖြန် ဆိုရင်တော့ ညီမအလှည့် မဟုတ်တော့ဘူး..."
"ငါ... ငါ... ဘာလို့ ဒီလောက်တောင် အနေရခက် နေရတာလဲ"
"အစ်ကိုကြီးက ကံကောင်းချင် နေတာကိုး... နေ့တိုင်း မတူညီတဲ့ အဖော်တွေ၊ ညတိုင်း မတူညီတဲ့ လက်တွဲဖော်တွေလေ"
ကျန်းမင် စကားများ ဆွံ့အ သွားရချေသည်။
ရုတ်တရက် စနစ်၏ သတိပေးသံ ထွက်ပေါ်လာ၏။
[ဒင် - ယင်ယန် အစားအစာ တစ်နပ်ကို အငမ်းမရ စားသုံးခဲ့သည့် အတွက် အိမ်ရှင်ကို ဂုဏ်ပြုပါသည်။ ပုလင်း တစ်ပုလင်းနှင့် အနက် နှင့် အဖြူ ဇာပေါက် ခြေအိတ်ရှည် တစ်စုံဖြင့် ဆုချီးမြှင့် ခံရပါသည်။]
ကျန်းမင် တစ်ယောက် စားလက်စ အစာများပင် နင်သွားလုနီးပါး ဖြစ်သွား၏။
'သေစမ်း... ဒီလို ဆုလာဘ်မျိုးတောင် ထွက်လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ... မင်းက ငါ့ကို ငတုံးများ မှတ်နေလား'
ကျန်းမင်က လက်တစ်ဖက် ဝှေ့ယမ်း၍ အိမ်တော်ကို ချိတ်ပိတ်လိုက်ပြီးနောက် ယင်ယန် လင်းလုံကို ပွေ့ချီကာ သူ့အခန်းထဲသို့ ဝင်သွားတော့သည်။
တောင်ပိုင်း ဒေသရှိ တောင်တစ်လုံး အထက်တွင် ရုတ်တရက် နားကွဲမတတ် ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာ၏。
"ကြောက်မက်ဖွယ် ရောင်ဝါ လှိုင်းလုံးကြီး တစ်ခုက တောင်ထွတ် ပေါ်ကနေ အရပ်မျက်နှာ အနှံ့အပြားကို ရိုင်းစိုင်းစွာ ပြန့်နှံ့ သွားတယ်... တာအို စွမ်းအားတွေ တဖြည်းဖြည်း ရုပ်လုံး ပေါ်လာတာနဲ့ အမျှ အဲ့ဒီ တုန်ခါနေတဲ့ စွမ်းအားတွေက လေထဲကို ဖြတ်သန်း သွားပြီး တောင်ကြီးက ဒီလို စွမ်းအားမျိုးကို မခံနိုင်တော့ဘဲ ပြိုကျ သွားတော့တယ်..."
"ဟားဟား... ငါ နောက်ဆုံးတော့ အန္တိမအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီ"
ဂူထဲမှ ကျယ်လောင်သော ရယ်မောသံကြီး တစ်ခု ထွက်ပေါ်လာသည်။
တောင့်တင်း သန်မာသော လူလတ်ပိုင်း တစ်ယောက် လေထဲသို့ ပျံတက် လာပြီးနောက် ဖုန်မှုန့်များနှင့် မြူခိုးများကို ဖိနှိပ်ကာ အခြား တောင်တစ်လုံး အပေါ်သို့ ဆင်းသက် လာခဲ့၏။ သူ့ခန္ဓာကိုယ်မှ နိယာမများကို ကွေးညွတ်စေနိုင်ပြီး အတိုင်းအဆမဲ့ တာအိုများကို ဖိနှိပ်နိုင်စွမ်း ရှိသည့် ကြမ်းတမ်းသော ရောင်ဝါ တစ်ခု ဖြာထွက်နေပေသည်။
ထိုအခိုက်အတန့်တွင် သူက ရုတ်တရက် စူးစူးဝါးဝါး အော်ဟစ်လိုက်၏။ မျက်နှာ အပေါက်များမှ သွေးများ ပန်းထွက် လာပြီး မီးမြွေများ အသွင် ပြောင်းလဲ သွားကာ သူ့လက်မောင်းများဖြင့် ခေါင်းကို ဆုပ်ကိုင်၍ နာကျင်စွာ အော်ဟစ် နေတော့သည်။ အတိုင်းအဆမဲ့ စွမ်းအင်များက ပတ်ဝန်းကျင်သို့ ဖြာထွက် သွားပြီး အရာအားလုံးကို ဖျက်ဆီး ပစ်လိုက်၏။ အောက်ဘက်ရှိ တောင်များပင် ထိုစွမ်းအားများ ကြောင့် ပြိုကျ သွားချေသည်။
"ဒါ ဘယ်သူလဲ... မင်းက ဘယ်သူလဲ... ဘာလို့ ငါ့သွေးကြောထဲ ရောက်နေရတာလဲ... ဘာလို့ ငါ့ရဲ့ သုခဘုံမသိစိတ်ထဲမှာ ထွက်ပေါ်လာရတာလဲ"
"သေစမ်း... မင်းက ငါ့ကို နေရာလုချင် နေတာလား"
သူက အဆက်မပြတ် အော်ဟစ်နေခဲ့၏။
သို့သော် အချိန်တို အတွင်းမှာပင် သူ့ အော်ဟစ်သံများ ရပ်တန့် သွားပြီး လွှမ်းမိုးနိုင်စွမ်း ရှိသော ဟန်ပန်ဖြင့် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။ သူ့မျက်လုံးများက လောကကြီးကို စိုးမိုး ခြယ်လှယ်လိုသော အကြည့်ဖြင့် စိုက်ကြည့်နေတော့၏။
"ငါ မိစ္ဆာ ဘုရင်ကြီး နောက်ဆုံးတော့ ပြန်လည် မွေးဖွားလာခဲ့ပြီ"
သူက လက်နှစ်ဖက်ကို နောက်ပစ်လိုက်ပြီး ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင် အမြောက်အများကို ရှူသွင်းလိုက်သည်။ ထိုသည်က အဆင့်တက်ပြီးနောက် သူ့ခန္ဓာကိုယ်၏ စွမ်းအားကို အဆုံးအစ မရှိသည့် အလား ဆက်လက် တိုးတက် မြင့်မား လာစေ၏。
"သွေးကြော မိစ္ဆာမျိုးစေ့ ကိုးခုရှိတဲ့ အထဲက ဒီတစ်ခုပဲ ကျန်တော့တာလား" မိစ္ဆာ ဘုရင်က သက်ပြင်းချလိုက်သည်။ "တစ်ခုဆိုရင်လည်း အဆင်ပြေပါတယ်လေ"
"ဒါပေမဲ့..." သူက ခေါင်းမော့၍ ကောင်းကင်ကို ငေးကြည့် လိုက်ရာ ကောင်းကင်နှင့် မြေကြီး အနှံ့ လွှမ်းခြုံနေသော အတိုင်းအဆမဲ့ သေမင်းတမန် ရောင်ဝါများ၊ အသက်ရှူ ကြပ်ဖွယ်ရာများ၊ နာကြည်းချက်များနှင့် ကျိန်စာများကို ခံစားလိုက်ရ၏။ သူ မျက်မှောင် မကြုတ်ဘဲ မနေနိုင်တော့ချေ။
"ဒီလောကကြီးက ဘာလို့ ဒီလောက်တောင် ပျက်စီး ယိုယွင်း နေသလို ခံစားနေရတာလဲ... ဒီလို မဖြစ်သင့်ဘူးလေ... ဒီမှာ ဘာတွေ ဖြစ်ခဲ့တာလဲ... စတင်တော့မှာများလား"
သူ မျက်လုံး မှိတ်လိုက်ပြီး သူ့ ခန္ဓာကိုယ် မှတ်ဉာဏ်များကို ဖြည်းညှင်းစွာ စုပ်ယူလိုက်သည်။
"မြောက်ပိုင်း ဒေသ... ပြင်ပ မိစ္ဆာတွေရဲ့ ကျူးကျော်မှုကို ခံခဲ့ရပေမဲ့ လူတစ်ယောက်တည်းက အကုန်လုံးကို သတ်ပစ်ခဲ့တယ်... ပြီးတော့ မုခ်ဦးကိုတောင် ဖျက်ဆီးပစ်ခဲ့တယ် ဟုတ်လား... အနည်းဆုံး အဆင့် ၁၀ ကျွမ်းကျင်သူ ထောင်ပေါင်းများစွာ အသတ် ခံလိုက်ရတယ်..."
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"ပြင်ပ နယ်မြေတွေက လူတွေက မတူညီတဲ့ နေရာတွေကို ဆင်းသက် လာခဲ့ကြတယ်... လူသားတွေက ကမ္ဘာပျက်မယ့် အကြောင်း ကောလာဟလတွေ ဖြန့်နေကြတယ်... အဲ့ဒီ အဖွဲ့အစည်းများ ဖြစ်နေမလား... ဒါက တကယ်ကို ဒုက္ခပဲ..."
"ဘာလို့ ဒီလောကကြီးက ဒီလောက်တောင် ပြောင်းလဲ သွားရတာလဲ"
"ငါ့ရဲ့ အသွင်ပြောင်း ထားတဲ့ လက်ရှိ မိစ္ဆာ ခန္ဓာကိုယ်နဲ့ ဆိုရင်တော့ ဒီကိစ္စကို ဖြေရှင်းဖို့ ခက်ခဲလိမ့်မယ်လို့ ထင်တယ်... ငါ အရင်ဆုံး ပစ္စည်း တချို့ စုဆောင်းပြီး လူတချို့ကို စုစည်းရမယ်... နှစ်သန်းပေါင်း ရာချီ စောင့်ဆိုင်း ခဲ့ရပြီးမှတော့ လောကကြီး ပျက်စီး သွားရင်တောင် ဒီတစ်ခါတော့ ဘာပဲဖြစ်ဖြစ် အသေအချာ စုံစမ်း ဖော်ထုတ်ပစ်မယ်"
လျင်မြန်သော လှုပ်ရှားမှု တစ်ခုနှင့် အတူ မိစ္ဆာ ဘုရင်မှာ အရိပ်အယောင်မျှပင် မချန်ရစ်ဘဲ ဖျတ်ခနဲ ပျောက်ကွယ် သွားတော့၏。
အလယ်ပိုင်း ပြည်နယ်၊ ထျန်းယွမ် ကျောင်းတော် တွင်တော့...
လူတစ်ယောက်က တားမြစ် နယ်မြေ အတွင်းရှိ အချိန် အခန်းထဲမှ ထွက်လာခဲ့သည်။ ထိုသူမှာ တခြားသူ မဟုတ်ဘဲ ထျန်းစစ်ပင်။ ဤတစ်ကြိမ်တွင်မူ သူ့ထံ၌ ကြီးမားသော အပြောင်းအလဲ များစွာ ဖြစ်ပေါ်နေခဲ့ချေပြီ။
သူ့မျက်လုံးများက နွံအိုင်များလို နက်ရှိုင်း နေပြီး သူ့ ရောင်ဝါက တွင်းနက်ကြီး တစ်ခုနှင့် တူနေ၏။ သူက လက်နှစ်ဖက်ကို နောက်ပစ်လျက် ညကောင်းကင်ယံကို ငေးကြည့် နေပြီး သူ့ တည်ငြိမ်နေသော မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာ တစ်ခု ရုတ်တရက် ဖြတ်ပြေး သွားသည်။
"ငါ့ရဲ့ ကျင့်ကြံခြင်း စုဆောင်းမှုက အမြဲတမ်း လုံလောက် နေခဲ့တာပဲ... ဇီလင်းလုံကို နောက်ဆုံး အကြိမ် ရှုံးနိမ့် ခဲ့တာက ငါ့ကို အလင်းနဲ့ အမှောင် တာအို အကြောင်း နားလည် သဘောပေါက် စေခဲ့တယ်... ဒီတစ်ခါ အချိန် ခန်းမထဲမှာ ငါ့ကိုယ်ငါ ပိတ်လှောင်ပြီး ကျင့်ကြံ ခဲ့တာက အဆင့် တချို့ကို ကျော်ဖြတ် နိုင်ခဲ့ပြီး နောက်ဆုံးတော့ သုခဘုံ အဆင့်ကို ရောက်ရှိ သွားခဲ့ပြီပဲ... ငါ့ရဲ့ အတိတ် မှတ်ဉာဏ်တွေ နိုးထ လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ... အင်မော်တယ် စစ်သူကြီး... ဟား... ငါက အင်မော်တယ် စစ်သူကြီး တစ်ပါးပဲ"
"အင်မော်တယ် ဝိညာဉ် တစ်စပဲ ကျန်တော့ပြီး ဒီလောကကြီးထဲကို တာဝန် တစ်ခုနဲ့ အတူ စေလွှတ် ခံခဲ့ရတာပဲ..."
"ရွှေရောင် ကောင်းကင် လမ်းစဉ်..."
"လျှို့ဝှက်ဆန်းကြယ် အလင်းဓားက တကယ်ပဲ လုယူ ခံလိုက်ရတာလား... ဒီလောကထဲမှာ ဘယ်သူကများ ဒီလို အရာမျိုးကို လုယူနိုင်စွမ်း ရှိမှာလဲ... ဘယ်သူလဲ"
"ငါ့ရဲ့ မှတ်ဉာဏ်တွေ နိုးထ လာတာရယ် ရှေးဟောင်း အင်အားစု တွေထဲက တစ်ခု ဖြစ်တဲ့ ဒီထျန်းယွမ် ကျောင်းတော်မှာ ရောက်နေတာရယ် ပေါင်းလိုက်ရင် အရင်းအမြစ်တွေ အတွက် ပူစရာ မလိုတော့ဘူး... ငါ အချိန်တို အတွင်း အကြို အင်မော်တယ် အဆင့်ကို တက်လှမ်းနိုင်ပြီး အစီအစဉ်တွေ စဆွဲလို့ ရပြီ"
"ဒီတစ်ခါတော့ လျှို့ဝှက်ချက်ကို မဖြစ်မနေ ဖော်ထုတ်ပစ်မယ်" ထျန်းစစ် ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်နှင့် အလင်းရောင်များ ပုံပျက် သွားပြီး သူလည်း အရိပ်အယောင်မျှပင် မချန်ရစ်ဘဲ ပျောက်ကွယ် သွားတော့၏。
မျက်တောင် တစ်ခတ် အတွင်းမှာပင် ၁၀ ရက် ကုန်ဆုံး သွားခဲ့လေပြီ။
မနက်ဖြန် ဆိုလျှင် မဟာကျိုး ပြက္ခဒိန်၏ နှစ်ပေါင်း ၁၀,၀၀၀ ပြည့် အစပျိုးတော့မည် ဖြစ်၏။ ယခုနှစ်၏ နောက်ဆုံး ညတွင် ကျန်းမင်က အမိုးပေါ်၌ ရပ်လျက် ဝိညာဉ် စိုက်ခင်းကို ငေးကြည့် နေပေသည်။
ဇီလင်းလုံ၏ အစစ်အမှန် ခန္ဓာကိုယ်မှာ သူမ၏ ကိုယ်ပွား အချို့ ဝန်းရံလျက် ဝိညာဉ် တောင်ထွတ်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေပြီး သူတို့ အားလုံး၏ ကျင့်ကြံခြင်း များမှာလည်း တစ်ဟုန်ထိုး တက်နေကြ၏။ သူမ၏ အစစ်အမှန် ခန္ဓာကိုယ် အတွက်မူ ပို၍ပင် မြန်ဆန်နေသေးသည်။ မွေးရာပါ သူတော်စင် တာအို ခန္ဓာကိုယ်၊ ကြီးမြတ်သော ရုပ်ပိုင်းဆိုင်ရာနှင့် အတိုင်းအဆမဲ့ တာအို အတက်အကျများကို ပိုင်ဆိုင်ထားသည် မဟုတ်ပါလား။
အဆင့်မြင့် မှတ်ဉာဏ်များ၏ ကောင်းချီးပေးမှုနှင့် အတူ သူမ၏ အဓိက ကျင့်ကြံခြင်း ဖြစ်သော ဓား တာအိုမှာလည်း လျင်မြန်စွာ မြင့်တက် နေပေသည်။ ဟင်းလင်းပြင်၊ အချိန်၊ ဓာတ်ကြီးငါးပါး၊ ယင်ယန်နှင့် အခြား သမ္ဗောဓိဉာဏ်များကို နားလည် သဘောပေါက်ရန် မလိုအပ်တော့သဖြင့် သူမ၏ တိုးတက်မှုကို ကန့်သတ်ထားသည့် အရာ ဘာမှ မရှိတော့ချေ။
သူမ၏ ကျင့်ကြံခြင်းမှာ နေ့စဉ်နှင့်အမျှ အဆင့် တစ်ခုပြီး တစ်ခု ကျော်ဖြတ် နေသကဲ့သို့ လျင်မြန်စွာ တိုးတက် နေပေသည်။
သူမက ဝိညာဉ် တောင်ထွတ်များမှ အဆုံးမဲ့ ဝိညာဉ်ချီများကို ထုတ်ယူကာ သူမ၏ ခန္ဓာကိုယ် အတွင်းသို့ ပေါင်းစပ် ထည့်သွင်း လိုက်သည်။ ထို့အပြင် သူမ၏ သူတော်စင် တာအို ခန္ဓာကိုယ်နှင့် ကိုက်ညီသော ကာမ ကျင့်ကြံခြင်း နည်းစနစ်ကိုပါ လေ့ကျင့်နေသဖြင့် မည်သူမှ စိတ်ကူးမယဉ်နိုင်အောင်ပင် သူမ၏ ကျင့်ကြံခြင်းကို အရှိန်မြှင့်တင် ပေးနေလေပြီ။
တာအို မျိုးစေ့နှင့် မူလဝိညာဉ် အဆင့်များကို အရှိန်အဟုန်ဖြင့် ကျော်ဖြတ်ကာ ၁၀ ရက် အတွင်းမှာပင် ကနဦးဝိညာဉ် အဆင့်သို့ တက်လှမ်း သွားခဲ့ခြင်းမှာ တကယ့်ကို အံ့မခန်းပင်။
ကျန်းမင် ကိုယ်တိုင်ပင် သူမ၏ တိုးတက်မှု အပေါ် အံ့အားသင့် သွားပြီး မှတ်ချက်ချလိုက်သည်။
"တာအို တစ်ခုတည်းကို အဓိကထား ကျင့်ကြံတာရယ် လုံလောက်တဲ့ အရင်းအမြစ်တွေ ရှိနေတာရယ် ပေါင်းလိုက်တော့ ညီမငယ်လေးရဲ့ ကျင့်ကြံခြင်း အမြန်နှုန်းက တကယ်ကို ကြောက်စရာ ကောင်းနေတာပဲ... သူမက ကံကြမ္မာရဲ့ သမီးတော်၊ ကံကောင်းခြင်းရဲ့ သမီးတော် နဲ့ လောကကြီးရဲ့ သမီးတော် ဖြစ်ရမယ်... ငါ့ဆီမှာသာ စနစ် မရှိခဲ့ရင် သူမနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်ပါ့မလဲ"
ဝိညာဉ်ချီ မြစ်ကြီး အသွယ်သွယ်က ဇီလင်းလုံ၏ ပတ်ပတ်လည်တွင် ထွက်ပေါ်လာပြီး သူမ၏ ခန္ဓာကိုယ် အတွင်းသို့ အဆက်မပြတ် စီးဝင် ပေါင်းစပ် သွားသည်ကို သူ တွေ့လိုက်ရသည်။ သူမက အရာအားလုံးကို အဆက်မပြတ် မျိုချနေသည့် တွင်းနက်ကြီး တစ်ခုနှင့်ပင် တူနေတော့၏。
"သူသာ အပြင်လောကမှာ ကျင့်ကြံနေတာ ဆိုရင် လက်ဖက်ရည် တစ်ခွက် သောက်တဲ့ အချိန် အတွင်းမှာတင် ဂိုဏ်းထဲက ဝိညာဉ်ချီတွေကို အကုန်လုံး စုပ်ယူပစ်လိုက်မှာ သေချာတယ်..." ကျန်းမင် ခေါင်းခါယမ်း၍ ရယ်မောလိုက်သည်။
'သုခဘုံ အဆင့်ကများ ညီမငယ်လေးရဲ့ ခရီးစဉ်ကို တားဆီးနိုင်မလား မသိဘူး...'
ကျန်းမင် ထိုအကြောင်းကို စဉ်းစားနေစဉ် လင်းလုံ၏ ခေါင်းထက်ရှိ လေဟာပြင်မှာ ပုံပျက်သွားပြီး အရိပ် တစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။ ထို့နောက် ထိုအရိပ်က အတိုင်းအဆမဲ့ ဓားစွမ်းအင်များဖြင့် ပြည့်နှက်နေသော ဟင်းလင်းပြင် တစ်ခု အဖြစ် ဆက်လက် ပြောင်းလဲ သွားတော့သည်။
ဤကဲ့သို့သော ထူးခြားသည့် ပုံစံပြောင်းလဲမှုမှာ ပရဒိသု အဆင့်၏ ပုံရိပ်ယောင် ဖြစ်ကြောင်း ထင်ရှားလှပေသည်။
"ဒါက..." ကျန်းမင် အနေဖြင့် စကားလုံးများ ဆွံ့အ သွားပြီး လုံးဝ အံ့အားသင့် သွားရချေပြီ။
'အရင်တုန်းက မတူညီတဲ့ သမ္ဗောဓိဉာဏ် အမျိုးမျိုးကို ကျင့်ကြံနေတာရယ် ဝိညာဉ် သလင်းကျောက်တွေနဲ့ တခြား အရင်းအမြစ်တွေ လုံလုံလောက်လောက် မရတာရယ်က ညီမငယ်လေးရဲ့ တိုးတက်မှုကို ကန့်သတ်ထားခဲ့တာပဲ... အခု သူမက တာအို တစ်ခုတည်းကို အဓိကထား ကျင့်ကြံနေပြီ ဆိုတော့ ကောင်းကင် ကိုးထပ် အထိ ပဲ့တင်ထပ်သွားလောက်တဲ့ အစစ်အမှန် ဖီးနစ်ငှက် တစ်ကောင် ဖြစ်လာပြီပဲ... ဒါမှမဟုတ်ရင်လည်း...'
ကျန်းမင် နောက်ထပ် ဖြစ်နိုင်ချေ တစ်ခုကို တွေးမိသွား၏။
"ငါကများ သူမရဲ့ ကန့်သတ်ချက်ကို မတော်တဆ ဖောက်ထွင်း ပစ်လိုက်မိတာများလား"
***