ယာဉ်မောင်းမှာ နေရာမှာတင် အေးခဲသွားလေသည်။
လီယီတောင်းမှာမူ ပို၍ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရ၏။
" လခွီး... ဒီလိုဖြစ်မယ်မှန်း သိရင် ငါ့ကိုယ်ငါ ထိုးလိုက်မှာ မဟုတ်ဘူး... "
သူ တိုးတိုးလေး ကျိန်ဆဲလိုက်သည်။
တစ်ဖက်လူက ဒီလို အခြေအနေမျိုးမှန်း သူ ကြိုသိခဲ့မယ် ဆိုရင်...
တစ်ဖက်လူရဲ့ ပုံရိပ်ကို အေးခဲသွားအောင် လုပ်ပြီး သူ့အသိစိတ်ကို တိုက်စားမခံရအောင် တားဆီးနိုင်မယ်မှန်း သူ သိခဲ့မယ် ဆိုရင်...
ဘာလို့ သူ ဒီလို လုပ်ခဲ့ရမှာလဲ...။
သူ့ကိုယ်သူ ဓားနဲ့ ထိုးရုံတင် မကဘူး လှည့်တောင် လှည့်လိုက်သေးတယ်...။
ပေါင်ကို ဓားမြှောင်နဲ့ အထိုးခံရတာ ဘယ်လောက် နာမလဲ ဆိုတာ စဉ်းစားသာ ကြည့်ပါတော့...။
ပြီးတော့ အဲဒီ ဓားမြှောင်ကို ထပ်လှည့်လိုက်တာ... ဘယ်လောက်တောင် နာကျင်လိုက်မလဲ...။
သေစမ်း...။
ဒါပေမဲ့ အရာအားလုံးက အဆင်ပြေသွားပါပြီ...။
အနည်းဆုံးတော့ လီယီတောင်းက ပြိုင်ဘက်ကို ထိန်းချုပ်နိုင်ခဲ့ပြီး သူ့ကိုယ်သူ သေဘေး အန္တရာယ်ကနေ ကာကွယ်နိုင်ခဲ့တယ်လေ...။
သို့သော် အကျပ်အတည်းက ယာယီ ပြီးဆုံးသွားပြီဟုသာ ဆိုနိုင်ပေသည်။
ဒါပေမဲ့ တကယ့် အန္တရာယ်က ရှိနေတုန်းပဲ...။
တခြား ဘာမှ မပြောနဲ့ဦး...။
ပတ်ဝန်းကျင်မှာ ရှိနေဆဲ ဖြစ်တဲ့ အတားအဆီးက အကြီးမားဆုံး ခြိမ်းခြောက်မှုပဲ...။
အိမ်ထဲမှာ တခြား ဘယ်လို အန္တရာယ်တွေ ပုန်းအောင်းနေသေးလဲ ဆိုတာ ဘယ်သူ သိနိုင်မှာလဲ...။
တစ်ဖက်လူက ဒီတစ်ခုတည်း ပြင်ဆင်ထားတာ မဟုတ်ဘူး ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောထားပြီးသားလေ...။
နောက်ထပ် အချက်တစ်ခုကတော့...
လီယီတောင်း သတိထားမိလိုက်တယ်...။
ဒီအချိန်မှာ ယာဉ်မောင်းရဲ့ နောက်ကွယ်က ဝမ်ရှင်းယွဲ့ ရဲ့ ဝိညာဉ်က ကွဲပြားနေတယ်...။
အရင်ကလို ထုံထိုင်းနေတဲ့ အခြေအနေမျိုး မဟုတ်တော့ဘူး...။
သူမရဲ့ မျက်လုံးတွေက ဒေါသတွေ၊ ရူးသွပ်မှုတွေနဲ့ ပြည့်နှက်နေတယ်...။
သူမက ယာဉ်မောင်း ရှိတဲ့ နေရာကို စိုက်ကြည့်နေတယ်... အဲဒါတင် မကသေးဘူး... လီယီတောင်းကိုလည်း ဒေါသတကြီး ကြည့်နေတယ်...။
သူ တကယ်ကို သံသယ ဝင်မိတယ်...။
တကယ်လို့ သူမသာ အခု ရူးသွပ်သွားမယ် ဆိုရင်... သူ့ကိုပါ သေချာပေါက် အတူတူ ခေါ်သွားလိမ့်မယ်...။
သေချာတာပေါ့... ဒါက တင်စားပြောတာပါ...။
လီယီတောင်း အတွက်ကတော့ သေမင်းဓားသွား စွမ်းရည်နဲ့ ဝိညာဉ် ဖမ်းယူခြင်း စွမ်းရည်တွေ ရှိနေသေးတယ်လေ...။
တစ်ဖက်လူက သူ့ကို အန္တရာယ် ပေးချင်ရင်တောင် မဖြစ်နိုင်သေးပါဘူး...။
သူ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည်။
သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းလိုက်၏။
" မင်း နာကြည်းနေတယ် ဆိုတာ ငါ သိပါတယ်... "
" ဒါပေမဲ့ မင်း နားလည်သင့်တယ်... ဒီယာဉ်မောင်းက သေသင့်တယ် ဆိုရင်တောင် သူ့နောက်ကွယ်က ကြိုးကိုင်ရှင်က ပိုပြီးတော့တောင် သေသင့်သေးတယ်... "
" တကယ်လို့ မင်း သူ့ကို အခု သတ်လိုက်ရင်... နောက်ကျရင် တကယ့် လူသတ်သမား အစစ်ကို ရှာပြီး လက်စားချေဖို့ အခွင့်အရေး ရချင်မှ ရတော့မှာ... "
လီယီတောင်း၏ တည်ငြိမ်သော စကားများကြောင့် ဝမ်ရှင်းယွဲ့ မှင်သက်သွားလေသည်။
ထို့နောက် သူမ၏ မျက်နှာထားက တဖြည်းဖြည်း တည်ငြိမ်လာ၏။
တစ်ဖက်လူ၏ မျက်နှာ အမူအရာကို မြင်သောအခါ လီယီတောင်း စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
သူ့စကားတွေ အလုပ်ဖြစ်သွားပြီ ဆိုတာကို သူ သိလိုက်တယ်လေ...။
" သတ်... ချန်... "
အက်ကွဲပြီး အနည်းငယ် အေးစက်နေသော စကားလုံးများက ဝမ်ရှင်းယွဲ့၏ အသံမှ ထွက်ပေါ်လာလေသည်။
သူမ ဘယ်လို စွမ်းရည်မျိုး သုံးနေလဲ ဆိုတာကို လီယီတောင်း စဉ်းစားလို့ မရဘူး...။
ဒါပေမဲ့ သူမ စကားတွေရဲ့ နောက်ကွယ်က အဓိပ္ပာယ်ကိုတော့ သူ တကယ် နားလည်ပါတယ်...။
ချန်...။
သတ်...။
အဲဒါ ဘာကို ကိုယ်စားပြုတာလဲ...။
အဲဒါ ဝမ်ချန် ပဲ...။
စကားများတဲ့ မင်းသားလေးကို ဝမ်ချန် လို့ ခေါ်တာလေ...။
သူမ သိတယ်...။
သူမ အကုန်လုံးကို သိတယ်...။
သူမ သေရတာ ဝမ်ချန် ကြောင့် ဆိုတာကိုလေ...။
သူမ ဘာပြောနေလဲ ဆိုတာကို လီယီတောင်း သိပါသည်။
သူ့ရဲ့ ယာယီ မစ်ရှင် တစ်ဝက်တောင် ပြီးသွားပြီလေ...။
ကျန်တာကတော့ ဝမ်ရှင်းယွဲ့ကို စကားများတဲ့ မင်းသားလေး နဲ့ ဘယ်လို ရင်ဆိုင်ရမလဲ ဆိုတာကို သူ ဘယ်လို ဖျောင်းဖျမလဲ ဆိုတာ အပေါ်မှာပဲ မူတည်တော့တယ်...။
အစကတော့ လီယီတောင်း အကျပ်ရိုက်နေခဲ့တာ...။ ဝိညာဉ် တစ်ခုကို သက်ရှိ လူတစ်ယောက်နဲ့ ဘယ်လို ထိပ်တိုက် ရင်ဆိုင်ခိုင်းရမလဲ ဆိုတာကို သူ မသိခဲ့ဘူးလေ...။
ဒါပေမဲ့ အခုတော့ သူ နည်းလမ်း တစ်ခု စဉ်းစားမိသွားပြီ...။
ငြိမ်ကျနေတဲ့ ယာဉ်မောင်းကို သူ ကြည့်လိုက်တယ်...။
သူ့အကြံက ဝမ်ရှင်းယွဲ့ကို ယာဉ်မောင်းရဲ့ ခန္ဓာကိုယ်ထဲ ဝင်ခိုင်းဖို့ပဲ...။
ယာဉ်မောင်းကို ထိန်းချုပ်ပြီး သူ့ကို ရင်ဆိုင်ခိုင်းဖို့ပေါ့...။
အဲဒီလို ဆိုရင် အရာအားလုံးက ရိုးရှင်းသွားပြီလေ...။
ဒါက ယာဉ်မောင်းကို လက်ရှိ ဝိညာဉ်က ထိန်းချုပ်ထားတယ် ဆိုတာ သတိထားမိချိန်မှာ သူ စဉ်းစားမိခဲ့တဲ့ နည်းလမ်း တစ်ခုလည်း ဖြစ်တယ်...။
ယာဉ်မောင်းရဲ့ ခန္ဓာကိုယ်ကို တခြားသူတွေ ထိန်းချုပ်နိုင်မှတော့... ဝမ်ရှင်းယွဲ့ လည်းထိန်းချုပ်နိုင်မှာပေါ့...။
ဝမ်ရှင်းယွဲ့ ရဲ့ ဝိညာဉ်က သူ့ရဲ့ ဝိညာဉ် စုစည်းခြင်း အောက်မှာ အပြည့်စုံဆုံးနဲ့ အသိဉာဏ် အရှိဆုံး ဝိညာဉ်ပဲလေ...။
သေလုဆဲဆဲ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်ဖို့ ဆိုတာ တော်တော်လေး လွယ်ကူမှာပါ...။
ယာဉ်မောင်းကို သေလုဆဲဆဲ လူတစ်ယောက်လို့ လီယီတောင်း ပြောရတဲ့ အကြောင်းရင်းကတော့ သူ့ကို မြင်မြင်ချင်းမှာတင် စနစ်ရဲ့ အသိပေးချက်ကို ရရှိခဲ့လို့ပဲ...။
[ ကတောင်... အရည်အသွေးမြင့် ဖောက်သည်ကို ရှာဖွေတွေ့ရှိပါသည်၊ ID : လီကော့ရှန်း ]
[ သေဆုံးမှု အခြေအနေ စစ်ဆေးခြင်း - ယင်စွမ်းအင်၏ ကာလရှည် တိုက်စားမှုကြောင့် ဝိညာဉ် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိထားပြီး မကြာမီ သေဆုံးနိုင်ခြေ ၉၉% ]
[ လက်ခံသူ အနေဖြင့် ဤအရည်အသွေးမြင့် ဖောက်သည်အား ချက်ချင်း Follow လုပ်ရန် အကြံပြုအပ်ပါသည်။ ]
သေဆုံးနိုင်ခြေ ၉၉ ရာခိုင်နှုန်း ဆိုတာ အသက်ရှင်ဖို့ အခွင့်အရေး လုံးဝ နီးပါး မရှိတော့ဘူး ဆိုတဲ့ သဘောပဲ...။
အထူး စွမ်းရည် ရှိတဲ့ တစ်ယောက်ယောက်က ဝင်မပါဘူး ဆိုရင်ပေါ့... အဲဒီလိုမှသာ သေဘေး အန္တရာယ်ကနေ လွတ်မြောက်အောင် ကူညီပေးနိုင်မှာ...။
ဒါပေမဲ့... တစ်ဖက်လူက သူ့ကို အသုံးချချင်ရုံ သက်သက်လေ... ဒါဆို ဘာလို့ သူ့ကို ကယ်ဖို့ ကြိုးစားနေမှာလဲ...။
တကယ်လို့ သူ့ကို ကယ်ချင်တယ် ဆိုရင် သူ့ခန္ဓာကိုယ်ကို ဒီလို ရမ်းကားစွာ ဝင်ရောက် စီးမိုးမှာ မဟုတ်ဘူးလေ...။ ဒါကြောင့် သေလုဆဲဆဲ လူတစ်ယောက် အတွက်တော့ တခြား ဝိညာဉ် တစ်ခု ဝင်ရောက်ဖို့ ဆိုတာ အရမ်း လွယ်ကူမှာပါ...။
သူ အရာအားလုံးကို စဉ်းစားတွက်ချက် ပြီးသွားပြီ...။
လီယီတောင်း ခဏမျှ စဉ်းစားလိုက်ပြီးနောက် ဝမ်ရှင်းယွဲ့၏ ဝိညာဉ်ကို ထပ်မံ ကြည့်လိုက်လေသည်။
၎င်းက သူမ ယာဉ်မောင်းကို အဆုံးသတ်ပစ်မည့် အန္တရာယ်ကို ယာယီ တားဆီးပေးလိုက်၏။
" မင်းကို သတ်ဖို့ မင်းယောကျ်ားက သူ့ကို ငှားခဲ့တာ ဆိုတာ မင်း သိတယ် ဆိုကတည်းက မင်းက သိပ်မမိုက်မဲဘူး ဆိုတာကို သက်သေပြနေတာပဲ... "
" ဒါပေမဲ့ မင်း မသိတာက မင်းယောကျ်ားက နယ်ရုပ်လေး တစ်ရုပ် သက်သက်ပဲ... "
" တကယ်တော့ ဒီအရာ အားလုံးရဲ့ ကြိုးကိုင်ရှင်က မင်းရှေ့မှာတင် ရှိနေတာ... "
" ပိုတိတိကျကျ ပြောရရင်... လီကော့ရှန်းရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတာ... "
" သူတို့က မင်းကို မတော်တဆ သေဆုံးသွားအောင် လုပ်ခဲ့ပြီး... ငါ့ကို ဒီလာအောင် လှည့်စားဖို့ ဒီအရာ အားလုံးကို ဖန်တီးခဲ့ကြတာ... "
" ဒါကြောင့်... မင်း လက်စားချေချင်တယ် ဆိုရင် ပထမဆုံး လုပ်ရမှာက သူတို့ကို အရင် ရှင်းပစ်ဖို့ပဲ... "
" အဲဒီ နောက်မှ... မင်းရဲ့ အဲဒီ အမှိုက် ယောကျ်ားကို မင်း ရှင်းလို့ ရပြီ... "
" နောက်ဆုံးတော့... မင်းကို သေစေခဲ့တဲ့ ဒီရန်သူကို တိုက်ရိုက် ရှင်းပစ်လိုက်... "
လီယီတောင်းက စကားလုံး တစ်လုံးချင်းစီကို တည်ငြိမ် အေးဆေးစွာ ပြောလိုက်ခြင်း ဖြစ်၏။
သူ့စကားများ၏ ပြတ်သားမှုက ဝမ်ရှင်းယွဲ့ကို မှင်သက်သွားစေလေသည်။
အခြေအနေတွေက ဒီလောက်အထိ ရှုပ်ထွေးနေမယ်လို့ သူမ မမျှော်လင့်ထားခဲ့တဲ့ အတိုင်းပဲ...။
ထို့နောက်... ဖြစ်နိုင်သည်မှာ လီယီတောင်းက သူမ၏ ဝိညာဉ်ကို စုစည်းပေးခဲ့သောကြောင့် ဖြစ်ပေမည်။
ဒါမှမဟုတ် သူမ ကိုယ်တိုင်ကလည်း ဒီအရာ အားလုံး ဖြစ်နိုင်တယ် ဆိုတာကို သဘောပေါက်သွားလို့များလား...။
ဒါမှမဟုတ်... သူမက လက်စားချေချင်ရုံ သက်သက်များလား...။
ထို့ကြောင့် ဤအခြေအနေများ အောက်တွင် သူမက လီယီတောင်း အခုလေးတင် ပြောခဲ့သည့် စကားများကို ယုံကြည်သွားပုံ ရလေသည်။
" လက်... စား... ချေ... မယ်... အကုန်... အကုန်လုံး... သေရမယ်... "
ထို့နောက် လီယီတောင်းကို အံ့အားသင့်သွားစေသည့် အရာတစ်ခု ပေါ်လာလေသည်။
ဝမ်ရှင်းယွဲ့ ပတ်လည်ရှိ ယင်စွမ်းအင်များက နောက်တစ်ကြိမ် ပိုမို သိပ်သည်းလာပြန်၏။
မဟုတ်ဘူး...။
လီယီတောင်း ပင်လျှင် စိုးရိမ်ထိတ်လန့်လာလေသည်။
ယင်စွမ်းအင် ပမာဏက အရင်ကထက် အဆပေါင်းများစွာ၊ ဒါမှမဟုတ် ဆယ်ဆမက ပိုများနေတယ်...။
ဒါက...
လီယီတောင်း ဝမ်ရှင်းယွဲ့ကို အဓိပ္ပာယ်ပါပါ တစ်ချက် ကြည့်လိုက်၏။
ဒီအမျိုးသမီး...
သူမ အသက်ရှင်စဉ် တုန်းက သေချာပေါက် သာမန် မဟုတ်ခဲ့ဘူး...။
မဟုတ်ရင် သေပြီးတဲ့ နောက်မှာ ဒီလို ခွန်အားမျိုး ပိုင်ဆိုင်နိုင်မှာ မဟုတ်ဘူး...။
အရာအားလုံးမှာ အကြောင်းနဲ့ အကျိုး ဆိုတာ ရှိတယ်လေ...။
ယင်စွမ်းအင်များ ပေါက်ကွဲထွက်လာမှုနှင့်အတူ...
အစက ယာဉ်မောင်း၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော ဝမ်ရှင်းယွဲ့၏ ဆံပင်မည်းများ...
ဤအချိန်တွင် တစ်ခုခုက ဆွဲငင်လိုက်သကဲ့သို့ ဖြစ်သွား၏။
အဲဒီအစား... ယာဉ်မောင်းရဲ့ ခန္ဓာကိုယ်ထဲကို တိုက်ရိုက် ထိုးဖောက် ဝင်ရောက်သွားတာ...။
ဆံပင်မည်းတွေ ထိုးဖောက် ဝင်ရောက်သွားတာနဲ့ အမျှ...
ယာဉ်မောင်း၊ ဒါမှမဟုတ် ယာဉ်မောင်းကို ထိန်းချုပ်နေတဲ့ အထူး ဝိညာဉ်ရဲ့...
မျက်လုံးတွေထဲမှာ အကြောက်တရားတွေ ပြည့်နှက်သွားတော့တယ်...။
ဒီတစ်ခါတော့ သူမရဲ့ အကြောက်တရားက အစစ်အမှန်ပဲ...။
ဒါပေမဲ့ ဘယ်လို အခြေအနေပဲ ဖြစ်ဖြစ်...
ဒီအရာ အားလုံးရဲ့ နောက်ကွယ်က ကြိုးကိုင်ရှင် အတွက်ကတော့...
ဒါက သေချာပေါက် အသေအလဲ ထိုးနှက်ချက် တစ်ခုပဲ...။
ဒီလို အခြေအနေမျိုး အောက်မှာ...
သူမ ဘယ်လိုလုပ် မကြောက်ဘဲ နေနိုင်မှာလဲ...။
***