ချုံကျိုးကျွန်းသည်ကား ဆက်သွယ်ရေး အင်မတန်ညံ့ဖျင်းသော ကျွန်းတစ်ကျွန်းဖြစ်သည်။
အကြီးစားကိစ္စ ကြီးကြီးမားမား တစ်စုံတစ်ရာ မဖြစ်ပွားပါက ကျန်းကျူးပန့်က သူ၏ မိသားစုနှင့် ဆက်သွယ်ခြင်းမရှိတတ်ပေ။
သူက ခြောက်လတစ်ကြိမ်သာ သူ လုံခြုံကြောင်းကို သတင်းပို့တတ်သည်။
တခြားအချိန်များတွင် မိသားစုထံသို့ ဆက်သွယ်ပါက တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ခြင်းကြောင့်သာ ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် ကျန်းကျူးရိအနေဖြင့် သူ၏ညီအကြောင်းကို တခြားသော အချိန်များတွင် သတင်းကြားလိုခြင်းမရှိပေ။
လီရှန်းအနေဖြင့် စိတ်ထဲ၌ စိုးရိမ်ပူပန်နေခဲ့သော်လည်း သူမ၏မျက်နှာပေါ်တွင် ပြသနိုင်ခြင်း မရှိခဲ့ပေ။
သူမက ရည်ရွယ်ချက်မရှိသကဲ့သို့ ဟန်ဆောင်ကာ ပြောရုံသာတတ်နိုင်ခဲ့ည်။
“ဒီရက်ပိုင််း ဘာဖြစ်နေလို့လဲ မသိဘူး.. ဒုတိယဦးလေးအကြောင်းကိုပဲ ခဏခဏ အိပ်မက် မက်နေတယ်.. ကောင်းတာလား ဆိုးတာလား မသိဘူး”
“မင်းရဲ့ ဒုတိယဦးလေး ကောင်းကောင်းမွန်မွန်ရှိနေမှာပါ.. အများကြီး မတွေးနဲ့”
ကျန်းကျူးရိကတော့ လီရှန်း၏စကားများကို များများစားစား မတွေးခဲ့ပေ။ သူက ဤကလေးက အနိုင်ကျင့်ခံရပြီးနောက်တွင် မိသားစုအတွင်း သူမအတွက် လုံခြုံမှုအပေးနိုင်ဆုံးသူကို မသိစိတ်ဖြင့် လွမ်းဆွတ်နေသည်ဟုသာ တွေးခဲ့သည်။
သူသည်လည်း လီရှန်း၏ ဦးလေးတစ်ယောက်ဖြစ်သော်လည်း သူက ကျန်းကျူးပန့်ကဲ့သို့ လုံခြုံမှုမပေးနိုင်ကြောင်းကို ဝန်ခံရမည်ဖြစ်သည်။
ကျန်းကျူးပန့်သည်ကား လက်ထဲတွင် မည်သည့်အရာမျှမပါရှိဘဲနှင့်ပင် နွားထီးကြီးတစ်ကောင်ကဲ့သို့ သန်မာပြီး ထိုနေရာ၌ ရပ်နေရုံလောက်နှင့်ပင် လူများကို ကြောက်လန့်စေလိမ့်မည်။
“အင်း…”
လီရှန်းက ဦးလေးဖြစ်သူ၏စကားကို ပြန်ဖြေခဲ့သော်လည်း သူမ၏ ဒုတိယဦးလေးထံသို့ ဖုန်းဆက်ပြီး သတိပေးရန် စဉ်းစားနေခဲ့သည်။
ကျန်းကျူးရိက တူမဖြစ်သူကို စက်ယန္တရားစက်ရုံ၏ ဝန်ထမ်းအိမ်ရာဝင်းသို့ ပြန်လည်ခေါ်ဆောင်ခဲ့သည်။
လီရှန်း၏အန်တီဖန်ချင်းမှာ အစားအသောက်များကို ပြင်ဆင်ထားခဲ့ပြီး အိမ်တွင် စောင့်ဆိုင်းနေခဲ့သည်မှာ အတော်ကြာမြင့်ခဲ့ပေပြီ။
သူတို့နှစ်ယောက် အိမ်သို့ ပြန်ရောက်ချိန်တွင် ဖန်ချင်းတစ်ယောက် လမ်းဆုံ၌ ရပ်ကာ အဝေးကို လှမ်းမျှော်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
လီရှန်းက စက်ဘီးနောက်ခုံမှ ခုန်ဆင်းလိုက်ပြီး ဖန်ချင်းကို နှုတ်ဆက်လိုက်သည်။
“အန်တီ”
“ဟေး.. လီရှန်း”
ဖန်ချင်းတစ်ယောက် တူမဖြစ်သူ၏ အသံကို ကြားလိုက်ရသည်နှင့် ချက်ချင်းပင် သူတို့ဆီသို့ အလျင်အမြန် လှမ်းလာခဲ့သည်။
ကျန်းကျူးရိက စက်ဘီးကို အရိပ်အောက်တွင်ရပ်ကာ သော့ခတ်လိုက်သည်။
ဖန်ချင်းကဆော့ လီရှန်းကို ဆွဲခေါ်ကာ သူမကို စိုက်ကြည့်နေပြီး သူမ၏ မျက်လုံးများကတော့ နာကျင်မှုများနှင့် ပြည့်နှက်နေခဲ့သည်။
လီရှန်း၏အသက် နှစ်နှစ်မပြည့်သေးခင်ကတည်းက သူမနှင့် အတူနေခဲ့ခြင်းဖြစ်သောကြောင့် သူတို့၏ ဆက်ဆံရေးမှာ သားအမိအရင်းအချာနှင့် ဆင်တူသည်။
ယနေ့ သူမ အလုပ်မဆင်းခင်တုန်းက စက်ရုံတွင် လီရှန်း၏ ဖခင်အရင်း က လီရှန်းကို ပြန်ခေါ်သွားချင်နေကြောင်းကို ကြားခဲ့ရသည်။ သူက လီရှန်းကို သေချာပေါက် ပြန်ခေါ်သွားတော့မည်ဟု ပြောနေခဲ့ကြသည်။
သူမနှင့် မတည့်သည့်လူတချို့ကလည်း လီရှန်းကို ဆယ်နှစ်ကျော်ကြာအောင် ပြုစုပျိုးထောင်ခဲ့သော်လည်း အဆုံးတွင် သူမ၏ ဖခင်အရင်းကသာ ကောင်းကျိုးများကိုရိပ်သိမ်းတော့မည်ဖြစ်၍ ဖန်ချင်း၏ရည်မှန်းချက်များ မပြည့်ဝနိုင်တော့ကြောင်း စောင်းမြောင်း ပြောတေခဲ့သည်။
လူများမှာ သွေးသားရင်းမဟုတ်ပါက အမှန်တကယ် ရင်းနှီးလိမ့်မည်မဟုတ်ဟု ပြောကြသည်။ အဖေဖြစ်သူရောက်လာသည်နှင့် သူမ၏အဒေါ်က ဘေးသို့ ရောက်သွားရလိမ့်မည်။
ဖန်ချင်းအနေဖြင့် လီရှန်းသည် ထိုကဲ့သို့လူမျိုး ဖြစ်မည်ဟု မယုံကြည်သော်လည်း သူမအနေဖြင့် လီရှန်း ပြန်လိုက်သွာားခြင်းရှိမရှိကိုတော့ မသေချာခဲ့ပေ။
လက်ရှိအချိန်မှသာ လီရှန်း ပြန်ရောက်လာသည်ကို တွေ့လိုက်ရသောကြောင့် သက်ပြင်းချလိုက်မိသည်။ ထို့နောက် လီရှန်း၏ မျက်လုံးများက နီရဲနေသည်ကို မြင်လိုက်ရသည့်အတွက် သူမ၏ နှလုံးသားက နောက်တစ်ကြိမ် ထပ်မံတင်းကျပ်သွားခဲ့ရပြန်သည်။
“ရှန်းရှန်း ..ဘာလို့ ငိုနေတာလဲ.. မင်းအဖေက မင်းကို တစ်ခုခု ပြောခဲ့လား”
လီရှန်းက ခေါင်းကိုခါရမ်း ကာ ဖန်ချင်း၏ လက်မောင်းကို ဆွဲကိုင်ဖက်တွယ်လိုက်သည် ။
“မဟုတ်ဘူး ဒါပေမဲ့...”
“ကိစ္စတစ်ခု ဖြစ်သွားခဲ့တယ်.. သွားရအောင် အိမ်ပြန်ရောက်ပြီးမှ ပြောကြတာပေါ့”
လီရှန်း စကားမဆုံးမီ ကျန်းကျူးရိကဖြတ်ပြောလိုက်သည်။
လီရှန်း၏ ဂုဏ်သိက္ခာအတွက် သူ ဤစကားများကို အပြင်ဘက်တွင် မပြောနိုင်ပေ။ တစ်စုံတစ်ဦးက ကြားသွားပါက ကောင်းမွန်လိမ့်မည်မဟုပေ။
ထို့အပြင် ဤဝန်ထမ်းအိမ်ရာဝင်း၌ ပြသနာရှာလိုသူများစွာ ရှိသည်။
အကြိမ်များစွာ အပြစ်ပေးခံရပြီးနောက်တွင်ပင် သူတို့၏ အတင်းအဖျင်းပြောဆိုသည့် အလေ့အကျင့်ကို မဖျောက်ဖျက်နိုင်ကြသေးချေ။
ကျန်းကျူးရိအနေဖြင့် လီရှန်းကို ညစာစားချိန်စားတွင် စိတ်အလိုပြည့်ရန်အတွက် ပြောစရာစကား ဖြစ်လာစေချင်စိတ် မရှိခဲ့ပေ။
ဖန်ချင်းလည်း ဤလေသံကို ကြားသည်နှင့် မကောင်းသည့်အရာတစ်ခုခုဖြစ်လာကြောင်းကို သိရှိသွားခဲ့ပြီး မျက်နှာက လေးနက်သွားသည်။အိမ်သို့ပြန်ရောက်ပြီးနောက် လီရှန်းက မီးဖိုချောင်တွင် ပန်းကန်ခွက်ယောက်များကို ပြင်ဆင်ရင်း အလုပ်ရှုပ်နေစဥ် ကျန်းကျူးရိက တံခါးကိုပိတ်ကာ ယနေ့ဖြစ်ပျက်သမျှကို ဖန်ချင်းထံသို့ ပြောပြခဲ့သည်။
ဖန်ချင်းမှာ လီရှန်းကို သူမ၏ရင်သွေးရင်းချာကဲ့သို့ ချစ်ခင်ပေးခဲ့သည်။ ယခုအချိန်တွင် လီရှန်း၏ အိမ်ထောင်ရေးနှင့် ပတ်သက်၍ ထုန်လင်းမှ မကောင်းဆိုးရွားဆန်စွာ ပြုမူနေကြောင်း ရုတ်တရက် သိလိုက်ရသည့်အတွက် အလွန်ပင် ဒေါသထွက်လာရသည်။
“ရှင် ဘာလို့ ကျွန်မကို ဖုန်းမခေါ်လိုက်တာလဲ.. ကျွန်မသာ လိုက်ခဲ့ရင် အဲဒီမိန်းမကို ဆွဲဖြဲပစ်လိုက်မှာ!”
သူမက ပြောရင်းနှင့် ကျန်းကျူးရိကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
“အရမ်းတော်တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်နေတာရော ဘာများအသုံးဝင်လို့လဲ! ရှင်က သူတို့ကို ကျိန်ဆဲဖို့လည်း မရဘူး၊ ရိုက်နှက်ဖို့လည်း မလုပာနိုင်ဘူး၊ ဒီလိုလူမျိုးကို ရင်ဆိုင်ဖို့ဆိုရင် ကျွန်မတို့လို မိန်းမတွေကို ခေါ်သွားမှရမှာပေါ့”
ဖန်ချင်းအနေဖြင့် ကျန်းကျူးရိက အလွန်ပင် တုံးအကြောင်း တွေးမိသည်။
အထည်ချုပ်စက်ရုံမှ ဒါရိုက်တာလျို့က မည်မျှလိမ္မာပါးနပ်ကြောင်း သိမြင်ခဲ့ရသည်ပင်။ သူသည်က သူ၏ဇနီးကို တိုက်ရိုက်ခေါ်ဆောင်သွားခဲ့သည်။
သူမက များစွာအသုံးမဝင်သော်လည်း ပြန်လည်ချေပပြောဆိုခြင်းတို့ဖြင့် လီဟုန်ကျွင့်၏ ဒုတိယဇနီးကို ဒုက္ခပေးရန် လုံလောက်ခဲ့သည်။
လီရှန်းတစ်ယောက် အစားအသောက်များဖြင့် အခန်းထဲသို့ ဝင်လာချိန်တွင် ဖန်ချင်း ဒေါသထွက်နေသည်ကို တွေ့ရသည်။ သူမက ပန်းကန်ကို အမြန်ချကာ နှစ်သိမ့်ပေးရန် သွားခဲ့သည်။
“အန်တီ ဒေါသမထွက်ပါနဲ့.. ကျွန်မ ဘာမှမဖြစ်ပါဘူး”
“သူတို့က မင်းကို ရောင်းစားတော့မလို့ ဖြစ်နေတာကို မင်းက ဒေါသမထွက်ပါနဲ့လို့ ပြောနေတုန်းပဲလား”
ထိုသို့ပြောရင်း ဖန်ချင်းက ကျန်းကျူးရိကို ဒေါသတို့ဖြင့် စိုက်ကြည့်၍ပြောပြန်သည်။
“ရှင်က လူကြီးလူကောင်းယောင်ဆောင်နေတာပဲ .. အချိန်တိုင်း လေးစားစရာကောင်းတဲ့လူတစ်ယောက်လိုလုပ်နေပေမဲ့ တကယ့်အခြေအနေနဲ့ ကြုံလာတဲ့အချိန်ကျတော့ ဘာမှမလုပ်တတ်တော့ဘူး”
ကျန်းကျူးရိက မကျေနပ်စွာဖြင့် ချက်ချင်းပြောလိုက်သည်။
“ဒီကိစ္စက မပြီးသေးဘူး.. နေ့လယ်ဘက် အလုပ်ဆင်းရင် အထည်ချုပ်စက်ရုံကို သွားရဦးမယ်”
ဖန်ချင်းက သူမ၏ဒေါသကို ချက်ချင်းမေ့လျော့သွားပြီး အလျင်စလိုမေးလာသည်။
“ရှင် ဘာကိုဆိုလိုတာလဲ”
“ အဲဒီအချိန်တုန်းက ဟုန်ကျန့်က အထည်ချုပ်စက်ရုံအတွက် အရမ်းကိုကြီးမားတဲ့ အကူအညီနှင့် ပံ့ပိုးမှုတွေ လုပ်ပေးခဲ့တယ်.. အခု သူမရဲ့တစ်ဦးတည်းသော သမီးက အနိုင်ကျင့်ခဲ့နေရတယ်.. သူ ဘာမှမလုပ်ဘဲ နေလို့မရဘူး .. သေချာပေါက် ရှင်းပြချက်ပေးရလိမ့်မယ်”
ကျန်းကျူးရိက ဖန်ချင်းကို ထမင်းစားပွဲသို့ ဆွဲခေါ်ကာထိုင်ခိုင်းလိုက်ပြီး တူများကို ကမ်းပေးလိုက်သည်။
“သူတို့ ဟုန်ကျန့်ဆီက ယူခဲ့တဲ့အရာမှန်သမျှကို ပြန်ထုတ်ပေးရလိမ့်မယ်”
“ကောင်းပြီ!”
ဖန်ချင်းက စားပွဲကို အားပြင်းပြင်းနှင့် ရိုက်ချလိုက်သည်။
“ ဒီမိန်းမက ငါတို့ရှန်းရှန်းအပေါ် ဒီလိုအတွေးမျိုးတွေ့ရဲတယ်! သေချာပေါက် လက်တုံ့ပြန်ရမယ်”
လီရှန်းသည် ဘန်းမုန့်တစ်ခုကို ဖန်ချင်းဆီသို့ ကမ်းပေးလိုက်သည်။
“အမေက သူမရဲ့အလုပ်ကို လုပ်ခဲ့တာမလား.. အန်တီစွမ်းပြောတဲ့စကားအတိုင်းဆိုရင် အခု အိမ်ကိုလည်း စက်ရုံက ကျွန်မရဲ့အမေအတွက် ချထားပေးခဲ့တာဆို”
“အမှန်ပဲ.. အဲဒီအိမ်ကိုလည်း ဟုန်ကျန့်အတွက် ချထားပေးခဲ့တာ”
ဖန်ချင်းက ဆက်ပြောသည်။
“မဟုတ်ရင် လီဟုန်ကျွင့်လို ပြုပြင်ရေးလုပ်သားတစ်ယောက်တည်းက အဲဒီလိုအိမ်မျိုးမဆိုထားနဲ့ အိမ်အသေးလေးမှာတောင် နေနိုင်ဖို့ မသေချာလောက်ဘူး”
လီရှန်းက ဤအခြေအနေကိုအခွင့်အရေးကိုယူကာ အိမ်ကို ဆွဲထည့်၍ပြောလိုက်သည်။
“သူတို့က ကျွန်မအမေရဲ့အိမ်မှာနေပြီး ကျွန်မရဲ့အိမ်ထောင်ရေးကိုပါ အခုလိုမျိုး ဆိုးဆိုးရွားရွားကြံစည်နေကြတယ်.. တကယ်ကို ရွံစရာကောင်းလွန်းတာပဲ”
ကျန်းကျူးရိ: “ငါ အလုပ်ဆင်းပြီးတာနဲ့ချက်ချင်း သွားလိုက်မယ်”
“ဒါနဲ့ အဖွားကြီးလီကိုတော့ သတိထားရမယ်၊ သူမက ပြဿနာပဲ.. တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းအောင် လုပ်တတ်တယ်”
ဖန်ချင်းက ထုန်လင်းတတတစ််ယောက် ညနေပိုင်း၌ ရွာသို့ပြန်၍ အကူအညီများ ခေါ်ဆောင်လာမည်ကို စိတ်ပူပန်သောကြောင့် သတိပေးသည်။
အဘွားအိုလီမှာ ပြသနာအလွန်ရှာတတ်သူဖြစ်သောကြောင့် ကျန်းကျူးရိ မကိုင်တွယ်နိုင်မည်ကို သူမ ကြောက်ရွံ့သည်။
လီရှန်းက ချက်ချင်းပင် ဝင်ပြောလိုက်သည်။
“ဒါဆို ကျွန်မ ဦးလေးနဲ့ လိုက်သွားမယ်.. ကျွန်မ အဘွားကို ကိုင်တွယ်ပါ့မယ်”
“မင်း အဲဒီကု ခဏခဏမလာတာကောင်းမယ်”
ဖန်ချင်း သက်ပြင်းချသည်။
“အဘွားကြီးလီလို လူမျိုးတွေနဲ့ ရင်ဆိုင်ဖို့ဆိုရင် ကျွန်မကိုယ်တိုင် လိုက်မှရမယ်”
သူမ ဆက်ပြောလိုက်သည်။
“ကျွန်မ အလုပ်ဆင်းပြီးရင် ရှင်နဲ့လိုက်ခဲ့မယ်”
ဖန်ချင်းအနေဖြင့် ထုန်လင်း နှင့် ကောင်းကောင်းတိုက်ခိုက်ရန် ပြင်ဆင်နေပြီးဖြစ်သည်။
သူမခင်ပွန်းသည်၏ အစ်မဖြစ်သူ ကွယ်လွန်သွားပြီးနောက် နှစ်မကြာမီတွင်ပင် လီဟုန်ကျွင့်က ဒုတိယအကြိမ်လက်ထပ်ရန် မစောင့်နိုင်ခဲ့ဖြစ်ခဲ့ကြသည်။ကျန်းမိသားစုက ကန့်ကွက်လိုခဲ့သော်လည်း အဘွားကြီးလီက ရှန်းရှန်းကို ကျေးလက်သို့ခေါ်ဆောင်သွားမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည်။
ရှန်းရှန်းက သူမ၏ ယောက်မဖြစ်သူချန်ထားခဲ့သည့် တစ်ဦးတည်းသော ရင်သွေးဖြစ်သည်။
ကျန်းမိသားစုအနေဖြင့် သူတို့၏ ကလေးငယ်အား အဘွားလီနှင့်အတူ ဒုက္ခခံစေရန် မည်သို့လွှတ်ထားပေးနိုင်မည်နည်း။
ထို့ကြောင့် သူတို့ သည်းခံခဲ့ကြရသည်။
ယခုတွင်မူ ဆယ်စုနှစ်တစ်ခုကျော်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ပြီး ရှန်းရှန်းသည်လည်း ပို၍ကြီးပြင်းလာခဲ့ပြီဖြစ်သည်။
လီမိသားစုက ဤအချိန်ထိ လက်မလျှော့သေးဘဲ သူမ၏မိသားစုမှ ရှန်းရှန်းကို ဆက်လက်အနိုင်ကျင့်လိုကြသည်။
သူတို့က ကျန်းမိသားစုမှလူများကို သေဆုံးသွားပြီဟု အမှန်တကယ် ထင်နေကြသည်လား။
***