"တော်တော့... တော်တော့... ရှောင်ဖီ..."
ဟန်ကျန်းရွှယ်က စားပွဲပေါ်တွင် တံတောင်ဆစ်ထောက်၊ လက်ဖဝါးဖြင့် နဖူးကိုအုပ်ထားရင်း တိုးတိုးလေး ရေရွတ်နေရှာသည်။
'ဝါး... သူမအသံက တကယ့်ကို နူးညံ့တာပဲ'
သူမရဲ့ အသံနေအသံထားက အရမ်းကို ငြိမ့်ညောင်းပြီး ယဉ်ကျေးပျော့ပျောင်းလွန်းလို့ နားထဲမှာ နားထောင်လို့ တော်တော်ကောင်းနေ၏။
'သူမက ဘာလို့များ ပုံမှန်ဆိုရင် ခပ်စိမ်းစိမ်း ခပ်တန်းတန်း နေတတ်ရတာလဲ'
ကျန်းရှောင်က သူ့လက်ကို အချိန်မီ ပြန်ရုပ်လိုက်ပြီး သူရရှိထားတဲ့ ကြယ်တာရာ နည်းပညာက သိပ်ပြီး အသုံးမကျလှဘူးဆိုတာကို ရုတ်တရက် သတိထားမိသွားသည်။
သူ့အသင်းဖော်ရဲ့ အင်အားကို ပြန်လည်ဖြည့်တင်းပေးဖို့ဆိုတဲ့ လုပ်ဆောင်ချက်တွေ၊ ကုသပေးဖို့ဆိုတဲ့ လုပ်ဆောင်ချက်တွေက ဘယ်ရောက်ကုန်တာလဲ။
'ဘာလို့ မိန်းကလေးတွေကို ဆွဲဆောင်တဲ့နေရာမှာ ဒီလောက်တောင် အစွမ်းထက်နေရတာလဲ'
မီးဖိုချောင်ထဲက အခြေအနေက တော်တော်လေး အနေရခက်သွားပြီး ရုတ်တရက် တိတ်ဆိတ်မှုက လွှမ်းမိုးသွားသည်။
သူမက ရှက်တတ်ပြီး မျက်နှာပူတတ်မှန်း သိနေသည့်အတွက် ကျန်းရှောင်က စနောက်သလိုဖြင့် တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။
"ကြည့်ရတာ ကျွန်တော့်ရဲ့ ကောင်းချီးပေးမှုကို မမ လက်ခံရရှိသွားပြီထင်တယ်"
ဟန်ကျန်းရွှယ်က ခေါင်းကို ရုတ်တရက် မော့လိုက်ပြီး ကျန်းရှောင်ကို စိုက်ကြည့်လိုက်သည်။
လွန်ခဲ့တဲ့ ၁၀ မိနစ်လောက်ကဆိုရင်တော့ သူမရဲ့ အထင်အမြင်သေးမှုတွေ၊ မုန်းတီးမှုတွေ ပြည့်နှက်နေတဲ့ အေးစက်စက် အကြည့်အောက်မှာ ကျန်းရှောင်တစ်ယောက် တုန်လှုပ်နေမိမှာ အသေအချာပင်။
ဒါပေမဲ့ အခုအချိန်မှာတော့ ဟန်ကျန်းရွှယ်ရဲ့ ပုံစံက ပြင်းထန်သယောင်ရှိပေမဲ့ နူးညံ့နေပြီး၊ မောင်ဖြစ်သူအပေါ် သူမရဲ့ ဂုဏ်သိက္ခာနဲ့ အာဏာကို ထိန်းသိမ်းဖို့ ကြိုးစားနေတဲ့ အလျှော့ပေးတတ်တဲ့ အစ်မတစ်ယောက်နဲ့ ပိုတူနေ၏။
'ကြေးဝါအဆင့်ရှိတဲ့ ကောင်းချီးပေးခြင်းက ဒီလောက်တောင် အစွမ်းထက်တာလား'
'အဆင့်မြှင့်တင်ပြီးသွားရင်ရော ကောင်းချီးပေးခြင်းတွေက ဘယ်လောက်တောင် နတ်သက်ကြွေသလို ဖြစ်သွားမလဲ'
ကျန်းရှောင်က အသေအချာ ပြန်စဉ်းစားကြည့်သည်။
ကျန်းရှောင်ဖီရဲ့ မှတ်ဉာဏ်တွေအရ ကြယ်တာရာ အတတ်ပညာတွေနဲ့ ကြယ်တာရာအိမ်မွေးတိရစ္ဆာန်တွေရဲ့ အရည်အသွေးကိုလည်း ဒီအဆင့်တွေအတိုင်း ခွဲခြားထားတာဖြစ်သည်။
ကြေးဝါအဆင့်အထက်မှာ ငွေ၊ ရွှေ၊ ပလက်တီနမ် နဲ့ အမြင့်ဆုံးက စိန်အဆင့် ဟူ၍။
ကျန်းရှောင်ဖီရဲ့ မှတ်ဉာဏ်ထဲမှာတော့ အနိမ့်ဆုံး ကြေးဝါ ကနေ အမြင့်ဆုံး စိန်အထိ အဆင့် ၅ ဆင့်ပဲ ရှိသည်။
အွန်လိုင်းက အချက်အလက်တွေအရတော့ရစိန်အဆင့်ထက် မြင့်တဲ့ အဆင့်တစ်ခု ရှိသေးတယ်လို့ ဆိုကြပေမဲ့ ဒီကမ္ဘာပေါ်ကလူတွေ ရှာမတွေ့သေးဘူးလို့ ဆိုထား၏။
ဖြစ်နိုင်တာကတော့ နတ်ဘုရားအဆင့်ရှိသူတွေပဲ အဲဒီထက်မြင့်တဲ့ အရည်အသွေးရှိတဲ့ ကြယ်တာရာ အတတ်ပညာ နဲ့ ကြယ်တာရာ အိမ်မွေး တိရစ္ဆာန်တွေကို ပိုင်ဆိုင်နိုင်တာ ဖြစ်လိမ့်မည်။
လောကကြီးက မသိသေးဘူးလား။
ဒါပေမဲ့ တခြားကမ္ဘာကနေ ကူးပြောင်းလာတဲ့ ကျန်းရှောင်ကတော့ သိတာပေါ့။
မေးနေဖို့ လိုသေးလို့လား။
စိန် အထက်မှာ ဆရာသခင် အဆင့်ရှိမယ်၊ ဆရာသခင်အထက်မှာ ဘုရင် အဆင့်ရှိမှာပေါ့။
...
"ဒါက ဆေးပညာဆိုင်ရာ စွမ်းရည် ဖြစ်သွားတာ တော်သေးတာပေါ့"
ကျေနပ်စရာကောင်းတဲ့ ကောင်းချီးပေးခြင်းကို ရရှိပြီးနောက် ဟန်ကျန်းရွှယ်ရဲ့ အေးစက်စက်အသံက အနည်းငယ် ပိုပြီး နူးညံ့ပျော့ပျောင်းလာသည်။
သူမက ဆက်ပြောသည်။
"ပေကျန်းဒေသမှာ ဘီလူးဖြူတွေ ပေါများပေမဲ့ ကောင်းချီးပေးခြင်းစွမ်းရည်ကို တကယ်တမ်း တတ်မြောက်တဲ့ နိုးထသူကတော့ တော်တော်လေး ရှားပါးတယ်"
"အင်း..."
ကျန်းရှောင်က သူအနည်းငယ် နောက်ပြောင်မိသွားမှန်း သိသလို၊ ဟန်ကျန်းရွှယ်ကလည်း အိမ်ထောင်ဦးစီးပီပီ အာဏာရှိတဲ့ပုံစံ ဟန်ဆောင်နေရမှန်း နားလည်တာကြောင့် လိမ်လိမ်မာမာပဲ ခေါင်းငြိမ့်ပြလိုက်သည်။
"မဟုတ်ဘူး၊ နင်က ဆေးပညာစွမ်းရည်ရဲ့ တန်ဖိုးကို နားမလည်သေးဘူး"
ဟန်ကျန်းရွှယ်က သက်ပြင်းတစ်ချက်ကို အသာအယာချရင်း ကျန်းရှောင်ကို လူမိုက်ကလေးတစ်ယောက်လို စိုက်ကြည့်ကာ ပြောသည်။
"နိုးထသူ ၁၀၀ မှာ ဆေးပညာစွမ်းရည်ရှိတဲ့သူက တစ်ယောက်ပဲ ရှိနိုင်တာ"
"ဒီလို ထူးခြားတဲ့ ကြယ်တာရာ အတတ်ပညာမျိုး ရဖို့က တော်တော်ခဲယဉ်းတယ်"
"ဒီလောကမှာ စည်းမျဉ်းနိုးထသူ နဲ့ တိုက်ခိုက်ရေးနိုးထသူတွေ အများကြီးရှိပေမဲ့ ဆေးပညာနိုးထသူတွေက တကယ့်ကို ရှားပါးလှတယ်"
ဟန်ကျန်းရွှယ်က စိတ်အေးသွားသလိုမျိုး တတွတ်တွတ် ဆက်ပြောနေတော့၏။
"ဆေးပညာစွမ်းရည်ရှိတဲ့ အရန်အကူအညီပေးသူ တစ်ယောက်က ဘယ်လောက်တောင် လူကြိုက်များလဲဆိုတာ နင်သိလား"
ဟန်ကျန်းရွှယ်က ဆက်ပြောလာ၏။
"ငါတို့ ကျောင်းပြီးသွားရင် နိုင်ငံတော်အဖွဲ့အစည်း အသီးသီးကို ဝင်ကြရမှာ"
"အဖွဲ့အစည်း အများစုမှာ လေးယောက်တစ်တွဲ ရှေ့တန်းထွက်ရတဲ့ အဖွဲ့တွေ ရှိတယ်"
"ဘယ်နိုးထသူမဆို ဆေးပညာစွမ်းရည်ရှိတဲ့ အသင်းဖော်တစ်ယောက်ကို လိုချင်ကြတာပဲ"
"ဆေးပညာနိုးထသူက အသင်းကို ကြံ့ခိုင်မှုပေးနိုင်တယ်၊ တိုက်ပွဲစွမ်းရည်ကို ချောမွေ့စေတယ်၊ အရေးကြီးတဲ့ အခြေအနေတွေမှာ အသင်းဖော်တွေရဲ့ အသက်ကိုတောင် ကယ်နိုင်တယ်"
"နင့်ရဲ့ကြယ်တာရာမြေပုံ မှာ ကြယ်တာရာ အတတ်ပညာတစ်ခုတည်း ရှိရင်တောင် ဆေးပညာစွမ်းရည် ဖြစ်နေရင် လုံလောက်ပြီ"
ဟန်ကျန်းရွှယ်က ကျန်းရှောင်ကို ချီးကျူးတဲ့ အကြည့်နဲ့ ကြည့်လိုက်သည်။
အမြဲတမ်း ခပ်စိမ်းစိမ်းနေတတ်တဲ့ ဟန်ကျန်းရွှယ်က သူ့ကို အသိအမှတ်ပြုတဲ့ အမူအရာနဲ့ ကြည့်တာ ကျန်းရှောင်အတွက် ဒါပထမဆုံးအကြိမ်ပင်။
"နှမြောစရာကောင်းတာက ဒါက ကြေးဝါအဆင့် ကောင်းချီးပေးခြင်း ဖြစ်နေတာပဲ"
စကားသံ ပြောင်းသွားပေမဲ့ ဟန်ကျန်းရွှယ်ရဲ့ မျက်နှာကတော့ သိပ်မပြောင်းလဲဘဲ ဆက်ပြောသည်။
"နင့်ရဲ့ အနာဂတ်အတွက် ငါသိပ်စိတ်မပူတော့ဘူး"
"ကျောင်းကို ပုံမှန်အတိုင်းတက်၊ ကျောင်းပြီးရင် ဆေးရုံတစ်ခုမှာ အလုပ်ရအောင် ငါစီစဉ်ပေးမယ်"
"ဆရာဝန်လုပ်တာကလည်း ဖြစ်နိုင်ချေရှိတဲ့ အသက်မွေးဝမ်းကျောင်း တစ်ခုပဲ"
ကျန်းရှောင် ကြောင်အမ်းအမ်း ဖြစ်သွားသည်။
နင်က ဘာလို့ ငါ့ကံကြမ္မာကို လာစီမံနေတာလဲ။
ဒီခန္ဓာကိုယ်ပိုင်ရှင်က အလယ်တန်းပဲ ပြီးသေးတာ။
စကားပုံတစ်ခု ရှိတယ်မဟုတ်လား။
ငါက အခု နိုင်ငံရဲ့ ဂုဏ်ဆောင်ပဲ၊ ကြိုးစားမယ်ဆိုရင် ဘာမဆို ဖြစ်လာနိုင်တယ်။
ကျန်းရှောင်ဖီ... မင်း မင်းအစ်မကို ဘယ်လောက်တောင် စိတ်ပျက်အောင် လုပ်ခဲ့လို့လဲ။
ငါက နတ်ဘုရားတစ်ပါးဖြစ်မယ့် လမ်းစဉ်ကို လျှောက်လှမ်းချင်တာပါဆိုမှ၊ ဟန်ကျန်းရွှယ်က ငါ့ကို ဆေးရုံမှာ အလုပ်လုပ်ဖို့ လမ်းခင်းပေးနေတာလား။
ဟေး... ခဏနေပါဦး။
တကယ်တော့ ဆရာဝန်လုပ်တာလည်း မဆိုးပါဘူး။
ကျန်းရှောင်က သူ့ရဲ့ကြယ်တာရာစွမ်းအား နဲ့ ကြယ်တာရာ အတတ်ပညာကို သုံးပြီး သာမန်ဆေးပညာနဲ့ မကုသနိုင်တဲ့ ရောဂါတွေကို ကုပေးနိုင်တာပဲ။
နောင်တစ်ချိန်မှာ ကျန်းရှောင်က ကောင်းချီးပေးခြင်းရဲ့ အရည်အသွေးကို မြှင့်တင်နိုင်ရင် သေအံ့ဆဲဆဲ လူနာတွေကို ကယ်တင်နိုင်ပြီး နာမည်နဲ့ ဂုဏ်သတင်းလည်း ရလာလိမ့်မည်။
ဒါကလည်း အဓိပ္ပာယ်ရှိတဲ့ အလုပ်တစ်ခု မဟုတ်ဘူးလား။
ဒါကို တွေးမိရင်း ကျန်းရှောင် စဉ်းစားခန်း ဝင်သွားသည်။
သူ ဒီနေရာကို ရောက်လာတာ ၂ နာရီတောင် မပြည့်သေးဘဲ ကြီးမားတဲ့ အပြောင်းအလဲတွေ ကြုံခဲ့ရသလို၊ အသစ်အသစ်သောအရာတွေကိုလည်း အတင်းအကျပ် လက်ခံခဲ့ရပြီးပြီ။
သူ့အနာဂတ်အတွက် စိတ်အေးအေးထားပြီး စဉ်းစားဖို့ အချိန်လိုအပ်သည်။
ဘာပဲဖြစ်ဖြစ် ကျန်းရှောင်က အသက် ၁၆ နှစ်အရွယ် ဘာမှမသိတဲ့ ကောင်လေးမဟုတ်ဘူး၊ ရင့်ကျက်တဲ့ စိတ်ဓာတ်ရှိတဲ့ အသက် ၂၅ နှစ်အရွယ် လူကြီးတစ်ယောက်ပဲ။
ဒီထူးဆန်းတဲ့ ကမ္ဘာသစ်ထဲကို ရောက်ရှိလာပြီးနောက်မှာတော့ သူ့ဘဝကို စီစဉ်ဖို့နဲ့ သူ့ရဲ့ တကယ့် ရည်မှန်းချက်ကို ရှာဖွေဖို့က ကျန်းရှောင်အတွက် အရေးကြီးဆုံး ဦးစားပေး ဖြစ်လာသည်။
ဆရာဝန်လို အသက်မွေးဝမ်းကျောင်းက မြင့်မြတ်ပြီး လူ့အဖွဲ့အစည်းအတွက် အကျိုးရှိတာ မှန်ပေမဲ့၊ ဒါက နည်းနည်းတော့ ရိုးအမ်းမနေဘူးလား။
ဒီထူးဆန်းတဲ့ ကမ္ဘာထဲကို မတော်တဆ ရောက်လာကတည်းက၊ ဒီလိုကူးပြောင်းလာရကျိုးနပ်အောင် လျှို့ဝှက်ဆန်းကြယ်တဲ့ ခရီးတစ်ခုကို သူ စတင်ဖို့ လိုအပ်သည်ဟု ခံစားရသည်။
အဟမ်း...
ဒါမှမဟုတ်ရင်လည်း ဟန်ကျန်းရွှယ်ရဲ့ ပါးရိုက်ချက်က အလကား ဖြစ်သွားမှာပေါ့။
ကြယ်တာရာစွမ်းအား၊ အတတ်ပညာ၊ အိမ်မွေး တိရစ္ဆာန်တွေနဲ့ အင်တာနက်မှာ ဖော်ပြထားတဲ့ နယ်ပယ်စုံ ကမ္ဘာတွေက ကျန်းရှောင် စူးစမ်းဖို့ စောင့်ကြိုနေကြသည်။
ဒီခန္ဓာကိုယ်ထဲမှာ အတွင်းပိုင်း ကြယ်တာရာမြေပုံလည်း ရှိသေးသည် မဟုတ်ပါလား။
ကျန်းရှောင်သာ သာမန်အလုပ်တစ်ခုကို ရွေးချယ်လိုက်မယ်ဆိုရင် ဒါဟာ ကောင်းကင်ဘုံက ပေးတဲ့ အရင်းအမြစ်တွေကို အလဟဿ ဖြုန်းတီးလိုက်တာပဲ ဖြစ်လိမ့်မည်။
ဟန်ကျန်းရွှယ်က ငြိမ်သက်ပြီး တိတ်ဆိတ်နေတဲ့ ကျန်းရှောင်ကို ကြည့်ပြီး အနည်းငယ် အံ့သြသွားသည်။
ပုံမှန်ဆိုရင် သူ့မောင်က ဆရာဝန်မလုပ်ချင်ဘူးလို့ ငြင်းဆန်ပြီး အလုပ်မရှိ အကိုင်မရှိ လျှောက်သွားဖို့ပဲ ပြောနေကျပင်။
ဒါပေမဲ့ အခုအချိန်မှာတော့ ကျန်းရှောင်က အံ့သြစရာကောင်းလောက်အောင် ငြိမ်သက်နေသည်။
ဖြစ်နိုင်တာက သူ ကြယ်တာရာ အတတ်ပညာရခါစမို့လို့ ဘာလုပ်ရမှန်း မသိသေးတာ ဖြစ်မှာပါ လို့ သူမ တွေးမိသည်။
ဟန်ကျန်းရွှယ်က ထလိုက်ပြီး ကျန်းရှောင်ဆီ လျှောက်သွားကာ လက်ကို ဆန့်လိုက်သည်။
ဒါပေမဲ့ သူမလက်က လေထဲမှာတင် တန့်သွား၏။
သူမက ဖြူဝင်းသွယ်လျတဲ့ လက်မောင်းကို ပြန်ရုပ်လိုက်ပြီး ပြောလာပြန်၏။
"ဒါကို လူတိုင်းကို လျှောက်မကြွားနဲ့ဦး၊ ပြီးတော့ ဟိုတလွဲ ဗီဒီယိုတွေလည်း လျှောက်မရိုက်နဲ့"
"လိမ်လိမ်မာမာနေပြီး ကျင့်ကြံဖို့ပဲ အာရုံစိုက်၊ နင့်ရဲ့ ကြယ်တာရာ အတတ်ပညာကို လေ့ကျင့်ပြီး စွမ်းအားကို စုပ်ယူဖို့ ကြိုးစား"
ပြီးတော့ ဟန်ကျန်းရွှယ်က မီးဖိုချောင်ဘက်ကို လျှောက်သွားသည်။
ချက်ချင်းဆိုသလို...
အရပ် ၁.၇၂ မီတာရှိတဲ့ ပိန်ပိန်ပါးပါး ကောင်လေးတစ်ယောက်က မီးဖိုချောင်အဝမှာ ရုတ်တရက် ပေါ်လာပြီး ဟန်ကျန်းရွှယ်ရဲ့ လမ်းကို ပိတ်လိုက်သည်။
ဟန်ကျန်းရွှယ်က ကြောင်အမ်းသွားပြီး ကျန်းရှောင်ရဲ့ မှိုင်းညို့နေတဲ့ မျက်လုံးတွေကို ကြည့်လိုက်တဲ့အခါ သူ စကားစပြောလာတာကို တွေ့ရသည်။
ဒါပေမဲ့ သူ့အသံက နောက်ဘက်ကနေ ထွက်လာသလိုမျိုး ခံစားရစေ၏။
"ကျွန်တော် အခုမှ နိုးထလာတာ မှန်ပေမဲ့ နိုးထသူတွေကို အမျိုးအစား ခွဲခြားထားတာ ကျွန်တော်သိတယ်"
"အရည်အသွေးနိမ့်တဲ့ ဆေးပညာရဲ့ ကြယ်တာရာ အတတ်ကို ရထားတဲ့သူတွေက တခြား အရည်အသွေးမြင့်တဲ့ ဆေးပညာရဲ့ အတတ်တွေကို စုပ်ယူတဲ့အခါ အောင်မြင်မှုနှုန်း ပိုမြင့်တယ်"
လို့ ကျန်းရှောင်က ဆက်ပြောသည်။
"တိုက်ခိုက်ရေးစွမ်းရည် နဲ့ နိုးထလာတဲ့သူတွေကတော့ ဘယ်လောက်ပဲ ပါရမီရှိရှိ၊ အရည်အချင်း ဘယ်လောက်ကောင်းကောင်း၊ ကြယ်တာရာနေရာတွေ ဘယ်လောက်ပဲရှိရှိ ဆေးပညာရဲ့ အတတ်ကိုရဖို့ အခွင့်အရေး မရှိသလောက်ပဲ"
ဟန်ကျန်းရွှယ်ရဲ့ မျက်လုံးတွေ အနည်းငယ် ပြူးကျယ်သွားပြီး သူမရှေ့တည့်တည့်က ကျန်းရှောင်ကို ငုံ့ကြည့်လိုက်သည်။
သူမက ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်တဲ့အခါ စားပွဲမှာ ထိုင်နေဆဲဖြစ်တဲ့ ကျန်းရှောင်ကို တွေ့လိုက်ရသည်။
မျက်လှည့်ပြတာလား။
'ဘီလူးဖြူစုန်းမရဲ့ ဒုတိယမြောက် အတတ်ပညာက လူစားထိုးလှည့်စားခြင်းလား'
ဟန်ကျန်းရွှယ်က အံ့သြတုန်လှုပ်စွာဖြင့် ကျန်းရှောင်ကို ငုံ့ကြည့်ရင်း တွေးလိုက်သည်။
'ကြယ်တစ်ပွင့်တည်းမှာ နည်းပညာနှစ်ခုလား'
ဒီလို ဖြစ်ရပ်မျိုး လူ့သမိုင်းမှာ ရှိခဲ့ဖူးပေမဲ့ ဒီလောက် ကံကောင်းတဲ့ နိုးထသူမျိုးက တကယ်ကို ရှားပါးလှ၏။
"မမက ကျွန်တော် လူသိများသွားမှာကို စိုးရိမ်နေတာပဲ"
ကျန်းရှောင်က လှည့်ကြည့်ပြီး နှုတ်ဆိတ်နေတဲ့ ဟန်ကျန်းရွှယ်ကို သုံးသပ်ပြလိုက်သည်။
"ကျွန်တော့်ရဲ့ အရည်အချင်းက မမြင့်သလို ကြယ်တာရာနေရာတွေလည်း နည်းနည်းလေးပဲ ရှိတာ မမသိတယ်၊ ဒါပေမဲ့ ကျွန်တော်က ဆေးပညာနိုးထသူ ဖြစ်နေတယ်"
"ဆေးပညာနိုးထသူတွေ ရှားပါးနေတဲ့အတွက် ကျွန်တော်က အရည်အချင်းမရှိရင်တောင် အန္တရာယ်များတဲ့ အလုပ်တွေမှာ ပါဝင်ဖို့ တချို့အဖွဲ့အစည်းတွေက ကျွန်တော့်ကို ခေါ်ယူကြလိမ့်မယ်ဆိုတာ မမသိနေတာပဲ"
ဟန်ကျန်းရွှယ်က ရှေ့ကို ကိုင်းလိုက်ပြီး ပြတ်ပြတ်သားသား ပြောလာ၏။
"နင့်ရဲ့ ကြယ်တာရာမြေပုံမှာ ကြယ်တစ်ပွင့်ပဲ လင်းသေးတာ၊ ဒါကြောင့် နင့်ရဲ့ ဒုတိယနည်းပညာကို ပြင်ပလူတွေရှေ့မှာ မသုံးနဲ့"
"ရတာပေါ့"
ကျန်းရှောင်က ပြတ်ပြတ်သားသား ခေါင်းငြိမ့်လိုက်သည်။
"ရတာပေါ့ ဟုတ်လား"
ဟန်ကျန်းရွှယ်က အံ့သြစွာဖြင့် မျက်ခုံးပင့်လိုက်မိ၏။
သူမမောင်ရဲ့ စရိုက်အရဆိုရင် တစ်ဇွတ်ထိုးလုပ်ပြီး နားမထောင်ဘူးလို့ ထင်ထားတာ၊ ဒါပေမဲ့ သူက ပုံမှန်အတိုင်းပဲ လိမ်လိမ်မာမာ ရှိနေတုန်းပင်။
"ကျွန်တော့်မှာလည်း ကမ်းလှမ်းချက်တစ်ခု ရှိတယ်"
ကျန်းရှောင်က ရုတ်တရက် ပြောလိုက်သည်။
"ကမ်းလှမ်းချက်"
ဟန်ကျန်းရွှယ် ခေါင်းငြိမ့်လိုက်ပြီး တွေးလိုက်သည်။
'အော်... ဒါကြောင့် သူက လိမ်မာနေတာကိုး၊ တစ်ခုခု တောင်းဆိုချင်လို့ပဲ'
"ပြောလေ"
"ကျွန်တော် ကြိုးစားပါ့မယ်"
ကျန်းရှောင်က ဟန်ကျန်းရွှယ်ကို မော့ကြည့်ပြီး ဆက်ပြောသည်။
"မမ နောက်တစ်ခါ နှင်းတောထဲသွားရင် ကျွန်တော့်ကိုပါ ခေါ်သွားပါ"
ကျန်းရှောင်ရဲ့ မျက်နှာပေါ်က တည်ကြည်တဲ့ အမူအရာကို မြင်လိုက်ရတဲ့အခါ ဟန်ကျန်းရွှယ်ကလည်း တည်တည်တံ့တံ့ပဲ ပြန်ဖြေသည်။
""ငါက ဘာလို့ နင့်ကို ကတိပေးရမှာလဲ"
ကျန်းရှောင်က ပုခုံးတွန့်ပြရင်း ပြောလိုက်သည်။
""အပြန်အလှန်အနေနဲ့ မမကို ကောင်းချီးပေးခြင်း အကြိမ်အနည်းငယ် ပေးလို့ရတာပေါ့"
ဟန်ကျန်းရွှယ်က အလျင်အမြန်ပဲ ငြင်းလိုက်သည်။
"မဟုတ်ဘူး... မလိုပါဘူး..."
***