“ဒီအလုပ်နေရာက ဘာလို့ လီဟုန်ကျွင့်အတွက် ဖြစ်ရမှာလဲ .. ကျွန်မရဲ့ ယောက်မက ဒီအလုပ်အတွက် သူမရဲ့အသက်နဲ့ လဲပြီးရခဲ့တာ!
သူမ မသေခင်ကတည်းက ရှင်တို့ရဲ့ စက်ရုံဒါရိုက်တာကိုယ်တိုင်က ဒီအလုပ်ကို ကျွန်မတို့ရဲ့ ရှန်းရှန်းဆီကို ပေးမယ်လို့ ကတိပေးခဲ့တာ၊
ဒီလောက်ထိကြီးမားတဲ့ စက်ရုံမှာ သမာသမတ်ရှိတဲ့လူတစ်ယောက်မှ မရှိနိုင်ဘူးလို့တော့ ကျွန်မ မယုံဘူး!”
ဖန်ချင်းက အရာအားလုံးကို ထုတ်ပြောလာခဲ့၏။
“ဒါက အမှန်ပါပဲ ..ဒီကိစ္စအတွက် ကျွန်တော် သက်သေခံပေးနိုင်တယ်”
အနားတွင်ရှိနေသော ကျန်းချင်းတုန်ကလည်း ဝင်ရောက်ကတိပေးစကား ပြောလာခဲ့လေသည်။
“ဒီအလုပ်တင် မကဘူး၊ လောင်လီ အခုနေနေတဲ့အိမ်ကလည်း ဟုန်ကျန့်အတွက်ဆိုပြီး စက်ရုံက ချထားပေးခဲ့တာ၊ လီဟုန်ကျွင့်ရဲ့ လုပ်သက်အတိုင်း ကြည့်ရင် သူက အရှေ့ဘက်က ဝန်းထဲမှာပဲ နေလို့ရလိမ့်မယ်”
ထုန်လင်းအနေဖြင့် ကျန်းချင်းတုန်က ဤမျှလောက်ရက်စက်လိမ့်မည်ဟု လုံးဝမျှော်လင့်မထားခဲ့ပေ။
သူသည် မုန်လာဥကို အမြစ်မှဆွဲနှုတ်နေရုံတင်မကဘဲ အောက်ဘက်ရှိရွှံ့များကိုပါမကျန်အောင် တူးထုတ်ချင်နေခဲ့ကြ၏။
သူ၏ ပါးစပ်ကို ဖွင့်လိုက်သည်နှင့် အလုပ်ကိုသာမက သူတို့၏အိမ်ကိုပါ သိမ်းပိုက်ချင်နေသည်။
“ဒီလိုပြောလို့တော့ မရဘူး၊ ဒီအိမ်ကို ပေးတဲ့အချိန်တုန်းက ဟုန်ကျန့်ကြောင့်ချည်းပဲသက်သက်တော့ မဟုတ်ဘူး… လီဟုန်ကျွင့်မှာလည်း လုပ်သက် ရှိသေးတယ်”
ဝူချန်ချွမ်က ချက်ချင်းပင်ဝင်ပြောကာ တားဆီးလိုက်သော်လည်း သူက အိမ်ကိစ္စကိုသာ ပြောဆိုခဲ့ပြီး အလုပ်အကြောင်းကိုတော့ မပြောခဲ့ချေ။
အလုပ်က လီရှန်းအတွက်ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိတော့ချေ။
ကျန်းကျူးရိက ဝူချန်ချွမ်ကို လှမ့းကြည့်လိုက်လျှင် တစ်ဖက်လူက သူ့ကိာမျက်လုံးတစ်ဖက်မှိတ်ပြနေသည်ကို တွေ့လိုက်ရ၏။
အိမ်နှင့် အလုပ်ကို နှိုင်းယှဉ်လျှင် အိမ်က ပိုအရေးကြီးသည်မှာ သေချာသည်။
ထိုအချိန်မှသာ လီဟုန်ကျွင့်က ရိုးရိုးသားသားပြောလာ၏။
“ဒီအလုပ်က ရှန်းရှန်းအတွက်ဆိုတာ မှန်ပါတယ်… ကျွန်တော်ဝန်ခံတယ်၊ ဒါပေမဲ့ တခြားသူကို ပေးဖို့လည်း မစဉ်းစားခဲ့ပါဘူး၊ ရှန်းရှန်းက အထက်တန်းကျောင်း မပြီးသေးဘူးမလား.. ကျွန်တော်က သူ ကျောင်းပြီးမှ ပေးမယ်လို့ စဉ်းစားထားတာပါ”
လီဟုန်ကျွင့် ပြောလာသောစကားများကို ကြားလျှင် လီရှန်းအနေဖြင့် အလွန် ရယ်စရာကောင်းသည်ဟုသာ ခံစားခဲ့ရသည်။
သူသာ ဤအလုပ်က သူမ ပိုင်သင့်သည်ဟု ခံစားခဲ့ရပါက ယမန်နှစ်အတွင်းက သူမကို မည်သည့်စကားမှ မပြောခဲ့ဘဲ ကျေးလက်ဒေသဆီသို့ အဘယ်ကြောင့် သွားခိုင်းနေမည်နည်း။
ထုန်လင်းကလည်း စိတ်သက်သာရာ ရသွား၏။ လီရှန်းမှာ ကျောင်းပြီးရန် နှစ်လခန်းလိုသေး၏။
နှစ်လအတွင်းတွင် အပြောင်းအလဲများစွာ ဖြစ်လာနိုင်သည်။
“အခုတော့ နာမည်အရင်ပေးထားလိုက်ပေါ့၊ လစာတော့ မယူသေးနဲ့ဦး”
ကျန်းကျူးရိက ထိုမျှလောက် အလွယ်တကူ လှည့်စား၍ရနိုင်သောသူ မဟုတ်ပေ။
သူက ဒါရိုက်တာလျို့ကို တိုက်ရိုက်ပင်ပြောခဲ့၏။
“ဘယ်လိုပဲဖြစ်ဖြစ်… ဒီနေရာကို ဒီလောက်တောင် နှစ်တွေ အကြာကြီး ထိန်းသိမ်းပြီးပြီလေ.. နာမည်လေး ပြောင်းလိုက်ရုံပါပဲ”
ဒါရိုက်တာလျို့က ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ”
သူက ခေါင်းငုံ့၍ ဆေးလိပ်တစ်လိပ် မီးညှိလေ၏။
“ကျွန်တော် အခုချက်ချင်း စာချုပ်တွေ ပြင်လိုက်ပါ့မယ်”
ထုန်လင်းက တစ်ခုခုပြောရန်ဟန်ပြင်လိုက်သော်လည်း လီဟုန်ကျွင့်မှ သူမကို အမြန်တားဆီးလိုက်သည်။
ဤအချိန်တွင် ကျန်းကျူးရိက အိမ်အကြောင်းနှင့်ပတ်သက်၍ မည်သည့်စကားကိုမှမပြောခဲ့သေးပေ။ သို့သော်လည်း ထုန်လင်းသာ ထပ်မံဆူပူမည်ဆိုပါက အိမ်ကို ထိန်းသိမ်းထားရန် စိတ်ကူးကိုပင် ပျက်စီးသွားစေလိမ့်မည်။
ကျန်းကျူးရိက အလုပ်ကိုသာ လိုချင်ခဲ့ပြီး လီဟုန်ကျွင့်ကလည်း ဝမ်းမြောက်စွာ ပေးခဲ့သဖြင့် ကိစ္စက အဆင်ပြေပြေဖြင့် ပြီးဆုံးသွားခဲ့သည်။
သေချာပေ၏။ ထုန်လင်းသည်လည်း အပြစ်ပေးခံခဲ့ရသည်။
မူလတုန်းက သူမ၏အလုပ်တွင်မကြာခင် လစာတိုးတော့မည်ဖြစ်သော်လည်း ဤဖြစ်ရပ်ကြောင့် သူမ၏ လစာက တိုးလာရန် မမျှော်လင့်နိုင်တော့ရုံသာမက တစ်ဆင့်ပါ ကျဆင်းသွားခဲ့သည်။
သူမ၏လစာက အလုပ်သင်တစ်ဦးထက် သုံးယွမ်သာ ပိုများတော့သည်။ ဤဖြစ်ရပ်ပြီးနောက်တွင် သူမက တစ်လလျှင် ရှစ်ယွမ်နီးပါးလောက်ဆုံးရှုံးခဲ့ရသည်။
ထိုမျှသာမက အတွေးအခေါ်သင်တန်းများသို့လည်း တက်ရောက်ကာ ကိုယ့်ကိုယ်ကိုဆန်းစစ်ရမည် ဖြစ်သောကြောင့် ထုန်လင်းတ်ယောက် မြေကြီးထဲတွင် တွင်းတစ်တွင်းကို ရှာဖွေကာ တွားဝင်ချင်စိတ်များပင်ဖြစ်နေခဲ့ရသည်။
အငြိမ်းစားခေါင်းဆောင်ကြီးများကတော့ တိတ်ဆိတ်စွာသာ စောင့်ကြည့်နေခဲ့ကြသည်။ ၎င်းတို့က အခြေအနေကို ထိန်းချုပ်ရန်သာ လာရောက်ခဲ့ကြခြင်း ဖြစ်ပြီး ဝင်ရောက်စွတပ်ဖက်ခြင်းမရှိပါချေ။
ယခုအချိန်တွင် အလုပ်များ ပြီးစီးသွားပြီဖြစ်သဖြင့် ကျန်းကျူးရိက ၎င်းတို့တစ်ဦးစီကို နှုတ်ဆက်ကာ ကျေးဇူးတင်ခဲ့သည်။
ထိုအချိန်တွင် ကျန်းဟုန်မေ့နှင့် ကျန်းရှင်းမင်းတို့ကတော့ လီရှန်းကို လုပ်ငန်းစဉ်များ လုပ်ဆောင်ရန် ခေါ်ဆောင်သွားခဲ့သည်။
လီရှန်းက ဒါရိုက်တာလျို့မှ ကျန်းဟုန်ကျန့်၏ နာမည်ကို ဖြတ်တောက်ကာ လီရှန်း၏ နာမည်ဖြင့် အစားထိုးလိုက်သည်ကို ကြည့်နေခဲ့ပြီး ကိစ္စ ပြေလည်သွားသည့်အတွက် စိတ်သက်သာရာရစွာ သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်သည်။
“ ကောင်းပြီ၊ အခုတော့ အဆင်ပြေသွားပြီ.. အလုပ်ရသွားပြီဆိုတော့ စိတ်ပူစရာ မလိုတော့ဘူး”
ကျန်းဟုန်မေ့က အလုပ်ခန့်စာကို ကိုင်ကာ ပါးစပ်မစေ့နိုင်စွာ ရယ်မောလျှက် ပြောလာလေ၏။
မကြာသေးမီအချိန်က မျက်ရည်နှင့် နှာရည်များဖြင့် ပေကျံလျှက် ဝမ်းပန်းတနည်း အော်ဟစ်ငိုကြွေးခဲ့သည်က သူမမဟုတ်သကဲ့သို့ပင်။
အလုပ်ကို ချောမွေ့စွာ လွှဲပြောင်းပေးခဲ့ပြီးနောက် ဖန်ချင်းတစ်ယောက် သက်ပြင်းချလိုက်သည်။
သူမ၏ တစ်ခုတည်းသော နောင်တမှာ အိမ်ကို ပြန်လည်မရရှိခြင်းကိုပင်။
ကျန်းကျူးရိက ဝူချန်ချွမ်နှင့် မည်သို့သော ဆွေးနွေးမှုများကို ပြုလုပ်ခဲ့ကြောင်း သူမ မသိခဲ့ပေ။
သူမလည်း ယခုလေးတင် ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရသည်။ ဝူချန်ချွမ်က မျက်စိမှိတ်ပြချိန်တွင် ကျန်းကျူးရိက အိမ်အကြောင်းကို ထပ်မံ မပြောဆိုခဲ့တော့ပေ။
“ယောက်မ.. ဘာလို့ ဒီလောက်တောင် စဉ်းစားနေရတာလဲ ..ကျွန်မတို့ရဲ့အကိုကြီးက ရှန်းရှန်းကို ထိခိုက်တဲ့အရာတွေကို ဖြစ်စေပါ့မလား”
ကျန်းဟုန်မေ့ကတော့ အတော်လေး အကောင်းမြင်နေခဲ့သည်။
သူမက ကျန်းရှင်းမင်ဘက်သို့ လှည့်ပြီး နှုတ်ခမ်းကိုအသာမဲ့ကာ ပြောဆိုခဲ့ပြန်သည်။
“ကြည့်ပါဦး၊ ကျွန်မတို့မောင်နှမတွေတောင်မှ ဘာတစ်ခုမှ မပြောရသေးဘူးလေ”
ထိုအချိန်မှသာ ဖန်ချင်းလည်း သူမ၏ယောာက်မနှင့်မတ်ဖြစ်သူက အစမှအဆုံးထိ အိမ်နှင့်ပတ်သက် မည်သည့်ထင်မြင်ချက်မျှ မဖော်ပြခဲ့သည်ကို သတိရသွားခဲ့ပြီး စိတ်သက်သာရာရသွားခဲ့သည်။
ထိုအချိန်မှသာ ဖန်ချင်း၏ မျက်ခုံးများ ပြေလျော့သွားသည်ကို မြင်လျှင် ကျန်းဟုန်မေ့တစ်ယောက် ရယ်မောချင်စိတ်ကို မထိန်းချုပ်နိုင်ခဲ့ပေ။ ဤအကြီးဆုံးယောက်မသည်က ဆယ်စုနှစ်များကြာမြင့်ခဲ့သည့် ကာလတစ်လျှောက်လုံး ဤကဲ့သို့ပင် ဖြစ်ခဲ့ပြီး သူမ၏ စိတ်ခံစားမှုအားလုံးက သူမ၏မျက်နှာပေါ်တွင် ရေးထိုးထားသကဲ့သို့ရှိခဲ့သည်။
သို့သော် သူမ၏ စိတ်ခံစားချက်ာ ထိုမျှ ရိုးရှင်းသောကြောင့်ပင် ၎င်းတို့ကလည်း သူမနှင့် စကားပြောရန် ဆန္ဒရှိခဲ့ကြသည်။
သူမက လီရှန်းကိုလှမ်းကြည့်လိုက်လျှင် တူမဖြစ်သူက ခါးကိုကိုင်းညွတ်၍ လက်မှတ်ရေးထိုးနေသေးသောကြောင့် မေးမြန်းလိုက်သည်။
“ကျန်းခမ်းနဲ့ ကျန်းယွမ်တို့ အခုနေကောင်းကြလား”
“လွန်ခဲ့တဲ့တစ်ခေါက် ကြေးနန်းပို့ခဲ့တုန်းကတော့ အဲဒီမှာ အစားအသောက်တွေ လုံလောက်တယ်လို့ ပြောခဲ့တာပဲ”
သားဖြစ်သူ၏အကြောင်းကို ပြောနေချိန်တွင် ဖန်ချင်း၏ အပြုံးတို့က ပိုမို တောက်ပကာ ထင်ရှားလာခဲ့သည်။
ကျန်းကျူးရိက ယခုနှစ်အစောပိုင်းတွင် ကျေးလက်ဒေသသို့ သွားရောက်သည့် စနစ်က မကြာမီ ပိုမိုတင်းကျပ်လာတော့မည်ဖြစ်ကြောင်း အသိပေးစာတစ်စောင်ကိုရရှိခဲ့သည်။
ထို့ကြောင့် ကျန်းကျူးရိက သူ၏ သားအကြီးဆုံးနှစ်ဦးကို ကွမ်တုန်ပြည်နယ်သို့ ပညာတတ်များအဖြစ် စေလွှတ်ခဲ့သည်။
ထိုနေရာသည် ချုံကျိုးကျွန်းနှင့် နီးသောကြောင့် စစ်မှုထမ်းရန် ကြေညာသည်နှင့် အမြန်ဆုံး စာရင်းပေးသွင်းနိုင်သည်။
ထို့အပြင် ထိုဒေသ၏ ရာသီဥတုသည် နွေးထွေးပြီး စပါးများကိုလျှင်မြန်စွာရိတ်သိမ်းနိုင်သည်။
အစားအသောက်များက သာမန်မျှသာ ဖြစ်သော်လည်း ဝမ်းပြည့်လွယ်သည်။
ဗိုက်ဆာလောင်ချင်းမရှိသရွေ စိတ်ပူစရာမရှိပါချေ။
အစပိုင်းတွင် ဖန်ချင်းအနေဖြင့်လီရှန်းတစ်ယောက် ကျေးလက်ဒေသသို့ သွားရမည်ကို စိုးရိမ်နေခဲ့ရသည်။
သိာ့သော်လည်း ယခုအချိန်တွင်တော့ သူမထံတွင် တရားဝင်အလုပ် ရရှိထားပြီဖြစ်သောကြောင့် ကျေးလက်ဒေသသို့ သွားရမည်ကို စိုးရိမ်စရာ မလိုတော့ပါချေ။
သို့သော်လည်း သူမ ထိုသို့တွေးနေချိန်တွင်ပင် လီရှန်းက အချိန်အတန်ကြာအောင် တိတ်ဆိတ်နေခဲ့ပြီးနောက် ရုတ်တရက် ခေါင်းကိုမော့ကာ ဒါရိုက်တာလျို့ကို မေးလိုက်လေ၏။
“ဦးလေးလျို့၊ ကျွန်မသာ... ဒီအလုပ်နေရာကို ရောင်းချင်တယ်လို့ ပြောရင်...”
“အလုပ်ကို ရောင်းမယ်?!”
မကြာခင်ကမှ စိတ်သက်သာရာရစွာ သက်ပြင်းချခဲ့သော ဖန်ချင်းတစ်ယောက် ပြန်လည် အော်ဟစ်လိုက်ရပြန်သည်။
“ ဒီကလေးကတော့! မင်းအခုမှ အလုပ်တစ်ခု ရလာတာလေ.. ဘယ်လိုလုပ်ပြီးရောင်းဖို့တွေးနေရတာလဲ”
လီရှန်းက ခါးသက်စွာ ပြုံးလိုက်သည်။
“ကျွန်မ အထည်ချုပ်စက်ရုံမှာ ဘယ်လိုနေရမယ်ဆိုတာ မသိနိုင်လောက်ဘူး”
“ကျွန်မသာ အထည်ချုပ်စက်ရုံထဲကိုဝင်ရင် စက်ရုံထဲမှာပဲ နေရမှာပဲလေ.. ဒါပေမဲ့ စက်ရုံရဲ့ ဘယ်နေမှာနေရမှာလဲ? ဝန်ထမ်းအဆောင် စီစဥ်ပေးမှာလားလား?
ဒါပေမဲ့ ကျွန်မက ဒီစက်ရုံထဲမှာ ကိုယ်ပိုင်အိမ် ရှိနေပြီးသားပဲ၊ ဒါကြောင့် ဝန်ထမ်းအဆောင်လျှောက်လို့ မရဘူး.. ဒါမှမဟုတ် အရင်အိမ်မှာ နေရမှာလား? အဲဒီအိမ်အကြောင်းကိုလည်း အန်တီတို့ တွေ့မြင်နေတာပဲလေ၊ ကျွန်မအတွက် နေရာမရှိဘူး၊ ပြီးတော့...”
လီရှန်းတစ်ယောက် အချိန်ခတ္တလောက် ငြိမ်သက်သွားပြီးမှ လေးနက်သည့် အသံဖြင့်မေးခွန်းတစ်ခုမေးခဲ့သည်။
“ပြီးတော့ ဉီးလေးလည်း သိပါတယ်၊ ကျွန်မရဲ့အဘွားက အမေ့ရဲ့အလုပ်ကို ကျွန်မ ဆက်ခံလိုက်တာကို သိသွားရင် ကျွန်မကို လုံးဝလွှတ်ထားပေးမှာ မဟုတ်ဘူး.. သူ့ရဲ့နှလုံးသားထဲမှာ သူ့ရဲ့မြေး လီချောင်တစ်ယောက်တည်းပဲရှိတယ်”
***