“နောက်ပြီး အထည်ချုပ်စက်ရုံမှာရှိနေတဲ့ အိမ်က ကျွန်မ ကိုင်တွယ်ဖို့ ခက်ခဲလွန်းတယ်.. ဘာပဲဖြစ်ဖြစ် ကျွန်မ အနာဂတ်မှာ အထည်ချုပ်စက်ရုံမှာ ဘယ်တော့မှ အလုပ်လုပ်မှာ မဟုတ်ဘူး”
သူမအနေဖြင်် လီဟုန်ကျွင့်နှင့် တတ်နိုင်သမျှ ဝေးဝေးနေချင်သည်။
“ကျွန်မ အချိန်တန်ရင် ဒါရိုက်တာလျို့ကို အလုပ်နေရာလိုချင်လား မေးဖို့ စီစဉ်ထားတယ်.. သူ့မှာ သားတွေ အများကြီးရှိတယ်လေ.. သားကြီးက လက်ထပ်ရမယ့် အရွယ်ရောက်နေပြီဆိုတော့ သူ ကျွန်မရဲ့နေရာကို ဝယ်ယူချင်မှာ သေချာတယ်”
ဖန်ချင်းတစ်ယောက် စိုးရိမ်စိတ်ဝင်လာပြန်သည်။
“ရှန်းရှန်း၊ မင်းက အလုပ်ကို ရောင်းလိုက်မယ်ဆိုရင် ကျောင်းပြီးတဲ့အချိန် ဘာဆက်လုပ်မှာလဲ.. မင်းရဲ့ အစ်ကိုကြီးလိုမျိုး ကျေးလက်ကို သွားပြီး ပညာတတ်လူငယ်လုပာလို့တော့ မရဘူးနော်”
“ကျွန်မ ဆေးဝါးစက်ရုံကို သွားဖို့ စီစဉ်ထားတယ်”
ကျန်းဟုန်မေ့ အသက်ရှူမှားသွားရသည်။
“အဲဒါ မကောင်းဘူး.. အဲဒီနေရာက စာမေးပွဲ ဖြေရသေးတယ်!”
ဆေးဝါးစက်ရုံက ပိုင်မားခရိုင်တွင် တည်ရှိပသော်လည်း တကယ်တမ်းတွင် ပြည်နယ်၏ တိုက်ရိုက်ကြီးကြပ်မှုအောက်တွင် ရှိနေခဲ့သည်။
မကြာသေးခင် နှစ်များထဲတွင် စွမ်းဆောင်ရည်များကလည်း သိပ်မကောင်းခဲ့ပါချေ။ စက်ရုံအများစုက အလုပ်သမားများကို များစွာ ခေါ်ယူလေ့မရှိပါချေ။
ဆေးဝါးစက်ရုံတစ်ခုတည်းကသာ နှစ်စဉ် ဝန်ထမ်းခေါ်ယူရေး စာမေးပွဲများကို ကျင်းပလေ့ရှိသည်။
ထို့အတွက်ကြောင့် ဆေးဝါးစက်ရုံတွင် လူဦးရေအလွန်များပြားစွာ ဝင်ရောက်ဖြေဆိုကြပြီး မေးခွန်းတွေကလည်း အလွန်ခက်ခဲပေသည်။
ထိုဖြေဆိုသူများထဲတွင် ပရော်ဖက်ရှင်နယ် အသိပညာရှင်များပင် ပါဝင်သည်ဟု ဆိုကြသည်။
နှစ်စဉ် စာမေးပွဲဖြေနေစဉ် ငိုကြွေးနေသည် လူများပင် ရှိနေခဲ့သည်။
လီရှန်း၏ ရည်မှန်းချက်က ဤမျှ ကြီးမားလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပါချေ။
ဖန်ချင်း သက်ပြင်းချလိုက်သည်။
“ဒုတိယဒါရိုက်တာဝမ်ရဲ့ အငယ်ဆုံးသားဆို သုံးနှစ်ကြာအောင် စာမေးပွဲ ဖြေနေပေမဲ့ မအောင်သေးဘူးလေ.. ဒါတောင် သူ အရှုံးမပေးသေးဘူး”
“အရှုံးမပေးလည်း အသုံးမဝင်ဘူး.. သူ့ရဲ့ပညာအရည်အချင်းနဲ့ဆိုရင် ဆယ်နှစ်ကြာရင်တောင် စာမေးပွဲ အောင်မှာ မဟုတ်ဘူး”
ကျန်းကျူးရိက ထိုအကြောင်းကို ပြောလာချိန်တွင် အလွန်ပျော်ရွှင်နေခဲ့သည်။ သူသည်ကား ဒုတိယ ဒါရိုက်တာဝမ်နှင့် သူ့မိသားစုကို အထင်မကြီးပါချေ။
မတိုင်တုန်းက သူ့အနေဖြင့် ထိပ်ကို တက်လှမ်းနိုင်ရန် ခြေလှမ်း တစ်လှမ်းစာသာ ကျန်ရှိနေတော့သော်လည်း ဒုတိယဒါရိုက်တာတစ်ယောက်ကို ရောက်လာခဲ့ပြီးနောက်တွင် သူ့၏နှစ်ပေါင်းများစွာအတွင်း စီစဉ်ထားသမျှအားလုံးကို ပျက်စီးသွားစေခဲ့သည်။
ဒုတိယစက်ရုံဒါရိုက်တာဝမ်နဲ့ သူ့တို့၏မိသားစုက ကောင်းမွန်မည်ဆိုလျှင် အဆင်ပြေပေဦးမည်။ သို့သော် သူတို့အားလုံးက စီးပွားရေးလုပ်ရန်အတွက်သာ တွေးတောနေခဲ့သည်။
ကျန်ကျူးရိက ထိုသောသို့ အခြေအနေကို အဘယ်ကြောင့် စိတ်ကျေနပ်မည်နည်း။
“မင်း တကယ်ပဲ ဆေးဝါးစက်ရုံ စာမေးပွဲကို ဖြေချင်တာလား”
ကျန်းရှင်းမင်က မယုံကြည်နိုင်စွာ ထပ်မေးလာသည်။
“ဟုတ်တယ်”
လီရှန်း: “တကယ်တော့ ကျွန်မ သိပ်ပြီးတော့ မသေချာဘူး၊ ဒါပေမဲ့ ကြိုးစားကြည့်ချင်တယ်..ဆေးဝါးစက်ရုံရဲ့ စီမံခန့်ခွဲမှုက အရမ်းတင်းကြပ်တယ်လေ
ကျွန်မသာ ဝင်ခွင့်ရခဲ့ရင် နောက်ပိုင်းတွေမှာ ကျွန်မရဲ့ အဘွားရောက်လာရင်တောင် ဆေးဝါးစက်ရုံထဲကို ဝင်နိုင်မှာ မဟုတ်ဘူး”
ဖန်ချင်းလည်း အလွန်ဆိုးရွားလွန်းသော အဘွားလီကို သတိရပြီး သက်ပြင်းချမိသည်။
“ကောင်းပြီ၊ မင်းက အထည်ချုပ်စက်ရုံမှာ အလုပ်ရထားပြီးသားပဲ.. ဒါရိုက်တာလျို့ကလည်း အလုပ်ရောင်းဖို့ကို အလျင်လိုစရာ မလိုဘူးလို့ ပြောထားတယ်မလား.. ဒီတော့ မင်း ကျောင်းတက်ရင်း စာမေးပွဲအတွက် စာကျက်သင့်တယ်
အချိန်တန်ရင်လို့ စာမေးပွဲ အောင်ရင်တော့လည်း အကောင်းဆုံးပဲပေါ့.. မအောင်ရင်လည်း မင်းမှာ အလုပ်တစ်ခု ရှိနေသေးတာပဲ”
“ကျွန်မလည်း အဲလိုပဲ တွေးထားတယ်”
လီရှန်းက နာခံစွာ ခေါင်းညိတ်လိုက်သည်။
ယန်အန်းကော်ကတော့ လီရှန်း၏ စိတ်ကူးကို သဘောတူပေသည်။
“ဒီနှစ် ဆေးဝါးစက်ရုံမှာ လုပ်ငန်းကြီး တစ်ခုရှိတယ်.. ဒီတော့အလုပ်သမား နည်းနည်းလောက်ပိုပြီး ခေါ်ယူမယ်လို့ ခန့်မှန်းရတယ်”
ထိုသို့ ပြောပြီးနောက် သူက ဆေးဝါးစက်ရုံ၏ ကြောက်မက်ဖွယ် စာမေးပွဲခန်းအပြောင်းကို သတိရမိသွားသည်။
သူ ချောင်းအနည်းငယ် ဟန့်ပြီး အားပေးစကား ပြောလာသည်။
“မင်း စာမေးပွဲ ဖြေဖို့ ဆုံးဖြတ်ပြီးပြီဆိုမှတော့ ကြိုးစားပြီး စာကျက်လိုက်ပေါ့”
*
လီရှန်းက ဆေးဝါးကုမ္ပဏီ၏ စာမေးပွဲအတွက် ပြင်ဆင်ရန် ဆုံးဖြတ်ခဲ့သော်လည်း သူမ၏ အထက်တန်းကျောင်းအောင်မြင်ပြီးရရှိလာမည့်ဘွဲ့ကို စွန့်လွှတ်ရန် မတွေးထားခဲ့ပေ။
အိမ်တွင် နှစ်ရက်တာနားပြီးနောက် လီရှန်း ကျောင်းသို့ ပြန်သွားသည်။
ခွင့်ယူချိန်မှ စာပြန်တက်ချိန်အထိ သုံးရက်သာ ကြာခဲ့သည်။ လီရှန်းက အသွားအပြန်လုပ်ခဲ့ပြီး အတန်းထဲတွင် အေးဆေးစွာ ဆက်လက်နေထိုင်ခဲ့သည်။
ယခင်က လီရှန်းမှာ နူးညံ့ပြီးစိတ်ခံစားချက်များကို မြိုသိပ်ထားတတ်သော အကျင့်စရိုက်ရှိသောကြောင့် သူမ၏ အတန်းဖော်များနှင့် ဆက်ဆံရေးမှာ သာမန်သာဖြစ်ပြီး ဟန်ပန်များသော ကျန်းယွဲ့နှင့်သာ စကားပြောနိုင်ခဲ့သည်။ပြောရလျှင် ကျန်ရှိနေသူများကိုမဆိုထားနှင့် နှစ်နှစ်တာ စားပွဲတစ်ခုတည်းတွင် အတူထိုင်ခဲ့သော လီလင်းပင်လျှင် နေ့စဉ် ခေါင်းညိတ် နှုတ်ဆက်သည့် အဆင့်သာ ရှိသည်။
လီရှန်းတစ်ယောက် သူမ၏ အတိတ်မှ အကျင့်စရိုက်က အလွန်ဆိုးရွားကြောင်း ထပ်မံပြီး ရေရွက်လိုက်မိသည်။
ကာယကံရှင်ကိုယ်တိုင်ကသာ မတ်မတ်မရပ်နိုင်ပါက တခြားသူများက မည်သို့ ကူညီပေးနိုင်မည်နည်း။
ကံကောင်းစွာဖြင့် ယခုအချိန်တွင် သူမထံ၌ နောက်တစ်ကြိမ် လုပ်ဆောင်ရန် အခွင့်အရေး ရရှိခဲ့ပြီဖြစ်သည်။
လီရှန်း အတန်းပြန်တက်သည်နှင့် ကျန်းယွဲ့က မျက်လုံးထဲတွင် ပျော်ရွှင်မှုများဖြင့် အနားသို့ရောက်လာပြီး သူမ၏ အသံမှာလည်း ယခင်ကထက် ပိုကျယ်နေခဲ့သည်။
“...ငါ တရုတ်နှစ်သစ်ကူးပြီးရင် ပင်းချန်ကို သွားတါ့မယ်၊ ငါ့မိဘတွေရဲ့ ချုပ်ချယ်မှုတွေကနေ ဝေးတဲ့နေရာကို သွားပြီး လုံးဝ လွတ်လပ်တဲ့လူ တစ်ယောက် ဖြစ်လာလိမ့်မယ်”
“ဦးလေးဟဲက ငါတို့ကို လယ်ယာစခန်းအသစ်ဆီကို ပို့ပေးမယ်လို့ ပြောတယ်.. အဲဒီက ရှုခင်းတွေက အရမ်းကို လှပတယ်လို့ ပြောကြတယ်.. အထူးသဖြင့် ဆီးနှင်းတွေကျနေတဲ့မြင်ကွင်းတွေရှိပြီး စိတ်ကူးယဥ်ဆန်လွန်းတယ်တဲ့..
ငါ စဉ်းစားပြီးပြီ.. နောက်ဆောင်းတွင်းမှာ ငါ ပန်းချီကားလိပ်တွေနဲ့ သွားပြီး လှပတဲ့ ရှုခင်းတွေ အားလုံးကို ပုံဆွဲမယ်”
နောက်ဆုံးဖွင့်တဲ့ လယ်ယာစခန်းလား။
လီရှန်း: “...”
အဲဒါက ဘာမှမရှိတဲ့ လူသူကင်းမဲ့တဲ့ နေရာ မဟုတ်ဘူးလား။
ဟဲထန်ရဲ့ ဦးလေးက သူ့တူကို ဘာလို့ ဒီလောက်တောင် ရက်စက်ရတာလဲ။
ဆိုရလျှင် ယခင်ဘဝက ဟဲထန်အနေဖြင့် ပင်းချန်၏ တည်ဆောက်ရေးတပ်ဖွဲ့မှ အနုပညာအဖွဲ့သို့ သွားခဲ့ပုံရသည်။ သူ၏ ချောမောခန့်ညားသောရုပ်ရည်နှင့် ရှင်းလင်းသော အသံထွက်တို့ကြောင့် ထိုနေရာတွင် အချိန်ခြောက်လအတွင်း အစီအစဉ်တင်ဆက်သူ ဖြစ်လာခဲ့သည်။
ကျန်းယွဲ့မှာ ထိုအချိန်များတွင် အလွန် ဂုဏ်ယူခဲ့ပြီး ဦးလေးဖြစ်သူ၏ စစ်ဘက်သုံးယာဉ်ကိုပင် စီးနင်းကာ သွားလာခဲ့သည်။
ကျန်းယွဲ့က သူမရှိနေသော လယ်ယာစခန်းဆီသို့ပင် ပြေးလာပြီး အာဏာပြခဲ့လေ၏။
ထို့နောက်တွင် သူမက ဟဲထန်နှင့် အကြီးအကျယ် ရန်ဖြစ်ခဲ့ကြပြီး ဟဲထန်၏ လီရှန်းအပေါ် နက်ရှိုင်းသော အချစ်ကို နောက်တစ်ကြိမ် အတည်ပြုခဲ့သည်။
ဒါပေမဲ့ အခုက ဘာတွေ ဖြစ်နေတာလဲ။
လီရှန်းတစ်ယောက် စိတ်ရှုပ်ထွေးနေသော်လည်း ထုတ်ဖော်ပြလို့ မရခဲ့ပါချေ။
သို့သော် သူမက စိတ်ရှုပ်ထွေးနေလျှင်ပင် ဟဲထန်နှင့် ကျန်းယွဲ့တို့သာ အမှန်တကယ် အသစ်တည်ဆောက်ထားသော လယ်ယာစခန်းသို့ သွားရမည်ဆိုပါက သူမ အလွန်ပျော်ရွှင်မိမည်။
သူမ၏ အတိတ်ဘဝတွင် ဟဲထန်၏ ဘဝက အလွန် သက်သောင့်သက်သာရှိခဲ့သောကြောင့် သူမအတွက် ဒုက္ခပေးရန် အချိန်ရနေခဲ့သည်။
လီရှန်း သက်ပြင်းချလိုကာကာ သူမ၏ နှုတ်ခမ်းပေါ်ရှိ အပြုံးကို ဖယ်ရှားလိုက်သည်။
သူမ ထိန်းချုပ်ထားရပေမည်။ အော်ရယ်လိုက်ပါက ရိုင်းပြရာ ရောက်ပေလိမ့်မည်။
သူမ၏ ထိုသက်ပြင်းချလိုက်ခြင်းက ထိုင်ခုံဖော်ဖြစ်သည့် လီလင်းကို နားလည်မှုလွဲစေခဲ့သည်။
သူမက အရှေ့မှ မေးစေ့ကို မော့ကာ ဂုဏ်ယူနေသော ကျန်းယွဲ့ကို ကြည့်လိုက်ပြီးနောက် လီရှန်းကို တစ်ဖန်ကြည့်လိုက်သည်။
ထို့နောက်တွင် သူမနှင့် မရင်းနှီးသော်လည်း လီရှန်း၏ ပခုံးကို ပုတ်ကာ နှစ်သိမ့်ပေးလာခဲ့သည်။
“ကျန်းယွဲ့က မင်းကို ကျေးလက်ဒေသဆီကို သွားဖို့ ထပ်ပြီး ဆွဲဆောင်နေတာလား ..သူမကို ဂရုမစိုက်နဲ့၊ ပြောတဲ့စကားတွေကိုလည်း တကယ်လို့ မထင်နဲ့.. သူမက ကျေးလက်ဒေသကို သွားရတာ ဘယ်လောက်တောင် ခက်ခဲလဲဆိုတာ မသိလို ပြောနေတာ”
“ငါ ကျေးလက်ဒေသကို မသွားပါဘူး”
လီရှန်းက လီလင်းကို ရှက်ရွံ့စွာ ပြုံးပြလိုက်ပြီး သူမ၏ မူလစရိုက်ကို ထိန်းသိမ်းထားခဲ့သည်။
လီလင်းကတော့ လီရှန်း၏ ခိုင်မာသော ဆုံးဖြတ်ချက်ကြောင့် အနည်းငယ် အံ့အားသင့်သွားရသည်။
ဆိုရလျှင် သူမ၏ အမြင်တွင် ဤထိုင်ခုံဖော်လေးမှာ အမြဲတစေ သူတပါး၏စကားများကို အလွယ်တကူနာခံတတ်ပြီး ပင်ကိုယ် ခွဲခြမ်းသိမြင်နိုင်မှုမရှိသူသာ ဖြစ်နေပေသည်။
သို့သော် ယခုတွင်တော့ သူမက သေးငယ်သည့်ကိစ္စများတွင် အမြင်မရှိသော်လည်း ကြီးမားသည့်ကိစ္စများတွင်တော့ တိကျပြတ်သားစွာ ဆုံးဖြတ်နိုင်သူ ဖြစ်နိုင်သည်ဟု ထင်ရသည်။
သူမက စိတ်သက်သာရာရစွာနှင့် ပြောလိုက်လေ၏။
“မင်း သိရင်ပြီးတာပါပဲ”
“ကျန်းယွဲ့၊ လုပ်စမ်းပါ.. နင်က ဒီကိုလာပြီး ကြွားလုံးထုတ်ပြနေတာပဲ”
တစ်ဖက်တွင်ထိုင်နေသော လျို့ချင်းကျွင့်က သူမ၏စားပွဲခုံပတွင် ထိုင်လျက် အော်ပြောလာသည်။
“ရှုခင်းက လှတယ်လုပ်နေသေးတယ်.. အဲဒီအချိန်ကျရင် နင့်ရဲ့နှာခေါင်းကိုပဲ အေးခဲမသွားစေနဲ့၊ အလှအပဆိုတာ တကယ်ကြုံတွေ့လာရရင် ဘာမှ မရှိတော့ဘူး..
ပင်းချန်ရဲ့ ဆောင်းရာသီက ဘယ်လောက်တောင် ကြမ်းတမ်းလဲဆိုတာ နင်သိလား.. အေးစက်လွန်းလို့ ငိုတောင်ငိုနေရတာ”
ကျန်းယွဲ့အနေဖြင့် လီရှန်းက သူမကို လျစ်လျူရှုပြီး လီလင်းနှင့်သာ ဆက်လက်ပြောနေသည်ကို မြင်လိုက်ရသောပြောင့် ရုတ်တရက် စိတ်မပျော်မရွှင် ဖြစ်သွားရသည်။
သူမက လီရှန်းကို ထပ်မံ ဆွဲဆောင်ချင်၍သာ ယနေ့တွင် ထိုသို့ထင်ပေါ်အောင် လုပ်ခဲ့ခြင်း ဖြစ်သည်။
ရလဒ်အနေဖြင့် လီရှန်းက စိတ်မဝင်စားရုံသာမက သူမကိုပင် လျစ်လျူရှုခဲ့သည်။ထို့အပြင် လျို့ချင်းကျွင့်ကလည်း သူမကို ပြန်လည်မေးခွန်းထုတ်လာခဲ့သောကြောင့် စိတ်ဓာတ် ပိုကျသွားခဲ့ပြီး သူမ၏ အသံမှာလည်း ပို၍ အေးစက်လာခဲ့သည်။
“ငါက နင်တို့လိုမျိုး အတွေးအခေါ် သတိထားမှု အလုံအလောက် မရှိတာ မဟုတ်ဘူး.. ငါက ကျယ်ပြန့်တဲ့ ကျေးလက်ဒေသမှာ ကမ္ဘာသစ်တစ်ခုကို တည်ဆောက်ချင်ရုံပဲ”
ဒီစကားကို ဘယ်သူကမှ ငြင်းရဲမှာ မဟုတ်ဘူး။
ရုတ်တရက် သက်ပြင်းချသံများ ထွက်ပေါ်လာပြီး လူတိုင်း လူစုခွဲသွားကြကာ ကျန်းယွဲ့ကို မည်သူကမှ ဆက်လက်၍ ဂရုမစိုက်ကြတော့ပေ။
***