ရှယန်နှင့် ဘီလူးဖြူစုန်းမတို့ကို ထိန်းချုပ်နေသော ဟန်ကျန်းရွှယ်သည် ရုတ်တရက် သတိဝင်လာကာ ဘေးသို့လှည့်ကြည့်လိုက်ရာ ကျန်းရှောင် မြေပြင်ပေါ်တွင် လဲကျနေသည်ကို တွေ့လိုက်ရ၏။
သူမ၏ အေးစက်လှသော မျက်လုံးအစုံသည် အနည်းငယ် နူးညံ့ပျော့ပျောင်းသွားပုံရသည်။
"အာရုံမလွင့်နဲ့ဦး၊ ပတ်ပတ်လည်မှာ ဘီလူးဖြူတွေ အများကြီးရှိသေးတယ်" ဟု ကျန်းရှောင်က အဖြူရောင်အလင်းတန်းများအောက်တွင် ကုသမှုခံယူနေရင်း အသည်းအသန် အော်ပြောလိုက်သည်။
သူသည် အရာအားလုံးအတွက် ကြိုတင်
ပြင်ဆင်ထားပြီးဖြစ်၏။
အစွမ်းကုန်တိုက်ခိုက်ရန် ဆုံးဖြတ်ထားပြီးဖြစ်သဖြင့် သူ အဆင်သင့်ဖြစ်နေဖို့ လိုအပ်သည်။
အံ့သြစရာကောင်းသည်မှာ ခုနက ဘီလူးဖြူသည် သူ့ကိုပစ်မှတ်မထားဘဲ ကျန်းရှောင်၏ အစ်မကိုသာ ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်သည်။
"ဘီလူးဖြူ စုန်းမသေသွားပြီ၊ သူတို့ မကြာခင် သတိပြုမိသွားပြီး တိုက်ခိုက်တာရပ်လို့ နှင်းတောထဲ ပြန်ပြေးကြလိမ့်မယ်"
ဟု ဟန်ကျန်းရွှယ်က ကျန်းရှောင်ကို ငုံ့ကြည့်ရင်း တိုးတိုးလေးပြောလိုက်သည်။
"သြော်..."
ကျန်းရှောင်က သူ့ခေါင်းကို ကုတ်ရင်း အနည်းငယ် စိုးရိမ်မကင်းဖြစ်သွား၏။
သူက စိတ်ထဲတွင် 'သူတို့ကို အလွတ်မပေးပါနဲ့ဦး၊ ဒါတွေအားလုံးက ကြယ်တာရာ ပုတီးစေ့တွေပဲဟာ' ဟု တွေးနေမိသည်။
သို့သော် ကျန်းရှောင် ထိုစကားများကို ထုတ်မပြောရဲပေ။
အကယ်၍ သူသာ လုံလောက်သော အရည်အချင်းရှိပါက အဖွဲ့ကို ဦးဆောင်ပြီး ရန်သူကို သတ်ဖြတ်နိုင်မည်။
သို့သော် ယခုအချိန်တွင် ကျန်းရှောင်သည် သူတပါးအပေါ် မှီခိုနေရသူတစ်ဦးကဲ့သို့ ဖြစ်နေပြီး မည်သည့်အကူအညီမှ မပေးနိုင်သေးပေ။
ထိုသို့ဖြစ်ပါလျက်နှင့် ရန်သူကို သတ်ဖြတ်ရန် သူက စတင်ပြောဆိုနေမည်ဆိုလျှင်...
၎င်းမှာ အတော်ပင် မျက်နှာပြောင်ရာ ရောက်ပေလိမ့်မည်။
ကျန်းရှောင်၏ မျက်စိသူငယ်အိမ်များ အနည်းငယ် ကျုံ့သွားသည်။
သူ အသည်းကို ထိုးနှက်ထားသော ဘီလူးဖြူသည် ထွက်ပြေးရန် အစီအစဉ်မရှိဘဲ ပြန်ထလာကာ ဟန်ကျန်းရွှယ်ထံသို့ ဆက်လက် အပြေးအလွှား လာနေပြန်သည်။
"မမ အနောက်မှာ"
ကျန်းရှောင်က အလန့်တကြား အော်ပြောလိုက်သည်။
ဟန်ကျန်းရွှယ်သည် နောက်သို့ လှည့်ပင်မကြည့်ပေ။
သူမ၏ စတုတ္ထမြောက် ရွှေရောင်ကြယ်တာရာ နေရာလင်းလက်လာပြီး လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ သူမအနောက်ရှိ ဟင်းလင်းပြင်လွှာများတစ်ခုနှင့်တစ်ခု ထပ်
ရက်ဖြစ်သွားပြီး ဘီလူးဖြူမှာ ထိုထဲသို့ ကျဆင်းသွားကာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
ရွှေအဆင့် ကြယ်တာရာ အတတ်ပညာ : ကောင်းကင်ဖြိုခွင်းခြင်း
ဟန်ကျန်းရွှယ်၏ နောက်ကွယ်မှ ထပ်ရက်နေသော ဟင်းလင်းပြင်လွှာများ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး သူမသည် ကျန်းရှောင်ကို ငြိမ်သက်စွာ စိုက်ကြည့်နေသည်။
ဟန်ကျန်းရွှယ်က တိုးညှင်းစွာ ပြောသည်မှာ...
"မင်း ငါ့ကို ကယ်လိုက်တာပဲ"
ကျန်းရှောင်သည် မည်သို့ပြန်ပြောရမှန်းမသိဘဲ ခေါင်းကိုသာ ကုတ်နေမိသည်။
ခဏတာ တုံ့ဆိုင်းနေပြီးနောက် သူက "နောက်ဆုံးတော့ မမ ကျွန်တော့်ကို ရင်ဖွင့်တော့မလို့လား" ဟု မေးလိုက်သည်။
ဟန်ကျန်းရွှယ် ကြောင်အမ်းသွားသည်။
ဟန်ကျန်းရွှယ်၏ မျက်နှာ အေးစက်မှောင်မှောက်သွားသည်ကို သတိပြုမိသဖြင့် သူသည် အမြန်ပင် စကားလမ်းကြောင်း လွှဲလိုက်ရ၏။
"မမရဲ့ ဟင်းလင်းပြင် ကြယ်တာရာ အတတ်ပညာက ရွှေအဆင့်လား"
ဟန်ကျန်းရွှယ်က ခေါင်းညိတ်ပြပြီး သူမနှင့် အလှမ်းဝေးရာတွင် ရှိနေသော ရှယန်ကို လှည့်ကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ...မင်းရဲ့ ကြယ်တာရာ စွမ်းအားတွေ အလုံအလောက်ရှိရဲ့လား"
ဓားကို ကိုင်ဆွဲထားရင်း ရှယန်က အလုအယက် ထွက်ပြေးနေသော ဘီလူးဖြူတစ်ကောင်ကို တားဆီးလိုက်သည်။
"သူတို့ကို သတ်ဖို့တော့ လုံလောက်ပါသေးတယ်၊ ဒါပေမဲ့ စခန်းကို ပြန်ပြီးမှ စွမ်းအားပြန်ဖြည့်ရမယ်"
"ရှောင်ဖီ...ကြောင်မနေနဲ့ဦး၊ ငါ့ခန္ဓာကိုယ်ကို အာဟာရဖြည့်ဖို့ ကြယ်တာရာ ပုတီးစေ့တချို့ သွားကောက်ချေဦး၊ ဒါမှ ငါ ဆက်ပြီး သတ်နိုင်မှာ"
ကျန်းရှောင်က ရှယန်ကို အမြန်ပင် ကောင်းချီးပေးခြင်းပြုလုပ်ပေးလိုက်ပြီး ရှယန် ခုတ်ပိုင်းထားသော ဘီလူးဖြူထံသို့ ပြေးသွားသည်။
ထို့နောက် ဟန်ကျန်းရွှယ်ကို ပြောလိုက်သည်မှာ....
"ဟင်းလင်းပြင် အတတ်ပညာက တကယ်ကို သုံးရတာ လွယ်တာပဲ၊ ဝိုင်းထားခြင်းခံရရင်တောင် အခြေအနေက သိပ်မဆိုးလှဘူး"
"အဲဒီ ဟင်းလင်းပြင်က အကန့်အသတ်ရှိတယ်၊ အလောင်း လေးလောင်းပဲ အများဆုံး ဆံ့တယ်"
ဟု ဟန်ကျန်းရွှယ်က ကျန်းရှောင်နောက်သို့ လိုက်လာရင်း သူ့ကို ကာကွယ်ပေးရန် ရည်ရွယ်ပုံရ၏။
သို့သော် သူမသည် အနားမနေဘဲ အဝေးဆုံးရှိ ဝှိုက်ဂူးလ်များကို 'လဟာပြင်လေပြင်း' နှစ်ကြိမ်သုံး၍ မှုတ်ထုတ်လိုက်သည်။
"အလောင်း လေးလောင်း၊ အသက်ရှင်နေတဲ့ အကောင်တွေကလည်း အလောင်း ဖြစ်သွားတာလား"
ဟု ကျန်းရှောင်က အဓိကအချက်ကို ထောက်ပြမေးမြန်းလိုက်၏။
"အင်း... အဲဒီနေရာက သက်ရှိတွေ ရှင်သန်ဖို့ မသင့်တော်ဘူး"
ဟု ဟန်ကျန်းရွှယ်က ခေါင်းခါရင်း ပြောသည်။
"ဘုရားရေ... မမမှာ ဒီလို အရည်အချင်းတွေ ရှိနေတာပဲ၊ ခုနက ကျူးကျော်လာတဲ့ ဘီလူးဖြူကို မမ သတ်နိုင်ခဲ့တာပေါ့ ဟုတ်လား"
"ဒီနည်းစနစ်က တကယ်ကို အစွမ်းထက်တာပဲ၊ ဒီလောက် အရည်အသွေးမြင့်တဲ့ နည်းစနစ်ကို ဘယ်ကရတာလဲ"
"တကယ်ကို အသုံးဝင်ပြီး လက်တွေ့ကျတာပဲ" ဟု ကျန်းရှောင်က အော့အန်ချင်စိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်ရင်း အားကျစွာဖြင့် ပြောလိုက်သည်။
ထို့နောက် သူသည် ဘီလူးဖြူ၏ ပွင့်ထွက်နေသော ဦးခေါင်းထဲသို့ လက်နှိုက်လိုက်သည်။
သူ့စကားကို ကြားပြီးနောက် ဟန်ကျန်းရွှယ်သည် အတော်ကြာ တိတ်ဆိတ်သွားသည်။
ထို့နောက် တိုးညှင်းစွာ ပြောသည်မှာ "ဒီကြယ်တာရာပုတီးစေ့က ငါတို့မိဘတွေ မင်းအတွက် ချန်ထားခဲ့တာ"
ကျန်းရှောင် ခဏတာ တုန့်ကနဲ ဖြစ်သွားပြီး စက္ကန့်အနည်းငယ်အကြာတွင် ဘီလူးဖြူခေါင်းထဲမှ ကြေးဝါအဆင့် ကြယ်တာရာပုတီးစေ့တစ်စေ့ကို ဆွဲထုတ်လိုက်သည်။
သူက ပြုံးပြီး "အာ... ကျွန်တော်တို့ နှစ်
ယောက်လုံးက သူတို့သားသမီးတွေပဲလေ၊ ဘယ်သူရရ အတူတူပါပဲ" ဟု ပြောလိုက်သည်။
ဟန်ကျန်းရွှယ်က အေးအေးဆေးဆေးပင် ထပ်ပြောသည်မှာ "ဒါက တကယ်တော့ မင်းအတွက်ပဲ"
ကျန်းရှောင်က အပိုင်းပိုင်းပြတ်နေသော ဘီလူးဖြူထံသို့ ပြေးသွားပြီး ခေါင်းကို ဂရုတစိုက် ကိုင်လိုက်သည်။
သူက ရယ်မောရင်း "မမ သုံးတာက ပိုကောင်းမှာပေါ့၊ ကျွန်တော့်ရဲ့ အရည်အချင်းနဲ့ဆို ဒါကို စုပ်ယူနိုင်ဖို့တောင် မသေချာဘူး" ဟု ဆိုသည်။
ဟန်ကျန်းရွှယ်က သူမ၏ လက်ချောင်းကို တစ်
ဖန် လှုပ်ရှားလိုက်ပြီး ဘီလူးဖြူတစ်ကောင်ကို ရှယန်ရှိရာသို့ လွှင့်ပစ်လိုက်သည်။
ထို့နောက် တိုးတိုးလေး ပြောသည်မှာ "လွန်ခဲ့တဲ့ ရက်ပိုင်းမှာ မင်း ဘီလူးဖြူတွေနဲ့ ဘီလူးဖြူစုန်းမရဲ့ ပုတီးစေ့တွေကို စုပ်ယူခဲ့တယ်"
"သူတို့ နှစ်မျိုးလုံးမှာ ပုတီးစေ့တစ်စေ့ထဲမှာ နည်းစနစ် နှစ်မျိုးစီ ပါဝင်နေတယ်၊ ဒါကြောင့် မင်း ဒီရွှေအဆင့် အတတ်ပညာကို စုပ်ယူနိုင်မှာပါ"
ကျန်းရှောင် မတ်တပ်ရပ်ပြီး ဟန်ကျန်းရွှယ်၏ မျက်လုံးများကို စိုက်ကြည့်ကာ လေးလေးနက်
နက် ပြောလိုက်သည်။
"ကျွန်တော် အရင်က အသိတရားမရှိခဲ့ဘူး၊ အဲဒီတုန်းက ဒါကို ကျွန်တော့်ကို ပေးလိုက်ရင် တန်ဖိုးရှိတဲ့ ပစ္စည်းကို ဖြုန်းတီးရာ ရောက်မှာပါ၊ မမလုပ်ခဲ့တာ မှန်ပါတယ်"
ဟန်ကျန်းရွှယ် ပါးစပ်ဟသွားသည်။
အကြောင်းမှာ ၎င်းမှာ အမှန်တရားဖြစ်ပြီး သူမ အမှန်တကယ် ခံစားခဲ့ရသည့် အတိုင်းပင် ဖြစ်သောကြောင့်။
ကျန်းရှောင်၏ ပြက်လုံးက လေထုထဲရှိ ကသိကအောက်ဖြစ်မှုကို ပြေလျော့သွားစေသည်။
"ဒါ့အပြင် မမက သူတို့ရဲ့ ရင်းချာသမီးပဲ၊ ကျွန်တော်ကတော့ မွေးစားသားလေ"
ကျန်းရှောင်၏ ပေါ့ပါးသော အပြုံးကို စိုက်ကြည့်ရင်း ဟန်ကျန်းရွှယ်က အနည်းငယ် ပြုံးကာ...
"မွေးစားသားဆိုတာ ဘာကို ဆိုလိုတာလဲ၊ သူတို့အတွက်တော့ ငါတို့ နှစ်ယောက်လုံးက သူတို့ရဲ့ ရင်းချာသားသမီးတွေပါပဲ" ဟု ပြောသည်။
ကျန်းရှောင်က အမြန်ပင် ငြင်းဆိုလိုက်၏။
"အဲလိုမပြောပါနဲ့၊ ကျွန်တော်က သူတို့ရဲ့ ရင်းချာမဟုတ်ပါဘူး"
"ကျွန်တော်တို့ နှစ်ယောက်က သွေးမတော်ဘူးလေ"
ဟန်ကျန်းရွှယ်၏ အပြုံး ပျောက်ကွယ်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။
"ဘာကို ဆိုလိုတာလဲ"
"အကယ်၍ ကျွန်တော်တို့က သွေးရင်းတွေဆိုရင်၊ မမကို ဘယ်လိုမျိုး လိုက်လို့ရတော့မှာလဲ"
ကျန်းရှောင်က အရိုးခေါင်းထဲမှ လက်ကို ပြန်
ထုတ်လိုက်ရင်း 'နှမြောစရာပဲ၊ ကြယ်တာရာပုတီးစေ့ မပါဘူး' ဟု စိတ်ထဲမှ တွေးနေမိသည်။
ဟန်ကျန်းရွှယ်၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားပြီး အသက်ရှူနှုန်း မြန်သွား၏။
သူ့စကားများက သူမ မျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်နေသည်။
ဒီကောင်လေးက...
'ဒီကောင်လေးက တကယ်ပဲ ငါ့ကို လာပရောပရည်လုပ်နေတာလား'
ကျန်းရှောင် ဘာမှပြန်မပြောနိုင်ခင်မှာပင် ကန်ထုတ်ခြင်း ခံလိုက်ရလေသည်။
...
ဘီလူးဖြူများသည် အစီအရီ တန်းစီနေကြသည်။
တိုက်ခိုက်နေသော ဘီလူးဖြူများနှင့် နှင်းတောထဲသို့ ပြန်ပြေးနေသော ဘီလူးဖြူများသည် အဆင့်အတန်း လုံးဝကွာခြားသွား၏။
အကယ်၍ ဘီလူးဖြူအုပ်စုသည် ဘီလူးဖြူစုန်းမကဲ့သို့ အစွမ်းထက်နေမည်ဆိုပါက အဖွဲ့အတွက် တကယ်ပင် ကြောက်စရာကောင်းလိမ့်မည်။
သို့သော် အားသာချက်ရှိလျှင် အားနည်းချက်
လည်း ရှိစမြဲ။
ဘီလူးဖြူစုန်းမ သေဆုံးသွားသည်နှင့် ဘီလူးဖြူများသည် ခေါင်းဆောင်မဲ့သွားပြီး လွှမ်းမိုးမှုနှင့် စိတ်နေစိတ်ထားများ သိသိသာသာ ပြောင်းလဲသွားကြသည်။
ကျန်းရှောင်၏ လေးယောက်တွဲအဖွဲ့သည်လည်း မဟာဗျူဟာကျသော ပထဝီဝင်အနေအထားကို အသုံးချနိုင်ခဲ့၏။
အကယ်၍ တိုက်ပွဲမှာ နှင်းတောထဲတွင် ဖြစ်ပွားခဲ့မည်ဆိုပါက ဘီလူးဖြူအုပ်စုသည် သူတို့၏ နေရင်းဒေသဖြစ်သဖြင့် ဤမျှ အသည်းအသန် ထွက်ပြေးကြမည်မဟုတ်ပေ။
ဘီလူးဖြူစုန်းမ သေဆုံးသွားလျှင်ပင် သူတို့ အရှုံးကြီးရှုံးမည်မဟုတ်ပေ။
ဘီလူးဖြူ ၁၆ ကောင်အနက် ၅ ကောင်မှာ နှင်းတောထဲသို့ ထွက်ပြေးလွတ်မြောက်သွားသော်လည်း အဖွဲ့က လိုက်မဖမ်းတော့ပေ။
အကြောင်းမှာ လူတိုင်း ကြယ်တာရာ အတတ်ပညာများစွာကို အသုံးပြုထားပြီးဖြစ်
သဖြင့် ကြယ်တာရာ စွမ်းအားများ ပြန်လည်ဖြည့်တင်းရန် လိုအပ်နေသောကြောင့်ဖြစ်သည်။
ကိုယ်တိုင်ကျင့်ကြံခြင်းမှာ စွမ်းအားဖြည့်တင်းနိုင်သည့် နည်းလမ်းတစ်ခုဖြစ်သော်လည်း ပိုမိုမြန်ဆန်သောနည်းလမ်းမှာ ကြယ်တာရာ စွမ်းအားများကို စုပ်ယူခြင်းဖြစ်သည်။
ဘီလူးဖြူ ၁၁ ကောင်ထံမှ ကြယ်တာရာ ပုတီးစေ့ ၇ စေ့ ရရှိခဲ့ပြီး ဘီလူးဖြူစုန်းမထံမှလည်း ပုတီးစေ့ ၁ စေ့ ရရှိခဲ့သည်။
ယခုတစ်ကြိမ်တွင် သူတို့ အမြတ်အစွန်းများစွာ ရရှိခဲ့သည်ဟု ဆိုနိုင်၏။
ကျန်းရှောင်သည်လည်း အရည်အသွေးပွိုင့် ၁ မှတ် ရရှိခဲ့ပြီး ပြီးမြောက်ခဲ့သော တာဝန်အမည်မှာ 'ကြေးဝါအဆင့် ၁၀ ကောင်သတ်ဖြတ်ခြင်း' ဖြစ်သည်။
ယခုအချိန်တွင် သူ၏ အတွင်းပိုင်း ကြယ်တာရာ မြေပုံထဲတွင် အရည်အသွေးပွိုင့် ၃ မှတ် ရှိနေပြီ။
ဟန်ကျန်းရွှယ်သည် ဘီလူးဖြူ ကြယ်တာရာ ပုတီးစေ့ နှစ်စေ့ကို ထုတ်ယူပြီး ဖီကဲချိုးကို ပေးသော်လည်း နောက်ဆုံးတွင် သူက ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။
သူ့ကို စောင့်ကြည့်နေမည့်သူ မရှိသော်လည်း သူ၏ ခိုင်မာသော စည်းကမ်းလိုက်နာမှုက ထိုသို့လုပ်ရန် ခွင့်မပြုပေ။
ဤနေရာမှ စစ်သားများသည် အစိုးရနှင့် သက်ဆိုင်သူများဖြစ်သည်။
သူတို့သည် စစ်တပ်မှ ဖြစ်သော်လည်း ကြေးစားစစ်သားများနှင့် ပိုတူ၏။
သူတို့သည် နှင်းကွင်းပြင်ထဲသို့ ဝင်ရောက်လာသော နှိုးထသူများအတွက် လိုက်ပါစောင့်ရှောက်ပေးခြင်း၊ အတွေ့အကြုံများ ဝေမျှခြင်း၊ လမ်းညွှန်ပေးခြင်းနှင့် လမ်းကြောင်းပြသပေးခြင်းတို့ကို ဆောင်ရွက်ပေးသည်။
လိုအပ်ပါက ငှားရမ်းသူ၏ စိတ်ကြိုက် အဖွဲ့အတွင်းရှိ အခန်းကဏ္ဍအမျိုးမျိုးတွင်လည်း ပါဝင်ပေးကြ၏။
၎င်းမှာ စစ်သားများ အမြဲတမ်း တိုက်ခိုက်ရေးအသင့်ဖြစ်နေစေရန်နှင့် လေ့ကျင့်မှုရရှိစေရန်သာမက အဖွဲ့၏ ရှင်သန်နိုင်ခြေ မြင့်မားစေရန်အတွက်လည်း အာမခံချက်ပေးသည်။
အမှန်တကယ်တော့ ဟန်ကျန်းရွှယ်နှင့် ရှယန်တို့ကဲ့သို့ နှိုးထသူမျိုးမှာ ရှားပါးသည်။
ထိုနှစ်ယောက်မှာ အထက်တန်းကျောင်း တတိယနှစ် ကျောင်းသားများသာ ဖြစ်ကြသော်လည်း ကျန်းပင်မြို့နှင့် ပေကျန်းပြည်နယ်တို့တွင်ပင် အတော်ပင် နာမည်ကြီးကြသည်။
၎င်းမှာ သူတို့၏ နောက်ခံကြောင့်သာမက သူတို့၏ မယုံကြည်နိုင်လောက်သော အစွမ်းသတ္တိများကြောင့်လည်း ဖြစ်၏။
ခုနက သူတို့နှစ်ယောက် ငွေအဆင့် အတတ်ပညာကို အသုံးပြုနေချိန်တွင် ထိုနည်းစနစ်များကို တန်ဖိုးမရှိသည့်အလား သုံးစွဲခဲ့ကြသည်။
သို့သော် အထက်တန်းကျောင်းသား အများစုမှာ စစ်သားဖြစ်နေပြီဖြစ်သော ဖီကဲချိုးပင်လျှင် ကြေးဝါအဆင့် အတတ်ပညာများသာ ရှိကြသည်။
ကျန်းရှောင်အတွက် ပထမဆုံးအကြိမ် တိုက်ပွဲဝင်ခြင်းဖြစ်သည်။
သူ ပါဝင်ခဲ့သော အဖွဲ့မှာ တကယ်ပင် အစပြုမှု ကောင်းမွန်ခဲ့ခြင်း။
အကယ်၍ အတွင်းပိုင်း ကြယ်တာရာမြေပုံသာ မရှိခဲ့ပါက ကျန်းရှောင်သည် ယခုအချိန်တွင် ကြယ်တာရာ အတတ်ပညာတစ်ခုကိုပင် ပိုင်ဆိုင်နိုင်လိမ့်မည်မဟုတ်ပေ။
ပိုင်ဆိုင်ခဲ့လျှင်ပင် ယခုကဲ့သို့ ကြေးဝါအဆင့် အတတ်ပညာများသာ ရှိပေလိမ့်မည်။
ငွေအဆင့် အတတ်ပညာများမှာ အလွန်ပင် ရှားပါးသည်ဟု သတ်မှတ်နိုင်သည်။
ဤနှင်းကွင်းပြင်ထဲတွင် ငွေအဆင့်ရှိသော သတ္တဝါများ ရှိနေသော်လည်း တစ်ခါတစ်ရံမှသာ ကြုံတွေ့ရတတ်ပေ၏။
***