“အိုး….၊ မကောင်းတော့ဘူး။ ဒီရွှေဆေးလုံးရဲ့ နတ်ဘုရားစွမ်းအားက ပြင်းထန်လွန်းတယ်။ လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ် အတွေးစတွေနဲ့ ပေါင်းစပ်နိုင်တာနဲ့ အဆင့်ခြောက် မိုးကြိုး ကပ်ဘေးကို ကျော်ဖြတ်စေနိုင်သလို၊ ဖန်ဆင်းရှင်အဆင့်ကိုတောင် ချဉ်းကပ်စေနိုင်တယ် ဆိုတဲ့ စကားက မမှားဘူးပဲ။ ရှေးခေတ် သူတော်စင် ဧကရာဇ်တွေတောင် ပင်ပင်ပန်းပန်း ဖော်စပ်ရတဲ့ အံ့ဖွယ်ဆေးလုံးပဲ။ ဒါဟာ တကယ့်ကို အထွတ်အထိပ် နတ်ဆေးလုံးပဲ။”
“အံ့ဩဖို့ကောင်းလိုက်တာ။ ဒီရွှေဆေးလုံးက ပညာရှင် သူတော်စင်တွေရဲ့ ‘စာပေအရှိန် အဝါ’နဲ့ ပေါင်းစပ်သွားတာဆိုတော့ စိတ်ဝိညာဉ်ကို စုစည်းတဲ့နေရာမှာ ပိုတောင် အစွမ်းထက်ဦးမယ်။”
“တကယ့်ကို ကောင်းမြတ်လှတဲ့ ဆေးလုံးပဲ။ ငါ့ရဲ့ ဒီအကာကွယ် အတားအဆီးက ‘ဆန်းကြယ်နက်နဲတဲ့ နတ်ဘုရားကြယ် ၃၃’ နဲ့ တည်ဆောက်ထားတာ။ မိုးကြိုးကပ်ဘေး အဆင့် ပညာရှင်တွေတောင် အဲဒီအတားအဆီးကို ဖယ်ရှားဖို့ဆိုတာ သစ်ပင်ကြီးကို လှုပ်ခါဖို့ကြိုးစားတဲ့ ပုရွက်ဆိတ်တွေလိုပဲ ခက်ခဲမှာပဲ။ အခုတော့ ဒီရွှေဆေးလုံးက အားစိုက် စရာမလိုဘဲ အလွယ်တကူ ဖောက်ထွက်သွားနိုင်တယ်လား။ တကယ်လို့ ငါသာ ဒီဆေးလုံး ကို မြိုချပြီး ငါ့ရဲ့ အတွေးစပေါင်း ၁၂၉,၀၀၀ နဲ့ ပေါင်းစပ်လိုက်ရင် ငါ့စွမ်းအားက ဘယ်လောက်တောင် ကြီးမားသွားမလဲ။”
ဆေးပေါင်းအိုးထဲမှ လက်ခြေအစုံနှင့် ကလေးငယ်တစ်ဦးပုံစံဖြင့် ထွက်ပေါ်လာသော ‘အနန္တရွှေဆေးလုံး’ ပျံသန်းသွားသည်ကို မြင်သောအခါ ဖန်းယွမ်၊ ထန်ဟိုင်လုံနှင့် လီဖေးယွီ ဟူသော ပါရမီရှင် လူငယ်သုံးဦးသည် ချက်ချင်းပင် လေထဲသို့ ပျံတက်လိုက်ကြပြီး တစ်ပြိုင် နက်တည်း အံ့ဩချီးကျူးလိုက်ကြသည်။
သူတို့သည် ဤမကြုံစဖူး ဆေးလုံးကို ရရှိရန်အတွက် အချိန်နှင့် အင်အားများစွာ ရင်းနှီးခဲ့ ရသည်။ ရေတွက်မရနိုင်သော စိတ်ဝိညာဉ် အတွေးစများကို ထင်းအဖြစ် မီးရှို့ခဲ့ရသလို၊ ရှေးဟောင်း ပညာရှင် သူတော်စင်များ၏ လက်ရေးမူများနှင့် ဟုန်ယွိ၏ ပညာရှင် သူတော်စင်ပေါင်းတစ်ရာ ကောင်းချီးပေးထားသည့် အဖြေလွှာစာမူတို့ကိုပါ အသုံးချခဲ့ရ သည်။ သူတို့အနေဖြင့် ဤမျှ အဖိုးတန်လှသော ဆေးလုံးကို ဒီအတိုင်း ထွက်သွားခွင့် မည်သို့ ပြုနိုင်ပါမည်နည်း။
သို့သော် ဤနတ်ဘုရားဆေးလုံးမှာ ပေါ်ပေါ်ချင်းမှာပင် အတားအဆီးများကို ဆွဲဖြဲ၍ ကောင်းကင်ယံသို့ တဟုန်ထိုး ပျံတက်သွားနိုင်သည့် ကြီးမားသော နတ်ဘုရားစွမ်းအားများ ပိုင်ဆိုင်နေသည်ကို မြင်သောအခါ ထိုပါရမီရှင် လူငယ်သုံးဦးမှာ ဒေါသထွက်မည့်အစား ဝမ်းသာအားရ ဖြစ်နေကြသည်။
အဘယ်ကြောင့်ဆိုသော် ဤမျှ ဆန်းကြယ်မှသာ ‘အနန္တရွှေဆေးလုံး’ ၏ အစွမ်းသတ္တိကို သက်သေပြနိုင်သောကြောင့်ပင်။
မဟုတ်ပါက သာမန်ဆေးလုံးတစ်လုံးဖြင့် ခြောက်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်၍ ‘ဖန်ဆင်းရှင်’ အဆင့်သို့ ရောက်ရန် မည်သို့ ယုံကြည်မှု ရှိနိုင်ပါမည်နည်း။
နတ်ဘုရားဆေးလုံးမှာ ပို၍ ဆန်းကြယ်လေလေ၊ ထန်းဟိုင်လုံ၊ ဖန်းယွမ်နှင့် လီဖေးယွီတို့ မှာ ပို၍ ပျော်ရွှင်လေလေ ဖြစ်နေကြသည်။
ထိုရွှေဆေးလုံးလေး ထွက်ပြေးသွားမည်ကိုလည်း သူတို့ လုံးဝ စိုးရိမ်ခြင်း မရှိပေ။
သူတို့သုံးဦးစလုံးမှာ တာအိုပညာရပ်များတွင် ထိပ်တန်းပညာရှင်များ ဖြစ်ကြပြီး ရှေးဦး ရတနာများနှင့် သူတော်စင် ဧကရာဇ်အဆင့် နတ်ဘုရားလက်နက်များကို ပိုင်ဆိုင်ထားသူ များ ဖြစ်ကြသည်။ ဆေးလုံးလေး တစ်လုံးက သူတို့လက်ထဲမှ လွတ်အောင် ထွက်ပြေးနိုင် လိမ့်မည် မဟုတ်ချေ။
...
“ကောင်းကင်နဲ့ မြေကြီးရဲ့ မူလစွမ်းအားတွေ ငါ့အမိန့်ကို နာခံစမ်း။ ‘အနန္တနဂါးလက်စွပ်’... သိမ်းဆည်းစမ်း။”
ဖန်းယွမ်က အရင်ဆုံး စတင်လှုပ်ရှားလိုက်သည်။ သူသည် လေထဲသို့ ပျံတက်လိုက်သည်နှင့် သူ၏လက်တွင် ဝတ်ဆင်ထားသော ‘အနန္တနဂါးလက်စွပ်’ ကို မြှောက်လိုက်ရာ ကြည်လင် သော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဆေးကျိုရာတွင် အသုံးပြုခဲ့သည့် ‘မဟာ ပြောင်းလဲခြင်း နတ်ဘုရားဆေးပေါင်းအိုး’ ကြီးကို လွှမ်းခြုံကာ လက်စွပ်အတွင်းရှိ ဟင်းလင်းပြင်ထဲသို့ ချက်ချင်း သိမ်းဆည်းလိုက်သည်။
ဤ ‘မဟာပြောင်းလဲခြင်း နတ်ဘုရားဆေးပေါင်းအိုးကြီး’ မှာ ဆေးဖော်စပ်ရန်အတွက် အထူးသွန်းလုပ်ထားသော နတ်ဘုရားလက်နက်တစ်ခု ဖြစ်သည်။ ၎င်းကို ရှေးဟောင်း ကောင်းကင်ကြေးနီ၊ ကြယ်ကြွေသံ ၉၉ မျိုးနှင့် ဓာတ်ကြီးငါးပါး၏ အနှစ်သာရများဖြင့် သန့်စင်ထားခြင်း ဖြစ်ရာ ‘ဖန်ရှင်းတာအိုဂိုဏ်း’ ၏ အဖိုးတန်ရတနာဖြစ်သော ‘အဋ္ဌဂံ ခရမ်းရွှေဆေးပေါင်းအိုး’ ထက်ပင် ပိုမိုဆန်းကြယ်လှသည်။ သူ့အနေဖြင့် ဤမျှ အဖိုးတန်လှ သည့်ရတနာတစ်ခုကို ဤနေရာတွင် ဒီအတိုင်းထားခဲ့မည် မဟုတ်ဘဲ တစ်ပါတည်း ယူဆောင်သွားရမည်။
"ဝိညာဉ်လေလှမ်း လျှို့ဝှက်ကျင့်စဉ်"
ဆေးပေါင်းအိုးကြီးကို သိမ်းဆည်းပြီးနောက် ဖန်းယွမ်သည် ထန်ဟိုင်လုံ၏ ဒင်္ဂါးပြားမှာ ဓားအလင်းတန်းများအဖြစ် ပြောင်းလဲကာ ရွှေရောင်သက်တန့်တစ်ခုကဲ့သို့ ဆေးလုံးနောက် သို့ လိုက်သွားသည်ကို မြင်လိုက်ရ၏။ လီဖေးယွီ၏ “မဟာမြေနတ်ဘုရား ငါးရောင်ခြယ် အလံ” မှာလည်း အလွန်လျင်မြန်သော အရှိန်ဖြင့် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ် သွားတော့သည်။
ဖန်းယွမ်က အေးစက်စွာ ပြုံးလိုက်ပြီး သူ၏ "ဝိညာဉ်လေလှမ်း လျှို့ဝှက်ကျင့်စဉ်" ကို အစွမ်းကုန် အသုံးပြုလိုက်သည်။ သူ၏ခန္ဓာကိုယ်မှာ ဝေဝါးနေသော အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ တည်ရှိနေသသို မတည်ရှိသလိုဖြင့် လေထဲတွင် ပျောက်ကွယ်သွားတော့ သည်။ တခဏအကြာ သူ ပြန်ပေါ်လာသောအခါတွင်မူ သူသည် ရွှေရောင်အလင်းတန်းနှင့် ငါးရောင်ခြယ် အလင်းတန်းတို့နှင့်အတူ ယှဉ်တွဲလျက် ပျံသန်းနေပြီ ဖြစ်သည်။
သူတို့သည် ပေပေါင်းသောင်းချီ မြင့်မားသော ‘ပြင်းထန်သော လေထုအလွှာ’ အထိ တဟုန်ထိုး တက်လှမ်းသွားကြသည်။
ရွှေဆေးလုံးတစ်လုံးနှင့် လူငယ်ပါရမီရှင် သုံးဦး။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် မိမိတို့၏ မှော်ရတနာများကို အသုံးပြုကာ လျှပ်စီးထက်ပင် မြန်သော အရှိန်ဖြင့် ‘ပြင်းထန်သော လေထုအလွှာ’ အထဲသို့ ရောက်ရှိ သွားကြပြီး ကျောက်စိမ်းမြို့တော်၏ အနောက်ဘက်တောင်တန်းမှ မိုင်ပေါင်း တစ်ထောင် ခန့် ဝေးကွာသော နေရာသို့ ရောက်ရှိသွားကြသည်။
သို့သော် ဤမျှ ကြီးမားသော လှုပ်ခတ်မှုကြီးမှာ ကျောက်စိမ်းမြို့တော်အတွင်းရှိ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားပြောင်းလဲမှုကို အာရုံခံနိုင်သော ပညာရှင်များကို ဆွဲဆောင်မိသွားတော့သည်။
မမြင်ရသော လေပြင်းများ၊ အေးစက်သော ယင်ဝိညာဉ် လေပြင်းများနှင့် ပူနွေးသော ‘ယန်’ လေများစွာမှာ သူတို့၏ သဲလွန်စများကို ဖုံးကွယ်လျက် ‘အနန္တရွှေဆေးလုံး’ မှ ထွက်ပေါ်နေ သော ဆေးရနံ့များနောက်သို့ ပျံသန်း လိုက်ပါလာကြတော့သည်။
‘အနန္တရွှေဆေးလုံး’ ပေါ်ထွက်လာပြီး ပျံသန်းသွားချိန်တွင် ထွက်ပေါ်လာသည့် ပြင်းထန် သော ဆေးရနံ့များကို အစွမ်းထက်သူများ၏ လက်မှ ဖုံးကွယ်ထား၍ မရနိုင်ပေ။
ကျောက်စိမ်းမြို့တော် အတွင်းမှာ မည်မျှ အစွမ်းထက်သော ပညာရှင်များ၊ ဆန်းကြယ်သော ပုဂ္ဂိုလ်များ ပုန်းအောင်းနေကြသည်ကို ဟုန်ယွိပင်လျှင် အတိအကျ မသိနိုင်ပေ။
“မကောင်းတော့ဘူး။ ရွှေဆေးလုံးရဲ့ ဆေးစွမ်းအင်တွေက ပြန့်နှံ့နေပြီ။ သွေးစက်တွေ ငါးမန်း ပင်လယ်ထဲ ကျသလို ဖြစ်နေပြီ။ ‘မဟာမြေနတ်ဘုရား ဖမ်းဆီးခြင်း’... ‘ဓာတ်ငါးပါး ပေါင်းစည်းခြင်း’... စုပ်ယူစမ်း။”
လီဖေးယွီသည် ကျောက်စိမ်းမြို့တော်ရှိ အခြေအနေကို ရိပ်မိလိုက်ပြီး စိုးရိမ်တုန်လှုပ်သွား သည်။ သူသည် လျှပ်စီးသဖွယ် အရှိန်ဟုန်ဖြင့် ရှေ့မှ ပျံသန်းနေသော ‘အနန္တရွှေဆေးလုံး’ ကို ကြည့်ကာ သွားကို တင်းတင်းကိုက်လိုက်ပြီး လျှာဖျားမှ အနှစ်သာရ သွေးတစ်စက်ကို “မဟာမြေနတ်ဘုရား ငါးရောင်ခြယ်အလံ” ပေါ်သို့ ထွေးထုတ်လိုက်သည်။
ဘုန်း
ချက်ချင်းပင် နတ်ဘုရားအလံမှာ အနှစ်သာရသွေးစက်၏ အာဟာရကို ရရှိသွားပြီး စိတ်ဝိညာဉ် အတွေးစများကို လောင်ကျွမ်းလိုက်သကဲ့သို့ ပြင်းထန်စွာ ကြီးထွားလာသည်။ ၎င်းသည် အထက်လေထုအလွှာအတွင်း ပေသုံးရာကျော်အထိ မြင့်တက်လာပြီး အလံပေါ်ရှိ အရောင်ငါးမျိုး မြေယဇ်ပလ္လင်မှ ကြီးမားသော လက်ဝါးကြီးတစ်ဖက် ရုတ်တရက် ထွက်ပေါ် လာကာ ရှေ့မှ ပျံသန်းနေသော ရွှေဆေးလုံး ကလေးငယ်ကို အားဖြင့် လှမ်းဖမ်းလိုက်သည်။
ထိုငါးရောင်ခြယ် လက်မဟာကြီး ထွက်ပေါ်လာသည့်အခါ ကောင်းကင်ယံရှိ လေထုတစ်ခု လုံးမှာ ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားပြီး လေးလံသော မြေကြီးအရှိန်အဝါများဖြင့် ဖုံးလွှမ်း သွားတော့သည်။ လေထုတစ်ခုလုံးမှာ မြေကြီးအလား ဖြစ်သွားပြီး ထိုအတွင်း၌ ရှိနေသူ များမှာ ရွှံ့နွံထဲတွင် သွားလာနေရသကဲ့သို့ ခံစားရစေသည်။
ဤသည်မှာ ‘မဟာမြေနတ်ဘုရား ဓာတ်ကြီးငါးပါး ပေါင်းစည်း၍ ဖမ်းဆီးခြင်း’ ပညာရပ်ပင် ဖြစ်သည်။ ၎င်းမှာ တောင်များကိုပင် ဖြိုခွဲနိုင်လောက်အောင် ပြင်းထန်ပြီး “မဟာလေဟာ နယ်လက်ဝါး” နှင့်ပင် စွမ်းအားချင်း တူညီလုနီးပါး ရှိသည်။
“လီဖေးယွီ၏ရဲ့ စိတ်ဝိညာဉ်က မဟာမြေနတ်ဘုရား ငါးရောင်ခြယ်အလံနဲ့ တစ်သားတည်း ဖြစ်နေပြီပဲ။ နတ်ဘုရားက ရတနာ၊ ရတနာက နတ်ဘုရားပဲ... တကယ်ကို အစွမ်းထက်တာ ပဲ။ ဒီလို ရတနာမျိုးကမှ စိတ်ဝိညာဉ်နဲ့ ပေါင်းစပ်နိုင်တာ။”
အရှိန်အဟုန်ဖြင့် ပျံသန်းနေသော ထန်းဟိုင်လုံသည် လီဖေးယွီ၏ ဖမ်းဆီးခြင်း နည်းစနစ် ကို မြင်လိုက်ရသည့်အခါ ထိတ်လန့်သွားသည်။ မူလက လီဖေးယွီသည် အစွမ်းထက်သော် လည်း သူ၏ ပြိုင်ဘက် မဟုတ်နိုင်ဟု သူ ထင်ထားခဲ့သည်။ သို့သော် ယခုမူ လီဖေးယွီမှာ ကြောက်မက်ဖွယ် ပြိုင်ဘက်တစ်ဦး ဖြစ်ကြောင်း သိလိုက်ရပြီ။
သူသည် လီဖေးယွီကို ရွှေဆေးလုံး အရင်လုယူသွားစေရန် အခွင့်ရေးပေးမည် မဟုတ်ပေ။ ထန်းဟိုင်လုံ၏ မျက်နှာတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။
“နက္ခတ်ကြယ်တာရာ ပြောင်းလဲခြင်း ကိုးပါး၊ ကောင်းကင်ကင်းမြီးကောက် အသွင်ပြောင်း ခြင်း။ နတ်ဘုရားပစ်မြှား အသွင်ပြောင်းခြင်း။ ဧရာမဝက်ဝံကြီး အသွင်ပြောင်းခြင်း။ ငါးနှစ်ကောင် အသွင်ပြောင်းခြင်း။”
တခဏအတွင်းမှာပင် သူ၏ခန္ဓာကိုယ်မှ စိတ်ဝိညာဉ် အတွေးစပေါင်း ထောင်သောင်းချီ ထွက်ပေါ်လာပြီး ကြယ်ပုံစံများကို တစ်ခုပြီးတစ်ခု တည်ဆောက်လိုက်သည်။ ရုတ်တရက် ဆိုသလို ကောင်းကင်ယံတစ်ခုလုံးမှာ ရှေးဟောင်း ကြယ်တာရာ ကောင်းကင်ယံကဲ့သို့ ပြောင်းလဲသွားပြီး ဆန်းကြယ်ကာ အဆုံးမဲ့နက်ရှိုင်းလှသော အရှိန်အဝါများဖြင့် ပြည့်နှက် သွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ငါးရောင်ခြယ် လက်ဝါးကြီးမှာ ထိုကြယ်တာရာ မြေပုံကြား တွင် အမှန်ပင် ပိတ်မိသွားတော့သည်။ တစ်ချိန်တည်းမှာပင် ‘အနန္တရွှေဆေးလုံး’ မှာလည်း ထိုကြယ်တာရာ ပုံစံများကြားတွင် ဖမ်းဆီးခြင်း ခံလိုက်ရသည်။
“ညီနောင်ထန်း၊ မင်း ဘယ်တုန်းက ဒုတိယအဆင့် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်လိုက် တာလဲ။” ဖန်းယွမ်သည် ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ အံ့အားသင့်သွားသည်။ အဘယ်ကြောင့်ဆိုသော် ထန်းဟိုင်လုံ၏ အတွေးစတိုင်းမှာ သိမ်မွေ့သော အလင်းတန်းများ ထွက်ပေါ်နေသည်ကို သူ သတိပြုမိလိုက်သောကြောင့်ပင်။ ၎င်းမှာ သူကဲ့သို့ပင် ဒုတိယ အဆင့် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ထားသော ပညာရှင်တစ်ဦး ဖြစ်နေပြီ ဖြစ်သည်။
သူ အံ့သြသွားသည်မှာ အကြောင်းမဲ့ မဟုတ်ပေ။ ထန်ဟိုင်လုံသည် လွန်ခဲ့သော ရက်ပိုင်း အတွင်းက ဆေးကျိုရန်အတွက် သူနှင့်အတူ အချိန်တိုင်း ရှိနေခဲ့ခြင်း ဖြစ်သည်။ ဆေးဖက် ဝင်ပစ္စည်းများ ရှာဖွေရန် ခဏတာ ထွက်သွားချိန်မှလွဲ၍ သူနှင့် ခွဲခွာခြင်း မရှိခဲ့ပေ။ သို့ပါလျက်နှင့် သူမသိအောင် ဒုတိယအဆင့် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့ခြင်းမှာ ထန်ဟိုင်လုံ၏ လျှို့ဝှက်နက်နဲမှုကို ပြသနေပေသည်။
ဒုတိယအကြိမ် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ထားသဖြင့် ထန်ဟိုင်လုံ၏ ‘ကြယ်တာရာ ကိုးဆင့်ပြောင်းလဲခြင်း’ ပညာရပ်၏ စွမ်းအားမှာ အဆပေါင်းများစွာ တိုးတက်လာခဲ့ပြီး အဆင့်ငါး သို့မဟုတ် အဆင့်ခြောက် မိုးကြိုးကပ်ဘေး ကျော်ဖြတ်ထားသော ပညာရှင်ကြီး များနှင့်ပင် ယှဉ်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။ ရှေးဟောင်း နတ်ဘုရားလက်နက်များ၏ အကူအညီဖြင့်ဆိုပါက သူသည် အသာစီးပင် ရနိုင်ပေသည်။
“ဟား… ဟား... ညီနောင်ဖန်း၊ ငါ မင်းကို ဖုံးကွယ်ချင်လို့ မဟုတ်ပါဘူး။ ဒါပေမဲ့ မိုးကြိုး ကပ်ဘေး ကျော်ဖြတ်တာကို ဘယ်သူ့ကိုမှ အသိမပေးတာ အကောင်းဆုံးပဲလေ။ မင်းက လူအတော်များများရဲ့ အာရုံကို ဆွဲဆောင်ထားပေးပြီး ငါက လှည့်ကွက်တွေ အများကြီး လုပ်ထားလို့သာ ဘယ်သူမှမသိဘဲ အေးအေးဆေးဆေး မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်နိုင် ခဲ့တာ။ ပြီးတော့ ဒီဆေးလုံးရဲ့ အငွေ့အသက်တွေကို သုံးပြီး ငါ့ရဲ့ အတွေးစတွေကို အားပြန် ဖြည့်ခဲ့တာဆိုတော့ အားနည်းတဲ့ အချိန်တောင် မရှိခဲ့ပါဘူး။ စိတ်မပူပါနဲ့ ညီနောင်ဖန်း... ငါ ရွှေဆေးလုံးကို ရရင် မင်းကိုလည်း ဝေစုခွဲပေးပါ့မယ်။”
ထန်ဟိုင်လုံသည် အောင်နိုင်သူတစ်ယောက်အလား ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ကြယ်တာရာပုံရိပ်များမှာ သေးငယ်သော ကြယ်တာရာ ကမ္ဘာငယ်လေးအဖြစ် ကျုံ့ဝင်သွား ပြီး အတွင်း၌ ရွှေဆေးလုံး ကလေးငယ်မှာ အော်ဟစ်ငိုကြွေးကာ ရုန်းကန်နေသော်လည်း လမ်းစမမြင်ဘဲ ပိတ်မိနေတော့သည်။
ထန်ဟိုင်လုံသည် ‘အနန္တရွှေဆေးလုံး’ ကို သိမ်းဆည်းရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် အဝေးမှ တောက်ပသော အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး သာယာသော ခေါင်းလောင်းသံတစ်ခု ထွက်ပေါ်လာသည်။
ထိုခေါင်းလောင်းသံနှင့်အတူ အမျိုးသမီးတစ်ဦးသည် တိမ်တိုက်များထဲမှ ပေပေါင်းသောင်း ချီ မြင့်မားသော ‘ပြင်းထန်သော လေအလွှာ’ သို့ ပျံတက်လာသည်။ သူမ၏ ဦးခေါင်းထက် တွင် သင်္ကေတများနှင့် အတွေးစများဖြင့် ဖွဲ့စည်းထားသော ရှေးဟောင်းခေါင်းလောင်းကြီး တစ်ခု ပေါ်ထွက်နေသည်။
တစ်ချိန်တည်းမှာပင် ထိုအမျိုးသမီး၏ ပုခုံးပေါ်၌ အနီရောင် လှံတိုတစ်စင်းကို ကိုင်ဆောင် ကာ ဘီးများကို နင်းထားသည့် သစ်သားရုပ်သေးကလေး တစ်ရုပ် ရပ်နေသည်။ ၎င်းမှာ နှစ်ပေါင်းသောင်းချီ သက်တမ်းရှိသော ‘မက်မွန်နတ်ဘုရားသစ်သား’ ဖြင့် ပြုလုပ်ထားသည့် ‘စိတ်ဝိညာဉ်ဖြိုခွဲ ရုပ်သေး’ပင် ဖြစ်သည်။ ၎င်းမှာ ‘မက်မွန်နတ်ဘုရားဂိုဏ်း’ ၏ ရတနာ ခုနစ်ပါးထဲတွင် အဆန်းကြယ်ဆုံး ရတနာ ဖြစ်သည်။
ထိုသစ်သားရုပ်သေးကလေးတွင် အထွက်အထိပ် သိုင်းသူတော်စင်’ တစ်ဦး၏ စွမ်းအားနှင့် သန့်စင်သော အငွေ့အသက်များကို ပိုင်ဆိုင်နေပြီး ၎င်းသည် ပျံသန်းနိုင်သလို ပုံသဏ္ဌာန် အမျိုးမျိုးလည်း ပြောင်းလဲနိုင်သည်။
“အထွဋ်အထိပ် ကောင်းကင်နယ်မြေ” ရဲ့ ခေါင်းဆောင် ကျောက်ဖေးအာ။ ခင်ဗျားဆီမှာ ‘တိုင်ရှန်တာအိုဂိုဏ်း’ ရဲ့ အနှိုင်းမဲ့ ပညာရပ်ဖြစ်တဲ့ ‘စကြဝဠာ နတ်ဘုရား ခေါင်းလောင်း’ က ဘယ်လိုလုပ် ရှိနေတာလဲ။”
ဤအမျိုးသမီးမှာ ကျောက်စိမ်းမြို့တော် အတွင်းရှိ ဟုန်ရွှန်ကျိ၏ မယားငယ်ဖြစ်သူ ကျောက်ဖေးအာပင် ဖြစ်သည်။
ကျောက်ဖေးအာက ဘာမှ ပြန်မပြောဘဲ ‘စိတ်ဝိညာဉ်ဖြိုခွဲ နတ်ဘုရားရုပ်သေး’ ကို လေထဲ သို့ ပစ်လိုက်သည်။ ထိုရုပ်သေးမှ ချက်ချင်းပင် သိုင်းသူတော်စင် တစ်ဦး၏ ပြင်းထန်လှသော အနှစ်သာရ စွမ်းအင်များ ထွက်ပေါ်လာသည်။
ထိုရုပ်သေးကလေးသည် ‘စကြာဝဠာ နတ်ဘုရားခေါင်းလောင်း’ နှင့် ပူးပေါင်းကာ ပြင်းထန် စွာ တိုက်ခိုက်လိုက်ရာ ထန်ဟိုင်လုံ၏ ကြယ်တာရာမြေပုံတွင် အက်ကြောင်းငယ်တစ်ခု ပေါ်သွားတော့သည်။ ထိုအခိုက်အတန့်တွင် ‘အနန္တရွှေဆေးလုံး’ ၏ စွမ်းအားများ ပေါက်ကွဲ ထွက်လာပြီး ထိုအက်ကြောင်းမှတစ်ဆင့် အပြင်သို့ တိုးထွက်သွားတော့သည်။
“ကြယ်တာရာချပ်ဝတ်။”
ကျောက်ဖေးအာက လက်ဝှေ့ယမ်းလိုက်ရာ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ချပ်ဝတ်တန်ဆာ တစ်ခု ပေါ်လာသည်။ ဤချပ်ဝတ်တန်ဆာမှာ မူလက ‘ဖန်ရှင်းတာအိုဂိုဏ်း’ က ဧကရာဇ် ယန်ဖန်အတွက် အစွမ်းကုန် ကြိုးစားသွန်းလုပ်ပေးခဲ့သော ရတနာဖြစ်သော်လည်း ယခုမူ ကျောက်ဖေးအာက ဝတ်ဆင်ထားခြင်း ဖြစ်သည်။
“စကြာဝဠာစေတီ... သိမ်းယူစမ်း”
ကျောက်ဖေးအာ၏ ဦးခေါင်းထက်မှ နောက်ထပ် အဖိုးတန် စေတီတစ်ခု ပျံထွက်လာပြီး ပျံသန်းနေသော ‘အနန္တရွှေဆေးလုံး’ ကလေးငယ်ကို လွှမ်းအုပ်ရန် ကြိုးစားလိုက်သည်။
ထိုစဉ်မှာပင် ရုတ်တရက် အောက်ဘက်မှ နောက်ထပ် အဖိုးတန် စေတီတစ်ခု ပျံတက်လာ ပြီး ပြင်းထန်စွာ တိုက်မိလိုက်ရာ ကျောက်ဖေးအာ၏ မှော်စေတီမှာ တစစီ ပျက်စီးသွား တော့သည်။
“ကျောက်ဖေးအာ... ဟုန်ရွှန်ကျိက ရှင့်ကို ‘စကြဝဠာကျမ်းစာ’ ထဲက ဒုတိယကျမ်းကို သင်ပေးထားတာပဲ။ ဒါပေမဲ့ ရှင်က အဲဒီရဲ့ တကယ့် အနှစ်သာရကို နားမလည်သေးဘူး။ ကျွန်မ ရှင့်ကို ပြလိုက်မယ်... တကယ့် အနှစ်သာရဆိုတာ ဘာလဲဆိုတာကို။”
အမျိုးသမီးတစ်ဦး ပေါ်လာပြန်သည်။ သူမမှာ အခြားသူမဟုတ်ဘဲ “တိုင်ရှန်တာအိုဂိုဏ်း” မှ ဆုမူပင် ဖြစ်သည်။
“အနန္တရွှေဆေးလုံး၊ ထန်ဟိုင်လုံ၊ ဖန်းယွမ်နဲ့ လီဖေးယွီ... မင်းတို့ ဒါကို ဖော်စပ်နိုင်လိမ့်မယ် လို့ ငါ မထင်ထားဘူး။ ထန်ဟိုင်လုံ... မင်းက တကယ့်ကို အကြံကြီးတဲ့သူပဲ။ ငါတောင် မင်းရဲ့ လှည့်ကွက်တွေထဲမှာ ပါသွားခဲ့သေးတယ်။ တောရိုင်းဒေသဆီ အချီးနှီး ခရီးဆက်ခဲ့ရ သေးတယ်။”
ဆုမူက သိမ်မွေ့စွာ ပြုံးလိုက်ပြီး သူမ၏ ဦးခေါင်းထက်မှ စေတီဖြင့် ရွှေဆေးလုံးကို လွှမ်းအုပ်လိုက်တော့သည်။
***