“ဟင်... အဲဒါ ဘာလဲ။ ဆေးစွမ်းက ဒီလောက်တောင် ပြင်းထန်သလား။ ဒီလောက် ပြင်းထန် တဲ့ ဆေးရနံ့မျိုးကို ငါတစ်ခါမှ မရဖူးဘူး။ ဒါက ရှေးခေတ်က နတ်ဘုရား ဆေးလုံးပဲ ဖြစ်ရ မယ်...”
ဝေးကွာလှသော မိုးကုပ်စက်ဝိုင်းဆီမှ ‘အနန္တရွှေဆေးလုံး’ ၏ “တဝါး... တဝါး...” ဟူသော ကလေးငယ်တစ်ဦး၏ ငိုကြွေးသံများက ပဲ့တင်ထပ် ထွက်ပေါ်လာရာ လူတိုင်း၏ စိတ်နှလုံး ကိုပင် တုန်လှုပ်သွားစေသည်။
တစ်ချိန်တည်းမှာပင် ရွှေဆေးလုံး ကလေးငယ်ထံမှ ထွက်ပေါ်နေသည့် ပြင်းထန်သော ဆေးစွမ်းအင်မှာ လေနှင့်အတူ ပျံ့လွင့်လာသည်။
ထိုဆေးရနံ့ကို ရူရှိုက်မိသူတိုင်းသည် တစ်ကိုယ်လုံး နေသာထိုင်သာရှိကာ သက်သောင့် သက်သာ ဖြစ်သွားကြသည်။ သူတို့၏ အတွေးစတိုင်းသည် ရေပူစမ်းတွင် ရေချိုးနေရသကဲ့ သို့ ခံစားရပြီး အားအင်များပြည့်ဝကာ ပိုသန်မာလာကြသည်။
“ဒါဟာ သန့်စင်တဲ့ ရွှေဆေးလုံး ကလေးငယ်ပဲ။”
လူသားနှင့် နဂါးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော ကောင်းကင်နဂါးဂိုဏ်းချုပ် နဂါးသမီး တော် အောင်းလွမ်၏ မျက်လုံးများမှာ အလွန်ပင် ထက်မြက်လှရာ အဝေးရှိ မည်းမှောင်နေ သည့် မိုးတိမ်များအတွင်းမှ ကလေးငယ်တစ်ဦးကို မြင်လိုက်ရသည်။ ထိုကလေးငယ်မှာ ဟိန်းဟောက်နေသော မိုးခြိမ်းသံများကို အနည်းငယ်မျှပင် မကြောက်ရွံ့ဘဲ သူတို့ရှိရာသို့ အတင်းအဓမ္မ ပျံသန်းလာနေသည်။ ကလေးငယ်၏ နောက်တွင်မူ ရောင်စုံအလင်းတန်း ဒါဇင်ပေါင်းများစွာက လိုက်ပါလာကြရာ၊ သူတို့အငွေ့အသက်များမှာ မကြုံစဖူး ပြင်းထန် လှသည်။
“ဒါက ဘာလဲ။ အစွမ်းထက်ပုဂ္ဂိုလ်တွေ အများကြီးက ဘာလို့ ဒီအရာနောက်ကို လိုက်နေ ကြတာလဲ။ ဒီရွှေရောင် ကလေးငယ်က လူသားတော့ မဟုတ်တာ သေချာတယ်။ ဝိညာဉ် သန္ဓေသားလည်း မဟုတ်ဘူး... ဘာလို့ ဒီလူတွေက အသည်းအသန် လုနေကြတာလဲ။” ဆန်းဝေဝေမှာလည်း အံ့အားသင့်နေမိသည်။
“ဒါက... အနန္တရွှေဆေးလုံးပဲ။”
ချီလင်၊ ယွမ်ရှန်းရှန်း၊ ရှဲ့ဝန်ယွမ်နှင့် ကျိရှန့်ထျန်းတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြိုင်တူ အော်လိုက်မိကြသည်။
သိသာသည်မှာ ထိုလူနှစ်ဦး၊ သားရဲတစ်ကောင်နှင့် နတ်ဘုရားမတစ်ပါးတို့သည် သူတို့ ရှေ့တွင် ဖြစ်ပျက်နေသည်များကို ကောင်းစွာ သိရှိနေကြခြင်းပင်။
ရှဲ့ဝန်ယွမ်မှာ စာပေဗဟုသုတ ကြွယ်ဝသူဖြစ်သဖြင့် အရာအားလုံးကို သိရှိထားသူ ဖြစ်သည်။ ချီလင်မှာမူ ရှေးဟောင်း သူတော်စင်သားရဲကြီး ဖြစ်ပြီး ‘ရှေးခေတ် သူတော်စင် ဧကရာဇ်ကျိ’ ၏ စီးတော်ယာဉ် ဖြစ်ခဲ့ဖူးသဖြင့် ‘အနန္တရွှေဆေးလုံး’ ကို သဘာဝအတိုင်း မှတ်မိနေခြင်း ဖြစ်သည်။
ယွမ်ရှန်းရှန်းမှာလည်း ဆန်းကြယ်လှသော ပုဂ္ဂိုလ်ဖြစ်သည့်အပြင် ခြောက်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ထားသည့် ဒဏ္ဍာရီလာ ပညာရှင်များထဲမှ ပညာရှင်တစ်ဦး ဖြစ်သဖြင့် ဗဟုသုတ နက်နဲလှသည်။
ကျိရှန်းထျန်းမှာမူ ပို၍ပင် ကြောက်စရာကောင်းပြီး၊ သူမသည် ရှေးဟောင်းနတ်ဘုရားမ တစ်ပါး ဖြစ်သဖြင့် သူမ မသိသောအရာဟူ၍ ဤလောကတွင် မရှိသလောက်ပင်။
“ဟုန်ယွိရဲ့ ရုပ်ခန္ဓာကို ကာကွယ်ကြ။”
ချန်ယင်းရှာသည် ‘အနန္တရွှေဆေးလုံး’ နှင့် ၎င်းနောက်မှ လိုက်ပါလာကြသော ရက်စက် ကြမ်းကြုတ်သည့် အငွေ့အသက်များကို မြင်လိုက်ရသောအခါ တုန့်ဆိုင်းမနေဘဲ အဆင့် ရှစ် မိုးကြိုးကပ်ဘေး နတ်ဘုရားအသိစိတ်ကို ချက်ချင်း ဖြန့်ကျက်လိုက်ပြီး ဟုန်ယွိ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံကာ ကာကွယ်လိုက်သည်။
အမှောင်ဧကရာဇ်၏ ထိုစိတ်ဝိညာဉ် အတွေးစကို ဟုန်ယွိက ယာယီအားဖြင့် ‘ကမ္ဘာငယ်’ တစ်ခုအဖြစ် ပြောင်းလဲထားခြင်း ဖြစ်သည်။ ၎င်းမှာ အလွန်မတည်ငြိမ်ဘဲ အခန်းငယ်လေး တစ်ခုစာမျှသာ ကျယ်ဝန်းသော်လည်း လူသားတစ်ဦး၏ ခန္ဓာကိုယ်ကို သိမ်းဆည်းထားရန် လုံလောက်ပေသည်။
ထိုစိတ်ဝိညာဉ် အတွေးစမှာမူ မိုးကြိုးကပ်ဘေးကို ခံယူရန် မလိုပေ။
ယခုအချိန်တွင် ဟုန်ယွိ၏ စိတ်ဝိညာဉ်မှာ မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ရန် အထက်သို့ ပျံတက်သွားပြီ ဖြစ်ရာ၊ ဤနတ်ဘုရား အသိစိတ်အတွင်းရှိ သူ၏စိတ်ဝိညာဉ်အမှတ်အသား မှာ ခေတ္တ ပျောက်ကွယ်နေပြီး ချန်ယင်းရှာက ယာယီ ထိန်းချုပ်ထားခြင်း ဖြစ်သည်။
ယခုအခါ ဟုန်ယွိ၏ အစစ်မှန် ရုပ်ခန္ဓာကိုယ်နှင့် လူသားအင်မော်တယ် ကိုယ်ပွား နှစ်ခုစလုံး သည် ထိုအတွင်းသို့ ဝင်ရောက်ကာ ဘေးအန္တရာယ်ကို အတူတကွ ရှောင်ရှားနေကြပြီ ဖြစ်သည်။
မိုးကြိုးကပ်ဘေးကို ခံယူနေချိန်တွင် ကျင့်ကြံသူတစ်ဦးသည် ကောင်းကင်နှင့် မြေကြီး၏ အလိုဆန္ဒကို အာရုံစူးစိုက် တိုက်ခိုက်ရမှာ ဖြစ်သဖြင့် စိတ်ဝိညာဉ် အမှတ်အသား အားလုံး ထိုနေရာတွင် အပြည့်အဝ ရှိနေရမည်။ မဟုတ်ပါက စိတ်တွင် အားနည်းချက် ဖြစ်သွားနိုင် ပြီး မျော်လင့်ချက်သဲ့သဲ့လေး ရှိနေသော်လည်း ကျရှုံးပျက်စီးသွားနိုင်ပေသည်။
ထို့ကြောင့် သာမန်ကျင့်ကြံသူများအတွက် မိုးကြိုးကပ်ဘေးတွင် ကျရှုံးရခြင်းမှာ သေခြင်း တရားပင် ဖြစ်သည်။ ကိုယ်ပွားတစ်ခုကို ချန်ထားခဲ့ပြီး ကျန်ကိုယ်ပွားဖြင့် ကပ်ဘေးကို ကျော်ဖြတ်ခြင်းမျိုးမှာ သေတွင်းထဲသို့ ပို၍ပင် မြန်မြန်ဆင်းသက်သည့် လုပ်ရပ်တစ်ခု ဖြစ်ပေလိမ့်မည်။
...
“ဒီအနန္တရွှေဆေးလုံးက ဟုန်ယွိဆီကို ဦးတည်လာနေတာပဲ။ သူ့အပေါ်မှာ ဟုန်ယွိရဲ့ အငွေ့အသက်တွေ ရှိနေတာလား။ ဘာတွေ ဖြစ်နေတာလဲ။” ဆန်းဝေဝေမှာ သိချင်စိတ်ဖြင့် အထက်သို့ ပျံတက်ရန် ပြင်လိုက်သော်လည်း ရှဲ့ဝန်ယွမ်က သူမကို တားဆီးလိုက်သည်။
ထိုကဲ့သို့သော ရွှေဆေးလုံးမျိုးကို မြင်မိပါက မည်သူမဆို မက်မောခြင်း မရှိဘဲ နေနိုင်ကြ မည် မဟုတ်ပေ။
သို့သော် ဆန်းဝေဝေမှလွဲ၍ နဂါးသမီးတော်၊ ယွမ်ရှန်းရှန်း၊ ရှဲ့ဝန်ယွမ်နှင့် ကျိရှန်းထျန်းတို့ မှာမူ လှုပ်ရှားခြင်း မရှိကြပေ။ ချီလင်မှာမူ သူ၏ ညီငယ်လေးကို ကြည့်နေသကဲ့သို့ ယွမ်ကုန်းမင်ကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေမိသည်။
ချန်ယင်းရှာက ‘မဟာလေဟာနယ်လက်ဝါး’ ကို အသုံးပြုကာ ဟုန်ယွိ၏ ရုပ်ခန္ဓာကိုယ်ကို ကာကွယ်ထားပြီး ကောင်းကင်ယံရှိ မိုးတိမ်များကို ကြည့်လိုက်သည်။
“အပေါ်ကို မတက်နဲ့ဦး။ ဟုန်ယွိက မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်နေတာ... ငါတို့ သူ့ရုပ်ခန္ဓာကိုယ်ကို အရင်ကာကွယ်ပေးထားတာ ပိုကောင်းမယ်။ ဒီဆေးလုံးက အဖိုးတန် ပေမဲ့ အရေးကြီးတာကို မေ့မထားကြနဲ့။ ချီလင်... မင်းက အပေါ်တက်ပြီး ဆေးလုံးကို သွားယူချေ၊ ငါတို့က ဟုန်ယွိကို စောင့်ရှောက်ထားမယ်။ ပြီးတော့ ငါ အခုလေးတင် ကောင်းကင်နဂါးဂိုဏ်းရဲ့ နန်းတော်ထဲမှာ ထူးဆန်းတဲ့ သတ်ဖြတ်လိုတဲ့ အငွေ့အသက်တွေ ကို ခံစားလိုက်ရတယ်။ တစ်စုံတစ်ယောက်က အမှောင်ထဲကနေ ကြံစည်နေတာ သိသာ တယ်။” ရှဲ့ဝန်ယွမ်က အော်ပြောလိုက်သည်။
“အကြီးအကဲရှဲ့ ပြောတာ မှန်တယ်။ ကွန်ဖြူးရှပ်ဝါဒီ ကျင့်ကြံသူတွေဟာ ဒီလောက် မြင့်မားတဲ့အဆင့်အထိ ရောက်သွားရင် အငွေ့အသက်တွေကို ကြည့်ရုံနဲ့ ကံကောင်းခြင်း၊ ကံဆိုးခြင်းကို ခန့်မှန်းနိုင်တာလား။” နဂါးသမီးတော် အောင်းလွမ်က ရှဲ့ဝန်ယွမ်ကို လေးစား စွာ ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူမ၏ လက်ထဲမှ စိတ်ဝိညာဉ် အတွေးစနှစ်ခု ကို ထုတ်လိုက်ရာ ၎င်းမှာ မှန်တစ်ချပ်အဖြစ် ပြောင်းလဲသွားပြီး မိုင်ပေါင်း ထောင်ချီဝေး သော ကောင်းကင်နဂါးဂိုဏ်း၏ နန်းတော်များအတွင်း မြင်ကွင်းများကို မြင်တွေ့လိုက်ရ သည်။
မှန်အတွင်းရှိ မြင်ကွင်းမှာ နီးကပ်လာသည်။ မထင်မရှားသော နန်းတော်တစ်ခုတွင် မမြင်ရ သော မိစ္ဆာတိမ်တိုက်တစ်ခု ဖုံးလွှမ်းနေသည်။ ၎င်းကို သာမန်မျက်စိနှင့် မမြင်နိုင်သလို နတ်ဘုရားအတွေးစဖြင့်လည်း အာရုံမခံနိုင်သော်လည်း ယခုအခါ မှန်ထဲတွင် ပေါ်လာနေပြီ ဖြစ်သည်။
နန်းတော်အတွင်းမှ အသံတစ်သံ ထွက်ပေါ်လာသည်။ “ဒီနေ့ အောင်းလွမ်က မိုးကြိုးကပ် ဘေးကို ခံယူနေပြီ၊ သူမက ပညာရှင်တွေ အများကြီးကို လျှို့ဝှက် ဖိတ်ခေါ်ထားတယ်။ သူတို့ ဘယ်ကလဲဆိုတာ ငါတို့ မသိသေးဘူး။ ဒါကြောင့် သေချာ ဂရုစိုက်ပြီး ကြံစည်ရမယ်။ သခင် ယွမ်ဟူကျိ ‘အရှေ့ပင်လယ်’ ‘မြူခိုးတောင်’ (ယွန်ဝူတောင်) ‘မိစ္ဆာနတ်ဘုရား လိုဏ်ဂူ’ က ဘိုးဘေးကြီးရော ရောက်လာပြီလား။”
“ဘိုးဘေးကြီးက မှော်ရတနာတစ်ခုကို သန့်စင်နေလို့ အချိန်တန်ရင် ရောက်လာလိမ့်မယ်။ ဟွန့်…၊ ဘိုးဘေးကြီးက အောင်းလွမ်ကို ဖမ်းမိတာနဲ့ သူ့ရဲ့ဂူထဲကို ဖမ်းခေါ်သွားပြီး ‘ကောင်းကင်မိစ္ဆာ နတ်ဘုရားသတ်ပညာ’ ကို ကျင့်ကြံဖို့အတွက် သူမကို ဆေးပေါင်းအိုး အဖြစ် အသုံးချလိမ့်မယ်။ အောင်းလွမ်က မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီးလို့ အားနည်း နေတဲ့အချိန်မှာ အဆင့်ခြောက် မိုးကြိုးကပ်ဘေး ပညာရှင်ရဲ့ စိတ်ဝိညာဉ် အတွေးစတွေ၊ ကောင်းကင်နဂါးရဲ့ သွေးနဲ့ အနှစ်သာရတွေ၊ အသက်စွမ်းအင်တွေကို ဘိုးဘေးကြီးက စုပ်ယူ ပစ်လိမ့်မယ်။ အဲဒီအခါ ကောင်းကင်မိစ္ဆာ နတ်ဘုရားသတ်ပညာက ပိုမို အဆင့်မြင့် သွားပြီး ‘ဖန်ဆင်းရှင်’ အဆင့်ကိုတောင် ချဉ်းကပ်နိုင်လိမ့်မယ်။ မင်းတို့အားလုံးကတော့ ကောင်းကင်နဂါးဂိုဏ်းရဲ့ ရတနာတွေနဲ့ အာဏာအားလုံးကို ထိန်းချုပ်ပြီး ဧကရာဇ် နာလန် ကို အလုပ်အကျွေး ပြုရမယ်။”
ကြည်လင်သော အသံတစ်သံ ထွက်ပေါ်လာသည်။
ထိုစကားပြောသံ နှစ်ခုနှင့် မိစ္ဆာတိမ်တိုက် ဖုံးလွှမ်းနေသော နန်းတော်တို့ ပူးပေါင်းကြံစည် မှုကို ဖော်ပြလိုက်ခြင်းပင်။
“ယွမ်ဟူကျိ... သူက ‘မိစ္ဆာနတ်ဘုရားဂူ’ ဘိုးဘေးကြီးရဲ့ တတိယမြောက် တပည့်ပဲ။ သူ့ရဲ့ တာအိုပညာရပ်က ပြိုင်ဘက်ကင်းပြီး မြစ်တွေ၊ ပင်လယ်တွေကိုတောင် ပြောင်းပြန်လှန်နိုင် တယ်။” ယွမ်ကုန်းမင်က အော်ပြောလိုက်သည်။
“ငါ့ရဲ့ မဟာအုပ်ထိန်းသူ နှစ်ယောက်က ငါ့ကို လုပ်ကြံဖို့ အရှေ့ပင်လယ် ‘မိစ္ဆာနတ်ဘုရားဂူ’ က အရှင်သခင်နဲ့ ပူးပေါင်းကြံစည်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။” နဂါးသမီးတော် အောင်းလွမ်က အေးစက်စွာ ပြုံးလိုက်ပါသည်။
“ဒီ ‘မြူခိုးတောင်’ က ‘မိစ္ဆာနတ်ဘုရားဂူ’ အရှင်သခင်ဆိုတာ ဘယ်သူလဲ။ ယွမ်ကုန်းမင်၊ ငါ့ကို ပြောပြစမ်း။ ငါ တောင်ဘက်ပင်လယ်မှာ နှစ်ပေါင်း ၃၀၀ ကြာ ကျင့်ကြံခဲ့ပြီး အရှေ့ ပင်လယ်ဆီကိုလည်း ဆေးပင်ရှာဖို့ သွားခဲ့ဖူးပေမဲ့ ဒီ ‘မြူခိုးတောင်’ ကို မတွေ့ခဲ့ဘူး။” ချန်ယင်းရှာက မေးလိုက်သည်။
“မြူခိုးတောင်က အရှေ့ပင်လယ်ရဲ့ အစွန်ဆုံး၊ မိုင်ပေါင်း ၁ သိန်းခွဲ အကွာမှာရှိတဲ့ ဆန်းကြယ်တဲ့ နေရာတစ်ခုပါ။ အဲဒီနေရာက ဒီကမ္ဘာကြီးကနေ ခွဲထွက်နေတဲ့ ကမ္ဘာငယ် လေးတစ်ခုပဲ။” ယွမ်ကုန်းမင်က အမြန် ဖြေလိုက်သည်။ “ကျွန်တော်ကတော့ ဘိုးဘေးကြီး ရဲ့ လက်အောက်က မျောက်ဝံငယ်လေးတစ်ကောင်ပါ။ ဘိုးဘေးကြီးက ဝမ်မိသားစု ခေါင်းဆောင် ဝမ်ထျန်းရှုံနဲ့ ရင်းနှီးတော့ ကျွန်တော့်ကို ဝမ်မိသားစုဆီမှာ အစေခံအဖြစ် ပို့ပေးထားတာပါ။ ကျွန်တော်က အဲဒီလှိုဏ်ဂူမှာဆို ဒုတိယတန်းစား တပည့်ပဲ ရှိပါသေး တယ်။ အစစ်မှန် တပည့်ရင်းတွေကတော့ တာအိုပညာရပ်တွေကိုပဲ ကျင့်ကြံနေကြတာပါ။ ဘိုးဘေးကြီးလက်အောက်မှာ တပည့်ရင်း ငါးယောက် ရှိပါတယ်။”
“သတိအပြည့်နဲ့ စောင့်ကြည့်ကြစို့။ အရှေ့ပင်လယ် အစွန်က ယွမ်ဝူတောင်နဲ့ မိစ္ဆာ နတ်ဘုရားလိုဏ်ဂူ အကြောင်း ငါလည်း ကြားဖူးတယ်၊ အဲဒါက ရှေးဦးခေတ်ကတည်းက ဆင်းသက်လာတာ။” ရှဲ့ဝန်ယွမ်က ဆိုသည်။ “ဟိုမှာ... အနန္တရွှေဆေးလုံးက မိုးတိမ်တွေထဲ ပျံဝင်သွားပြီ။ မိုးကြိုးတွေထဲ ရောက်သွားပြီ။”
သူတို့ စကားပြောနေစဉ်မှာပင် တာအိုပညာရပ်များကို အသုံးပြုကာ အကာအကွယ် အတားအဆီးတစ်ခုကို တည်ဆောက်လိုက်ကြသည်။ လူအများအပြားမှာ မပြိုကွဲနိုင်သော အစုအဖွဲ့တစ်ခုအဖြစ် ပေါင်းစည်းလိုက်ကြသည်။
နဂါးသမီးတော် အောင်းလွမ်သည် လေထဲသို့ ပျံတက်သွားပြီး၊ လက်ကို ဝှေ့ယမ်းလိုက်ရာ ‘ကိုးဖြာသန့်စင်နတ်ဘုရားအလင်း’များ ထွက်ပေါ်လာပြီး သူမနှင့်အတူ ချီလင်၊ ကျိရှန်းထျန်း၊ ရှဲ့ဝန်ယွမ်၊ ယွမ်ရှန့်ရှန့်တို့ကို လွှမ်းခြုံကာ ကာကွယ်လိုက်သည်။
“ရွှေရောင်မီးအိမ်များ၊ အဖြူရောင်ကြာပန်းများနှင့် ကောင်းကင်မွှေးရနံ့ တိမ်တိုက်များ။”
တစ်ချိန်တည်းမှာပင် ယွမ်ရှန်းရှန်းကလည်း လှုပ်ရှားလိုက်သည်။ သူမ၏ ပါးစပ်မှ ထူထပ် သော မွှေးရနံ့များ ထွက်ပေါ်လာပြီး အဖြူရောင် ကြာပန်းပွင့် ထောင်ပေါင်းများစွာ ဖြစ်ပေါ် လာသည်။ ထိုကြာပွင့်များ၏ အလယ်တွင် ရွှေရောင်မီးအိမ်များ ပါဝင်သော တိမ်တိုက် တစ်ခု ရှိနေသည်။ ဤမွှေးရနံ့တိမ်တိုက်မှာ နဂါးသမီးတော်၏ အလင်းတန်းကိုလည်း ထပ်မံ ဖုံးအုပ်လိုက်ပြန်သည်။ ယခုအချိန်တွင် ယွမ်ရှန်းရှန်း၏ စွမ်းအားစစ်စစ်ကို သိသာထင်ရှား စွာ မြင်တွေ့ရသည်။
“သူမက တကယ်ကို ဟုန်ယွိရဲ့ မိတ်ဆွေကောင်းပဲ။ အနန္တရွှေဆေးလုံးကို လျစ်လျူရှုပြီး ဟုန်ယွိရဲ့ ရုပ်ခန္ဓာကိုယ်ကို အရင် ကာကွယ်ပေးနေတယ်။ တကယ်လို့ သာမန် ကိုယ်ကျိုး အကျိုးစီးပွားအတွက် ပတ်သက်သူဆိုရင် ဒီဆေးလုံးနောက်ကို လိုက်သွားတာ ကြာလှပြီ။ ဒါပေမဲ့ ဒီဆေးလုံးက မိုးကြိုးပစ်တဲ့ နေရာထဲကို ဝင်သွားပြီပဲ။ ဘယ်လောက်ပဲ ဆေးလုံးက အစွမ်းထက်ပါစေ၊ အခုတော့ တစ်စစီ ပျက်စီးသွားတော့မှာပဲ။” ဆန်းဝေဝေသည် စိတ်ထဲ တွင် သက်ပြင်းချလိုက်သော်လည်း သူမကိုယ်တိုင်လည်း မလှုပ်ဝံ့ပေ။
“ဒီငါးကြိမ်မြောက် မိုးကြိုးကပ်ဘေးက ငါ့အတွက် ကြောက်စရာ မရှိဘူး။ အရမ်းကို လွယ်ကူလွန်းတယ်။ အခြေခံကောင်းကောင်း တည်ဆောက်ထားရင် ပေါက်ကွဲထွက်တဲ့ အရှိန်အဝါက ပိုပြင်းထန်တယ်ဆိုတဲ့ ရှေးပညာရှင်တွေရဲ့ စကားက ဒါကို ပြောတာလား။”
ဤအချိန်တွင် ဟုန်ယွိသည် သူ၏ နတ်ဘုရား စိတ်ဝိညာဉ်ကို အစွမ်းကုန် အသုံးပြုကာ မိုးကြိုးကပ်ဘေးကို အလွယ်တကူ ကျော်ဖြတ်နေသည်။
ဟုန်ယွိ ကျော်ဖြတ်နေစဉ် သူ၏ စိတ်ဝိညာဉ်မှာ အတွေးစပေါင်း ၂၃,၁၈၄ ခုအဖြစ် ကွဲထွက် သွားသည်။ ထိုအထဲမှ အတွေးစ ၆,၀၀၀ မှာ ‘တူနှစ်ဖော်ကျင့်စဉ်’ မှ ရရှိထားသော ‘တစ္ဆေအင်မော်တယ်’ စိတ်ဝိညာဉ် အတွေးစများ ဖြစ်သည်။ ၎င်းတို့မှာ ‘စကြဝဠာအိတ်’ ၏ ဟင်းလင်းပြင်စွမ်းအားများနှင့် ပေါင်းစပ်ထားသော်လည်း အားနည်းနေသေးသည်။
ယခုအခါ ထိုအတွေးစများမှာ ပေါက်ကွဲနေသော မိုးကြိုးများအတွင်းသို့ ဝင်ရောက်သွားကြ ပြီး မိုးကြိုးကပ်ဘေးကို တစ်ခုချင်းစီ ခံယူကြရသည်။ တစ်ဆင့်ချင်းစီ ဖြတ်ကျော်သွားတိုင်း သူတို့သည် ကောင်းကင်နှင့် မြေကြီး၏ အလိုဆန္ဒများကို လောဘတကြီး ဝါးမြိုကာ မိုးကြိုး ၏ သန့်စင်သော စွမ်းအားများကို စုပ်ယူကြသည်။ ၎င်းတို့တွင် မည်သည့်အားနည်းချက်မှ မရှိဘဲ ချက်ချင်းပင် အဆင့်သုံး မိုးကြိုးကပ်ဘေးအဆင့်အထိ ဖြတ်ကျော်သွားကြသည်။
ထို့ပြင် အတွေးစသစ်များလည်း ပိုမို တိုးပွားလာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်……၊
တူနှစ်ဖော်ကျင့်ကြံရာမှ ရရှိထားသော နတ်ဘုရား စိတ်ဝိညာဉ် အတွေးစ ၅၀၀၀ မှ ၆၀၀၀ ဝန်းကျင်နှင့် ထန်ဟိုင်လုံထံမှ ရရှိခဲ့သော သန့်စင်သည့် စိတ်ဝိညာဉ် အတွေးစ ၇,၀၀၀ သည် တတိယမြောက် မိုးကြိုးကပ်ဘေးကို အလွယ်တကူ ကျော်ဖြတ်ကာ စတုတ္ထမြောက် မိုးကြိုး ကပ်ဘေးနယ်ပယ်အတွင်းသို့ ဝင်ရောက်သွားကြသည်။
စတုတ္ထမြောက် မိုးကြိုးကပ်ဘေးနယ်ပယ်ထဲသို့ ရောက်သည့်အခါ အခြားကမ္ဘာတစ်ခုသို့ ရောက်သွားသကဲ့သို့ ခံစားရသည်။ ထိုနေရာတွင် မရေတွက်နိုင်သော ‘ကမ္ဘာငယ်လေး’ များ အထပ်ထပ် ရှိနေပြီး၊ အချို့ကမ္ဘာငယ်လေးများသည် ကြီးမားပြီး အချို့မှာမူ သေးငယ်ကြ သည်။ ၎င်းတို့မှာ အမြဲတမ်း ဖြစ်တည်လိုက်၊ ပျက်စီးလိုက် ဖြစ်နေကာ အခြားသူများ၏ အတွေးစများကို ဝါးမြိုရန် ကြိုးစားနေကြသည်။
သို့သော် ဟုန်ယွိ၏ အတွေးစများမှာမူ မည်သည့် စွမ်းအင်မျှ ကုန်ဆုံးခြင်း မရှိဘဲ ထိုကမ္ဘာငယ်လေးများ၏ စွမ်းအားကို ဝါးမြိုကာ ဟင်းလင်းပြင် စွမ်းအားများနှင့် ပေါင်းစပ် လိုက်ကြသည်။
သန့်စင်သော မိုးကြိုးစွမ်းအားနှင့် သံလိုက်စွမ်းအား အမြောက်အမြားမှာ အတွေးစများ အတွင်းသို့ စီးဝင်သွားကြသည်။ စတုတ္ထမြောက် မိုးကြိုးကပ်ဘေး၏ ဆေးကြောသန့်စင်မူ ကို ခံယူပြီးနောက် ဟုန်ယွိ၏ အတွေးစတစ်ခုချင်းစီမှာ ထူးခြားစွာ သန်မာလာကြသည်။ သူသည် ‘အတိတ်ကျမ်း’ ကိုပင် အသုံးမပြုရဘဲ စားသောက်နေရသကဲ့သို့ လွယ်ကူစွာ ကျော်ဖြတ်နေခြင်း ဖြစ်သည်။
‘လူသားအင်မော်တယ်’ အဆင့်နှင့် ကောင်းကင်၊ မြေကြီး၊ လေ၊ မိုးကြိုးဟူသော နယ်ပယ် လေးပါးကိုပါ နားလည်သဘောပေါက်ပြီးနောက် ဟုန်ယွိ၏ အသိစိတ်မှာ အတိုင်းအဆ မရှိ ကျယ်ပြန့်ပြီး သန်မာလာပုံရသည်။ သူသည် အလယ်ခေတ် ပညာရှင် သူတော်စင်များကဲ့သို့ ‘ဖန်ဆင်းရှင်’ အဆင့်သို့ တစ်ဟုန်ထိုး တက်လှမ်းနိုင်ရန် အသိပညာ အမြောက်အမြား မစုဆောင်းရသေးသော်လည်း၊ သူ၏အတွေးစများကိုမူ စတုတ္ထမြောက် မိုးကြိုးကပ်ဘေးကို မည်သည့်စွမ်းအားမျှ အပိုကုန်ဆုံးခြင်းမရှိဘဲ ထပ်မံဖြတ်ကျော်နိုင်စေရန် လုပ်ဆောင်နိုင်ခဲ့ သည်။
ဤနေရာတွင် ဟုန်ယွိသည် အလယ်ခေတ် ပညာရှင် သူတော်စင်များ ပြောခဲ့သော “အသိပညာကို ကြွယ်ဝစွာ စုဆောင်းပြီးမှ စွမ်းအားကို ထုတ်ဖော်ခြင်း” ဆိုသည့် အဓိပ္ပာယ် အစစ်အမှန်ကို နောက်ဆုံးတွင် သဘောပေါက်သွားတော့သည်။
***