ရန်ချီက သူ့အသံထဲတွင် အစစ်အမှန် စွမ်းအင်များ ဖြည့်သွင်းကာ တတ်နိုင်သမျှ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ထိုအသံလှိုင်းကြောင့် များပြားလှသည့် မိစ္ဆာနတ်ဆိုးများမှာ အပိုင်းပိုင်း ပြတ်သွားရုံမက အခြား ဒိုင်မေးရှင်း စကြဝဠာ ဝင်ပေါက်များဆီသို့ပါ ပျံ့နှံ့သွားသည်။
သူ့အစစ်အမှန် စွမ်းအင်မှာ အစွမ်းထက်လှသဖြင့် အသံလှိုင်းများက လူပုံသဏ္ဌာန် အစစ်အမှန် စွမ်းအင်နီးနီး ဖြစ်ပေါ်နေကာ အခြားသီးခြား ဒိုင်မေးရှင်းများအတွင်းရှိ လူများပင် ကြားနိုင်ပေသည်။
အစပိုင်းတွင် တုံ့ပြန်မှုမရှိသောကြောင့် သူက ထပ်ခါတလဲလဲ အော်ဟစ်လိုက်၏။ မရေမတွက်နိုင်သော မိစ္ဆာနတ်ဆိုးများ သူ့ထံ ပြေးလွှားလာကြသော်လည်း တစ်ယောက်မှ သူ့အနား မကပ်ဝံ့ဘဲ ပုန်းအောင်းနေကြသည်။
မိစ္ဆာနတ်ဆိုးများမှာ အခြေခံအားဖြင့် သေရမည်ကို မကြောက်ကြသော်လည်း သားရဲတိရစ္ဆာန်များကဲ့သို့ပင် သူတို့ထက် ကြောက်မက်ဖွယ်ကောင်းသည့် တစ်စုံတစ်ခုနှင့် ကြုံတွေ့ရသောအခါ အသက်ရှင်သန်နိုင်ရေးအတွက် ထွက်ပြေးကြစမြဲပင်။
အကြိမ်ကြိမ် အော်ဟစ်ပြီးနောက်တွင်တော့ အခြားတစ်နေရာရှိ ဒိုင်မေးရှင်း အဝင်ဝမှ တုံ့ပြန်သံ တစ်ခုကို ကြားလိုက်ရသည်။
"ညီအစ်ကို ရန်... ငါတို့ ဒီမှာ..."
'ဒါ ညီအစ်ကို ကျွင့်ထျန်းချုံးပဲ... သေချာတယ်'
သူက စိုးရိမ်ပူပန်သွားပြီး အဝင်ဝဆီသို့ အလျင်အမြန် ပျံသန်းသွားကာ အတွင်းသို့ ဝင်ရောက်လိုက်သည်။
မကြာမီမှာပင် ကောင်းကင်အလောင်း ဒိုင်မေးရှင်းနှင့် တူညီသည့် နေရာတစ်ခုသို့ ရောက်ရှိနေကြောင်း သိရှိလိုက်ရ၏။ အနီးတစ်ဝိုက် လှည့်ပတ်ကြည့်လိုက်သောအခါ ယိုယွင်း ပျက်စီးနေသော ရွှံ့မြေများ၊ အနက်ရောင် စမ်းချောင်းများနှင့် မြစ်များကြောင့် ဆိုးရွားလှသည့် အန်ချင်စိတ်ကို မနည်းထိန်းထားရသည်။ ထိုအနက်ရောင် အရည်များထဲတွင် မိစ္ဆာနတ်ဆိုး အငယ်စားလေးများ များစွာရှိနေကြသည်။ သူတို့အတွက် ထိုအနက်ရောင် ရေများမှာ မိခင်နို့ရည်ကဲ့သို့ပင် ဖြစ်နေသည် မဟုတ်ပါလား။
လေထဲ၌ ပျံသန်းနေသည့် အရာများစွာလည်း ရှိနေပေသည်။
ရန်ချီက သူတို့ကို လျစ်လျူရှုကာ အဝေးမှတောင်တန်းကို လှမ်းကြည့်လိုက်သည်။ တောင်ထိပ်ဖျား၌ ကြီးမားသည့် နတ်ဆိုးပုံရိပ်များရှိနေသည်။ သူတို့က ခြောက်ထောင့်ကြယ်ပုံစံ မှော်အစီအရင်၏ ထောင့်များ၌ ထိုင်နေကြခြင်း ဖြစ်သည်။ ထိုအစီအရင်၏ အလယ်ဗဟို၌ မဟူရာရွှေရောင် တောက်ပနေသည့် ပေါင်းမိုးကြီး တစ်ခု ရှိနေ၏။ ထိုနေရာတွင် သူရင်းနှီးနေသည့် မျက်နှာဖြစ်သော ကျွင့်ထျန်းချုံးကို တွေ့လိုက်ရသည်။
သူနှင့်အတူ ပိတ်မိနေသည့် အခြားကျွမ်းကျင်သူများလည်း ရှိနေကြသည်။
နတ်ဆိုးများနှင့် မကောင်းဆိုးဝါးများကို ဖယ်ရှားရန်အတွက် ကျွင့်ထျန်းချုံးတစ်ယောက် မိတ်ဆွေအချို့ခေါ်ကာ မိစ္ဆာနတ်ဆိုးကျွန်းသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိသာလှသည်။ သို့သော်လည်း သူတို့က အချို့အစွမ်းထက်သည့် မွန်းစတားများနှင့် တွေ့ဆုံမိခဲ့ကာ ဤသတ်ဖြတ်ခြင်း မှော်အစီအရင်ထဲ၌ ပိတ်မိနေခဲ့ခြင်းပင်။
အခြား ရွေးချယ်စရာမရှိတော့သဖြင့် ကျွင့်ထျန်းချုံးတစ်ယောက် ရန်ချီထံ အကူအညီ လှမ်းတောင်းခဲ့ရခြင်း ဖြစ်ပေသည်။
ထိုတောင်တွင် တောင်ထွတ် (၅)ခုရှိကာ ထိုနေရာရှိ ကြီးမားသော နတ်ဆိုးပုံရိပ်များက သူတွေ့ဆုံခဲ့ဖူးသည့် အသေးစား၊ အကြီးစား မိစ္ဆာနတ်ဆိုးများနှင့် များစွာကွဲပြားနေသည်။ အချို့သော အကြောင်းကြောင်းကြောင့် သူတို့ပုံစံက ပိုမို အစွမ်းထက်ကာ မြင့်မြတ်နေပုံ ပေါ်နေသည်။
အင်မော်တယ်ခြေနင်း ကျောင်းတော်၌ ရန်ချီတစ်ယောက် မိစ္ဆာအမျိုးမျိုးနှင့် ပတ်သက်၍ အသေးစိတ် လေ့လာခဲ့ဖူးသည်။ ယခုအချိန်တွင်မူ သူ့အနေဖြင့် ထိုအချက်အလက်များကို မှတ်မိရန် အတတ်နိုင်ဆုံး ကြိုးစားလိုက်ရသည်။
'ငရဲရဲ့ စွမ်းအား လွှမ်းမိုးမှုကြောင့် မိစ္ဆာနတ်ဆိုးတွေမှာ အဆင့်အတန်း အလွန် တင်းကြပ်ကြတယ်... သူတို့က လေထဲကတစ်ဆင့် မွေးဖွားကြကာ အဆင့်နိမ့်၊ အဆင့်မြင့်၊ နိုဘယ်မိစ္ဆာနတ်ဆိုးများအဖြစ် ခွဲခြားထားကြတယ်... မြင့်မြတ်သည့် မိစ္ဆာနတ်ဆိုးမျိုးများကိုတော့ အဆင့်နိမ့်သခင်၊ သခင်များ၊ အဆင့်မြင့်သခင်၊ မားကွစ်၊ နယ်စားနှင့် မင်းသားများအဖြစ် သတ်မှတ်ကြတယ်လေ... အဆင့်မြင့် မိစ္ဆာနတ်ဆိုးတွေက မူလလောကအုပ်ချုပ်ခြင်းအဆင့်နဲ့ တူညီကြပြီးတော့ အဆင့်နိမ့်သခင်တွေက လောကအုပ်ချုပ်သူ အဆင့် (၂)၊ အဆင့် (၃)၊ အဆင့် (၄) တွေ ပါဝင်ကြတာပဲ... မိစ္ဆာနတ်ဆိုး အဆင့်မြင့်သခင်တွေက ဒဏ္ဍာရီအဆင့်မှာပဲ ရှိကြတာ... သူတို့အပေါ်မှာဆို မားကွစ်၊ နယ်စားနဲ့ မင်းသားတွေပဲ ရှိကြတယ်... ဒီမှာရှိတဲ့ အကောင်တွေက ဘယ်လောက် အဆင့်မြင့်တယ်ဆိုတာ သိချင်မိတယ်'
မွန်းစတားများက အမျိုးအစား အမျိုးမျိုးရှိကြကာ ဖုတ်ကောင်၊ စိတ်ဝိညာဉ် ခန္ဓာကိုယ်၊ မိစ္ဆာတစ္ဆေ၊ မိစ္ဆာနတ်ဆိုး၊ ဖျက်ဆီးခြင်းနတ်ဆိုး၊ သွေးနတ်ဆိုး၊ ကောင်းကင်နတ်ဆိုး၊ နတ်ဘုရားနတ်ဆိုးများနှင့် အခြားများစွာ ရှိကြပေသည်။
သူတို့များထဲမှ မိစ္ဆာနတ်ဆိုးများမှာ အသန့်စင်ဆုံး သွေးမျိုးဆက်များဖြစ်ကြကာ အမိန့်အာဏာ တင်းကြပ်ကြသည်။ သူတို့၏ အုပ်ချုပ်မှု စနစ်က လူသားများနှင့် အတော်လေး တူညီသည် မဟုတ်ပါလား။
မိစ္ဆာနတ်ဆိုးကျွန်းနှင့် ပတ်သက်သည့် ဒိုင်မေးရှင်း အမျိုးမျိုးကို မိစ္ဆာနတ်ဆိုးအမျိုးမျိုးက ထိန်းချုပ်ထားကြသည်။ ထိုနေရာတွင် အခြား မွန်းစတားမျိုးနွယ်များ မရှိကြချေ။
ထိုတောင်ရှိ သားရဲများမှာ လောကအုပ်ချုပ်သူ အဆင့် (၅) ထက် ကျော်လွန်နေကြောင်းတော့ သူ ပြောနိုင်သည်။ ထို့အပြင် ဒဏ္ဍာရီအဆင့် အရှိန်အဝါတစ်ခုမှ အာရုံမခံမိချေ။ ထိုအဓိပ္ပာယ်အရ ဤအဖွဲ့၌ အဆင့် (၇)၊ အဆင့် (၈) များ ပါဝင်ကြကာ အဆင့် (၉) လောကအုပ်ချုပ်သူ တစ်ယောက် အနည်းဆုံး ပါဝင်နေပေသည်။ ထိုလူထံမှ စွမ်းအင်လှိုင်းများက အလွန်ကြမ်းတမ်းကာ မြင့်မြတ်သော ပန်းပေါင်းစုံ သမီးတော်နှင့် တူညီသော အဆင့်၌ ရှိနေ၏။
ရန်ချီက လက်ရှိအချိန်တွင် လောကအုပ်ချုပ်သူ အဆင့် (၅) သို့ ရောက်ရှိနေသော်လည်း သူသာ ဆန္ဒရှိပါက အဆင့် (၉) ကျွမ်းကျင်သူကိုပင် သူ့ကိုယ်ပိုင် စွမ်းအားနှင့် ဆန့်ကျင် တိုက်ခိုက်နိုင်စွမ်း ရှိသည်။ သို့သော်လည်း ပြိုင်ဘက်ကို အနိုင်ယူနိုင်ဖို့ကမူ ဖြစ်နိုင်မည် မဟုတ်ချေ။
အဆင့် (၉) လောကအုပ်ချုပ်သူများက ဒဏ္ဍာရီအဆင့်သို့ ရောက်ရှိလာနိုင်သည့် နယ်နိမိတ်တွင် ရှိကြကာ ကောင်းကင်နှင့်မြေကြီး၏ ဆန်းကြယ်မှုများကို နက်နက်နဲနဲ သဘောပေါက်ကြပြီး မှော်နိယာမများကို နက်ရှိုင်းစွာ နားလည်ထားကြသည် မဟုတ်ပါလား။
'ငရဲချေမှုန်း နတ်ဆင်စွမ်းအား'နှင့်ဆိုလျှင်ပင် ရန်ချီတစ်ယောက် ထိုအဆင့်မှ တစ်စုံတစ်ယောက်နှင့် တိုက်ခိုက်ရန်မှာ ခေါင်းကိုက်စရာ တစ်ခု ဖြစ်နေဆဲပင်။
ထိုမိစ္ဆာနတ်ဆိုး (၅) ယောက်ထဲတွင် အားအနည်းဆုံး သူပင် အဆင့် (၇) လောကအုပ်ချုပ်သူ ဖြစ်ကာ သူတို့က တောင်ထွတ် (၅) ခုမှနေ၍ သူတို့အကြားရှိ လူသားများကို ပိတ်လှောင်ထားကြသည်။
ရန်ချီတစ်ယောက် အခြေအနေကို လေ့လာလိုက်ပြီးနောက် ထိုမွန်းစတားများမှာ အစစ်အမှန် ခန္ဓာကိုယ် မဟုတ်ဘဲ လူပုံသဏ္ဌာန် အစစ်အမှန် စွမ်းအင်များသာ ဖြစ်ကြောင်း သိလိုက်ရသည်။ သူတို့၏ အစစ်အမှန် ခန္ဓာကိုယ်က အနီးနားရှိ တစ်နေရာရာတွင် ပုန်းအောင်းနေခြင်း ဖြစ်ပေလိမ့်မည်။
ထိုကောက်ကျစ်သော မိစ္ဆာနတ်ဆိုးများကို ချောင်းမြောင်း တိုက်ခိုက်ဖို့က အလွန် ခက်ခဲလှသည်။
'ငါ ဘာလုပ်ရမလဲ'
ရန်ချီ စဉ်းစားလိုက်သည်။ သူ့တွင် အချိန်မရှိတော့ကြောင်း သိနေလေရာ စိတ်ထဲ၌ အစီအစဉ်တစ်ခု ပေါ်လာသည်နှင့် ချက်ချင်း လှုပ်ရှားနိုင်ရန် ပြင်ဆင်လိုက်၏။
ဝုန်း...
မဟူရာရွှေရောင် ဘဲဥပုံ အကာအကွယ်က တုန်ခါလာကာ အနည်းငယ် ကျုံ့ဝင်လာသည်။ ထိုအရာက စွမ်းအင်ပညာရပ် တစ်မျိုးဖြစ်ကာ ၎င်းကို ချိုးဖောက်နိုင်ဖို့ အလွန်အန္တရာယ်များကြောင်း ရန်ချီ နားလည်လိုက်သည်။
'ငါ့ရဲ့ အဓိက ဦးစားပေးက ငါ့အစ်ကိုကို ကယ်တင်ဖို့ပဲ... ဒီမွန်းစတားတွေကို သတ်ဖို့က မဖြစ်နိုင်ဘူး... အကောင်းဆုံး ရွေးချယ်စရာက ဒီမှော်အစီအရင်ကို ဖောက်ထွင်းပြီး ငါ့ညီအစ်ကိုနဲ့ ပူးပေါင်းနိုင်ဖို့ပဲ... ငါ ကူညီပေးနိုင်ရင် သူ့ကို ထိခိုက်တော့မှာ မဟုတ်ဘူး... အဲဒါဆိုရင် အကူအညီ မရောက်လာခင်ထိ အချိန်ဆွဲထားနိုင်မှာပဲ'
သူက ဆုံးဖြတ်ချက် ချပြီးသည်နှင့် အစစ်အမှန် စွမ်းအင်များကို လှည့်ပတ်ကာ အဖြူရောင် အလင်းတန်းတစ်ခုကဲ့သို့ မဟူရာရွှေရောင် အကာအကွယ်ထံ တိုးဝင်သွားသည်။ ယခုအချိန်တွင် သူ့ လုပ်ကြံသတ်ဖြတ်ခြင်းတာအိုကို အပြည့်အဝထုတ်သုံးကာ မှော်အစီအရင်ကို ချိုးဖောက်ပြီး ကျွင့်ထျန်းချုံးကို ကယ်တင်ဖို့ ကြိုးစားလိုက်တော့သည်။
သို့သော်လည်း သူ နီးကပ်လာသည်နှင့် မဟူရာရွှေရောင် အကာအကွယ်မှ လေမုန်တိုင်းတစ်ခု ပေါ်လာကာ သူ မတုံ့ပြန်နိုင်ခင်မှာပင် သူ့ကို အတွင်းသို့ စုပ်ယူသွားခဲ့သည်။
ရန်ချီ အထဲရောက်ပြီး မကြာမီမှာပင် မိစ္ဆာနတ်ဆိုး အဆင့်နိမ့် သခင် (၅) ယောက်က မိစ္ဆာအသိဖြင့် စကားပြောဆို လိုက်ကြသည်။
"အဆင့်နိမ့်သခင်ခွေ့... နောက်ထပ် အမှန်တရား ဘက်တော်သားတစ်ဦး ငါတို့ အစီအရင်ရဲ့ ဝါးမြိုခံလိုက်ရပြီ... အဲဒီလူက တော်တော်လေး သန်မာတယ်လို့ ငါထင်တယ်"
"ဒဏ္ဍာရီအဆင့် တစ်ယောက်ကသာ ငါတို့ရဲ့ အကြိုကောင်းကင် နတ်ဆိုး အစီအရင်ကို ဖျက်ဆီး လွတ်မြောက်နိုင်လိမ့်မယ်... ကျန်တဲ့သူတွေက ငါတို့ ယဇ်ပူဇော်မယ့် စတေးခံတွေပဲ ဖြစ်လာလိမ့်မယ်"
နောက်ထပ် စွမ်းအားကြီးသည့် မိစ္ဆာအသိက မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာသည်။
"လောကအုပ်ချုပ်သူ လူသားတွေ ပိုရလေ ငါတို့အတွက် ပိုကောင်းလေပဲ... ဒီနှစ်တွေမှာ အမှန်တရားဘက်တော်သား လူသားတွေက ငါတို့ကိုသတ်ဖို့ မိစ္ဆာနတ်ဆိုးကျွန်းကို ကျူးကျော်လာကြတယ်... အခု သွေးကြွေးကို သွေးကြွေးနဲ့ ပြန်ဆပ်ဖို့ အချိန်ပဲ"
"အမှန်ပဲ... ဒီလူသားတွေက ဂိုဏ်းကြီးတွေရဲ့ တပည့်တွေပဲ... သူတို့က သူတို့နယ်မြေမှာ ရှိတဲ့ ကျောင်းတော်တွေက အကောင်းတကာ့အကောင်းဆုံးတွေပဲ... သူတို့ကို သတ်လိုက်မယ်ဆိုရင် ငါတို့ ဒေါသနည်းနည်းပြေစေမှာပဲ"
"ဒါပေမဲ့ ကျောင်းတော်တွေက ဒေါသထွက်ပြီး ငါတို့ကို အပြင်းအထန် တိုက်ခိုက်လာမယ် ဆိုရင်ရော"
"အာ... မင်းက ဘာကြောက်နေတာလဲ... မိစ္ဆာနတ်ဆိုးကျွန်းမှာ မရေမတွက်နိုင်တဲ့ ဒိုင်မေးရှင်း စကြဝဠာတွေ ရှိတယ်... အချို့ဆိုရင် မြင့်မြတ်သခင်တွေနဲ့ နယ်စားတွေ ထိန်းချုပ်ထားတာပဲ... သူတို့က အခုချိန် အိပ်စက်နေပေမယ့် လူသားတွေသာ အပြင်းအထန် တိုက်ခိုက်မယ်ဆိုရင် သူတို့ကို သတ်ဖြတ်လိမ့်မယ်... လူသားတွေက မိစ္ဆာနတ်ဘုရားတွေရဲ့ အရေးကို ဝင်ရောက် စွက်ဖက်ရဲမှာ မဟုတ်ဘူး"
မိစ္ဆာနတ်ဆိုးများက တစ်ဦးနှင့်တစ်ဦး အပြန်အလှန်မိစ္ဆာအသိဖြင့် ဆက်သွယ် ပြောဆိုနေကြသည်။
'ဘယ်လောက်တောင် အစွမ်းထက်လိုက်တဲ့ မှော်အစီအရင်လဲ'
ရန်ချီ စဉ်းစားလိုက်သည်။
မဟူရာရွှေရောင် အစစ်အမှန်စွမ်းအင်က သူ့အပေါ် ဖိနှိပ်တုန်းက သူ့ အစစ်အမှန် စွမ်းအင် အကာအကွယ်ပင် ယိုင်နဲ့သွားစေခဲ့သည်။ 'ငရဲချေမှုန်း နတ်ဆင်စွမ်းအား' ၏ ကျေးဇူးကြောင့်သာ သူ့အနေဖြင့် ဆိုးဆိုးဝါးဝါး မထိခိုက်ခဲ့ခြင်း ဖြစ်ပေသည်။
မှော်အစီအရင်တွင်းသို့ ရောက်ရှိသောအခါ အခြားအရာတစ်ခုကို မြင်လိုက်ရသည်။ ထိုအရာက တောက်ပနေသော မီးပြင်းဖိုတစ်လုံးနှင့်တူညီကာ အတွင်းမှ လူတိုင်းကို ကာကွယ်ပေးထား၏။ ထို့နောက် သူက ကျွင့်ထျန်းချုံးကို ကြည့်လိုက်သောအခါ မျက်နှာက ပြာနှမ်းနေကာ အစစ်အမှန် စွမ်းအင်က ဆိုးဆိုးဝါးဝါး နည်းပါးနေသည်ကို တွေ့လိုက်ရသည်။
"အားလုံးပဲ... ဒါက ငါ့ရဲ့ သွေးသောက်ညီအစ်ကိုပဲ"
ကျွင့်ထျန်းချုံးက ပြောလိုက်သည်။
"ညီအစ်ကို... ဒီကိုလာခဲ့... မင်း ဝင်လာလို့ ရအောင် ငါတို့ရဲ့ မီးလျှံဘုရင် မီးပြင်းဖိုကို ဖွင့်ပေးမယ်"
မီးပြင်းဖိုက အလင်းရောင် တောက်လာကာ မဟူရာရွှေရောင် နတ်ဆိုးစွမ်းအင်ကို ခဏတာ ဖယ်ရှားပေးလိုက်သည်။
ရန်ချီကို အလင်းရောင်က ဖုံးလွှမ်းသွားပြီးနောက် မီးပြင်းဖိုအတွင်း ဝင်ရောက်သွားသည်။ ထိုအခိုက်အတန့်၌ သူခံစားနေရသော ဖိအားများ ပျောက်ကွယ်သွားတော့၏။
"ညီအစ်ကို... မင်းရောက်လာတာ မြန်လိုက်တာပဲ"
ကျွင့်ထျန်းချုံးက ရှေ့တိုးလာကာ ရန်ချီကို နှုတ်ဆက်လိုက်သည်။
တောက်ပနေသော မီးပြင်းဖိုကြီးက အိမ်ငယ်လေးတစ်ခု အရွယ်ရှိကာ ၎င်း၏ အတွင်းပိုင်းထဲမှ အရာရာတိုင်းကို အပြင်ဘက်မှ အဆုံးမရှိသော နတ်ဆိုးအလင်းများ ရန်မှ ကာကွယ်ပေးထားသည်။
"ဟုတ်တယ်... ငါ မင်းရဲ့ သတင်းကိုရတာနဲ့ မရပ်မနား လိုက်လာခဲ့တာ"
နောက်ဆုံးတွင် ရန်ချီက မီးပြင်းဖိုအတွင်းရှိ အခြားလူများကို ကြည့်လိုက်ကာ သူ့ မျက်လုံးများ၌ ချက်ချင်း တုန်လှုပ်သည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။
ထိုနေရာ၌ လူ (၁၄)ယောက် ရှိနေကာ သူတို့အားလုံးက လောကအုပ်ချုပ်သူ အဆင့် (၅) ထက် မြင့်မားကြသည်။ သူတို့ထဲမှ အဆင့် (၈) လောကအုပ်ချုပ်သူတစ်ယောက်က မီးလျှံဘုရင် မီးပြင်းဖိုကို ထိန်းချုပ် မောင်းနှင်ထား၏။
ထိုနေရာတွင် အမျိုးသားနှင့် အမျိုးသမီးများရှိကြကာ သူတို့က အမျိုးမျိုးသော ဝတ်စုံများကို ဝတ်ဆင်ထားပြီး မောက်မာသည့် အမူအရာများအရ အဖွဲ့အစည်းကြီးများမှလာသည့် လူများ ဖြစ်ကြောင်း သိသာလှသည်။ ကျွမ်းကျင်သူများထဲမှ အမျိုးသမီးငယ် တစ်ယောက်က အဆင့် (၇) လောကအုပ်ချုပ်သူ အဆင့်တွင်ရှိနေကာ 'နေလကျောင်းတော်' ၏ ဝတ်စုံရှည်ကို ဝတ်ဆင်ထားသည်။ သူမက အတော်ကလေးလှပကာ ဖီးနစ်ပုံစံ အလှဆင်ထားသည့် ငွေနားကပ်လေးများ ပန်ထား၏။
တုန်လှုပ်စရာကောင်းသည်မှာ ထိုနေရာရှိ လူများအားလုံးက လက်ရင်းကျောင်းသားများ ဖြစ်ကြခြင်းပင်။
သူတို့အားလုံးက ရန်ချီကို အကဲဖြတ်လိုက်ကြသည်။
ထိုအချိန်မှာပင် နေလကျောင်းတော်မှ အမျိုးသမီးငယ်က အေးစက်စက် နှာတစ်ချက်ရှုံ့ကာ ပြောလိုက်သည်။
"လာပါဦး ကျွင့်ထျန်းချုံး... ဒီလူက ငါတို့ကို ကယ်နိုင်မယ်လို့ တကယ်ကြီး ထင်နေတာလား... အဆင့် (၅) လောကအုပ်ချုပ်သူလေးကလေ... မင်းက သူ့ကို သေတွင်းထဲ ဆွဲခေါ်လိုက်တာပဲ... ဒီအကြိုကောင်းကင်နတ်ဆိုးအစီအရင်က မိစ္ဆာနတ်ဆိုး အဆင့်နိမ့် သခင် (၅) ယောက် ထိန်းချုပ်ထားတာပဲ... ဒဏ္ဍာရီအဆင့် တစ်ယောက်ကသာ ဒါကို ချိုးဖောက်နိုင်လိမ့်မယ်"
ထိုအမျိုးသမီးငယ်က ရန်ချီ၏ ကျင့်ကြံခြင်းအခြေခံ နိမ့်ကျမှုကို စိတ်ပျက်သွားသည်မှာ သိသာလှသည်။
"ငါ့ညီအစ်ကိုက သာမန်လူ မဟုတ်ဘူး"
ကျွင့်ထျန်းချုံးက ပြန်ပြောလိုက်သည်။
"သိပ်မကြာခင်က သူက လောကအုပ်ချုပ်သူ အဆင့် (၂) ပဲ ရှိသေးတာတောင် ကျောင်းဝူဖန်ကို တစ်ချက်တည်း သတ်နိုင်ခဲ့တယ်"
ရန်ချီကို မယုံကြည်နိုင်သည့် အကြည့်ဖြင့် ကြည့်ကာ သူက ဆက်ပြောလိုက်၏။
"ညီအစ်ကို... မင်းက လောကအုပ်ချုပ်သူ အဆင့် (၅) ကို တကယ်ကြီး ရောက်သွားပြီလား... မင်းရဲ့ တိုးတက်မှုက ဘာလို့ ဒီလောက် မြန်နေရတာလဲ"
ရန်ချီ ခေါင်းညိတ်လိုက်သည်။
"ငါ ကံကောင်းမှုအချို့ တွေ့ခဲ့လို့ပါ"
နားကပ်ပန်ထားသည့် အမျိုးသမီးငယ်က ရန်ချီကို ကြည့်ကာ သူမ၏ မျက်လုံးများ၌ အံ့ဩသည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။
"ရှင်က လောကအုပ်ချုပ်သူ အဆင့် (၂) မှာကတည်းက ကျောင်းဝူဖန်ကို သတ်လိုက်တာလား... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... ဒီလိုဆိုရင် ရှင့်အစစ်အမှန် စွမ်းအင်တွေ မီးလျှံဘုရင် မီးပြင်းဖိုထဲပို့ပြီး ဘယ်လောက် ထိန်းထားနိုင်လဲ စမ်းကြည့်ပါလား"
"ဂိုဏ်းတူအစ်ကို 'သန့်စင်သော နွေဦးမီးလျှံ' (ဟောင်ချင်းချွမ်)... ကျွင့်ထျန်းချုံးရဲ့ သွေးသောက်ညီအစ်ကို ဘယ်လောက် သန်မာလဲ သိရအောင် သူ့ကို မီးပြင်းဖို ခဏ လွှဲပေးလိုက်ပါလား"
End
***