ကြီးမားသော ကဏန်းကဲ့သို့ မိစ္ဆာနတ်ဆိုးကြီးထံ၌ လက်သည်းရှစ်ခုရှိပြီး တစ်ခုချင်းစီက တောင်တန်းများကို ထက်ဝက် ပိုင်းဖြတ်နိုင်စွမ်းရှိ၏။ သူ့ထံတွင် စက်ဆုပ်ရွံရှာဖွယ် ကောင်းလွန်းသည့် လူသားမျက်နှာတစ်ခုရှိနေကာ သုံးမြှောင့်ပုံစံ မျက်လုံးများက အလင်းရောင်များ တောက်ပနေပြီး ထိုအလင်းတန်းများက တစ်စုံတစ်ယောက်၏ စိတ်နှလုံးသို့ ထိုးဖောက် ဝင်ရောက်နိုင်ပေသည်။
မည်သူမဆို ထိုကဲ့သို့ မျက်လုံးမျိုးနှင့် အကြည့်ခံရပါက သူတို့၏ စိတ်ဝိညာဉ်ထဲမှ ကြောက်ရွံ့စိတ်ကို ခံစားလိုက်ရပေလိမ့်မည်။
ထိုအရာက မိစ္ဆာနတ်ဆိုး အဆင့်နိမ့် သခင်များထံတွင်ရှိသည့် စွမ်းအင်တစ်ခုဖြစ်ကာ ထိုသူမှာ အဆင့်ကိုးသို့ ရောက်ရှိနေပြီ ဖြစ်သည်။
အခြား မိစ္ဆာနတ်ဆိုးများက ရန်ချီကို တစ်ယောက်ပြီးတစ်ယောက် ဝန်းရံလာကြ၏။ သူတို့က ရန်ချီထက် အရပ်ပိုမြင့်ကြလေရာ ဝံပုလွေအုပ်က ယုန်တစ်ကောင်ကို စောင့်ကြည့်နေခြင်းနှင့်ပင် တူညီနေတော့သည်။
မိစ္ဆာနတ်ဆိုး တစ်ကောင်က ဒဏ္ဍာရီအဆင့်နှင့် နီးကပ်နေကာ သိုးခေါင်းနှင့် မိစ္ဆာနတ်ဆိုးက အဆင့်ရှစ်တွင်ရှိ၏။ အခြား သုံးကောင်က အနည်းငယ် နိမ့်ကျကာ အဆင့်ခုနစ်တွင် ရှိကြသည်။ သူတို့ တစ်ကောင်ချင်းစီက အကြင်နာ ကင်းမဲ့ကာ ရက်စက် ကြမ်းကြုတ်ကြပေသည်။
သူတို့ငါးယောက်၏ အစီအရင်မှ ထုတ်လွှတ်နေသော စွမ်းအင်လှိုင်းများက လောကအုပ်ချုပ်သူ အဆင့်ငါးနှင့် အဆင့်ငါးအောက်မှ မည်သူ့ကိုမဆို ချေဖျက်ပစ်နိုင်သော်လည်း ရန်ချီက ထိုအရာကို အထူး ကြောက်ရွံ့မနေချေ။
သူ တိုက်ခိုက်ခဲ့သည့် သိုးခေါင်းနှင့် မိစ္ဆာနတ်ဆိုးမှာ ကဏန်းနှင့်တူသည့် မိစ္ဆာသားရဲ၏ အကူအညီကြောင့် အပြည့်အဝ ပြန်လည်ကျန်းမာလာခဲ့လေပြီ။
ထိုကဲ့သို့ ပြင်ပမှ အကူအညီကြောင့်သာ မဟုတ်ပါက သူ့အနေဖြင့် ငရဲနတ်ဆိုး လှံတံအောက်တွင် အသက် ပေးအပ်ခဲ့ရပေလိမ့်မည်။
အကြိုကောင်းကင် နတ်ဆိုးမျက်လုံးမှ အစွမ်းထက်သည့် ဆိုးသွမ်းညစ်ညမ်းသော စွမ်းအင်များသာ မရှိပါက သူ့အနေဖြင့် ထိုကဲ့သို့ အလျင်အမြန် ပြန်လည်ကောင်းမွန်လာမည် မဟုတ်ချေ။
ထိုအရာ၏ အသက်ကို မနုတ်ယူနိုင်ခဲ့သော်လည်း ရန်ချီက မိစ္ဆာနတ်ဆိုးအားလုံးကို အံ့အားသင့်ဖွယ် အထင်ကြီးလောက်အောင် လုပ်ပြနိုင်ခဲ့သည်။ သူက အဆင့်ငါး လောကအုပ်ချုပ်သူ ကျောင်းသားတစ်ယောက်မျှသာ ဖြစ်သော်လည်း အကြိုကောင်းကင် နတ်ဆိုးမျက်လုံးအတွင်း ဝင်ရောက်နိုင်ရုံမက မိစ္ဆာနတ်ဆိုး အဆင့်နိမ့်သခင်၏ နှလုံးတည့်တည့်ကိုပင် တိုက်ခိုက်နိုင်ခဲ့သည်။ သူတို့အနေဖြင့် ရန်ချီ၏ ကျင့်ကြံခြင်းအခြေခံကြောင့် မြင်တွေ့နေရသည်ကိုပင် မယုံကြည်နိုင်ကြ တော့ချေ။
သူ့ကို မိစ္ဆာနတ်ဆိုး ငါးကောင် ဝန်းရံနေသော်လည်း ရန်ချီအနေဖြင့် ဘာမှ ပြန်မပြောတော့ပေ။ သူက တတ်နိုင်သမျှ စွမ်းအား အကုန်ကို ထုတ်ဖော်ကာ လှံတံကို ဝှေ့ယမ်းလိုက်လေရာ နတ်ဘုရားများ၏ ကြွေးကြော်သံများနှင့် ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။ ကောင်းကင်ဘုံ ကမ္ဘာမှ သန့်စင်သော မီးလျှံများကလည်း သူ့ကို ဝန်းရံလာကြ၏။
"မိစ္ဆာနတ်ဆိုးတွေ... ငရဲကို သွားစမ်း... ငါ့ရှေ့မှာ ဒူးထောက်ပြီး ငါ့လှံတံကို ကြည့်ထား... ငါက ငရဲကို အုပ်ချုပ်တဲ့ နတ်ဘုရားအဖွဲ့အစည်းကို ကိုယ်စားပြုတယ်... ငါက အောက်ဘုံလောကမှာရှိတဲ့ မကောင်းဆိုးဝါး သက်ရှိတွေကို အုပ်ချုပ်မင်းမူတဲ့ စစ်မှန်တဲ့ အရှင်သခင်ပဲကွ"
ထို့နောက် သူက လှံဖြင့် ငါးကြိမ် တိုက်ခိုက်လိုက်သည်။ ထိုသို့ တိုက်ခိုက်လိုက်သည်နှင့် သူ့နောက်ကျောဘက်၌ ဆင်ခေါင်းနှင့် လူခန္ဓာကိုယ်ရှိသည့် ဖောက်ထွင်းမြင်နိုင်သော နတ်ဘုရားပုံရိပ် ပေါ်လာသည်။ ထိုအရာက လက်နှစ်ဖက်ကို ဆန့်တန်းပြီး လက်ငါးချောင်းဖြင့် ထိုးခွဲလိုက်ကာ ထိုနေရာရှိ မကောင်းဆိုးဝါး စွမ်းအင်များက ရန်ချီ၏ ငရဲမီးတောက်မီးပြင်းဖိုအတွင်း ဝင်ရောက်သွားတော့သည်။
မိစ္ဆာနတ်ဆိုး ငါးယောက်လုံး သူတို့ ထိန်းချုပ်ထားသည့် အကြိုကောင်းကင် မိစ္ဆာနတ်ဆိုး မျက်လုံးမှ မကောင်းဆိုးဝါးစွမ်းအင်များကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ကြောင်း သဘောပေါက် သွားကြ၏။
ဝှစ်…
လှံတံပုံရိပ် ငါးခုက မိစ္ဆာနတ်ဆိုး ငါးယောက်၏ နှလုံးများကို တိုးဝင်သွားလေရာ သူတို့ထံမှ မကောင်းဆိုးဝါး စွမ်းအင်များ စုပ်ယူခံနေရခြင်းကို ခံစားမိလိုက်ကြသည်။ ထိုလှံ၏ ကျေးဇူးကြောင့် သူတို့၏ နတ်ဆိုးပညာရပ်များက အင်ပါယာရှေ့ ရောက်နေသော အမှုထမ်းများကဲ့သို့ ပြုမူနေကြရသည်။ သူတို့အနေဖြင့် ပြန်လည် တိုက်ခိုက်ရန်ပင် မတတ်နိုင်တော့ချေ။
ထိုသည်မှာ ငရဲချေမှုန်း နတ်ဆင်စွမ်းအားက မကောင်းဆိုးဝါး ကျင့်စဉ်များအပေါ် ပုံမှန် တုံ့ပြန်မှုကြောင့်ပင်။
မိစ္ဆာနတ်ဆိုးဖြစ်ဖြစ်၊ နတ်ဆိုးတစ္ဆေဖြစ်ဖြစ်၊ ဖုတ်ကောင်ပင်ဖြစ်စေ... သူတို့အားလုံးက ငရဲမှ ဆင်းသက်လာကြသည့် အရာများသာဖြစ်ကြလေရာ ငရဲချေမှုန်း နတ်ဆင်စွမ်းအားက သူတို့၏ တည်ရှိမှုကို ဖျက်ဆီးနိုင်ပေသည်။
ဝေါင်း …
ကဏန်းနှင့် တူညီသည့် မိစ္ဆာနတ်ဆိုးက ဟိန်းလိုက်ကာ သူ့ လက်တံ ရှစ်ချောင်းကို ရှေ့ဘက်သို့ ပစ်လွှတ်ပြီး ရှေးဟောင်း ချိပ်ပိတ် အမှတ်အသားတစ်ခုကို ရေးဆွဲလိုက်သည်။ ချက်ချင်းဆိုသလိုပင် ပြင်းထန်သည့် စွမ်းအင်လှိုင်းများ ထွက်ပေါ်လာတော့သည်။
"မကောင်းဆိုးဝါး အင်ပါယာ၏ မဟာလက်ဝါးများ"
ကြီးမားသော လက်ဝါးရှစ်ခု ပေါ်လာကာ များပြားလွန်းသည့် စွမ်းအင်များကြောင့် ထိုနေရာ တစ်ဝိုက်ရှိ အရာရာတိုင်း ပျက်သုဉ်းသွားပြီးနောက် သွေးများ ယိုစီးလာသည်။
ထိုလက် ရှစ်ဖက်ကြောင့် လှံပုံရိပ် ငါးခုက အမြန်ဆုံး ပျောက်ကွယ်သွား၏။
သို့သော်လည်း ရန်ချီက ကြောက်လန့်ပုံမပေါ်ချေ။ သူက လှံကို အသုံးပြုကာ တစ်ကွက်ပြီး တစ်ကွက် တိုက်ခိုက်လိုက်သည်။ လက်ဝါးပုံရိပ်များနှင့် ရင်ဆိုင်မိသောအခါ လက်ဝါးများက တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားလေတော့သည်။
ရုတ်တရက် ကဏန်းနှင့် ဆင်တူသည့် မိစ္ဆာနတ်ဆိုးက ကောက်ကျစ်စွာ ပြုံးရယ်လိုက်ပြီးနောက် သူ့ အရွယ်အစားကို သာမန်လူ တစ်ဦးအရွယ် ပြောင်းလဲလိုက်သည်။ သို့သော် ထိုအရာက သူ့ စွမ်းအားများကို ပိုမို တည်ငြိမ်စေကာ အားကောင်းလာစေ၏။ ထိုအရာက လူပုံသဏ္ဍာန် အစစ်အမှန် စွမ်းအင်ကို ထုတ်ဖော်လိုက်ခြင်းပင်။ အနက်ရောင်ဝတ်စုံ ဝတ်ထားသည့် မကောင်းဆိုးဝါး အင်ပါယာတစ်ပါး ပေါ်လာကာ မကောင်းမှုအကုသိုလ် များလွန်းသည့် အရှိန်အဝါက ထွက်ပေါ်လာသည်။
ထိုစွမ်းအင်ပညာရပ်က မိစ္ဆာနတ်ဆိုးများ၏ လျှို့ဝှက်အမွေအနှစ်ဖြစ်သည့် မကောင်းဆိုးဝါး အင်ပါယာစွမ်းအင်ဖြစ်ကြောင်း ရန်ချီ သိလိုက်ရသည်။ အကယ်၍ ထိုစွမ်းအားများက အကြိုကောင်းကင် နတ်ဆိုးမျက်လုံး၏ မကောင်းဆိုးဝါး စွမ်းအင်များနှင့် ပေါင်းစပ်သွားလျှင် ရန်ချီအနေဖြင့် တိုက်ခိုက်ဖို့ပင် အလွန် ခက်ခဲလာနိုင်ပေသည်။
သူက ငရဲနတ်ဆိုး အတောင်ပံများကို ဆင့်ခေါ်ကာ အစစ်အမှန် စွမ်းအင်များကို လှည့်ပတ်လိုက်သည်။ မကောင်းဆိုးဝါးအင်ပါယာအဖြစ် အပြည့်အဝမဖွဲ့စည်းနိုင်ခင် လုပ်ကြံသတ်ဖြတ်ခြင်း တာအိုကို ထုတ်ဖော်လိုက်သည်။
ဝုန်း…
သူက ပျောက်ကွယ်သွားကာ မိစ္ဆာနတ်ဆိုး ရှေ့တည့်တည့်တွင် ပြန်ပေါ်လာပြီး ကမ္ဘာဦး ဆင်ရိုင်း ကိုးဆယ့်ကိုးကောင် စွမ်းအားကို ထုတ်ဖော်ကာ လှံတံဖြင့် ထိုးသွင်းလိုက်သည်။
"မိုးကြိုးမုန်တိုင်းကဲ့သို့ တိုက်ခိုက်ခြင်း"
လျင်မြန်လွန်းသည့် တိုက်ခိုက်မှုက မိုးကြိုးမုန်တိုင်းသဖွယ် မိုးကောင်းကင်၏ အမျက်ဒေါသကို ကိုယ်စားပြုသကဲ့သို့ ထွက်ပေါ်လာတော့သည်။
ကဏန်းနှင့်တူသည့် မိစ္ဆာနတ်ဆိုး ထုတ်ဖော်ထားသည့် မကောင်းဆိုးဝါး အင်ပါယာ အပြည့်အဝ မဖြစ်ပေါ်သေးချိန်မှာပင် ချက်ချင်း လှံတံဖြင့် ထိုးသွင်းခံလိုက်ရသည်။
ကဏန်းနှင့်တူသည့် မိစ္ဆာနတ်ဆိုးက ထိုနေရာမှ အသည်းအသန် ထွက်ပြေးလိုက်၏။ ရန်ချီ၏ လျင်မြန်စွာ တိုက်ခိုက်မှုက ကောင်းကင်ဘုံမှ နတ်ဘုရားဒေါသနှင့် တူညီကာ သူက လောကအုပ်ချုပ်သူ အဆင့်ကိုးတွင် ရှိနေသော်လည်း ထိုတိုက်ကွက်နှင့် ရင်ဆိုင်မိပါက သေဆုံးသွားနိုင်ကြောင်း သိလိုက်ရသောကြောင့်ပင်။
မည်သည့်အရာမှ ဖြစ်ပျက်ခြင်းမရှိသေးခင် ရန်ချီက ပြန်လည် ပျောက်ကွယ်သွားကာ ဝံပုလွေ ဦးခေါင်းနှင့် မိစ္ဆာနတ်ဆိုး ရှေ့တွင် ပြန်ပေါ်လာသည်။
ထိုသတ္တဝါများက ရန်ချီအတွက်တော့ အားနည်းလွန်းလှ၏။ သူက လောကအုပ်ချုပ်သူ အဆင့်လေးတွင်ပင် အဆင့် (၇) လောကအုပ်ချုပ်သူထက် ပိုမို သန်မာသည့် နတ်ဆိုးတစ္ဆေကို စားသုံးခဲ့ဖူးသည်။ ယခု သူဘယ်လောက် သန်မာသလဲ တွက်ကြည့်လိုက်ပါက သူတို့ကို လှံတံတစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်ပေသည်။
ဝှစ်... ဝှစ်... ဝှစ်
ပေါက်ကွဲသံ သုံးခုနှင့်အတူ ဝံပုလွေခေါင်းနှင့် မိစ္ဆာနတ်ဆိုး သုံးယောက်က ပေါက်ကွဲသွားကာ သူတို့၏ မိစ္ဆာအမြုတေက ရန်ချီ၏ ငရဲမီးတောက် မီးပြင်းဖိုအတွင်း ပျံသန်းသွားသည်။
ထို့နောက် အပြာရောင် အလင်းတန်း တစ်ချက် တောက်ပလာကာ သူတို့၏ ခန္ဓာကိုယ်များကို သူ့ ပင်လယ်နှလုံးသားအတွင်း ထည့်သွင်းလိုက်သည်။
ထို့နောက် သူက နောက်လှည့်ကာ အဝေးသို့ ပျံသန်းသွားတော့သည်။ သူ့အနေဖြင့် ကဏန်းနှင့် တူသည့် မိစ္ဆာနတ်ဆိုးကို လိုက်ဖမ်းဖို့ စိတ်မဝင်စားချေ။ ထို့ပြင် သူ့အနေဖြင့် ထိုတိုက်ပွဲ၌ အနိုင်ရလိမ့်မည်ဟု ရာနှုန်းပြည့် မသေချာပေ။ ပို၍ အရေးကြီးသည်မှာ အကြိုကောင်းကင် နတ်ဆိုးမျက်လုံးက ၎င်း၏ မြေဆွဲအားကို ဆုံးရှုံးထားရပြီ ဖြစ်ခြင်းပင်။
ထို့အပြင် မီးလျှံမီးပြင်းဖိုကြီး ထွက်သွားပြီဟု ခံစားမိသောကြောင့် အခြား ကျောင်းသားများ နတ်ဆိုး အစီအရင်တွေမှ လွတ်မြောက်သွားပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
ဤအချိန် အတောအတွင်း မိစ္ဆာနတ်ဆိုးကျွန်း အပြင်ဘက်၌ သန့်စင်သော နွေဦးမီးလျှံ ကျွင့်ထျန်းချုံနှင့် အခြားကျောင်းသားများက လေထဲမှာ ပျံဝဲနေကြကာ ကျွန်းဘက်ကို ကြည့်လိုက်သောအခါ အဆင့်နိမ့် နတ်ဆိုးကလေးများ ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။ ရန်ချီ၏ အကူအညီကြောင့် အကြိုကောင်းကင် နတ်ဆိုးအစီအရင်က အားနည်းလာခဲ့ကာ သူတို့အနေဖြင့် နောက်ဆုံးတွင်တော့ ချိုးဖောက်နိုင်ခဲ့ကာ လွတ်မြောက်ခဲ့ကြသည်။ အဆင့်နိမ့် နတ်ဆိုး ဘယ်လောက်တောင် သူတို့ သတ်ဖြတ်ခဲ့လဲ မရေတွက်နိုင်တော့ပေ။
"ညီအစ်ကိုရန် ဘာတွေလုပ်နေလဲ ငါတွေးမိတယ်... အကြိုကောင်းကင် မျက်လုံးထဲမှာ လွတ်မြောက်ဖို့ ဘာတွေ ပေးဆပ်ရမလဲတောင် မသိဘူး... ဒါက ပေါ့သေးသေး မဟုတ်ဘူး... သူအဆင်ပြေနေဖို့ ငါမျှော်လင့်မိတယ်"
"သန့်စင်သော နွေဦးမီးတောက် ကျွင့်ထျန်းချုံ... မင်းတို့ ကျောင်းတော်က အကြီးအကဲတွေကို မြန်မြန် သတင်းပို့လိုက်... အခုချက်ချင်း သူတို့ကို အကူအညီ လွှတ်ခိုင်း... ညီအစ်ကို ရန်ချီကို တတ်နိုင်သမျှ ဘာမှ အဖြစ်ခံလို့ မဖြစ်ဘူး"
"ငါတို့ ဒဏ္ဍာရီ အကြီးအကဲတွေကို ခေါ်ဖို့ လိုတယ်... အခုချက်ချင်း ငါလည်ဆွဲ တံဆိပ်ကနေ သတင်းပို့လိုက်ပြီ" လက်ရင်းကျောင်းသား တစ်ယောက်က အလွန် အဖိုးတန်သည့် သတင်းပေး လည်ဆွဲတံဆိပ်ကို ထုတ်ယူကာ သတင်းပို့ဖို့ ပြင်လိုက်သည်။
သို့သော်လည်း ထိုကျောင်းသားအနေဖြင့် သတင်းမပို့ခင် လေတိုးသံများကို ကြားလိုက်ရပြီး ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ထို့နောက် အသံတစ်ခု ထွက်ပေါ်လာတော့သည်။
"ညီအစ်ကို ထျန်းချူ... သတင်းပို့စရာ မလိုတော့ဘူး... ငါလွတ်မြောက်လာပြီ... သွားကြစို့"
"ဒါ ညီအစ်ကို ရန်ချီပဲ"
"ညီအစ်ကိုရန်..."
"ညီအစ်ကိုရန် မသေဘူးလား... သူအောင်မြင်လာပြီ... သူက ကောင်းကင်က မျက်နှာသာပေးခံရတဲ့ ပါရမီရှင်ပဲ... မျိုးဆက်တစ်ခုအတွက် စံပြတစ်ယောက်ပဲ"
"တော်တော် သန်မာတာပဲ"
လူတိုင်းက ပြေးလာကာ ရန်ချီကို ဝန်းရံလိုက်ကြသည်။ သူ့ အစစ်အမှန်စွမ်းအင် လှိုင်းများကြောင့် သူက ကောင်းကင်နှင့် မြေပြင်ကို တုန်လှုပ်စေသည့် တိုက်ပွဲတစ်ခု တိုက်ခိုက်ခဲ့သလို ခံစားရပေသည်။
"အခု စကားပြောရမယ့် အချိန်နဲ့နေရာ မဟုတ်ဘူး... ငါတို့ မိစ္ဆာနတ်ဆိုးကျွန်းနဲ့ ဝေးတဲ့နေရာကို သွားကြရအောင်... ငါတို့ လုံခြုံတဲ့နေရာသွားပြီး စကားနည်းနည်း သွားပြောရအောင်" ထို့နောက် သူတို့အုပ်စုက ပင်လယ်ထဲရှိ ကီလိုမီတာတစ်သောင်း ကွာဝေးသောနေရာ၌ မက်မွန်ပင်များ ပွင့်လန်းနေသည့် ကျွန်းတစ်ခုကို ရှာတွေ့ခဲ့သည်။
ယခုအချိန်၌ သူတို့က မိစ္ဆာနတ်ဆိုးကျွန်းနှင့် ဝေးကွာနေလေရာ မကောင်းဆိုးဝါး စွမ်းအင်များကို မခံစားမိတော့ချေ။ အနီးအနား ပင်လယ်ထဲရှိ သားရဲများပင် တိတ်ဆိတ် ငြိမ်းချမ်းစွာ နေထိုင်နေကြ၏။
သူတို့ ဆင်းသက်ပြီးနောက်မှာတော့ တစ်အုပ်စုလုံးက ချက်ချင်း ချီးကျူးလိုက်ကြသည်။
"ညီအစ်ကို ရန်ချီ... မင်း အကြိုကောင်းကင် နတ်ဆိုးမျက်လုံးက လွတ်လာမယ်လို့ ငါမယုံကြည်မိဘူး... မင်းသာမပါရင် ငါတို့အားလုံး အဆင့်နိမ့် သခင်တွေကြောင့် အသတ်ခံရမှာပဲ"
ရန်ချီက ပြုံးလိုက်သည်။
"အာ... မင်းက ပုံကြီးချဲ့နေတာပါ... ငါကံကောင်း ထောက်မစွာနဲ့ နတ်ဆိုးစွမ်းအင်ကို ကြောက်ဖို့ မလိုအပ်ခဲ့တာ... ညီအစ်ကို ထျန်းချူရဲ့ သူငယ်ချင်းတွေက ငါ့ရဲ့ သူငယ်ချင်းတွေပဲ... ငါ သူငယ်ချင်းတွေ အတွက်ဆို ငရဲပြည်ရော ရေနက်ထဲပါ သွားရဲတယ်"
ရုတ်တရက် သိုင်းပညာ သူတော်စင်များ အိမ်တော်မှ ကျောက်ဝူဟွန်းက ပြောလိုက်သည်။
"အားလုံး နားထောင်ကြ... ငါတို့ ဒီကပ်ဘေးကလွတ်လာတာ ညီအစ်ကို ရန်ချီကို ကျေးဇူးတင်ရမယ်... ငါတို့အားလုံး ဒီနေရာမှာ သွေးသောက်ဖွဲ့ဖို့ ငါအကြံပေးချင်တယ်... အခုကစပြီး ငါတို့ အတူတကွ ရှင်သန်ပြီး အတူတူ သေကြမယ်... ဂုဏ်ကျက်သရေတွေ ကျရှုံးမှုတွေ အတူတူ ခံစားမယ်... ဘယ်လို သဘောရလဲ"
သူက သွေးပူတတ်သည့် သူတစ်ယောက်ဖြစ်ကာ တစ်ချိန်တည်းမှာပင် ရန်ချီနှင့် ပူးပေါင်းပြီး မိစ္ဆာနတ်ဆိုးများကို သေသည့်အထိ တိုက်ခိုက်ဖို့ အကြံပေးခဲ့သူလည်း ဖြစ်သည်။
"ကောင်းတယ်... အကြံကောင်းပဲ"
သူတို့ထဲမှ အသန်မာဆုံးဖြစ်သည့် သန့်စင်သော နွေဦးမီးလျှံကပြောလိုက်သည်။ သူ့ မျက်လုံးများက တောက်ပနေကာ ရန်ချီကို လေးစားသည့် အမူအရာဖြင့် ကြည့်လိုက်၏။ သူငယ်ချင်းများ အန္တရာယ်နှင့် တွေ့သောအခါ သူရဲကောင်း စိတ်ဓာတ်အပြည့် ဖြောင့်မတ်မှု အပြည့်ဖြင့် ကောင်းကင်ထိ ရောက်အောင် အန္တရာယ်ကို ရင်ဆိုင်ပေးသည့် လူတစ်ဦးကို သွေးသောက် ဖွဲ့ထားခြင်းက ကောင်းမွန်သည့် အစီအစဉ်ပင် ဖြစ်သည် မဟုတ်ပါလား။
End
***