“ မြန်လှချည်လား ….”
“ တကယ်က လုပ်စရာ သိပ်မရှိလို့လေ … အစည်းအဝေး အစီရင်ခံစာကိုလည်း အစ်မချိုးနဲ့ အစ်မနင်တို့ကပဲ ပြင်ဆင်ကြတာ … ကျွန်မတို့က နည်းနည်းပါးပါး ထပ်ပေါင်းထည်းပေးရုံလေးပဲ ….”
“ အိုကေလေ … ငါ ခဏနေကျရင် ဆေးရုံကို သွားမှာ … အသေးစိတ်ကိုတော့ ဟိုရောက်မှပဲ ဆက်ပြောကြတာပေါ့ ….”
“ အိုကေ ….”
ဖုန်းချပြီးနောက် လင်းရီ ရှင်းရှန်းရဲစခန်းသို့ ဦးတည်လိုက်ည်။
စခန်းရှိ အခြေအနေက ပုံမှန်အတိုင်းပင်။ သို့သော် လီရှန်းဟွေ့ကို မမြင်ရသဖြင့် တစ်ခုခု လစ်ဟာနေသလို ခံစားနေရ၏။
“ မင်း ဒီရက်ပိုင်း ဘယ်တွေပျောက်နေတာ ….”
ကျန်းဟွေ့က ပါးစပ်တွင် စီးကရက်တစ်လိပ် ကိုက်ထားပြီး လင်းရီ ဝင်လာသည်ကိုမြင်တော့ လှမ်းမေးလိုက်၏။
ကျူးကျွင်းချီနှင့် ကူရိရန်တို့လည်း ထိုနေရာတွင် ရှိနေကြသည်။
“ အင်း … နှစ်သစ်ကူး နီးလာပြီဆိုတော့ အလုပ်တွေ နည်းနည်း ရှုပ်လာပြီလေ …”
“ ဟားဟား ….”
နှစ်ယောက်က ကျယ်လောင်စွာ ရယ်မောလိုက်၏။ “ ငါကတော့ မင်းမှာ ကောင်မလေးတွေ များလွန်းလို့ ဘယ်တစ်ယောက်ကို ဂရုစိုက်ပေးရမလဲ မသိတာ ဖြစ်နေတယ်လို့ ထင်တာပဲ …”
“ ကျုပ်က လူကြီးလူကောင်းဆန်တဲ့လူပါဗျာ … ခင်များတို့တွေ လူကောင်းတစ်ယောက်ကို အဲ့လိုမျိုး စွပ်စွဲတာက မကောင်းဘူးနော်…..”
“ မင်းသာ လူကြီးလူကောင်းဆိုလို့ကတော့ လောကကြီးထဲ လူဆိုးတစ်ယောက်တောင် ရှိတော့မှာ မဟုတ်ဘူး ….”
လင်းရီ ပြုံးလျက် ထိုင်ခုံသို့ ထိုင်ချလိုက်သည်။
“ အစ်ကိုဟွေ့ … အခုတလော စခန်းမှာ ဘာတွေ ထူးသေးလဲ ….”
“ ပါမွှား ကိစ္စလေးတွေပါပဲ … ဒါပေမယ့် နှစ်သစ်ကူးက နီးလာနေပြီ … ပြီးတော့ ထုံးတမ်းအစဉ်အလာအရဆိုရင် နှစ်သစ်ကူးမတိုင်ခင် အပြာစာပေနဲ့ တရားမဝင်တဲ့ လိင်လုပ်ငန်း နေရာတွေကို လိုက်ပြီး နှိမ်နင်းတာတွေ လုပ်တယ် ….” ကျန်းဟွေ့ ပြောလိုက်သည်။
“ မင်း စိတ်ပါတယ်ဆို လိုက်ခဲ့လို့ရတယ် … အဆင်မပြေဘူးဆိုလည်း စောစီး နားလိုက်ပေါ့ကွာ … တစ်ခုခုလိုအပ်ရင်တော့ မင်းကို လှမ်းခေါ်လိုက်မယ် …”
“ အဲ့လို မပြောစမ်းပါနဲ့ … ဘယ်လိုပဲပြောပြော ကျုပ်ကလည်း ပြည်သူကို အလုပ်အကျွေး ပြုနေတဲ့လူပဲလေ …. ဒီလို ကိစ္စမျိုးမှာ ကျိန်းသေပေါက် ပါဝင်သင့်တာပေါ့ … အလေလိုက်နေလို့ ဘယ်ဖြစ်မှာ ….”
စခန်း၏ တာဝန်များနှင့် ပတ်သက်လာလျှင် လင်းရီ အချောင်ခိုနေ၍ မဖြစ်ပေ။ အကြောင်းမူကား မစ်ရှင်က အချိန်မရွေး မထွက်ပေါ်လာနိုင်ဟု ပြောမရသောကြောင့်ပင်။
နောက်ဆုံး မစ်ရှင်တစ်ခုကို အောင်မြင်ပြီးနောက် သူက တာအိုရသေ့တစ်ပါး ဖြစ်လာမှာ ဆိုသော်လည်း ယခု အချိန်တွင်တော့ သူ့လုပ်စရာရှိသည့် တာဝန်ကို လုပ်ဆောင်ရမှာက သဘာဝပင်။
စခန်းတွင် အချိန်တစ်ချို့ကြာအောင် နေထိုင်ပြီး မည်သည့်အရာမျှ ဖြစ်ပျက်မလာတာကို မြင်တွေ့ရတော့ လင်းရီလည်း ဟွာရှန်းဆေးရုံသို့ ထွက်လာခဲ့လိုက်သည်။
လီရှန်းဟွေ့က အတော်လေးကို သက်သာလာနေပြီး ဖြစ်၏။ အနည်းဆုံးတော့ ဝှီးချဲဖြင့် ဟိုဟိုဒီဒီ သွားလာနိုင်နေလေပြီ။
လီရှန်းဟွေ့နှင့် ခေတ္တကြာအောင် စကားပြောပြီးနောက် လင်းရီ ကျောက်ယွင်ဟူ၏ လူနာခန်းဘက်သို့ ရောက်ရှိလာခဲ့သည်။
ထိုကောင်က မျက်နှာကြီးတစ်ခုလုံး ပြုံးရွှင်ပြီး နာ့စ်တစ်ဦးနှင့် ပျော်ပျော်ရွှင်ရွှင် စကားပြောနေသည်ကို မြင်တွေ့လိုက်ရ၏။
ကောင်းကင်က သတ်မှတ်ပေးထားသည့် စုံတွဲများနှယ် အကယ်၍ လင်းရီသာ မပြောမဆိုနှင့် ဝင်လာခဲ့ခြင်း မရှိဘူးဆိုပါက အချစ်မီးဖွားလေးများပင် ပေါက်ဖွားလာနိုင်လောက်သည်။
“ နာ့စ်တွေနဲ့တောင် အီစီကလီ လုပ်နေတယ်ဆိုတော့ မင်းကြည့်ရတာ အတော်လေး သက်သာလာနေပြီနဲ့တူတယ် ….
“ မဟုတ်တာ မဟုတ်တာ ….”
လင်းရီ ချဉ်းကပ်လာသည်ကို မြင်တော့ ကျောက်ယွင်ဟူက မလုံမလဲ မျက်နှာထားဖြင့် “ ကျုပ်တို့က ဒီတိုင်း ကိစ္စတစ်ချို့ ဆွေးနွေးနေရုံပါပဲ ….”
“ အွန်း … ဒီတိုင်း စကားပြောနေတာ …” နာ့စ်က ပြုံးလျက် ပြောလိုက်သည်။
“ မိန်းကလေး … မင်း သူနဲ့ မဆက်သွယ်တာ ပိုကောင်းလိမ့်မယ်နော် … ဘောင်းဘီမချွတ်ခင် သေနတ်ပစ်ပြီးနေတဲ့ တပ်ထွက် ကစားသမားမျိုးကို မင်း လက်ခံနိုင်မှာ သေချာလား ….”
“ အာ …..”
နာ့စ်က ကျောက်ယွင်ဟူကို ထူးဆန်းသည့် မျက်နှာအမူအရာဖြင့် ကြည့်လာခဲ့၏။
“ အစ်ကိုဟူ … ကျွန်မ တခြားအခန်းထဲက လူနာတွေကို ပတ်တီးလဲပေးရတော့မှာ … အချိန်ကျလာပြီ … သွားရတော့မယ် ….”
“ ချီးပဲ ဘော့စ် … ခင်များ ကျုပ် သိက္ခာကို ဖျက်စီးလိုက်တာပဲ …..”
“ ရည်မွန်တဲ့ ယောက်ျားကောင်းတစ်ယောက် ဖြစ်အောင် ကြိုးစားစမ်းပါ ….” လင်းရီ ပြောလိုက်ပြီး “ တစ်ဖက်က မိကောင်းဖခင် သားသမီး … မင်းရဲ့ အမူအကျင့်တွေကို ထိန်းသိမ်းသင့်တယ် ….”
နှစ်ယောက်က လူနာခန်းထဲသို့ ရောက်လာခဲ့သည်။ ယွီစီယင်၊ ရှောင်ပင်းနှင့် ရှောင်ကျန်းဖုန်းတို့က ကတ်ဂိမ်းကစားနေကြ၏။
“ အစ်ကိုရီ … ဘော့စ် …. ခေါင်းဆောင် …”
လင်းရီ ဝင်လာတာကို မြင်တော့ သုံးဦးလုံး မတ်တပ်ရပ်လိုက်ကြသည်။
“ အတော်လေး သက်သာလာပြီ တူတယ် ….”
“ အွန်း .. အခု ဘာပြဿနာမှ မရှိတော့ဘူး ….” ရှောင်ပင်း ပြောလိုက်၏။
“ မင်းနဲ့ ယွီစီယင်ရဲ့ ဒဏ်ရာတွေက ပိုပြင်းတယ် … အဆင်ပြေနေသလို ထင်ရပေမယ့် အရေပြားအောက်က တစ်သျှူးတွေကတော့ ကုစားဖို့ အချိန်တစ်ချို့ လိုတယ် … အနည်းဆုံး နှစ်ဝက်လောက် နားလိုက် … ဒီအတောအတွင်း သတိတော့ထားဦး …”
သုံးဦးလုံး မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ကြသည်။
“ ဒါဆို ကျွန်မတို့တွေ နှစ်ဝက်လုံးလုံး ဘာမစ်ရှင်မှ လုပ်လို့ မရဘူးပေါ့နော်….”
“ မစ်ရှင် အသေးစားလေးတွေမှာတော့ ဝင်ပါလို့ရတယ် … ဒါပေမယ့် အရမ်း အန္တရာယ်များတာတွေကိုတော့ မရဘူး … မင်းတို့ကောင်တွေ ဒုက္ခိတ ဖြစ်သွားခဲ့ရင် ငါကိုယ်တိုင်တောင် ကျုံးဝေ့တပ်ဖွဲ့ထဲ ထားပေးဖို့ဆိုတာ ဖြစ်နိုင်မှာမဟုတ်ဘူး … ဒါကို မင်းတို့ နားလည်ထားရမယ် ….”
“ ဟုတ်ကဲ့ … နားလည်ပါပြီ ….”
မကြာမီ စွေ့ချန်နှင့် အသင်းဖော်နှစ်ဦးက အပြင်ကနေ ဝင်ရောက်လာခဲ့သည်။ အသင်းဝင်များအားလုံး စုံလင်စွာ စုဝေးရောက်ရှိနေကြပြီး အသေးစား အစည်းအဝေး တစ်ခု ကျင်းပဖို့ ရယ်ဒီပင်။
“ ဘော့စ်လျို ဘာတွေ ပြောသေးလဲ …”
“ ဘော့စ်လျို ကျိုးဖန်ကို တွေ့တာနဲ့ ချက်ချင်းပဲ သမတာ လုံးဝ ထိန်းမထားဘူး … ဟိုကလည်း အရာအားလုံး ဝန်ခံသွားခဲ့တယ် … အခုကျိုးမိသားစုကိစ္စက ပြီးဆုံးသွားပြီ …” လော့ချီ ပြောလိုက်၏။
“ ငါတို့ ပြန်ယူလာခဲ့ပေးတဲ့ပစ္စည်းနဲ့ ပတ်သက်ပြီးတော့ တပ်ဖွဲ့ကရော ဘာတွေ ပြောသေးလဲ ….”
ဤ ကိစ္စအကြောင်း ရောက်လာတော့ လော့ချီ၏ အမူအရာက စိတ်လှုပ်ရှားလာခဲ့သည်။
“ ဘော့စ်လျို ကျွန်မတို့ကို ကိုယ်တိုင် ပြောပြလာတာ အဲ့ပစ္စည်းက ကျွန်မတို့ စိတ်ကူးထားတာထက်တောင် ပိုပြီး အရေးပါသေးတယ်ဆိုပဲ … အဲ့ပစ္စည်းက အနာဂတ်ကမ္ဘာကြီးရဲ့ အခင်းအကျင်းကိုပါ ပြောင်းလဲပစ်စေဖို့ လုံလောက်တယ် ….”
လင်းရီ တွေးတွေးဆဆနှင့် ခေါင်းညိတ်လိုက်သည်။
အနှီ ချည်သားပေါ်က စာလုံးများနှင့် စနစ်၏ ဆုလဒ်တို့က တူညီသည့် အရာများ ဖြစ်နေခဲ့မည်ဆိုလျှင် ထိုအရာ၏ အရေးပါမှုက မည်မျှ ကြီးမားလဲဆိုတာကို ကိုယ်တိုင်က သက်သေပြပြီးသား ဖြစ်၏။
အကယ်၍ အဆိုပါ နည်းပညာကို ကျုံးဝေ့တပ်ဖွဲ့တွင် အသုံးချနိုင်မည်ဆိုပါက တပ်ဖွဲ့၏ တိုက်ခိုက်နိုင်စွမ်းသည်လည်း အဆပေါင်းများစွာ တိုးတက်လာပေလိမ့်မည်။
“ သူတို့ သုတေသန လုပ်ပါစေ … အဲ့ဒါ ငါတို့ ကိစ္စ မဟုတ်ဘူး ..”
“ အမှန်ပဲ … ဒါပေမယ့် ဘော့စ်လျို ပြောစကားအတိုင်းဆိုရင် နိုင်ငံတကာ ရေးရာ အခြေအနေကလည်း သိပ်ပြီး မဟန်တော့ဘူး … ဖြစ်နိုင်တာတော့ အဲ့ပစ္စည်းကြောင့် ဖြစ်မယ် …” လော့ချီ ပြောလိုက်၏။
“ ကျွန်မ အစ်မချိုး သုံးသပ်ပြသွားတာကို ကြားမိသလောက်တော့ နိုင်ငံခြားက တစ်ခြား အင်အားစုကြီးတွေကလည်း သတင်းရပြီး ဂနာမငြိမ် ဖြစ်နေတယ်ဆိုပဲ ….”
လင်းရီ၏ မျက်လုံးတို့ လှုပ်ခတ်သွားခဲ့ပြီး ငြိမ်ကျသွားခဲ့သည်။
ဟွာရှအပြင် ဂျပန်နှင့် ဆွစ်တို့ သုံးဦးသာ ဤသတင်းကို သိရှိထား၏။
ဂျပန်ဘက်က ထိုပစ္စည်းကို အစကတည်းက သူတို့ကိုယ်တိုင် ရယူလိုသဖြင့် ၎င်းတို့ဘက်က ပေါက်ကြားစေသည်မှာတော့ မဖြစ်နိုင်ပေ။
တစ်ခုတည်းသော ဖြစ်နိုင်ချေက ဆွစ်များပင်။
အကြောင်းမူကား ၎င်းတို့က ကြားနေနိုင်ငံ တစ်ခု ဖြစ်၏။
ပူးပေါင်းနိုင်မည့် အခွင့်အရေးကို ဆုံးရှုံးလိုက်ရသဖြင့် နောက်တစ်ကြိမ် ထပ်ပြီး ပါဝင်ပတ်သက်ဖို့က အတော်လေး ခက်ခဲသွားသည်။
ဘားနဒ်၏ ကောက်ကျစ်သည့် သဘောသဘာဝတို့အရ … ဤသို့ မပြုလုပ်မှဘဲ ထူးဆန်းနေလိမ့်မည်။
“ အစ်မချိုး ပြောသွားတာက အဓိပ္ပာယ်ရှိတယ် … ဒါပေမယ့် ကျုံးဝေ့တပ်ဖွဲ့ရဲ့ အရှိန်အဝါနဲ့ဆိုရင် ပစ္စည်းကို လိုချင်တဲ့လူတိုင်း ဘယ်သူမဆို နှစ်ခါပြန် စဉ်းစားသွားရမှာပဲ …”
“ ဒါပေမယ့် ငါကတော့ ငါတို့တွေ သတိထားသင့်တယ်လို့ ထင်တယ် .. ဘာလို့ဆို အရင်ကလည်း ဒါမျိုး အလားတူ တစ်ကြိမ် ဖြစ်ခဲ့ဖူးတယ်လေ ….”
လင်းရီ ခေါင်းညိတ်လိုက်သည်။
“ အမှန်ပဲ …. ကမ္ဘာ့ဩဇာကြီး အဖွဲ့အစည်းတွေက ငါတို့ကို ခြိမ်းခြောက်လာနိုင်တယ် … ဒါပေမယ့် ပစ္စည်းတွေက ဘယ်လောက်ထိ အဖိုးတန်နေလဲဆိုတဲ့အပေါ်လည်း မူတည်သေးတယ် … သူတို့အတွက် အဲ့လိုလုပ်ဖို့ လုံလောက်တဲ့အထိ ထိုက်တန်မလားပေါ့ ….”
လူတိုင်း ထပ်ခါတလဲလဲ ခေါင်းညိတ်လိုက်ကြပြီး လင်းရီ ပြောသည့်အချက်ကို သဘောတူကြ၏။
နောက်ဆက်တွဲ ဖြစ်ရပ်များက ပစ္စည်း၏ တန်ဖိုးအပေါ်တွင် လုံးလုံးလျားလျား မူတည်နေသည်။
လင်းရီအတွက်ကတော့ … ယခုအချိန်တွင် သူ့ဘက်က အာရုံစိုက်ထားသင့်ဆုံးကတော့ ဂျပန်ဖြစ်၏။
နိုင်ငံတကာ ရေးရာ အခြေအနေက ဤသို့သော အခြေအနေမျိုး ဖြစ်နေချိန်တွင် ၎င်းတို့ဘက်က ကြိုတင်၍ လက်ဦးမှုရယူပြီး လှုပ်ရှားလာနိုင်လောက်သည်။
ထို့ကြောင့် ဤအတောအတွင်း ဂျပန်ဘက်ကို အာရုံစိုက်၍ မိမိတို့ဘက်က ကြိုတင် ကာကွယ်မှုတို့ ပြုလုပ်ထားသင့်၏။
ကျုံးဝေ့တပ်ဖွဲ့ ကိစ္စရပ်များအား ခေတ္တဆွေးနွေးပြီးနောက် လင်းရီ သူတို့ကို ဆေးရုံဆင်းဖို့အတွက် စီစဉ်ပေးလိုက်သည်။
သူတို့ ဆေးရုံတက်နေသည်မှာ တစ်လကျော်နေပြီး ဖြစ်၏။ ဆေးရုံတွင် အကြာကြီး နေထိုင်သည်က စိတ်ကျန်းမာရေးအတွက် မကောင်းပေ။
နေ့လည်ခင်းပိုင်းတွင် လင်းရီက အဖွဲ့ဝင်များကို ချင်းဟန်၏ ဘာဘီကျူးဆိုင်သို့ ခေါ်သွားပြီး အားပါးတရ စားသောက်စေသည်။ ဦးဆုံးအနေဖြင့် မစ်ရှင်ကို ပြီးမြောက်ခဲ့သည့်အတွက် အောင်ပွဲခံရန် ဖြစ်ပြီး ဒုတိယတစ်ချက်ကတော့ ဆေးရုံကဆင်းသည့် ကြိုဆိုပွဲပင်။
ညစာစားပွဲက ည ခုနှစ်နာရီကျော်ကြာသည်အထိ မပြီးဆုံးသေးပေ။ လူတိုင်းကလည်း အနည်းငယ် ရီဝေဝေ ဖြစ်နေကြပြီ ဖြစ်၏။ ပြီးသည့်နောက် သူတို့တွေ ဘားသို့ ခေတ္တသွားပျော်ပါးကြပြီး ဟိုတယ်သို့ ပြန်ကာ နောက်တစ်နေ့ ထွက်ခွာဖို့အတွက် အနားယူကြ၏။
နောက်တစ်နေ့ နံနက်အစောပိုင်း လင်းရီ အိပ်ကောင်းနေစဉ်တွင် ကျယ်လောင်စူးရှသည့် အော်ဟစ်သံကြောင့် ထိတ်လန့်တကြား လန့်နိုးလာခဲ့သည်။
“ အား …. လင်းရီ … တစ်ခုခုမှားနေပြီ … မြန်မြန်လာကြည့်ဦး …”
***