“ ယီးပဲ စောက်ကောင်မ ... ငါ့လာပြီး ခြိမ်းခြောက်နေတာ ကြောက်ပေးမယ်များ ထင်နေလား ….” လျန်ကျင်းမင်က ပြန်လည်ချေပလိုက်ပြီး “ ပြီးတော့ တစ်ခါတည်းပြောလိုက်မယ် …. မင်းတို့နဲ့ ပူးပေါင်းမယ့် ကိစ္စကိုလည်း ဖျက်သိမ်းလိုက်ပြီ …. ငါတို့မိသားစုရဲ့ ယွမ် သုံးဘီလီယမ်ကို ချက်ချင်း ပြန်လွှဲပေး … ပြီးတာနဲ့ ငါတို့ တစ်ယောက်နဲ့တစ်ယောက် ဘာမှ မသက်ဆိုင်တော့တဲ့လူတွေ ဖြစ်ပြီ ….”
“ အိပ်မက်မက်နေလိုက် …. နင်တို့က ငါ့ကို ရိုက်နှက်ခဲ့ရုံတင် မကသေးဘူး …. အခု ပိုက်ဆံပါ တောင်းချင်နေတယ်ပေါ့ …. ငါတို့ ဖန်းမိသားစုကို အနိုင်ကျင့်ရလွယ်တယ်လို့များ ထင်နေလား ….”
ဖန်းချောင်ချောင်မှာ ပို၍ပင် မောက်မာလာခဲ့ပြီး “ နင်က ပိုက်ဆံလိုချင်တယ်မလား … ရတယ် … ငါ ပေးမယ် … နင် ကျင်းရန်မြို့ကို လာပြီး တောင်းရဲမယ်ဆိုရင်ပေါ့ … မဟုတ်လို့ကတော့ တစ်ပြားတစ်ချပ်လေးတောင် ရဖို့ စိတ်မကူးနဲ့ …..”
ဖန်းချောင်ချောင်က လျန်ကျင်းမင်ကို စကားပြောခွင့် မပေးဘဲ သူမ ပြောချင်သည့် စကားကို ပြောဆိုပြီးသည့်နောက် ချက်ချင်း ဖုန်းချသွားခဲ့သည်။
“ ငါ ထင်သားပဲ … ဒီလို မိန်းမတစ်ယောက်ကို အကြမ်းနည်းသုံးပြီး နှိမ်နင်းလို့ မရဘူးဆိုတာ ….” ကောင်းကျုံးယွမ် ပြောလိုက်ပြီး “ သူ့ကို မ-ိုးပေးရင် သူ့ကိုယ်သူ ဘယ်သူဆိုတာ အသိဝင်မှာ မဟုတ်ဘူး ….”
“ အခုက ဒီလို စကားမျိုးတွေ ပြောနေရမယ့် အချိန် မဟုတ်သေးဘူး….” ချင်းဟန် ပြောလိုက်ပြီး “ သုံးဘီလီယမ်ဆိုတာ နည်းတဲ့ပမာဏ မဟုတ်ဘူး … ပိုက်ဆံကို ရအောင် ပြန်ယူဖို့ နည်းလမ်းရှာရမယ် ….”
“ လျန်ကြီးပြောတဲ့အတိုင်း … တကယ်လို့ သူတို့ဘက်က ပေးဖို့ ဆန္ဒမရှိဘူးဆိုရင် တရားစွဲကြရင်ကော ….”
“ ကောင်းမွန်တဲ့ ရွေးချယ်မှုတော့ မဟုတ်ဘူး ….” လင်းရီ ငြင်းဆန်လိုက်သည်။
“ အဲ့လောက်ကြီးတဲ့ အမှုက တရားရုံးရောက်သွားခဲ့ရင် တစ်နိုင်ငံလုံး သိသွားလိမ့်မယ် … လျန်မိသားစုလည်း မီဒီယာတွေရဲ့ ဝေဖန်ဒဏ်ကို ခံရနိုင်တယ် … သူတို့ရဲ့ အနာဂတ် လုပ်ငန်းကိစ္စတွေအတွက် အဆင်မပြေနိုင်ဘူး …..”
“ ပြီးတော့ ငါတို့ဘက်က တရားခွင်ကို နိုင်ခဲ့ရင်တောင် ပိုက်ဆံ ပမာဏ ဘယ်လောက်ပဲ ပြန်ကာမိနိုင်မယ်ဆိုတာ မသေချာသေးဘူး …. သူတို့က ငွေတွေကို ပရောဂျက်လုပ်ဖို့ သုံးပစ်လိုက်ပြီလို့ ဆင်ခြေပေးလာတာလည်း ဖြစ်နိုင်တယ် … ပိုက်ဆံကို လုံးဝ ပြန်မရနိုင်ချေတောင် အတော်လေး များတယ် …. ဒီတော့ တရားဥပဒေလမ်းကြောင်းကို ရွေးချယ်တာက အဆင်မပြေဘူး ….”
ချင်းဟန်နှင့် ကောင်းကျုံးယွမ်တို့၏ အကြည့်များက လင်းရီထံသို့ ကျရောက်သွားခဲ့သည်။
“ ဒါပေမယ့် ငါတို့တွေ နည်းလမ်းတစ်ခုတော့ ရှာရမယ်လေ … ဘာမှ မလုပ်ဘဲ နေလို့ကတော့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး …..”
လင်းရီ သူ့ဖုန်းကို တစ်ချက်ကြည့်လိုက်၏။ “ နှစ်သစ်ကူးရောက်ဖို့ ခုနစ်ရက်၊ ရှစ်ရက်လောက် လိုသေးတယ်ဆိုတော့ ကျင်းရန်မြို့ကို ခဏတစ်ဖြုတ် သွားလို့ အချိန်မီသေးတယ် …. ဒီလူတွေက ခေါင်းသုံးလုံး ၊ လက်ခြောက်ဖက်ရှိတဲ့ ထူးဆန်းတဲ့လူတွေလားဆိုတာ ငါလည်း မြင်ချင်မိသား …..”
“ အစ်ကိုကြီးလင်း … မင်း ကျင်းမြို့ရဲ့ ကုန်သည်ကြီးများအသင်းအကြောင်း ပြောနေတာတော့ မဟုတ်ဘူးမလား ….”
“ ငါ တကယ်ပဲ သူတို့ကို စိတ်ထဲရှိနေတာ …..” လင်းရီ တက်ကြွသည့် အမူအရာဖြင့် ပြောလိုက်ပြီး “ ဖန့်ချိန် ကုန်သည်ကြီးများအသင်းကိုတော့ ဖြုတ်ချပေးပြီးပြီ ….ကျင်းမြို့ရဲ့ ကုန်သည်ကြီးများအသင်းက ဘယ်အထိ အင်အားကြီးနိုင်မလဲဆိုတာ အတော်လေး သိချင်မိတယ် ….”
“ ဒါဆိုလည်း သူတို့ကို နာနာရိုက်ပေးလိုက်ကြတာပေါ့ ….” ကောင်းကျုံးယွမ်က ကိစ္စတစ်ချို့ လုပ်ဆောင်ဖို့ စိတ်အားထက်သန်နေပြီး ဂယက်ထလာမှာကို စိုးရွံ့နေခြင်း မရှိပေ။ “ ငါတို့ကောင်တွေ ကျင်းရန်မြို့ကို အတူသွားပြီး ဘာတွေပဲ ဖြစ်လာဖြစ်လာ အတူရင်ဆိုင်ကြတာပေါ့ ….”
“ အင်း … အကြံကောင်းပဲ ….” ချင်းဟန် ခေါင်းညိတ်လိုက်သည်။
“ ဒါက ငါတို့ လျန်မိသားစုရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စလေ … ငါတို့ ကိုယ့်ဘာသာပဲ ဖြေရှင်းသင့်တာပေါ့ …..”
လျန်ကျင်းမင်၏ အမူအရာမှာ ခါးသက်နေပြီး “ အစ်ကိုကြီးလင်း … မင်း ငါတို့ မိသားစုကို ကူညီပေးပြီး အထက်ကို စကားကောင်းတစ်ချို့ ပြောပေးမယ်ဆိုတာကိုပဲ ဘယ်လို ကျေးဇူးတင်လို့ တင်ရမှန်း မသိအောင်ကို လုံလောက်နေပြီ …. ကျင်းရန်မြို့ကို ငါ့အတွက်နဲ့ ခရီးထွက်ပေးဦးမယ်ဆိုရင်တော့ ပြောမနေနဲ့တော့ … ဒီလိုမျိုးဆက်လုပ်နေရင် ငါတကယ်ကို ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး…..”
“ ဘာလဲ … ငါတို့ ကူညီပေးတာကို လက်ခံလိုက်လို့ ကျေးဇူးကြွေး တင်သလို ခံစားနေရလို့လား …..” လင်းရီ ရယ်မောလိုက်သည်။
“ မဟုတ်လို့လား … ငါတို့က ပုံမှန်ဆို အတူစား၊ အတူသောက်ကြတယ် … အဲ့လိုက အဆင်ပြေတယ် …. အကျိုးစီးပွားနဲ့ ပတ်သက်တဲ့ ကိစ္စတွေ အများကြီးပါဝင်ပတ်သက်လာတာကတော့ အဆင်မပြေဘူးလို့ ထင်တာပဲ ….”
လင်းရီက လျန်ကျင်းမင်၏ ပခုံးကို ပုတ်လိုက်ပြီး စိတ်ခံစားချက် အပြည့်ပါသည့် လေသံဖြင့် “ ငါ ပြောပြမယ် … တကယ်လို့ တစ်ခြားတစ်ယောက်ရဲ့ ပြဿနာဆိုရင် ခေါင်းရှုပ်ခံပြီးတောင် စဉ်းစားနေမှာမဟုတ်ဘူး … ဒါပေမယ့် မင်းတို့ကောင်တွေကတော့ မတူဘူး …. ငါ့ကိုယ်ငါ လူကဲခတ်မညံ့ဘူးလို့တော့ ကိုယ့်ကိုယ်ကို ထင်တာပဲ … ဒါကြောင့်မို့ ငါ့ဘက်ကလည်း ယုံကြည်တယ် …. တစ်နေ့ ငါလင်းရီ အဆင်မပြေဖြစ်နေတဲ့အချိန် မင်းတို့ကောင်တွေကလည်း ဘာကိုမှ မကြည့်ဘဲနဲ့ ငါ့ဘက်ကရပ်တည်ပေးမယ်လို့ မျှော်လင့်တယ် ….”
လင်းရီ စိတ်ခံစားချက် အပြည့်ဖြင့် သက်ပြင်းချလိုက်၏။
“ ငါ့ အတွင်းစိတ်ထဲက အတွေးတွေကို ပြောပြလို့ ရတဲ့လူတွေဆိုတာ နည်းနည်းလေးပဲ ရှိတာ …. ဘယ်သူ့ကိုမှ နောက်မှာ ချန်ပြီးလည်း မချန်ထားခဲ့ပေးနိုင်ဘူး … ဒီတော့ မင်းတို့တွေကို တစ်ပါးသူတွေ လာပြီးထိပါးမှာကိုလည်း ငါ ခွင့်မပြုနိုင်ဘူး ….”
“ ဖက်ခ် … ဟားဟား …. အစ်ကိုကြီးလင်း … မင်းကတော့ သောက်ရမ်း ခံစားရအောင် လုပ်နေတော့တာပဲ … လျန်ကြီး မျက်ရည်တွေ ဝဲလာပြန်ပြီ …. ကြည့်လိုက်ရုံနဲ့တင် အန်ချင်စရာကြီး ဟားဟား …..”
“ လစ်စမ်း ….”
အပြင်ဘက်တွင် စကားပြောဆိုပြီးနောက် အုပ်စုက အတွင်းထဲသို့ ပြန်လာခဲ့ကြသည်။
မိသားစုဝင်များအားလုံး အတူစုဝေးလိုက်ကြပြီး နှစ်အုပ်စု ခွဲလိုက်ကြ၏။
ဝမ်ချွေ့ပင်းနှင့် စုန့်လန်တို့က လက်ချင်းကိုင်၍ ရင်းနှီးသည့် မိသားစုဝင်များနှယ် စကားတွေ ပြောဆိုနေကြသည်။
အခြားတစ်ဖက်ခြမ်းတွင် ကျီချင်းရန် ၊ ဟော်ယွမ်ယွမ်နှင့် နင်ယွဲ့တို့က အတူထိုင်နေပြီး ကလေးကိစ္စများ ပြောဆိုနေကြ၏။
နောက်ပိုင်းတွင် လင်းရီသည် ပန်နီဆူလာဟိုတယ်က စားဖိုမှူးများကို လှမ်းခေါ်လိုက်ပြီး ဟင်းပွဲ အကြီးစားကြီးတစ်ပွဲ ပြင်ဆင်ခိုင်းလိုက်၏။
စားသောက်နေစဉ်တွင် ပြောဆိုဆွေးနွေးကြသည့် စကားဝိုင်းအကြောင်းအရာ အများစုကတော့ လင်းရီနှင့် ကျီချင်းရန်တို့ အကြောင်းသာ ဖြစ်၏။
သူတို့တွေ ဘယ်အချိန်၌ လက်ထပ်မှတ်ပုံတင်သင့်သလဲဆိုတာကို ဆွေးနွေးနေကြသည်။
လင်းရီကတော့ အလိုက်သင့်ပဲ သဘောတူလာသည်။ သို့သော် ကျီချင်းရန်ကတော့ အလျင်လိုဟန်မရပေ။
သူမက ကိုယ်ဝန်ရှိနေသဖြင့် ယခု အချိန် လက်ထပ်ပွဲ ကျင်းပမည်ဆိုပါက သူမ၏ ကိုယ်လုံးကိုယ်ပေါက် အပေါ် သက်ရောက်မှုရှိမှာ ဖြစ်ပြီး မင်္ဂလာဝတ်စုံနှင့် ကြည့်၍ လှမှာ မဟုတ်ကြောင်း ဆင်ခြေပေးလာသည်။
ကျန်သူများကလည်း နားလည်ပေးကြ၏။
ဘာကြောင့်ဆိုတော့ ကျီချင်းရန်က အမြဲတစေ လှပမှုကို မြတ်နိုးတွယ်တာပြီး အကယ်၍ သူမသာ ဖောင်းကြွနေသည့် ဝမ်းဗိုက်နှင့် ကိုယ်အလေးချိန် ဟန်ချက်ပျက်နေသည့် ပုံနှင့် မင်္ဂလာဝတ်စုံကို ဝတ်ဆင်ရမည်ဆိုပါက စိတ်ပိုင်းဆိုင်ရာ လဲပြိုသွားနိုင်သည်။
နှစ်ဖက်မိဘများကလည်း ဤကိစ္စအပေါ် နက်နက်ရှိုင်းရှိုင်း မဆွေးနွေးကြတော့ပေ။
မည်သို့ပင်ဆိုစေ ကိုယ်ဝန်က ရှိထားပြီး ဖြစ်၏။ ကျန်တာများက အပရိကများ ဖြစ်ပြီး အချိန်မရွေး ပြုလုပ်၍ ရသည်။
ညနေခင်း ၇ နာရီထိုးတော့ မိသားစု ထမင်းဝိုင်းသည်လည်း အဆုံးသတ်သို့ နီးကပ်လာသည်။ လူကြီးများနှင့် အမျိုးသမီးများက ဘေးတွင် ထိုင်၍ စကားပြောဆိုနေကြပြီး လင်းရီနှင့် ကျန်သုံးဦးတို့ကတော့ စားပွဲတွင် ထိုင်ကာ ဆက်လက် သောက်နေကြသည်။
ကောင်းကျုံးယွမ်က ဘေးဘီကို ခိုးကြောင်ခိုးဝှက်နှင့် ကြည့်လိုက်ပြီး “ အစ်ကိုကြီးလင်း … ဥက္ကဌကျီက ကိုယ်ဝန်ရှိနေပြီ … အတွင်းရေးမှူးလျန်နဲ့ ကိစ္စကို ဘယ်လိုရှင်းမှာ … ဘယ်လို ဖြေရှင်းချက် ပေးမယ် စဉ်းစားထားလဲ …..”
“ မမေးစမ်းနဲ့ ….” လင်းရီ မာန်ပါပါနှင့် သူ့ခွက်ထဲသို့ အရက်များ လောင်းထည့်လိုက်သည်။
“ ဘာဖြစ်လို့ … မင်းတို့နှစ်ယောက် ပြတ်သွားကြပြီလို့တော့ မပြောနဲ့နော်…..” ချင်းဟန် မေးမြန်းလိုက်သည်။
“ ပြတ်ဖို့က လုံးဝ မဖြစ်နိုင်တော့ဘူး … ဘာလို့ဆို ကျီချင်းရန်တင် ကိုယ်ဝန်ရှိနေတာ မဟုတ်ဘဲ လျန်ရူရွှယ်လည်း ကိုယ်ဝန်ရှိနေလို့ပဲ .. သူတို့ချင်း ရက်ပိုင်းလေးပဲ ခြားတယ် …. ဘယ်ကလေး အရင်မွေးမလဲတောင် ငါ မသိတော့ဘူး …..”
“ ဖက်ခ် … ဟားဟား ….” လျန်ကျင်းမင် ကျယ်လောင်စွာ အားပါးတရ ရယ်မောမိသွားခဲ့သည်။
“ မင်းစောက်သံကြီးကို တိုးစမ်း … ဥက္ကဌကျီ ကြားသွားဦးမယ် …” ချင်းဟန်က ငနဲသား၏ ပခုံးကို ဖြန်းကနဲ ပိတ်ရိုက်လိုက်သည်။
လျန်ကျင်းမင် ချက်ချင်းပဲ ပါးစပ်ပိတ်သွားခဲ့၏။
“ လင်းကြီး …. ငါ ဒီကိစ္စ မင်းနဲ့ပဲ အပ်ထားတော့မယ် … မင်းက တကယ့်ကို တစ်ခုခုတော့ တစ်ခုခုပဲ … မလုပ်ဘူးဆိုလည်း မလုပ်ဘူး … လုပ်ပြီဟေ့ဆိုရင်လည်း သူများထက်ကို နှစ်ဆပိုလုပ်တယ် … မင်းရဲ့ နည်းလမ်းတွေက ကောင်းကြီးထက် ပိုသာတယ် … အိုလံပစ်သာ သွားပြိုင်ရင် ရွှေတံဆိပ်ဆုတောင် ရနိုင်လောက်တယ် …..”
“ မင်းတို့ကောင်တွေက ပွဲကြည့်ချင်ရုံလောက်သိပြီး ပြဿနာက ဘယ်လောက်ကြီးလဲ ဆိုတာ ဂရုမစိုက်ကြဘူးပဲ ….” လင်းရီက သူထိုင်နေသည့် ကိုယ်ဟန်ကို ချိန်ညှိပြီး ၎င်းတို့ သုံးယောက်ကို ကြည့်လိုက်သည်။
“ တရားဝင် လက်ထပ်မှတ်ပုံတင် နှစ်ခု ရနိုင်မယ့် နည်းလမ်း မင်းတို့မှာ ရှိကြလား ….”
“ အာ ….”
သုံးဦးလုံး အချင်းချင်း ပြန်ကြည့်မိသွားခဲ့ကြသည်။ ချင်းဟန်က “ တရားဝင်တော့ ဘယ်လိုလုပ် ဖြစ်နိုင်မှာ … ကိုယ့်ဘက်က အတုလုပ်ပေးမယ့် အစိုးရ အရာရှိ တစ်ယောက်ကို ရှာပေးဖို့ လိုမယ် …. ပြီးရင် တံဆိပ်တုံးထုထားတဲ့ သူတို့ဆီက လိုင်စင်စာအုပ်တွေ ရပြီးရင် ဘာကြီးကြီးမားမား ပြဿနာမှ ရှိမှာမဟုတ်တော့ဘူး ….”
“ ငါ နည်းလမ်းရှာပြီး စဉ်းစားလိုက်မယ် … ကြည့်ရသလောက်တော့ ခက်မယ့်ပုံ မပေါ်ပါဘူး …..”
“ အစ်ကိုကြီးလင်းရဲ့ဘေးမှာ နေတာက နေ့တိုင်းနေ့ အသစ်အဆန်းတွေ သင်ယူနေရတော့တာပဲ … တကယ်ကို မိုက်တယ် …..”
“ ဥက္ကဌကျီ ဒီကိစ္စ မသိလောက်သေးပါဘူးနော ….” ကောင်းကျုံးယွမ်က ရယ်မောချင်စိတ်ကို ဖိနှိပ်ရင်း မေးမြန်းလိုက်၏။
“ ဒါပေါ့ … မဟုတ်ရင် အခုလိုမျိုး တည်ငြိမ်နေမယ်လို့ ထင်လား …..”
“ ဒါဆို ဖြေရှင်းနည်းလမ်းကို စဉ်းစားပြီပြီပေါ့ …..”
“ မင်းသာ ဟော်ယွမ်ယွမ်ကို အိမ်မှာ ကောင်းကောင်း ဂရုစိုက်စမ်းပါ … ငါတို့ အိမ်မှာကတော့ ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး ….” လင်းရီ ပြန်လည်ချေပလိုက်၏။ “ မဟုတ်လို့ကတော့ အနှေးနဲ့အမြန် ဒင်း ငါ့လက်ချက် မိပြီး လျှောတော့မှာ အသေအချာပဲ ….”
***