ဒီအဖြူရောင် အလင်းတန်းက ထိန်းချုပ်တဲ့ စွမ်းရည် တစ်မျိုးလို့ သူ ခံစားလိုက်ရတယ်...။
ထင်တဲ့အတိုင်းပဲ... အဖြူရောင် အလင်းတန်း ကျဆင်းလာတာနဲ့အမျှ ချီယွီချန် က အေးခဲအောင် လုပ်ထားပေမဲ့ ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ ထူးဆန်းတဲ့ ပေါင်းစပ် မိစ္ဆာကောင်ကြီး ဟာ နေရာမှာတင် ထပ်ပြီး ပိတ်မိသွားပြန်တယ်...။
လီယီတောင်း မသိစိတ်မှပင် လှည့်ကြည့်လိုက်ရာ သူ အခုလေးတင် ကုသပေးခဲ့သော အဖြူရောင် ဝတ်ရုံနှင့် အမျိုးသားက နေရာမှာတင် ထိုင်လျက် အံကို တင်းတင်းကြိတ်ကာ စွမ်းရည်များကို အသုံးပြုနေသည်ကို တွေ့လိုက်ရ၏။
ဒီလူ စွမ်းအင်တွေ တအား အသုံးများသွားလို့ ဒီလို သတိလစ်သွားတာ ဖြစ်ရမယ်...။
မဟုတ်ရင် လီယီတောင်း ရဲ့ နတ်ဘုရားလက် စွမ်းရည်က ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ... သူ့ကို ကယ်တင်ဖို့က ဒီလောက်တော့ လွယ်ကူမှာ မဟုတ်ဘူးလေ...။
အသက်ပြင်းပြင်း တစ်ချက် ရှူထုတ်လိုက်ပြီး လီယီတောင်း ရှေ့သို့ တိုးသွားလိုက်၏။ မည်သို့မျှ တွန့်ဆုတ်မနေဘဲ သူ၏ လက်ထဲတွင် နောက်ဆုံး ကျန်ရှိနေသော အဆောင်လက်ဖွဲ့ကို ပစ်ထုတ်လိုက်လေသည်။
လက်ရှိ အခြေအနေအရ ပြိုင်ဘက် အပေါ် ဘယ်လို တိုက်ခိုက်မှု မျိုးပဲ ဖြစ်ဖြစ် လုပ်နိုင်တာ အကောင်းဆုံးပဲ…။ ပြိုင်ဘက်ရဲ့ ပေါင်းစပ် မိစ္ဆာကောင်ကြီး ထဲက ကျွတ်လွတ်မသွားသေးတဲ့ ဝိညာဉ်တွေ အကုန်လုံးကို ရှင်းပစ်မှ ဖြစ်မယ်…။
နောက်ဆုံး အောင်ပွဲက ငါတို့ အတွက်ပဲ…။ အခုတစ်ခေါက် တိုက်ခိုက်ဖို့ကလည်း ငါတို့အတွက် နောက်ဆုံး အခွင့်အရေးပဲ…။ ပြတ်ပြတ်သားသား ဆုံးဖြတ်ထားပြီးပြိမို့ လီယီတောင်း တစ်ယောက် တစ်ကိုယ်လုံး ထူးဆန်းစွာ ပေါ့ပါးနေသည်ကို ခံစားလိုက်ရလေသည်။
ထိုမျှမကသေးပေ။ သူ၏ စိတ်စွမ်းအင်များ အနည်းငယ် လွတ်မြောက်သွားသလိုပင် သူ ခံစားလိုက်ရ၏။
သူ အသက်ပြင်းပြင်း တစ်ချက် ရှူထုတ်လိုက်လေသည်။
သူ့ရဲ့ ဝိညာဉ် ဖမ်းယူခြင်း စွမ်းရည်က အဆင့်တက်သွားပြီး တိုက်ခိုက်နိုင်တဲ့ အကွာအဝေးလည်း ပိုကျယ်လာပုံ ရတယ်...။
အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး သူ ဘာမျှ မတုံ့ဆိုင်းတော့ဘဲ အစွမ်းကုန် တိုက်ခိုက်လိုက်လေသည်။
ယခင်က တစ်စက္ကန့်လျှင် သက်တမ်း တစ်နှစ် ကုန်ဆုံးနေရာမှ ယခုအခါ တစ်စက္ကန့်လျှင် သက်တမ်း ဆယ်နှစ် အထိ တိုက်ရိုက် မြင့်တက်သွားတော့၏။
ထူးဆန်းသော ပေါင်းစပ် မိစ္ဆာကောင်ကြီးက အန္တရာယ်ကို အာရုံခံမိသွား၍လားတော့ မသိ။
လီယီတောင်း၏ အစွမ်းကုန် တိုက်ခိုက်မှု အပြီးတွင် ပြင်းထန်စွာ သွေးရူးသွေးတန်း ရုန်းကန်လာတော့၏။ ထို့ကြောင့် မမြင်ရသော အဖြူရောင် အလင်းတန်း အတားအဆီးမှာလည်း ချိနဲ့ အားနည်းလာပြီး အချိန်မရွေး ပေါက်ကွဲထွက်သွားမည့်ဟန် ဖြစ်လာသည်။
လီယီတောင်း မျက်နှာကတော့ တည်ကြည်နေ၏။
သူတို့ သုံးယောက်လုံး ယခုအချိန်တွင် ပေါင်းစပ် မိစ္ဆာကောင်ကြီး၏ ဝိညာဉ် အငွေ့အသက်မှာ ပို၍ပို၍ မှုန်ဝါးလာနေသည်ကို မြင်တွေ့နိုင်လေသည်။
ထိုမျှမကသေးပေ။ ၎င်း၏ အရွယ်အစားကလည်း ကျုံ့ဝင်လာနေ၏။
" ဆက်လုပ်ထား... သူ သေတော့မယ်... "
ချီယွီချန်က တိုက်ခိုက်မှုစွမ်းအားများကို နောက်တစ်ကြိမ် တိုးမြှင့်လိုက်၏။
သူ့မျက်လုံးများက သွေးရောင် လွှမ်းလာပြီး နှာခေါင်းမှ သွေးများ စီးကျလာကာ နှုတ်ခမ်းထောင့်များတွင်လည်း သွေးစအချို့ ပေါ်လာ၏။
သူ၏ နားများမှလည်း သွေးများ ထွက်နေပြီး ဤအခြေအနေတိုင်း ဆက်သွားနေမည် ဆိုပါက သူ၏ မျက်လုံးများမှပါ သွေးများ ထွက်လာနိုင်ပုံ ရလေသည်။
သို့သော် သူက နာကျင်မှုကို အံတုကာ ဆက်လက် ဟိန်းဟောက်နေဆဲပင်။
အဖြူရောင် ဝတ်ရုံနှင့် အမျိုးသားမှာ စကားမပြောသော်လည်း အဖြူရောင် ဝတ်စုံ တစ်ခုလုံး သွေးများဖြင့် ရွှဲနစ်နီရဲနေလေပြီ။
သူ့ခမျာ ပြင်းထန်သော နာကျင်မှုကို အံတုရင်း အသက်ကို အငမ်းမရ ရှူနေရလေသည်။
သူ သတိလစ်နေခဲ့ပေမဲ့ အခြေအနေကိုတော့ အတိုင်းအတာ တစ်ခုအထိ နားလည်ပါတယ်...။ လီယီတောင်း က သူ့ကို ကယ်ခဲ့တယ် ဆိုတာကို သူ သိတယ်လေ...။
အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး လီယီတောင်း နောက်ထပ် တိုက်ခိုက်မှု တစ်ခုကို စတင်လိုက်လေသည်။ သူ လုံးဝ ရူးသွပ်နေပြီ ဖြစ်ပြီး ကျန်ရှိနေသော သက်တမ်းများ မျက်စိရှေ့မှာတင် သိသိသာသာ လျော့ကျသွားမှုက ထိတ်လန့်ဖွယ် ကောင်းလှ၏။ တစ်စက္ကန့်လျှင် ဆယ်နှစ်၊ ဆယ်စက္ကန့် အတွင်း နှစ်တစ်ရာနှင့် တစ်စက္ကန့်ပင် မပြည့်မီ အချိန်အတွင်း ဆယ်စုနှစ် တစ်ခု နီးပါး ကုန်ဆုံးသွားခြင်း ဖြစ်သည်။
တစ်မိနစ်၊ ထို့နောက် နှစ်မိနစ်ခန့် အထိ ဆက်လက် တောင့်ခံထားကြ၏။ ချီယွီချန်မှာ ပြိုလဲလုနီးပါး ဖြစ်နေပြီး မျက်လုံးများ ပွင့်နေရန်ပင် ရုန်းကန်နေရကာ ရေခဲ စွမ်းအင် အငွေ့အသက် ဖျော့ဖျော့လေးကသာ သူ ဆက်လက် ရှိနေသေးကြောင်း ပြသနေလေသည်။
အခြား အဖြူရောင် ဝတ်ရုံနှင့် လူ၏ အခြေအနေကလည်း မထူးလှ။
သတိလစ်လုဆဲဆဲ ဖြစ်နေပြီး ချိတ်ပိတ်မှု စွမ်းအား တုန်ခါနေမှု ဖျော့ဖျော့လေးကသာ သူ တိုက်ခိုက်မှုတွင် ပါဝင်နေဆဲ ဖြစ်ကြောင်း ပြသနေ၏။
လီယီတောင်း ကတော့... နှစ်မိနစ် အကြာတွင် သက်တမ်း ၁,၅၀၀ ကျော်ကို အသုံးပြုခဲ့ပြီး ဖြစ်၍ သက်တမ်း နည်းနည်းလေးသာ ကျန်တော့သည်။
အစောပိုင်းက ယာယီ မစ်ရှင် ဆုလာဘ်သာ မရှိခဲ့လျှင် သူ့သက်တမ်း ကုန်လောက်လေပြီ။
သို့သော် ပေါင်းစပ် မိစ္ဆာကောင်ကြီး၏ အခြေအနေမှာလည်း မကောင်းလှပေ။
ထိုမျှမကသေးပေ။ ၎င်း၏ အသက်ရှူသံများက တဖြည်းဖြည်း မတည်မငြိမ် ဖြစ်လာ၏။
ပြိုင်ဘက် အားနည်းလာပြီမို့ သူတို့ လက်မလျှော့တမ်း ဖိတိုက်တော့သည်။ ချီယွီချန်နှင့် အဖြူရောင် ဝတ်ရုံလူတို့၏ အဆက်မပြတ် ပူးပေါင်း ဆောင်ရွက်မှု၊ လီယီတောင်း၏ ပြိုင်ဘက် ခွန်အားကို အားနည်းစေရန် မနားတမ်း တိုက်ခိုက်မှုတို့ဖြင့် ပြိုင်ဘက်ကို ချိနဲ့သွားအောင် စွမ်းဆောင်နိုင်ခဲ့ကြသည်။
ချီယွီချန်၏ ဝိုင်းရံမှုနှင့် ချိတ်ပိတ်မှုက တဖြည်းဖြည်း အားနည်းလာသော်လည်း ပြိုင်ဘက်၏ ခွန်အားကလည်း လျော့ကျလာလေသည်။
ပေါင်းစပ် မိစ္ဆာကောင်ကြီးမှာ ရုန်းထွက်နိုင်ခြေ လုံးဝ မရှိတော့ပေ။
ပြိုင်ဘက်၏ မျက်လုံးများထဲ၌ နာကြည်းမှုများ ပြည့်နှက်နေလေသည်။
ဒီလောက် များပြားတဲ့ ကျွတ်လွတ်မသွားသေးတဲ့ ဝိညာဉ်တွေကို စုဆောင်းဖို့ ဆိုတာ သူတို့ ကိုယ်ပိုင် ခွန်အား သက်သက်နဲ့ လုပ်နိုင်တဲ့ ကိစ္စ မဟုတ်ဘူးလေ...။
လူအင်အားနဲ့ ငွေအင်အား အများကြီး လိုအပ်တယ်...။
ဒီလို အဆုံးသတ်သွားလိမ့်မယ်လို့ လုံးဝ မမျှော်လင့်ထားခဲ့ဘူး...။
သူတို့က လီယီတောင်းကို တိုက်ခိုက်ဖို့ အတွက် သူတို့ရဲ့ ခွန်အား အားလုံးကို အသုံးပြုခဲ့ကြတာ...။
ပုံမှန် အခြေအနေ မျိုးမှာ ဆိုရင်... ဒီလောက် အစွမ်းထက်တဲ့ ခွန်အားကို လီယီတောင်း အနေနဲ့ တခြားသူတွေရဲ့ အကူအညီ ပါရင်တောင် ခုခံနိုင်မှာ မဟုတ်ဘူး...။
တခြား ဘယ်သူ့ရဲ့ တိုက်ခိုက်မှုကိုမှ သူတို့ ဂရုစိုက်မှာ မဟုတ်ဘူး... လီယီတောင်း ကို အမြန်ဆုံး ရှင်းလင်းပစ်ဖို့ကိုပဲ အာရုံစိုက်ထားမှာ...။
ထိုအချိန်လေးမှာပင် ချီယွီချန် ရောက်လာပြီး ချိတ်ပိတ်ခြင်းကို ကျွမ်းကျင်သူ တစ်ဦးကိုပါ တိုက်ဆိုင်စွာ ခေါ်ဆောင်လာခဲ့သဖြင့် လီယီတောင်း ထွက်ပြေး လွတ်မြောက်သွားခဲ့ရလေသည်။
ဤအဖြစ်အပျက် အလှည့်အပြောင်းက မြန်လွန်းလှပေသည်။
***