အချိန်များ ကုန်လွန်လာသည်နှင့်အမျှ နှစ်ဖက်စလုံး အခြေအနေ ဆိုးရွားလာကြလေသည်။
လီယီတောင်းက သူ၏ ကျန်ရှိနေသော သက်တမ်း ၁၅၈ နှစ်ကို စစ်ဆေးကြည့်လိုက်ရာ မျက်နှာ တဖြည်းဖြည်း မည်းမှောင်လာတော့၏။
သူ တောင့်ခံနိုင်ဖို့ ၁၅ စက္ကန့်ပဲ အချိန်ရတော့တယ်...။
ဒီ ၁၅ စက္ကန့် အတွင်းမှာ ပြိုင်ဘက် မသေဘူးဆိုရင်…. သေရမယ့်သူက ငါ ဖြစ်သွားနိုင်တယ်...။
ချီယွီချန်နဲ့ အဖြူရောင် ဝတ်ရုံရှင် ကတော့ လုံးဝ သတိလစ်သွားကြပြီလေ...။
သတိလစ်သွားတယ် ဆိုတာထက်...
သူတို့က အသက်ရှင်သလား၊ သေနေပြီလား တောင် သေချာ မသိရတဲ့ အခြေအနေမျိုး ရောက်နေတာ...။
သူတို့ရဲ့ အခြေအနေကို ကြည့်ရတာ သိပ်မဟန်ဘူး...။
လီယီတောင်းက ကျန်ရှိနေသော သက်တမ်းများကို ဆက်လက် အသုံးပြုကာ မနားတမ်း ရှေ့ဆက် တိုးနေလေသည်။
ကျွတ်လွတ်သေးသော ဝိညာဉ်များကို ဖမ်းချုပ်ထားသည့် ကြေးမုံပြင်ကို လီယီတောင်း ပြန်သိမ်းလိုက်ပြီ ဖြစ်၏။
ပေါင်းစပ် မိစ္ဆာကောင်ကြီး၏ အင်အား အနိမ့်ဆုံးသို့ ကျဆင်းသွားချိန်တွင် ကျန်ရှိနေသော ဝိညာဉ်များက ဆုတ်ခွာ ထွက်ပြေးသွားကြလေသည်။
သူတို့က အသိစိတ် ရှိတဲ့ ဝိညာဉ်တွေပဲလေ... ငတုံးတွေမှ မဟုတ်တာ...။
အန္တရာယ်ရှိတဲ့နေရာ… သေမယ့် နေရာမှာ သူတို့ ဆက်ပြီး ပေကပ်နေမလားလေ…။
သေချာပေါက် ထွက်ပြေးမှာပေါ့…။
ထို့ကြောင့် ယခုအခါ လီယီတောင်းမှာ နောက်ကွယ်မှ ကြိုးကိုင်သူ၏ နောက်ဆုံး အသိစိတ်နှင့်သာ ရင်ဆိုင်နေရပြီး အတင်း တောင့်ခံထားရလေသည်။
ချီယွီချန်နဲ့ အဖြူရောင် ဝတ်ရုံရှင် တို့ နှစ်ယောက်လုံး သတိလစ်သွားကြပြီ ဆိုတော့ ပြိုင်ဘက် ထွက်မပြေးနိုင်အောင် တားဆီးထားတာ ဆိုလို့ လီယီတောင်း ရဲ့ ဝိညာဉ် ဖမ်းယူခြင်း စွမ်းရည် တစ်ခုပဲ ရှိတော့တယ်...။
လီယီတောင်း ဘယ်လောက်ပဲ အားနည်းနေပါစေ... သူ့မှာ သက်တမ်း ရှိနေသရွေ့ အဲဒီ စွမ်းရည်ကို သူ အသုံးပြုနိုင်တယ်...။
လီယီတောင်း ပိုနီးကပ်လာသည်ကို မြင်သောအခါ ပြိုင်ဘက်၏ အသိစိတ်က ပိုမို ပြာယာခတ်လာလေသည်။
တကယ့် သေခြင်းတရားနဲ့ ရင်ဆိုင်ရမယ့် အချိန် နီးကပ်လာတဲ့ အခါ... သေခြင်းတရားကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်မယ်လို့ ဘယ်သူက အာမခံနိုင်မှာလဲ...။
စိတ်အားထက်သန်လွန်းသူတွေ၊ ဒါမှမဟုတ် ရူးသွပ်နေသူတွေ ကလွဲရင်... ဆင်ခြင်တုံတရား နည်းနည်းလေး ရှိတဲ့ ဘယ်သူမဆို... မျှော်လင့်ချက် ကင်းမဲ့တဲ့ အခြေအနေမျိုး မရောက်မချင်း သေခြင်းတရားကို ရင်ဆိုင်ချင်မှာ မဟုတ်ဘူး... ပြီးတော့ ရင်ဆိုင်နိုင်မှာလည်း မဟုတ်ဘူးလေ...။
ကျန်ရှိသော သက်တမ်း ၁၀၈ နှစ်နှင့် အချိန် ဆယ်စက္ကန့်သာ လိုတော့သည့် အချိန်တွင် လီယီတောင်း အသံကုန် ဟိန်းဟောက်လိုက်လေသည်။
ဆယ်စက္ကန့်... ကိုးစက္ကန့်... ငါးစက္ကန့်... လေးစက္ကန့်... နောက်ဆုံး သုံးစက္ကန့်ပဲ ကျန်တော့တယ်...။
ဒီနောက်ဆုံး သုံးစက္ကန့် အတွင်းမှာ လီယီတောင်း မျက်လုံးတွေက လုံးဝ နီရဲသွားပြီး လုံးဝ ရူးသွပ်သွားတော့တယ်...။
နောက်ဆုံး သုံးစက္ကန့်က အချိန်ရပ်တန့်သွားသလိုပဲ...။
တကယ်လို့ နောက်ဆုံး စက္ကန့်အထိ သူ မဖြေရှင်းနိုင်ဘူး ဆိုရင်... ဝိညာဉ် ဖမ်းယူခြင်း စွမ်းရည် အသုံးပြုတာကို သေချာပေါက် ရပ်တန့်ရတော့မှာပဲ...။
ဒါပေမဲ့ ဝိညာဉ် ဖမ်းယူခြင်း ကို ရပ်လိုက်တယ် ဆိုတာ တိုက်ပွဲကို လက်လျှော့လိုက်တာနဲ့ အတူတူပဲလေ... ပြီးတော့ ပြိုင်ဘက်က လီယီတောင်း ကန့်သတ်ချက်ကို ရောက်သွားပြီ ဆိုတာကို သေချာပေါက် သဘောပေါက်သွားလိမ့်မယ်...။
သုံးစက္ကန့်... နှစ်စက္ကန့်... တစ်စက္ကန့်...။
ပြိုင်ဘက်က လဲမကျသွားဘူး...။
ဤအခိုက်အတန့်တွင် လီယီတောင်း နှုတ်ခမ်းထောင့်၌ ခါးသက်သက် အပြုံးတစ်ခု ပေါ်လာလေသည်။
သူ ရှိသမျှ အကုန် ထုတ်သုံးပြီး ဝှက်ဖဲတွေ အကုန် ပြလိုက်တာတောင် ပြိုင်ဘက်ကို အနိုင်မယူနိုင်ခဲ့ဘူးလား...။
ဒါပေမဲ့ သူ အကောင်းဆုံး ကြိုးစားခဲ့တယ် ဆိုတာကိုတော့ သူ သိပါတယ်...။
ဟူး... ဘဝ ဆိုတာကလည်း ဒီလိုပါပဲလေ...။
နောက်တစ်စက္ကန့်မှာ ဘာဖြစ်လာမလဲ ဆိုတာကို ဘယ်သူကမှ ကြိုမခန့်မှန်းနိုင်ဘူး...။
လီယီတောင်းရဲ့ နောက်ဆုံး စက္ကန့် ကုန်ဆုံးသွားတဲ့ အချိန်လေးမှာပဲ... ဝိညာဉ် ဖမ်းယူခြင်း စွမ်းရည်ကို ရပ်တန့်ဖို့ သူ အတင်းအကျပ် ဖိအားပေးခံလိုက်ရတယ်...။
မမြင်ရတဲ့ အင်အား တစ်ခုက သူ့ကို လွှမ်းခြုံသွားတယ်... ရင်းနှီးပြီး နူးညံ့တဲ့ အင်အား တစ်ခုပေါ့...။
တစ်ယောက်ယောက်၊ ဒါမှမဟုတ် တစ်ခုခုက လီယီတောင်း ကို ကယ်တင်ဖို့ ကြိုးစားနေတာပဲ...။
သူ့မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေ၏။
ထိုစဉ် အနောက်မှ ဖြည်းညင်းစွာ လျှောက်လာသော အဘိုးအို တစ်ဦးကို လီယီတောင်း သတိထားမိလိုက်လေသည်။
အဘိုးအို၏ ခြေလှမ်းများက အလွန် ညီညာပြီး ကိုယ်ဟန်အနေအထားကလည်း အလွန် တည်ငြိမ်နေ၏။ ထိုသူကို လီယီတောင်း မြင်လိုက်ရချိန်တွင် လေလျော့သွားသော ပူဖောင်းပမာ မြေပြင်ပေါ်သို့ ခွေကျသွားလေတော့သည်။
သူ ဘေးကင်းသွားပြီ ဆိုတာကို သူ သိလိုက်တယ်...။
အဘိုးအို ရောက်လာပြီလေ...။
အဘိုးအို လှုပ်ရှားတာကို သူ တစ်ခါမှ မမြင်ဖူးပေမဲ့ အဘိုးအို အပေါ် သူ အကြွင်းမဲ့ ယုံကြည်မှု ရှိတယ်...။
အဘိုးအိုက လျှို့ဝှက်ဆန်းကြယ်ပြီး သာမန် လူတစ်ယောက် မဟုတ်ဘူး ဆိုတာကို သူ သိတယ်လေ... မဟုတ်ရင် အရင်တုန်းက သူ အသက်ရှင်နိုင်ခဲ့မှာ မဟုတ်ဘူး... ဒါကြောင့် အဘိုးအိုကို မြင်လိုက်တဲ့ အခိုက်အတန့်မှာပဲ သူ လုံးဝ စိတ်အေးသွားတော့တယ်...။
တင်းမာနေတဲ့ အာရုံကြောတွေလည်း ပြေလျော့သွားတယ်...။
ဒါကြောင့်... သူ အားနည်းသွားတာပေါ့...။
အနားရောက်လာသော အဘိုးအိုက လီယီတောင်းကို ကြည့်ကာ ပြုံးပြီး ခေါင်းညိတ်ပြလိုက်၏။
လီယီတောင်း ပြန်မတုံ့ပြန်နိုင်ပေ။ တုံ့ပြန်ရန် ခွန်အားပင် မရှိတော့ပေ။
ဘာပဲဖြစ်ဖြစ်... ဒီနေ့ ကြုံခဲ့ရတဲ့ အကျပ်အတည်း မျိုးကတော့ တကယ့်ကို ရှားပါးတဲ့ အဖြစ်အပျက် တစ်ခုပါပဲ...။
တပ်ဖွဲ့ ၃၆ တစ်ခုလုံးရော အကြီးအကဲလျန် ပါ ပြာယာခတ်သွားတာ… သူတို့လည်း ကယ်ဆယ်ရေး ပို့မရ ဖြစ်ကုန်တာ…။
အဘိုးအို တောင်မှ ဒီကို အပြေးအလွှား လာဖို့ အချိန် အတော်ကြာ ယူခဲ့ရတယ်...။
ဒါပေမဲ့ ဒီနေ့ တိုက်ပွဲက လီယီတောင်း ရဲ့ ရင်ထဲမှာ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် လုပ်ဖို့ မျိုးစေ့ တစ်စေ့ကိုလည်း ချပေးခဲ့တယ်...။
အမြန်ဆုံး ခိုင်မာအောင် လုပ်ဖို့ လိုအပ်တဲ့ မျိုးစေ့ တစ်စေ့ပေါ့...။
ကြည့်လေ... အရင်က Follow လုပ်ခဲ့တာတွေနဲ့ ကြိုတင် ဟောကိန်း ထုတ်ခဲ့တာတွေ အကုန်လုံးက သာမန် လူတွေကိုပဲ ပစ်မှတ်ထားခဲ့တာ...။
သဘာဝကျကျပဲ... ဘာပြဿနာမှ မရှိခဲ့ဘူး...။
အထူး စွမ်းရည် ရှိတဲ့ သူတချို့ကို ကိုင်တွယ် ဖြေရှင်းရတဲ့ အခါမှာတောင် သူတို့က အဖွဲ့အစည်း ထဲက ပါမွှားလေးတွေ သက်သက်ပဲလေ...။
ဒါကြောင့် ပြဿနာ မရှိခဲ့တာပေါ့...။
ဒီလို လွယ်လွန်းတော့လည်း လီယီတောင်း ခပ်ပေါ့ပေါ့ပဲ နေခဲ့မိတာပေါ့…။
သို့သော် အကြွင်းမဲ့ စွမ်းအားနှင့် ပိုမို မြင့်မားသော အဆင့်ရှိ စွမ်းရည်များနှင့် ရင်ဆိုင်ရချိန်တွင် လီယီတောင်း၏ စွမ်းရည်များ၏ အားနည်းချက်များက ပေါ်လွင်လာခဲ့လေသည်။
ထို့ကြောင့် ယခုအခါ ဤအဖြစ်အပျက် အပြီးတွင် လီယီတောင်းသည် စနစ်၏ မစ်ရှင်များကို တတ်နိုင်သမျှ တက်ကြွစွာ ပြီးမြောက်အောင် လုပ်ဆောင်ရန် စီစဉ်ထားလေသည်။
မကြာသေးခင်က သူ့ရဲ့ Follow လုပ်မှုတွေက တကယ်ကို အများကြီး လျော့ကျသွားခဲ့တာ...။
Follow ခံရတဲ့သူ သေဆုံးသွားပြီးတဲ့ နောက်မှာ နောက်ဆက်တွဲ မစ်ရှင် တချို့ကို သူ တက်တက်ကြွကြွ မလုပ်ခဲ့ဘူးလေ...။
ဒါက သက်တမ်း စုဆောင်းမှုကို နှေးကွေးစေရုံသာမက စွမ်းရည် တိုးတက်မှုကိုလည်း အဟန့်အတား ဖြစ်စေတယ်...။
တကယ်လို့ သူသာ ပိုပြီး ကြိုးစားခဲ့မယ် ဆိုရင်... သက်တမ်း နှစ်ထောင်နဲ့ချီပြီး သူ စုဆောင်းနိုင်မှာ...။
ဒါမှမဟုတ်... သူ မစ်ရှင်တွေ ပိုလုပ်ပြီး စနစ်ကို အဆင့်မြှင့်ခဲ့မယ် ဆိုရင် ဒီနေ့ တိုက်ပွဲက နည်းနည်း ပိုလွယ်ကူသွားနိုင်တယ်...။
လီယီတောင်း တစ်ယောက် စောစောက တိုက်ပွဲအကြောင်း ပြန်တွေးနေချိန်မှာပင် အဘိုးအိုက ပြိုင်ဘက်၏ အသိစိတ် ရှေ့သို့ ရောက်နေပြီ ဖြစ်၏။
သူ၏ အပြုံးက တဖြည်းဖြည်း အေးစက်လာလေသည်။
အကြောက်တရားများ ပြည့်နှက်နေသော ပြိုင်ဘက်၏ မျက်လုံးများကို တည့်တည့်စိုက်ကြည့်ပြီး သူ ဘာစကားမျှ မဆိုဘဲ လက်ညှိုးဖြင့် ထိုးလိုက်လေသည်။
ထို့နောက် ပြိုင်ဘက်၏ အသိစိတ်က မျက်စိတစ်မှိတ် အတွင်း ပြာအဖြစ် ပြောင်းလဲသွားတော့၏။
ထိုအချိန်တွင် အကြည့်များ ထူးထူးခြားခြား အေးစက်နေသည့် အဘိုးအိုက တီးတိုး ရေရွတ်လိုက်လေသည်။
" မင်းတို့ လက်တံတွေ တအားကို ရှည်လွန်းနေပြီ... "
***