စာဖတ်သူများသို့ ပန်ကြားခြင်း “ လီယီတောင်း စာစဉ်ကို ရေးလာရင်း တဝက်လောက် အရောက်မှာပဲ MTL ဖြစ်နေတာ ကြုံခဲ့ရပါတယ်။ အဲဒီအပိုင်းတွေ ဇာတ်လမ်းကို စာဖတ်သူများ ချောချောမွေ့မွေ့ ဖတ်နိုင်အောင် လိုအပ်တာတွေ ပြင်ဆင်ဖြည့်စွက် ရေးသားခဲ့ပါတယ်။ အခု ဇာတ်သိမ်းဖို့ နီးလာတဲ့ အပိုင်းတွေ တလျှောက်မှာ MTL က ပိုဆိုးလာပါတယ်။ စာကြောင်း တဝက်တပျက်တွေ၊ အဆက်အစပ် မရှိတာတွေ ဖြစ်လာပါတယ်။ ပြီးတော့ ဇာတ်လမ်းက မြှုပ်ကွက်တွေနဲ့ ရှုပ်နေပါတယ်။ ဒီဟာတွေကို ကျနော် တတ်စွမ်းသလောက် ပြင်ဆင်ဖြည့်စွက်ထားပါတယ်။ တချို့နေရာတွေမှာ အရမ်းထောက်နေတဲ့အတွက် စကားပြော အသုံးပြုပြီး စာအသွားအလာ ချောအောင် ရေးသားထားပါတယ်။ စာဖတ်သူများ အဆင်ပြေပြေ ဖတ်ရှုနိုင်အောင် အတတ်နိုင်ဆုံး ရေးသားထားပါတယ်။ ဇာတ်လမ်း တချို့နေရာတွေမှာ အဆက်အစပ် မမိနေတာမျိုး၊ ဇာတ်လမ်း ရှုပ်ထွေးနေတာမျိုး ရှိရင် နားလည်ခွင့်လွှတ်ပေးဖို့ တောင်းပန်အပ်ပါတယ်ခင်ဗျာ့။ “ ……………………………………………………………………………………………………………………………………………
ကားပေါ်တွင် ထိုင်ရင်း လီယီတောင်း တစ်ယောက် နာရေးဝန်ဆောင်မှု ဆိုင် ရှိရာသို့ ဖြေးဖြေးချင်း ပြန်လာခဲ့လေသည်။
သတိလစ်မသွားစေရန် သူ အံကို တင်းတင်းကြိတ်ထားရ၏။
ဤမျှ ပြင်းထန်သော နာကျင်မှုကို တောင့်ခံနိုင်ရန် ဆိုသည်မှာ မလွယ်ကူလှပေ။
အကယ်၍ အဘိုးအို ပေးလိုက်သော ဆေးလုံးသာ မရှိခဲ့လျှင် သူ ယခုအချိန်အထိ တောင့်ခံနိုင်ခဲ့မည် မဟုတ်ပေ။
ယခုလို အခြေအနေမျိုးနှင့် နာရေးဝန်ဆောင်မှု ဆိုင်သို့ သူ ဘာကြောင့် အတင်းအကျပ် သွားနေရသနည်း ဆိုလျှင် သူ Follow လုပ်ထားသော ဝမ်ချန်ကြောင့်ပင် ဖြစ်၏။
ထို့ပြင် ယာယီ မစ်ရှင် တစ်ခုလည်း ရှိနေသေးသည် မဟုတ်ပါလား။
လက်ရှိတွင် သူ၏ သက်တမ်း ခြောက်နှစ်သာ ကျန်ရှိတော့ပြီး အကယ်၍ သူသာ အစွမ်းထက်သော ပြိုင်ဘက် တစ်ဦးနှင့် ကြုံတွေ့ရမည် ဆိုလျှင်၊ သို့မဟုတ် သူ့ကို လုပ်ကြံရန် စီစဉ်ထားသော သာမန် လူတစ်ယောက်နှင့် ကြုံတွေ့ရမည် ဆိုလျှင်ပင် သူ တကယ် ဒုက္ခရောက်သွားနိုင်လေသည်။
အလစ်အငိုက် တိုက်ခိုက်ခံရခြင်းကြောင့် မဟုတ်ဘဲ သူ၏ ကိုယ်ပိုင် စွမ်းရည် ဖြစ်သော သေမင်း၏ အကာအကွယ် ၏ တန်ပြန် သက်ရောက်မှုကြောင့် ဖြစ်၏။
သို့သော် ကံဆိုးစွာဖြင့် ၎င်းကို ပိတ်ပစ်ရန် နည်းလမ်းကို သူ မရှာတွေ့သေးပေ။
သူ၏ ကျန်ရှိနေသော သက်တမ်း ခြောက်နှစ်က ဤကဲ့သို့သော တန်ပြန် သက်ရောက်မှုကို ခံနိုင်ရည် ရှိပါမည်လား။
ထို့ကြောင့် သူ၏ သက်တမ်းကို အမြန်ဆုံး ပြန်လည် ဖြည့်တင်းရန် လိုအပ်နေလေသည်။ ထိုမှသာ သူ စိတ်အေးချမ်းနိုင်ပေလိမ့်မည်။
ထို့ကြောင့် သူ နာရေးဝန်ဆောင်မှု ဆိုင်သို့ အမြန်ဆုံး သွားရန် လိုအပ်ခဲ့ခြင်း ဖြစ်သည်။
ဝမ်ချန်ကို လိုက်ပို့ပေးရန်၊ မစ်ရှင်ကို ပြီးမြောက်ရန်နှင့် ဆိုင်သို့ ပြန်ရန်... ဤအဆင့် သုံးဆင့်။
အကယ်၍ သူသာ ဤအရာများကို မမျှော်လင့်ထားသော အဖြစ်အပျက်များ မရှိဘဲ ပြီးမြောက်အောင် လုပ်ဆောင်နိုင်ပါက ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းကို တစ်ဖန် ပြန်လည် ရရှိလာမည် ဖြစ်၏။
ကံကောင်းလို့ပေါ့...။
ဒီအဆင့် သုံးဆင့်ကို ချောချောမွေ့မွေ့ ပြီးသွားလို့ပေါ့...။
မနက် ဆယ့်တစ်နာရီတွင် ဝမ်ချန်၏ အရိုးပြာများကို သင်္ချိုင်းဂူသွင်းပေးလိုက်ရင်း မစ်ရှင် ပြီးမြောက်သွားပြီ ဖြစ်ကြောင်း လီယီတောင်း သိလိုက်လေသည်။
တပ်ဖွဲ့ ၃၆ မှ စီစဉ်ပေးသော အဖွဲ့သစ်၏ အကာအကွယ် အောက်တွင် လီယီတောင်း တစ်ယောက် ပင်ပန်းနွမ်းလျစွာဖြင့် ဆိုင်သို့ ပြန်လာခဲ့၏။
အချိန်မရွေး ပစ်လဲသွားတော့မည့် ပုံစံဖြ်င့ လီယီတောင်း ပြန်လာသည်ကို ဆိုင်ထဲရှိ လူသုံးယောက် မြင်လိုက်ရချိန်တွင် ခဏတာ မှင်သက်သွားကြလေသည်။
ချက်ချင်းပင် လီယီတောင်း အခန်းထဲသို့ တန်းဝင်သွားပြီး နှစ်ခြိုက်စွာ အိပ်မောကျသွားတော့၏။
ဒါပေမဲ့... မအိပ်ပျော်ခင်မှာ ကျိုးရှုရီ ရဲ့ နောက်ဆုံး သေဆုံးမှု စုံစမ်းစစ်ဆေးခြင်း ကို သူ မြင်လိုက်ရတယ်။
အမည်မသိ မဟုတ်တော့ဘူး...။
ဒါပေမဲ့ သေခြင်းတရား ကတော့ ရှိနေတုန်းပဲ။
ဒါပေမဲ့...
ဒီတစ်ခါ သေဆုံးမှုက ကျိုးရှုရီ ကိုယ်တိုင်နဲ့ပဲ သက်ဆိုင်ပြီး လီယီတောင်းနဲ့ ဘာမှ မသက်ဆိုင်တော့ဘူး...။
ရိုးရိုးသားသား ပြောရရင် ဒီသေဆုံးမှု စုံစမ်းစစ်ဆေးခြင်း ရဲ့ ရလဒ်ကို မြင်လိုက်ရတော့ လီယီတောင်း တောင် အံ့အားသင့်သွားရတယ်...။
အဘိုးအိုက ကျိုးရှုရီ ကို ဘာလို့ အတူတူ ခေါ်သွားခိုင်းလဲ ဆိုတာ အံ့သြစရာ မရှိတော့ပါဘူးလေ... သူမရဲ့ ခန္ဓာကိုယ်ပေါ်က ကြောင်နက် တက်တူး အပြင် တခြား အကြောင်းရင်း တစ်ခုလည်း ရှိနေသေးတယ်...။
ထို့နောက် လီယီတောင်း နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့လေသည်။
ထိုစဉ် သူ အိပ်မက်ဆန်း တစ်ခုကို မက်ခဲ့လေသည်။
အင်း… အသိစိတ်က တခြား ခန္ဓာကိုယ် တစ်ခုထဲကို ဝင်သွားသလိုပဲ...။
လှုပ်လို့ မရတဲ့ ခန္ဓာကိုယ် တစ်ခု။ သူ့ရှေ့က မြင်ကွင်းကိုပဲ သူ ကြည့်နေလို့ ရတယ်...။
ကျောက်တုံး ကုတင်ပေါ်တွင် သတိလစ် လဲလျောင်းနေသော လီယီနိုကို သူ တွေ့လိုက်ရ၏။
သူမကို နောက်ဆုံး အကြိမ် တွေ့ခဲ့ရသည်နှင့် ကွာခြားချက်မှာ လီယီနို အသက်အန္တရာယ် မရှိတော့ခြင်းပင် ဖြစ်သည်။
သူမ မျက်နှာက ယခင်ကလောက် ဖြူရော်မနေတော့ပေ။
လီယီနို၏ အခြေအနေကို မြင်သောအခါ လီယီတောင်း စိတ်အေးသွားပြီး စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်သွားလေသည်။
သူ တိတ်တဆိတ် စောင့်ကြည့်နေခဲ့မိ၏။ အချိန် မည်မျှ ကြာသွားမှန်း မသိ၊ လီယီတောင်း ရှေ့ရှိ မြင်ကွင်းက လုံးဝ ပြောင်းလဲသွားခဲ့လေပြီ။
ပြတင်းပေါက် အပြင်ဘက်မှ နေဝင်ဆည်းဆာ အလင်းရောင်က အခန်း တစ်ခုလုံးကို မီးတောက်ပမာ နီရဲနေစေလေသည်။
သူ မျက်မှောင်ကြုတ်ကာ ဖြည်းညင်းစွာ ထလိုက်သည်။
ဘယ်အချိန် ရှိပြီလဲ...။
သူ ဖုန်းကို ထုတ်ကာ တစ်ချက် ကြည့်လိုက်၏။
ညနေ ၅ နာရီ... နေတောင် ဝင်နေပြီ...။
" လေးငါးနာရီလောက် အိပ်လိုက်တာလား... "
လီယီတောင်း သူ့ကိုယ်သူ တီးတိုး ရေရွတ်လိုက်လေသည်။
သူ အိမ်ပြန်ရောက်တာ နေ့လယ် နည်းနည်း ကျော်နေပြီလေ...။
သူ လေးငါးနာရီလောက်မှာ အိပ်ပျော်သွားတာ ဖြစ်မယ်...။
သူ ပျင်းရိစွာဖြင့် ကိုယ်လက်ဆန့်လိုက်ရာ ဦးနှောက်ထဲတွင် အနည်းငယ် ပင်ပန်းနေသလို ခံစားရ၏။
ထိုမျှမကသေးပေ။ သူ၏ ခန္ဓာကိုယ်က အနည်းငယ် လေးလံနေသလို ခံစားရသည်။
ကုတင်ပေါ်မှ ဆင်းကာ လီယီတောင်း အိပ်ခန်း တံခါးကို တွန်းဖွင့်လိုက်လေသည်။
ဆိုဖာပေါ်တွင် မှီလျက် ဖုန်းကို ပျင်းရိစွာ ပွတ်နေသော ကျိုးရှုရီ ကိုသာ သူ တွေ့လိုက်ရ၏။
လီယီတောင်း ထွက်လာသည်ကို မြင်သောအခါ သူမက ဝမ်းသာအားရဖြင့် မတ်တပ်ရပ်လိုက်လေသည်။
" အစ်ကိုယီတောင်း... နောက်ဆုံးတော့ နိုးလာပြီပဲ... ချင်းယွဲ့ တားနေလို့… မဟုတ်ရင် အစ်ကို့ကို ဆေးရုံ ပို့လိုက်ပြီ... "
လီယီတောင်း မျက်နှာက ကြောင်အမ်းအမ်း။
" ငါ ခဏလောက် အိပ်လိုက်တာပါ... နာရီနည်းနည်းလောက်ပါပဲ... ဒီလောက် ပုံကြီးချဲ့နေစရာ မလိုပါဘူး... "
ထိုသို့ ပြောရင်း သူက အနီးနားရှိ ရေခွက်ကို ကောက်ကိုင်ကာ ရေတစ်ကျိုက် သောက်လိုက်လေသည်။
သူ တကယ် ရေဆာနေတာ။
သို့သော် ကျိုးရှုရီက စိုးရိမ်တကြီးဖြင့်... " အစ်ကို ခဏလေး အိပ်လိုက်တာ ဟုတ်လား... အစ်ကို တနေ့က နေ့လယ် ပြန်ရောက်ကတည်းက အိပ်နေတာလေ… " ဟု ပြောလိုက်၏။
" ဖွီး... "
သူ နှစ်ရက်တောင် အိပ်ပျော်သွားတယ် လို့ ကျိုးရှုရီ ပြောတာကို ကြားတော့ လီယီတောင်း သောက်နေတဲ့ ရေတွေကို ဖွီးကနဲ သီးထွက်သွားတယ်။
ကျိုးရှုရီ ရှောင်လိုက်တာ မြန်လို့ပေါ့…။
သူက ကျိုးရှုရီ ကို ဇဝေဇဝါဖြင့် ကြည့်လိုက်လေသည်။
" ငါ နှစ်ရက်တောင် အိပ်သွားတယ်လို့ ပြောချင်တာလား... "
သူ တကယ်ကို အံ့အားသင့်သွားမိသည်။
သူ ဘယ်လိုလုပ် ဒီလောက် အကြာကြီး အိပ်ပျော်သွားရတာလဲ...။
သို့သော် ကျိုးရှုရီက အတည်ပြုသည့် အနေဖြင့် ခေါင်းညိတ်ပြလိုက်ပြီးနောက် လီယီတောင်းကို ဇဝေဇဝါ မျက်နှာထားဖြင့်... " အစ်ကို ဗိုက်မဆာဘူးလား... " ဟု မေးလိုက်၏။
ကျိုးရှုရီ၏ မေးခွန်းကို ကြားမှသာ လီယီတောင်း တစ်ယောက် ဗိုက်ထဲမှ ဆာလောင်မှုကို ခံစားလိုက်ရလေသည်။
" အစ်ကို ဗိုက်ဆာနေမယ် ဆိုတာ တွေးမိလို့ အစ်ကို့အတွက် ထမင်း ပြင်ထားပေးတယ်... အခု သွားယူပေးမယ်... "
" အင်း… ကောင်းပြီလေ... "
ငါးမိနစ် အကြာတွင်...
ငါးမိနစ် အကြာတွင် ရေလုံပြုတ် ခေါက်ဆွဲ တစ်ပွဲနှင့် ကြက်ဥပေါင်း တစ်လုံး ရောက်လာသဖြင့် လီယီတောင်း မတုံ့ဆိုင်းတော့ဘဲ စတင် စားသောက်လေတော့သည်။
သူ နိုးလာကတည်းက လီရှင်းထင်နှင့် အခြားသူများကို မတွေ့ရသဖြင့် စားနေရင်းနှင့် မေးကြည့်လိုက်၏။
" ချင်းယွဲ့ က ကိစ္စလေး တစ်ခု ရှိလို့ ရှင်းထင် ကို ခေါ်သွားတယ်လေ... ကျွန်မက အစောင့် အနေနဲ့ ကျန်ခဲ့တာ... ကျွန်မရဲ့ လက်ရှိ အခြေအနေ အရဆိုရင်... သိပ်မကောင်းဘူး ဆိုတော့ ဖြစ်သလို လျှောက်မသွားတာ ပိုကောင်းမယ် ထင်လို့... "
လီယီတောင်း ခေါင်းညိတ်လိုက်ပြီး ကျိုးရှုရီ အခြေအနေ၏ သတိထားရမည့် အချက်ကို နားလည်လိုက်၏။
တကယ်တမ်းတွင် ဤအချိန်၌ ကျိုးရှုရီမှာ ဘာပြဿနာမှ မရှိဘဲ လှုပ်ရှားသွားလာနိုင်လေသည်။
သေဆုံးမှု စုံစမ်းစစ်ဆေးခြင်း မှ အချက်အလက်များက ဤနေရာတွင် သူမအတွက် ဘာပြဿနာမှ ရှိမည် မဟုတ်သလို ရေတိုအတွင်းတွင်လည်း ပြဿနာ ရှိမည် မဟုတ်ကြောင်း အတည်ပြုထားပြီး ဖြစ်၏။
" တက်တူး ဘယ်မှာလဲ... "
တက်တူး အကြောင်း လီယီတောင်း မေးသည်ကို ကြားသောအခါ ကျိုးရှုရီက သူမ၏ လက်မောင်းပေါ်ရှိ အင်္ကျီလက်ကို ပင့်တင်လိုက်လေသည်။
တက်တူးက ၎င်း၏ မူလ နေရာမှ ဆယ်စင်တီမီတာခန့် ရွေ့သွားပြီ ဖြစ်ကြောင်း လီယီတောင်း တွေ့လိုက်ရ၏။
တကယ်လို့ ဒီအတိုင်း ဆက်ရွေ့နေမယ် ဆိုရင် နောက်ဆုံးမှာ ကျိုးရှုရီ ရဲ့ နှလုံး၊ ဒါမှမဟုတ် ဦးနှောက် အထိ ရောက်သွားလိမ့်မယ်...။
အဆက်မပြတ် ရွေ့လျားနေသော တက်တူးကို ကြည့်ရင်း ကျိုးရှုရီ မျက်လုံးများထဲတွင် ဝမ်းနည်းမှုများ ပြည့်နှက်နေလေသည်။
လွန်ခဲ့သည့် နှစ်ရက်အတွင်း ရှောင်လွှဲ၍ မရနိုင်သော သေခြင်းတရားအတွက် သူမ ကိုယ်တိုင်ပင် ပြင်ဆင်ထားခဲ့ပြီး မိဘများနှင့် အစီအစဉ် အများအပြား ပြုလုပ်ခဲ့ပြီး ဖြစ်၏။
ဒါပေမဲ့... သေခြင်းတရားကို ရင်ဆိုင်ရတာ ဘယ်လိုလုပ် ဒီလောက် လွယ်ကူမှာလဲ...။
လီယီတောင်း တိတ်ဆိတ်နေလိုက်၏။ တက်တူးက အန္တရာယ် ရှိ၊ မရှိ ဆိုသည်ကို သူ တကယ် မသိပေ။
ထို့ကြောင့် ကျိုးရှုရီ ပြဿနာများနှင့် မကြုံတွေ့ရဘူးဟု သူ အာမ မခံနိုင်ပေ။
အကောင်းဆုံး လုပ်ရပ်ကတော့ ကျိုးရှုရီ အပေါ်က တက်တူး ပြဿနာကို တတ်နိုင်သမျှ မြန်မြန် ဖြေရှင်းဖို့ပါပဲ...။
သို့သော် ပြီးခဲ့သည့် တိုက်ပွဲကြောင့် အဘိုးအိုက သူတို့ ထွက်ခွာမည့် အချိန်ကို နောက်တစ်ကြိမ် ရွှေ့ဆိုင်းခဲ့လေသည်။
အဘိုးအို၏ စီစဉ်မှု အရ ကျိုးရှုရီ၏ ပြဿနာကို ဖြေရှင်းရန် အခွင့်အရေး ရှိသေးသလား...။
ခဏမျှ စဉ်းစားပြီးနောက် မေးမြန်းရန် အဘိုးအိုထံ နောက်မှ ဖုန်းဆက်ရန် ဆုံးဖြတ်လိုက်၏။
ရက်နည်းနည်းလောက် စောင့်တာက ပိုကောင်းပါတယ်...။
အဘိုးအိုရဲ့ အစီအစဉ်တွေက အဓိပ္ပာယ် တစ်ခုခု ရှိမယ်လို့ ယုံကြည်တယ်... ပြီးတော့ ထွက်ခွာမယ့် အချိန်ကို အဘိုးအို နောက်ဆုတ်လိုက်တဲ့ အကြောင်းရင်းက သူလည်း ဒဏ်ရာ ရသွားလို့ ဖြစ်ဖို့ များတယ်...။
***