ထမင်းစားပြီးနောက် လီယီတောင်း ဆိုင်ပေါက်ဝတွင် ခဏ ထိုင်နေလိုက်၏။
သူ၏ မစ်ရှင်များမှ ရရှိသော ဆုလာဘ်များကို စစ်ဆေးကြည့်လိုက်သည်။ ယာယီ မစ်ရှင် ပြီးမြောက်ခြင်းအတွက် လက်ဆောင် သေတ္တာ နှစ်လုံး၊ နောက်ဆက်တွဲ မစ်ရှင်အတွက် လက်ဆောင် သေတ္တာ နှစ်လုံးနှင့် စွမ်းရည် အသစ်တစ်ခု ဖြစ်၏။
သို့သော် စွမ်းရည် အသစ်ကို တွေ့ရှိပြီးနောက် လီယီတောင်း၏ မျက်နှာက အနည်းငယ် တည်ကြည်သွားလေသည်။
နောက်ဆုံးတော့လည်း တက်ကြွတဲ့ တိုက်ခိုက်ရေး စွမ်းရည် တစ်ခု ရလာခဲ့ပြီပဲ...။
အဲဒါကတော့ " ဝိညာဉ် ချေမှုန်းခြင်း " စွမ်းရည်ပဲ...။
သူ့ရဲ့ တိုက်ခိုက်မှု စွမ်းအားက အံ့မခန်း ဖြစ်နိုင်ပေမဲ့... ကန့်သတ်ချက်တွေတော့ ရှိတယ်...။
၂၄ နာရီ အတွင်းမှာ တစ်ကြိမ်ပဲ သုံးလို့ ရတယ်...။
[ ဝိညာဉ် ချေမှုန်းခြင်း - ဝိညာဉ် ချေမှုန်းခြင်း ၏ အကျိုးသက်ရောက်မှု အောက်တွင် လက်ရှိ ပစ်မှတ်၏ ဝိညာဉ်က ချက်ချင်း လွင့်ပါး ပျောက်ကွယ်သွားမည် ဖြစ်သည်။ ဤစွမ်းရည်ကို ဝိညာဉ် ရှိသော မည်သည့် အရာကိုမဆို တိုက်ခိုက်ရန် အသုံးပြုနိုင်ပြီး ပစ်မှတ်၏ လက်ရှိ သက်တမ်းထက် ဆယ်ဆမှ အဆတစ်ရာ အထိ သက်တမ်းကို ကုန်ဆုံးစေမည် ဖြစ်သည်။ သက်တမ်း ကုန်ဆုံးမှုမှာ ပြိုင်ဘက်၏ ခွန်အားနှင့် သင့်၏ လက်ရှိ ခွန်အား ကွာခြားချက် အပေါ် အခြေခံ၍ တွက်ချက်မည် ဖြစ်သည်။ သက်တမ်း ကုန်ဆုံးမှု မရှိဘဲ ဤစွမ်းရည်မှာ အလုပ်လုပ်မည် မဟုတ်ပေ။ ]
[ မှတ်ချက် - ဝိညာဉ် စီးရီး စွမ်းရည်များကို ၂၄ နာရီလျှင် တစ်ကြိမ်သာ အသုံးပြုနိုင်ပါသည်။ သို့မဟုတ်ပါက ပြင်းထန်သော တန်ပြန် သက်ရောက်မှုကို ခံရမည် ဖြစ်ပြီး သင့်သည် ရန်သူ၏ သက်တမ်း အဆ တစ်သောင်းကို ကုန်ဆုံးမည် ဖြစ်သည်။ ]
ဒါက ဝိညာဉ် ချေမှုန်းခြင်းရဲ့အကျိုးသက်ရောက်မှုပဲ...။
" ဝိညာဉ် ချေမှုန်းခြင်း " ဆိုသည့် စွမ်းရည် အသစ်မှာ " သေမင်းဓားကောက် " နှင့် " ဝိညာဉ် ဖမ်းယူခြင်း " စွမ်းရည် နှစ်ခုကို ပေါင်းစပ်ထားခြင်း ဖြစ်သည်ဟု ဆိုနိုင်ပေသည်။
" သေမင်းဓားကောက် " ကို ဝိညာဉ် ပိုင်ဆိုင်သော အရာများ အပေါ်တွင်သာ အသုံးပြုနိုင်ပြီး " ဝိညာဉ် ဖမ်းယူခြင်း " မှာမူ နာမ်ပိုင်းဆိုင်ရာ အရာများကိုသာ ကန့်သတ်ထားလေသည်။
ဆန့်ကျင်ဘက် အနေဖြင့် " ဝိညာဉ် ချေမှုန်းခြင်း " ကို မည်သည့် ကန့်သတ်ချက်မျှ မရှိဘဲ အရာအားလုံး အပေါ်တွင် အသုံးပြုနိုင်ပြီး သက်ရှိ သတ္တဝါ အားလုံး အပေါ် သက်ရောက်မှု ရှိလေသည်။
အကျိုးသက်ရောက်မှုက ပို၍ပင် အစွမ်းထက်၏။
သို့သော် တစ်ခုတည်းသော အားနည်းချက်မှာ " ဝိညာဉ် ချေမှုန်းခြင်း " ကို ၂၄ နာရီလျှင် တစ်ကြိမ်သာ အသုံးပြုနိုင်ခြင်းပင် ဖြစ်သည်။
ဤကန့်သတ်ချက်ကြောင့် လီယီတောင်း အနေဖြင့် အစွန်းရောက် လုပ်ရပ်များ အတွက် ဤစွမ်းရည်ကို ဖြစ်သလို အသုံးပြုခြင်းမှ တားဆီးထားလေသည်။
စွမ်းရည်က အလွန်အမင်း အစွမ်းထက်သည် မဟုတ်သော်လည်း ၎င်း၏ ရည်ရွယ်ချက် အတွက်တော့ သေချာပေါက် လုံလောက်လှပေသည်။
ကျန်ရှိနေသော ရတနာသေတ္တာများဆီသို့ အာရုံပြောင်းလိုက်ပြီး လီယီတောင်း ၎င်းတို့ကို ချက်ချင်း ဖွင့်ရန် ဆုံးဖြတ်လိုက်၏။
" နတ်ဘုရား ရတနာသေတ္တာ " များထဲမှ တစ်လုံးက လီယီတောင်းကို သက်တမ်း နှစ်တစ်ထောင် အပို ပေးအပ်ခဲ့ပြီး သူ၏ ယုံကြည်မှုကို သိသိသာသာ မြင့်တက်သွားစေခဲ့သည်။
ကောင်းတယ်... အခုတော့ သူ့မှာ အာမခံချက် အပိုတွေ ရသွားပြီပဲ။
အခြား " နတ်ဘုရား ရတနာသေတ္တာ " ကတော့ လီယီတောင်းကို ပစ္စည်း တစ်ခု... ပိုတိတိကျကျ ပြောရလျှင် မမျှော်လင့်ထားသည့် ရတနာပစ္စည်း တစ်ခု ပေးအပ်ခဲ့လေသည်။
ဤရတနာမှာ လက်ကောက် တစ်ကွင်း ဖြစ်ပြီး " နတ်ဘုရား လက်ကောက် (သီးသန့် ချိတ်ဆက်ထားသော ပစ္စည်း) " ဟု အမည်ရ၏။
လက်ကောက်တွင် ထူးခြားသော စွမ်းရည် တစ်ခု ရှိလေသည်။ ၂၄ နာရီ အတွင်းတွင် ၎င်းက ပိုင်ရှင်အား အသက်အန္တရာယ် ရှိသော အဖြစ်အပျက်များနှင့် ဝိညာဉ် ချေမှုန်းခံရခြင်း ကဲ့သို့သော သေစေနိုင်သည့် အကျပ်အတည်းများကို ခုခံနိုင်ရန် ကူညီပေးနိုင်လေသည်။
လခွမ်း…
လက်ကောက်၏ ဤအံ့မခန်း ဂုဏ်သတ္တိကို တွေ့ရှိပြီးနောက် လီယီတောင်း တစ်ယောက် မအံ့ဩဘဲ မနေနိုင်တော့။
" နတ်ဘုရား လက်ကောက် " တန်ဖိုးမှာ သက်တမ်း နှစ်တစ်ထောင် သက်သက်ထက် များစွာ သာလွန်ကြောင်း လီယီတောင်း သဘောပေါက်လိုက်၏။
လက်ကောက်၏ ဂုဏ်သတ္တိတွင် " ၂၄ နာရီ အတွင်း " ဟု အတိအကျ ဖော်ပြထားကြောင်း သတိပြုရန် အရေးကြီးလေသည်။ ၎င်းက တစ်ခါသုံး ပစ္စည်း မဟုတ်ကြောင်း ညွှန်ပြနေခြင်းပင်။
ဤအချိန်ကာလ အတွင်း အသုံးပြုသရွေ့ လီယီတောင်းသည် သေစေနိုင်သော အကျပ်အတည်းများမှ ၂၄ နာရီ ကင်းလွတ်ခွင့် ရရှိမည် ဖြစ်ပြီး ဤကာလ ကုန်ဆုံးပြီးနောက် စွမ်းရည်က ပြန်လည် အသစ်ဖြစ်သွားမည် ဖြစ်၏။
တကယ်လို့ လွန်ခဲ့တဲ့ နှစ်ရက်က တိုက်ပွဲတုန်းကသာ လီယီတောင်း ဆီမှာ ဒီလို လက်ကောက်မျိုး ရှိနေခဲ့မယ် ဆိုရင်... သူ့တိုက်ပွဲက အဲဒီလောက် ခက်ခဲခဲ့ပါ့မလား...။
အသက်ပြင်းပြင်း တစ်ချက် ရှူထုတ်လိုက်ပြီး သူ၏ ရင်ထဲတွင် ပွက်လောရိုက်နေသော စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ကာ သေမင်း၏ အံ့အားသင့်ဖွယ် သေတ္တာ နှစ်လုံးကို ဆက်လက် ဖွင့်လိုက်လေသည်။
၎င်းတို့ထဲမှ တစ်လုံးတွင် ယာယီ မစ်ရှင် တစ်ခု အတွက် ဆုလာဘ်များ ဖြစ်သော အဆောင်လက်ဖွဲ့ ဆယ်ခု ပါဝင်လေသည်။
သို့သော် ဤအဆောင်လက်ဖွဲ့ ဆယ်ခုမှာ ယခင်အရာများနှင့် မတူညီပုံ ရ၏။
" သေမင်း အဆောင်လက်ဖွဲ့ " ဟု အမည်ပေးထားပြီး အောက်ပါ ဖော်ပြချက် ပါဝင်လေသည်။
[ မည်သည့် အရာဝတ္ထု သို့မဟုတ် ဝိညာဉ်ကိုမဆို (အရာတစ်ခုတည်းသို့ ကန့်သတ်မထားပါ) တိုက်ခိုက်နိုင်ပြီး အသုံးပြုသူ၏ ကိုယ်ပိုင် သက်တမ်းနှင့် ညီမျှသော ထိခိုက်မှုကို ဖြစ်ပေါ်စေသည်။ ]
ကိုယ့်ကိုယ်ပိုင် သက်တမ်းနဲ့ ညီမျှတယ် ဟုတ်လား...။
လီယီတောင်း သူ၏ သက်တမ်း နှစ်တစ်ထောင်ကို တစ်ချက် ကြည့်လိုက်၏။
ဆိုလိုသည်မှာ ဤအဆောင်လက်ဖွဲ့က လူဆယ်ယောက်ကို လွှမ်းခြုံထားပြီး သူတို့၏ စုစုပေါင်း သက်တမ်းက နှစ်တစ်ထောင်အောက် နည်းနေပါက သူ အနေဖြင့်...
သူတို့ကို ချက်ချင်း ရှင်းလင်းပစ်နိုင်တယ်ပေါ့...။
တကယ်လို့ သက်တမ်းကို နှစ်တစ်သောင်း အထိ စုဆောင်းထားမယ် ဆိုရင်ကော...။
တွေးကြည့်ရုံနဲ့တင် လီယီတောင်း အသက်ရှူမှားသွားရလေသည်။
လခွမ်း
ဒီအဆောင်လက်ဖွဲ့က ပိုပြီးတောင် ကြမ်းသေးတယ်။
အခု ပြန်ကြည့်တော့... ဒီအဆောင်လက်ဖွဲ့ကို ဖြစ်သလို မသုံးသင့်ဘူး ဆိုတာကို လီယီတောင်း သဘောပေါက်လိုက်တယ်...။
ဒါကို သေချာ သိမ်းထားရမယ်။
နောင်ကျရင် ဒါက တကယ်ကို တန်ဖိုး မဖြတ်နိုင်တဲ့ အရာ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်တယ်...။
သူ့ကိုယ်ပိုင် သက်စောင့်စွမ်းအင်တွေကို မကုန်ခမ်းစေဘဲ သူ့သက်တမ်းနဲ့ ညီမျှတဲ့ တိုက်ခိုက်ရေး စွမ်းအားကို ပိုင်ဆိုင်ထားတာလေ...။
ဖြစ်နိုင်ခြေတွေကို တွေးကြည့်ရင်း လီယီတောင်း စိတ်မလှုပ်ရှားပဲ မနေနိုင်တော့။
မကြာသေးမီက တိုက်ပွဲ အပြီးတွင် စနစ်ထံမှ ဆုလာဘ်များက ပြောင်းလဲသွားပုံ ရလေသည်။
စနစ်က သူ့ကို အတွေ့အကြုံ မရှိသေးဘူးလို့ ယူဆလို့များလား... လမ်းတစ်ဝက်မှာ သေသွားမှာ ကြောက်လို့များလား...။
ဘာပဲဖြစ်ဖြစ်... ဘယ်လိုပဲ ကြည့်ကြည့် ဒါက ကောင်းတဲ့ ကိစ္စပဲလေ။
ဒီသေတ္တာထဲက ပစ္စည်းတွေက နတ်ဘုရား လက်ကောက် နဲ့ ယှဉ်နိုင်တဲ့ ရတနာ တစ်ခု သေချာပေါက် ပါနေလိမ့်မယ်။
သူ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ဖွင့်လိုက်၏။
ထင်သည့်အတိုင်းပင်။
ပစ္စည်း တစ်ခုပဲ။
[ သေမင်း လက်စွပ် (သီးသန့် ချိတ်ဆက်ထားသော ပစ္စည်း) - လက်ရှိ သက်တမ်းနှင့် ညီမျှသော သေမင်း တိုက်ခိုက်မှု တစ်ခု ပါဝင်ပြီး မည်သည့် သက်ရှိ သတ္တဝါကိုမဆို တိုက်ခိုက်နိုင်သည်။ ၂၄ နာရီတိုင်း အသစ် ပြန်လည် ဖြစ်မည် ဖြစ်ပြီး မည်သည့် ကာကွယ်မှုကိုမဆို လျစ်လျူရှုနိုင်ကာ ရန်သူ အနေဖြင့် တိုက်ခိုက်မှုကို မည်သို့မျှ ကာကွယ်နိုင်မည် မဟုတ်ပေ။]
ဒါက နောက်ထပ် တိုက်ခိုက်ရေး လက်နက် တစ်ခုပဲ...။
အကျိုးသက်ရောက်မှုက ၂၄ နာရီ တိုင်းမှာ အသစ်ပြန်ဖြစ်မယ်...။
ထိုမျှမကသေးပေ။ ကာကွယ်မှု အားလုံးကို လျစ်လျူရှုနိုင်လေသည်။ ၎င်းက လီယီတောင်း အတွက် တကယ့် နတ်ဘုရား လက်နက် တစ်ခု သေချာပေါက် ဖြစ်ပေသည်။
တကယ်လို့ ခုနကသာ သူ့ဆီမှာ ဒီစွမ်းရည် ရှိနေခဲ့ရင်... အဲဒီ ပေါင်းစပ် မိစ္ဆာကောင်ကြီးတောင် ဘာမှ တတ်နိုင်ခဲ့မှာ မဟုတ်ဘူး။
ဘာပဲဖြစ်ဖြစ်... သူ့ဆီမှာ သက်တမ်း နှစ် သုံးထောင် နီးပါး ရှိနေတာလေ။
ဘာပဲဖြစ်ဖြစ် အခု စွမ်းရည် အသစ်နဲ့ အတူ လုံခြုံရေး အတွက် အရန် အနေနဲ့ သက်တမ်း နှစ်တစ်ထောင် ရှိနေပြီး... အသစ်ရထားတဲ့ နတ်ဘုရား လက်ကောက် နဲ့ သေမင်း လက်စွပ် တို့ကြောင့်... သူ့ရဲ့ တိုက်ခိုက်ရေး စွမ်းအားက အပြည့်အဝ ပြန်လည် ဖြည့်တင်းပြီးသား ဖြစ်သွားပြီ…။
သူ ပြန်လည် ကောင်းမွန်လာရုံတင် မကဘူး... ပိုမြင့်တဲ့ အဆင့်တစ်ခုကိုတောင် တက်လှမ်းသွားခဲ့ပြီ။
ဤတိုးတက်မှုများ အားလုံးက လီယီတောင်းကို အကြွင်းမဲ့ ယုံကြည်မှုများ ပေးစွမ်းလေသည်။
သို့သော် သက်တမ်း နှစ်တစ်ထောင် ဆိုသည်မှာ မလုံလောက်သေးပေ။ ယခု သူ ကောက်ချက် တစ်ခု ချလိုက်ပြီ ဖြစ်၏။
သူ၏ စွမ်းရည် အားလုံးက သက်တမ်းနှင့် သက်ဆိုင်နေလေသည်။
သူ့သက်တမ်း မလုံလောက်တော့တာနဲ့... သူ့ခွန်အားက အနိမ့်ဆုံး အမှတ်ကို တိုက်ရိုက် ထိုးကျသွားမှာပဲ။
အဲဒါတင် မကသေးဘူး... သူက လုံးဝ စွမ်းအင် ကင်းမဲ့သွားတာမျိုးတောင် ဖြစ်နိုင်သေးတယ်။
ထို့ကြောင့် သူ မသိစိတ်မှပင် ဖုန်းကို လှမ်းကြည့်လိုက်မိ၏။
' ကြည့်ရတာ ဖောက်သည်တွေ ရှာဖို့ လိုနေပြီ ထင်တယ်... '
ဖောက်သည်တွေ အတွက် နောက်ဆက်တွဲ မစ်ရှင်တွေက ပြီးမြောက်တိုင်း စွမ်းရည် တစ်ခုကို အမြဲတမ်း ဆုလာဘ် အနေနဲ့ ပေးမှာ မဟုတ်ဘူး ဆိုတာကို သူ သိတယ်...။
ဒါပေမဲ့... သက်တမ်း နည်းနည်းလောက် ရရင်တော့ ကောင်းတာပေါ့။
တကယ်လို့ သူသာ သက်တမ်း တန်ဖိုး တစ်သောင်း အထိ စုဆောင်းနိုင်မယ် ဆိုရင်... ဘယ်သူ့ကို ကြောက်နေရဦးမှာလဲ...။
***