အခန်း ၂၄၂ - ဒီကိစ္စက မပြီးသေးဘူးလား...
အရင်ဆုံး တိုက်ခိုက်ရမည်။
ဤသည်မှာ လီယီတောင်း၏ ပထမဆုံး အတွေးပင်။
မည်သို့မျှ တွန့်ဆုတ်မနေဘဲ လက်ထဲရှိ အဆောင်လက်ဖွဲ့ကို ပစ်ပေါက်လိုက်သည်။
သို့သော်... အဆောင်လက်ဖွဲ့ အသုံးပြုလိုက်ချိန်တွင် တစ်ဖက်လူ၏ ခန္ဓာကိုယ်က အနည်းငယ်မျှသာ ယိမ်းယိုင်သွားသည်။
ထို့နောက် သူ၏ နှုတ်ခမ်းထောင့်တွင် မှေးမှိန်သော အပြုံးတစ်ခု ပေါ်လာသည်။
"ဟဲဟဲ... တကယ် စိတ်ဝင်စားဖို့ ကောင်းတာပဲ... ဒီလို တိုက်ခိုက်မှုမျိုးကို ငါ ပထမဆုံး မြင်ဖူးတာပဲ"
ထိုသို့သော အပြုံးမျိုးက အထင်သေးသည့် အရိပ်အယောင်များကို ဖော်ပြနေသည်။
အလွန် သိသာလှသည်။
ဤသည်မှာ လီယီတောင်း၏ တိုက်ခိုက်မှုက အနည်းငယ် ဆန်းသစ်သည် မှန်သော်လည်း သူ့အတွက်တော့ အချည်းနှီးသာ ဖြစ်ကြောင်း ပြောနေခြင်းပင်။
တစ်ဖက်လူ၏ အရေးမစိုက်သော အမူအရာကို မြင်လိုက်ရချိန်တွင် လီယီတောင်း၏ မျက်နှာကလည်း တည်ငြိမ်လေးနက်သွားသည်။
သူ၏ အဆောင်လက်ဖွဲ့က တစ်ဖက်လူကို လုံလောက်သော ထိခိုက်မှုမျိုး ပေးနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
မည်သို့ပင်ဆိုစေ လက်ရှိ အခြေအနေနှင့် အနေအထားအရ တစ်ဖက်လူက ဤအဘိုးအို၏ ခန္ဓာကိုယ်ကို ဝိညာဉ်ဝင်ပူးနိုင်ခြင်း ဖြစ်သည်။
ဤအချက်က သေချာပေါက် ရိုးရှင်းမည် မဟုတ်ပေ။
အနည်းဆုံးတော့ ဤအဘိုးအို၏ စွမ်းအားက တစ်ဖက်လူနှင့် ယှဉ်နိုင်ရန်မှာ မဖြစ်နိုင်ပေ။
အကယ်၍ အဘိုးအိုတွင်သာ သူ၏ စွမ်းအားမျိုး ရှိခဲ့ပါက အဘယ်ကြောင့် ဝိညာဉ်ဝင်ပူးခံရမည်နည်း။ အဘယ်ကြောင့် တစ်ဖက်လူအတွက် ဤအရာကို စောင့်ရှောက်ပေးရမည်နည်း။
သူက တစ်ဖက်လူ၏ အစီအစဉ်အရ ရတနာကို စောင့်ရှောက်ပေးနေရသူ သက်သက်သာ ဖြစ်သည်။
ဤသို့သော အခြေအနေမျိုးအောက်တွင် ကိစ္စရပ်များစွာမှာ သေချာပေါက် ရိုးရှင်းမည် မဟုတ်ပေ။
တစ်ဖက်လူ၏ စွမ်းအားက လုံးဝ သာလွန်နေမည်မှာ အသေအချာပင်။
ဤကဲ့သို့သော စွမ်းရည်မျိုး ရှိနေခြင်းမှာ ဤအခြေအနေတွင် ပုံမှန်ပင် ဖြစ်သည်။
"ကောင်လေး... မင်းမှာ ဘာစွမ်းရည်တွေ ရှိသေးလဲ... အကုန် ထုတ်သုံးလိုက်... ငါ ဒီကနေ ရပ်ပြီး မင်း တိုက်ခိုက်တာကို ခံပေးမယ်... ဘယ်လိုလဲ"
တစ်ဖက်လူက ခန္ဓာကိုယ်အသစ်နှင့် အသားကျသွားပုံရပြီး လီယီတောင်းကို လှောင်ပြောင်သည့် အပြုံးဖြင့် ပြောလိုက်သည်။
တစ်ဖက်လူ၏ စကားကို ကြားသောအခါ လီယီတောင်း၏ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ မရှိပေ။
အကယ်၍ တစ်ဖက်လူ၏ ရိုးရှင်းသော စကားများကြောင့် သူ တုန်လှုပ်သွားပါက အခြေအနေက မှားယွင်းသွားပေလိမ့်မည်။
အနည်းဆုံးတော့ လက်ရှိ အခြေအနေအရ ဤသို့သော အခြေအနေနှင့် ပြဿနာမျိုး ပေါ်လာမည် မဟုတ်ပေ။
ယခုအချိန်တွင် သူသည် အခြေအနေကို ရှင်းလင်းစွာ မြင်နိုင်စွမ်း ရှိနေဆဲ ဖြစ်သည်။
တချိန်တည်းမှာပင် သူ၏ စိတ်အခြေအနေကလည်း တည်ငြိမ်နေသည်။
လီယီတောင်း၏ အဆောင်လက်ဖွဲ့ တိုက်ခိုက်မှုက အပေါ်ယံ မြင်ရသလောက် တကယ်ပဲ ရိုးရှင်းပါသလော။
အဖြေကတော့ လုံးဝ မရိုးရှင်းပါဟူ၍သာ။
အကယ်၍ တကယ်ပဲ ထိုမျှ ရိုးရှင်းပါက တစ်ဖက်လူက ဘာကြောင့် ဤသို့သော အမူအရာမျိုး ဖြစ်နေမည်နည်း။
တစ်ဖက်လူ တိုက်ခိုက်ခံလိုက်ရသည့် အချိန်မှစ၍ သူ၏ မျက်လုံးများထဲရှိ အရိပ်အယောင်က အရာများစွာကို ဖော်ပြနေပြီး ဖြစ်သည်။
ထို့ကြောင့်... လက်ရှိ အခြေအနေအရ ကိစ္စများက သေချာပေါက် လွယ်ကူမည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေ လီယီတောင်း၏ ယခု တိုက်ခိုက်မှုက သက်တမ်း အနှစ် ၂ သောင်းကျော် စတေးထားသည့် တိုက်ခိုက်မှု ဖြစ်သည် မဟုတ်ပါလား။
တစ်ဖက်လူအပေါ် ကျရောက်သွားသော ထိခိုက်မှုက ယားသည့်နေရာကို ကုတ်ပေးလိုက်သလောက်လေးတော့ သေချာပေါက် မဖြစ်နိုင်ပေ။
ဤသည်မှာ လုံးဝ မဖြစ်နိုင်သလို ရယ်စရာလည်း ကောင်းလှသည်။
ထို့ကြောင့်... လီယီတောင်းအတွက်တော့ ယခု တိုက်ပွဲက နှစ်ဖက်ကြား စမ်းသပ်မှု သက်သက်သာ ဖြစ်သည်။
ရိုးရှင်းသော အဆောင်လက်ဖွဲ့ တစ်ခုတည်းဖြင့် တစ်ဖက်လူကို သတ်နိုင်လိမ့်မည်ဟု သူ တစ်ခါမျှ မတွေးခဲ့ဖူးပေ။
သူသည် နောက်ထပ် ပြင်းထန်သော တိုက်ပွဲတစ်ခုအတွက်ပင် ပြင်ဆင်ထားပြီး ဖြစ်သည်။
ဤမျှ အန္တရာယ်ကြီးသော ပုဂ္ဂိုလ်မျိုး ရှိနေမည်ကို အဘိုးအိုပင် ကြိုတွေးမိခဲ့မည် မထင်ပေ။
အကယ်၍ ဤသို့သော အခြေအနေမျိုး ဖြစ်လာမည်ကိုသာ ကြိုသိခဲ့ပါက...
လီယီတောင်း တစ်ယောက်တည်း လာခဲ့မည် မဟုတ်သည်မှာ သေချာသလောက်ပင်။
မည်သို့ပင်ဆိုစေ... ယခုအခါ လီယီတောင်းအတွက် အန္တရာယ်များက နေရာတိုင်းတွင် ရှိနေသကဲ့သို့ပင်။
မည်သည့်အချိန် သို့မဟုတ် မည်သည့် အခြေအနေမျိုးတွင်မဆို...
ပြဿနာ အချို့ကတော့ အမြဲတမ်း ရှိနေမည်သာ ဖြစ်သည်။
ထို့ကြောင့်... လီယီတောင်းအတွက် အချို့သော အန္တရာယ်များကို ရင်ဆိုင်ရန် လိုအပ်သော်လည်း အချို့သော အန္တရာယ်များကိုတော့ တတ်နိုင်သမျှ ရှောင်လွှဲသင့်ပေသည်။
ဥပမာအားဖြင့် သူ မကြုံတွေ့သင့်သော ဤကဲ့သို့သော အန္တရာယ်မျိုးကို လီယီတောင်း ရှောင်လွှဲသင့်ပေသည်။
အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူ၏ စွမ်းအားက သူ၏ ထိန်းချုပ်မှု ပြင်ပတွင် ရှိနေသောကြောင့်ပင်။
ယခု လီယီတောင်းက အားကောင်းနေသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
လက်ရှိ အခြေအနေအရ တစ်ဖက်လူကို သေသည်အထိ မောပန်းသွားအောင် လုပ်ရန်မှာ ပြဿနာ မဟုတ်ပေ။
သို့သော်…
အခြားသော အခြေအနေများ ရှိလာနိုင်မလား ဆိုသည်ကို မည်သူ သိနိုင်မည်နည်း။
ဥပမာအားဖြင့် တစ်ဖက်လူတွင် သူ၏ ကာကွယ်မှုကို တိုက်ရိုက် ထိုးဖောက်နိုင်သော အထူးစွမ်းရည်မျိုး တကယ် ရှိနေခဲ့လျှင်။
ထိုသို့ဆိုပါက... သူ့တွင် သက်တမ်းများစွာ ရှိနေလျှင်တောင် ဘာအကျိုးရှိမည်နည်း။
မည်သို့ပင်ဆိုစေ နတ်ဘုရား လက်ကောက်ကို မိမိကိုယ်ကိုယ် အသုံးပြု၍ မရနိုင်ပေ။
ဤသည်မှာ လီယီတောင်း၏ အကြီးမားဆုံး အားနည်းချက်ပင် ဖြစ်သည်။
ထို့ကြောင့်... ဤအချိန်တွင် အန္တရာယ်ကို ရှောင်လွှဲနိုင်ပါက သူ အမြန်ဆုံး ရှောင်လွှဲသင့်ပေသည်။
မည်သို့ပင်ဆိုစေ... တကယ်တမ်းတွင် လီယီတောင်း အနည်းငယ်တော့ နေရခက်နေမိသည်။
သူ၏ စွမ်းအားများ အားလုံးက သူ၏ သက်တမ်းမှ လာခြင်း ဖြစ်သည်။
အကယ်၍ သူ၏ သက်တမ်းများ ကုန်ခမ်းလုနီးပါး ဖြစ်သွားပါက သူ၏ စွမ်းအားများလည်း ပျောက်ကွယ်သွားပေလိမ့်မည်။
ဤသို့သော ပတ်ဝန်းကျင်မျိုးတွင် ကိစ္စရပ်များစွာက ပိုမို ရှုပ်ထွေးလာပေသည်။
အဘယ်ကြောင့်ဆိုသော် သူ့တွင် သက်တမ်း တိုးရန် တည်ငြိမ်သော နည်းလမ်း မရှိသောကြောင့်ပင်။
ရတနာသေတ္တာများကလည်း သက်တမ်း ပေးခြင်းကို ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။
ထိုမျှမကသေး။
အကယ်၍ သူသည် လူအချို့ကိုသာ follow လုပ်ပြီး တစ်ဖက်လူ သေဆုံးချိန်တွင် ကျန်ရှိသော သက်တမ်းမှတစ်ဆင့် သူ၏ သက်တမ်းကို တိုးစေမည် ဆိုပါက...
တကယ်တမ်းတွင် ဤသည်မှာ ပင်လယ်ထဲ ရေတစ်စက် ချသကဲ့သို့သာ ဖြစ်နေပေမည်။
ယခုအခါ သက်တမ်း အနှစ် တစ်ရာ သို့မဟုတ် နှစ်ရာကို အသာထား...
သက်တမ်း အနှစ် တစ်ထောင် သို့မဟုတ် နှစ်ထောင်လောက်ကပင် သူ့ကို အချိန်အကြာကြီး တောင့်ခံထားနိုင်ရန် လုံလောက်မည် မဟုတ်ပေ။
"အခု ငါ့ရတနာကို ထားခဲ့ပြီး ထွက်သွားလိုက်... မင်းကို ငါ အသက်ချမ်းသာပေးဖို့ စဉ်းစားပေးမယ်"
တစ်ဖက်လူ၏ လေသံ ရုတ်တရက် ပြောင်းလဲသွားခြင်းက ရုတ်တရက် စိုးရိမ်မှု တစ်ခုခုကြောင့်လား၊ သို့မဟုတ် တစ်ခုခုကို ခံစားမိသွား၍လား ဆိုသည်ကိုတော့ မသိရပေ။
သူ့လေသံ အနည်းငယ် လျော့ကျသွားသယောင်ယောင်။
လီယီတောင်းက တစ်ဖက်လူ၏ စကားကို ကြားသော်လည်း နှုတ်ဆိတ်နေခဲ့သည်။
သူ ဘာမှ မပြောဘဲ တစ်ဖက်လူကို တည်ငြိမ်စွာသာ ကြည့်နေလိုက်သည်။
' ဒီစကားကို ကလေးတောင် ယုံမယ် မထင်ဘူးလေ... ရတနာကို ထားခဲ့ပြီး ထွက်သွားရင် ငါ့ကို အသက်ချမ်းသာပေးမယ် ဟုတ်လား... ဒါ ဘယ်လို ဟာသမျိုးလဲ... မင်း ပြောနေတဲ့ စကားကို မင်းကိုယ်တိုင်ရော ယုံရဲ့လား '
"အင်း... ရတနာကို ထားခဲ့ပြီး ထွက်သွားရမယ့်အစား မင်းကို သတ်ပြီး ဒီကြေးမုံပြင်ကို ယူသွားတာက ပိုကောင်းမယ် ထင်တယ်..."
"ငါ ယူမသွားနိုင်ရင်တောင် အဲဒါကို ဖျက်ဆီးပစ်လိုက်မှာ..."
"ဒီအဖြေကို မင်း ကျေနပ်ရဲ့လား"
လီယီတောင်းက ဤစကားများကို တည်ငြိမ်စွာ ပြောလိုက်ချိန်တွင် တစ်ဖက်လူ၏ မျက်နှာပေါ်ရှိ အပြုံးက ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
ထို့နောက် အလွန် အေးစက်သွားသော လီယီတောင်း၏ မျက်နှာကို သူ ကြည့်လိုက်သည်။
"ငါ့ကို ဒီလို ပြောရဲတာ မင်းက ပထမဆုံးပဲ... အရင်က အဲဒီလို ပြောခဲ့တဲ့ ကောင်က အသက်ရှင်နေသေးပေမဲ့ သေတာထက် ဆိုးတဲ့ အဖြစ်မျိုးနဲ့ ရင်ဆိုင်နေရတယ်..."
"မင်းလည်း အဲဒီလိုမျိုး ခံစားချင်တာလား"
လီယီတောင်းက ခေါင်းခါပြလိုက်သည်။
"မင်း ဘယ်လိုမျိုး ခံစားရတာကို ပြောနေလဲ ငါ မသိဘူး... ပြီးတော့ မင်း ဘာလို့ ဒီလောက် ယုံကြည်မှု လွန်ကဲနေလဲ ဆိုတာကိုလည်း ငါ မသိဘူး..."
"ဒါပေမဲ့... ဒီနေ့ မင်း လုံးဝ ထွက်သွားနိုင်မှာ မဟုတ်ဘူး ဆိုတာကိုတော့ ငါ သိတယ်"
ဤသို့ ပြောနေစဉ်တွင် လီယီတောင်း လက်ထဲ၌ အဆောင်လက်ဖွဲ့ လေးခု ရှိနေပြီ ဖြစ်သည်။
သက်တမ်း အနှစ် ၂ သောင်း စတေးထားသည့် တိုက်ခိုက်မှု။
ထိုသို့ဆိုလျှင် အဆောင်လက်ဖွဲ့ လေးခုက သက်တမ်း အနှစ် ၈ သောင်းအထိ စတေးထားနိုင်သည် မဟုတ်ပါလား။
အကယ်၍ ဤသည်ကမျှ တစ်ဖက်လူကို ကြီးမားသော ထိခိုက်မှု မပေးနိုင်သေးပါက...
လီယီတောင်းသည်... ယာယီ ဆုတ်ခွာရန် စဉ်းစားရပေမည်။
လူတစ်ယောက်ကြောင့် သူ၏ သက်တမ်းများကို အလွန်အကျွံ ကုန်ဆုံးခံမည် မဟုတ်ပေ။
ဤသည်မှာ မတန်ပေ။
အကယ်၍ သူ မနိုင်နိုင်ဘဲ ထွက်ပြေးချင်ပါက တစ်ဖက်လူက သူ့ကို ဆွဲထားနိုင်မည့် စွမ်းရည်မျိုး ရှိမည် မဟုတ်ပေ။
လီယီတောင်းတွင် ဤမျှလောက် ယုံကြည်မှုတော့ ရှိသေးသည်။
သို့သော်... တစ်ဖက်လူက လီယီတောင်း၏ အတွေးများကို ခံစားမိသွားသလားတော့ မသိပေ။
လီယီတောင်းကို လှောင်ပြောင်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
ရိုးရိုးသားသား ပြောရလျှင် ဤမျှ အထင်သေးသော အကြည့်ကို မြင်လိုက်ရချိန်တွင် လီယီတောင်း အနည်းငယ် ဒေါသထွက်သွားမိသည်။
' မင်းက ဘယ်သူ့ကို အထင်သေးနေတာလဲ '
သူ ဆက်လက်၍ တွန့်ဆုတ်မနေတော့ပေ။
သူ နိုင်သည်ဖြစ်စေ၊ မနိုင်သည်ဖြစ်စေ တိုက်ခိုက်ကြည့်မှသာ သိရမည် မဟုတ်ပါလား။
ဘာစကားမှ မပြောဘဲ လက်ထဲရှိ အဆောင်လက်ဖွဲ့ လေးခုကို ပစ်ပေါက်လိုက်သည်။
တစ်ဖက်လူ၏ တည်ငြိမ်နေသော မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများ ချက်ချင်း ပြည့်နှက်သွားတော့သည်။
ဟုတ်ပေသည်။
ကြောက်ရွံ့မှုပင်။
အရင်ကလို အရေးမစိုက်သော အမူအရာမျိုး မရှိတော့ပေ။
ပထမဆုံး အဆောင်လက်ဖွဲ့၏ တိုက်ခိုက်မှုက သူ့ကို နာကျင်မှု ခံစားခဲ့ရစေခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။
သို့သော် ယခုတော့။
ရုပ်ပိုင်းဆိုင်ရာ နာကျင်မှု သက်သက် မဟုတ်တော့ပေ။
တစ်ဖက်လူက သေမင်း၏ ခြိမ်းခြောက်မှုကို တကယ်ပင် ခံစားလိုက်ရပြီ ဖြစ်သည်။
သေခြင်းတရား။
ဤကဲ့သို့ ခံစားချက်မျိုး မခံစားရသည်မှာ အချိန်မည်မျှ ကြာမြင့်ခဲ့ပြီနည်း။
အခြေအနေကို သူ ပေါ့ပေါ့တန်တန် သဘောမထားဝံ့တော့။
သူ နောက်သို့ တစ်လှမ်း ဆုတ်လိုက်သည်။ လီယီတောင်းနှင့် အကွာအဝေး တစ်ခု ခြားထားနိုင်ရန် သူ အတတ်နိုင်ဆုံး ကြိုးစားလိုက်သည်။
သို့သော်... သူ မသိခဲ့သည်မှာ ဤသို့သော အကွာအဝေးက လီယီတောင်း၏ တိုက်ခိုက်မှုအပေါ် မည်သည့် အကျိုးသက်ရောက်မှုမျှ မရှိနိုင်ခြင်းပင်။
လီယီတောင်း၏ တိုက်ခိုက်မှုများက အကွာအဝေးနှင့် မသက်ဆိုင်ပေ။
နီးခြင်း ဝေးခြင်းက လုံးဝ အရေးမကြီးပေ။
ဤသည်မှာလည်း လီယီတောင်း တိုက်ခိုက်မှု၏ ထူးဆန်းသော အချက်ပင် ဖြစ်သည်။
လီယီတောင်း၏ တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ရန် မည်သည့်နေရာတွင်မျှ ပုန်းအောင်း၍ မရနိုင်ပေ။