"လူတိုင်း လူစုခွဲလိုက်ကြ... စီနီယာအတွက် နေရာနည်းနည်း ဖယ်ပေးကြစမ်း..."
သရဲတစ္ဆေစစ်သူကြီးက အသံနက်ကြီးဖြင့် ပြောဆိုလိုက်သည်။
သွေးအဆိပ်ဘုရင် ထုတ်လွှတ်လိုက်သော သွေးအဆိပ်သည် အလွန်အန္တရာယ်များပြီး ပျံ့နှံ့လွယ်ပေ၏။ တခြားသူများသည် အဆိပ်သင့်နေသူနှင့် ထိတွေ့ရုံဖြင့် သွေးအဆိပ် ကူးစက်ခံရနိုင်သည်။
ကျင့်ကြံသူအမြောက်အများသည် သွေးအဆိပ် ဘုရင်၏ နာမည်ကို ယခင်ကတည်းက ကြားဖူးကြသဖြင့် သရဲတစ္ဆေစစ်သူကြီး၏အမိန့်ပင် မလိုအပ်ခဲ့ချေ။ ဖန်းယင်းအတွက် လုံလောက်သော နေရာကျယ်တစ်ခုကို ချန်ထားခဲ့ကာ သူတို့အားလုံး နောက်ဆုတ်သွားကြသည်။
ဤသည်ကို မြင်တွေ့ချိန်၌ ဖန်းရင်းသည် မတုန်မလှုပ်ဘဲ ရှိနေပေ၏။
သူမသည် မျက်လုံးများကို စုံမှိတ်ကာ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ အစွမ်းထက်သော အဆိပ်အား သူမ၏မှော်စွမ်းအားကို အသုံးပြု၍ တိတ်တဆိတ် ဖယ်ရှားရန် စတင်လိုက်သည်။
သို့သော် သူမ ကျင့်ကြံနေစဉ်အတွင်းမှာပင် သွေးအဆိပ်သည် ထိန်းချုပ်၍မရအောင် စတင်၍ ပျံ့နှံ့လာသည်။ သူမသည် ထိုအဆိပ်ကို ဖိနှိပ်လေ ထိုအရာသည် ပို၍အစွမ်းထက်လာလေပင်။
"သောက်ချေးပဲ..."
ဖန်းယင်းသည် အံ့တင်းတင်းကြိတ်လိုက်ပြီး သူမ၏မျက်နှာပေါ်တွင် ဖြူရော်သော အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာပေ၏။
အစွမ်းထက်သော နယ်မြေသခင်အဆင့် ထိပ်သီးကျင့်ကြံသူတစ်ဦးသည် အမှတ်မထင် အစွမ်းထက်သော အဆိပ်တစ်ခုကို ကူးစက်ခံခဲ့ရသည်။
ထိုအစွမ်းထက်သော အဆိပ်သည် သူမ၏မှော်စွမ်းအားများကို ဖြည်းညှင်းစွာ တိုက်စားနေကြောင်းကို သူမ ခံစားနိုင်ပေ၏။ မကြာမီတွင် သူမသည် သူမ၏လက်ရှိစွမ်းအားမှ ဆယ်ပုံငါးပုံကိုပင် အသုံးပြုနိုင်တော့မည် မဟုတ်ချေ။
ဝုန်း...
ထိုအချိန်မှာပင် မြေအောက်လောကဘုရားကျောင်း သည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားပြီး ကျယ်လောင်သော မြည်ဟီးသံကြီးတစ်သံ ထွက်ပေါ်လာသည်။
ဘုရားကျောင်းမျက်နှာကျက်မှနေ၍ သဲနှင့် ဖုန်မှုန့်တန်းများ ဆက်တိုက်ကျဆင်းလာပေ၏။ မျက်တောင်တစ်ခတ်စာအတွင်းမှာပင် ပတ်ဝန်းကျင်ရှိ အိမ်များနှင့်အဆောက်အအုံများမှာ ယိမ်းယိုင်သွားပြီး အက်ကွဲသံများ ထွက်ပေါ်လာသည်။
မြေအောက်လောက နတ်ဘုရားကျောင်း၏ အပြင်ဘက်တွင် ရက်စက်ကြမ်းတမ်းပြီး သန်မာအားကောင်းသော ပုံရိပ်တစ်ခုသည် သွေးရောင်လမင်း၏ အလင်းရောင်အောက်တွင် ဖြည်းညှင်းစွာ ချဉ်းကပ်လာပေ၏။
"ဒီတော့ မင်းတို့အားလုံးက ဒီနေရာမှာ ပုန်းနေကြတာပေါ့... ဒီနေ့ မြေအောက်လောနတ်ဘုရားက နတ်ဘုရားတည်ရှိမှုကို ပြသရင်တောင်မှ မင်းတို့အားလုံး သေဖို့ သေချာနေပြီ..."
ခမ်းနားထည်ဝါသော အသံတစ်သံသည် လေဟာနယ်ကို ဖြတ်သန်းကာ ပျံ့နှံ့သွားပြီး နောက်ဆုံးတွင် မြေအောက်လောကနတ်ဘုရားကျောင်းအတွင်းသို့ ကျဆင်းလာသည်။
ယခုရောက်လာသူမှာ သွေးအဆိပ်ဘုရင်ပင်။
မြေအောက်လောက နတ်ဘုရားကျောင်းတစ်ခုလုံးရှိ လူများအားလုံး၏မျက်နှာများ စက္ကူကဲ့သို့ ဖြူရော်သွားကြသည်။
ဘုန်းတော်ကြီးအိုက ဒေါသတကြီး အော်ငေါက်လိုက်သည်။
"ရိုင်းစိုင်းလိုက်တာ... ငရဲနယ်မြေက သက်ရှိတွေက... မြေအောက်လောကနတ်ဘုရားကျောင်းထဲကို ဝင်တဲ့အချိန်မှာ မင်းတို့က တိတ်ဆိတ်ပြီး သတိထားရမယ်... ဘုရားကျောင်းကို မင်းတို့က ဘယ်လိုသတ္တိမျိုးနဲ့ တိုက်ခိုက်ရဲတာလဲ... ဒါက သစ္စာဖောက်တာပဲ..."
တံခါးအပြင်ဘက်မှ သွေးအဆိပ်ဘုရင်၏ အေးစက်စက်နှာမှုတ်သံ ထွက်ပေါ်လာသည်။
"ဟမ့်...ဒါက ဘယ်လိုတောင် ပျက်စီးနေတဲ့ စည်းကမ်းမျိုးလဲ... ဒီဘုရင်က ဂရုစိုက်စရာလား..."
ထိုစကားကိုပြောဆိုပြီးနောက် ပို၍ကြမ်းတမ်းသော တိုက်ခိုက်မှုများ ဆက်တိုက်ထွက်ပေါ်လာသည်။
မြေအောက်လောကနတ်ဘုရားကျောင်း သည် နောက်တစ်ကြိမ် ပြင်းထန်စွာ တုန်ခါသွားပေ၏။ တိုင်လုံးများမှနေ၍ အနက်ရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး အလင်းနှင့်အမှောင်ကြား မှိတ်တုတ်မှိတ်တုတ်ဖြစ်ကာ ဖျက်ဆီး၍မရနိုင်သော စွမ်းအားတစ်ရပ်ကို ထုတ်လွှတ်ထားသည်။
မြေအောက်လောကနတ်ဘုရားကျောင်းတိုင်းသည် တည်ထောင်ချိန်တွင် မြေအောက်လောကနတ်ဘုရားထံမှ ကောင်းချီးတစ်ခုကို ရရှိပေမည်။
ဤကောင်းချီးသည် ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီး ယနေ့ထိတိုင် ထိုအရာမှ ပြသနေသော အကျိုးသက်ရောက်မှုမှာ အံ့အားသင့်ဖွယ်ကောင်းနေဆဲပင်။
မြေအောက်လောက နတ်ဘုရားကျောင်းအတွင်း၌ ပိတ်မိနေသူများသည် သူတို့၏ တည်ငြိမ်မှုကို အနည်းငယ် ပြန်လည်ရရှိသွားကြသည်။ အကယ်၍ သူတို့ကို ဘုရားကျောင်းမှ ကာကွယ်ထားနိုင်ပါက ဤသည်က အကောင်းဆုံးရလဒ် ဖြစ်ပေမည်။
"မင်းလို သာမန်သရဲဘုရင်တစ်ပါးက မြေအောက်လောက နတ်ဘုရားကျောင်းရှေ့မှာ ဘယ်လိုသတ္တိမျိုးနဲ့ ရိုင်းပြရဲတာလဲ..."
ဘုန်းတော်ကြီးအို၏မျက်နှာ တည်ကြည်လေးနက်နေပြီး အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။
မြေအောက်လောက နတ်ဘုရားကျောင်း၏အပြင်ဘက်တွင် အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်သွားပေ၏။
လူများအားလုံးသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ကြပြီး ကြွင်းကျန်နေသော ကြောက်ရွံ့မှုများဖြင့် ပြောဆိုလိုက်ကြသည်။
"မြေအောက်လောက နတ်ဘုရားကျောင်းက ငါတို့ရဲ့ စခန်းထက်တောင် ပိုပြီးခိုင်ခံ့နေသေးတယ်..."
"မင်း မစဉ်းစားမိဘူးလား... ဒီနေရာက အတိတ်တုန်းက မြေအောက်လောက နတ်ဘုရား ဆင်းသက်ခဲ့တဲ့ နေရာလေ... ဒါကြောင့် ဘယ်လိုလုပ်ပြီး သာမန်ဖြစ်နိုင်မှာလဲ..."
"သွေးအဆိပ်ဘုရင်က ဒီတစ်ကြိမ်မှာ ဆုတ်ယုတ်မှုတစ်ခုကို ခံစားရတော့မယ်..."
သို့သော် သရဲတစ္ဆေစစ်သူကြီးသည် မျက်မှောင်ကြုတ်ပြီး ဘုန်းတော်ကြီးအိုကို မေးမြန်းလိုက်၏။
"မဟာဝင်္ကပါကို နောက်ဆုံးအကြိမ် ဘယ်အချိန်က ပြုပြင်ထိန်းသိမ်းခဲ့တာလဲ..."
ဘုန်းတော်ကြီးအို၏ နောက်ကျိနေသော မျက်လုံးများတွင် တောက်ပသော အလင်းတန်းတစ်တန်း ရုတ်တရက် ဖြတ်ပြေးသွားသည်။ သူ စကားပြောတော့မည့် အချိန်မှာပင် မြေအောက်လောက နတ်ဘုရားကျောင်းမှ မဟာကာကွယ်ရေးဝင်္ကပါ၏ စွမ်းအားသည် ရုတ်တရက် အလျင်အမြန် စတင်၍ အားနည်းလာခဲ့သည်။
"ဘာဖြစ်နေတာလဲ..."
"မဟာဝင်္ကပါကြီးက ဖောက်ထွင်းခံနေရပြီ... တံခါးရဲ့အပြင်ဘက်မှာ ဝင်္ကပါပညာရပ် ကျွမ်းကျင်သူတစ်ယောက် ရှိနေတာလား..."
မရေမတွက်နိုင်သော လူများသည် သူတို့၏ စိတ်သက်သာရာရမှုမှ ပြန်လည်ကောင်းမွန်လာခဲ့သည်မှာ မကြာသေးသော်လည်း သူတို့၏စိတ်ခံစားချက်များ ချက်ချင်းဆိုသလိုပင် ငရဲသို့ ထိုးဆင်းသွားသည်။
ကာကွယ်ရေးဝင်္ကပါ တစတစ အားနည်းလာသည်ကို သူတို့ ကြည့်နေခဲ့ကြသည်။
"ဘုန်းတော်ကြီးချုပ်... အပြင်ကိုထွက်လာပြီး အညံ့ခံလိုက်ပါ... ဘုရင်က စတုတ္ထနယ်မြေရဲ့ တပ်စွဲထားတဲ့ တပ်ဖွဲ့တွေကိုပဲ သတ်မှာပါ..."
"ဟုတ်တယ် ဘုန်းတော်ကြီးချုပ်... အခြေနေကို နားလည်တဲ့သူတွေက သူရဲကောင်းတွေပဲ..."
တံခါး၏အပြင်ဘက်မှနေ၍ လက်နက်ချရန် သွေးဆောင်ဖြားယောင်းသော အသံများ ထွက်ပေါ်လာသည်။
ဤစကားများကိုကြားချိန်၌ ဘုန်းတော်ကြီးချုပ် ၏ အိုမင်းနေသောခန္ဓာကိုယ်သည် ပြင်းထန်စွာ စတင်၍တုန်ရီလာပြီး သူက သွေးတစ်လုတ်ကို ရုတ်တရက် အန်ထုတ်လိုက်သည်။
ကာကွယ်ရေးဝင်္ကပါကို ဖျက်ဆီးနေသော အပြင်ဘက်မှ လူများသည် ယခင်က မြေအောက်လောကနတ်ဘုရားကျောင်းတွင် ရှိခဲ့သော တခြားဘုန်းတော်ကြီးများမှလွဲ၍ တခြားသူများ မဟုတ်ကြချေ။
အခြေအနေ မကောင်းသည်ကို မြင်တွေ့ချိန်၌ သူတို့သည် လှည့်ထွက်သွားခဲ့ကြပြီး မထင်မှတ်ဘဲ သွေးအဆိပ်ဘုရင်၏ အမိန့်အောက်သို့ ကူးပြောင်းသွားကာ ဘုရားကျောင်းကို တိုက်ခိုက်နေကြခြင်းပင်။
"ပြီးသွားပြီ... သွေးအဆိပ်ဘုရင်သာ အတင်းအကြပ်ဝင်လာရင် ငါတို့အားလုံး သေရလိမ့်မယ်..."
"မြန်မြန်... ဝင်္ကပါကို စီစဉ်ပြီး ရန်သူကို ရင်ဆိုင်ဖို့ ပြင်ဆင်ကြတော့..."
လူများအားလုံး ထိတ်လန့်သွားကြသည်။ ဘုရားကျောင်းအတွင်းရှိ လူတစ်ရာကျော်သည် ယန်မိသားစု၏ ဝံပုလွေများကဲ့သို့ ရက်စက်ကြမ်းတမ်းသည့် သောင်းနှင့်ချီသော စစ်သားများကို မည်သို့ ယှဉ်ပြိုင်နိုင်မည်နည်း။
ဘုန်းတော်ကြီးချုပ်သည် သူ၏ပါးစပ်ထောင့်မှ သွေးများကို သုတ်လိုက်ပြီး မြေအောက်လောက နတ်ဘုရားရုပ်ထုဆီသို့ ဒယိမ်းဒယိုင်ဖြင့် လျှောက်လှမ်းသွားကာ ရုတ်တရက် ဒူးထောက်ပြီး အရိုအသေပေးလိုက်၏။
"နတ်ဘုရား... အပြင်လူတွေက အရှင်ရဲ့ဘုရားကျောင်းကို ဖျက်ဆီးပြီး အရှင်ရဲ့သစ္စာအရှိဆုံး အစေခံတွေကို သတ်ချင်နေကြတယ်... ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ကယ်တင်ပါ..."
ဘုန်းတော်ကြီးချုပ်က နာကျင်ကြေကွဲစွာ တောင်းပန်လိုက်သည်။
လူအများသည် သနားဂရုသက်သည့် အမူအယာများကို ပြသကြသော်လည်း မည်သူကမျှ လိုက်မလုပ်ကြချေ။
မြေအောက်လောကနတ်ဘုရားသည် သေဆုံးသွားလေပြီ။ ဤသည်မှာ ငရံနယ်မြေတွင် လူအများမှ သဘောတူလက်ခံထားသော အချက်တစ်ခုပင်။
ဆယ်စုနှစ်ပေါင်းများစွာကြာအောင် နတ်ဘုရား တည်ရှိမှုကို မပြသခဲ့ဘဲ ကြီးကျယ်ခမ်းနားသော မြေအောက်လောကနတ်ဘုရား ရုပ်ထုသည်လည်း မှိန်ဖျော့ပြီး အရောင်အဝါ ကင်းမဲ့နေလေပြီ။
***