ဘုန်း...
သွေးအဆိပ်ဘုရင်သည် သရဲတစ္ဆေစစ်သူကြီး ၏လက်ထဲရှိ ဓားကို သူ၏လက်ဗလာသက်သက်ဖြင့် ခြေမွှဖျက်ဆီးလိုက်သည်။
ရုတ်ချည်းဆိုသလိုပင် သွေးနီရောင် လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခု ရုတ်တရက် ကျဆင်းလာပြီး ရေလွှမ်းမိုးကဲ့သို့ ပြိုကျလာကာ ကောင်းကင်နှင့် မြေပြင်ကို တုန်ခါသွားစေသည်။
လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် သရဲတစ္ဆေစစ်သူကြီးသည် သွေးအန်ပြီး ချက်ချင်းလွင့်ထွက်သွားကာ သူ ဝတ်ဆင်ထားသော အနက်ရောင်သံချပ်ကာပင် ကွဲအက်သွားပေ၏။
"အချိန်ဖြုန်းနေတာပဲ... သူတို့အားလုံးကို သတ်လိုက်စမ်း..."
သွေးအဆိပ်ဘုရင်သည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်။
အပြင်ဘက်ရှိ ယန်မိသားစုကျင့်ကြံသူ များသည် ဝံပုလွေများနှင့် ကျားများကဲ့သို့ ချက်ချင်းပြေးဝင်လာကြပြီး သူတို့ မြင်သမျှ လူများအားလုံးကို သတ်ဖြတ်ကြတော့သည်။
ငိုကြွေးသံများ အော်ဟစ်သံများနှင့် အသားများထဲသို့ ဓားများဝင်ရောက်သွားသော အသံများသည် တစ်သံပြီးတစ်သံ ထွက်ပေါ်လာကာ ဖရိုဖရဲဖြစ်နေပြီး အလွန်သွေးပျက်ဖွယ်ကောင်းလှသည်။
သွေးအဆိပ်ဘုရင်သည် ဤအရာများကို မကြားချင်ယောင်ဆောင်နေပြီး သူ၏အကြည့်သည် ဖန်းယင်းအပေါ်တွင် စူးစိုက်၍ ကျရောက်နေပေ၏။
"မင်းကို ဒီအထိ လိုက်ဖမ်းလာတာ... နောက်ဆုံးတော့ ငါ မင်းကို မိသွားပြီ... မင်း ငါတို့ ယန်မိသားစုထဲကို ခိုးဝင်လာတာကို ငါတို့က လုံးဝသတိမထားမိဘူးလို့ မင်း တကယ်ကြီး ထင်နေတာလား..."
သွေးအဆိပ်ဘုရင်က ခြေလှမ်းတစ်လှမ်းချင်း ချဉ်းကပ်လာသည်။
ဖန်းယင်း၏ ဖြူဖွေးနူးညံသော လည်ပင်းပေါ်တွင် အနက်ရောင် သွေးကြောပုံစံများဖြင့် ဖုံးလွှမ်းနေသည်။
သွေးအဆိပ်ဘုရင် ချဉ်းကပ်လာသည်ကို မြင်တွေ့ချိန်၌ သူမသည် စကားတစ်ခွန်းမျှ မပြောဘဲ ချက်ချင်းတိုက်ခိုက်လိုက်ပြီး သူမ၏ လက်ထဲရှိ ထက်ရှသောဓားဖြင့် လေဟာနယ်ကို ပိုင်းဖြတ်ကာ ရှေ့သို့ထိုးစိုက်လိုက်သည်။
"ရယ်စရာပဲ... မင်းက ငါ့ရဲ့ သွေးအဆိပ်ကြောင့် အဆိပ်သင့်နေတာတောင်မှ နာခံမှု မရှိသေးပါလား..."
သွေးအဆိပ်ဘုရင်သည် အနည်းငယ်မျှ ဂရုမစိုက်ဘဲ လှောင်ပြောင်လိုက်၏။
ဤနာမည်ဆိုးဖြင့် ကျော်ကြားသော အဆိပ် ဘုရင်သည် နယ်မြေသခင်အဆင့် ကျွမ်းကျင်သူ တစ်ယောက်လည်းဖြစ်သည်။ ဖန်းယင်း တိုက်ခိုက်သည်ကို မြင်တွေ့ချိန်၌ သူသည် လုံးဝ ဂရုမစိုက်ဘဲ သူမကို ဖိနှိပ်ရန် သူ၏လက်ကို မြှောက်လိုက်သည်။
ဖန်းယင်း၏လက်ထဲမှဓားသည် လွင့်ထွက်သွားသော်လည်း သူမသည် သွေးအဆိပ်ဘုရင်ကို တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိချေ။ သူမ၏ ပုံရိပ် ဖြတ်ပြေးသွားခြင်းနှင့်အတူ သူမသည် ထိုရက်စက်ကြမ်းတမ်းသော တည်ရှိမှုကို အမှန်တကယ် ကျော်ဖြတ်သွားပြီး နောက်သို့လှည့်ထွက်ရန် ဟန်ပြင်လိုက်၏။
သူမ၏ ပေါ့ပါးသွက်လက်သော ခန္ဓာကိုယ်သည် အနက်ရောင်ပုံရိပ်အဖြစ် ပြောင်းလဲသွားပြီး အနောက်ဘက်ရှိ ယန်မိသားစု ကျင့်ကြံသူအုပ်စုထဲသို့ ချက်ချင်းပြေးဝင်သွားသည်။
ဖန်းယင်းသည်လည်း နယ်မြေသခင်အဆင့် ထိပ်သီးအစွမ်းထက် ကျင့်ကြံသူသူတစ်ယောက်ပင်။ ယခုအချိန်၌ သူမသည် အဆိပ်သင့်နေသော်လည်း သာမန်ကျင့်ကြံသူများကို ရင်ဆိုင်ခြင်းမှာ သိုးအုပ်ထဲသို့ ကျားတစ်ကောင် ဝင်ရောက်လာပြီး စိတ်ကြိုက်သတ်ဖြတ်နေသည့်အလားပင်။
မကြာမီတွင် ယန်မိသားစုကျင့်ကြံသူများ၏ ဝင်္ကပါတွင် ဟာကွက်တစ်ခု ဖြစ်ပေါ်လာသည်။
"မင်းကို ဒီအတိုင်း ထွက်သွားခွင့်ပြုလိုက်ရင် ငါက ငရဲနယ်မြေဆယ့်ရှစ်ခုမှာ ဆက်မနေတော့ဘူး..."
သွေးအဆိပ်ဘုရင်သည် အနောက်မှနေ၍ လှောင်ပြောင်လိုက်ပြီး ဖန်းရင်း၏ ပုံရိပ်ယောင်ကို ကြည့်ကာ ရှည်လျားပြီး ရှုပ်ထွေးသော မှော်မန္တန်တစ်ခုကို ရုတ်တရက် ကျယ်လောင်စွာ စတင်ရွတ်ဆိုလိုက်၏။
ထိုမန္တန်၏လေသံသည် နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး သွေးနီရောင် အဆောင်လက်ဖွဲ့ပျံတစ်ခုသည် ကိုယ်ပိုင်အသက်ရှိသကဲ့သို့ သူ၏ခြေထောက်အောက်မှ ထွက်ပေါ်လာကာ ဖန်းယင်း၏နံဘေးသို့ ချက်ချင်းပျံသန်းသွားသည်။
ဖန်းယင်း၏ခန္ဓာကိုယ် ချက်ချင်းတုန်ရီသွားပြီး နေရာမှာပင် ချက်ချင်းအေးခဲတောင့်တင်းသွားပေ၏။ သူမ၏ခြေထောက်အောက်တွင် သွေးရောင်သင်္ကေတ ထောင်ပေါင်းများစွာ ပေါက်ဖွားလာပြီး သူမကို ခိုင်မာစွာ ဖမ်းချုပ်ထားသော သံကြိုးများအလားပင်။
ဤသည်မှာ သွေးအဆိပ်ကျိန်စာပင်။
သွေးအဆိပ်ကြောင့် အဆိပ်သင့်နေသူများသည် အတိုင်းအတာတစ်ခုအထိ သွေးအဆိပ်ဘုရင် ၏ ရုပ်သေးရုပ်များ ဖြစ်ကြသည်။
ဖန်းယင်းသည် နောက်လှည့်ကြည့်လိုက်ကာ သူမ၏ဆံပင်ရှည်များ ဖရိုဖရဲဖြစ်နေပြီး သူမ၏ မျက်လုံးများတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ သူမ၏ လက်ထဲတွင် ခရမ်းရောင် အလင်းတန်းတစ်ခု မှိတ်တုတ်မှိတ်တုတ် ဖြစ်နေပေ၏။ ထို့နောက် မှော်မန္တန်တစ်ခု၏ ဖိအားအရှိန်အဝါများ ထွက်ပေါ်လာပြီး သူမသည် တန်ပြန်တိုက်ခိုက်မှု တစ်ခုကို ချက်ချင်းစတင်ရန် ဟန်ပြင်လိုက်သည်။
သို့သော် သွေးအဆိပ်ဘုရင်သည် သူမ ထိုသို့ ပြုလုပ်မည်ကို ကြိုသိနေသည့်အလား သူက သူ၏လက်ကို မြှောက်ကာ ဖန်းယင်းကို လက်ညှိုးထိုး၍ ပြောဆိုလိုက်၏။
"ရပ်စမ်း..."
ဖန်းယင်း၏ လှုပ်ရှားမှုများအားလုံးသည် သဲနွံထဲသို့ နစ်ဝင်သွားသကဲ့သို့ အကန့်အသတ်မရှိ လေးလံသွားသည်။
"အစကတော့ ငါက မင်းကို သွေးကျွန်တစ်ယောက်အဖြစ် သန့်စင်ချင်ခဲ့တာ... ဒါပေမဲ့ အကြီးအကဲခန်းမက မင်းကို အတော်လေး စိတ်ဝင်စားနေတယ်... ငါ့ရဲ့လက်ထဲကို မကျရောက်တာက မင်းရဲ့ ကံကောင်းမှုပဲ..."
သွေးအဆိပ်ဘုရင်သည် ရှေ့သို့ တိုးလာပြီးနောက် အဆောင်လက်ဖွဲ့ပျံတစ်ခုသည် ဖန်းရင်း၏နဖူးပေါ်သို့ ချက်ချင်းကပ်ငြိသွားသည်။
"ဒါက မကောင်းတော့ဘူး..."
ဖန်းယင်း စိတ်ပျက်အားငယ်သွားသည်။ သူမ၏ စွမ်းအားများအားလုံးသည် ထိူအဆောင်လက်ဖွဲ့ ကြောင့် ချိတ်ပိတ်ခံလိုက်ရပြီး သူမ ထွက်ပြေးရန် ကြိုးစားခြင်းမှာ ဆန္ဒသက်သက်သာ ဖြစ်ပေမည်။
"ကောင်းပြီလေ... ငါက သူ့ကို ပြန်ခေါ်သွားမယ်... မင်းတို့က ကျန်တဲ့လူတွေကို သတ်လိုက်တော့..."
သွေးအဆိပ်ဘုရင်က သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်။
အချိန်တခဏအတွင်းတွင် ပတ်ဝန်းကျင်ရှိ အော်ဟစ်သံများနှင့် သတ်ဖြတ်နေသံများ ပို၍ပင် ကျယ်လောင်လာပေ၏။
ဓားချက်ပေါင်းများစွာ ထိုးခံထားရသော အိုမင်းနေသည့် ဘုန်းတော်ကြီးအိုသည် နတ်ဘုရားရုပ်ထုဘေးတွင် လဲကျနေပြီး သွေးများဖြင့် ဖုံးလွှမ်းနေသည်။
သူ၏သွေးများ ပျံ့လွင့်သွားပြီး မြင့်မားကာ ကြီးကျယ်ခမ်းနားသော မြေအောက်လောက နတ်ဘုရားရုပ်ထုပေါ်သို့ ကျရောက်သွားသည်။
"အိုး နတ်ဘုရား... ကျေးဇူးပြုပြီး ကိုယ်ထင်ပြပါ..."
ဘုန်းတော်ကြီးအိုသည် သူ၏ နောက်ဆုံး အော်ဟစ်သံကို ထုတ်လွှတ်လိုက်၏။
"ဟား ဟား ဟား... အဘိုးကြီး... မြေအောက်လောက နတ်ဘုရားက မရှိတော့ဘူး... မင်း ဘယ်လောက်ပဲ တောင်းပန်နေပါစေ အလကားပဲ..."
ယန်မိသားစု ကျင့်ကြံသူများသည် ရယ်မောလိုက်ကြပြီး သူတို့၏ဓားများကို တပြိုင်နက်တည်း မြှောက်လိုက်ကြသည်။
***