လီယောင်းသည် ရှန်းယွီ၏ ပေါင်ပေါ်တွင် သက်သောင့်သက်သာ ထိုင်နေသည်။
"နေလို့ ကောင်းရဲ့လား"
ရှန်းယွီက မေးလိုက်သည်။
"အများကြီး ပိုကောင်းသွားပြီ"
သူမက ပြောလိုက်သည်။
ယခုအခါ သူမ၏ အပြုံးမှာ တောက်ပနေပြီး အသားအရေမှာလည်း ပိုမိုကျန်းမာစိုပြည်လာပုံပင်။ စောစောက မြင်ခဲ့ရသော မိစ္ဆာဆန်သည့် ပုံစံနှင့်မတူဘဲ ချစ်စဖွယ်ကောင်းသော နတ်မိမယ်လေးတစ်ပါးနှင့် တူနေတော့သည်။ “သူမသည် သူမ၏ စီနီယာအစ်ကိုနှင့်အတူ နှစ်ပေါင်းများစွာကြာအောင် အေးအေးချမ်းချမ်း အတူရှိနေခဲ့ရသဖြင့် လီယောင်းသည် အလွန်ပျော်ရွှင်နေမိသည်။"
ဤမျှဆိုလျှင် အနည်းဆုံး နောက်ထပ် တစ်ရက်၊ နှစ်ရက်လောက်တော့ သူမ ကျေနပ်အားရနေမည်ပင်။
"ဒါဆိုရင် ငါတို့တွေ ဆရာနဲ့ ဒေါ်လေးဆရာတို့ဆီကို နောက်ဆုံးတော့ သွားတွေ့လို့ရပြီပေါ့။ မင်းလည်း အချိန်ယူပြီး မင်းရဲ့ တူလေးနဲ့ တွေ့လို့ရတာပေါ့"
ရှန်းယွီက ပြောလိုက်သည်။
"တူလေး ဟုတ်လား"
သူမက အံ့ဩတကြီး မေးလိုက်သည်။
"ဟုတ်တယ်။ ဒေါ်လေးဆရာ့ရဲ့ သားလေးကို မွေးဖွားပြီးပြီလေ"
သူက ရှင်းပြသည်။
"သူက တော်တော်လေး ပါရမီပါတာ။ သူ့ကို တွေ့ချင်လား"
သူက ပြုံးလျက် မေးလိုက်သည်။
"တွေ့ချင်တာပေါ့ တွေ့ချင်တာပေါ့"
သူမ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ သူမ ယခု ဒေါ်လေးတစ်ယောက် ဖြစ်တော့မည်လားဟု တွေးတောနေမိသည်။
"ကောင်းပြီလေ"
ရှန်းယွီက ပြောကာ သူ၏ လက်ချောင်းများကို တောက်ခေါက်လိုက်ပြီး စောစောက အချိန်အရှိန်မြှင့် နယ်မြေကို ရုပ်သိမ်းလိုက်သည်။ ထို့နောက် သူတို့နှစ်ဦး အိမ်ထဲမှ ထွက်လာခဲ့ကြသည်။
"နင်တို့ ပြန်လာပြီပဲ"
ဧကရီက လှမ်းပြောလိုက်သည်။ သူမသည် ရှန်းယွီကို စိုက်ကြည့်ရင်း သူ၏ ပတ်ဝန်းကျင်၌ ယခင်ကတည်းက နက်နဲသော အရှိန်အဝါများ ရှိနေခဲ့သော်လည်း ယခုအခါ ထိုကွာဟချက်မှာ အလွန်ကြီးမားလွန်းသဖြင့် လုံးဝ ကျော်ဖြတ်၍မရနိုင်တော့ကြောင်း တွေးတောနေမိသည်။
"ဟုတ်ကဲ့။ ကျွန်တော့်မိန်းမကို စောင့်ရှောက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"
"ဘာမှမဟုတ်ပါဘူး"
ဧကရီက ပြန်ပြောသည်။
ရှန်းယွီက လီယောင်းကို ကြည့်လိုက်သည်။ လီယောင်းက နားလည်စွာဖြင့် ရှေ့သို့တိုးကာ ကိုးဆယ်ဒီဂရီ ဦးညွှတ်လိုက်ပြီး "ကျွန်မ အရင်က လုပ်ခဲ့တာတွေအတွက် တကယ်ကို တောင်းပန်ပါတယ်" ဟု ပြောလိုက်သည်။
ဧကရီက ပြုံးလိုက်ပြီး လီယောင်း၏ ခေါင်းကို ပွတ်သပ်ပေးကာ "ရပါတယ် ငါလည်း နင့်နေရာမှာဆိုရင် ဒီလိုပဲ လုပ်မိမှာပါ" ဟု ပြောပြီး လှည့်ထွက်သွားတော့သည်။
"ဒီလိုပဲ လုပ်မိမှာ ဟုတ်လား"
လီယောင်းက ဇဝေဇဝါဖြင့် မေးလိုက်သော်လည်း ဧကရီမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
"ကဲ... နတ်ဘုရားမကို သွားမနှောင့်ယှက်ပါနဲ့တော့။ သွားကြစို့"
ရှန်းယွီက ပြောကာ လီယောင်းကို သူ၏အနားသို့ ဆွဲခေါ်လိုက်ပြီး ပျောက်ကွယ်သွားကြသည်။
သူသည် သူ၏ ဝိညာဉ်ပင်လယ်အတွင်း၌ ပေါ်လာခဲ့သည်။ အကြွင်းမဲ့ အရင်းအမြစ် နိယာမ၏ ပြည့်စုံသော ရုပ်လုံးပေါ်ခြင်း အဆင့်သို့ ရောက်ရှိပြီးနောက် သူသည် သူကိုယ်တွင်းရှိ ဟင်းလင်းပြင်ထဲသို့ပင် ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။ သူသည် ပတ်ဝန်းကျင်ရှိ နေရာလပ်ကို ကြည့်လိုက်သည်။ ဤနေရာရှိ ဗရမ်းဗတာ ကြီးမှာ ပြင်ပကမ္ဘာမှ ဗရမ်းဗတာ ကြီးကဲ့သို့ပင် ပြည့်စုံနေပြီး ရှုပ်ထွေးသော စနစ်များ ပါဝင်သည့် တည်ရှိမှု အလွှာပြင်ပေါင်း များစွာဖြင့် ပြည့်နှက်နေသည်။ လီယောင်းက ပြင်ပကမ္ဘာကို ဖျက်ဆီးလုနီးပါး ဖြစ်ခဲ့သဖြင့် ဤအတွင်းကမ္ဘာက ပြင်ပကမ္ဘာထက်ပင် ပိုကောင်းနေသေးသည်ဟု ဆိုရမည်။
သူ ဤသို့ တွေးနေစဉ်မှာပင် ခြောက်ပါးတာအို ပညာရှိတစ်ဦး သူတို့၏ ရှေ့တွင် ပေါ်လာခဲ့သည်။
"ရပ်လိုက် ဒါက မိုးပြာတိမ်တိုက်ဂိုဏ်းရဲ့ နယ်မြေပဲ။ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပါ"
ကြွက်သားသန်သန်နှင့် အမျိုးသားတစ်ဦးက ပြောလိုက်သည်။
ရှန်းယွီက ပြုံးလိုက်ပြီး "လျူချင်းကို သွားပြောလိုက်ပါ။ ပါမောက္ခက သူမရဲ့ အိမ်စာတွေကို လာသိမ်းတာလို့" ဟု ပြောလိုက်သည်။
ထိုအစောင့်မှာ ခဏမျှ တုန့်ခနဲ ဖြစ်သွားပြီး အံ့ဩသွားပုံပင်။ သူသည် သူ၏ရှေ့မှ လူနှစ်ဦးကို ကြည့်လိုက်သည်။ ထိုအခါမှ သူတို့ဆီမှ ထွက်ပေါ်နေသော အရှိန်အဝါကို သူ ခံစားမိသွားတော့သည်။ သူသည် အမြန်ပင် ဦးညွှတ်လိုက်ပြီး "ကျွန်တော် ဂိုဏ်းချုပ်ကို သွားအကြောင်းကြားပါ့မယ်။ ဒီမှာ ခဏစောင့်ပေးပါ" ဟု ပြောကာ ထွက်ခွာသွားတော့သည်။
…
လျူချင်း၏အော်ဟစ်သံမှာ ဂိုဏ်းတစ်ခုလုံး ဟိန်းထွက်သွားသည်။
"လျူဖုန်း... နင် အခုချက်ချင်း ထွက်လာခဲ့စမ်း"
သစ်ပင်တစ်ပင်ပေါ်တွင် ထိုင်နေသော ကောင်လေးတစ်ယောက်က လှည့်ကြည့်လိုက်မိသည်။ ဒေါ်လေး လျူချင်းနဲ့ ဦးလေး လျူဖုန်းတို့ တစ်ကျော့ပြန် စစ်ခင်းကြပြန်ပြီ
သူ တွေးလိုက်ရင်း ပြုံးမိသွားသည်။
"သွားကြည့်ဦးမှပဲ"
ထို့နောက် သစ်ပင်ပေါ်မှ ခုန်ဆင်းပြီး ကိုယ်ယောင်ဖျောက်ကာ ထွက်ခွာသွားတော့သည်။
သူ ရောက်သွားချိန်တွင် လျူဖုန်းက စိတ်မပါလက်မပါဖြင့် အိမ်ထဲမှ ထွက်လာသည်။
"ဥက္ကဋ္ဌကြီးရယ်... မနက်စောစောစီးစီး ဘာလို့ သူများအိမ်ရှေ့မှာ လာအော်နေတာလဲ"
သူက နားကလော်ရင်း မေးလိုက်၏။ လျူချင်းက ပြန်မဖြေဘဲ လက်ကိုသာ ဖြန့်ပေးလိုက်သည်။
"ဘာလဲ"
လျူဖုန်းက မေးသည်။
"ထုတ်ပေးလိုက်စမ်းပါ။ နင် ကျင့်ကြံခြင်းစာကြည့်တိုက်ထဲက နောက်ဆုံး ကျင့်ကြံခြင်းအခြေခံ ၁၀၁စာအုပ်ကို ခိုးသွားတာ ငါသိတယ်"
လျူချင်းက ပြောလိုက်သည်။
လျူဖုန်းက အံ့ဩသွားဟန် လုပ်ပြလိုက်သော်လည်း သူမ ဘယ်လိုသိသွားတာလဲဟု တွေးနေမိသည်။ သူသည် ထိုစာအုပ်၏ နောက်ဆုံးမူရင်းမိတ္တူကို ရရှိရန် အတော်လေး အားထုတ်ခဲ့ရခြင်းပင်။ သူက သူ၏ဓားကို လှမ်းကိုင်လိုက်၏။
"ထွက်ပြေးဖို့ မစဉ်းစားနဲ့။ ငါ နင့်ကို ဝိုင်းထားပြီးသား"
လျူချင်းက ပြောကာ လက်ဟန်အမျိုးမျိုး ပြုလုပ်လိုက်ရာ လျူဖုန်း၏ ပတ်ဝန်းကျင်တွင် မှော်
စာလုံးများ တောက်ပလာတော့သည်။
လျူဖုန်းသည် အစပိုင်းတွင် အံ့ဩသွားသော်လည်း နောက်မှ ပြုံးလိုက်သည်။
"ဟင်း... ဒီလောက်လေးနဲ့ ငါ့ကို တားနိုင်မယ် ထင်နေတာလား ငါက..."
သူ စကားမဆုံးသေးမီမှာပင် တစ်စုံတစ်ယောက်က သူ၏ခေါင်းကို ရိုက်လိုက်သဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
"ဘယ်ငတုံးက လုပ်တာလဲ..."
သူ အော်ဟစ်ရင်း လှည့်ကြည့်လိုက်ရာ ရှေ့တွင် ရှိနေသူကို မြင်ပြီး တုန့်ခနဲ ဖြစ်သွားသည်။
"ငတုံး ဟုတ်လား..."
လီမေက လက်ဆစ်များကို ချိုးရင်း ပြောလိုက်၏။
လျူဖုန်းက သူမ၏နောက်သို့ အမြန်ရောက်သွားပြီး ပုခုံးကို နှိပ်နယ်ပေးကာ ချော့မော့လိုက်
သည်။
"မိန်းမ... မင်း နားလည်မှု လွဲနေပြီ။ ငါက မင်းကို ပြောတာ မဟုတ်ပါဘူး"
"ငါ့ကို မဟုတ်ရင် ဘယ်သူ့ကို ပြောတာလဲ"
သူမက မယုံသင်္ကာဖြင့် မေးလိုက်သည်။
လျူဖုန်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ ဤနေရာတွင် လျူချင်းတစ်ယောက်သာ ရှိသဖြင့် သူမကို ပြောခြင်းဖြစ်သည်ဟု ဆို၍ မဖြစ်ပေ။
"အာ..."
သူ မပွင့်တပွင့် ညည်းတွားနေစဉ် လူသစ်တစ်ယောက် ရောက်လာသည်ကို သတိပြုမိလိုက်
"သူ... ဟုတ်တယ်၊ ငါ သူ့ကို ပြောတာ"
သူက လက်ညှိုးထိုးပြလိုက်သည်။
"နင်က ငါ့ရဲ့ တူလေးကို ငတုံးလို့ ခေါ်တာလား"
လီမေက မေးလိုက်သည်။
"မဟုတ်ပါဘူး မင်း နားလည်မှု လွဲနေပြန်ပြီ။ သူ့မှာ နာမည်မရှိသေးလို့ ငါတို့နှစ်ယောက်က သူ့ကို အဲဒီလို ခေါ်ဖို့ သဘောတူထားကြတာလေ။ ဒါက နောက်တာပါ ငါ့ကို ယုံစမ်းပါ"
လျူဖုန်းက ပြောလိုက်သည်။
လီမေက အခုလေးတင် ရောက်လာသော သူမ၏တူလေးဘက်သို့ လှည့်လိုက်သည်။ သူမ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ချိုသာသွားပြီး "တူလေး... မကြောက်နဲ့နော်။ ဒေါ်လေး ကာကွယ်ပေးမယ်။ အမှန်အတိုင်းသာ ပြောစမ်းပါ" ဟု ပြောလိုက်သည်။
ကောင်လေး စကားပြောရန် ပြင်လိုက်စဉ်မှာပင် လျူဖုန်းက သူ့ကို အသံလှိုင်းဖြင့် လှမ်းပြောလိုက်သည်။
တူလေး... ဦးလေးကို ကယ်ပါဦး
ဘယ်လောက်ပေးမှာလဲ
တူဖြစ်သူက ပြန်မေးသည်။
ဟမ်
လျူဖုန်း ဇဝေဇဝါ ဖြစ်သွားသည်။
ဦးလေးကို ကယ်ဖို့ ဘယ်လောက်ပေးမှာလဲလို့။ ကျွန်တော့်ရဲ့ ဝန်ဆောင်မှုတွေက အလကား မရဘူးနော်
သူက ပြောလိုက်သည်။
ဒီကောင်လေးကတော့...
လျူဖုန်း အံကြိတ်လိုက်မိသည်။
မြန်မြန်လုပ်
တူဖြစ်သူက ပြောလိုက်သည်။
ကောင်းပြီ ငါ မင်းကို ဟင်းလင်းပြင်တာအို ပုံဆောင်ခဲသန်းပေါင်း တစ်ထောင် ပေးမယ်
နည်းလွန်းတယ်။ ဦးလေးရဲ့ အသက်က ဒီလောက်ပဲ တန်တာလား
လျူဖုန်း အံကြိတ်လိုက်မိပြန်သည်။
ကောင်းပြီ၊ ပုံဆောင်ခဲ သန်းတစ်ထောင်ရယ်... ပြီးတော့ ဂိုဏ်းဘိုးဘေး ကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ သိုင်းကျမ်းတစ်အုပ်ရယ် ပေးမယ်
လျူဖုန်းက ကတိပေးလိုက်ရသည်။
တကယ်ကို မတန်ပါလား နောက်မှ ခိုးပြီး ပြန်ယူရမယ်ဟု သူ တွေးလိုက်သည်။
တူဖြစ်သူက ပြုံးလိုက်ပြီး သဘောတူတယ်ဟု ပြန်ဖြေလိုက်၏။
"ဦးလေးနဲ့ ကျွန်တော် အဲဒီလိုပဲ အပြန်အလှန် ခေါ်ကြတာ အမှန်ပါပဲ"
"အင်း... အဲဒါဆိုရင်တော့ တူလေးကိုယ်တိုင်က သဘောတူတယ်ဆိုမှတော့ ထားလိုက်ပါတော့"
လီမေက ပြောလိုက်သည်။
"ဒါနဲ့... ခိုးသွားတာကို ပြန်ပေးလိုက်ဦး"
"ဘာကို ပြောတာလဲ"
လျူဖုန်းက မသိချင်ယောင် ဆောင်နေပြန်သည်။
"အခုချက်ချင်း ပြန်ပေးစမ်း"
လီမေက အတင်းတောင်းဆိုသဖြင့် လျူဖုန်း သက်ပြင်းချလိုက်သည်။
"ဟင်း... ကောင်းပြီလေ"
ထိုနောက် လက်ကို ဝှေ့ယမ်းပြီး စာအုပ်ကို ပစ်ပေးလိုက်သည်။
လျူချင်းက ၎င်းကို အလွယ်တကူ ဖမ်းယူလိုက်သည်။ ထို့နောက် သူမက စာအုပ်ကို စစ်ဆေးကြည့်လိုက်ပြီး "ဒီနေ့ကစပြီး နင့်ကို ကျင့်ကြံခြင်းစာကြည့်တိုက်ထဲ ဝင်ခွင့် ပိတ်လိုက်ပြီ" ဟု ပြောကာ လှည့်ထွက်သွားတော့သည်။
***