“ထင်ရှားတာကတော့ ပဉ္စမအဆင့် 'အရက်ကူ'မှာလည်း အထင်ကြီးလောက်စရာ တိုက်ခိုက်ရေးစွမ်းရည်တွေ ရှိနေတာပဲ...”
“သူက အရက်နယ်ပယ်ကို ထုတ်လွှတ်ပေးနိုင်တယ်...”
“အရက်နယ်ပယ်ထဲကို ရောက်လာတဲ့ ရန်သူတွေဟာ အရက်ရနံ့ကို ရှူရှိုက်မိတာနဲ့ အကုန်လုံး မူးယစ်လဲကျသွားကြမှာပဲ...”
“ဒီလိုဆိုရင် သူတို့က 'အရက်ကူ'ရဲ့ ဝါးမျိုတာကို ခံရပြီး ဗိုက်ထဲကို ရောက်သွားတာနဲ့ ချက်ချင်း အရည်ကျိုခံရလို့ ဝိညာဉ်အရက်တွေအဖြစ် ပြောင်းလဲသွားမှာပဲ...”
ကျိုးစွေ့သည် သူ၏မေးစေ့ကို ပွတ်သပ်လိုက်သည်။
ပဉ္စမအဆင့်သို့ တက်လှမ်းသွားသော 'အရက်ကူ'သည် ယခင်ကနှင့်ယှဉ်လျှင် အမှန်တကယ်ပင် များစွာ ပို၍ အသုံးဝင်လာကြောင်း ထင်ရှားလှပေသည်။
ယခုအချိန်တွင် လောကသုံးခု ပေါင်းစည်းနေသည့် ကာလဖြစ်ပြီး နတ်ဆိုးအမြောက်အမြား ဝင်ရောက်လာနေသည်နှင့် ကြုံကြိုက်နေ၏။
'အရက်ကူ'၏ စွမ်းအားကို အသုံးပြု၍ များပြားလှသော နတ်ဆိုးမိစ္ဆာများကို အရည်ကျိုပစ်ရန်မှာ ဖြစ်နိုင်ပေသည်။
ထို့ပြင် ထိုနတ်ဆိုးမိစ္ဆာများကို ဝိညာဉ်အရက်အဖြစ် ပြောင်းလဲနိုင်မည်ဆိုပါက ရွှမ်ဟွမ်ဂိုဏ်းရှိ ကျင့်ကြံသူများ၏ စွမ်းအားကိုပါ မြှင့်တင်ပေးနိုင်မည် မဟုတ်ပါလော။
၎င်းသည် တစ်ချက်ခုတ် နှစ်ချက်ပြတ်သာမက အကျိုးကျေးဇူး အဆုံးအစမဲ့သည့် ကိစ္စတစ်ခုဟု ဆိုနိုင်ပေသည်။
“နေဦး၊ တကယ်လို့ ဟိုအင်မော်တယ်ရုပ်အလောင်းကိုသာ ဝါးမျိုလိုက်မယ်ဆိုရင် အင်မော်တယ်အရက်အဖြစ် အရည်ကျိုလို့ ရနိုင်မလား...”
“အင်း၊ ဖြစ်နိုင်ချေတော့ သိပ်မရှိဘူး… ပဉ္စမအဆင့် 'အရက်ကူ'ရဲ့ အရည်ကျိုနိုင်စွမ်းမှာလည်း ကန့်သတ်ချက် ရှိမှာပါပဲ...”
“ခန့်မှန်းရသလောက်ဆိုရင် အလွန်ဆုံး နတ်ဘုရားအသွင်ပြောင်းအဆင့်အောက်က အလောင်းတွေနဲ့ အရာဝတ္ထုတွေကိုပဲ အရည်ကျိုနိုင်လိမ့်မယ်...”
“အင်မော်တယ်အလောင်းဆိုတာက သူ့ရဲ့စွမ်းရည်ထက် ကျော်လွန်နေဖို့များတယ်...”
“ဒါ့အပြင် အဲဒီချန်ချွန်းတာအိုအရှင်ရဲ့ အလောင်းက ထာဝရစိမ်းနွယ်ပင်နဲ့ ချိတ်ဆက်နေပုံရတော့ သွားပြီးထိလို့လည်း ရမယ်မထင်ဘူး...”
“ဒါပေမဲ့ နတ်ဘုရားအသွင်ပြောင်းအဆင့်ရှိတဲ့ နတ်ဆိုးမိစ္ဆာတွေကို အရည်ကျိုတာကတော့ သိပ်ပြဿနာရှိမှာ မဟုတ်ဘူး...”
“ဒီလိုဆိုရင် ရွှမ်ဟွမ်ကျွန်းပေါ်က နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးကို သွားပြီး သတ်ပစ်လို့ ရနိုင်လောက်တယ်...”
ကျိုးစွေ့၏ မျက်လုံးများအတွင်း၌ တောက်ပသောအလင်းများ ဖြတ်ပြေးသွားပြန်၏။
အမှန်အတိုင်းဆိုရလျှင် သူသည် ရွှမ်ဟွမ်ကျွန်းပေါ်တွင် ချိတ်ပိတ်ခံထားရသော ထိုနတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးကြီးကို သတ်ပစ်ချင်နေခဲ့သည်မှာ ကြာလှချေပြီ။
မည်သို့ပင်ဖြစ်စေ ဤနေရာသည် သူ၏နယ်မြေဖြစ်ရာ ထိုသို့သော မတည်ငြိမ်သည့်အရာကို မည်သို့ သည်းခံနိုင်ပါမည်နည်း။
ယခင်က သူ၏စွမ်းအားမှာ မလုံလောက်ခဲ့သဖြင့် ထိုနတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးကြီးကို သတ်ဖြတ်နိုင်ရန် မသေချာခဲ့။ သို့သော် ယနေ့အချိန်တွင်မူ သူသည်လည်း နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်၏။
ထိုနတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးကို သတ်ဖြတ်ရန်မှာ လက်တစ်ဖက်ခါလိုက်သကဲ့သို့ လွယ်ကူလှပေသည်။
ပဉ္စမအဆင့် 'အရက်ကူ'၏ စွမ်းအားကိုပါ ထည့်ပေါင်းလိုက်မည်ဆိုပါက ထိုနတ်ဆိုးကို ပဉ္စမအဆင့် ဝိညာဉ်အရက်အဖြစ်ပင် အရည်ကျိုနိုင်လောက်သည်။
ဤသည်က အသုံးမဝင်သောအရာကို အကျိုးရှိရှိ အသုံးချလိုက်ခြင်းပင် ဖြစ်၏။
ထို့အပြင် သူ၏ နတ်ဘုရားအသွင်ပြောင်းအဆင့် မှော်စွမ်းအင်များကိုပါ လျင်မြန်စွာ တိုးပွားလာစေနိုင်ပြီး ကျင့်ကြံခြင်းကို မြှင့်တင်ပေးနိုင်သေးသည်။
“လောစရာတော့ မလိုဘူး.. အခြားကူပိုးကောင်တွေကို အရင် ကြည့်ရဦးမယ်...”
ကျိုးစွေ့သည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ယာယီအားဖြင့် စိတ်ကို ပြန်လည်တည်ငြိမ်သွားစေလိုက်၏။
မည်သို့ပင်ဖြစ်စေ ထိုနတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးမှာလည်း ဤမျှအချိန်ကြာမြင့်စွာ ရှိနေခဲ့ပြီးဖြစ်ရာ အချိန်အနည်းငယ်လောက် ဆက်ရှင်သန်ခွင့်ပေးလိုက်ရုံဖြင့် ကိစ္စမရှိပေ။
ယခုအချိန်တွင် အရေးအကြီးဆုံးအရာမှာ သူ၏ကျင့်ကြံခြင်းအဆင့်နှင့် သူ၏ ကူပိုးကောင်များပင် ဖြစ်လေသည်။
“ပဉ္စမအဆင့် အောက်ခြေအဆင့် 'ကိုယ်ပွားကူ'ရဲ့ စွမ်းရည်က အရည်အသွေးပိုင်းအရ ပြောင်းလဲသွားတာမျိုး မရှိပေမဲ့ ကိုယ်ပွားအရေအတွက်ကတော့ ပိုများလာတယ်… အနည်းဆုံး ကိုယ်ပွား ကိုးထောင်ကျော်အထိ ရောက်သွားပြီဆိုတော့ အတော်လေးကို ကောင်းမွန်နေပြီ…
တစ်ချိန်တည်းမှာ ကိုယ်ပွားတွေကြားထဲက သတင်းအချက်အလက် ပို့ဆောင်မှုက အကွာအဝေး ကန့်သတ်ချက်မရှိတော့ဘဲ အချင်းချင်း ဆက်သွယ်ပြောဆိုနိုင်ပြီ… ထင်ရှားတာကတော့ ကိုယ်ပွားတွေ များလာတာနဲ့အမျှ လုပ်နိုင်တဲ့အရာတွေလည်း ပိုများလာသလို နေရာတိုင်းမှာ ငါ့ရဲ့ ကိုယ်ခွဲတွေ ရှိနေတော့မှာပဲ...”
“ပဉ္စမအဆင့် အောက်ခြေအဆင့် 'ပစ္စည်းရှာဖွေကူ'ရဲ့ စွမ်းရည်ကလည်း အရည်အသွေးပိုင်းအရ ပြောင်းလဲသွားတာ မရှိဘူး… ဒါပေမဲ့ ရှာဖွေနိုင်စွမ်းကတော့ သေချာပေါက် ပိုအားကောင်းလာပြီး ပဉ္စမအဆင့်ရှိတဲ့ ရတနာတွေကိုတောင် ရှာဖွေနိုင်နေပြီ...”
“ပဉ္စမအဆင့် အောက်ခြေအဆင့် 'ကံကြမ္မာကူ'ရဲ့ စွမ်းရည်ကလည်း မနည်းမနော တိုးတက်လာခဲ့တယ်… ဗေဒင်ဟောတာ၊ တွက်ချက်တာတွေကို ဖုံးကွယ်ထားနိုင်ပြီး ကျိန်စာတွေကို ခုခံနိုင်တယ်… ကံကြမ္မာတွေကို စုစည်းပေးနိုင်တဲ့အပြင် ကံကြမ္မာအကာအကွယ်ကိုပါ ဖန်တီးပေးနိုင်တယ်…
အရေးအကြီးဆုံးကတော့ ကံကြမ္မာနယ်ပယ်ကို ဖန်တီးလိုက်နိုင်တာပဲ… ပိုင်ရှင်ဖြစ်သူကို အကာအကွယ် ပေးနိုင်ရုံသာမက သူ့ဘေးနားက လူတွေ၊ အရင်းနှီးဆုံး လူတွေကိုပါ အကာအကွယ် ပေးနိုင်သွားပြီ… အရင်က တစ်သီးပုဂ္ဂလကံကြမ္မာလို့ ဆိုနိုင်ပေမဲ့ ယခုအခါမှာတော့ အများစုပေါင်း ကံကြမ္မာ ဖြစ်လာခဲ့ပြီ…
ဥပမာ - မိသားစုကံကြမ္မာ၊ ဂိုဏ်းကံကြမ္မာ၊ နိုင်ငံကံကြမ္မာ အစရှိသဖြင့် မရေမတွက်နိုင်တဲ့ သက်ရှိတွေကို လွှမ်းခြုံပေးနိုင်ပြီပဲ...'
“ပဉ္စမအဆင့် အောက်ခြေအဆင့် 'ဆေးဝါးကူ'ကနေ ထွက်လာတဲ့ ဆေးရည်တစ်စက်ရဲ့ စွမ်းအားက တစ်နှစ်အတွင်းမှာ နှစ်တစ်ထောင်ကျင့်ကြံခြင်းနဲ့ ညီမျှတယ်…. ဆိုလိုတာက ပဉ္စမအဆင့် ဆေးရည်တစ်စက် ကျလိုက်တာနဲ့ တစ်နှစ်အတွင်းမှာ နှစ်တစ်ထောင်သက်တမ်းရှိတဲ့ ဆေးပင်တစ်ပင်အဖြစ် ကြီးထွားလာနိုင်တယ်… နှစ်တစ်သောင်းသက်တမ်းရှိတဲ့ ဝိညာဉ်ဆေးပင်ဖြစ်နေရင်တောင် ဆယ်နှစ်လောက် စိုက်ပျိုးရုံနဲ့ ရနိုင်ပြီ…
ဒါတင်မကသေးဘူး ဆေးနယ်ပယ်ကိုပါ ဖန်တီးပေးနိုင်ပြီး ကြီးမားတဲ့ နယ်မြေအတွင်းက ဝိညာဉ်ဆေးပင်တွေရဲ့ ကြီးထွားမှုကို အရှိန်မြှင့်တင်ပေးနိုင်တဲ့အပြင်… မြေဆီလွှာရဲ့ အဆင့်ကိုပါ တိုးတက်ကောင်းမွန်စေပြီး ဝိညာဉ်ဆေးပင်တွေ ပိုမိုစိုက်ပျိုးနိုင်ဖို့ လုပ်ဆောင်ပေးနိုင်သေးတယ်...”
“ပဉ္စမအဆင့် အောက်ခြေအဆင့် 'တည်နေရာပြောင်းကူ'ရဲ့ ပြောင်းရွှေ့နိုင်တဲ့ အကွာအဝေးကလည်း ပိုကြီးမားလာတယ်… တစ်ခဏအတွင်း ကီလိုမီတာ သန်းတစ်ရာအထိ ရွှေ့ပြောင်းနိုင်ပြီ… အရင် စတုတ္ထအဆင့်တုန်းက ကီလိုမီတာ သန်းဆယ်ဂဏန်းအထိပဲ ရွှေ့ပြောင်းနိုင်ခဲ့တာ…
တစ်ချိန်တည်းမှာပဲ ပြောင်းရွှေ့နိုင်တဲ့ အကြိမ်အရေအတွက်လည်း ပိုများလာတယ်… သူ့စွမ်းရည်က ရိုးရှင်းပေမဲ့ တော်တော်လေးကို ထိရောက်မှု ရှိတယ်… သူ့ဆီကနေ လေဟာနယ်အကာအကွယ်ဆိုတဲ့ တန်ခိုးစွမ်းရည်တစ်ခု ပေါ်ထွက်လာတယ်… လေဟာနယ်နယ်ပယ်ကို ဖန်တီးပေးနိုင်ပြီး လေဟာနယ်အကာအကွယ်ကိုပါ တည်ဆောက်နိုင်စွမ်းရှိလို့ ရန်သူတွေ ထွက်ပြေးမှာကို တားဆီးပေးနိုင်တယ်… ရန်သူတွေ တည်နေရာပြောင်းပြီး ထွက်ပြေးဖို့ဆိုတာ အခြေခံအားဖြင့် မဖြစ်နိုင်တော့ဘူး….
ဆိုလိုတာက ရန်သူတွေအနေနဲ့ ဝိညာဉ်သန္ဓေသားကို သုံးပြီး တည်နေရာပြောင်းဖို့၊ ဒါမှမဟုတ် မူလဝိညာဉ်ကို သုံးပြီး တည်နေရာပြောင်း ထွက်ပြေးဖို့ ကြိုးစားတာက စိတ်ကူးယဉ်သက်သက်ပဲ ဖြစ်သွားလိမ့်မယ်… ဒီတန်ခိုးစွမ်းရည်ရဲ့ ချက်ချင်း တားဆီးပိတ်ဆို့တာကို ခံရမှာပဲ...”
“ပဉ္စမအဆင့် အောက်ခြေအဆင့် 'ရွှေအလင်းအဆိပ်တစ်ထောင်ကူ'ကတော့ အဆိပ်နယ်ပယ်ကို ဖန်တီးနိုင်သွားပြီ… အရင်ကနဲ့ယှဉ်ရင် ပိုပြီးများပြားတဲ့ အဆိပ်တွေကို ထုတ်လွှတ်နိုင်သလို ပိုများတဲ့ အဆိပ်တွေကိုလည်း ဝါးမျိုနိုင်စွမ်း ရှိလာတယ်… အဆိပ်နယ်ပယ် လွှမ်းခြုံထားတဲ့ နေရာတိုင်းဟာ အဆိပ်ပြင်းတဲ့ နေရာတစ်ခုအဖြစ် ပြောင်းလဲသွားမှာဖြစ်ပြီး နှစ်ထောင်ပေါင်းများစွာ ကြာတဲ့အထိ ပျောက်ကွယ်သွားမှာ မဟုတ်ဘူး…
သူ့ဆီကနေလည်း အဆိပ်တစ်သောင်းလက်ဝါးဆိုတဲ့ တန်ခိုးစွမ်းရည် ပေါ်ထွက်လာတယ်… ဒီတန်ခိုးစွမ်းရည်က အဆိပ်များစွာကို လက်ဝါးထဲမှာ စုစည်းလိုက်နိုင်ပြီး အလင်းတန်းတစ်ခုအဖြစ်နဲ့ ရန်သူကို ချက်ချင်း တိုက်ခိုက်နိုင်တယ်… ရန်သူကို ထိမှန်သွားတာနဲ့တစ်ပြိုင်နက် ရန်သူဟာ အဆိပ်သင့်ပြီး သေဆုံးသွားမှာပဲ… ရိုးရှင်းပေမဲ့ သေစေနိုင်လောက်တဲ့အထိ ပြင်းထန်ပြီး ရန်သူကို ကြောက်မက်ဖွယ်ကောင်းလောက်တဲ့ သတ်ဖြတ်နိုင်စွမ်းကို ပေးစွမ်းနိုင်တယ်...”
“ပဉ္စမအဆင့် အောက်ခြေအဆင့် ‘ရွှေစားကူ’က ရွှေနယ်ပယ်ကို ဖန်တီးပေးနိုင်တယ်… အဲဒီနယ်ပယ်ထဲ ရောက်လာတဲ့ ရန်သူတိုင်းက ရွှေစားကူရဲ့ ကိုယ်ပေါ်ကနေ ပေါက်ကွဲထွက်လာတဲ့ သတ္တုရွှေချီဓာတ်ကြောင့် ချက်ချင်း အသတ်ခံရမှာဖြစ်ပြီး ပြန်လည်ခုခံနိုင်စွမ်း လုံးဝရှိမှာ မဟုတ်ဘူး… ဖျက်ဆီးမရနိုင်တဲ့အရာ ဆိုတာမရှိဘူး…”
“တစ်ချိန်တည်းမှာပဲ သူက ပဉ္စမအဆင့် ရွှေစားကူတွေကို ထပ်မံမွေးထုတ်ပေးနိုင်သေးတယ်… လက်ရှိအချိန်အထိ ပဉ္စမအဆင့် ရွှေစားကူအကောင်ရေ သုံးထောင်အထိ မွေးထုတ်ပေးနိုင်ပြီး သူတို့က ပိုးကောင်အုပ်စုကြီးဖွဲ့စည်းလို့ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်တယ်…”
“ပိုအရေးကြီးတာက သူတို့ဟာ သတ္တုရိုင်းတွေကို ဝါးမျိုပြီးတဲ့နောက် အဲဒီထဲက အညစ်အကြေးတွေကိုပါ ဝါးမျိုနိုင်ပြီး စွန့်ထုတ်လိုက်တဲ့အခါ ထူးခြားတဲ့ လျှို့ဝှက်သတ္တုတွေကို ချန်ရစ်ထားခဲ့လိမ့်မယ်… အဲဒီသတ္တုထဲမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ ထက်ရှတဲ့စွမ်းအားတွေ ပါဝင်နေပြီး ပျံသန်းနိုင်တဲ့ ဓားပျံလို မှော်ရတနာတွေကို သွန်းလုပ်ဖို့ အကောင်းဆုံး ကုန်ကြမ်းတွေထဲက တစ်ခုပဲ… မှော်ပညာတွေကို ဖျက်ဆီးနိုင်တာ၊ ချပ်ဝတ်တန်ဆာတွေကို ဖောက်ထွင်းနိုင်တာ စတဲ့ စွမ်းရည်တွေလည်း ရှိပြီး အထူးသတ္တုအမျိုးအစားမှာ ပါဝင်တယ်…”
ကျိုးစွေ့က သူ၏မေးစေ့ကို ပွတ်သပ်လိုက်သည်။
ထိုခဏတွင် သူ၏ကိုယ်ပေါ်ရှိ ကူပိုးကောင်များ၏ အချက်အလက်များက သူ၏သိစိတ်ပင်လယ် အနက်ပိုင်းထဲသို့ ချက်ချင်း ဝင်ရောက်သွား၏။
ပဉ္စမအဆင့်သို့ တက်လှမ်းသွားကြသော 'ရွှေစားကူ'များ ပိုင်ဆိုင်ထားသည့် စွမ်းရည်များကို သူ ချက်ချင်းပင် နားလည်သွားခဲ့သည်။
မှန်ပေသည်၊ အခြားသော ကူပိုးကောင်များလည်း ရှိနေသေးသည်။ ဥပမာအားဖြင့် 'အစီအရင်နှလုံးသားကူ'၊ 'နဂါးဆင်ကူ'၊ 'မိုးကြိုးကပ်ဘေးကူ'၊ 'စာအုပ်ကူ'၊ 'အိပ်မက်ဝိညာဉ်ကူ' စသည်တို့မှာ စောစီးစွာကတည်းကပင် ပဉ္စမအဆင့်သို့ တက်လှမ်းသွားခဲ့ကြပြီ ဖြစ်ပြီး ယခုအကြိမ်တွင် အချို့သော ကူပိုးကောင်များမှာ ပဉ္စမအဆင့် အလယ်အလတ်သို့ပင် တက်လှမ်းသွားခဲ့ကြချေသည်။
သို့သော် ၎င်းတို့၏ စွမ်းရည်များမှာ အရည်အသွေးပိုင်းအရ တိုးတက်ပြောင်းလဲသွားခြင်း မရှိသဖြင့် အများကြီး လေ့လာနေရန် မလိုအပ်တော့ပေ။
“ဒါနဲ့ “ချစ်ခြင်းမေတ္တာကူ”က ဆဋ္ဌမအဆင့် အောက်ခြေအဆင့်ကို တက်လှမ်းသွားခဲ့ပုံပဲ…”
ကျိုးစွေ့၏ မျက်လုံးများအတွင်း၌ တောက်ပသောအလင်းများ ဖြတ်ပြေးသွား၏။
လက်ရှိအချိန်အထိ 'ချစ်ခြင်းမေတ္တာကူ'သည် သူ၏ကိုယ်ပေါ်ရှိ ကူပိုးကောင်များထဲတွင် ဆင့်ကဲပြောင်းလဲမှု အမြန်ဆုံးနှင့် အသန်မာဆုံး ကူပိုးကောင်ဖြစ်ကြောင်းမှာ ထင်ရှားလှပေသည်။
အခြားသော ကူပိုးကောင်များထက် အဆပေါင်းများစွာ သာလွန်နေပြီး ဆဋ္ဌမအဆင့်သို့ပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
အကယ်၍ လူသားကျင့်ကြံသူများ၏ ကျင့်ကြံခြင်းအဆင့်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက နတ်ဘုရားအသွင်ပြောင်းအဆင့်ကို ကျော်လွန်ကာ လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိနေခြင်းပင် ဖြစ်၏။
ဤသည်မှာ အတော်လေး အံ့မခန်းဖြစ်စေသော အဆင့်တစ်ခု ဖြစ်ပေသည်။
ထို့ကြောင့် 'ချစ်ခြင်းမေတ္တာကူ'၏ အပြောင်းအလဲနှင့် မွေးထုတ်ပေးလိုက်သော စွမ်းရည်မှာလည်း အတော်လေး အံ့မခန်းဖြစ်နေလေသည်။
“သူက စွမ်းရည်တစ်ခုကို မွေးထုတ်ပေးခဲ့တယ်… အဲဒီနာမည်က မက်မွန်ပွင့်ကံကြမ္မာတဲ့…”
“ဒီစွမ်းရည်က ဆန့်ကျင်ဘက်လိင်တွေနဲ့ ဖူးစာရေစက်ကို ထိန်းချုပ်နိုင်တယ်…”
“တစ်ကြိမ် အသုံးပြုလိုက်တာနဲ့ ထူးချွန်တဲ့ အမျိုးသမီးတွေနဲ့ သေချာပေါက် ဆုံတွေ့စေလိမ့်မယ်…”
“ဒါတင်မကသေးဘဲ တခြားသူတွေရဲ့ ဖူးစာကံကြမ္မာကို လုယူပြီး ကိုယ့်ကိုယ်ပေါ်မှာ အသက်ဝင်စေနိုင်သေးတယ်…”
“ဒီလိုဆိုရင် မက်မွန်ပွင့်ကံကြမ္မာရဲ့ အစွမ်းကြောင့် ကိုယ်က တစ်ဖက်လူနဲ့ သဘာဝကျကျ အမှတ်မထင် ဆုံတွေ့သွားလိမ့်မယ်…”
“ဆုံတွေ့မယ်၊ ရင်းနှီးမယ်၊ နားလည်သွားကြလိမ့်မယ်…”
ကျိုးစွေ့သည် သူ၏မေးစေ့ကို ပွတ်သပ်လိုက်ပြန်၏။
ထင်ရှားစွာပင် ဤစွမ်းရည်မှာ ကံကြမ္မာကို အသုံးပြုခြင်းနှင့် ဆင်တူလေသည်။
သို့သော် ဤကံကြမ္မာမှာ အမျိုးသမီးကျင့်ကြံသူများအပေါ်တွင်သာ အသက်ဝင်ခြင်း ဖြစ်သည်။
ဤသည်က သူ့အား ထူးချွန်သော အမျိုးသမီးများစွာနှင့် တွေ့ဆုံစေနိုင်ပြီး များပြားလှသော ဖူးစာရေစက်များကို ရရှိစေနိုင်၏။
ဤသို့ဆိုလျှင် သူ၏ တစ်ကိုယ်လုံး၌ ဖူးစာကံများ ပြည့်နှက်နေစေမည်မှာ သေချာလှသည်။
သံသယဖြစ်ဖွယ်မရှိ ဤသည်က မိန်းကလေးများကို မြှူဆွယ်ရာတွင် နတ်ဘုရားအဆင့် တတ်ကျွမ်းမှုတစ်ခုပင် ဖြစ်တော့သည်။
သူကိုယ်တိုင် လှုပ်ရှားရန်ပင် မလိုအပ်ဘဲ အိမ်အပြင်သို့ ခြေတစ်လှမ်းမျှ မထွက်လျှင်ပင် ထူးချွန်သော အမျိုးသမီးကျင့်ကြံသူများက အိမ်တိုင်ယာရောက် ရောက်လာကြမည် ဖြစ်၏။
'ချစ်ခြင်းမေတ္တာကူ' ဟူသည့်အတိုင်း ဆင့်ကဲပြောင်းလဲလာသည့် စွမ်းရည်တိုင်းမှာ ဤကိစ္စရပ်နှင့် ကြီးမားသော ဆက်စပ်မှု ရှိနေလေသည်။
သူထံတွင် မည်သည့် တိုက်ခိုက်ရေးစွမ်းရည်မျှ မရှိသော်လည်း ယောက်ျားနှင့် မိန်းမတို့၏ ကိစ္စရပ်များ၌မူ အမှန်တကယ်ပင် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
…
***