အစစ်အမှန်ပိုင်နက်နယ်ပယ်သခင်တစ်ဦး၏ သဘာဝစွမ်းအင်ပိုင်နက်သည် မီတာတစ်ရာခန့်အထိ ကျယ်ပြန့်နိုင်ပေသည်။
သို့သော် ရွှီနင်၏အခြေခံအုတ်မြစ်မှာ အလွန်ခိုင်မာလှသဖြင့် သူ၏သဘာဝစွမ်းအင်ပိုင်နက်မှာ မီတာသုံးရာကျော်အထိ ကျယ်ပြန့်နိုင်စွမ်းရှိလေသည်။
ထိုသူနှစ်ဦးသည် လျင်မြန်စွာ ထွက်ပြေးသွားကြသော်လည်း ရွှီနင်၏ပိုင်နက် ကျယ်ပြန့်လာမှုအရှိန်ကိုမူ မမီနိုင်ကြချေ။
‘ပြီးပြီပဲ။’
ကူကျွမ့်နှင့် ကျွမ်းထုန်တို့မှာ အန္တရာယ်ရှိနေပြီဖြစ်ကြောင်း သဘောပေါက်သွားကြသည်။
ရွှီနင်၏စွမ်းအင်ပိုင်နက်လွှမ်းခြုံထားမှုအောက်တွင် သူတို့ ထွက်ပြေးချင်လျှင်တောင် ပြေး၍မရနိုင်တော့ရာ မဖြစ်မနေ ပြန်လည်တိုက်ခိုက်ရန်သာ ရှိတော့သည်။
ဆက်လက်တိုက်ခိုက်နေစဉ်အတွင်း ထိုသူနှစ်ဦး၏ မျက်နှာများမှာ တဖြည်းဖြည်း သွေးဆုတ်ဖြူရော်လာပြီး သူတို့နောက်ကျောရှိ ဝံပုလွေပြာပုံရိပ်ယောင်မှာမူ ပိုမိုထင်ရှားလာလေသည်။
သူတို့ခန္ဓာကိုယ်အတွင်းရှိ အသားနှင့်သွေးစွမ်းအင်များကို ဝံပုလွေပြာပုံရိပ်ယောင်က စုပ်ယူနေသကဲ့သို့ပင်။
‘ငါ ဆက်မတောင့်ခံနိုင်တော့ဘူး။ ဒီတာအိုလက်နက်နဲ့ ဆက်ပြီးချိတ်ဆက်နေမယ်ဆိုရင် ငါ့ရဲ့အသားနဲ့သွေးစွမ်းအင်တွေ အကုန်စုပ်ယူခံရတော့မှာပဲ။’
ကျွမ်းထုန်သည် တာအိုလက်နက်နှင့် ချိတ်ဆက်ထားမှုကို ဦးစွာဖြတ်တောက်လိုက်လေသည်။
သို့သော် ကြေးဓားတာအိုလက်နက်၏ ပံ့ပိုးမှု ကင်းမဲ့သွားပြီးနောက် ကျွမ်းထုန်သည် ရွှီနင်၏ပိုင်နက်ဖိနှိပ်မှုကို ချက်ချင်း ခံလိုက်ရချေပြီ။
‘ငါ ဒီလိုအလွယ်တကူ အရှုံးမပေးနိုင်ဘူး။’
ကျွမ်းထုန် အရှုံးပေးလိုက်သည်ကို မြင်သောအခါ ကူကျွမ့်သည် အံကိုကြိတ်လျက် ဆက်လက်တောင့်ခံထားလိုက်၏။
အရှုံးပေးလိုက်သည်နှင့် သူသေချာပေါက် သေဆုံးရမည်ဖြစ်ကြောင်း ကူကျွမ့် သိထားပေသည်။
သူတို့သည် ရွှီနင်၏သတ်ဖြတ်ခြင်းကို ခံရမည် သို့မဟုတ် ဂိုဏ်းသို့ဖမ်းဆီးခေါ်ဆောင်သွားခံရပြီး ဂိုဏ်း၏အပြစ်ပေးခြင်းကို ခံကြရမည်သာ ဖြစ်သည်။
‘မင်းကို အထင်သေးမိတဲ့ ငါ့အမှားတွေပဲ။’
ကူကျွမ့်၏မျက်လုံးများတွင် ပြတ်သားသောဆန္ဒများ ပြည့်နှက်နေလေသည်။
‘မင်း ဖန်းကျဲ့ကို ဒုက္ခပေးခဲ့သည်ဖြစ်စေ၊ မပေးခဲ့သည်ဖြစ်စေ ဒီနေ့တော့ ငါတို့အတူတူ သေကြတာပေါ့။’
အကြီးအကဲကူကျွမ့်သည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ရာ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အသားများမှာ လျင်မြန်စွာ ခြောက်ကပ်သွားပြီး သူ၏နောက်ကျောရှိ ဝံပုလွေပြာမှာမူ ထင်ရှားလာလေတော့သည်။
‘ကူကျွမ့်က ဝံပုလွေပြာကို သူ့အသားတွေနဲ့ ကိုယ်တိုင်အစာကျွေးနေတာပဲ။’
ကူကျွမ့်၏ ရူးသွပ်မှုကို ကျွမ်းထုန် ခံစားမိလိုက်သည်။
ရွှီနင်လည်း ဤအချက်ကို သတိပြုမိလိုက်သည်။
ကူကျွမ့်သည် နောက်ဆုံးတိုက်ခိုက်မှုအတွက် ပြင်ဆင်နေကြောင်း သူ ရှင်းလင်းစွာ အာရုံခံမိလေသည်။
ကူကျွမ့်၏ခန္ဓာကိုယ်မှာ မျက်မြင်ကိုယ်တွေ့ပင် ညှိုးရော်ခြောက်ကပ်သွားလေသည်။
သူ ဟိန်းဟောက်လိုက်သော်လည်း သူ၏အသံမှာ သတ္တုချင်းပွတ်တိုက်နေသကဲ့သို့ အက်ကွဲနေသည်။
ကုကျွမ်သည် သူ၏လက်ထဲမှ ကြေးယပ်တောင်ကို ဝှေ့ယမ်းလိုက်ရာ ယပ်တောင်မျက်နှာပြင်တစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းသွားတော့သည်။
သူသည် ရွှီနင်ထံသို့ ရုတ်တရက် ပြေးဝင်သွားပြီး လက်ထဲမှ ကြေးယပ်တောင်သည် ဝံပုလွေလက်သည်းအဖြစ်သို့ ပြောင်းလဲသွားလေသည်။ ထို့နောက် သွေးရောင်မုန်တိုင်းဓားသွားများဖြင့် ရွှီနင်ကို တိုက်ခိုက်လိုက်လေတော့သည်။
‘ဒီအရှိန်အဝါက...’
ရွှီနင်မှာ ဤတိုက်ခိုက်မှုကို ရှောင်တိမ်းရန် အချိန်မရှိတော့ပေ။ ကူကျွမ့်၏ ပြင်းထန်သောတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်တွင် သူသည် တာအိုဆေးမီးဖိုကို ထုတ်ယူကာ သူ့ရှေ့တွင် ကာကွယ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ကူကျွမ့်၏ပြေးဝင်လာမှုကို ဟန့်တားနိုင်ရန်အတွက် ပိုင်နက်ထဲမှ ဓားမိုးများ ရွာကျလာလေသည်။
အရိုးမီးလျှံသမထကျင့်စဉ်မှ အသက်သွင်းလိုက်သော မီးလျှံရောင်သံချပ်ကာသည်လည်း အဆင်သင့်ဖြစ်နေချေပြီ။
ဝုန်း…
ကူကျွမ့်က ပြင်းထန်စွာ ရိုက်ချလိုက်သည်။
ရွှီနင် ကာကွယ်ရန်အသုံးပြုခဲ့သော တာအိုဆေးမီးဖိုမှာ နောက်သို့လွင့်စင်သွားပြီး ရွှီနင်နှင့် ဝင်တိုက်မိလေသည်။
ရွှီနင်သည် သူ့ထံသို့ လိမ့်တက်လာသော အစစ်အမှန်ချီနှင့် ဂုဏ်သတ္တိစွမ်းအင်များကို ခံစားလိုက်ရပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ မီးလျှံရောင်သံချပ်ကာမှာလည်း လုံးဝပျက်စီးသွားတော့သည်။
ဝေါ့…
ရွှီနင်၏ ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများ ယိုစီးလာသည်။ သူ၏ ကြွက်သားများနှငမထိခိုက်စေခဲမှာ ဒဏ်ရာရသွားသော်လည်း ကံကောင်းထောက်မစွာဖြင့် ဤတိုက်ခိုက်မှုက ရွှီနင်၏အခြေခံအုတ်မြစ်ကိုမူ မထိခိုက်စေခဲ့ပေ။
‘သူ့ကို မသတ်နိုင်ခဲ့ဘူးပဲ...’
ကူကျွမ့်၏မျက်လုံးများထဲတွင် နောင်တရသည့်အရိပ်အယောင်များ ပေါ်လာပြီးနောက် သူ၏အသက်စွမ်းအင်များ ပျောက်ကွယ်သွားကာ မြေပြင်ပေါ်သို့ လဲကျသွားလေတော့သည်။
ကူကျွမ့် မြေပြင်ပေါ်သို့ လဲကျသွားသည့်အချိန်မှာပင် သူ၏နောက်ကျောရှိ ဝံပုလွေပြာပုံရိပ်ယောင်သည် သွေးရောင်မီးခိုးငွေ့တန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကြေးနီယပ်တောင်ထဲသို့ ဝင်ရောက်သွားလေသည်။
“ထွက်ပြေးမလို့လား။”
ရွှီနင်သည် တိုက်ပွဲမြေပြင်ကို ရှင်းလင်းနေစဉ် ကျွမ်းထုန် ထွက်ပြေးရန် ပြင်ဆင်နေသည်ကို သတိပြုမိလိုက်သည်။
သူ၏ဒဏ်ရာများမှာ မပေါ့ပါးသော်လည်း ရွှီနင်သည် ဝံပုလွေပြာပုံရိပ်ယောင်ကြောင့် အားနည်းနေသော ကျွမ်းထုန်ကို အလွယ်တကူ ဖမ်းဆီးနိုင်ခဲ့ပေသည်။
“ခင်ဗျားက ဘယ်သူလဲ။ ကျုပ်ကိုသတ်ဖို့ ကူကျွမ့်ကို ဘာလို့ကူညီရတာလဲ။”
ရွှီနင်က မေးလိုက်သည်။
“သတ်ချင်လည်း သတ်လိုက်တော့။”
ကျွမ်းထုန်သည် ရွှီနင်ကို အေးစက်စွာ စိုက်ကြည့်နေသည်။ သူသည် သူ၏ဇာတ်သိမ်းကို ကြိုတင်မြင်ယောင်နေပြီဖြစ်သည်။
သူ အနည်းငယ် နောင်တရနေမိသည်။ သူလည်း ကူကျွမ့်ကဲ့သို့ နောက်ဆုံးပိတ်တိုက်ခိုက်မှုကို ပြုလုပ်ခဲ့သင့်ပေသည်။
“ခင်ဗျားဆန္ဒအတိုင်းပဲ”
ရွှီနင်သည် ဓားလက်ကွက်တစ်ခုကို ဖော်ထုတ်ကာ ကျွမ်းထုန်၏ခေါင်းကို ဖြတ်ချလိုက်လေသည်။
အမှန်စင်စစ် ရွှီနင်သည် သူ့ကို မသတ်ချင်သေးပေ။ အဘယ်ကြောင့်ဆိုသော် ထူးခြားသောတာအိုလက်နက်နှစ်ခု၏ ဇာစ်မြစ်ကို ရွှီနင် သိချင်နေသေးသောကြောင့် ဖြစ်သည်။
သို့သော် ဤသူသည် သူ့အပေါ် သိသိသာသာ ဆန့်ကျင်နေသဖြင့် ရွှီနင်သည် သူ၏အချိန်များကို အလဟဿ မဖြုန်းတီးချင်တော့ချေ။
ဤသူသည် မိစ္ဆာလမ်းစဉ်မှ သိုင်းပညာရှင်တစ်ဦး မဟုတ်ပေ။ ထို့ကြောင့် သူ့ကို နှလုံးသားမိစ္ဆာဆေးလုံးနှင့် အမှန်တရားဆေးလုံး တိုက်ကျွေးလျှင်တောင် မည်သည့်လျှို့ဝှက်ချက်ကိုမျှ ဖော်ထုတ်နိုင်မည် မဟုတ်ချေ။
‘သိုလှောင်လက်စွပ်ပါလား’
တိုက်ပွဲမြေပြင်ကို ရှင်းလင်းစဉ်တွင် ရွှီနင်သည် သူတို့၏ကြေးဓားနှင့် ကြေးယပ်တောင်ကိုသာမက သူတို့ခန္ဓာကိုယ်ပေါ်မှ သိုလှောင်လက်စွပ်များကိုပါ ယူဆောင်လိုက်လေသည်။
ယေဘုယျအားဖြင့် ဤအဆင့်ရှိ သိုင်းပညာရှင်တစ်ဦးသည် သူတို့၏ အဖိုးတန်ဆုံးရတနာများကို သိုလှောင်လက်စွပ်ထဲတွင်သာ သိမ်းဆည်းလေ့ရှိကြသည်။
ရွှီနင်သည် ကူကျွမ့်၏သိုလှောင်လက်စွပ်ထဲသို့ အစစ်အမှန်ချီများကို ဦးစွာ ထည့်သွင်းလိုက်ပြီး စက္ကန့်အနည်းငယ်အကြာတွင် လက်စွပ်ထဲရှိ မူလပိုင်ရှင်၏ အမှတ်အသားကို ရွှီနင် ဖျက်ဆီးပစ်လိုက်သည်။
‘တော်တော်ကြီးတဲ့ သိုလှောင်နေရာပဲ။’
ကူကျွမ့်၏သိုလှောင်လက်စွပ်ထဲတွင် ကုဗမီတာသုံးဆယ်ကျော် ကျယ်ဝန်းသော နေရာလွတ်တစ်ခုရှိကြောင်း ရွှီနင် တွေ့ရှိလိုက်ရသည်။ ၎င်းသည် သူ၏လက်စွပ်ထက် သုံးဆမျှ ပိုမိုကြီးမားနေပေသည်။
‘ဒီရတနာတွေနဲ့ဆို ငါ တော်တော်လေး အမြတ်ထွက်ပြီပဲ။’
ကူကျွမ့်၏ သိုလှောင်လက်စွပ်ထဲတွင် တာအိုလက်ကွက်များနှင့် လျှို့ဝှက်နည်းစနစ်များအပြင် အခြားသော အဖိုးတန်ဆေးလုံးများနှင့် ဝိညာဉ်ဆေးပင်အမျိုးမျိုးလည်း ရှိနေလေသည်။
ဤအရင်းအမြစ်များသည် သူ့အတွက် အနည်းဆုံး စွမ်းအင်ယူနစ် တစ်သိန်းခန့် ထောက်ပံ့ပေးနိုင်မည်ဟု ရွှီနင် အကြမ်းဖျင်း ခန့်မှန်းလိုက်မိသည်။
‘ဓာတ်စွမ်းအင်မျိုးစေ့တွေကို ဖော်ထုတ်ဖို့ ငါ့မှာ စွမ်းအင်လုံလောက်သွားပြီပဲ...’
ထို့နောက် ရွှီနင်သည် အခြားသိုလှောင်လက်စွပ်တစ်ခုမှ အမှတ်အသားကိုပါ ဖျက်ဆီး၍ စစ်ဆေးကြည့်လိုက်သည်။
‘ဒီလူ့ရဲ့ သိုလှောင်လက်စွပ်ထဲက အရင်းအမြစ်တွေက ကူကျွမ့်လောက် မများပေမဲ့ ငါ့အတွက် စွမ်းအင်ယူနစ် တစ်သိန်းနီးပါးလောက် ထောက်ပံ့ပေးနိုင်သေးတာပဲ။’
ဤအကျပ်အတည်းကို အခွင့်အရေးအဖြစ် ပြောင်းလဲလိုက်ပြီးနောက် သူ၏အကျိုးအမြတ်များမှာ ဤမျှကြီးမားလိမ့်မည်ဟု ရွှီနင် မျှော်လင့်မထားခဲ့မိပေ။
လွန်ခဲ့သောအချိန်ကပင် တာအိုနယ်ပယ် ဓာတ်စွမ်းအင်မျိုးစေ့ခြောက်ခုကို ဖော်ထုတ်ရန် လိုအပ်သောစွမ်းအင်များကို မည်သည့်နေရာမှ ရှာဖွေရမည်နည်းဟု သူ တွေးတောနေခဲ့သေးသည်။ သို့သော် ရုတ်တရက် လုံလောက်သွားလိမ့်မည်ဟု သူ ထင်မထားခဲ့ချေ။
‘တစ်ဝက်တစ်ပျက်တာအိုနယ်ပယ်ကို တက်လှမ်းဖို့ကတော့ သေချာသွားပြီကွ။’
ထို့နောက် ရွှီနင်သည် ကြေးဓားနှင့် ကြေးယပ်တောင်တို့အပေါ် အာရုံစိုက်လိုက်လေသည်။
‘ဒီတာအိုလက်နက်နှစ်ခုက တော်တော်လေး ထူးဆန်းနေတာပဲ...’
ရွှီနင်သည် လက်တစ်ဖက်တွင် ကြေးဓားကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်တွင် ကြေးယပ်တောင်ကို ကိုင်ဆောင်ထားလိုက်သည်။
၎င်းတို့ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသော်လည်း ထူးခြားမှုတစ်ခုကိုမျှ ရွှီနင် အာရုံခံ၍ မရခဲ့ပေ။
ရွှီနင်သည် ခေတ္တမျှ တုံဆိုင်းနေပြီးနောက် သေချာစူးစမ်းရန် ဆုံးဖြတ်လိုက်လေသည်။
ဆုံးဖြတ်ချက်ချပြီးသည်နှင့် ရွှီနင်သည် ကြေးဓားထဲသို့ သူ၏ အစစ်အမှန်ချီများကို စီးဆင်းစေလိုက်သည်။
ဝှစ်…
ရွှီနင်၏ အစစ်အမှန်ချီများ ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် ကြမ်းတမ်းခက်ထန်သော အရှိန်အဝါတစ်ခုကို သူ ခံစားလိုက်ရသည်။
ကြေးဓားထဲတွင် ရူးသွပ်နေသော အသိစိတ်တစ်ခုရှိနေကြောင်း သူ အာရုံခံမိလိုက်သည်။
‘ဝံပုလွေပြာ...’
ဧရာမဝံပုလွေပြာကြီးတစ်ကောင် ဟိန်းဟောက်နေသည်ကို ရွှီနင် မြင်လိုက်ရသည်။
ရွှီနင်သည် ကြေးဓားထဲမှ သူ၏ အစစ်အမှန်ချီများကို ချက်ချင်း ပြန်လည်ရုပ်သိမ်းလိုက်လေသည်။
‘အဲဒီဝံပုလွေပြာကြီးက ကြောက်စရာကောင်းလိုက်တာ။ ဒါ သေချာပေါက် တာအိုနယ်ပယ်အဆင့် သားရဲတစ်ကောင်ပဲ ဖြစ်ရမယ်...’
ရွှီနင်၏မျက်နှာတွင် ထိတ်လန့်သွားသည့်အရိပ်အယောင်များ ပေါ်လာသည်။ ‘ငါထင်တာသာ မမှားဘူးဆိုရင် ဒီကြေးဓားထဲမှာ ဝံပုလွေပြာရဲ့ စိတ်ဆန္ဒကို ချိတ်ပိတ်ထားတာပဲ ဖြစ်ရမယ်။’
‘ဒီထူးခြားတဲ့တာအိုလက်နက်မှာ ပိုင်ရှင်အမှတ်အသား မရှိတဲ့အတွက် ဘယ်သူမဆို အသုံးပြုနိုင်တယ်။ ဒါပေမဲ့ သူ့ရဲ့စွမ်းအားကို အသက်သွင်းချင်ရင်တော့ ငါ့ရဲ့အစစ်အမှန်ချီ၊ ဂုဏ်သတ္တိစွမ်းအင်နဲ့ အသား၊ သွေးစွမ်းအင်တွေကို စုပ်ယူခွင့်ပေးမှပဲ ရလိမ့်မယ်။’
ဤထူးခြားသော တာအိုလက်နက်ကို မည်သို့အသုံးပြုရမည်ဆိုသည်ကို ရွှီနင် သဘောပေါက်သွားချေပြီ။
‘ဘယ်လိုလူမျိုးကများ ဒီတာအိုလက်နက်ကို ဖန်တီးခဲ့တာပါလိမ့်။’
ဤတာအိုလက်နက်မှာ မည်မျှကြောက်စရာကောင်းကြောင်းကို ရွှီနင် ခံစားမိလေသည်။
သူ၏ခွန်အားနှင့် အခြေခံအုတ်မြစ်ကို အသုံးပြုကာ ဤတာအိုလက်နက်ထဲရှိ ဝံပုလွေပြာ၏စိတ်ဆန္ဒကို သူကိုယ်တိုင် အသက်သွင်းလိုက်မည်ဆိုလျှင် တာအိုနယ်ပယ်နှင့် အနီးစပ်ဆုံးဖြစ်သွားစေမည့် ကြောက်မက်ဖွယ် စွမ်းအားတိုးတက်မှုကို ရရှိလိမ့်မည်ဟုပင် သူ ထင်ယောင်ထင်မှား ဖြစ်သွားမိသည်။
ထို့နောက် ရွှီနင်သည် ကြေးယပ်တောင်ကို စစ်ဆေးကြည့်လိုက်ရာ ၎င်းသည် ကြေးဓားနှင့် ထူးမခြားနားဖြစ်နေကြောင်း တွေ့ရှိလိုက်ရသည်။
‘အရင်ဆုံး သိမ်းထားလိုက်ဦးမှပါလေ...’
ဤထိန်းချုပ်၍မရသော ထူးခြားသည့်တာအိုလက်နက်သည် အန္တရာယ်များလွန်းသည်ဟု ရွှီနင် ယူဆလိုက်သဖြင့် လတ်တလောတွင် အသုံးပြုရန် မရည်ရွယ်တော့ပေ။
ရွှီနင်သည် ထိုတာအိုလက်နက်နှစ်ခုကို သိမ်းဆည်းလိုက်လေသည်။
‘ဓာတ်စွမ်းအင်မျိုးစေ့တွေကို ဖော်ထုတ်ဖို့နဲ့ တစ်ဝက်တစ်ပျက်တာအိုနယ်ပယ်ကို တက်လှမ်းဖို့ နေရာတစ်ခု အရင်ရှာရမယ်။’
ရွှီနင်သည် တိုက်ပွဲမြေပြင်ကို ရှင်းလင်းလိုက်ပြီး ခြေရာလက်ရာများကို ဖျောက်ဖျက်လိုက်သည်။
ကုကျွမ်က သူ့ကို စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သော်လည်း ဤကိစ္စကို ရွှီနင် မပေါက်ကြားစေချင်ပေ။
အဘယ်ကြောင့်ဆိုသော် သူ့ဘက်တွင်လည်း အမှားတစ်ခု ရှိနေသောကြောင့်ပင်။
ပို၍အရေးကြီးသည်မှာ အကယ်၍ ဂိုဏ်းကသာ ဤကိစ္စကို သိသွားပါက ကူကျွမ့်နှင့် အခြားတစ်ယောက်၏ အရင်းအမြစ်များကို သူ ရရှိနိုင်တော့မည် မဟုတ်ပေ။
ဤအရာများအားလုံးကို ပြီးစီးပြီးနောက် ရွှီနင်သည် အနီးနားရှိ ဂူတစ်ဂူကို ရှာဖွေတွေ့ရှိခဲ့ပြီး အတွင်းရှိ သာမန်လူသားနယ်ပယ် သားရဲများကို မောင်းထုတ်လိုက်သည်။ ထို့နောက် သိုလှောင်လက်စွပ်များထဲရှိ အရင်းအမြစ်များကို စတင်စုပ်ယူလေတော့သည်။
ဆေးလုံးများ၊ ဝိညာဉ်ဆေးပင်များနှင့် စွမ်းအင်ပါဝင်သော အခြားအရာများကို ရွှီနင် စုပ်ယူလိုက်လေသည်။
သိုင်းပညာမျက်နှာပြင်၏ စွမ်းအင်စုပ်ယူမှု အသိပေးချက်များသည် ရွှီနင်၏ရှေ့တွင် ဆက်တိုက် ပေါ်ထွက်နေလေသည်။
နာရီဝက်ခန့်အကြာတွင် ရွှီနင်သည် အရင်းအမြစ်အားလုံးကို စွမ်းအင်အဖြစ် ပြောင်းလဲပစ်လိုက်သည်။
ရွှီနင်၏ စုစုပေါင်းစွမ်းအင်ပမာဏသည် ယူနစ်နှစ်သိန်းကျော်အထိ ရောက်ရှိသွားခဲ့ချေပြီ။
‘ဟင်းလင်းပြင်နယ်ပယ် လျှို့ဝှက်နည်းစနစ် နှစ်ခုကို အရင်ရွေးရမယ်။’
ရွှီနင်သည် သူ၏သိုလှောင်များထဲမှ လျှို့ဝှက်နည်းစနစ်နှစ်ခုကို ရွေးချယ်လိုက်လေသည်။
သူရွေးချယ်လိုက်သော ရေသဘာဝ ဟင်းလင်းပြင်နယ်ပယ် လျှို့ဝှက်နည်းစနစ်မှာ ရေအရိပ်ပြောင်းလဲမှုဟုခေါ်သော ရွေ့လျားမှု လျှို့ဝှက်နည်းစနစ်တစ်ခု ဖြစ်သည်။
အဆင့်ကိုးသို့ ရောက်ရှိပြီးနောက် ရွှီနင်သည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ရေလှိုင်းပုံစံများဖြင့် ဖုံးလွှမ်းကာ အရှိန်အဝါကို ဖုံးကွယ်ထားနိုင်မည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ရန်သူကို ထင်ယောင်ထင်မှားဖြစ်စေနိုင်သော နောက်ထပ်ရေလှိုင်းကိုယ်ပွားတစ်ခုကိုလည်း ဖန်တီးနိုင်မည် ဖြစ်ပေသည်။
ဤရေအရိပ်ပြောင်းလဲမှုနည်းစနစ်ဖြင့် ရွှီနင်၏ အသက်ရှင်သန်နိုင်စွမ်းသည် ပိုမိုမြင့်မားလာပေလိမ့်မည်။
မီးသဘာဝ လျှို့ဝှက်နည်းစနစ်အတွက်မူ ရွှီနင်သည် ချော်ရည်လက်သီးကို ရွေးချယ်လိုက်သည်။ ဒီရေလက်သီးနှင့် လိုက်ဖက်မှုရှိသောကြောင့် ၎င်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ယခင်က ရွှီနင်၏ အစွမ်းထက်ဆုံး တိုက်ခိုက်ရေးနည်းစနစ်မှာ ရေစီးပမာဓားသိုင်းနှင့် ဖြာထွက်မီးလျှံဓားသိုင်းတို့၏ ပေါင်းစပ်မှုဖြစ်သည်။ အချင်းချင်း ဖြည့်စွက်ပေးနိုင်သော ထိုလျှို့ဝှက်နည်းစနစ်နှစ်ခု ပေါင်းစပ်လိုက်ခြင်း၏စွမ်းအားမှာ မတူညီသောနည်းစနစ်နှစ်ခုကို သီးခြားအသုံးပြုခြင်းထက် ပိုမိုကြီးမားလေသည်။
ချော်ရည်လက်သီးကို ရွေးချယ်ခြင်းမှာလည်း ထိုအတွေးအမြင်အတိုင်းပင် ဖြစ်လေသည်။
ဒီရေလက်သီးကဲ့သို့ပင် ချော်ရည်လက်သီးသည်လည်း ကြမ်းတမ်းပြင်းထန်သော လက်သီးလျှို့ဝှက်နည်းစနစ်တစ်ခု ဖြစ်သည်။
ဤနည်းအားဖြင့် ရွှီနင်သည် ရေမီးဓားနှစ်လက်နှင့် ရေမီးလက်သီးနှစ်ဖက်ကို ပိုင်ဆိုင်လာမည်ဖြစ်ပြီး ရန်သူများကို ရင်ဆိုင်ရာတွင် ပိုမိုစုံလင်သော နည်းစနစ်များကို အသုံးပြုနိုင်စေမည် ဖြစ်သည်။
ရွှီနင်သည် ရေအရိပ်ပြောင်းလဲမှုနှင့် ချော်ရည်လက်သီးကို အလွယ်တကူ သင်ယူတတ်မြောက်သွားလေသည်။
ထို့နောက် သူသည် စွမ်းအင်ယူနစ် ၁၅၃၀၀ ကို အသုံးပြုကာ သူ၏ရေအရိပ်ပြောင်းလဲမှုကို အဆင့်တစ်မှ အဆင့်ကိုးအထိ မြှင့်တင်လိုက်သည်။
ဆက်လက်၍ တူညီသော စွမ်းအင်ပမာဏကို အသုံးပြုပြီး ချော်ရည်လက်သီးကိုလည်း အဆင့်ကိုးအထိ မြှင့်တင်လိုက်လေသည်။
‘ဂုဏ်သတ္တိချီစီးကြောင်းတွေ စုစည်းမိသွားပြီပဲ။’
ရွှီနင် အဆင်သင့်ဖြစ်နေချေပြီ။
‘အဆင့်တက်စမ်း။’
ရွှီနင်သည် သူ၏အသိစိတ်ဖြင့် သိုင်းပညာမျက်နှာပြင်ကို ထိန်းချုပ်လိုက်လေသည်။
ဒုန်း…
စွမ်းအင်ယူနစ် ၂၅၀၀၀ ကို အသုံးပြုပြီးနောက် ရွှီနင်သည် သူ၏ပထမဆုံး သဘာဝစွမ်းအင်မျိုးစေ့ကို ဖော်ထုတ်နိုင်ခဲ့လေသည်။
ပထမဆုံး သဘာဝစွမ်းအင်မျိုးစေ့ကို ဖော်ထုတ်နိုင်ခြင်းမှာ ရွှီနင်သည် တစ်ဝက်တစ်ပျက်တာအိုနယ်ပယ်သခင်တစ်ဦး ဖြစ်လာပြီဟု ဆိုလိုခြင်းပင်။
ရွှီနင်သည် ဤနေရာတွင် ရပ်တန့်မနေခဲ့ပေ။
ဒုတိယ၊ တတိယ...
မကြာမီတွင် ဓာတ်စွမ်းအင်မျိုးစေ့ ခြောက်ခုလုံးကို ဖော်ထုတ်နိုင်ခဲ့လေပြီ။
ရွှီနင်သည် ဓာတ်စွမ်းအင်မျိုးစေ့ ခြောက်ခုကို ပိုင်ဆိုင်ထားသော တစ်ဝက်တစ်ပျက်တာအိုနယ်ပယ်သခင်တစ်ဦး ဖြစ်လာခဲ့ချေပြီ။
ဤမျှခိုင်မာသော အခြေခံအုတ်မြစ်မျိုးသည် မြောက်ပိုင်းချောက်ကမ်းပါးယံရှိ ပြည်နယ်ဆယ့်ခုနစ်ခုတွင် ပြိုင်ဘက်ကင်းပင် ဖြစ်လေသည်။
တာအိုနယ်ပယ်သခင်တစ်ဦးမှလွဲ၍ မည်သူကမျှ ရွှီနင်ကို ထိခိုက်အောင် လုပ်နိုင်စွမ်း မရှိတော့ချေ။
ရွှီနင်သည် တာအိုနယ်ပယ်အောက်တွင် အသန်မာဆုံးလူတစ်ယောက် ဖြစ်လာပြီဟု ဆိုနိုင်ပေသည်။
ရွှီနင်သည် သိုင်းပညာမျက်နှာပြင်ကို နောက်တစ်ကြိမ် ထပ်မံဖွင့်ကြည့်လိုက်သည်။
—
အမည် - ရွှီနင်
သိုင်းပညာ - ရေမီးနှစ်သွယ်မူလကျမ်းစာ (ဟင်းလင်းပြင်နယ်ပယ် အဆင့်ကိုး - အစစ်အမှန်ပိုင်နက်နယ်ပယ် [ဓာတ်စွမ်းအင်မျိုးစေ့ - ၆])+
ရေစီးပမာဓားသိုင်း (အဆင့်ကိုး)
ဖြာထွက်မီးလျှံဓားသိုင်း (အဆင့်ကိုး)
ဒီရေလက်သီး (အဆင့်ကိုး)
ချော်ရည်လက်သီး (အဆင့်ကိုး)
ရေအရိပ်ပြောင်းလဲမှု (အဆင့်ကိုး)
အရိုးမီးလျှံသမထကျင့်စဉ် (အဆင့်ကိုး)
အသက်ဆေးကျမ်း (အဆင့်ကိုး)
မှင်ရောင်လဆေးကျမ်း (အဆင့်ကိုး)
ရရှိနိုင်သော စွမ်းအင် - ယူနစ် ၂၁၅၀၀
ရွှီနင်သည် သူ၏ခန္ဓာကိုယ်အတွင်း ပျံ့နှံ့နေသော ဓာတ်စွမ်းအင်မျိုးစေ့ ခြောက်ခု၏ အရှိန်အဝါကို ခံစားလိုက်ရသည်။
‘တာအိုနယ်ပယ်ကိုရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်။’
***